ဆေးလိပ်က အမျိုးသား အင်္ဂါကို တိုစေ

the bestDecember 3, 20121min33021

တကယ့် ပေါက်ပေါက်ရှာရှာ ဆေးပညာရှင်တို့ လေ့လာတွေ့ရှိထားမှု တစ်ခု ဖြစ်ပါတယ်။

လေ့လာတွေ့ ရှိချက်ကတော့ ဆေးလိပ်သောက်ခြင်းရဲ ့ ဆိုးကျိုးတစ်ချက် ကတော့

အမျိုးသားကို လိင်အင်္ဂါကို တိုစေခြင်း ဖြစ် တယ်လို့ ဆိုပါတယ်။ 

ဆေးလိပ်က အဆုပ်ကိုပဲ ထိခိုက်စေတာ မဟုတ်ပါဘူး။

ခန္ဓာ ကိုယ်တွင်း သွေးလည်ပတ်မှုကို အနှောက်အယှက်ပေးပါတယ်။

အထူးသဖြင့် အမျိုးသားတို့ အင်္ဂါကို သွေးမရောက်အောင် ညစ်ထားတတ်ပါတယ်။

ဒါကြောင့် elastic ဖြစ်နှုန်းကျဆင်းပြီး နဂိုရှိရင်း ထက်တောင် တိုသွား တယ်လို့ လေ့လာထားကြပါတယ်။

နှစ်ရှည်ကြာ စွဲသောက်သူ အပေါ် လေ့လာချက်အရ ၁ စင်တီမီတာ တိုသွားတယ်လို့ ဆိုပါတယ်။

ဒါတင်မက အင်္ဂါသို့ ရောက်အောင်သွားတဲ့ ဟိုမုန်း တွေကိုလည်း သေဖို့ အကြောင်းပိုများ ပါတယ်။

မျိုးပွားနိုင်တဲ့ သွေးဆဲလ်တွေကိုလည်း သေဆုံးပြီး ကလေးရနိုင်ချေ နည်းသွားပါတယ်။

အကယ်၍ ရရင်လည်း ရတဲ့ ကလေး အပေါ် သက်ရောက် မှု အနည်းနဲ့အများ ရှိနိုင်တယ်လို့ ဆိုပါတယ်။

ဥပမာ- ကလေး ကြီးထွားမှု မမှန်ခြင်း လိုမျိုး ဖြစ်ပါတယ်။

သုတေသနတို့ရဲ ့နောက်ထပ် တွေ့ရှိချက်ကတော့ အမျိုးသား တို့ ဆေးလိပ်သောက်သုံးခြင်းဟာ

နှလုံးကို ထိခိုက်ခြင်းထက် အင်္ဂါထိခိုက်မှု ကို ပိုမို တိုက်ရိုက်ဆက်စပ်စေကြောင်း သိရပါတယ်။

Ref: medic-facts

http://www.innewsmyanmar.com/2012/12/blog-post_9011.html

21 comments

  • nigimi77

    December 4, 2012 at 9:31 am

    မယုံထှာအေ

    ကျုပ်အသက် ၃၈ ရှိပြီ

    ဆေးလိပ်ကို ၁၆ နှစ်သားထဲက သောက်တာ

    ပိုတောင် ရှည်လာ သလားလို ့

    • အစကတော့ ..
      ကျုပ်တောင် နည်းနည်း လန့်သွားပြီး ..
      ဆေးလိပ် ဖြတ်မလို့ စဉ်းစားလိုက်သေး …
      ခု ဥနီဂိမိဂျီး ကြောဒါနဲ့ ..
      ဖြတ်ဒေါ့ဘူးဂျာ .. :mrgreen:

      • surmi

        December 4, 2012 at 9:50 am

        မကြောက်ပါနဲ ့ မောင်မောင်အံရယ်
        :harr:

        • ကြောက်ဒါပေါ့ဂျ ..
          ကျုပ်ဂ ခုမှ နယ်နယ်လေး ချိဒေးဒါဂိုးးးး
          :harr:

