ပညာရှိ သတိဖြစ်ခဲ..

Thet Naing HtweDecember 5, 20121min1148

MG မှာ စာဖတ်လာတာ သုံးနှစ်…ဒီထဲမှာ အားလုံးက ကျွန်တော့်ထက် ဉာဏ်ပညာ ကြီးရင့်သူတွေပါပဲ… MG မှာစာဖတ်ရတာ ဗဟုသုတ အင်မတန်မှလည်း ရတယ်… ဒီတော့ မင်းက ဘာပြောချင်လဲလို့ မေးရင်… လက်တို့ပြီးတော့ သတိလေးပဲ ပေးပါရစေ… အောက်ပါအကြောင်းအရာများ wiki မှ လက်ညောင်းခံရိုက်လိုက်ပါသည်… စာကလည်း ကောင်းကောင်းမရေးတတ်တော့ ဒီလိုပဲလုပ်ရမယ်ထင်ပါတယ်.. copy & paste လည်းမလုပ်ရဘူးဆိုတော့….( wiki ကဆိုတော့ ဘယ်သူ့ကို ခွင့်တောင်းရမလဲ )

“Therefore, did we say, Kalamas, what was said thus, ‘Come Kalamas. 

Do not go upon what has been acquired by repeated hearing;

nor upon tradition;

nor upon rumour;

nor upon what is in a scripture;

nor upon surmise;

nor upon an axiom;

nor upon specious reasoning;

nor upon a bias towards a notion that has been pondered over;

nor upon another’s seeming ability;

nor upon the consideration, ” THE MONK IS OUR TEACHER.”

Kalamas, when you yourselves know: ” These things are bad; these things are blameable; these things are censured by the wise; undertaken and observed, these things lead to harm and ill,” abandon them.’

နောက်ဆုံးပြောပါရစေ… ကျွန်တော်ကတော့ စစ်အုပ်ချုပ်ရေးကို မလိုလားဘူးဗျာ… ခင်ဗျာတို့ကော…???

( လက်ပံတောင်း ကိစ္စမှာ သက်ဆိုင်သူအားလုံး အမှန်ကန်ဆုံး ဆုံးဖြတ်နိုင်ပါစေ။)

 


8 comments

  • Mobile

    December 5, 2012 at 12:25 am

    အင်္ဂလိပ်လို မဖတ်တတ်ပါသဖြင့်
    ယောင်လည်လည်ဖြင့် ပြန်ထွက်ခဲ့ရပါကြောင်း ……………..

  • kai

    December 5, 2012 at 4:22 am

    https://myanmargazette.net/writing-guidelines
    အဲဒီအပေါ်လင်ခ့်က.. Writing Guidelines မှာ ပြူးနေအောင်တင်ထားပါကြောင်း…။

    ကေသမုတ္တိသုတ် (ခေါ်) ကာလာမသုတ်-

    ကာလာမမင်းတို့ …
    သင်တို့သည်ပြောသံ ကြားကာမျှဖြင့် (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊
    အစဉ်အဆက် စကားမျှဖြင့်လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊
    ဤသို့ ဖြစ်ဖူးသတတ်ဟူသော စကားမျှဖြင့်လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်)
    မယူကုန်လင့်ဦး။
    ပိဋကတ် (မိမိတို့ရှေးဟောင်းကျမ်းဂန်) စာပေနှင့် ညီညွတ်ပေသည်ဟူ၍လည်း
    (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊
    ကြံဆတွေးတော၍ ယူခြင်းမျှဖြင့်လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန် လင့်ဦး၊
    နည်းမှီးယူခြင်းမျှဖြင့်လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊
    အခြင်းအရာကို ကြံစည်သောအားဖြင့်လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူ ကုန်လင့်ဦး၊
    (ငါတို့) ကြံစည်နှစ်သက်၍ ယူထားသောအယူနှင့် တူညီပေသည်ဟူ၍လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊
    ငါတို့လေးစားသော ရဟန်း၏ စကားဟူ၍လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူ ကုန် လင့်ဦး။

    ကာလာမမင်းတို့ {{ဤတရားတို့ကား အကုသိုလ်တရားတို့တည်း၊ ဤတရားတို့ ကား အပြစ်ရှိသော တရားတို့တည်း၊ ဤတရားတို့ကား ပညာရှိတို့ ကဲ့ရဲ့အပ်သော တရားတို့တည်း။ ဤတရားတို့ကို ပြည့်စုံစေအပ် ဆောက်တည် အပ်ကုန်သည် ရှိသော် အစီးအပွားမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ ဖြစ်ကုန်၏}}ဟု သင်တို့သည် မိမိတို့ ကိုယ်တိုင်ပင် သိသောအခါ၌မူ ပယ်စွန့်ကုန်ရာ၏။

    ကာလာမမင်းတို့ {ဤတရားတို့ကား ကုသိုလ်တရားတို့တည်း၊ ဤတရားတို့ကား အပြစ်မရှိသော တရားတို့တည်း၊ ဤတရား တို့ကား ပညာရှိတို့ ချီးမွမ်းအပ်သော တရားတို့တည်း။ ဤတရားတို့ကို ပြည့်စုံစေအပ် ဆောက်တည် အပ်ကုန်သည် ရှိသော် အစီးအပွားရှိခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ကုန်၏}ဟု သင်တို့သည် မိမိတို့ ကိုယ်တိုင်ပင်လျှင် သိသောအခါ၌မူ ပြည့်စုံစေ၍ နေကုန်ရာ၏။

    • ဇမ္ဗူ့လောကပါလကြောင်ဝတုတ်

      December 5, 2012 at 10:17 am

      အဲဒါကိုပြောတာ… မိမိကိုယ်သာကိုးကွယ်ရာ…

      ခင်မင်လျက်-
      ကြောင်ဝတုတ်

    • တိမ်မည်း

      December 5, 2012 at 10:42 am

      သဂျီးပြောမှ ရှင်းသွားတာပဲ…………………………………………………….

