သတင်းလေးအတိုင်း တကယ်ဖြစ်ရင် ကောင်းမှာဘဲလို့။

ခင္ခDecember 5, 20121min19520

သတင်းလေးအတိုင်း တကယ်ဖြစ်ရင် ကောင်းမှာဘဲလို့။

အသက် ၆ဝ နှင့် ၇ဝ ကျော်အရွယ် ဘိုးဘွားများ နိုင်ငံပိုင်ဆေးရုံကြီးများတွင် အခမဲ့ဆေးကုသခွင့်နှင့် ကျန်းမာရေးစစ်ဆေးခွင့်များ ရရှိတော့မည်ဖြစ်ကြောင်း ဒီဇင်ဘာလ  ၃ ရက်နေ့က ပြုလုပ်ခဲ့သော ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာမြင့်သိန်းက ပြောကြားခဲ့သည်။

“ နိုင်ငံတော်ရဲ့ ဆင်းရဲချမ်းသာ၊ ဘာသာလူမျိုးမရွေး ကျန်းမာရေးစောင့်ရှောက်မှုကို လက်လှမ်းမီစေဖို့အတွက် နိုင်ငံတော်၏ စီးပွားရေးအခြေအနေနှင့် လိုက်လျောညီထွေမှုရှိတဲ့ ကျန်းမာရေး ဘဏ္ဍာငွေ ကူညီမှုတစ်ရပ်အဖြစ် ဆေးရုံများမှာ ဆေးပဒေသာပင်နဲ့ စရိတ်မျှပေးကျန်းမာရေးစနစ်ကို ပြုလုပ်နေပါတယ်။ ကျန်းမာရေးဦးစီးဌာနအနေနဲ့ တိုးပွားလာသော သက်ကြီးရွယ်အိုများအတွက် အစီအမံများ ချမှတ်ထားပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် သက်ကြီးရွယ်အို စောင့်ရှောက်ရေးစီမံချက်ဝင် မြို့နယ် ၈၈ ခုရှိပြီး မြို့နယ်အဆင့် ဆေးရုံ၊ တိုက်နယ်ကျန်းမာရေးအဆင့်၊ ကျေးလက်ကျန်းမာရေးအဆင့်အထိ သက်ကြီးရွယ်အို ဆေးခန်းများ ဖွင့်လှစ်ကုသပေးလျက် ရှိပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ သန်လျင်၊ သုံးခွ၊ ခရမ်း၊ ဒေါပုံ၊ လှိုင်သာယာ၊ တွံတေး စတဲ့မြို့နယ်များမှာ သက်ကြီးရွယ်အို ကျန်းမာရေးစောင့်ရှောက်မှု စီမံချက် လုပ်နေပါတယ်” ဟု လူမှုရေးဝန်ကြီး ဒေါက်တာမြင့်သိန်းက ပြောကြားခဲ့သည်။

“ကျန်ရှိတဲ့ကုတင် ၂၀ဝ အောက် ဆေးရုံ၊ မြို့နယ်အဆင့် တိုက်နယ်အဆင့် ဆေးရုံတွေနဲ့ ကျေးလက်ကျန်းမာရေးဌာနအဆင့်အထိ နိုင်ငံတော်မှ ကျန်းမာရေးအတွက် ချပေးသော ဘတ်ဂျက်ငွေကို ကျန်းမာရေးဦးစီးဌာန၏ စီစဉ်မှုဖြင့် အခမဲ့ ကူညီထောက်ပံ့ပေးသွားမှာဖြစ်လို့ မြို့ပြသာမက ကျေးလက်အထိပါ ငွေကြေးမတတ်နိုင်သော အသက် ၇ဝ ကျော် ဘိုးဘွားတွေအပြင် အသက် ၆ဝ ကျော် ဘိုးဘွားတွေပါ နိုင်ငံပိုင်ဆေးရုံတွေမှာ အခမဲ့ ဆေးကုသခွင့်နှင့် ကျန်မာရေးစစ်ဆေးခွင့်များ ရရှိတော့မှာ ဖြစ်ပါတယ်” ဟု ဒေါက်တာမြင့်သိန်းက ဆိုပါသည်။

၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလမှ ၂၀၁၃ ခုနှစ်၊ မတ်လအထိ ဗဟိုအဆင့်ဆေးရုံ ၁၅ ရုံ၊ တိုင်းဒေသကြီး ပြည်နယ်အဆင့်ဆေးရုံများအတွက်  ဆေးဝယ်ယူရန် ကုတင်အဆင့်အလိုက် ခွင့်ပြုငွေကျပ် သိန်းပေါင်း ၄၀ဝ မှ ၁၅၀ဝ အထိ ခွဲဝေချထားပေးကြောင်း သိရသည်။

အင်းစိန်ဆေးရုံကြီးတွင်လည်း သက်ကြီးရွယ်အို ဆေးခန်းဖွင့်လှစ်ထားရှိကာ အသက် ၆ဝ နှင့်အထက် ဘိုးဘွားများကို အခမဲ့ကျန်းမာရေး စောင့်ရှောက်ခွင့်ပေးနေပြီး ကျန်မြို့နယ် ကျန်းမာရေးဦးစီးဌာနမှူးရုံးများတွင်လည်း အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း နှလုံးသွေးကြောကျဉ်းရောဂါနှင့် ပတ်သက်၍ ဆေးခန်းများ ဖွင့်လှစ်ကုသပေးလျက်ရှိကြောင်း သိရသည်။

ရန်ကုန်တိုင်းအတွင်း ဗဟိုအဆင့်ဆေးရုံ ၁၅ ရုံနှင့် တိုင်းဒေသကြီးအဆင့် မြို့နယ်၊ ခရိုင်တိုက်နယ်အဆင့် ဆေးရုံ ၅ရ ရုံတို့မှာ ၂၀၁၁ ခုနှစ်အတွင်း ဆေးပဒေသာပင်ဝင် ၂၁၈၉၄ သိန်းကျော်ရှိပြီး ရရှိသော အတိုးငွေဖြင့် လူနာပေါင်း ၂၁၉၄၁ ဦးကို ကျပ်တန်ဖိုး ၂၂၁ဝ သိန်းကျော်ဖိုးခန့် အခမဲ့ ဆေးကုသပေးနိုင်ခဲ့ကြောင်း၊ လာမည့် ဘဏ္ဍာရေးနှစ်တွင် ကျန်းမာရေးအသုံးစရိတ်ငွေကို လေးဆတိုးမြှင့် ပေးထားကြောင်း ဒေါက်တာမြင့်သိန်းက ပြောကြားခဲ့သည်။

မူရင်းသတင်း Source  : EMG

ဒီနေ့ ခင်ခ အင်တာနက်သတင်းတွေ ဖွင့်တဲ့အချိန်မှာဘဲ သတင်းဆောင်းပါး တစ်ပုဒ်ဖတ်လိုက်ရတယ်။ အဲဒီ သတင်း ဆောင်းပါးမှာ ရေးထားတဲ့အတိုင်း တကယ်ဖြစ်မယ်ဆိုရင်ဖြင့် ကောင်းမှာဘဲလို့တွေးရင်း ဝမ်းသာနေမိ တယ်လေ။ အဲဒီမှာအတွေးတစ်ခုဝင်လာတာက တစ်ခါတလေကျရင် သတင်းစာတွေ သတင်းတွေမှာ ဖော်ပြလို့ ကောင်းအောင် ပြောကြ ဆွေးနွေးကြပြီး ပြည်သူတွေက အဟုတ်မှတ်လို့နေကြကာမှ တကယ်တမ်းကြုံဆုံ ရတဲ့ အခါမှာ ဖတ်မိတဲ့သတင်းဆောင်းပါးတွေနဲ့ တက်တက်စင်လွဲဖြစ်ခဲ့တဲ့ အဖြစ်တွေကလည်း အများသား ဆိုတော့ ယုံရခက် မယုံရခက်နဲ့ဘဲ  နှစ်ပါးသွားနေရတဲ့ မြန်မာပြည်ဘဝကတော့လွှတ်ချင်ပါပြီလေ။ သတင်း ဆောင်းပါး ရေးကြသူတွေကလည်း အမှန်တိုင်းရေးကြလို့၊ ပြောဆိုဆွေးနွေးခဲ့သ၊ူ လမ်းညွှန်မိန်ကြားခဲ့သူ အစိုးရအကြီး အကဲ အုပ်ချုပ်သူတွေလည်း မိမိဆွေးနွေးဆုံးဖြတ်ခဲ့တဲ့အတိုင်း လမ်းညွှန်မိန်ကြားခဲ့တဲ့အတိုင်း သက်ဆိုင်ရာ နေရာတွေမှာ အမှန်တကယ်အကောင်အထည်ဖော်ဆောင်ရွက်မှု့ရှိရဲ့လားဆိုတာ လေ့လာအကဲခတ်ဖြစ်ခဲ့ ကြမယ်ဆိုရင်တော့ ဒို့နိုင်ငံကြီးအမှန်တကယ်တိုးတက်လာပြီဘဲလို့မှတ်ချက်ချနိုင်မှာပေါ့လေ။ ရှေးရှေးတုန်းက တိုင်းပြည်အုပ်ချုပ်မင်းလုပ်တဲ့ ဘုရင်ကရုပ်ဖျက်ပြီး တစ်ခါတရံတိုင်းပြည်ကိုလှည့်လှည် စနည်းနာတယ်လို့တော့ ငယ်ငယ်တုန်းကကြားဖူးသလို ရုပ်ရှင်တွေထဲလည်းကြည့်ဖူးတာဘဲလေ၊ အခုခေတ် တိုင်းပြည်အုပ်ချုပ်သူ အကြီး အကဲတွေကတော့ ဘယ်လိုနည်းတွေနဲ့များစနည်းနာနေလဲတော့မသိဘူးပေါ့ဗျာ။

