ဆွေ ့ဆွေ ့ခုန်ခြင်း နှင့်… အနုပညာ

alinsettDecember 3, 20121min27021

အပြောင်းအလဲများ.ဖြစ်ပေါ်လာခြင်းသည်… ရှိနှင့်ပြီးသား..တန်ဖိုးများ / စံ..နှုန်းများ..ယုတ်လျော့ပျက်စီးသွားခြင်း မဟုတ်ပါ ။

++++++++++++++++++++++++++++++++++++++++++++++++++

အဟောင်းကိုမှ…မက်မောစွာ..ဖက်တွယ်ထားသော..လက်များ…ကို.. အသစ်ကြိုသော လက်များ အဖြစ် အသင့် ..ဖြစ်စေချင်ပါပြီ ။

++++++++++++++++++++++++++++++++++++++++++++++++++

တား..ထားသော..အဆီးအတားများ…ကို..ကျော်ရာတွင်…

လက်ညှိုးထိုး…ကဲ့ ရဲ ့မှုများ../ လှောင်ပြောင်သရော် မှုများ../ စွပ်စွဲ ပုတ်ခတ်မှုများ…ကို..

မလွဲမသွေ..ရင်ဆိုင်ရပါသည် ။

++++++++++++++++++++++++++++++++++++++++++++++++++++++++++++

မော်ဒန်အနပညာ ( ခေတ်သစ် အနုပညာ ) ဆိုင်ရာ အချက်အလက်များကို …..ရ / တတ်သလောက်..လေ့လာနေမိပါသည် ။

လေ့လာရင်း…စာအုပ်စာတမ်းများကို..ဖတ်မှတ် နေရင်းဖြင့်….

ပြောချင် ရေးချင်လာသော..အတွေး.များကို..ချရေးမိပါသည် ။

ဤ စာတမ်းသည်…. ယခု တွေးမိသော အတွေးကို..ရေးသားတင်ပြခြင်းသာ ဖြစ်ပါသည် ။ ယခု တွေးမိသော..အတွေး.ဆိုသည့်စကားလုံးကို.အသေအချာ ပြောခဲ့ပါသည် ။
———————————————————————–

လူ ့ယဉ်ကျေးမှုဆိုင်ရာ..စံနှုုန်းများ / အတွေးအမြင်များဖြစ်စေ…

ခေတ်နှင့်ဆိုင်သော..စံနှုုန်းများ/ အတွေးအမြင်များဖြစ်စေ…

အနုပညာဆိုင်ရာ အတွေးအခေါ်နှင့် တန်ဖိုး..နှုန်းစံများဖြစ်စေ…

တစ်ချိန်ချိန်တွင်.. ဖြစ်ပေါ်တိုးတက် သွားသော..အလှည့်အပြောင်းများနှင့်

ကြုံရမြဲ..သာ..ဖြစ်ပါသည် ။

ထို အပြောင်းအလဲများ.ဖြစ်ပေါ်လာခြင်းသည်… ရှိနှင့်ပြီးသား..တန်ဖိုးများ / စံ..နှုန်းများ..ယုတ်လျော့ပျက်စီးသွားခြင်း မဟုတ်ပါ ။

ရှိနှင့်ပြီးသား..တန်ဖိုးများ ဆိုင်ရာ.အချင်းအရာများထက်… ပို၍ ကျစ်လျစ်သော /

ပို၍ လခှပ သစ်လွင်သော..တန်ဖိုးသစ်များ ( စံ နှုန်းအသစ်များ ) ဆီသို ့… ဖြစ်ပေါ် တိုးတက်သွားခြင်းဖြစ်ပါသည် ။

ယုတ်လျော့ ပျက်စီးသွားခြင်း မဟုတ်ပါ ။

ထပ်ပြောပါမည် ။

ထို အပြောင်းအလဲများ.ဖြစ်ပေါ်လာခြင်းသည်… ရှိနှင့်ပြီးသား..တန်ဖိုးများ / စံ..နှုန်းများ..ယုတ်လျော့ပျက်စီးသွားခြင်း မဟုတ်ပါ ။

