စဉ်းစားကြစေလိုပါတယ် ( ၄၄ )

( လက်ပန်တောင်း – ၂ )

 

လက်ပန်တောင်းတောင်

ကိစ္စ နှင့်ပါတ်သက်ပြီး ၊

၂၃ နိုဝင်ဘာ တုန်းက

လွှတ်တော်မှာ

ဗိုလ်ချုပ် ဝေလွင် ရဲ့ 

ရှင်းလင်းချက် ကို ၊

မြဝတီ က မနေ့က

( ၃ ၊ ဒီဇင်ဘာ ) မှ

အပြည့်အစုံတင်တယ် ။

 

အရင် ဖတ်ကြည့်ကြပါအုန်း ။

—http://www.myawady.com.mm/allnews/headline/item/714-2012-12-03-16-35-44—

 

Quote

 

ကျွန်တော်တို့ဒေသန္တရ ပေါက်ဈေး နှစ်သိန်း ကနေ လေးသိန်း ဆိုတဲ့ အစား ၊

ငါးသိန်း ၊ ငါးသိန်းခွဲ အထိ ၊ ပေးလျော် ခဲ့ပါတယ်။

 

ဒါ အေ တိုက် ဖြစ်တဲ့အတွက် တန်ဖိုးအားဖြင့်  ၁၃၄ သိန်း ကုန်ကျ ပါတယ်။

ဘီ တိုက်က ကျွန်တော်တို့ ၇၂ သိန်း ကျွန်တော်တို့ ကုန်ကျပါတယ်။

စီ တိုက် ကတော့ ၅၂ သိန်း ကျွန်တော်တို့ ကုန်ကျပါတယ်။

ဒီ တိုက်ကတော့ ကျွန်တော်တို့ ၃၈ သိန်း ကုန်ပါတယ်၊

 

အေ တိုက်ဖြစ်တဲ့ အိမ်ကို ဆယ်သိန်း ပြုပြင် စရိတ်ယူ ။

ဘီ တိုက် ဖြစ်တဲ့ အိမ်ကို ပြုပြင်စရိတ် ရှစ်သိန်းယူ ။

စီ တိုက် ဖြစ်တဲ့အိမ်ကို ပြုပြင် စရိတ် ခြောက်သိန်းယူ ။

ဒီ တိုက် ဖြစ်တဲ့ အိမ်ကို ပြုပြင်စရိတ် လေးသိန်း ၊

ကျွန်တော်တို့ ပေးကြောင်း တင်ပြပါတယ် ။

 

ကျွန်တော်တို့ အိမ်သုံး လျှပ်စစ် မီတာ တစ်လုံးကို ရှစ်သောင်းခွဲ လောက် ကျွန်တော်တို့ ကျပါတယ်။

ဒါကိုလဲ အခမဲ့ ကျွန်တော်တို့ ဆောင်ရွက် ပေးပါတယ်။

 

ဒါ ဆေးပေးခန်း တည်ဆောက် ထားရှိမှု ဖြစ်ပါတယ် ။ ဒါ ၁၆ ကုတင်ဆံ့ ဖြစ်ပါတယ် ။

ကုသမှု တောက်လျှောက် ဆောင်ရွက် ပေးပါကြောင်း တင်ပြလိုပါတယ် ။

ဒါလေး ကတော့ ကျွန်တော်တို့ စာသင်ကျောင်း တည်ဆောက် ပေးမှု ဖြစ်ပါတယ် ။

ဒါက ကျွန်တော်တို့ ဆက်သွယ်ရေးရုံး၊ မီးသတ်စခန်း တည်ဆောက်ပေးမှုဖြစ်ပါတယ်။

 

ဒီဘယ်ဘက် အစွန်က ISO ၁၄၀၀၁ ဆိုတာဟာ သဘာဝ ပတ်ဝန်းကျင်

ထိန်းသိမ်းမှု စီမံခန့်ခွဲခြင်း ဆိုင်ရာ ရရှိတဲ့ လက်မှတ် ဖြစ်ပါတယ် ။

 

