ငယ်အမှတ်တရ… လက်မှုပညာလေးများ

ကျွန်တော်တို့ ငယ်ငယ်တုန်းက ကျောင်းမုန့်ဈေးတန်းမှာ လာလာပြီးရောင်းတတ်တဲ့ ဂျုံနဲ့လုပ်တဲ့အရုပ်ကလေးတွေကို သတိရကြဦးမယ်ထင်ပါတယ်… အဲဒီအရုပ်ကလေးတွေကို ကျွန်တော်မတွေ့တာအတော်လေးကြာနေပါပြီ… ကိုယ်တိုင်ကျောင်းမတက်တော့တာလဲပါသလို… ကျောင်းသွားပို့ရမယ့် တာဝန်လဲမရှိတော့ မတွေ့ဖြစ်တယ်ထင်ပါတယ်…

ဒါပေမယ့် ပြီးခဲ့တဲ့တနင်္ဂနွေနေ့က အောင်ရတနာဆေးခန်းကို အမေ့ကျန်းမာရေးကိစ္စနဲ့ရောက်တော့…

ကလေးအထူးကုဆေးခန်းထိုင်ချိန်ကလေးတွေလဲများတဲ့အချိန်မို့ အဲဒီအရုပ်သည်ကို အမှတ်မထင်… မထင်မှတ်တဲ့နေရာမှာတွေ့လိုက်ရတော့…

ငယ်ဘဝအမှတ်တရလေးလဲဖြစ်… သူတို့ရဲ့လက်မှုပညာအရည်အချင်းကို သေသေချာချာအားပေးမှတ်တမ်းတင်ခဲ့ပါတယ်…

ကိုယ်တိုင်လဲလိုချင်တာကတစ်ကြောင်း… မကြီးမငယ်နဲ့အရုပ်ဝယ်တယ်လို့ စီစစ်သူအမေဆူမှာလဲကြောက်ရသည်မို့… အိမ်နားက ကလေးလေးနဲ့ ဆွေမျိုးထဲက တူ၊ တူမလေးများကို အကြောင်းပြပြီး အရုပ်လေးများဝယ်ဖြစ်ခဲ့ပါတယ်…

ခေတ်ကာလပြောင်းလာတာနဲ့အမျှ အရုပ်ပုံစံအသစ်အဆန်းလေးများနဲ့ ဒစ်စနေးက ကာတွန်းဇာတ်ကောင်လေးများကို လက်မှုပညာလေးနဲ့ ပုံဖော်ရောင်းချတာကို နှစ်နှစ်သက်သက်တွေ့မြင်ခဲ့ရပါတယ်… အဲဒီလိုပဲ… ဝယ်လိုသူတွေများလွန်းလို့ ထိုင်စောင့်ရလောက်အောင် ရောင်းရလက်မလည်တာကို တွေ့မြင်ခဲ့ရတယ်… ခေတ်နဲ့အညီ အသုံးပြုတဲ့ကုန်ကြမ်းတွေပြောင်းလဲပြီး လက်မှုပညာပစ္စည်းလေးတွေအဖြစ်ရောင်းချစေချင်မိလောက်အောင် လက်ရာမြောက်တာကိုလဲ တွေ့ခဲ့ရပါတယ်…

ဒီလိုဆိုင်ပေါက်စလေးနဲ့ရောင်းတယ်…

 

 

 

 

 

 

 

 

 

 

 

 

 

အရုပ်ကလေးများ လုပ်ပုံအဆင့်ဆင့်ကို မှတ်တမ်းတင်ထားပါတယ်…

 

ခေါင်းလေးနဲ့မျက်နှာကို ဒီလိုကစတယ်…

 

 

 

 

 

 

 

 

 

 

 

 

 

 

မျက်လုံးနဲ့ မျက်ခုံး

 

 

 

 

 

 

 

 

 

 

 

 

 

နှုတ်ခမ်းလေးကအရဲလေး…

 

 

 

 

 

 

 

 

 

 

 

 

 

ဆံပင်လေးကို ဘီးနဲ့ဖီး

 

 

 

 

 

 

 

 

 

 

 

 

 

လက်လေးနဲ့ ကိုယ်လုံးလေးအစ

 

 

 

 

 

 

 

 

 

 

 

 

 

အကျီ င်္လေးကိုဒီလိုဆင်

 

 

 

 

 

 

 

 

 

 

 

 

 

ခြေထောက်လေးမှာ ဖိနပ်စီး

 

 

 

 

 

 

 

 

 

 

 

 

 

ခြေထောက်လေးကို နေရာချ

 

 

 

 

 

 

 

 

 

 

 

 

 

စကဒ်လေးကို ဒီလိုဆင်…

 

 

 

 

 

 

 

 

 

 

 

 

 

နတ်သမီးမို့ အတောင်လေးတွေတပ်….

