လာမယ့်ဘေးပြေးတွေ့-မိတ်ဆက်နိဒါန်း (မန်းဂဇက်ချစ်သူများ စာပေဆု- နိုဝင်ဘာ)

Ma MaDecember 5, 20122min55278

မန်းဂဇက် မင်္ဂလာပါ :hee:

မြန်မာပြည်ရဲ့ ကံဇာတာ တက်လာလို့…..
အမေရိကားသမ္မတ အိုဘားမားကိုယ်တိုင် မြန်မာပြည်ကို ရောက်လာရသလို….

မန်းဂေဇက် ကံဇာတာ တက်လာလို့ …………
သကြားမင်းဦးမာဃ ကိုယ်တိုင်တောင် ဖတ်ကူဖို့ ပရိုပိုစ့် လုပ်လာရတယ်။ :kwi:

ဒီလထဲမှာ-
မြန်မာပြည် (သို့) ရန်ကုန် (သို့) ရန်ကုန်တက္ကသိုလ် အတွက် ………
နှစ်ပေါင်း ၆ဝ ကျော်အတွင်းမှာ ထူးခြားတဲ့ သမိုင်းမှတ်တိုင်တစ်ခုအနေနဲ့
အမေရိကားသမ္မတ ဘာရက်အိုဘားမားရဲ့ ခရီးစဉ်ကိုလည်း ………

သမိုင်းတွင်မယ့် ၁၉-၁၁-၂၀၁၂

လို့ ……..

ပထမဦးဆုံး မှတ်တမ်းတင်ချင်ပါတယ်။
သမိုင်းတွင်မယ့် ခရီးမှာ

နောက်ထပ်မှတ်တမ်းတင်ချင်တာကတော့ ………..
မန်းဂေဇက်သဂျီးမင်းရဲ့ အလိုတော်အတိုင်း မင်္ဂလာပွဲကို ဒီလထဲမှာ ၂ပွဲကြီးများတောင် ကျင်းပနိုင်ခဲ့ပါတယ်။

ပထမ မင်္ဂလာပွဲကတော့ ရွာတော်ရှင်ဆိုတဲ့ နာမည်တစ်လုံးပိုင်ရှင် ဆူး ရဲ့ ( ၁၁ .၁၁. ၂၀၁၂) တနင်္ဂနွေနေ့ ရွိုင်ရယ်ဂါးဒင်းမှာ ကျင်းပပြုလုပ်ခဲ့တဲ့ မင်္ဂလာပွဲ ဖြစ်ပါတယ်။

လှပပျော်ရွှင်နေတဲ့ သတို့သမီးလေး ဆူး နဲ့ ကြင်ဖက်သက်လျာတို့ကို …
ကျက်သရေမင်္ဂလာအပေါင်း ခညောင်းပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။
မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

ဒုတိယပွဲကတော့ ပုပုလေးနဲ့ ချောတယ်လို့ နာမည်ကြီးတဲ့ ရွှေတိုက်စိုးနဲ့ လိုက်ဖက်ညီလှတဲ့ အုပ်ထိန်းသူ မမစိမ်းတို့ရဲ့ (၂၄.၁၁.၂၀၁၂) စနေနေ့မှာ ကျင်းပခဲ့တဲ့ မင်္ဂလာပွဲ ဖြစ်ပါတယ်။

ချစ်ခင်ရင်းနှီးကြသူ အများအပြားနဲ့ ပျော်ရွှင်ကြည်နူးစွာ ကျင်းပခဲ့တဲ့ မင်္ဂလာမောင်မယ်ကို ဘဝ(၁။တလျှောက်လုံး/တစ်လျှောက်လုံး/တရှောက်လုံး/တစ်ရှောက်လုံး) ပျော်ရွှင်ချမ်းမြေ့ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
တူစုံမောင်မယ် ပျော်ရွှင်ဖွယ်

အလွယ်တကူ စာရေးနိုင်၊ ဖတ်နိုင်ကြတဲ့ အွန်လိုင်းခေတ်ကြီးမှာမှ……..

မန်းဂေဇက်ဆိုတဲ့ ဒီမိုရွာကြီးက ရွာသူားတွေဟာ……………..
ဒီမိုသဂျီးခိုင်ရဲ့ ခွင့်ပြုချက်၊ ထောက်ခံချက် မလိုပဲ…
(သဂျီးနဲ့ အပြိုင်ငြင်းနိုင်လေ ကောင်းလေ)
ကိုယ့်အယူအဆ အတွေးအခေါ်ကို ပွင့်ပွင့်လင်းလင်း ဖော်ထုတ်နိုင်တဲ့ အခွင့်အရေးရရှိထားတာ ဖြစ်ပေတာမို့ …………

စာပေအရောင်အသွေး အမျိုးမျိုးတို့ကို ရေးသားနိုင်၊ ဖတ်ရှု့နိုင်သလို …………..
ကိုယ့်ရေးတင်လိုက်တဲ့ ပိုစ့်အပေါ်မှာလည်း ဝေဖန်လေကန်မှု (ကွန်မန့်) အမျိုးမျိုးတွေကိုလည်း ရရှိနိုင်တာမို့ ……………

စိတ်ရောင်စုံချင်ရင် ဒီရွာကိုလာလို့ ကြော်ငြာဝင်လိုက်ပါတယ်။ :hee:
ဒီမိုရွာပီသစွာ အရောင်စုံစုံ စတိုင်မျိုးမျိုး

ဤကား အချီးးးးးးးးးးးးးးး


နိဒါန်း

သာသနာတော်နှစ် ၂၅၅၆ခုနှစ်၊
ကောဇာသက္ကရာဇ် ၁၃၇၄ ခုနှစ်၊
ခရစ်နှစ် ၂၀၁၂ ခုနှစ်၊
ကံဇာတာ အချွန်နဲ့ (၂။ မ/မှ) လို့ ဇာတ်ဆရာအလိုကျ ဖတ်ရွေးအဖွဲ့ထဲ ပါသွားရပါတယ်။

ဘယ်သူ(၃။ မြှောက်မြှောက်/မြောက်မြောက်) တို့ မ(၄။ မြောက်/မြှောက်)ဆိုတဲ့ ထုံးနှလုံးမူပြီးးးးး

ရသည့်နေရာ မငြင်းသာတာမို့…….

