Shwe Myo Thant

Shwe Myo ThantDecember 4, 20121min1313

အမှိုက်သိမ်းပွဲ

လက်ပံတောင်းတောင်သမိုင်း
ရာဇဝင်ရိုင်းခဲ့ပြီ
သည်ဖြစ်ရပ်က
ပုစ္ဆာတပုဒ် အဖြေထုတ်ပြခဲ့သည်။

ဦးပိုင်၏စီးပွား
ထိပါးသူမှန်သမျှ
ကြည့်ထားကြလို့

ပြည်သူကိုအံတု
ရန်ပြုနေပုံက
ဒီမိုကရေစီခရီး
ဗိုလ်ချုပ်တွေနဲ့မနီးသေးဘူး။

ပြည်သူရဲ့ထမင်းလုပ်
ပုတ်ချယုံနဲ့အားမရ
အမေကျော်ဒွေးတော်လွှမ်း
သူခိုးဓါးရိုးကမ်း
ပြည့်ဝမ်းကိုဖောက်
သာသနာပျောက်အောင်
လုပ်ဆောင်တဲ့စာရင်းမှာ
ဘယ်သူတွေပါလဲ။

တရုတ်ရဲ့အကျိုးစီးပွား
ထိပါးတော့ကော
ဘာဖြစ်သလဲ၊
ပြည်သူရဲ့ဘဝ
အနေလှဖို့ဆိုရင်
တိုင်းပြည်ရဲ့အကြွေး
အမျိုးသားတိုင်းက ပေးဆပ်မယ်
သူ့ကျွန်အဖြစ်နွံနှစ်ရခြင်းထက်
ဂုဏ်သိက္ခာရှိစွာ
ဆင်းရဲရတာကမြတ်တယ်။

တိုင်းပြည်ကိုအုပ်ချုပ်
မင်းလုပ်နေပါလျှက်
ပြည်သူ့မျက်ရည်ကိုမသုတ်
ထမင်းလုပ်မဝေ
သာသနာတွေဖျက်နေရင်
ဒီမိုကရေစီအရေး
ကတိတွေဘယ်လိုပေးပေး
ဒီမိုကရေစီစနစ်နဲ့မတန်
နောက်ချန်သူများကို
အမြစ်က မကျန်
မြေလှန်ပစ်ရမယ်။

(သောသီခို)

3 comments

  • Mon Kit

    December 4, 2012 at 4:47 pm

    ကဗျာလေးက အနှစ်သာရရှိလိုက်တာ……..

  • Mr. MarGa

    December 4, 2012 at 5:42 pm

    ခံစားချက် အပြည့်နဲ့ ရေးထားတယ်ထင်ပါ့
    ဦးမာဃလဲ ရေးသူနဲ့ ထပ်တူထပ်မျှ ခံစားပြီး ဖတ်သွားတယ်နော်

  • Mobile

    December 4, 2012 at 8:56 pm

    ကဗျာလေးကို အနှစ်သာရရှိရှိ
    ရေးသူနှင့်အပြင် အူးမာဂ နှင့်ပါထပ်တူ ခံစားမှတ်သား၍ ဖတ်ရှု့ထောက်ခံအားပေးသွားပါကြောင်း

Leave a Reply