အသက်အရွယ်ကြီးရင့်သော အဖိုးအဖွားများရဲ့ ဘဝလေးတွေလှပကျန်းမာ ရွှင်လန်းကြပါစေလို့—–။

 

ဖတ်ရှု့အားပေးသူအပေါင်းကျေးဇူးပါ။

ခင်ခ။

20 comments

  • kai

    December 5, 2012 at 1:09 pm

    နိုင်ငံတွေတော်တော်များများက… သက်ကြီးရယ်.. ကလေးရယ်ကို.. အခမဲ့ကျမ်းမာရေးစောင့်ရှောက်မှု ပေးပါတယ်..။
    မြန်မာပြည်က အဲဒီစနစ်မျိုး.. အခုမှအသည်းအသန်လုပ်နေပုံရပါတယ်..
    ဖြစ်သွားမယ်လည်း ထင်ပါတယ်..။

    ဆိုတော့…
    မေးခွန်းလေးတွေ.. ဖြစ်ချင်တာလေးတွေရှိရင်.. ဒီမှာတင်ကြပါနော.. :kwi:
    စနည်းနာတွေသူတွေ.. အိုကေသွားအောင်လို့ပါ..

    • Mobile

      December 5, 2012 at 2:38 pm

      ကျနော် အမြင်လေးတွေကို ပြောရမယ်ဆိုရင်
      အခြားနိုင်ငံတွေမှာ ကလေးတို့ လူကြီးတို့ အခမဲ့ ကျမ်းမာရေးစောင့်ရှောက်မှုမှာ
      တကယ် မတတ်နိုင်တဲ့ ကလေး လူကြီးတို့သာ အခွင့်အရေးယူကြမှာဖြစ်ပြီး တတ်နိုင်သူများက
      ဆေးရုံတတ်ရသည်ဆိုက တတ်နိုင်သလောက် အလျှူငွေ ထည့်ဝင်လျှူတန်း ခြင်းများပြုလုပ်ကြလိမ့်မည်။
      အခွင့်အရေးကိုလဲ အကျိုးရှိစွာ တန်ဖိုးထား၍ စည်းကမ်းရှိရှိ ယူတတ်ကြမည်ဟုမြင်ပါသည်။
      မြန်မာနိုင်ငံ မှာဆိုရင်တော့
      တတ်နိုင်တဲ့လူ မတတ်နိုင်တဲ့လူ အကုန်လုံးက အခွင့်အရေးကို ယူချင်ကြပါလိမ့်မယ်။ ဒီထက်ဆိုးတာက
      အလကားရတဲ့ အတွက် အမြဲးတမ်းပဲ အလကားရနေမည်ဆိုပါက ဆေးကုသမှုကိုသော်၎င်း
      ဆေးဝါးများနှင့် အခြားအသုံးအဆောင်ပစ္စည်းများကို၎င်း တန်ဖိုးထားမည်မဟုတ်ဟုထင်ပါသည်။
      ဆရာဝန်ကဆေးပေးလိုက်တယ် မသောက်ချင်ရင်လွင့်ပြစ်လိုက်မယ် ဘာဖြစ်လဲ အလကားရနေတာပဲ
      ဒါမျိုးလေးတွေကို မြင်မိပါတယ် မြန်မာနိုင်ငံအနေဖြင့် ငွေအမြောက်အများလည်း အသုံးပြုနိုင်ဖွယ်မရှိသလို
      စည်းကမ်းမရှိတဲ့ လူအများစုကြောင့် အသုံးပြု့သလောက်လည်း အကျိုးမရှိနိုင်ဟုမြင်မိပါသည်။