    • Mobile

      December 4, 2012 at 4:42 pm

      ဘယ်အတိုင်းအတာထိများ ရောက်နေပြီလဲ မောင်ရင်

  • ဦးကြောင်ကြီး

    December 4, 2012 at 11:37 am

    ကျုပ်ဟာကတော့ ရှည်လာတယ်။ ဘဏ်မှာရှိတဲ့ ငွေစာရင်းပြောတာ။ ဆေးလိပ်ခုံပိုင်ရှင်မိုလို့…

  • Hnin Hnin

    December 4, 2012 at 1:41 pm

    the best ရေ…ကျန်းမာရေးအမြင်နဲ့ပြောရရင် (comment တွေကို မမြင်ခဲ့ပါဘူး)
    နှစ်ကြာရှည် ဆေးလိပ်စွဲသောက်ရင် မျိုးပွားမှုနှုန်း နည်းနိုင်ချေရှိတယ်ဆိုတာ ယောက်ျားတိုင်းတော့
    မဟုတ်လောက်ပါဘူး…

    ဘာလို့လဲဆိုတော့ နှင်းနှင်း ဦးကြီးက ဆယ်ကျော်သက်ထဲက အဘိုးကြီးဖြစ်တဲ့အထိ စီးကရက်
    လက်က မချစတမ်းသောက်ခဲ့တာတောင် အခု သူ့မှာ သား၊သမီး ၃ယောက်ရှိတယ်..
    ၃ယောက်လုံးလည်း အစစအရာရာ ပုံမှန်လူတွေလိုပဲ..အငယ်ဆုံး ၄ဝ ကနေ အကြီးဆုံး ၄၈ ရှိပြီ..
    ၃၂ နှစ်မှာ အိမ်ထောင်ကျ၊ ၃၃ နှစ်မှာ ကလေးစရခဲ့တာပဲ…

  • kai

    December 4, 2012 at 1:58 pm


    Smoking Could Shorten Penis Size
    August 27, 2010 By: medicmagic C

    Besides causing heart disease, stroke and lung cancers, smoking also affects male virility. Not only concerning erectile dysfunction or impotence, cigarettes are also able to shorten the size of the penis.

    This finding is based on results of a study conducted by researchers from Boston University School of Medicine to 200 participants who are male smokers. From the results of the study, smokers had an average of 1 cm shortening of their penis.

    “This is the largest finding ever of cigarettes associated with sensitivity of sex,” said Dr. Pedram Salimpour, one of the researchers, according to Guardian.

    According to Dr. Salimpour, the negative effect of smoking on the penis is the same as the effect of smoking on heart. This is a blood vessel damage, which makes blood flow obstructed.

    Basically this is the effect of elastin, the elastic connective tissue protein and allows tissues in the body to get back into shape after stretching or contraction. In this case, elastin affects the ability of penile erection.

    Dr. Salimpour explained, elastin can stretch like rubber. This is what happens to the penis as a result of increased blood flow.

    Smoking can damage body’s ability to do that, so it could affect the size of the penis and erectile ability. But researchers could not determine how many cigarettes can damage elastin and shorten the penis size.

    “It is still worth further study, but apparently the dangers of smoking are more susceptible to the penis rather than the heart,” explained Dr. Salimpour.

    According to him, this is because the existing blood vessels in the penis is much smaller than the veins in the heart. Existing blood vessels in the heart is 1.5 mm, while the penile blood vessels 1 mm smaller.

    Not only for active smokers, Dr. Salimpour also explains that there is a possibility that the same thing could also happen in passive smokers. But it still needs further study.

    “Although the tobacco industry insists, but the scientific facts are against them,” said Dr. Salimpour.

    http://medicmagic.net/smoking-could-shorten-penis-size.html

    • Foreign Resident

      December 4, 2012 at 2:23 pm

      ” ဆေးလိပ်က အမျိုးသား အင်္ဂါကို တိုစေ ”

      ဒီဆောင်ပုဒ်က တော်တော် ထိတဲ့ ဆောင်ပုဒ်ပဲ ။
      သူကြီးပုံနှင့် တွဲလိုက်တော့ ပိုမိုက်သွားသေး ။