————————————————————————

အဟောင်းသည်..အဟောင်းဆိုင်ရာ ဂ န္ထဝင်တန်ဖိုးများနှင့်.. သူ ့ဟန်နှင့်သူ..ကျန်ရစ်ခဲ့ပါလိမ့်မည် ။

အသစ်သည်..ခေတ်မီတောက်ပသော.. သစ်လွင်မှု နှင့် ( တန်ဖိုး နှုန်းစံအသစ်များနှင့် ) ဆက်လက် ချီတက်နေပါလိမ့်မည် ။

နောင်တစ်ချိန်တွင်…. ထို အသစ်များသည်.လည်း.. အဟောင်းဖြစ်သွား၍ နောက်ထပ် အသစ်အသစ်သော..အရာတွေက….ဆက်လက် ဖြစ်ပေါ် တိုးတက် လာဦးမည် .။

အဲဒါ..သဘာဝတစ်ခုသာဖြစ်၍…. မကျေနပ်စရာ မရှိပါ ။

ဆွေ့ ့ဆွေ ့ခုန် နေ…စရာ…. မလိုပါ ။
———————————————————————–

အသစ် ၏ ဝင်ရောက် နေရာယူမှု ကို လက်မခံနိုင်လောက်အောင်…. ဖြစ်နေသူများ.. ရှိပါသည် ။

( ထိုသူများ ရှိ်နေ၍လည်း..ဤ စာမျိုးတွေ.ရေးနေရခြင်း ဟု.ဆိုနိုင်ပါသေးသည် ။)

အဟောင်း ၏ တန်ဖိုး မှ တကယ့် တန်ဖိုးအစစ် ဟု ထင်နေကြသူများ….ဖြစ်သည် ။

ကာရန်ပါတဲ ့ကဗျာမှ..ကဗျာ.စာရင်းသွင်းကြသူများ…

ကာရန် မပါရင်..ကဗျာ မဟုတ်သယောင်ယောင် …ဆိုကြသူများ…။

ဇာတ်လမ်း မပါရင်..ဝတ္ထု မဟုတ်ဘူး..ဆိုသူများ…(ဇာတ်လမ်းမပါတဲ ့စာကို..စာပေအနုပညာစာရင်း မသွင်းချင်သူများ)

နတ်သျှင်နောင် ၏ ရတုတစ်ပုဒ်နှင့် … မော်ဒန် ကဗျာတစ်ပုဒ်ကို… ယှဉ်..နှိုင်းပြီး.. နတ်သျှင်နောင် ၏ ရတုကိုသာ..အနုပညာ တန်ဖိုး ပိုကြီးသည်…ဟု..ထင်နေကြသူများ..

ထိုသူများသည်…. ဂန္ထဝင် အနုပညာ ၏ လှပ မှုကို… စွဲလမ်း မက်မောရင်း….ပျောက်ကွယ်သွားမှာကို.. စိုးကြောက်သူများ..ဖြစ်သည် ။

အပြစ် မဆိုသာ..သော်လည်း..ပြောစရာတော့..ရှိနေပါသည် ။

နေဝင်သွားတာကို..မျက်တောင်မခတ်.. လိုက်ကြည့်နေပြီး… နှမြောတသ…လွမ်းမောနေရင်… လ ..ထွက်လာတာကို…မမြင်လိုက်ရပဲ…

နေရော..လရော…လွတ်သွားပါလိမ့်မည် ။

=====================================

တကယ်တော့…. ဂန္ထဝင် အနုပညာ သည်လည်း… သူ ့အနုပညာတန်ဖိုး နှင့်သူ….