အလယ်က ဟာက ကျွန်တော်တို့ ထုတ်လုပ်မှု အရည်အသွေး Productionနဲ့

ပတ်သက်တဲ့ အရည် အသွေး စီမံခန့်ခွဲမှု ဆိုင်ရာ ရရှိထားတဲ့ လက်မှတ် ဖြစ်ပါတယ်။

( ISO 9000 ကိုပြောတာ ဖြစ်ပုံ ရတယ် )

 

ညာဘက် ကဟာက လုပ်ငန်း ခွင်ဘေး အန္တရာယ် ကင်းရှင်းရေးနဲ့ ကျန်းမာရေး လုံခြုံမှုနဲ့

ပတ်သက်လို့ စီမံခန့် ခွဲမှုနဲ့ ပတ် သက်ပြီး ရတဲ့ဟာ ဖြစ်ပါတယ်။

 

စင်ကာပူ နိုင်ငံက SGS ဆိုတဲ့ ကမ္ဘာ့ အသိအမှတ်ပြုတဲ့ ကုမ္ပဏီက နေမှ

နားလည်မှု နဲ့လည်း လုပ်လို့ မရဘူး ပိုက်ဆံပေးပြီး တော့လည်း ဒီ Certificate ကို လုပ်လို့ မရဘူး ။

 

အမျိုးသား လွှတ်တော်က သယံဇာတ ကော်မတီ လဲလာ စစ်ဆေးခဲ့ပြီးပြီ ။

လွတ်လပ်တဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်က အတွင်းရေးမှူး ဦးစီးတဲ့ အဖွဲ့တွေလဲ စစ်ဆေးပြီးပြီ ။

 

မြေကြီးတွေ ပုံထားတဲ့ နေရာတွေမှာ ဆိုရင်လည်းပဲ ၊

ရွာသူရွာသား တွေက လာပြီးတော့ တစ်ခါတည်း အိတ်တွေနဲ့ထည့် ၊

ထည့်ပြီးရင် အောက်က တောင်ကုန်း ထဲကို ပစ်ချပြီးရင် အတင်းထွက်ပြေး ၊

ဒါတွေနဲ့ ချက်လုပ် နေတဲ့ အနေအထား တွေလည်း ဆောင်ရွက် နေပါတယ် ။

 

ဒီညာဘက်က ပြထားတာက ကျေးရွာတွေက နေပြီးမှ ဒေသန္တရ နည်းတွေ နဲ့

ကိုယ့် အစီ အစဉ်နဲ့ ကိုယ်ထုတ်ပြီး ဒါ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်ပါတယ်။

ဒီနေ့ environmental impact တွေဖြစ်နေတယ်ဆိုတဲ့ အနေအထားမှာ

ဒီ ကျေးရွာတွေရဲ့ အစီအစဉ်တွေနဲ့ ဆောင်ရွက်နေတဲ့ အနေ အထားတွေ ကလည်း

အင်မတန်ပဲ ကြောက်ဖို့ ကောင်းပါတယ်။

 

လက်ပံတောင်း တောင်မှာလည်း အစိုးရက ၁၆.၈၀ ရာခိုင် နှုန်း၊

မြန်မာ့ စီးပွားရေး ဦးပိုင် လီမီတက်က ၁၃.၈၇ ရာခိုင်နှုန်း ၊

မြန်မာ့ ယန်စီ ကုမ္ပဏီက ၁၃.၃၃ ရာခိုင်နှုန်း နဲ့

ထုတ်လုပ်မှု ကုန်ကျစရိတ်က ၅၆ ရာခိုင်နှုန်း ကျွန်တော်တို့ သတ်မှတ် ထားပါတယ်။

 

ကျန်တဲ့ ကြေးနီထုတ်တဲ့ နိုင်ငံတွေကို နှိုင်းယှဉ်ပြီးတဲ့ အခါမှာ ၊

ဒီ cost of production ကို ကျွန်တော်တို့ စီမံကိန်းအတွက် ၊

တစ်တန်ကို ဒေါ်လာ ၃၇၀၀ ထက် ကျော်လွန်သုံးစွဲခြင်း မရှိရဘူးဆိုတဲ့ ၊

ကန့်သတ်ချက်ကိုလဲ စာချုပ်ထဲမှာ ထည့်သွင်းပြီး ဆောင်ရွက်ထားပါတယ် ။

 