အားတင်းထားးးးးးးးးးးး

တက်လာသမျှပိုစ့်တွေကို ဖတ်နိုင်သလောက်ဖတ်ပြီး ………….

(အကုန်မဖတ်ကြောင်း ဝန်ခံပါသည်)

တစ်လတစ်ခါတော့ ကိုယ့်တာဝန်ကျေ (၅။ ပြွန်၊ပွန်) အောင် ရွေးပေးခဲ့သည်ပေ့ါ။

ဖတ်ရွေးအဖွဲ့ဝင်တွေအနေနဲ့………….
တစ်လတစ်ခါ ဆုရသူစာရင်းကို အလှည့်ကျ ကြေ(၆။ ငြာ/ညာ)ပေးရမယ် ဆိုပြန်တော့ …………

ဘာဖြစ်မှတော့ ဘာမကြောက်နဲ့ ဆိုသလို …………..
လာမယ့်ဘေး ပြေးတွေ့ ရတော့တာပေ့ါ။

ကံကောင်းချင်တော့ ………….

ဆုရသူစာရင်းတင်ပေးဖို့ အဦးပိုင်း လတွေမှာ တာဝန်ပေး (၇။ ခြင်း/ချင်း)မခံရ။

ကံဆိုးချင်တော့ ………

အဦးပိုင်းလတွေမှာ ဆုရသူစာရင်းကို ကြေညာသူတွေက တစ်ယောက်တစ်မျိုး ကိုယ်သန်ရာ သန်ရာ လက်စွမ်းပြသွားကြတယ်။

ကံကောင်းချင်တော့…..

ကိုယ်ရေးရမယ့်လကျမှ ဖတ်ကူတွေက အားဖြည့်လာကြတယ်။

ကံဆိုးချင်တော့……………

ရွေး(၈။ ခြယ်/ချယ်)ခံစာမူတွေများတော့ ဆုကြေငြာရ မသက်သာ။

ကံကောင်းချင်တော့………..

ရွေး(ခြယ်/ချယ်)ခံစာမူများတော့ ဆုရစာမူရှင်သာမက ဇကာတင်စာမူုရှင်တွေ အများကြီး ဝမ်းသာကြရတယ်။

ကံဆိုးချင်တော့………

ရွေး(ခြယ်/ချယ်)ခံစာမူတွေများတော့ မှတ်ချက်တွေ ထင်မြင်ချက်တွေအများကြီးးးးးးး များလာလို့ ကော်ပီပေ့စ်လိုက်ရတာ …………….
အောင်မြတ်လေးးးးးးး ခေါင်းကိုက်လာပြီ

ကိုင်း …..
ဘာပဲဖြစ်ဖြစ် စိတ်မညစ်နဲ့။
အလှည့်ကျတော့ မနွဲ့(၉။ ကျ/ကြ) စတမ်း …….

ကဲ………
ဝိုင်းတော်တီးရေ……
(ဘယ်ရောက်ရောက်) အရောက်သာပို့ပါတော့………. :eee:

စာရှု့သူမိတ်ဆွေများ ကျွန်ုပ်ကဲ့သို့ ခေါင်းမကိုက်စေရန် စေတနာရှေ့ထား၍………..
ဤတွင် တစ်(၁၀။ ခန်း/ခမ်း)ရပ်သည်။ :kwi:

အသိပေးကြေညာခြင်း

စိတ်ပါဝင်စားစွာ ဆက်လက်စောင့်မျှော်ဖတ်ရှု့ကြစေရန် မာကက်တင်းနည်းသုံး၍
ရီဝပ်တ်ပရိုဂရမ် ထည့်သွင်းရန် အစီအစဉ် ပါရှိပါကြောင်း ကြိုတင်သတင်းကောင်းပါးအပ်ပါသည်။ :harr:

78 comments

  • uncle gyi

    December 5, 2012 at 10:18 pm

    ကျွန်တော်တို့ကတော့ကံကောင်းနေလို့မမရေးတဲ့စာဖတ်နေရတယ်အောက်မေ့ပါတယ်

    • MaMa

      December 5, 2012 at 10:25 pm

      ပထမဦးဆုံး ကွန်မန့်အတွက် ကျေးဇူးအကြီးကြီးတင်ပါတယ်။
      အခုလို အားပေးချီးမြှောက်တာကို လှိုက်လှဲဝမ်းသာ ကြိုဆိုပါကြောင်းးးးးးးးး :hee:

  • weiwei

    December 5, 2012 at 10:21 pm

    သတ်ပုံမမ ပီသစွာနဲ့ စာမေးပွဲ စစ်သွားတာလားဟင် ???

    • weiwei

      December 5, 2012 at 10:24 pm

      ပထမဆုံးကွန်မန့်ဖြစ်ချင်လို့ အမြန်ရေးလိုက်တာတောင် မမှီလိုက်ဘူး ..

      • MaMa

        December 5, 2012 at 10:29 pm

        သူများတွေ သန်ရာသန်ရာ လက်စွမ်းပြသွားတာတွေကို အားကျလို့….
        ကိုယ်တတ်တဲ့ပညာနဲ့ (အဆင့်မြင့်မြင့် ကကြီး ခခွေးတွေ) ရေးလွှတ်လိုက်တာလေ။ :harr:
        ပထမကွန်မန့်နဲ့အပြိုင် ဒုတိယကွန်မန့် ရလို့လည်း ဝမ်းသာဂုဏ်ယူပါတယ်။ :hee:

  • ခင်ခ

    December 5, 2012 at 10:25 pm

    အင်း ကံကောင်းချင်တော့ မမ တင်တဲ့ပိုစ်ကို တင်ပြီးမကြာခင်ဖတ်ရတယ်။
    ကံဆိုးချင်တော့ နောက်ဆက်တွဲမျှော်တဲ့။

    • MaMa

      December 5, 2012 at 10:32 pm

      အကောင်းအဆိုး ဒွန်တွဲနေတာ လောကဓမ္မတာမို့ ……..
      တရားသဘောဆင်ခြင်ပြီး ကုသိုလ်စိတ်ဖြစ်လိုက်ရတယ်လို့ပဲ သဘောထားပေးပါ။ :harr:

  • padonmar

    December 5, 2012 at 10:37 pm

    log in မဝင်ဘဲဖတ်တာ ကံဆိုးလို့ ဖတ်မရဘူး။
    ကံကောင်းလို့ log in ပြန်ဝင်ပြီးမှ ဖတ်လို့ရသွားတယ်။
    ကြားထဲမှာ ကွန်မန့်တွေ ဖတ်ဖတ်ဆိုတက်ကုန်တယ်။

    ကလေးတို့ရေ လာကြလာကြ။
    မမ ပုံပြောပါတော့မယ်။

    • MaMa

      December 6, 2012 at 9:12 am

      ကမာ္ဘတစ်လွှား ကိုရီးယားဇာတ်ကားတွေ ခေတ်စားနေလို့….
      ပုံပြင်လည်း အခန်းဆက်နဲ့ ပြောရမယ်။
      စိတ်ရှည်ရှည်ထားဖို့တော့ လိုမယ်နောာာာာာာာာာာာာာာ :hee:

  • ကံကောင်းချင်တော့ …
    အင်း ……. အဲ ……..
    ကံဆိုးချင်တော့ …
    အင်း …… အဲ ……… :mrgreen:

    ရွေးချယ်ခံရတဲ့ စာမူတွေ အားဂျီးဘဲဆိုတော့
    အားကျစရာဂျီး ဖစ်လာပြီ …
    ကျုပ်တို့လည်း အိုက်ထဲမှာ ပါဝင်လာနိုင်အောင် ..
    ကြိုးစားပြီး ရေးဂျဘာကုန်စို့ အရပ်ကတို့ ….

    ကျုပ်လည်း အိုက်ထဲပါအောင် နင်းကန် ရေးဦးမှာ ..
    ဘဂျီးရေ ဘုရားသာ တ,ထားပေဒေါ့ .. ငွင်း .. ငွင်း … :mrgreen:

    အန်တီမမ ခညာ ..
    အဟီး …. အဟဲ …
    သားသားထဲ သပ်ပုံ မမှန်ဒါဒွေဂိုဒေါ့ ..
    မမြင်ချင်ယောင် ချောင်ပေးဘာလို့ဘဲ … အဟီးးးး :mrgreen:

    • MaMa

      December 6, 2012 at 9:15 am

      ကံကောင်းတော့ ဖတ်ရွေးအဖွဲ့ထဲပါလို့ ဆုရပိုစ့်ကြေငြာရတော့ သဂျီးရဲ့ စတစ်ကီပိုစ့် ဖြစ်ရတယ်လို့ ထပ်ဖြည့်ရမယ်။
      :hee:
      (သားသားထဲ သပ်ပုံ မမှန်ဒါဒွေဂိုဒေါ့ ..
      မမြင်ချင်ယောင် ချောင်ပေးဘာလို့ဘဲ … အဟီးးးး)
      အပြန်အလှန်ပေ့ါနော်……. အဟဲ

  • koaung

    December 5, 2012 at 10:56 pm

    ဇတ်ဆရာ အလိုကျသိုက်တူ:လွန်ကာ အိမ်မပြန်နိုင်သူမို့(အဲလေ) (ချွေမမ်:တင်ပြောင် တချင်းနဲ့မှားသွားလို့) အားပေးနေပါတယ်လို့ (အပြတ်အကုန်စားခဲ့သမျှ သတ်ပုံမှားတဲ့ည) :mrgreen:

    • MaMa

      December 6, 2012 at 9:19 am

      နှမကညာ အလိုကျ မိသားစုပျော်ရွှင်ကာ ပြန်တော်မပြန်နိုင်သူမို့….
      ဆိုရင်လည်းးးးးးးးးးးး

      တိုင်းကျိုးပြည်ပြု ရွာရဲ့အလှူတိုင်းမှာ အလှူငွေတွေ ပို့လွှတ်နေသူမို့ ခွေးလွှတ်ပါတယ်။ :harr:

  • ကထူးဆန်း

    December 5, 2012 at 11:26 pm

    ဆြာမ ဆြာမ .. စာလုံးပေါင်း စာမေးပွဲဖြေခိုင်းပြီး ခရစ်နှစ် ၂၀၀၁၂ နှစ်ဖစ်နေတယ် ခင်ည..

    • ဟေ့လူဂျီးးး
      ခညားဂလည်း မမြင်ချင်ယောင် ချောင်နေဒါ ဟုတ်ဘူး …
      ဘာမှန်းဂို သိဝူးးးးး :mrgreen:
      (လာနောက်ခြင်းဒါ ဖြစ်ပါကြောင်း …
      မကျေနပ်က ခဲနဲ့ ထုနိုင်ပါကြောင်း … )

      • MaMa

        December 6, 2012 at 9:25 am

        မဟာရာဇာကြီးရေ-
        အပြန်အလှန် ကတိပေးပါတယ်။
        ညီစေနော် …. :harr:

    • MaMa

      December 6, 2012 at 9:22 am

      သဂျီးရဲ့ နှစ်၁၀၀ဝ ကျိန်စာက လွတ်အောင် သက္ကရာဇ်ကို ပြင်ထားတာ…လို့….. မဆိုလိုပါဘူး။
      :harr:

  • surmi

    December 6, 2012 at 12:24 am

    ကံဆိုးချင်တော ့…………
    ပို ့စ်တစ်ခုရေးတင်နေမိလို ့ ချက်ချင်းမသိလိုက်ဘူး ……….
    ကံကောင်းချင်တော ့………..
    ပို ့စ်တင်ဖို ့ကိစ္စနဲ ့ ရွာထဲရှိနေမိတော ့ အန်တီမမရဲ ့ လက်ရာကိုညတွင်းချင်းပဲ
    အရသာခံလိုက်ရတယ် ။ ဒါကြောင်လည်း အန်တီမမ ဖြစ်နေတာပဲနော
    ဖတ်ရွေးအဖွဲ ့ထဲဝင်မယ်ဆိုရင် ဒီလိုကြေငြာတတ်အောင် အရင်ဆုံး
    လေ ့ကျင် ့ထားရမှာ အသေအချာပါပဲဗျာ ………….

