ဟာသလေးတွေပါ..

Yin Nyine NwayJuly 16, 20101min1022

မလိမ်ရဘူး

၂၁ ရာစုအစမှာပဲ စက်ရုပ်တွေဟာလူတစ်ယောက်လိမ်တယ်မလိမ်ဘူး ဆိုတာကိုမျက်နာကြည့်ပြီးသိနိုင်

အောင် တီထွင်နိုင်ခဲ့ပါပြီ။ ထူးခြားချက်အနေနဲ့ အဲဒီစက်ရုပ်ဟာလိမ်တဲ့သူကိုချက်ချင်းပါးထရိုက်တာပါပဲ။ မယုံဘူးလား… အောက်ကအဖြစ်အပျက်ကိုဖတ်ကြည့်ပါ။

ကိုဇော်ဂျီနဲ့ပွင့်တို့ရဲ့သားလေး မောင်မောရစ်တစ်ယောက်အိမ်ကိုနောက်ကျပြီးမှပြန်ရောက်လာသည်။
ကိုဇော်ဂျီ ။    ။ သားမင်းဘာလို့ကျောင်းနောက်ကျတာလဲ။
မောင်မောရစ် ။     ။ ဒီနေ့ကျောင်းကအချိန်ပိုရှိလို့နောက်ကျတာအဖေရဲ့။
ဖြန်း…………………………………..
အံ့ဩစရာကောင်းလောက်အောင်ပဲ ဘေးမှာရှိနေတဲ့စက်ရုပ်က မောင်မောရစ်ပါးကိုရိုက်ထည့်လိုက်သည်။
ကိုဇော်ဂျီ ။     ။ ဒီစက်ရုပ်က လိမ်ပြောတာကိုအာရုံခံစားနိုင်တဲ့စက်ရုပ်ကွ။ မှန်မှန်ပြောစမ်း။ လိမ်ပြောရင်မင်းကိုပါးထပ်ရိုက်လိမ့်မယ်။
မောင်မောရစ် ။     ။ ဟုတ်ကဲ့. .. ကျနော်ရုပ်ရှင်သွားကြည့်နေတာပါ။
ကိုဇော်ဂျီ ။     ။ ဘာရုပ်ရှင်လဲ။
မောင်မောရစ် ။      ။  “The Ten Commandments” ဇာတ်ကားပါ။
ဖြန်း……………………………………….
စက်ရုပ်ကရိုက်ထည့်လိုက်ပြန်သည်။ မောင်မောရစ်တစ်ယောက်မလိမ်ရဲတော့ပေ။
မောင်မောရစ် ။     ။ ဟုတ်…ဟုတ်.. Sex Queen ဇာတ်ကားပါ။
ကိုဇော်ဂျီအတော်ပေါက်ကွဲသွားသည်။
ကိုဇော်ဂျီ ။     ။ မင်းမရှက်ဘူးလားကွ ဒါမျိုးဇာတ်ကားကြည့်တာ။ မင်းအသက်အရွယ်လောက်တုန်းက ငါဒါမျိုးရှက်စရာဘယ်တုန်းကမှ မလုပ်ခဲ့ဘူး။
ဖြန်း……………………………………………………
တော်တော်လေးကိုအသံကျယ်ပါဧ။်။ ကိုဇော်ဂျီကိုစက်ရုပ်ကပါးချလိုက်ခြင်းပင်ဖြစ်ချေသည်။
ဆူညံဆူညံအသံများကြောင့်မိခင်ဖြစ်သူ ပွင့်မီးဖိုချောင်မှထွက်လာပြီးပြောလိုက်သည်။
ပွင့် ။     ။ ရှင်လည်းလိမ်တာပါပဲလား။ အင်းလေ.. ရှင်နဲ့တူမှာပေါ့ အဲဒါရှင့်သားပဲလေ ။
ဖြန်း……………………………………………………………
ဒီတစ်ခါစက်ရုပ်ဧ။် ပွင့်ကိုပါးရိုက်ချက်ကား အသံအကျယ်ဆုံးဖြစ်တော့သည်။