မြန်မာ့ စီးပွားရေး ဦးပိုင် လီမီတက် ဆိုတာ တပ်မတော် ရဲ့ စစ်မှုထမ်းတွေ ၊

နောက်တစ်ချက်က စွန့်လွှတ်သွား ခဲ့ရတဲ့ အသက်တွေကို စွန့်လွှတ်သွားတဲ့ မိသားစုတွေ ၊

ဒါ တွေရဲ့ အစုရှယ်ယာ တွေကို ကျွန်တော် တို့က စုစည်းပြီးတော့ ၊

ဒီလုပ်ငန်း တွေကို ကျွန်တော်တို့ လုပ်ရတာ ဖြစ်ပါတယ်။

 

ကျွန်တော်တို့ရဲ့ နိုင်ငံတော် ဟာလည်း ဖွံ့ဖြိုးဖို့ အတွက်ကို တည်ဆောက်နေတာ ဖြစ်တဲ့အတွက် ၊

ကျွန်တော်တို့ရဲ့ ဒီ အာမခံချက် ၊ တပ်မတော်သား တွေရဲ့ ပင်စင် သွားပြီးတဲ့ ၊

နောက်ပိုင်း ကျဆုံးသွားတဲ့ စစ်သည်တွေရဲ့ အပေါ်မှာ အာမခံချက် ၊

တိုးမြှင့်ပြီး တောင်းဖို့ ကျွန်တော်တို့ အခက် အခဲရှိတယ် ။

 

ဒါဟာ မြန်မာ့ စီးပွားရေး ဦးပိုင် လီမီတက် အနေနဲ့

ကိုယ့်ဟာနဲ့ ကိုယ့်အစီအစဉ် ကိုယ် ရုန်းကန် ပြီးတော့

တပ်တွေရဲ့ သက်သာ ချောင်ချိရေး ကိစ္စတွေကို ဆောင်ရွက်ပေး နေရတာ ဖြစ်ပါတယ်။

 

နိုင်ငံတကာ ဆက်ဆံရေး နယ်ပယ်မှာ ထာဝရ မိတ်ဆွေ ဆိုတာလည်း မရှိဘူး။

ထာဝရ ရန်သူ ဆိုတာလည်း မရှိဘူး။

သက်ဆိုင်ရာ နိုင်ငံရဲ့ အကျိုး စီးပွားပဲ ရှိတယ်လို့ ကျွန်တော်တို့ ပြောပါတယ် ။

 

ဒါကြောင့်မို့ ကျွန်တော်တင်ပြ လိုတာကတော့ တရုတ်နိုင်ငံ အကျိုးစီးပွား အတွက်လ ည်း မဟုတ်ပါဘူး။

အမေရိကန် နိုင်ငံ ရဲ့ အကျိုးစီးပွား အတွက်လည်း မဟုတ်ပါဘူး။

ကျွန်တော်တို့ နိုင်ငံတော် ရဲ့ အကျိုးစီးပွားနဲ့

ကျွန်တော်တို့ ပြည်သူလူထုရဲ့ အကျိုးစီးပွား အတွက် ကိုပဲ ၊

ကျွန်တော် ဦးတည်ပြီးတော့ ကျွန်တော်တင်ပြတာ ဖြစ်ပါတယ်။

 

ဒီ ကြားထဲမှာ ကျွန်တော် တို့ဆောင်ရွက် နေတာ တရုတ်နိုင်ငံ ကုမ္ပဏီနဲ့ ဖြစ်ပါတယ်။

ကျွန်တော်တို့ အိမ်နီးချင်း နိုင်ငံဟာ ၁၃၈၄ မိုင် အိမ်နီးချင်း နယ်နိမိတ် ရှိပါတယ်။

ဒီဟာ ကို ကျွန်တော်တို့ ပျက်ပြယ်သွားရင် ချစ်ကြည် ရင်း နှီးမှုတွေ ကျွန်တော်တို့ ပျက်မယ်။

