အချစ်ရဲ့နောက်ကွယ်က ပြစ်လွှတ်လိုက်တဲ့မြှားတစ်စင်း ငါ့ရင်ကိုဆူးနစ်စွာ စိုက်ဝင်ခဲ့ပြီနော် နှုတ်ရင်လဲဆူး ထားရင်လဲရူးရတော့မယ်ချစ်သူရယ်

မင်းရဲ့အကြင်နာတွေကြားမှာ နာကျင်မိနေတဲ့ငါ့နှလုံးသားကတော့ အမြဲရှံးနေရတာဘာကြောင့်လဲ ငါ့သိပ်ချစ်မိသမျှ မင်းအတွက်တော့စိတ်ညစ်စရာတွေ ဖန်တီးပေးမိလို့လားကွာ  အဖြူရောင်အလင်းတန်းအောက်မှာ မင်းနဲ့ငါ လျှောက်လှမ်းဖူးတဲ့ လမ်းလေးလဲ အခုတော့ ပန်းတွေတောင်ဝေနေကုန်ပြီပေါ့

ချစ်ခရီးကဘဲကြမ်းတာလား မေတ္တာလမ်းကဘဲ မဖြောင့်ဖြူးတာလားတော့မသိ ကောင်းကင်ကတိမ်တိုက်တွေတောင် အရောင်တွေပြောင်းလို့ မိုးပေါက်လေးတွေတောင် မြေပြင်ကိုဆင်းသက်ရော့မယ်ထင်တယ်လေ ငြိုးငယ်နေတဲ့ ငါ့ရဲ့စိတ်လေးတွေကို မင်းနားလည်းပေးနိုင်ရင် ရင်ခွင်ထဲတိုးဝင်ခဲ့ပါချစ်သူ နွေးထွေးမှုအပြည့်နဲ့ ထွေးဖက်ထားမယ်ဆိုရင် မင်းပျော်နိုင်မလား………… အခုတော့ အပြုံးရောင်အောက်မှာ အမုန်းလက်ဆောင် လှလှလေးပေးသွားတဲ့ ချစ်သူကိုတော့ နောက်ကွယ်ကပြစ်လွှတ်လိုက်တဲ့မြှားတစ်စင်းပမာ  နှုတ်ပစ်ဖို့ခက်ခဲနေစဲပါဘဲလေ

ပိတောက်မိုး

 

ကာရံ

About ကာရံ

ကာ ရံ has written 191 post in this Website..

   Send article as PDF