သေချင်သော်လဲ မသေရ

Sucide ဟုခေါ်သော မိမိကိုယ်ကို သေကြောင်းကြံစည်မှုသည် ရာဇဝတ်ပြစ်မှုမြောက်ပြီး အပြစ်ဒဏ်မခံရသောပြစ်မူတစ်ခုဖြစ်ပေသည် ။ အကြောင်းမူ …. သေသွားပြီးဖြစ် ၍ပြစ်ဒဏ်မစီရင်ရခြင်းကြောင့်
ဖြစ်ပေသည် ။ မိမိကိုယ်ကို သေကြောင်းကြံစည်မှု၏ Common cause မှာ အကြွေးများလွန်း၍ နောက်ဘဝမှပဲ ဆပ်ပါတော့မယ်ဆိုသူကတစ်မျိုး ၊ အသည်းနှလုံးထဲက သေမတတ်ချစ်ပါသည်ဆိုသော ကိုယ့်ရည်းစားက Talky တွေပွါး ညာစား ပြီးကာမှ လင်နောက်လိုက်ပြေးသွားခြင်းက တစ်သွယ် ၊ မိန်းမတို့ ဣန္ဒြေ ရွံ့ပိတ်လို့မရ ( အဲ ) ရွှေပေးလို့မရ ဆိုသည့်အတိုင်း မိမိ၏ဣန္ဒြေ စိန်ရွှေပါအပျက်ချူ ၊ ကလေးတစ်ယောက်ကို Parting Gift အဖြစ် လက်ဆောင်ပေးပြီး ခြေရာဖြောက်သွားတဲ့ ယောကျာ်းကြောင့် အရှက်ကိုအသက်နဲ့လဲမယ်ဟဲ့ဆိုတဲ့ Parking ဖွင့်ပြီးသမီးပျိုများကလည်း တဖုံစုံလှပါပေသည် ။ သို့ရာတွင် Sucide case တိုင်း Successful done တော့ ဖြစ်သည်မဟုတ်ပေ ။
တခါက ရွာတစ်ရွာတွင် သေချင်လောက်အောင်စိတ်ညစ်နေသော လူငယ်တစ်ယောက် မိမိကိုယ်ကို သတ်သေရန် မြစ်ကမ်းဘေးသို့ဆင်းလာသည် ။ သူ၏စီမံပုံကားအကွက်ကျလှသည် ။ ရေထဲတွင်ထိုးထွက်နေသော သစ်ကိုင်းတွင် ကြိုးကွင်းကိုပြင်ဆင်ထားသည် ။ လက်ထဲတွင် အဆိပ်ပုလင်းနှင့် သေနတ်ကို ကိုင်ဆောင်ထားသည် ။ လည်ပင်းကို ကြိုးပေါ်တွင်အသင့်အနေအထားဖြင့် နေရင်း အဆိပ်ကိုမော့သောက်ချလိုက်သည် ။ ထို့နောက် ပြုတ်ကျခဲ့လျှင်လည်း ရေနစ်သေရပေမည် ။ ဤသို့ဖြင့် အဆိပ်သောက်ပြီး နာထင်ကိုသေနတ်ဖြင့်ပစ်လိုက်သည် ။ ကြောက်လန့်နေချိန်မို့ ပစ်မှတ်လွဲပြီး
( ကျန်စစ်သားကို အနော်ရထာလှံပစ်သကဲ့သို့ ) ကြိုးကိုသွားထိသည် ။ ကြိုးပြတ်ကျ ၍ ကြိုးပေါ်ခေါင်းမှေးလိုက်ချိန် အရှိန်လွန်ကာ ရေထဲသို့မှောက်လျှက်ကျလေသည် ။ ဝမ်းဗိုက်ကိုရေကရိုက်လိုက်သဖြင့် သောက်ထားသောအဆိပ်လည်း ဗွက်ကနဲပြန်အန်တော့သည် ။ ထိုအခါ အနီးမှ လူတစ်ဦး လှမ်းတွေ့ကာ ရေထဲကဆင်းကယ်၍ ဆေးရုံတင်ပေးရာ အသက်မသေတော့ပေ ။ ဪ…… သေချင်တိုင်းလည်း သေလို့မရပါလား ။