 

 

 

 

 

 

 

 

 

 

 

 

 

နောက်ဆုံး ဒီလိုလှသွားပြီ…

 

 

 

 

 

 

 

 

 

 

 

 

 

 

ဆံထုံးလေးနဲ့ နတ်သမီးလေး

 

 

 

 

 

 

 

 

 

 

 

 

 

နှစ်သက်ဖွယ်ရာအရုပ်လေး…

 

 

 

 

 

 

 

 

 

 

 

 

 

ခေတ်မီလာသော မြန်မာ့လက်မှုပညာနဲ့လုပ်ထားတဲ့ တင်ကာဘဲလ်… ပုံလေးပါ…

အဲဒီလိုပဲ ဘာဘီရုပ်လေးနဲ့ ဒစ်စနေးက ဂါဝန်အရှည်နဲ့အရုပ်လေးကိုလဲ ဝယ်ခဲ့သေးတယ်…

လုပ်ပုံအဆင့်ဆင့်ကတော့ အားလုံးနီးပါးအတူတူပါပဲ… ဆက်ကြည့်လိုက်ပါဦး…

 

ပန်းလေးနဲ့ အလှဘုရင်မ

 

 

 

 

 

 

 

 

 

 

 

 

 

ဘေးကကြည့်လဲယဉ်တယ်….

 

 

 

 

 

 

 

 

 

 

 

 

 

နောက်ကကြည့်တော့ ဆံပင်ရှည်ရှည်လေးနဲ့

 

 

 

 

 

 

 

 

 

 

 

 

 

ဂါဝန်အရှည်လေးနဲ့ စနိုးဝှိုက်…

 

 

 

 

 

 

 

 

 

 

 

 

 

ဘေးတိုက်အလှ…ဟိဟိ

 

 

 

 

 

 

 

 

 

 

 

 

 

နောက်ကြောဘက်က ဆံပင်ရှည်လေး

 

 

 

 

 

 

 

 

 

 

 

 

 

ပန်းစည်းလေးနဲ့ပါကွယ်…

 

 

 

 

 

 

 

 

 

 

 

 

 

ဆရာဝန်အလှည့်စောင့်ရင်း… မကြီးမငယ်နဲ့ အရုပ်တွေကို ဓာတ်ပုံရိုက်နေတာကို ပတ်ဝန်းကျင်က ဝိုင်းကြည့်နေမှ…

ရှက်ရှက်နဲ့ ကိုယ်ရှိန်သတ်ရင်း… ငယ်ငယ်တုန်းက အကျွမ်းတဝင်ရှိဖူးသော လက်မှုပညာအရုပ်လေးများကို အမှတ်တရတင်ပေးလိုက်ပါတယ်…

ကျွန်တော့်လိုပဲ ငယ်ဘဝလေးတွေကို သတိရမိကြသူများရှိလိမ့်မယ်လို့ထင်ပါတယ်ခင်ဗျာ…

 

ခင်မင်လျက်-

ကြောင်ဝတုတ်

 

27 comments

  • သီဟသူရချာလတာအာပေတူး

    December 4, 2012 at 1:58 pm

    ကျနော်တို့ငယ်ငယ်က ကျားရုပ် နဂါးရုပ်စတဲ့ ခပ်ကြမ်းကြမ်းအရုပ်တွေပဲရှိခဲ့တာ
    ခုခေတ်တော့ အတော်လေးလှပခေတ်မှီလာပီဗျ ..
    ကိုမတ်သတင်းပေးသွားတာက ယုန်ရုပ်တဲ့ ဟီးဟီးး

    • ဇမ္ဗူ့လောကပါလကြောင်ဝတုတ်

      December 4, 2012 at 2:07 pm

      အဲဒီနေ့က ကိုမတ်နဲ့ ကျွန်တော်အတူတူရှိတယ်လေ….
      သူကလဲ အမေကိုဆေးခန်းပို့ ကျွန်တော်ကလဲ အမေကိုဆေးခန်းပို့နဲ့…
      အခုတလော ကျွန်တော်တို့အမေတွေဘာဖြစ်နေမှန်းမသိ…