    • MaMa

      December 6, 2012 at 9:27 am

      ဆရာဆာမိ လက်ရာဆိုရင်တော့ ခရက်ဒစ်ထွက်ပြီးသားမို့ ………..
      ဖတ်ရွေးထဲဝင်မယ်ဆို လေ့ကျင့်ခန်း ဆင်းစရာ မလိုတော့လို့ ဝမ်းမလီးဝဲလ်ကမ်း ပါနော်။ :hee:
      ဖတ်ကူပေးမယ်ဆိုရင်လည်း အိုကေပါတယ်။

  • Mobile

    December 6, 2012 at 1:09 am

    ဘယ်လိုမန်းရမှန်းမသိတာနဲ့ ဒီလိုလေးပဲမန်းပေးထားခဲ့လိုက်တယ်…..
    ————————————–
    —————————————
    —————————————–

  • ဦးဦးပါလေရာ

    December 6, 2012 at 6:23 am

    မမ က သတ်ပုံစစ်မှတော့
    တတ်နိုင်သလောက်ဖြေရမှာပေါ့…
    ခက်တာက အောင်မှတ်ရရင်ဘာကျွေးမလဲ
    ဂုဏ်ထူးထွက်ရင်ကောဘာကျွေးမလဲ ဆိုတာလေး ကြိုပြောမထားဘူး….
    :harr:

    ၁-တစ်လျှောက်လုံး
    ၂-မ
    ၃-မြှောက်မြှောက်
    ၄-မြောက်
    ၅-ပွန်
    ၆-ငြာ
    ၇-ခြင်း
    ၈-ချယ်

    • MaMa

      December 6, 2012 at 9:36 am

      အဆင့်မြင့် မေးခွန်းတွေမို့…
      ဖြေနိုင်သူမရှိလို့ ဆုပေးစရာမလိုဘူးဆိုရင် ၂၀၁၂ မော်ဒယ် ကားတစ်စီးလို့ ကြေငြာမလို့။
      ဆုပေးရမယ် ဆိုရင်တော့…..
      အမောင်ကျောင်းသား တော်ပါပေတယ် ဆိုပြီး အမှတ်တရ ဂုဏ်ပြုလွှာလေး ပေးရင် ကောင်းမလားလို့…… :harr:

  • Inz@ghi

    December 6, 2012 at 6:24 am

    ဗရာကြော်ပါဗျို့ ….
    ပြန်လာခဲ့ပါဦးမယ်…
    (မားကတ္တင်း …မားကတ္တင်း)

    :kwi:

    • MaMa

      December 6, 2012 at 9:39 am

      ဒီရွာထဲမှာ သင်ကြားပေးကြတဲ့ ဆရာ့ဆရာတွေကို အသုံးချပြလိုက်တာ ……
      တော်တယ်နော် :harr:

  • kyeemite

    December 6, 2012 at 8:41 am

    သွက်လှချည်လား မ မမ ရဲ့…စူ့ထက်စူ လူစွမ်းကောင်းချည်းပါလားလို့
    အံ့ဩဝမ်းသာဖြစ်ရပါ၏။

    (၁။တလျှောက်လုံး/တစ်လျှောက်လုံး/တရှောက်လုံး/တစ်ရှောက်လုံး)
    အချွန်နဲ့ (၂။ မ/မှ)
    ဘယ်သူ(၃။ မြှောက်မြှောက်/မြောက်မြောက်) တို့ မ(၄။ မြောက်/မြှောက်)ဆိုတဲ့
    ကိုယ့်တာဝန်ကျေ (၅။ ပြွန်၊ပွန်)
    အလှည့်ကျ ကြေ(၆။ ငြာ/ညာ)ပေးရမယ်
    တာဝန်ပေး (၇။ ခြင်း/ချင်း)မခံရ။
    ရွေး(၈။ ခြယ်/ချယ်)ခံစာမူေ
    မနွဲ့(၉။ ကျ/ကြ) စတမ်း …….
    ဤတွင် တစ်(၁၀။ ခန်း/ခမ်း)ရပ်သည်။

    ဒီမေးခွန်းလေးတွေကိုတော့…ဖတ်ရွေးအဖွဲ့ ထဲကအသက်အငယ်ဆုံး
    မူလတန်းကျောင်းသား မောင်မောင်ပါ ကဖြေသွားပြီမို့
    ဆြာမဂျီး မ မမ ဘယ်လိုဆုချီးမြှင့်မလဲစောင့်ကြည့်နေပါဂျောင်းးးး
    မှတ်ချက်။ ကွန်မန့်များကိုသတ်ပုံမစစ်ရ။ :hee: :kwi:

    • MaMa

      December 6, 2012 at 9:43 am

      ဖြေဆိုတဲ့ ကျောင်းသားလေး အားတက်အောင် ဆုပေးဖို့ စဉ်းစားထားပါတယ်။
      တသက်တာ အမှတ်တရ သိမ်းထားနိုင်အောင်….
      ဆရာမကိုယ်တိုင် လက်မှတ်ထိုးထားတဲ့ ဂုဏ်ပြုလွှာလေး ပေးမလားလို့… :kwi:

  • Novy

    December 6, 2012 at 9:44 am

    မမ မမ အို မမ
    သက်ပုံ စစ်တဲ့ အို မမ
    ထို မမက သပ်ပုံခေါ်
    ဘယ်သူမှန် မလဲနော်
    မီးမီးကတော့ မမှန်သေး
    ဆယ်ကမ္ဘာ ဆယ်မ္ဘာအဝေး

    • MaMa

      December 6, 2012 at 9:52 am

      စိတ်ကူးမလွဲနဲ့။
      ဖြေဖို့ (ကျိုးစား/ကြိုးစား) နော်။
      ရမယ့် ဆုကြေးက မနည်း(ဘူး/ဖူး)ဆိုတော့…… :kwi:
      မေးခွန်းက သိပ်ခက်ခဲတယ်ဆိုရင် ဂျုနိုလေး ကို ဖြေခိုင်းလိုက်လေ။
      (အဆင့်မြင့် ပညာခန်းတွေမို့ ကလေးတွေနဲ့မှ အတော်ပဲ။) :harr:

  • Mr. MarGa

    December 6, 2012 at 10:40 am

    အော် ဘယ်သူတွေ ရသလဲလို့ ကြည့်မိမှပဲ အခန်းဆက်နဲ့ တိုးသွားတယ်
    သတ်ပုံမမရေ မြန်မြန်လေး တင်ပေးပါဗျိုးးးးးးးးးးးးးးးးး