မော်ဒန် အနုပညာ သည်လည်း..သူ ့အနုပညာတန်ဖိုးနှင့်သူ. …တည်ကြည်စွာ..ရှိနေပါသည် ။

—————————————————————————-

အဟောင်းကိုမှ…မက်မောစွာ..ဖက်တွယ်ထားသော..လက်များ…ကို.. အသစ်ကြိုသော လက်များ အဖြစ် အသင့် ..ဖြစ်စေချင်ပါပြီ ။

အနုပညာသစ် လာချေပြီ…။

နေရာထို်ုင်ခင်း ရှင်းလင်းပေး၍ ကြိုဆိ်ုပါ ။

နွေးထွေးစွာ… ကမ်းလင့် ခရီးဦး..ကြိုပြု ပါ ။

အနုပညာသစ်သည်…. အနုပညာ ၏ သည်းနင့် ရင်ခွင် ဆီ… ရဲရဲဝံ့ဝံ့ လှမ်း..လာနေပြီ ။

ကြည့်သော..သူ..မြင်ပါလိမ့်မည် ။

အမြင်ကြည်လင်သူသည်..အကြည်အလင်ကို..မြင်ရပါလိမ့်မည် ။

ဆွေ ့ဆွေ ့ခုန်နေစရာ..မလိုပါ ။
————————————————————————–

အနုပညာသစ် ဖြစ်ပေါ်တိုးတက်မှု ဖြစ်စဉ်သည်… ဆွေ ့ဆွေ ့ခုန်နေစရာ…ကိစ္စ မဟုတ်ပါ ။

ဝက်ဝက်ကွဲ ငြင်းဆန်… နေစရာလည်း.မလိုပါ ။

အနုပညာသစ်ကို..ချစ်သော အနုပညာသမားများသည်…. ဘာ့ကြောင့်… ချစ်ရသလဲ..ဆိုသော..မေးခွန်းကို.. ဘယ်သူမှ မမေးခင်..ကိုယ့်ဘာသာ ဖြေပြီးမှ…ချစ်ခဲ့ခြင်းဖြစ်ပါသည် ။

————————————————————————

ထုံတမ်းအစဉ်အလာ စည်းမျဉ်း / နယ်နိမိတ် / ကန့်သတ်ချက် များ… ရုန်းမထွက်နိုင်လောက်အောင်…ချုပ် ထားသော.. တင်းကျပ် ပိတ်ဆို ့မှုု များကို..ရိုး..အီ..ငြီးငွေ့ လာသော…

အလွန့် ( အလွန် ) စိတ်ပျက် လာသော..

အနုပညာသမားသည် အနုပညာ ၏ သဘောသဘာဝ ကို… စူးစူးရဲရဲ… ရှာဖွေ ဖော်ထုတ်ခဲ့ပြီ ။

အနုပညာ ၏ သစ္စာ တရား…ကို မမှိတ်မသုန်…တူးဖော်….ခဲ ့ပြီ ။

အနုပညာ ၏ လွတ်လပ်ခွင့်ကို…လည်း..မြတ်နိုူး..ခုံမင်စွာ..တမ်းတ တတ်ခဲ့ပြီ ။

အနုပညာသည်… ဖန်တီးခြင်း ၏ အမြုတေ ဖြစ်သည် ။

အနုပညာ ဖန်တီးမှု…၏ အထက်မှာ..ဖြစ်စေ…/ ဘေး ပတ်လည်မှာ.. ဖြစ်စေ….မည်သည့် စည်း မျဉ်း ကန့်သတ်ချက်များမှ..

မရှိစေရ ။

အနုပညာ ၏ နယ်ပယ်သည်… ကျယ်ပြန့်သော..ကောင်းကင်ကြီးသာ..ဖြစ်ရမည် ။

အနုပညာနှင့်.. အနုပညာသမား ၏ လွတ်လပ် လိုမှု / လွတ်လပ်စွာ..ဖန်တီး ရေးသား..လိုမှု ကို..

အစဉ်အလာ…ဆိုသော..စည်းမျဉ်း…နယ် နိမိတ်များ က… လာ…လာ…မချုပ်စေလို …………………..။

———————————————————

ထိုသို ့ဖြင့်…. ……………………. လွတ်လပ်မှု ကို မြတ်နိုးသော…. အနုပညာသမားသည်…

အနုပညာဖန်တီးမှု လမ်းစဉ် တလျှောက်…. လိုက်လံ တားဆီး..ချုပ်နှောင်နေသာ..

