လက်ပံတောင်းကော်မရှင် ကနဦး report

ယခုလ ဒီဇင်ဘာ(၁)နေ့တွင် တရုတ်နိုင်ငံ ဝမ်ပေါင်ကုမ္မဏီနှင့် မြန်မာ့စီးပွားရေးဦးပိုင်လိမီတက်တို့ အကျိုးတူ ဆောင်ရွက်နေသော လက်ပံတောင်း ကြေးနီတောင် စီမံကိန်းအရေးအခင်းနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရန် နိုင်ငံဒေါ်အစိုးရမှ ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌအဖြစ် တာဝန်ယူသော ကော်မရှင်တရပ်အား ဒီဇင်ဘာလကုန် နောက်ဆုံးထား၍ သမတဂျီးထံ အစီရင်ခံစာတင်ပြရန် ဖွဲ့စည်းပေးခဲ့သည်။
ယင်းကော်မရှင်မှ အများပြည်သူအပေါင်း သိသင့်သိထိုက်သော သတင်းအချက်အလက်များအား အချိန်နှင့် တပြေးညီ သိရှိစေရန် ကနဦး ကြားဖြတ်အစီရင်ခံစာအား ထုတ်ပြန်လိုက်သည်။

(က) ကော်မရှင်သည် ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှု ခံယူ၍ လွှတ်တော် ကိုယ်စားလှယ်များ၊ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ တတ်သိပညာရှင်များဖြင့် နေ့ညမအား အပတ်တကုတ် စုံစမ်းမေးမြန်းလျက်ရှိသည်။
(ခ) ကနဦးရလဒ် အနေဖြင့် အစီရင်ခံစာ တင်သွင်းမည့် နေ့စွဲအား အချက်အလက် ပိုမိုပြည့်စုံစေရန် ၂၀၁၃ခုနှစ် ဧပြီလသို့ ရွှေ့ဆိုင်းလိုက်သည်။
(ဂ) အများယုံကြည်မှု ပိုမိုရရှိစေရန် ကော်မရှင်အား ပြည်ပ ပညာရှင်များဖြင့် တိုးချဲ့ဖွဲ့စည်းလိုက်သည်။

၁။ ရာဘင်ဒြာနတ်ဒဂိုး (ကဗျာဆရာ)
၂။ လီယိုတော်စတွိုင်း (စာရေးဆရာ
၃။ ဗီသိုဗင် (စန္ဒယားပညာရှင်)
၄။ မိုးဇက် (တယောပညာရှင်)
၅။ အိုင်းစတိုင်း (ရူပဗေဒပညာရှင်)
၆။ ဂယ်လီလီယို (နက္ခတ်ဗေဒပညာရှင်)
၇။ ကိုင်ရို (လက္ခဏာပညာရှင်)
၈။ အိုယားမား (ကရာတေးဆရာ)

အမိန့်မရတရ –
သင်တို့၏ဘွားဒေါ်ဂျီး
ကော်မရှင်ဥက္ကဌ

8 comments

  • P chogyi

    December 5, 2012 at 10:35 am

    အမှတ်စဉ်(၉)။ အောင်ကြူး(ငရဲချုပ်)

  • မင်းနန္ဓာ

    December 5, 2012 at 11:03 am

    အဆိုတော် ကိုယ်စားလှယ် အနေနဲ့ အိုပါး PSY လေးပါ ပါရင်ကောင်းမယ်..

  • surmi

    December 5, 2012 at 12:13 pm

    ရွှေမန်း တင်မောင်လည်း မေ ့မနေနဲ ့ဦး
    အဆိုအငို ကောင်းတယ်

  • myanmarcitizen

    December 5, 2012 at 12:58 pm

    ရေချိုပိုင် ဦးရှင်ကြီးလဲထဲ့ပါအုန်းဗျို့

  • kyeemite

    December 5, 2012 at 2:21 pm

    တကယ်တမ်း ကော်မရှင်ငှက်ကထ လုပ်ရမှာက
    ဂျိုကုတ်ဒူးဂျီးကျောပြောင်(ဟောင်း၊နွမ်း၊ဆွေး၊မြေ့) ပါဗျို့..

  • Mr. MarGa

    December 5, 2012 at 6:40 pm

    ဦးသန့် ဘယ်နားရောက်နေလဲ သူပါမှ ပြီးမှာလေ

  • ဦးဦးပါလေရာ

    December 6, 2012 at 6:51 am

    အစပိုင်းက အဟုတ်မှတ်လို့…
    အခုတလော ခံလိုက်ရတဲ့ပိုစ့်တွေ များနေပါလား…
    :harr:

Leave a Reply