      ခင်မင်လျက်-
      ကြောင်ဝတုတ်

      • P chogyi

        December 5, 2012 at 10:30 am

        ဇရာရဲ့ဖိစီးမှုတွေပေါ့ ကြောင်ဝတုတ်ရာ
        ကျွန်တော်လည်း အမေကိုဆေးခန့်ပို့ရတာပါပဲ
        ဆေးခန်းမတူလို့မတွေ့ကြတာပါ။

  • Ma Ei

    December 4, 2012 at 2:06 pm

    သကြားရည်ပူပူပျစ်ပျစ်ကို ပုံစံမျိုးစုံမိုထဲကို
    မှုတ်သွင်းပြီး ဩဇာသီး၊ပန်းသီးပုံ ငှက်ကလေးတွေပုံလိုမျိုး
    ပုံဖော်တာမျိုး ခုမတွေ့ရတော့ဘူးနော်…
    ဂျုံရုပ်ကလေးတွေကတော့ လက်ရာမြောက်လာကြတယ်…
    ဘာဘီလေးတွေ၊ရေသူမလေးတွေက ..
    အမရဲ့ သမီးကလေးအကြိုက်ဆုံးပုံလေးတွေပေါ့…

  • ခင်ခ

    December 4, 2012 at 2:13 pm

    ကိုကြောင်ဝတုတ် တင်တဲ့ပုံလေးတွေကြည့်ပြီး ငယ်တုန်းက အိမ်ရှေ့လမ်းဆုံကို အဲလိုလုပ်တဲ့
    အရုပ်သည်ကြီးရောက်ပြီဆိုရင် သွားထိုင်ကြည့်ငေးခဲ့ကြတာကို သတိရသွားတယ်ဗျာ။
    အဲဒီအချိန်က အတူကြည့်ခဲ့တဲ့သူငယ်ချင်းတွေကိုလည်း လွမ်းသလိုလိုဘဲဗျ။

    • lynnsatyar

      December 4, 2012 at 4:21 pm

      ကျွန်တော်ဆို ခုထိ အဲ့အရုပ်ကလေးတွေလုပ်တာကို ထိုင်ကြည့်နေရတာကို ပျော်တုန်းပဲ… 😀

  • Hnin Hnin

    December 4, 2012 at 2:21 pm

    ချစ်စရာလေးတွေနော်..လှတယ်..ငယ်တုန်းက အဲ့လိုအရုပ်တွေနဲ့ မကစားခဲ့ဖူးဘူး…

  • ကိုဖက် ဒီမုန့်က ဂျုံနဲ့လုပ်တာနော် စားလို့ရဘူးနော်။ ကျွန်တော်ငယ်ငယ်လေးကတော့ ဘာနဲ့လုပ်တဲ့ အရုပ်လေးတွေလည်းတော့မသိဘူး ။ စားလို့လည်းရတယ်။စားရင်လည်း ချိုတဲ့ မုန့် (လက်လုပ်) မုန့်လေးတွေစားဖူးတယ်။ အရမ်းစားလို့ကောင်းတယ်။ ဒါနဲ့ ဂါဖီးအရုပ်လေးရော မလုပ်ခိုင်းခဲ့ဘူးလား..။ ကိုဖက်။

  • kyeemite

    December 4, 2012 at 4:26 pm

    ဖက်တီးကက်ရေ…ဒီလိုလက်မှု့ပညာလေးတွေ
    ပျောက်တော့မယ်ဗျ..သိပ်မတွေ့တော့ဘူး…
    ကျုပ်တို့ငယ်ငယ်ကတော့ ဂျုံနဲ့မလုပ်ဘူးဗျ..
    အပေါ်မှာ မအိပြောသလို…
    Ma Ei says:
    သကြားရည်ပူပူပျစ်ပျစ်ကို ပုံစံမျိုးစုံမိုထဲကို
    မှုတ်သွင်းပြီး ဩဇာသီး၊ပန်းသီးပုံ ငှက်ကလေးတွေပုံလိုမျိုး
    ပုံဖော်တာမျိုး ….
    အခုတော့မတွေ့ရတော့ပါဂျောင်း….. :byae:

  • etone

    December 4, 2012 at 4:32 pm

    ကိုဖက်ရေ . .. ဒါလည်း အနုပညာတစ်မျိုးပါပဲ … ကိုယ့်ဘာသာကိုယ် ဂျုံလုံးပြီးလုပ်ကြည့် … ဂေါ်လီလုံးတောင် ဖြောင့်အောင် မလုံးတတ်ဘူးလေ … ခိခိ … ။

    တိုက်တိုက်ဆိုင်ဆိုင် ပြီးခဲ့တဲ့ဝိခ်အန့်တုန်းက လှည်းတန်းမှာ အဲ့ဒီလို အရုပ်တွေ လက်မလည်အောင် လုပ်ရောင်းနေတာတွေ့လို့ ၊ ပတ်ဝန်းကျင်ကို မေ့ပြီး ခဏငေးကြည့်မိသေးတယ် ။ ငေးလို့ ..လေးငါးဆယ်မိနစ်ကြာမှ ပတ်ဝန်းကျင်ကို သတိထားမိတော့ ကလေးအမေတွေနဲ့ ကလေးတွေချည်းပဲ ပတ်လည်ဝိုင်းလို့လေ :harr:

    • မင်းနန္ဓာ

      December 4, 2012 at 9:13 pm

      ဖြစ်ရမယ် ကလေးအမေ.. အဲ အဲ ကလေးမရယ်.. စတာ 😛
      ကျနော်တို့ခေတ်က ကြက်တူးရွေး၊ ယုန်၊ ဆင်၊ ကျွဲ နွားရုပ်ခေတ်..
      ခုတော့ angry bird, ပါဝါရိန်းဂျား.. စနိုးဝှိုက်ခေတ် ဖြစ်သွားဘီနော်..

  • jullies cezer

    December 4, 2012 at 4:41 pm

    ကိုကြောင်ဝတုတ်က ကိုယ့်ပုံကိုကျအရုပ်သယ်ကိုလုပ်မခိုင်းခဲ့ဘူးလား ဂါဖီးလေ :mrgeen:

  • မိုး မင်းသား

    December 4, 2012 at 6:46 pm

    တော်လိုက်တဲ ့…ကျွန်တော်တို ့ရဲ ့ကြောင်ဝတုတ်….

    ကြည် ့ကြပါဦးဗျာ…..အရုပ်သည်ဘေးက….ဘယာကြော်သည်ကို…

    အရင်ပြတယ်……သရေတမျှားမျှားနဲ ့အရုပ်လေးလုပ်ပု ံအဆင် ့ဆင် ့ကိုခံစားသွားပါတယ်

    ချစ်ခြင်းမေတ္တာဖြင် ့

  • manawphyulay

    December 4, 2012 at 6:56 pm

    အင်းနော်.. မုန့်စားကျောင်းဆင်းရင် တန်းစီပြီ ဝယ်နေကြမလား… သိပါတယ်။ ဒါနဲ့ ဒီပြင် အရုပ်တွေကျတော့ ဆံပင် အဝါရောင်နဲ့ စနိုးဝှိုက်ကျတော့ စတိုင်တစ်မျိုးနဲ့ ဆံပင်အမည်းရောင်လုပ်ထားတယ်နော်…

  • ဗုံဗုံ

    December 4, 2012 at 8:02 pm

    ဗုံဗုံကတော့ အဲဒီလိုအရုပ်မျိုးလေးတွေ တွေ့ရင် မကြီးမငယ်နဲ့ အပြေးလွှားသွားဝယ်တာဘဲ ပြီးရင်ခြောက်နေအောင်ထားတာ အခုမှ အဲ့ဒါလေးတွေ ပြန်ခေတ်စားလာတာနော် ဦးကြောင်

  • မောင်ပေ

    December 4, 2012 at 8:08 pm

    ပုံတွေကြည့်ရင်း ကလေးဘဝကို ပြန်လွမ်းမိသလိုပဲဗျို ့
    ကျုပ်တက်ခဲ့တဲ့ကျောင်းရှေ ့ က အရုပ်သည်ကြ သကြားစီတွေနဲ ့၊ ကြံညောင်စေးလို ဟာမျိုးထင်တယ် လုပ်တာဗျ ၊ စားလို ့ရတယ် ၊ အရမ်းချိုတယ်
    ကျုပ်နေခဲ့တာ ယောက်ျားလေးကျောင်းဆိုတော့ ၊ ဟဲဟဲ ဘာအရုပ်လုပ်ခိုင်းလဲ ကိုကြောင်ဝတုတ် ခန် ့မှန်းနိုင်မလား …