တံတိုင်း စည်း / မျဉ်းများကို…စ တင် ဖောက်ထွက်ပါတော့သည် ။

———————————————————–

တား..ထားသော..အဆီးအတားများ…ကို..ကျော်ရာတွင်…

လက်ညှိုးထိုး…ကဲ့ ရဲ ့မှုများ../ လှောင်ပြောင်သရော် မှုများ../ စွပ်စွဲ ပုတ်ခတ်မှုများ…ကို..

မလွဲမသွေ..ရင်ဆိုင်ရပါသည် ။

အများနှင့် မတူုသာ.. လုပ်ရပ် ../ အစဉ်အလာ ၏ တင်းကျပ် ပိတ်ဆို ့မှု ကို…ဖောက် ဖျက်သော… အနုပညာ ဖန်တီးမှု.များသည်….

အရှိန် အဟုန်လည်း ရှိ ../ သတ္တိ နှင့် ခံနိုင်ရည်..လည်း… တော်တော်လေး..ရှိခဲ့ပါသည် ။

————————————————————

အခုတော့..အနုပညာသစ်သည်…. အနုပညာကောင်းကင်ပေါ်မှာ.. ပျံသန်း လာနေပြီ…။

အဟောင်းကို…. ဖက်တွယ်ထားကာ..အစဉ်အလာ ၏ စည်း / မျဉ်း / ဘောင်ခတ်မှု အကျပ်အတည်း ထဲမှာ… ဆွေ ့ဆွေ ့ခုန်……နေသူများကို…..အံတု ကာ….

လေ အဟုန်မှာ.. ပျံသန်း ပြနေလေပြီ ။

————————————————————–

အနုပညာသစ် ၏ ထိုးဖောက်မှု / ဖြစ်ပေါ်တိုးတက်မှု ဖြစ်စဉ် တလျှောက်တွင်… အဆင့် ( ၃ ) ဆင့်ကို… ဖြတ်ကျော် ရပါမည် ။

( ကျွန်တော်.. လက်ခံသော..အဆင့် ( ၃ )ဆင့် ဖြစ်ပါသည် ။ အမြင်မတူ သူများလည်း.ရှိနိုင်ပါသည်.ဟု ကြို ပြောချင်ပါသည် ။ )

ထို…. အဆင့် ( ၃ ) ဆင့်မှာ.. အောက်ပါ အတိုင်း..ဖြစ် ပါသည် ။

………………………………………………………

( ဆက်လက် ရေးသားတင်ပြ ပါဦးမည် ။ )

++++++++++++++++++++++++++++++++++++++++++++++++

လေးစားစွာဖြင့် ….

အလင်းဆက်

3 . 12 .2012 . PM

alinsett.art@gmail.com

21 comments

  • Mr. MarGa

    December 3, 2012 at 8:04 pm

    ကောင်းခန်းရောက်မှ ရပ်ထားရသလား မောင် အလက်ဆင်းရဲ့
    အနုပညာ အကြောင်းကတော့ နည်းနည်း မြင့်နေလို့ နောက်မှ ပေါမယ်
    ဒါဗျဲ

  • Mobile

    December 3, 2012 at 8:08 pm

    အနုပညာ ကိုတော့ကျုပ်က သိပ်ပြီးစိတ်မဝင်စားဘူးဗျ။
    အနုဆုံးကြိုတ် လက်ဝှေ့ထိုးတာလောက်ပဲကြိုတ်တယ်။
    ဒါပေသိ ဖတ်ရှု့လေ့လာ အားပေးသွားရုံတင်မက အနုပညာရူး များအတွက်
    အဆင်သင့်သလို ဖော်ပြပေးရန် ကူးယူထားလိုက်ပါတယ်ဗျာ ။ ။ ။ ။ ။ ။ ။ ။ ။

  • အလင်းဆက်

    December 3, 2012 at 8:14 pm

    ဟုတ် ။
    မြင့်…ဆို … 3 ထပ် တိုက်ပေါ်မှာ.ထိုင်ပြီး.ရေးခဲ့တာလေ. ။
    အဟိ ။နောက်တာပါ ။ :kwi:
    ——————