  • ခင်ခ

    December 5, 2012 at 1:29 pm

    ဦးဆုံးကွန်မန့်လေးရောက်နေလို့ ပြန်ဖွင့်ကြည့်လိုက်တာ သူကြီးဖြစ်နေလို့ ကျေးဇူးပါဗျာ။
    ကျန်းမာရေးစောင့်ရှောက်မှု့ကို အရင်ကလုပ်ပေမယ့် ထိထိရောက်ရောက်မဖြစ်ခဲ့ဘူး သူကြီးရေ။
    အခုတော့ လုပ်ဆောင်မှု့လေးတွေပိုပြီးများလာပါတယ် တကယ်ထိထိရောက်ရောက်လေးဖြစ်စေချင်ပါတယ် ကျန်းမာခြင်းက လာဒ်တစ်ပါးဖြစ်ပြီ လူတွေရဲ့ အဓိကလိုအပ်ချက်လည်းဖြစ်တယ်လို့မြင်ပါတယ်ဗျ။

  • ခင်ခ

    December 5, 2012 at 1:55 pm

    သူကြီးရေ ကွန်နက်ရှင်ကြောင့် ကွန်မန့်၂ခုထပ်သွားတယ်၊ အရင်က ကျွန်တော့်ကွန်မန့်တွေကို Edit လုပ်ပြီးဖျက် ပြင် လို့ရနေတာ အခုအဲဒါပါ မရတော့ဘူး။
    သူကြီးဘဲ ကွန့်တစ်ခုဖျက်ပေးလိုက်ပါဗျာ။ စိတ်ညစ်ပါတယ်။

    • မင်းနန္ဓာ

      December 5, 2012 at 3:00 pm

      လူကြီးတွေနဲ့စာရင် ကလေးတွေကို စောင့်ရှောက်ပေးဖို့ရာ ပိုအရေးကြီးတယ်လို့ထင်ပါတယ်
      အချက်အလက် အတိကျ မသိပေမယ့် မြန်မာနိုင်ငံက ဖွားသေနှုန်းမြင့်နေတုန်းပဲ ကြားမိတယ်လေ
      ကျနော်ပြောတာ လူကြီးတွေကို ပစ်ပယ်လိုလို့ မဟုတ်ပါ သူတို့က နှစ်ပေါင်း ၆၀၊ ၇ဝလောက် နေပြီးခဲ့ပြီကိုး
      ..
      ဒါနဲ့ စကားအတင်းစပ်လို့.. ကွန်မင့် အက်ဒစ် လုပ်တဲ့ကိစ္စပြောအုံးမယ်
      ကျနော်လည်း အင်္ဂလိပ်စာပို့စ်မှာ ကွန်မင့်ထဲ တိုက်ပင်းမှားတာလေးတွေ ပြင်ဖို့ edit ပျောက်သွားလို့
      ငါတော့ လက်ပံတောင်းအရေးကြောင့် ရထားတာလေး အရာကျပြီ တွေးနေတာ.. :kwi:
      အနော် တစ်ယောက်တည်း မဟုတ်ဘူးပေါ့နော် တခုခု လွဲတာထင်တယ်နော် :hee:

      • ခင်ခ

        December 5, 2012 at 3:11 pm

        ကိုမင်းနန္ဓာရေ ကျွန်တော်ကတော့ ဒီလိုတွေးထားတယ် all comment edit ရထားတာဟို တစ်ပတ်လောက်က မရတော့ဘူး၊ သီးခံပြီး ပိုစ့်ဆက်ရေးနေတယ်၊ မိမိ comment edit ကျန်သေးတာ ဒီမနက်ရပြီး၊ နေ့လည်ပိုစ့် တင်ပြီးပြန်ဖွင့်တော့ ဘာ comment edit မှ မရတော့ဘူး၊ Post edit ဘဲကျန်တော့တယ်။ ပေးထားပြီးသားတွေ ဘာကြောင့်ပြန်ရုတ်တာလဲ ဘာမှမသိရဘဲမို့ စိတ်ညစ်တယ်။ Post edit ပါ မရတော့ရင် ဂဇက်ကိုစိတ်နာရတော့မယ်ဗျာ။
        သူလဲဒီ မြန်မာအစိုးရလို ခုတစ်မျိုး တော်ကြာတစ်မျိုးလား မသိဘူး၊ ကျွန်တော်တို့ကံကိုက ဆိုးတာပါ ဒီလိုတွေနဲ့ဘဲကြုံရတယ်လို့။

        • Inz@ghi

          December 5, 2012 at 3:25 pm

          ကိုခင်ခရေ …ဂလိုဗျ ….
          ကျနော်တို့ ရွာကြီးဟာ WordPress လို့ခေါ်တဲ့ API ကြီးပေါ်မှာ run တယ်ဗျာ ..
          အလွယ်ပြောရရင် ကျနော်တို့ ပိုစ့်တွေ ပုံတွေ ကောမန့်တွေကို အင်တာနက်ဆိုတာ
          ကြီးပေါ် ထမ်းတင် ပေးထားတဲ့ စင်မြင့်ကြီး ဆိုပါတော့ဗျာ …
          အဲ့… အဲ့ဒါကြီးက ဒီအတိုင်းကြီးဆို ပလိန်းကြီး … ပုံတင် စာတင် ပုံပြင် စာပြင်
          ချောမွေ့ဖို့က plugin လို့ ခေါ်တဲ့ codes လေးတွေ သုံးရတယ်…
          စင်မြင့်ပေါ်မှာ တန်ဆာပလာလေးတွေ တပ်တာ ဒီကော်ရေးရှင်းလုပ်တာ ဆိုပါတော့..
          ဆိုတော့ … အဲ့သည့် ဟာလေးတွေ ထည့်မှ အဆင်ပြေတယ်ပေါ့ဗျာ ….
          Security ပိုင်း အကာအကွယ်ပေးတဲ့ တခြား plugin တွေလည်း
          ထိုနည်းလည်းကောင်းပေါ့ …. ကျနော်တို့ မန့်တဲ့ထဲ သုံးသုံးနေတဲ့ စမိုင်လီလေးတွေ
          ကလည်း တူတူပဲဗျ..

          ဆိုတော့ ကျောရိုးကြီးနဲ့ တူတဲ့ WordPress ကြီးက ၆လတခါ အသစ်ထွက်တယ်ဗျာ..
          ကျန်တဲ့ plugin တွေလည်းပဲ ၁လတန်သည် ၂လတန်သည် တခါ ထွက်လေတော့…
          အချိန်နဲ့ အမျှ အဲ့ဒါတွေ အသစ်လိုက်လဲရင်း ရွာကို သဂျီးက အသက်ဆက်ပေးထားရတယ်…
          မလဲလို့မရဘူးလား ခုတိုင်း အကောင်းဆုံးအနေအထား မှာရှိသားပဲ ဆိုရင်တော့
          မရဘူး ပြောရမယ်ဗျ… Security ပိုင်း အရ အယူအဆ က အမြဲတမ်း up-to-date
          ဖြစ်နေတာတွေကို သုံးရမယ် ..Antivirus များလိုပေါ့ …အဲ့လို အမြဲတမ်း up-date လုပ်တဲ့အခါ
          တခါတခါ ဂျမ်းဖြစ်တာတွေ ..အဆင်မပြေတာတွေ ရှိတတ် ဖြစ်တတ်ရဲ့ ….
          စင်မြင့်အသစ်မှာ ဖန်နေချာအဟောင်း က သုံးမရတာတို့ … ဆိုပါတော့ ..သည်တော့
          အစ်ကိုရေးထားသလို ဟို feature လက်တလော သုံးမရတာတို့ …
          ဒီ feature လက်တလော မပေါ်တာတို့ပေါ့