  • sirhtut

    December 4, 2012 at 2:06 pm

    ဆေးလိပ် “တို” ပါဆို

  • the best

    December 4, 2012 at 2:33 pm

    Comment ပေးကြသူများအားလုံး ကျေးဇူးတင်ပါတယ်။

    ဆေးလိပ်ကို လူတိုင်းမသောက်စေချင်တာကျွန်တော့ ဆန္ဒပါ။
    တတ်နိုင်သလောက် ဆေးလိပ်ကို လူတိုင်းမသောက်အောင် လုပ်ပါတယ်။
    ဆေးလိပ်သောက်တဲ့သူနား ဘယ်တော့မှမထိုင်ပါဘူး။
    ကျွန်တော်ထိုင်တဲ့နား ဆေးလိပ်လာသောက်ရင် မသောက်ဖို ့အားမနာတမ်းပြောတတ်တယ်။

    ဆေးလိပ်သောက်ရင် ပတ်ဝန်းကျင်ကလူတွေကို ရောဂါရစေပါတယ်။
    သိပ်သောက်ချင်ရင် လူတွေနဲ ့ဝေးရာနေရာ ရှာပြီးသောက်သင့်တယ်ဆိုတဲ့ အသိစိတ်ရှိသင့်ပါတယ်။

    တစ်ရွာလုံးလည်းတတ်နိုင်ရင်ဆေးလိပ်ဖြတ်ကြပါလို ့တိုက်တွန်းလိုပါတယ်။

    • ဇမ္ဗူ့လောကပါလကြောင်ဝတုတ်

      December 4, 2012 at 3:28 pm

      အင်း….
      တို့အတူတူဘယ်တော့မှ မထိုင်ရတော့ဘူးထင်ပါ့…

      ခင်မင်လျက်-
      ကြောင်ဝတုတ်

      • the best

        December 4, 2012 at 5:34 pm

        ခင်မင်ရတဲ့ ဇမ္ဗူ့လောကပါလကြောင်ဝတုတ်ရေ….

        ဆေးလိပ်သောက်တတ်တယ် ဆိုရင်ဖြတ်နိုင်အောင်ကြိုးစားပါလား။
        ကိုယ့်ကိုယ်ကို မချစ်လို ့မဖြတ်ချင်ရင်တောင်ကိုယ့်ကြောင့် ကိုယ့်မိသားစုဒုက္ခခံစားရလိမ့်မယ်ဆိုတာကြိုတွေးစေချင်တယ်။
        ကိုယ့်မိသားစုကို မချစ်တဲ့သူကတော့ မရှိနိုင်ပါဘူး။

        ပထမအဆင့် အိမ်ထဲရောက်တာနဲ ့ ဆေးလိပ်လုံးဝမသောက်စေချင်ဘူး။
        အပြစ်မဲ့တဲ့မိသားစုဝင်တွေ ငါ့ ဆေးလိပ်ငွေ ့ကြောင့် ရောဂါမရစေရဘူးလို ့အမြဲသတိရစေချင်ပါတယ်။

        ထာဝရပျော်ရွှင်သော မိသားစုဖြစ်ပါစေ။
        ခင်မင်လျက်-
        the best

        • ဇမ္ဗူ့လောကပါလကြောင်ဝတုတ်

          December 5, 2012 at 9:53 am

          ကိုသဘက်ရေ.(The Best)… ဟိဟိ
          ဒီလိုဗျ… ကျွန်တော်က ဆေးလိပ်ကိုစည်းကမ်းတကျသောက်တယ်…
          ဆေးလိပ်ဖြတ်ဖို့ အတော်ကြာကြာကြိုးစားခဲ့ဖူးတယ်… ဒါပေမယ့် လောလောဆယ်မဖြစ်နိုင်ဘူးလို့ဆိုရမပေါ့…
          အဲဒီတော့ ကျွန်တော်စည်းကမ်းတစ်ခုလုပ်လိုက်တယ်… တစ်လကို ဆေးလိပ်တစ်တောင့်ထက် ပိုမသောက်ဘူးပေါ…
          တစ်တောင့်မှာ အလိပ်(၂၀၀)ဆိုတော့ တစ်ရက်ကို ရလိပ်နှုန်းလောက်ဆိုပါတော့…
          အလုပ်မှာသောက်တယ်… အပြင်ရောက်ရင်သောက်တယ်… အိမ်မှာတော့ ဆေးလိပ်မသောက်ပဲနေလိုက်ပါတယ်…
          အခုနောက်ပိုင်းတော့အတော်လေးပြတ်သလောက်ဖြစ်နေပြီဆိုရမယ်…
          အရင်လိုမဟုတ်တော့တာတော့အသေအချာပဲ…