    • MaMa

      December 6, 2012 at 7:59 pm

      အော်…….
      ဒိဗ္ဗစက္ခုရှိတဲ့ သိကြားမင်းတောင် ဆုရသူကို မျှော်ရတယ် ဆိုတော့ကာ….
      ဆုရမယ့်သူအတွက် ဝမ်းသာစရာကြီးပါလားးးးးးးး :hee:

      • Mr. MarGa

        December 6, 2012 at 8:07 pm

        မမရေ ဦးမာဃက ရမယ့်သူကို သိပြီးသားပါ
        အခုပြောလိုက်ရင် ဖီလင် အောက်သွားမှာပေါ့
        အဲဒါကြောင့် ကြေညာမှပဲ ပြောတော့မယ် :kwi:

  • မင်းနန္ဓာ

    December 6, 2012 at 10:45 am

    မမ
    မမ ဝဝ
    ထထ က
    အက ပထမ
    ကပါ ကပါ
    မမရာ
    ညည လသာသာ
    ညအခါ ငါစာရ
    မမ ဝဝ
    ထထ က..။
    :kwi:
    အလှည့်ကျတော့ မနွဲ့(ကျ/ကြ) စတမ်း …….ကသွားတဲ့ မမရေ
    နောက် တစ်(ခမ်း/ခန်း) အညန် ကပါဂျို့..။

    • မင်းနန္ဓာ

      December 6, 2012 at 10:47 am

      လက်လွန်သွားဘီဂျ
      နှစ်ခုဖြေတာ တစ်ခုမှားသွားတယ်.. တေဟ
      ၅ဝ ရရင်အောင်ပါတယ်နော်.. :harr:

      • MaMa

        December 6, 2012 at 8:08 pm

        မတေပါနဲ့အုံး။
        ၁ခုမှန် ၁ခုမှား ဆိုတော့…….
        မှန်တဲ့ ၁ခုအတွက် ဆရာမက ဘောပင်တစ်ချောင်း ဆုချမယ်။
        မှားတဲ့ ၁ခုအတွက် ဆရာမကို ပါတိတ်ဝမ်ဆက်နဲ့ တောင်းပန်ရမယ်။
        မျှတပါတယ်နော် :harr:

  • ဗုံဗုံ

    December 6, 2012 at 10:57 am

    မ မမလေး ဝလုံးရေး
    သတ်ပုံမှန်အောင်ရွေး
    နောက်တစ်ခန်းမြန်မြန်လေး

    • MaMa

      December 6, 2012 at 8:15 pm

      အမြန်နှုံးတော့ အမြန်နှုံးပဲ။
      ဒါပေမယ့် ပက်ကျိအမြန်နှုံး :harr:

  • ဦးကြောင်ကြီး

    December 6, 2012 at 11:12 am

    ပြေးတွေ့
    မွေးနေ့
    ကျွေးဟေ့
    နွေးဓလေ့..။

    • MaMa

      December 6, 2012 at 8:19 pm

      မွေးနေ့
      မကျွေးဓလေ့
      ပြေးပဟေ့ :harr:

  • jullies cezer

    December 6, 2012 at 11:34 am

    ဖတ်ကူရတာလဲ လူစွမ်းကောင်းတွေများလွန်းလို့ မနည်းကိုခေါင်းစားရပါကြောင်း
    သို့ပေမဲ့လည်း ရွာသူရွာသားများလက်စွမ်းအမျိုးမျိုးအား ဖတ်ရသည်မှာ ဗဟုသုတ
    ရသစုံသဖြင့် ပျော်ရွှင်ရပါကြောင်း :hee:

    • MaMa

      December 6, 2012 at 8:24 pm

      ဖတ်ကူတာဝန်ကို စိတ်အားထက်သန်စွာဖြင့် ကိုယ်တိုင်အဆိုပြုပြီး စစ်ကူပေးတဲ့အတွက် အဖွဲ့ကိုယ်စား ကျေးဇူးအထူးတင်ပါကြောင်းးးးးးး
      ဆက်လက်၍ နောက်လများအတွက်လည်း ကူညီပေးစေလိုပါကြောင်းးးးးးးးးးး :hee:

  • ရဲစည်

    December 6, 2012 at 11:53 am

    အဲ့
    အယ်
    အဲ….။
    မားက္ကတင်း အရဆိုတော့ ဆက်စောင့်ဖို့ဘဲ ရှိတော့တာပေါ့…။
    များများ မရေးတော့ဘူး စာမေးပွဲ ကျမှာ စိုးလို့ … :mrgreen:

    • MaMa

      December 6, 2012 at 8:26 pm

      (များများ မရေးတော့ဘူး စာမေးပွဲ ကျမှာ စိုးလို့ …)
      ဆိုတော့……
      ဟဲ့
      ဟယ်
      ဟဲ……။

  • Shwe Tike Soe

    December 6, 2012 at 12:18 pm

    တစ်လျှောက်လုံး မ နေပေမယ့် မြှောက်မြှောက် နေတာတောင် မြောက် မလာပဲ
    ပွန်း သွားတယ်လို ငြာ ရက်လေခြင်း တီ ချယ် ရယ်……. ခိခိခိ
    :kwi: :kwi: :hee:

    • MaMa

      December 6, 2012 at 8:49 pm

      အကောင်းဆုံးအဖြေ ဖြေလာပြီးမှ….
      အမှတ်တွေ မပွန်းပဲ့ သွားရအောင်…
      မငြာပဲ တာဝန်ကျေ ပွန် အောင် ညာ လိုက်ပါ။ :harr:

  • သီဟသူရချာလတာအာပေတူး

    December 6, 2012 at 1:06 pm

    ၁။ တစ်လျှောက်လုံး
    ၂။ မ
    ၃။ မြှောက်မြှောက်
    ၄။ မြောက်
    ၅။ ပွန်
    ၆။ ငြာ
    ၇။ ခြင်း
    ၈။ ချယ်
    ၉။ ကြ
    ၁၀။ ခန်း
    =============
    ၁ဝ ဖိုးမေးပီး ဘလောက်ရရင် အောင်မာလဲ ဆုရမာလဲ ??
    ဒီဟာဖြေရတာ အင်မတန်မှစင်းဇားလိုက်ရဒယ် ဘာလို့လဲဆိုတော့
    စာလုံးပေါင်းတလွဲတွေလျှောက်ရေးလာတာ အသားကျတော့မလိုဖစ်နေလို့ …….
    ပြင်မှဘဲ……… အချိန်မီ ပြင်မှဘဲ……….. 🙁