ရိုးရိုးလေးတွေးကြပါဗျာ

တစ်ခါတုန်းကအမျိုးသမီးနှစ်ယောက်

ဟာနိုက်ကလပ်တစ်ခုကိုသွားကြသတဲ့
ဖြစ်ချင်တော့အဲဒီနေ့မှာပဲဘီယာတွေပရိုမိုးရှင်းလုပ်တဲ့အနေနဲ့အခမဲ့သောက်သုံးခွင့်ပေးတာနှင့်
ကြုံနေပါရော…။ဒါနဲ့အမုန်းကဲပြီးအပီသောက်လိုက် ကြပါသတဲ့မူးမူးနဲ့လမ်းလျှောက်အပြန်လမ်းမှာ
ရူးရူးပေါက်ချင်စိတ်ကတားမရဆီးမရဖြစ်ပါလေရော..။ဒါနဲ့ဘေးဘီကိုကြည့်လိုက်တော့
သင်ချိုင်းတစ်ခုတွေ့ပါသတဲ့။
ပထမအမျိုးသမီး။ ။ဒီထဲမှာလူရှင်းတယ် ဝင်ပေါက်လိုက်ကြရအောင်…။
ဒုတိယအမျိုးသမီး။ ။ကြာသလားလို့လုပ်လိုက်လေ…။
အဲဒီလိုန့ ဲမူးမူးနဲ့ရူးရူးပေါက်လိုက်ကြတာ ခြေထောက်တွေစိုစိုရွှဲကုန်ပါလေရော။
ပထမအမျိုးသမီးကတော့ သူ့မှာဝတ်လာတဲ့အတွင်းခံဘောင်းဘီကိုချွတ်ပြီးသန့်ရှင်းရေးလုပ်ကာ
ဘောင်းဘီကိုလွှတ်ပစ်ခဲ့ပါတယ်။
ဒုတိယအမျိုးသမီးမှာတော့သူယောကျင်္ားဝယ်ပေးလိုက်တဲ့အသစ်ဂျပ်ချွတ်လေးဆိုတော့
မလုပ်ရက်ဖူးဖြစ်နေတယ်..ဒါနဲ့အုတ်ဂူပေါ်မှာတွေ့တဲ့အနီရောင်ဖဲကြိုးပြားတစ်ခုကိုယူပြီးသန့်ရှင်းရေး
လုပ်ခဲ့ပါတယ်..။ဖြစ်ချင်တော့ကိစ္စတွေပြီးလို့ဘောင်းဘီပြန်ဝတ်တဲ့အချိန်မှာဖဲကြိုးအနီလေးဟာ
ခါးပတ်နှင့်ချိတ်မိပြီးပါသွားပါလေရော…။
ထိုအမျိုးသမီးနှစ်ယောက်အိမ်ပြန်ရောက်ပြီးချိန်မှာပဲသူတို့ရဲ ့ခင်ပွန်းဖြစ်သူနှစ်ယောက်ဟာ
ဖုန်းဆက်ပြီးအောက်ပါအတိုင်းပြောကြပါသတဲ့ ။
ပထမခင်ပွန်း။    ။ဒို့အိမ်ကဟာနှစ်ယောက်ကိုတော့ဒီအတိုင်းလွှတ်ထားလို့မဖြစ်တော့ဘူးဟေ..။
ဒီနေ့ငါ့မိန်းမပြန်လာတော့အတွင်းခံဘောင်းဘီပါမလာဘူးကွာ…တစ်ခုခုတော့တစ်ခုခုပဲ။
ဒုတိယခင်ပွန်း။   ။အေး..မင်းကဘာဟုတ်သေးလဲကွာ..ငါ့မှာရူးတောင်ရူးချင်နေပြီ ။
ငါ့မိန်းမပြန်လာတော့ဂုဏ်ပြုစာတန်းတောင်ပါလာသေးတယ်။
ဘာတဲ့ “ခင်ဗျားကိုကျုပ်တို့တပ်စုတစ်ခုလုံးကမှတ်မှတ်ရရရှိနေမှာပါ“ တဲ့ကွာ။ ။