          ဒီလိုလုပ်မယ်ဗျာ…
          ခင်ဗျားနဲ့ထိုင်ဖြစ်တဲ့အချိန်မသောက်ဘူးပေါ့…ဟဟ
          ဒါဆို တူတူထိုင်လို့ရပါပြီ…

          ခင်မင်လျက်-
          ကြောင်ဝတုတ်

  • Mr. MarGa

    December 4, 2012 at 5:21 pm

    အင်းးးးးးးးးးးးးးးးဦးမာဃ လျှို့ဝှက်ချက်လေး ထုတ်ပြောဦးမယ်
    တချို့က ထင်ကြတယ် ဦးမာဃ နတ်သမီး တစ်ဖက်ငါးရာနဲ့ မိဘုရားလေးပါးကို နိုင်ရောနိုင်လို့လားတဲ့
    နိုင်တာပေါ့
    ဦးမာဃက ဆေးလိပ်မှ မသောက်တာ

  • မောင်ပေ

    December 4, 2012 at 7:53 pm

    တိုတာထက် ညီလေး ရဲ ့သက်လုံ ကျစေတာ ပိုဆိုးတာမို ့
    ယနေ ့က စ ပြီး လျှော့ရတာပေါ့ကလား

  • Mobile

    December 4, 2012 at 8:53 pm

    ပို့စ်ခေါင်းစဉ်၏ ဆန့်ကျင်ဖက်ကိုလဲသိရှိလိုပါကြောင်း
    (ဆေးလိပ်မသောက်ခြင်း၏ ကောင်းကျိုးကိုပြောပါသည်။)

    • the best

      December 4, 2012 at 10:00 pm

      ဆေးလိပ်သောက်ခြင်း၏ ဆိုးကျိုးများ

      ဆေးလိပ် သို့မဟုတ် စီးကရက် အငွေ့ထဲတွင် ကတ္တရာစေး၊နီကိုတင်း၊ကာဗွန်မိုနောက်ဆိုဒ်၊ ဟိုက်ဒြိုဂျင်ဆိုက်ရာနိုက်၊
      နိုက်ဒြိုဂျင်အောက်ဆိုဒ်ဓာတ်များသည် ရှူရှိုက်သွင်းလိုက်သည့်အခါ အဆုတ်ထဲမှတဆင့် သွေးထဲသို့ရောက်ရှိသွားပြိး ခန္ဓာကိုယ်တခုလုံးကိုပျံ့နှံ့သွားပြိး အဆုတ်သာမက အခြားအင်္ဂါများပါထိခိုက်စေနိုင်၏။

      လက်ငင်းအန္တရာယ်မှာ ဆေးလိပ်တလိပ်ကုန်သည်နှင့် သွေးကြောမျှင်ပေါင်း (၇၅၀၀၀)သည်(၁၀၅)မိနစ်ခန့် ကျဉ်းသွားသည်။
      ထိုအခါလူ့ကလပ် စီးပေါင်းသန်းတရာသို့ လိုအပ်သော အောက်စီဂျင် အဟာရနှင့်ခုခံအားတို့မရောက်ရှိသဖြင့်
      ထိုကလပ် စီးများ ပျက်စီးပေမည်။