    တစ်ရက်ခြားစီ… အပိုင် း( 3 ) ပိုင်း တင်ပြပါ့မယ် ။
    ဒီခေါင်းစဉ်နဲ ့………..
    ဒီအကြောင်းအရာကို အပိုင်း ( 3 ) မှာ….အဆုံးသတ်ပါ့မယ် ။

    အဲဒီ အပိုင်းတွေကိုတော့ မြန်မြန်လေးတင်မှာပါ ။ကျွန်တော့် နောက်မှာ က..အက္ခရာတွေ…
    တသီတတန်းကြီး.လိုက်နေလို ့.. ပြေးပြေးလွှားလွှား..သွားနေရတယ်..လေ ။
    ———————————-

    လ =… .. အက္ခရာနဲ ့ပက်သက်တာလေးလည်းရေးထားပြီးပါပြီ ။
    စိတ်တိ်ုင်းကျ အချောမသပ် ရသေးလို ့…ကြားခံ အနေနဲ ့ရော…
    ပြောချင်ဆိုချင်လွန်းလို ့ရော….
    ဒီ စာတမ်းလေးကို..တင်ပြ မိပါတယ် ။

    ဖတ်ရှု..ခံစား ဝေဖန်..ပေးကြပါဦး..

    ချစ်သော…စာချစ်သူများ..တို ့လေး………

    အဟိအဟိ ။
    အလက်ဆင်း

  • မောင်ပေ

    December 3, 2012 at 8:23 pm

    ဆွေ ့ဆွေ ့ခုန်
    ပွေ ့ပွေ ့တုန်
    ရှေ ့ရှေ ့ခြုံ
    တေ့တေ့ပြုံ
    မေ့မေ့ကုန်
    လေ့လေ့ဖုန်

  • အလင်းဆက်

    December 3, 2012 at 8:26 pm

    Mobile ခညား..
    အနုပညာကို သိပ်စိတ်မဝင်စားတဲ ့ကြားက…
    အခုလို..အားပေး.သွားလို ့.. ကျေးဇူးတင်ပါတယ်နော် ။

    နောက်လာမယ့်အပိုင်းများကိုလည်း..အားပေးပါဦး..ခည ။

    လေးစားစွာ..ဖြင့်

  • အာ …. ဘာမှန်းလဲ သိဝူးးးး
    အဆင့် ၃ ဆင့်က ဘာဒုံး ..
    ခုကြောကြ .. ဒါဗျဲ … :mrgreen:

    အဓိက အားဖြင့်တော့ …
    အနုပညာရဲ့ သဘောတရားကို ခံစား သိနားလည်ဖို့ပါပဲ …
    ဒီသဘောတရားကို နားလည်တတ်ရင်
    အဟောင်း အသစ် မဟူ ..
    ရင်ထဲမှာ အတူတူ ရှိလာစေမှာပါ ….။

    ရော့ခ် ကို ကြိုက်တဲ့လူက
    ရော့ခ်သာ ကောင်းတယ် ..
    ပန့်တွေ ဟစ်ဟော့တွေက မကောင်းဘူးဆိုပြီး အပြစ်တင်နေမယ်ဆိုရင် …
    ဒါကို အနုပညာကို တကယ် မခံစားတတ်သူလို့ ..
    ကျနော်က မြင်ပါတယ် …
    ဒါက ကျနော့် အမြင်သက်သက်ကို ပြောခြင်း ဖြစ်ပါကြောင်း …

  • အလင်းဆက်

    December 3, 2012 at 8:37 pm

    ချစ်သော..အံစာ……

    အဓိက အားဖြင့်တော့ …
    အနုပညာရဲ့ သဘောတရားကို ခံစား သိနားလည်ဖို့ပါပဲ …
    ဒီသဘောတရားကို နားလည်တတ်ရင်
    အဟောင်း အသစ် မဟူ ..
    ရင်ထဲမှာ အတူတူ ရှိလာစေမှာပါ ….။

    ——————

    အဲဒီ ဆိုလိုချက်ကလေးကို..လက်ခံပါကြောင်း..