    • MaMa

      December 6, 2012 at 9:15 pm

      (၁ဝ ဖိုးမေးပီး ဘလောက်ရရင် အောင်မာလဲ ဆုရမာလဲ ??)
      ဆိုတော့…
      စိတ်မပူပါနဲ့။
      ၁ဝဖိုးပေးပြီးရင် ၁ဝဖိုး ပေးရမှာပေ့ါ။ (တိုင်းတာသောယူနစ်= ကျပ်ငွေ) :hee:

  • ဆူး

    December 6, 2012 at 2:43 pm

    မင်္ဂလာပွဲ ကို တက်ရောက် အားပေးပြီး လက်ဖွဲ့များ ချီးမြှင့်ပေးကြပါသော.. ဂေဇက်မှ အဖွဲ့ဝင် မိတ်ဆွေ သူငယ်ချင်းများ အားလုံး ကိုလည်း ကျေးဇူးတင်ပါတယ်။

    • kai

      December 6, 2012 at 3:12 pm

      လက်ဆောင်ပြန်ပေးလိုက်သော ဆူးမမတို့လင်မယား..(အဟမ်း)…
      အားလည်းကျေးဇူးတင်ပါသည်။
      ဒီပို့စ်နဲ့ဆိုင်တာတော့ မမန့်သေးပါ..။
      သတ်ပုံအစစ်ခံရမှာစိုးလို့..

      (ငါကွ)

      • နွယ်ပင်

        December 6, 2012 at 4:08 pm

        သဂျီး ရေ …. ငါကွ = အာဂပါ ( လောက်လောက်ပေး ပေးထားသောနာမယ်)
        နောက်ဆို မူပိုင်ခွင့်တင်ပါ … ဟိ … 😀
        အန်တီမမရေ … ပီးမှ ပိုစ့်နဲ့ ဆိုင်တာ လာပြန်မန်တော့မယ် အခု သတ်ပုံကျမ်း
        ပျောက်နေလို့ပါနော် ….. 🙂

        • Mr. MarGa

          December 6, 2012 at 7:50 pm

          နွယ်ပင်ရေ
          မန် မဟုတ်ပါဘူး မန့် ပါနော်
          မမ မလာမီ ကြိုပြောတာ

      • MaMa

        December 6, 2012 at 9:29 pm

        ဆူးရေ-
        ပျောက်နေရာက ပေါ်လာပြီး မန့်ပေးလို့ ဝမ်းသာပါတယ်။

        သဂျီးရေ-
        ဥပဒေရဲ့အထက်မှာ ဘယ်သူမှ မရှိရတဲ့။
        အဲလိုပဲ သတ်ပုံရဲ့အထက်မှာလည်း ဘယ်သူမှ မရှိရ။
        သာတူညီမျှရေးအရမို့ သဂျီးမင်းလည်း မညှာနိုင်ဘူး။
        နားလည်ပေးပါ။ :kwi:

        နွယ်ပင်ရေ-
        မူပိုင်ခွင့် ချိုးဖောက်ရင် လျှော်ကြေးတောင်းရတယ်ဆိုလားးးးးးးးး :harr:

        • ဆူး

          December 7, 2012 at 11:33 am

          ဆူး မင်္ဂလာ ဆုတောင်းသတင်းပါတယ် ဆိုပြီး သတင်းရလို့ လာကြည့်ပြီး မန်းသွားတာပါ။
          ပျောက်ဆို.. ဝင် မကြည့်ဖြစ်တာ တော်တော် ကြာနေလို့ပါ။

          သဂျီးရေ.. လက်ဆောင်လေး တောင် ရောက်နေပြီလား.. သဘောကျမယ် ထင်ပါတယ်။

  • မမရေ မြန်မာတွေက နှစ်မင်္ဂလာမဆောင်ကောင်းဘူးပြောလို့
    ရွာသားကိုထွန်းဝင်းလတ်ကို ကလေးမြို့မှာ 10-11-2012 နေ့ကကြိုပြီး မင်္ဂလာဆောင်ခိုင်းထားတယ်၊
    သူက လာဘ်ပိတ်မှာစိုးလို့မပြောနဲ့ ဆိုပြီး ဖွဘုတ်မှာလာတင်ထားတယ်လေ။

    မမရေသိချင်လှပြီ
    ဒီတစ်ခါတော့ ကိုပေါက်ဝဋ်လည်ပြီထင်တာဘဲ။
    သူများတွေကို အခန်းဆက်လုပ်ပြိးစောင့်ခိုင်းခဲ့တဲ့ အပြစ်

    • MaMa

      December 6, 2012 at 10:00 pm

      ကိုဝင်းထွန်းလတ် လည်း သူ ဖုံးထားသမျှ ကိုပေါက် ဖော်ကောင်လုပ်လို့ ပေါ်ကုန်ပြီပေ့ါ။ :harr:

      ကိုပေါက် ကို ဝဋ်လည်အောင်လုပ်ပြီး
      ကိုယ်တိုင်လည်း ဘယ်တော့ ဝဋ်ပြန်လည်မယ် မသိဘူး။ :eee:

  • nature

    December 6, 2012 at 6:53 pm

    ရေနံချောင်းကဖေကံကောင်းထဲမှဗိုလ်၏လေသံဖြင့်—မောင်မင်းလူကလေး…ကျွန်ုပ်အများကြီးသနားတယ်…။
    ဇာဂနာလေသံဖြင့်…..သနားဒယ်…။ 😛

    • MaMa

      December 6, 2012 at 10:03 pm

      မောင်မင်းလူကြီး….
      သနားတာ မစောပါနဲ့။
      ကိုယ်တိုင်ဖတ်ရွေးလုပ်ကြည့်ပါ။
      :om:

  • အလင်းဆက်

    December 6, 2012 at 7:14 pm

    အဲဒီ…ပုံတွေထဲက…
    ညာဘက်အစွန်ဆုံးမှာ .ရှိနေတဲ ့ငှက်ကလေးက…
    သားသား..ပေါ့ဂျ ။

    🙂

    ===================
    အန်တီမမရေ…

    အခုကတည်းက..ရင်ခုန် / ရင်တုန်နေရပြီ ။

    ဆုကြေငြာသူတွေ..တစ်ယောက်ချင်းစီက..တစ်မျိုးစီ…
    ပညာပါပါ…. လှလှပပ
    တင်ပြ နေကြတာ…