ရယ်လိုက ရယ် . . ပြုံးလိုက ပြုံး

1. ဝမ်းနည်းပါတယ်

“ဘူးတာရုံကိုသွားဖို့ အတိုဆုံးလမ်းကို ကျေးဇူးပြုပြီး ညွန်းပြစေချင်ပါတယ်”
“ဝမ်းနည်းပါတယ် ၊ မပြနိုင်ပါဘူး”
“ အော် ၊ ခင်ဗျားက ဒီအရပ်က မဟုတ်ဘူးနဲ့ထင်တယ်”
“ဒီအရပ်သားပါပဲ ၊ ဒါပေမယ့် ကျွန်တော်က တက္ကဆီသမားပါ”

2. ပိန်ဆေး

“ဂျင်နီ ၊ ယူ့ယောကျင်္ား အတော့်ကို ပိန် သွားပါလား ၊ ဘာဆေးသောက်သလဲ”
“ဘာဆေးမှ မသောက်ပါဘူး ၊ နေ့တိုုင်းငါးသွားမျှားတယ်”
“ငါးမျှားတာနဲ့ ပိန်တာ ဘာဆိုင်လို့လဲ”
“ဆိုင်တာပေါ့ ၊ သူက သူမျှားလို့ ရတဲ့ငါးနဲ့မှ ထမင်းစားတာလေ”

3. မတွန်းနဲ့

ဘတ်စ်ကားပေါ်တွင်
“ခင်ဗျား ကျွန်တော်ကို ချည်းဘာဖြစ်လို့ တွန်းနေရတာလဲဗျာ”
“ကားက ဒီလောက်ကျပ်နေတဲ့ ဥစ္စာ လူရွှေးတွန်းနေရအုန်းမှာလား ဗျ”

4. ဆေးကောင်း

အလုပ်သင်ဆရာဝန်မှ ဝါရင့်သမားတော်ကြီးအား မေးသည်။
“ဒေါက်တာခင်ဗျာ ၊ ချောင်းဆိုးရောဂါအတွက် ၊ ဘာဆေးညွန်းပေးလေ့ ရှိပါသလဲဗျာ”
“ဝမ်းနှုတ်ဆေး”
“ဘာ ၊ ဘာ ဝမ်းနှုတ်ဆေး ၊ ဟုတ်လား ဝမ်းနှုတ်ဆေးက ချောင်းဆိုးတာကို
သက်သာစေလို့လားဗျာ”
“ဝမ်းနှုတ်ဆေးစားထားတဲ့ လူတစ်ယောက်က တော်ရုံ ၊ တန်ရုံနဲ့
ဘယ်ချောင်းဆိုးရဲတော့မလဲ ၊ စဉ်းစားကြည့်စမ်းပါ”

5. ငါမဟုတ်ဘူး

သစ်ခုတ်သမား နှစ်ဦးသည် အိမ်တစ်အိမ်၏ ရှေ့တွင် ရပ်လိုက်ပြီး တံခါးကို
ခေါက်လိုက်သည်။
“နေကောင်းရဲ့လား ၊ ဂျက်”
“ကောင်းတယ် ၊ သူငယ်ချင်းတုို့”
“ငါနဲ့ အယ်ဒီနဲ့ အခုပဲတောထဲမှာ လူသေ အလောင်းတစ်လောင်းတွေ့ခဲ့တယ် ၊ ငါတို့က
သေတဲ့သူက မင်းထင်လို့”
“ဒါနဲ့ သူပုံပန်းက ဘယ်လိုရှိလဲ”
“အရပ်အမောင်းက မင်းအရွှယ်ပဲ”
“ရှပ်အင်္ကျီ အနီရောင်နဲ့လား”
“မဟုတ်ဘူး အညိုရောင်ကွ”
“ဒါဆိုရင်တော့ ငါ မဟုတ်ဘူး”

6. ခေတ်ဆိုး

ဆိုင်တစ်ဆိုင်ကိုဖောက်ခိုးနေသော သူခိုးကို ရဲသားက လက်ပူး လက်ကြပ်မိသွားသည်။
ရဲသား – “ မင်းဘာဖြစ်လို့ ဒီဆိုင်ကိုမှ ဖောက်ခိုးရသလဲ”
သူခိုး – “ကျွန်တော်အိမ်နဲ့ နီးလို့ပါ ၊ သိတဲ့အတိုင်းခေတ်က မကောင်းတော့
အိမ်ကိုပစ်ပြီး အကြာကြီး မသွားချင်လို့ပါဗျာ”