    ဒီဆောင်းပါးမှာတော့… အဟောင်းအသစ်ကို ခွဲပြီး.ပြောမှာဖြစ်ပါကြောင်း .။

    အဟောင်းအသစ်ခွဲမနေပဲ..အနုူပညာ ဆိုတာ.. သဘောတစ်ခု သာ ဖြစ်ကြောာင်း..လည်း.
    ပြောခဲ့ ဖူးပါတယ် ။
    ဓ = ဓါးသွားပေါ်မှာ လမ်းလျှောက်ခြင်း ..ပိုစ့်
    http://myanmargazette.net/151141/arts-humanities
    မှာ အနုပညာ ရဲ ့သဘောကို….. ထည့်ရေးခဲ့ပါတယ် ။
    ဟို…တုန်းကလည်း.ကျွန်တော်..ရေးခဲ့ဖူးပါတယ် ။

    အခုကတော့…..
    အဟောင်းနဲ ့အသစ်..ဆိုပြီး..
    စကားလုံး.သုံးနှုန်းမှု…အရ.. ခွဲခြား..လိုက်ပါကြောင်း…..

    =============

    ချစ်သော..အံစာ..ရေ…
    အဆင့် ( 3 ) ဆင့် က…..မကြာမီ….
    လာမည်….
    မျှော်….

    ================

    ခံစား အားပေးမှုကို.ကျေးဇူးတင်ပါတယ်..ချစ်သောအံစာ…

    ချစ်သော….

    အဟိ အဟိ ။ အလင်းဆက်

  • ရွှေ ကြည်

    December 3, 2012 at 9:44 pm

    အလင်းဆက်ရေ ရသတခုခုကိုပေးစွမ်းရင် အနုပညာမြောက်တယ်လို့မမရွှေကြည်ကယူဆထားတယ်..။
    အလင်းဆက်ရဲ့ လွတ်လပ်ခြင်းကိုငတ်မွတ်တမ်းတစွာနဲ့ ရင်ဖွင့်လာတဲ့စာလို့ယူဆမိပါတယ်..။
    အလင်းဆက်ရဲ့ဆိုလိုရင်းကိုသဘောပေါက်နားလည်ပါတယ်..။ ဆက်ပါဦး အလင်းဆက်ရေ..။
    ဪ ဒါပေမယ့်…အနုပညာရဲ့လွတ်လပ်မှုမှာလည်း
    စည်းကမ်းကျနတဲ့ ဒီမိုကရေစီ (အဲလေ ရောကုန်ပြီ)
    လူတိုင်းဖန်တီးထားတဲ့ပြီးပြီးရော ရေးထားတဲ့စာတွေကဗျာတွေကိုတော့ အနုပညာလွတ်လပ်မှုဆိုပြီး အနုပညာခေါင်းစဉ်တပ်ပြီးမခံစားတတ်ပါဘူးလို့..။

  • padauk moe

    December 3, 2012 at 10:41 pm

    အလင်းဆက်ရေ အရေးအသားကတော့လန်းတယ်ကွာ အားကျအတုယူနေပါတယ်နော် တစ်ခုတော့ရှိတယ်
    တစ်ယောက်တစ်ဝက်ပေါ့ကွာ စတာနော် သူငယ်ချင်း အသစ်အသစ်တွေကိုဖန်ဆင်းနေတဲ့သူတွေ
    ထိုအသစ်အသစ်တွေကိုမှ မက်မောစွာသုံးစွဲနေတဲ့သူတွေ ထိုနှစ်ယောက်ကြား သုံးစွဲနေရင်းက ဟောင်းမသွားတာ တစ်ခုတော့ရှိတယ် ဘယ်တော့မှမရိုးတဲ့ နည်းပညာတွေပါ အဟောင်းဆိုတာလဲ တစ်ချိန်ကအသစ်ဖြစ်သလို အသစ်ဆိုတာလည်း အချိန်တန်ရင် ဟောင်းမယ်ဆိုတဲ့ နိယာမပေါ့နော် လေးစားပါတယ် သူငယ်ချင်း အားပေးနေပါတယ်