  • မင်းနန္ဓာ

    December 5, 2012 at 1:00 pm

    လယ်သူမ ပြောတိုင်းလည်း မယုံလင့်
    ဝန်ကြီးပြောတယ်ဆိုတိုင်းလည် မယုံလင့်
    သူကြီးပြောတိုင်းလည်း မယုံလင့်
    မီဒီယာ ပြောတိုင်းလည်း မယုံလင့်
    စာအုပ်ကြီးအတိုင်း လုပ်လည်း မယုံလင့်
    ဒီမိုကရေစီ နည်းလမ်းနဲ့အညီ ဆိုတိုင်းလည်း မယုံလင့်
    တရားနည်းလမ်းမကျဘူး ဆိုတိုင်းလည်း မယုံလင့်
    ဘုန်းကြီးပြောတိုင်းလည်း မယုံလင့်
    ရဲမှူးပြောတိုင်းလည်း မယုံလင့်
    ကျေးဇူးရှိတိုင်းလည်း မယုံလင့်
    ငါ့ဂိုဏ်းနဲ့ တူသူ/မတူသူ ပြောတိုင်းလည်း မယုံလင့်
    ..
    အဲဒီတော့ ဘယ်သူ့ ယုံရမတုန်း… ချင့် ယုံပေါ့

  • koaung

    December 5, 2012 at 7:58 pm

    တိုင်းပြည်ကိုအုပ်ချုပ်နေတဲ့ လူတွေကို ဘာတွေဘဲပြောပြော ဘာတွေဘဲလုဎ်လုဎ် ကိုယ်ချင်းစာတရားလက်ကိုင်ထားစေချင်မိတယ် ဘယ်သူဘဲအုပ်ချုပ်အုပ်ချုပ်ပေါ့ဗျာ
    တိုင်းပြည်ကပွင့်လင်းလာတယ် (တင်းထားတဲ့ကြိုးနီစနစ်တွေ နဲနဲလျော့သွားတာဘဲရှိပါသေးတယ်) ဖွင့်ဖြိုးတိုးတက်ဖို့ဆိုတာ နည်းလမ်: အရင်းအနှီ:တွေ ဟိုလူကယ်
    ပါဒီလူကယ်ပါအဆင့်ဘဲရှိပါသေးတယ် နိုင်ငံတကာကစောင့်ကြည့်နေတဲ့ အခြေအနေမှာ အုပ်ချုပ်သူကော ပြည်သူပါ အစစဆင်ခြင်သင့်တယ်လို့ထင်မိတယ် ရည်ရွယ်
    ချက်မရှိဘဲ ဟိုဟာကောင်းနိုးနိုး ဒီဟာကောင်းနိုးနိုး နဲ့ စိတ်လွတ်လက်လွတ် ပြုနေသမျှ လုဎ်နေသမျှ တော့ ရွှေပြည်တော်မျှော်တိုင်းဝေးဖြစ်နေဦးမှာပါ

  • Thet Naing Htwe

    December 6, 2012 at 1:14 am

    မြန်မာပြန်နှင့် ယခု အခြေအနေနဲ့နီးစပ်အောင် ပြန်ပေးခဲ့သော သူကြီးနဲ့ မင်းနန္ဓာကို ကျေးဇူးပါ… ဒါနဲ့ ဖေစ့်ဘွတ်မှာတွေ့နေရတာ ၈ ရက်နေ့တဲ့… သံဃာ တွေတစ်ကယ်လုပ်တော့မယ်တဲ့… စဉ်းစားကြည့်တယ်.. မြန်မာနိုင်ငံမှာက သံဃာ ဦးရေက နှစ်သန်း နီးပါးရှိတယ်လိုကြားဖူးတယ်.. အဲ့ဒီထဲက လေးပုံတစ်ပုံပဲထွက် ငါးသိန်း.. ဘေးကဝိုင်းဝန်းမယ့် လူက ငါးသိန်းနီးပါးဆို တစ်သန်း… အမယ်လေး… ချောက်ထဲကျတော့မယ့် နိုင်ငံကို စစ်တပ်က ကယ်လို့ကောင်းလိုက်မယ့် ဖြစ်ချင်း….

  • မောင်ပေ

    December 6, 2012 at 9:46 pm

    ချဲဆီး အသင်း နဲ ့ များ နှိုင်းပြောလို ့ရမလားတော့ မသိဘူး
    ဘို ့အာ လက်ထက်မှာ ဘာဖလားမှ ရမယ့်ကိန်းမပေါ် ၊ ကာလာမလှလို ့
    ဒီမက်တီယို တက်လာတယ် ၊ လာလာချင်း နှစ်မှာပဲ
    ချန်ပီယံလိဂ်ဖလား ယူပေးတယ် ၊ အက်ဖ်အေ ဖလား ယူပေးတယ်
    အဲ.. ဖလားရပြီး နောက်တစ်နှစ် ၊ အခုနှစ် … ကာလာလေးနဲနဲမလှဖြစ်ရော ဒီမက်တီယို ကြီး ထုတ်ပြီး
    ဘင်နီတက် ဆိုတဲ့ လူနဲ ့အစားထိုးပစ်လိုက်တယ်
    အဲဒါ ကျုပ်စဉ်းစားမိတာလေးပါ

Leave a Reply