7. သိရအောင်ပါ

ဆံရှည်ကိုယ်တော်တစ်ဦး ဆံပင်ညှပ်နေစဉ် ဖြစ်သည်။
လူငယ်“ဆံပင်ညှပ်နေတုန်းမှာ ဘာဖြစ်လို့ ကျွန်တော် နှာခေါင်းကိုကိုင်ထားရတာလဲဗျာ”
ဆံပင်ညှပ်ဆရာ “အော် ဒါလား ၊ မင်းမျက်နှာ ဘယ်ဘက်မှာ ရှိလဲဆိုတာ
သိရအောင်လို့ပါ”

8. အရှုံးပေးပါပြီ

ဇိမ်ခံ သင်္ဘောပေးတွင် လိုက်ပါလာလာ ခရီးသည်များအား ဖျော်ဖြေရန်မျက်လှည့်စရာ
တစ်ဦးက မျက်လှည့်ပြသည်။ သင်္ဘောပေါ်မှ ကြက်တူရွှေးသည် မျက်လှည့်ဆရာ
မျက်လှည့်ပြသည့်အခါတိုင်း အမျိုးမျိုး ဒုက္ခပေးလေသည်။
“ဖဲချပ်တွေ သူ့လက်ထဲမှာ ”
“ သူထုပ်ပြတဲ့ ယုန်ုဟာ အစစ်မဟုတ်ဘူး ၊ ပလစ်စတစ်” ထိုသို့ မျက်လှည့်စရာ၏
လျို့ဝှက်ချက်များကိုကြက်တူရွှေး က ဖော်ထုတ်နေသည်။မျက်လှည့်စရာလဲ
ရှက်ရှက်နဲ့
အောင့်အီးသည်းခံ နေရလေသည်။တစ်နေ့တွင် သင်္ဘောနစ်မြုပ်ပြီး မျက်လှည့်ဆရာ ၊
ကြက်တူရွှေး ၊ သစ်သားတစ်ချပ်သာ ရေပေါ်တွင် ကျန်နေ၏။ မျက်လှည့်ဆရာလည်း သစ်သားပြားကို
ဆွဲယူကာ
ရေပေါ်တွင် ကိုယ်ဖော့နေလေသည်။ထိုအခါ ကြက်တူရွှေးက “ ကျွန်တော် အရှုံးပေးပါပြီ
ခင်ဗျာ ၊ ဒါပေမယ့် သင်္ဘောကို ခင်ဗျားဘယ်မှာ ဝှက်ထားသလဲဆိုတာတော့
ပြောပြစမ်းပါ”ဟုဆိုလိုက်သည်။

9. တစ်ခုပဲ

အိပ်ခန်းအသစ်ရသူကို ရုံးမှ လုပ်ဖော်ကိုင်ဖက်များက ဝမ်းသာ စကားပြောကြသည်။
“အိပ်ခန်းမှာ ဘာချို့ယွင်းချက်တွေ တွေ့လဲဗျ”
“လောလောဆယ်တော့ တစ်ခုပဲ”
“ချို့ယွင်းချက် တစ်ခုတည်း ဟုတ်လား ၊ဒါဆိုကံကောင်းတယ်ဆိုရမယ်၊ ဒါနဲ့ဘာချို့ယွင်းချက်လဲ”
“အဝင်တံခါးဖွင့်ကို ဖွင့်လို့ကို မရဘူး”

10. ချစ်သူတွေ ဝိုင်းဝိုင်းလည်

မိန်းမ-“အပျို ဘဝတုန်းကများ ကျွန်မကို ပိုးပန်းတဲ့ လူတွေ အများကြီးပဲ ၊
ကျွန်မက
အာလုံးကိုငြင်းခဲ့တာရှင့်”
ယောင်္ကျား-“အဲ့ဒီလူစုထဲမှာ ငါမပါတာ ဝမ်းနည်းလိုက်တာ”

cartoon-boy.gif

2 comments

  • etone

    July 16, 2010 at 7:50 am

    ရယ်ရတာခွက်ထိုးခွက်လန်ပဲ ။ thanks ပါ။

  • Yin Nyine Nway

    August 1, 2010 at 11:21 am

    ကျေးဇူးပါ

Leave a Reply