  • ကဗျာမှာကာရန်ပါခြင်းမပါခြင်းဆိုတာတွေက 1970 ခုနှစ်လောက်မှာကတည်းက
    မိုးဝေ ကဗျာ အုပ်စုက ဖောက်ထွက်ခဲ့ကြတာကြာပေါ့။
    ဒါကြောင့်လဲ အခုချိန်မှာမော်ဒန်ကဗျာဆိုတာ နေရာတစ်ခုနဲ့ရပ်တည်နေတာပါ။
    ရှင်မဟာသီလဝံသ နတ်ရှင်နောင် နဝဒေး မိညို မိဖြူ..မယ်ခွေ…………………..ဝန်ကြီးပဒေသရာဇာ ဦးကြီး
    လှိုင်ထိပ်ခေါင်တင် ဦးပုည အချုပ်တန်းဆရာဖေ သခင်ကိုယ်တော်မိူင်း မင်းသုဝဏ် ဇော်ဂျီ ဒဂုန်တာရာ
    တင်မိုးမောင်ပန်းမွှေး မောင်စိန်ဝင်း (ပုတီးကုန်း)အောင်ဝေး ဒေါင်းနွယ်ဆွေ မောင်သင်းခိုင် မောင်သင်းပန် သုခမိန်လှိုင် မောင်ချောနွယ် …………………………………………………
    ………………………………………………………………………………………………………….
    (အများကြီးကျန်သေးတယ်)
    အစရှိတဲ့ ကဗျာဆရာကြီးတွေက သူတို့ခေတ်မှာ သူတို့ အဆင့်ဆင့်ဖောက်ခွဲခဲ့ကြလို့
    အခုလက်ရှိ အနေအထားမှာ မိုးဝေးတို့ရဲ့ lp ကဗျာခေတ်ကို ရောက်နေတာပါ။
    အဲတော့ နတ်ရှင်နောင်ရဲ့ ရတုက လဲ သူ့ဂုဏ်နဲ့သူနေပါစေ။
    ကိုချောလဲ သူ့ဂုဏ်နဲ့သူနေပါစေ.
    လိုက်ပြိး တန်းမညှိပါနဲ့တော့။
    ကာရန်မဲ့ မော်ဒန်ကဗျာဆိုတာ 1970ခုနှစ်လောက်ကတဲက အတိုက်အခံအဆူအဆဲကြားက ပွင့်လာခဲ့တဲ့
    ကဗျာပန်းလေးတစ်ပွင့်ပါဘဲ။

  • surmi

    December 4, 2012 at 12:11 am

    ခေါင်းစဉ်ကြည် ့ပြီး ဇတ်မင်းသားဖိုးချစ်ကို များရေးသလားလို့ ……
    ခုတော့ …..
    ပြီးအောင် စောင် ့ဖတ်နေပါ ့မယ် …..။
    ရှေ ့ကလှိုင်းတွေကို နောက်ကလှိုင်းတွေက တွန်းတာကတော့ သဘာဝပါပဲ ….
    ပြီးတော့ …လူကြီးလူငယ် ….
    ကျုပ်သားနဲ့တောင် အကြိုက်ချင်းညှိမရဘူးဖြစ်နေတာ ….
    အချိန်တန်ရင် ရှေ ့ကလူက ဖယ်ပေးရမှာပဲလေ …..ဒီတော့ ….

  • Mလုလင်

    December 4, 2012 at 12:38 am

    အဟောင်းကိုမှ…မက်မောစွာ..ဖက်တွယ်ထားသော..လက်များ…ကို.. အသစ်ကြိုသော လက်များ အဖြစ် အသင့် ..ဖြစ်စေချင်ပါပြီ ။

    ဖြစ်စေချင်တိုင်း ဖြစ်လာမယ် ဆိုရင် သူတောင်းစား ဆိုတာ ရှိလာတော့မှာ မဟုတ်ဘူး ဗျို ….။