 

ကျွန်တော်တို့ ဝန်ထမ်းတွေ ရေဖြတ်ထား၊ အစာဖြတ်ထား။

အသွားအလာတွေ လုပ်လို့ မရအောင်ဆောင် ရွက်လျက် ရှိပါတယ်။

အဲတော့ လောလောဆယ် အဲဒီမှာလဲ ကျွန်တော်တို့ ၊

နိုဝင်ဘာလ ၁၈ရက်နေ့က စပြီးတော့ ဘာလုပ်ငန်းမှ လုပ်လို့မရပါဘူး ။

 

ဒီစီမံကိန်း တွေက ဒီလိုတွေ ရပ်တန့် သွားလို့ ရှိရင် ၊

တစ်လ တစ်လကို ဒေါ်လာနှစ်သန်း ကျွန်တော်တို့ ဆုံးရှုံးပါတယ် ။

 

နောက်တစ်ချက်က မီဒီယာတွေရဲ့ တိုက်ကွက် ၊

ဒီဟာက ဆည်တဲရွာက အမျိုးသမီး ဖြစ်ပါတယ် ၊

အမှန် သူငိုချင်တာ မဟုတ်ပါဘူး။ ဒါပေမဲ့ မငိုချင်တဲ့ ဟာကို ငိုအောင်လုပ် တဲ့ဟာကို ၊

နောက်က အမျိုးသမီးက နေပြီးတော့မှ ရယ်ပြီးတော့ အရိုက်ခံ နေတဲ့ပုံကို ၊

ဒါ ကျွန်တော်တို့ ဆန္ဒပြတဲ့ အထဲက နေပြီးတော့ ရရှိခဲ့တာ ဖြစ်ပါတယ် ။

လုံချည်အပြာနဲ့ အမျိုးသမီး ဆိုရင် သူငိုတာ ငိုဟန် မကျ လို့ ၊

သူ့ဟာသူ ဘေးမှာ ရယ်နေတဲ့ ပုံလေး ဖြစ်ပါ တယ် ။

 

ဒီပုံကို ဆိုရင်လဲ ပြောင်းရွှေ့မှု နစ်နာကြေးကို ရယ်ရယ် မောမောနဲ့ပဲ ပြောနေ တာဖြစ် ပါတယ်။

သို့သော်လည်းပဲ ဒီနေ့ ဆန္ဒပြနေတဲ့ အချိန်မှာလဲ ဒီလူတွေပဲ ဆန္ဒပြနေတဲ့ အနေ အထား ဖြစ်ပါတယ်။

 

လွန်ခဲ့ တဲ့ နှစ်ပေါင်း ၆၀ လောက်ကတော့ လယ်တီ ဆရာတော် ဘုရားကြီးဟာ

ဝါးကျောင်းလေးနဲ့ တရား အားထုတ်ရင်းနဲ့ တစ်ဝါတော့ ဝါဆို သွားဖူးတယ်လို့ သိပါတယ် ။

လယ်တီ ဆရာတော် ဘုရားကြီးရဲ့ အငွေ့အသက်တွေ ဖြစ်တယ် ဆိုတဲ့ သဘောမျိုး လေးတွေနဲ့ ၊

ခုနက မငိုချင်ပဲနဲ့ ငိုသလို enlarge လုပ်တဲ့ဟာ တွေမှာလဲ ၊

မီဒီယာ တိုက်ကွက် တွေမှာလဲ ခံစားနေရတဲ့ အနေ အထား မျိုးတွေ တင်ပြလိုပါတယ်။

 

Un – Quote

 

တော်တော် သောက်သုံး မကျတဲ့ ကောင်တွေ ၊

စောစောစီးစီး သတင်းစာထဲ ထည့်လိုက်ရင် ၊ ပြည်သူက လက်ခံနိုင်လောက်တယ် ။

မလှုပ် မရှုပ် မပြုတ် လုပ်နေပြီး ၊ တင်ဖို့ နောက်ကျနေတယ် ။

ညံ့တယ် ဆိုတာ အဲဒါကိုပြောတာ ။

 