          ဆိုတော့ အဲ့လိုမျိုးတွေ တွေ့ရင် သဂျီးကို စောနိုင်သလောက် စောစော သံချောင်းခေါက်ဗျို့…
          ဘာလို့လဲဆို သူက Server မှာမို့ Client ဖြစ်တဲ့ ကျနော်တို့ဆီ ဘာတွေ ဘယ်လို
          အခက်အခဲရှိနေမယ်က ကျနော်တို့ပြောမှ သူပြင်ပေးနိုင်မှာမို့လား…

          ပေါ်လစီပိုင်း ပြောင်းလို့ လက်ရှိပေးသုံးနေတာ ခွင့်ပြုထားတာကို ခွင့်မပြုတော့ဘူး
          ရပ်ဆိုင်းလိုက်တယ်ဆိုရင် သဂျီး က ရွာသူားတွေကို ကြိုတင်အသိပေးမှာ လို့ ယူဆပါကြောင်း

          ဒက်ဂလောက် ဒက်ဂလောက်

          :kwi:

      • Foreign Resident

        December 5, 2012 at 4:31 pm

        ” ငါတော့ လက်ပံတောင်းအရေးကြောင့်
        ရထားတာလေး အရာကျပြီ တွေးနေတာ ”

        သိပ် တွေးတတ်တာပဲ ။ လူဇိုး ။ 😛
        ခဏလောက် စောင့်ကြည့်လိုက်ပါဦီးလေ ။

  • jullies cezer

    December 5, 2012 at 2:04 pm

    ဒီလိုနဲ့ပဲ မျှော်ရတာမကြာမီလာမည်မျှော် တကယ်ဖြစ်ပါစေလို့ဆုတောင်းပေးပါတယ် ……

  • Foreign Resident

    December 5, 2012 at 2:21 pm

    ” အခမဲ့ ဆေးကုသခွင့်နှင့် ကျန်မာရေးစစ်ဆေးခွင့် ”

    သိပ်မသေချာတာလေးတွေ သိချင်လို့ ။
    အခမဲ့ ဆေးကုသခွင့် ဆိုတဲ့ အထဲမှာ ၊
    ဆေးကုပေးတာအပြင် ၊ ဆေး / ဆေးဖိုး ကောပါသလားခမျ ။

    ဥပမာ ဆေးဘိုး သိန်းတစ်ရာလောက် ကျမယ်ဆိုရင်ကော ပေးမှာလား ဗျ ။
    ဘယ်လောက်အထိ Limit ကုန်ကျ ခံမှာလဲ မသိ ။

    သိရသလောက် ၊ ပြည်ထောင်စု အစိုးရ ကော ၊
    တိုင်း နှင့် ပြည်နယ် အစိုးရ အားလုံး ကော ၊
    ဘတ်ဂျက် လိုငွေ ပြ / အရှုံးပေါ်နေကြတယ် ကြားတယ် ။
    အဲဒါကို ဘယ်က ဘတ်ဂျက် နှင့် သုံးမလဲ မသိဘူး ။

  • ခင်ခ

    December 5, 2012 at 3:45 pm

    ကိုဂီရေ ရှင်းပြတာအတွက်ကျေးဇူးပါ။ ဒါပေမယ့် ကိုဂီပြောသလို သူကြီးကို စောနိုင်သလောက် သံချောင်းခေါက်ဆိုတာ အခုလို ရွာကွန်မန့်ကမဟုတ်ဘဲ သူကြီးကိုအသိပေးနိုင်တဲ့ အခြားမေးလိပ်စာလေးရှိရင် အသိပေးလို့ရရင်ပေးပါလားဗျာ။ ကျွန်တော် မသိလို့ပါ။
    ကျွန်တော်ဂျီမေးက khinkha39@gmail ပါခင်ဗျ။