    အနုပညာသစ် လာချေပြီ…။

    နေရာထို်ုင်ခင်း ရှင်းလင်းပေး၍ ကြိုဆိ်ုပါ ။

    နွေးထွေးစွာ… ကမ်းလင့် ခရီးဦး..ကြိုပြု ပါ ။

    ခရီးဦးကြိုပြုဖို့ ထိုက်တန် တယ်ထင်ရင် … ဝိုင်း ပြုကြမှာ မို့ … အဲ့ဒီ့အတွက် စိတ်ပူစရာမလို သလို … တောင်းဆို စရာ လဲ မလိုပါကြောင်း ……

    ဒါနဲ့ … Best Seller တာရာမင်းဝေ ဆုံးသွားတာတောင် တော်တော် ကြာနေပြီ ကော ………….

  • အရီးခင်လတ်

    December 4, 2012 at 3:10 am

    ဆွေ ့ဆွေ ့ခုန်ခြင်း နှင့်… အနုပညာ ဆိုတာ မျောက်ကက တာလား။
    (နောက်တာ ဆိုတာ သိတယ်နော်) 😆
    တကယ်တော့ မျောက်က တောင် က ဖို့အတွက် အကပညာ ကောင်းကောင်း တတ်မှ မဟုတ်လား။

    ရေးတဲ့ style က နဲနဲ မြင့်တာတော့ သိပါတယ်။
    ကိုယ်ကျင်လည်ရာ ဘာသာမဟုတ်၊ အနုပညာ ကိုလဲ မဖန်တီးဘူးတော့ မမှီ့ တမှီ နဲ့ အားပေးသွားပါတယ်။
    ဆက်ဖတ်ဖို့လဲ စောင့်နေပါတယ် ဆက်ဆက် ရယ်။

  • ဦးကြောင်ကြီး

    December 4, 2012 at 11:23 am

    စွေ့တခုန်
    မေ့တပြုံ
    ဟေ့ဂဠုန်
    နေ့ပလုံ..။

  • lynnsatyar

    December 4, 2012 at 4:19 pm

    ဆက်ဖတ်ချင်လို့ ဆွေ့ဆွေ့ခုန်နေကြောင်းပါ အစ်ကို…

  • jullies cezer

    December 4, 2012 at 5:06 pm

    ဆွေ့ဆွေ့ခုန်ဆိုတော့ ပေါက်ဖော်နဲ့အမျိုးတွေများလား ဒါဆိုရင်တော့
    ဆွေ့ဆွေ့ခုန်အားမပေးဘူးနော် 😛

  • မိုး မင်းသား

    December 4, 2012 at 6:33 pm

    ကျွန်တော်လည်း…..ဝင်ခုန်သွားပါတယ်လေ…..

    အဲလေ….ဝင်ဖတ်သွားပါတယ်…ခင်ဗျာ

  • manawphyulay

    December 4, 2012 at 6:49 pm

    မရောက်တာကြာလို့ သိပ်နားမလည်ပေမယ့် အနုပညာတွေ အများကြီး ဆွေ့ဆွေ့ခုန် ကွန်နက်ရှင်နဲ့ ရန်ဖြစ် မှတ်သားသွားပါတယ်နော်။

  • ဗုံဗုံ

    December 4, 2012 at 7:33 pm

    အနုပညာနဲ့ ပက်သက်လို့ မိဗုံကို အထူးယုံလိုက်ပါ ကိုရင်လင်းဆက်ရေ
    ဒီလိုပြောလိုက်လို့ ဆွေ့ဆွေ့ခုန်မနေနဲ့နော်
    ရဲရဲတောက် ခံစားသွားပါကြောင်း ပြောလိုက်ပါရစေ

  • အလင်းဆက်

    December 4, 2012 at 7:47 pm

    အားလုံးကိူ ကျေူးဇူးတင်တယ်ဗျို ့။

    အခု အချိန် မရတော့..လို ့..
    ကိုယ့် ပိုစ့်ထဲ ကိုယ်..နောက်မှ…လာခဲ့မယ်..ဗျင်္ို ့..။

    :kwi:

Leave a Reply