အမေစု က သပိတ် စခန်းကို မသွားဘူး ၊ စာချုပ်ကို လိုက်နာရမယ် ၊ ပြောကတည်းက ၊

ဖြစ်ပြီးတော့လည်း ၊ ဦးသိန်းစိန်ကြီး က ခပ်မာမာပဲ နေကတည်းက ၊

( ဝမ်းနည်းကြောင်းလေးတောင် မပြောဘူး ၊ ခပ်တည်တည်ပဲ ဘရူနိုင်း ကိုထွက်သွားပြီ )

ရဲတွေကလည်း သေချာ ဝန်ချ မတောင်းပန်ပဲ ၊ ရှင်းရုံပဲ လုပ်သွားကတည်းက ၊

 

၁ ။ ဒီကိစ္စ အစိုးရ နှင့် ဦးပိုင် ပက်ပက်စက်စက် မမှားလောက်ဖူး ဆိုတာ မှန်းလို့ ရပါတယ် ။

၂ ။ စစ်တပ်က ဒီကိစ္စမှာ ပြတ်ပြတ် သားသား အစိုးရနောက်မှာ ရှိနေမယ် ဆိုတာ မှန်းလို့ရတယ် ။

 

ဒါပေမယ့် အခုလို အပြည့် အစုံ စောစောစီးစီး ရှင်းပြထားရင် ၊ ကြီးတဲ့ အမှု ငယ်သွားမှာပေါ့ ၊

အခုတော့ ငယ်တဲ့အမှုက သောက်ကြိုးနဲ သွားပြီ ။ အခုမှ လိုက်ရှင်းပေတော့ပဲ ။

 

အချုပ် အနေနှင့် ပြောရရင် ။

 

၁ ။

နိုင်ငံတော် နှင့် တကယ်လုပ်တဲ့ ဝမ်ပေါင် အကြားမှာ ၊

မဆီမဆိုင် ဦးပိုင်က အမြတ်ဝင်ယူတာကတော့ တမျိုးကြီးပဲ ။

နောက်ပြီးတော့ ကြားက ( ဦးတေဇ ) ပွဲခ ဝင်ယူတာလဲ များသလိုပဲ ။

ထားပါ ဒါတွေက ဘယ်ခေတ်မဆို ရှိနေတာပါပဲ ။

စစ်သားလေးတွေဆီကို ဒီ ပိုက်ဆံ ရောက်မယ်ဆို ကျေနပ်ပါတယ် ။

 

၂ ။

နိုင်ငံတကာ Firm SGS ကထုတ်ပေးတဲ့ ၊

ISO – 14001 နှင့် ISO – 9000 လက်မှတ် ရတယ်ဆိုကတည်းက ၊

သဘာဝ ပါတ်ဝန်းကျင် နှင့် ပါတ်သက်တဲ့ နိုင်ငံတကာ စံ ကို ၊

လိုက်နာနေတယ် ဆိုတာ လက်ခံပါတယ် ။

 

၃ ။

ဒီ အချက်အလက်ကို မြဝတီ နှင့် အစိုးရ မီဒီယာက တော်တော် နောက်ကျမှ တင်တဲ့အတွက် ၊

မြဝတီ နှင့် အစိုးရ မီဒီယာ ဟာ ညံ့နေ / လိုနေ သေးကြောင်း ထင်ရှားပါတယ် ။

 

အပြင်ဖက်က အရပ်ဖက် မီဒီယာတွေဟာ ၊ ဒီ ရှင်းလင်းချက်ကို ၊

ရပါလျက် ၊ သိရှိပါလျက် ၊ တင်ခွင့်ရှိပါလျက် နှင့် ၊ ပြည်သူကို မတင်ပြခဲ့တာဆိုရင် ၊

အပြင်ဖက်က အရပ်ဖက် မီဒီယာတွေ ဟာ ဘက်လိုက်ခဲ့တယ်လို့ ထင်မြင်ပါတယ် ။

 