      ဆေးလိပ်ကြောင့်-

      ၁။သွေးလွှတ်ကြောပိတ်ရောဂါ
      ၂။သွေးတိုးရောဂါ
      ၃။နှလုံးရောဂါ
      ၄။သွေးလွှတ်ကြောများကျဉ်းမြောင်းသည့်ရောဂါ
      ၅။အဆုတ်ကင်ဆာရာဂါ
      ၆။ရင်ကျပ်ရောဂါ
      ၇။ပန်းနာရောဂါ
      ၈။အဆုတ်ပွရောဂါ
      ၉။ဆီးအိမ်ရောဂါ
      ၁၀။လျှာနှင့်နှုတ်ခမ်း၊လည်ချောင်းကင်ဆာရောဂါ
      ၁၁။မျက်စိအမြင်ကွယ်သောမျက်ကြောရောဂါ
      ၁၂။ပန်းသေပန်းညိုးရောဂါ
      ၁၃။ကာမအားနည်းရောဂါ
      ၁၄။ကင်ဆာ၊အစာအိမ်နှင့်အူသိမ်ဝတွင် အနာပေါက်လျှင် စီးကရက်သောက်ပါက အဖန်တလဲလဲ ပြန်ဖြစ်ခြင်း။
      ၁၅။ဆေးလိပ်သောက်သော မိခင်ရက်မစေ့ပဲမွေးဖွားခြင်း
      ၁၆။ဖွားမြင်တဲ့ကလေးများမှာလည်းခန္ဓကိုယ်သေးခြင်း၊ကိုယ်ခန္ဓာချို့ယွင်းခြင်း၊ဉာဏ်ရည်မမီခြင်များဖြစ်တတ်ခြင်း
      ၁၇။လေဖြတ်ရောဂါ
      ၁၈။နှလုံးဝေဒနာ အပြင်းအထန်ခံစားရမှု့
      ၁၉။နာတာရှည် သွားဖုံးရောဂါ
      ၂၀။အဆုတ်နာ တီဘီရောဂါ
      ၂၁။ကျေက်ကပ်ကင်ဆာရောဂါ
      ၂၂။ပန်ကရိယ ကင်ဆာ
      ၂၃။အသည်းကင်ဆာ
      ၂၄။ကလေးများအိပ်ပျော်နေစဉ် ရုတ်တရတ်သေဆုံးခြင်း
      ၂၅။အချိန်မတိုင်မီ အိုမင်းရင့်ရောခြင်း
      ၂၆။နှုတ်ခမ်းကွဲ ကလေးများမွေးဖွားခြင်း
      ၂၇။ဆီးချိုရောဂါ စသည့်ရောဂါများ ဖြစ်စေပါသည်။

      ဆေးလိပ်မသောက်ရင် အထက်ပါ ဆိုးကျိုးဖြစ်နိုင်ခြေတွေ လျှော့ချနိုင်ပါလိမ့်မယ်။

      ဆေးလိပ် ဖြတ်လိုက်သည်နှင့် တစ်ပြိုင်နက် ကိုယ်ခန္ဓာ ကျန်းမာရေးသည်လည်း အကောင်းဖက်သို့ ဦးတည်လာပါတယ်.. တစ်နေ့လျှင် မိနစ် ၂ဝ တစ်ပတ် ၃ ကြိမ် လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် ခန္ဓာကိုယ်မှ ဆေးလိပ်အဆိပ်သင့်မှုများ တဖြည်းဖြည်း လျော့ပါးလာပါတယ်..။

      လေ့လာမှတ်သားထားတာတွေ ကူးတင်ပေးလိုက်တာပါ။

      • kai

        December 5, 2012 at 6:54 am

        ချွတ်..ချွတ်..
        သူ့ကိုရအောင်ချွတ်..
        မချွတ်ရင်.. ကျွတ်အောင်
        .. ပုဆိုးကို ဆွဲချွတ်… :kwi:

  • intro

    December 5, 2012 at 11:16 am

    အမှန် မဟုတ်ဘူးဆိုရင်တောင် ဆေးလိပ်သောက်တာဟာ အခြားဆိုးကျိုးတွေလဲ ရှိတာမို့ မသောက်သင့်ပါ… ကျွန်တော်လဲ ဆေးလိပ်ဖြတ်ထားတာ တော်တော်ကြာပါပြီ… အကျိုးဆက်တွေကတော့ အများကြီးပါ… အနည်းဆုံး ဆေးလိပ်ဖိုးသက်သာတာ၊ ပိုပြီး သက်လုံကောင်းလာတာ၊ အကျီတွေမှာ ဆေးလိပ်ငွေ့နံ့ မနံတော့တာ… စသဖြင့်၊ စသဖြင့်…

Leave a Reply