    ပျော်စရာလည်းကောင်း..
    ရင်ခုန်စရာလည်းကောင်းလှပါပေါ့ ။

    လကုန်ပြီးရက်တွေဆို…
    ဘယ်သူတွေကများ..
    ဘယ်သူတွေကို…
    ဘယ်လို ပုံစံနဲ ့ရွေးထုတ်ပြီး…
    ဘယ်လိုများ.တင်ပြ..ကြေငြာမှာပါလိမ့်ဆိုပြီး…
    မျှော်လင့်နေတတ်ပြီ ။

    ==============

    ကဲ..ကဲ…
    မျှော်တော်မူလိုက်ဦးမယ်…။

    အန်တီမမရေ..
    မြန်မြန်လေးနော် ။
    🙂

    • MaMa

      December 6, 2012 at 10:07 pm

      အလင်းဆက်ရေ-
      ညာအစွန်ရဲ့ဘေးက နီပြာရောင် ဇောက်ထိုးမိုးမျှော် ကဲနေတဲ့ ငှက်ကလေး လို့ ထင်နေတာ။ :kwi:

      အားဖြည့်စစ်ကူပေးလို့လည်း ကျေးဇူးတင်တယ်နော်။
      နောင် ကူပေးနိုင်မယ့် အချိန်ကျရင်လည်း ပြောအုံးနော်။

      ဆုရစာရင်းကတော့……..
      မကြာမီ လာမည်။
      (သို့သော် ပက်ကျိနှုန်းဖြင့်) :harr:

  • မောင်ပေ

    December 6, 2012 at 8:48 pm

    အန်တီမ ပို ့စ်ထဲမှာ သတင်းထူးအနေနဲ ့ ကျောင်းဆရာ မင်္ဂလာဆောင်အကြောင်း ဖတ်လိုက်ရပါသည်

    • MaMa

      December 6, 2012 at 10:09 pm

      အမွှာ ၃ ယောက်တို့ အဖေ မင်္ဂလာဆောင်မယ်ဆိုရင်လည်း အသိပေးအုံးနော် ……. :harr:

  • အရီးခင်လတ်

    December 6, 2012 at 9:56 pm

    ဂျေးဇူးဒင်ဘားဒယ် မ္မ။
    :harr:

    • MaMa

      December 6, 2012 at 10:11 pm

      သွေးသောက် ညီအမတွေမို့ မဖြစ်ဖြစ်အောင် ဝင်လာပေးဖော်ရတယ်။ :hee:

      • ဟက်ရို .. ဟက်ရို ..
        အရီးလား … အရီးလား …
        ဒီမှာ .. ဒီမှာ ..
        အန်တီမမက … အန်တီမမက ..
        ပြောနေဒယ် .. ပြောနေဒယ် …
        သပ်ပုံ … သပ်ပုံ ..
        မှန်ဘူးဒဲ့ …. မှန်ဘူးဒဲ့ …. အဟီးးးးးး :mrgreen:

        • Moe Z

          December 7, 2012 at 12:30 pm

          ဒီမယ် အပေါ်ကအူးလေး..

          သတ်
          သတ်-(စံပယ်နံ့…-)
          သတ်-(ရက်…မှတ်-)
          သတ်-(သေအောင်…-၊ ဆီ…-)
          သတ်စုံရေး
          သတ်ညွှန်းကျမ်း

          သပ်
          သပ်-(ပွတ်…-)
          သပ်(လျှိုသည့်…)
          သပ်ရပ်
          (သတ်ပုံကျမ်းထဲက ကူးလာတာ) :mrgreen:

        • Khaing Khaing

          December 7, 2012 at 12:49 pm

          အခုလို ဆုမကြော်ညာခင်မှာ … အဆိုတော်
          ချစ်ကောင်း သီချင်းလေးနားထောင်ရင်းနဲ့ စောင့်မျှော်နေပါဂျောင်း ……. သီချင်းရဲ့နံမည်ကတော့ သတ်ပုံ မှားတဲ့ ည …….. ဖစ်ပါတယ် …..

        • ခညားဒို့ဂလည်းဂျာ ..
          အဟီးးးး :mrgreen:
          အိုက်ဒါ တမင် ပြောဒါဘာဂျ (ခပ်တည်တည်နှင့်)
          ဟုတ်ဒယ်နော် အန်တီမမ (စစ်ကူ ခေါ်ဦးမှ)

  • Mr. MarGa

    December 7, 2012 at 6:13 pm

    အန်တီမမရေ
    ဆန်ခါတင်က ဘယ်နေ့ထွက်မှာတုံးဗျ
    သိချင်လို့

  • thit min

    December 7, 2012 at 6:37 pm

    စာတပုဒ်မှာ …………….
    ၁။ အကြောင်းအရာ စုံတယ်၊
    ၂။ ဒါပေမဲ့ ရေးထားတဲ့ အကြောင်းအရာတွေက လေးနက်မယ်၊

    ၃။ ခပ်လွယ်လွယ်သဘောပေါက်အောင်လဲရေးထားတယ်၊
    ၄။ ဒါပေမဲ့ ရေးထားတဲ့စာတွေက ကျစ်လစ်မယ်၊

    ၅။စာဖတ်သူကို စိတ်နှလုံးရွှင်ပြုံးစေတယ်၊
    ၆။ ဒါပေမဲ့ ဆက်ပြီး အတွေးလေးတွေလဲပေးမယ်၊

    ၇။ ဘယ်သူမဆို အလွယ်တကူပါဝင်ကော်မန့်ပေးနိုင်လေ့ရှိတယ်၊
    ၈။ ဒါပေမဲ့ စဉ်းစားရေးဖို့လိုတဲ့ ‘ဘောင်’ လေးတခု ရှိနေတတ်မယ်၊

    ၉။ လက်တွေ့ဖြစ်ရပ်(ဂေဇက်ပြင်ပ)နဲ့ (ဂေဇက်အတွင်း) ကိုမွှေပြီး ရေးလေ့ရှိတယ်၊
    ၁၀။ ဒါပေမဲ့ ဘယ်လို ဘယ်လို ရှေ့ဆက်ရေးမယ်ဆိုတာလဲခန့်မှန်းရခက်မယ်၊