  • မောင်သုည

    December 4, 2012 at 11:23 pm

    ကိုကြောင်ဝတုတ်ရေ…နောက်တစ်ခါလမ်းကြုံရင် ကျနော်ကို …ခွေးတရုတ်၊နွားတရုတ် လောက်ဝယ်ပေးစမ်းပါဗျာ…
    ကျနော်ပြန်ရောက်ရင် ဒေါ်လှနဲ့ ရှင်းပါ့မယ်…

  • Mobile

    December 5, 2012 at 1:32 am

    တရုပ်ကို ဘယ်လောက်ပေးရလဲ
    ကုလားကို ဘယ်လောက်ပေးရလဲ(ဘယာကြော်စားခဲ့လားလို့မေးတာ)
    ဒဿဂီရီ အရုပ်လေးတစ်ရုပ်လောက်ရချင်လိုက်တာ……..

  • kai

    December 5, 2012 at 3:53 am

    ဒစ်စနေကာရိုက်တာအရုပ်တွေအဲလို.. တထိုင်ထဲလုပ်နိုင်တာမို့.. အဲဒီလူ… ဒစ်စနေလန်းဒ်မှာအလုပ်လျှောက်လို့ကတော့… သေချာပေါက်ရမှာ…

    အိုဘယ့်..အတတ်ပညာ… :harr:

  • Inz@ghi

    December 5, 2012 at 6:38 am

    အင်း … ငယ်တုန်းကတော့ အဲ့သည့်အရုပ်လေးတွေက နဂါးရုပ် ဂဠုံရုပ်ပေါ့ …
    နောက်ပိုင်း ဝူခုန်းရုပ် ပါကျဲရုပ် …ခုနောက်ပိုင်း ပါဝါရိမ်းဂျား ဘဲန်တန်း ဘာဘီ …
    ခေတ်ကို မျက်ခြေမပြတ်လိုက်နိုင်တာ ..တူအောင်လိုက်လုပ်နိုင်တာ ချီးကျူးတယ်ဗျို့ …
    အင်နိုဗေးရှင်း သမားမို့ …အဲ့အရုပ်လေးတွေ ငယ်ငယ်တုန်းကလို
    ညှီစို့စို့ အောက်သက်သက် နံသေးလား သိချင်သေးသား ….
    အနံ့လေးပါ ကောင်းအောင် လုပ်နိုင်မယ်ဆိုရင် ပါဖက် ပါပဲဗျာ ….

    တော်သေးဘီ …

  • ဦးဦးပါလေရာ

    December 5, 2012 at 7:19 am

    အနုပညာရှင် လက်မှု့ပညာရှင်တွေပါ…
    ဒီမှာက သူတို့ကိုအားပေးတာ ကလေးတွေပဲရှိတော့ ….. 🙁

    စင်္ကာပူလား ဘန်ကောက်လားတော့ မမှတ်မိတော့ဘူး…
    အဲဒီမှာ ကိုယ့်မျက်နှာပုံ (ကယ်ရီကေးချား) အတိုင်း မိနစ်၂ဝအတွင်း လုပ်ပေးတာတွေ့ဘူးတယ်…
    တကယ်တော့ လုပ်ခိုင်းတဲ့သူနဲ့ လုံးလုံးမတူဘူး…
    ဒေါ်လာ ၂ဝ ပေးရတယ်…
    တိုးရစ်တွေ ဝိုင်းဝိုင်းကိုလည်နေတာ….. 🙁

  • MaMa

    December 5, 2012 at 8:24 am

    ငယ်ငယ်တုန်းကတော့ သကြားရည်ပျစ်ပျစ်နဲ့ လုပ်ထားတာမို့ ဝယ်ပြီး ခဏနေ စားပစ်လိုက်တာပဲ။
    ခုတော့ ကလေးတွေက လိုချင်လို့ ဝယ်ပေးရတာ စားမရလို့ မတန်ဘူးထင်နေတယ်။ :kwi:
    ကြာရှည်ခံတာ မဟုတ်တော့ အနုပညာလက်ရာတန်ဖိုးကိုတော့ အားနာစရာ။

