ရယ်ရယုံ (၁၉)

etoneJuly 16, 20101min750

ကမ်းခြေမှသူဌေးကအိမ်သို့ ဖုန်းဆက်နေသည်။
“ဟေ့ကောင်ကြီး….အိမ်မှာဘယ်လို

အခြေအနေရှိလဲ..
အေးဆေးပဲလား”
“ဟာ….မအေးဆေးဘူးဆရာ….ဆရာမွေးထားတဲ့..ကြက်တူရွေးကြီးသေသွားပြီ”
“ဟေ…မင်းဂရုစိုက်ပြီးအစာမကျွေးဘူးလားဟေ့ကောင်…”
“ကျွေးပါတယ်ဆရာရယ်…”
“အေး…ကျွေးရင်ပြီးရော….သေတာကသေသွားပြီ..ရှိစေတော့…ရှိစေတော့
ဒါနဲ့ ဘယ်လိုဖြစ်ပြီးသေသွားတာလဲ…အအေးမိတာလား”
“မဟုတ်ဘူးဆရာ….အဲဒီကောင်ကအသားအပုပ်တွေစားမိလို့သေသွားတာ”
“ဟင်!!!!ဘယ်ကအသားအပုပ်တွေတုန်းဟ..မင့်ဥစ္စာက”
“ဆ..ဆရာ…စိတ်မဆိုးရဘူးနော်..
ပြီးတော့…ကျွန်တော့်ကိုအလုပ်မထုတ်ပါနဲ့နော်…..”
“အေးပါ…မြန်မြန်ပြောစမ်းပါ…”
“ဟိုလေ….ဆရာမြင်းကြီး….အဲလေ…ဆရာ့မြင်းကြီးအသားအပုပ်တွေ…..”
“ဘာ….ငါ့မြင်းကြီး…ဟုတ်လား..”
“ဟုတ်…ဟုတ်…သေသွားပြီဆရာ..”
“ဟေ!!!!….”
“သူကတော့ပင်ပန်းပြီးသေတာဆရာ”
“ဘာကွ…မြင်းကြီးကိုမင်းတို့လျှောက်စီးကြတာပေါ့ ဟုတ်လား..”
“မဟုတ်ဘူးဆရာ…ရေ…ရေသယ်ရလို့ပါ…”
“ဘာ!!!!…ရေ………ဟုတ်လား….????.ဘာလုပ်ဖို့လဲဟင် ဘာလုပ်ဖို့လဲ”
“ဟို..ဟိုလေ….မီးလောင်လို့…”
“ဘာ!!!!!! မီးလောင်လို့ဟုတ်လား….ဘယ်သူ့အိမ်လဲ..ပြောစမ်းမြန်မြန်..”
“ဆရာ.အိမ်ပေါ့ဆရာရယ်”
“ဘာကွ…ဟေ့ကောင်….ဘယ်လိုဖြစ်တာလဲ ပြောစမ်းမြန်မြန်”
“ဖယောင်းတိုင်မီးကလောင်တာဆရာ..အသုဘရှိလို့ထွန်းထားတဲ့ဖယောင်းတိုင်က”
“…အ..အ…အသုဘ…ဘယ်..ဘယ်သူလဲဟင်”
“ဆရာ့အမေ….”
“ဘာကွ..ငါ့အမေသေပြီ…ဟုတ်လား…အမယ်လေး..ပြောစမ်း..ပြောစမ်း..ဘယ်လိုဖြစ်တာလဲ”
“ဒီလိုပါဆရာရယ်…အဲဒီနေ့ကပေါ့..ဘုရားခန်းထဲမှာ…လူရိပ်တစ်ရိပ်…ဖျတ်ခနဲမြင်တာနဲံ့..
ဟ..သူခိုးဟ..ဆိုပြီး…အနားမှာတွေ.တဲ့ဂေါက်ရိုက်တံနဲ့နှက်ထည့်တာ..ဆရာ့အမေဖြစ်နေတယ်
တခါတည်းပွဲချင်းပြီးသွားတယ်…ဆရာ..”
“ဘာ.ရှီးထဲမှပဲ..သောက်ရမ်းသောက်ရမ်းလုပ်ရလားဟ..
..အဲဒီဂေါက်ရိုက်တံကောက်သွားလို့ကတော့..မင်း…မင်း..သေပြီသာမှတ်.”