    အဲဒီလိုရေးတတ်တာ ဒီဂေဇက်မှာ ၂ ယောက်ထဲရှိတယ်။

    ကျနော်ဝန်ခံပါတယ်။….
    သူတို့လို အဲဒီ ၁ဝ ချက်နဲ့ပြည့်စုံအောင် ကျနော် မရေးတတ်ဘူး။

    ထပ်ဝန်ခံရရင် …
    “အဲဒီ ၂ ယောက်လို ရေးတတ်ဖို့ နေနေသာသာ အဲဒီ ၂ ယောက်က သူတို့ရဲ့နစ်ခ်နိမ်းကို
    မဖော်ပြထားရင် ကျနော် တကယ် မခွဲတတ်ဘူး “။

    ~~~~~~~~~~~~~~

    သူတို့ နှစ်ယောက်ဆိုတာက

    (အစ်မ) မမ နဲ့ (အစ်မ) ပဒုမ္မာ ပါ။

    ~~~~~~~~~~~~
    လေးစားစွာဖြင့်

    မောင်သစ်မင်း

  • MaMa

    December 8, 2012 at 9:44 am

    ကွန် ၂ ကွန် (ကွန်ပြူတာနဲ့ ကွန်နက်ရှင်) ကြောင့်
    ပိုစ့်ကိုတင်ပြီး ပစ်ထားခဲ့သလို ဖြစ်သွားတယ်။

    မဟာရာဇာကြီး သတ်ပုံမှားရင်တော့ အပြန်အလှန်ကတိရှိလို့ မညင်ချင်ယောင်ဆောင်ပေးရမယ် :harr:

    သတ်ပုံဆရာမလေး မိုးz ကိုလည်း စစ်ကူပေးလို့ ကျေးဇူးတင်တယ်နော်။ :hee:

    သတ်ပုံမှားတဲ့ည သီချင်းဆိုဖို့ တောင်းဆိုတဲ့ ခိုင်ခိုင် ကို် ဝမ်းမလီးဝဲလ်ကမ်းပါ။
    သီချင်းဆိုတာ ဝါသနာပါပေမယ့် အိမ်မှာတောင် တံခါးအလုံပိတ်ပြီး ဆိုရလောက်အောင် အသံကောင်းတော့ :harr:

    မိုးနတ်မင်းရေ-
    (ဦးမာဃဆိုတော့ သိကြားမင်း၊ သိကြားမင်းက မိုးပေါ်မှာနေတာဆိုတော့)
    ဇကာတင်စာရင်းကို မနက်ဖြန်တင်ဖို့ ကြိုးစားနေပါတယ်။

    ြှဆာသစ်ရေ-
    အားပေးချီးမြှောက်တာ ကျေးဇူးတင်ဝမ်းသာပါတယ်။
    အမွှာညီအမဆိုပြီး ပူးတွဲချန်ပီယံ ပေးလိုက်တဲ့အတွက်….
    ဆုပေးပွဲကျရင် ကိုသစ်မင်းအတွက် ပိုစားလိုက်ပါ့မယ်။ :harr:

    • pooch

      December 8, 2012 at 3:56 pm

      ဦးပါ ဖြေထားတဲ့ အတိုင်းပါပဲ မမရေ ပျင်းလို့ ထပ်မရေးတော့ဘူးနော် :mrgreen:

      ဒါနဲ့ မမရေ သူကြီးကို သူ့လို ကွန်းမန့်ထဲမှာ ပုံတွေ ထည့်လို့ရအောင် ရွာကလူတေ စုပြီး ဆန္ဒပြရင်ကောင်းမလားပဲနော် ။ နောက် ကွန်းမန့် ၁ ခု ၂ ကျပ်ကို မြန်မာငွေအစား ဒေါ်လာပါ ပြောင်းခိုင်းရအောင်လေ တလက်စထဲ ။ 😆

      • MaMa

        December 8, 2012 at 5:44 pm

        လုပ်လိုက်လေ မယ်ပုရေ။
        ရွာထဲမှာ လွှတ်တော်ခေါ်ဖို့ သဂျီးက လုပ်နေတာ့
        ရွာသူားတွေကလည်း ဆန္ဒထုတ်ဖော်ပွဲလုပ်မှ
        အိုးရွဲ့နဲ့ စလောင်းရွဲ့ အံကိုက်သွားမှာ :kwi:

        • Mr. MarGa

          December 8, 2012 at 9:33 pm

          လွှတ်တော် မခေါ်ခင် ရွာသူားတွေ သီးသန့် အကြို လွှတ်တော် လုပ်လိုက်ရအောင်
          သဂျီးကို တောင်းဆိုစရာတွေ ဆွေးနွေးကြမယ်လေ

  • surmi

    December 8, 2012 at 4:19 pm

    သဂျီးလား
    ရပါလိမ် ့မယ်မထင်နဲ ့ဗျို ့
    ပေးပြီးသားတောင်ပြန်သိမ်းသွားပြီ
    အနိစ္စ

    သဂျီးရေ
    တရားဝင်ရှင်းတမ်းလေးထုတ်ပေးပါဦး

    • MaMa

      December 8, 2012 at 5:47 pm

      သဂျီးက ချော်လဲရောထိုင်လုပ်ချင်နေတာ…
      အရင်တခါ ရွာကို သူပုန်ဝင်တော့ ပွိုင့်စနစ်ကို ဖျက်မသွားလို့
      သဂျီး မချင့်မရဲဖြစ်သွားသေးတယ်လေ။ :kwi:

  • ရွှေ ကြည်

    December 8, 2012 at 10:28 pm

    ချစ်မမရေ မျှော်တော်ရောင် မျှော်တော်ရောင် ဘဝကလွတ်ချင်ပြီ :harr:

    • MaMa

      December 9, 2012 at 10:11 am

      ချစ်ရွှေကြည်လေးရေ-
      ဆန်ခါတင်စာရင်း တင်လိုက်ပြီဆိုတော့ ………..
      မျှော်တော်ယောင် ဘဝကမလွတ်တလွတ်တော့ ဖြစ်သွားလောက်ပါပြီနော်။ :harr:
      ဒါ့ထက် စကာအတင်းစပ်- ဒေါသတွေ ပြေသွားပြီလား။ :hee:

Leave a Reply