    • surmi

      December 5, 2012 at 10:26 am

      အန်တီမမနဲ ့ ကိုအာဂ ပြောတဲ ့ အရုပ်တွေက ကပ်စီးနဲ နဲ ့လုပ်တာ
      ကပ်စီးနဲက ဧရာဝတီတိုင်းကပဲ ချက်တြာလေ
      မုန် ့လုပ်ငန်းတွေမှာ မရှိမဖြစ်ပေါ ့
      အခုတော ့ ဈေးကြီးလို ့ ဂျုံနဲ ့ ပြောင်းလုပ်ပုံရပါတယ်
      ကျနော်လည်း တွေ ့ရင်ဝယ်တာပဲ ။ အရင်ကတော ့ ပြည်လမ်းစိန်ဂေဟာမှာ
      လာလာရောင်းတတ်တယ် ……….

  • တိမ်မည်း

    December 5, 2012 at 10:43 am

    ခေါင်းကနေ ကိုက်စားရမလား…… လက်ကနေကိုက်စားရမလား……..
    ငယ်ငယ်တုန်းက ပါကျဲတို ့ စွန်းဝူခုန်းတို ့ ကို အားမနာတမ်း စားခဲ့ပေမယ့်…..
    ဘာဘီရုပ်တွေကျတော့ ဘယ်နားကစစားရပါမလိမ့်နော်……….
    ခက်တော့ ခက်ကုန်ပါပီ…….

  • ရဲစည်

    December 5, 2012 at 4:52 pm

    အူး၄ ကျောင်ဝရေ ….
    သူတို့ လက်ငြိမ်ငြိမ်နဲ့ အချိန်တိုအတွင်း လုပ်နိူင်တာ ချီးကျူးသဗျို့ …။ အနော်တော့ လက်မငြိမ်တော့ဘူး။
    အင်တာဗျူးလေးပါ လုပ်လာရမှာ …။ အပေါ်က အဘခိုင် ကွန်းမန့်ဖတ်ပီး အဲ့လူဆီက ပညာသွားသင်ရင်
    ကောင်းမလား စဉ်းစားမိလေရဲ့။ ဒါပေမဲ့ အနုပညာဆိုတာလဲ အထုံပါရမီ ပါမှကောင်းတာကိုး အနော်လဲ
    အရက်သောက်တဲ့နေရာမှာ တယ်ပါရမီရှိသကိုး။ ဟိဟိ

    ငယ်ဘဝလေးကို ပြန်သတိရသဗျာ။ ကလေးဘွတုန်းက လင်မယားလုပ်တန်း ကစားတာလေးတွေ ပြန်သတိရ အောက်မေ့မိပါရဲ့..။

    • kai

      December 6, 2012 at 2:27 am

      အလုပ်တခုက… သေသေချာချာစွဲမြဲလုပ်ရင်.. ပရိုဖြစ်တာပါပဲ..
      မှန်ကန်တဲ့ စနစ်တခုအောက်မှာ.. ပရိုဆိုရင်.. ပရိုကြေးရပါတယ်..။

      ဆိုတော့..
      အဲဒီအရုပ်လုပ်တဲ့သူ.. ဒစ်စနေလန်ဒ်း စီးတီးဝခ့်မှာ.. ဘုထ်(တွန်းလှည်း)တခုယူ.. လုပ်ရောင်းရင်.. တလ ဒေါ်လှ၁သောင်း အသာလေးကျန်မှာ..

      အဲ..
      အရက်လည်း.. တကယ်ဝါသနာပါရင်.. ပရိုသောက်သလိုသောက်တတ်.. စပ်တတ်ရင်ဖြစ်တာပါပဲ..
      Bartender အလုပ်က.. လစာကောင်းတယ်..
      မြန်မာပြည်မှာ.. တိုးရစ်တွေအဝင်များလာရင်.. အဲဒီအလုပ်က.. အရမ်းလိုအပ်လာမှာ..
      ကျုပ်တောင် …လာလုပ်ချင်သား..။ လုပ်လိုက်သောက်လိုက်နဲ့.. ဇိမ်ကျမယ့်ပုံ..
      လင်မယားလုပ်တန်းကိုပြောတာ.. မဟုတ်ဖူးနော.. :kwi:

Leave a Reply