၎ ။

ဗိုလ်ချုပ် ဝေလွင် ပြောသွားတဲ့ ၊

ရွာသူလေးကို အတုအယောင် ငိုခိုင်းပြီး သတင်းလုပ်စားတဲ့ မီဒီယာသမားတွေကို ၊

မီဒီယာသမား အချင်းချင်းကပဲ ဖေါ်ထုတ် ရှုံ့ချ ပေးရပါမယ် ။

နို့မို့ရင် မြန်မာ မီဒီယာ တွေအပေါ် အယုံ အကြည် ရှိမှု ပျောက်ဆုံး သွားပါမယ် ။

 

၅ ။

ဆန္ဒပြတာတွေကို ဖြိုခွင်းရတော့မယ် ဆိုတာ လက်ခံပါတယ် ။

ဒါပေမယ့် ၊ ဖြိုခွင်းတဲ့ အချိန် ရွေးချယ်မှု နှင့် ဖြိုခွင်းတဲ့ နည်းလမ်း ရွေးချယ်မှု မှာတော့ ၊

ထပ် ရှင်းပြစရာတွေ ရှိပါအုန်းမယ် ။

အောက်ခြေ အဖွဲ့အစည်းတွေရဲ့ အတွေ့အကြုံ နှင့် နည်းပညာ အားနည်းမှုကြောင့် ၊

လိုအပ်တာထက် ပိုပြီး ( လိုအပ်တာထက် ပိုပြီး ) ထိခိုက် ဒါဏ်ရာရသွားတဲ့ သူတွေကို တောင်းပန်ပြီး ၊

ကျန်းမာရေး စားရိတ်ကို သင့်တင့်တဲ့အထိ ၊ တာဝန်ယူပေးသင့်ပါတယ် ။

 

၆ ။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် အနေနှင့်လည်း ၊

ငါတို့ မမှားဘူး ၊ စစ်တပ် ကလဲ ပြတ်ပြတ်သားသား ထောက်ခံတယ် ၊

နိုင်ငံတကာ ကလည်း အပြစ် မတင်ဘူး ၊

အမေစု လည်း ပြင်းပြင်း ထန်ထန် မကန့်ကွက်ဘူး ၊ ဆိုပြီး ၊

ခပ်မာမာ နေရင်တော့ ၊ လူကြိုက် နည်းပါလိမ့်မယ် ။

 

မှားယွင်းကြောင်း ပြောရမယ်လို့ မတိုက်တွန်းလိုပေမယ့် ၊

ဥပဒေ နှင့် အညီ လုပ်ခဲ့သော်ငြားလည်း ၊ မတော်တဆ သဘော နှင့် ၊

လိုအပ်တာထက်ပိုပြီး ထိခိုက် ဒါဏ်ရာရသွားတာတွေကို ၊

ဝမ်းနည်း စိတ်မကောင်းဖြစ်ကြောင်း လောက်တော့ ၊

တရားဝင် ပြောသင့်ပါတယ် ။

 

၇ ။

အဘ ကတော့ ၊ အခုထက်ထိ သမ္မတကြီး ဦးသိန်းစိန် ရဲ့ ၊

ဒီမိုကရေစီကို ဦးတည် လျှောက်လှမ်းနေတဲ့ ခြေလှမ်းတွေကို ၊ ထောက်ခံပါတယ် ။

ဒီ့ထက်လည်း ၊ မြန်မြန်သွားချင်လို့ မရဘူး / မသင့်ဘူး ဆိုတာကို ၊ နားလည် လက်ခံပါတယ် ။

 

တော်သေးဘီ ။

 

အဘ ဖေါ ( F R ) ။

Foreign Resident

About Foreign Resident

Foreign Resident has written 202 post in this Website..

စားဝတ်နေရေးအတွက် သင်္ဘောလိုက်နေရင်း ၊ ကံဇတ်ဆရာရဲ့အလိုကျ ကျွန်းကြီးတစ်ကျွန်း ပေါ်မှာ သောင်တင်နေမိပြီး ၊ အမိမြေကို လွမ်းဆွတ်နေရသူပါ ။