  • P chogyi

    December 5, 2012 at 4:16 pm

    ကြားရတာ ဝမ်းသာပါတယ်။ ဖြစ်မှာပါ။

  • ကြည်ဆောင်း

    December 5, 2012 at 4:36 pm

    သတင်းလေးဖတ်ရတာတော့ဝမ်းသာစရာပါ…
    ကျန်းမာရေးစောင့်ရှောက်ခံ ဘိုးဘွားအသက်အရွယ်ကတော့
    နိုင်ငံသားစီစစ်ရေးကဒ်ပြားနဲ့တင်ပြီးပါ့မလား..
    ရှုပ်ရှုပ်ပွေပွေ စာရွက်စာတမ်းကိစ္စတွေများပါလာရင်တော့ခက်ပြီဘဲနော်

  • အလင်းဆက်

    December 5, 2012 at 8:24 pm

    အသက်အရွယ်ကြီးရင့်သော အဖိုးအဖွားများရဲ့ ဘဝလေးတွေလှပကျန်းမာ ရွှင်လန်းကြပါစေလို့—–။
    🙂

  • အစွန်အဖျားကကျန်းမာရေးတွေမှာတော့ သက်ဆိုင်ရာဝန်ထမ်းတွေထောကွက်ကခပ်များများလို့ထင်တယ်။
    တကယ်ပေးတဲ့အထောက်အပံ့တွေက ပေးသလောက်မရောက် ပျောက်ကုန်လားတော့မသိ။
    နောက်တစ်ချက် Mobile ရဲ့မန့်ချက်

    ((ကျနော် အမြင်လေးတွေကို ပြောရမယ်ဆိုရင်
    အခြားနိုင်ငံတွေမှာ ကလေးတို့ လူကြီးတို့ အခမဲ့ ကျမ်းမာရေးစောင့်ရှောက်မှုမှာ
    တကယ် မတတ်နိုင်တဲ့ ကလေး လူကြီးတို့သာ အခွင့်အရေးယူကြမှာဖြစ်ပြီး တတ်နိုင်သူများက
    ဆေးရုံတတ်ရသည်ဆိုက တတ်နိုင်သလောက် အလျှူငွေ ထည့်ဝင်လျှူတန်း ခြင်းများပြုလုပ်ကြလိမ့်မည်။
    အခွင့်အရေးကိုလဲ အကျိုးရှိစွာ တန်ဖိုးထား၍ စည်းကမ်းရှိရှိ ယူတတ်ကြမည်ဟုမြင်ပါသည်။
    မြန်မာနိုင်ငံ မှာဆိုရင်တော့
    တတ်နိုင်တဲ့လူ မတတ်နိုင်တဲ့လူ အကုန်လုံးက အခွင့်အရေးကို ယူချင်ကြပါလိမ့်မယ်။ )))

    လက်ခံစရာပါ။တစ်ချို့ပိုက်ဆံချမ်းသာသူတွေက အလကားရရင်ဆင်းရဲသားတွေထက်တောင်ပိုလိုချင်ကြတယ်။

    • ခင်ခ

      December 6, 2012 at 9:55 am

      ( လက်ခံစရာပါ။တစ်ချို့ပိုက်ဆံချမ်းသာသူတွေက အလကားရရင်ဆင်းရဲသားတွေထက်တောင်ပိုလိုချင်ကြတယ်။ )
      မနန်းတော်ရာသူရေ ဒါကတော့ စိတ်ဓာတ် စိတ်ထား နဲ့ဆိုင်မှာပါ။ အဲလိုမျိုးတွေတွေ့ရတိုင်း လောဘအတော် မတတ်တာကိုကြည့်ပြီးပြုံးမိတယ်။ မဲ့ပြုံးပါ။

  • uncle gyi

    December 5, 2012 at 9:32 pm

    လူတိုင်းအခွန်ကိုမရှောင်ပဲတကယ်ဆောင်လာကြမယ်ဆို
    မဖြစ်နိုင်စရာမရှိပါဖူးကိုရင်ရယ်

  • ခင်ခ

    December 6, 2012 at 10:03 am

    အမှန်ဘဲ အန်ကယ်ကြီးရေ။ ဒါပေမယ့် အဲလိုဖြစ်ဖို့တော့ အတော်လုပ်ရအုံးမယ်ထင်ပဗျာ။

Leave a Reply