ဝမ်းသာစရာသတင်း

thit minDecember 5, 20124min35441

ဝမ်းသာစရာသတင်း

 

“ဒီမြှားက ဘယ် အရပ်ကလာတာလဲ၊ ဒီမြှားကို ဘယ်သူပစ်တာလဲ ၊ ဘယ်သူကပစ်ခိုင်းတာလဲ၊ဘယ်လိုမြှားအမျိုးအစားလဲ
ဆိုတာ လေ့လာသင့်ပေမဲ့ ပထမဦးစားပေးကတော့ အခု ဝေဒနာ ခံစားနေရသူများကို ဆေးကုဖို့လိုအပ်တာပါ။
ခုသတင်းလေး က အရမ်းဝမ်းသာဖို့ကောင်းပါတယ်။
ပြည်ဝင်ခွင့်ကိုလဲ လွယ်လွယ်ကူကူဖြစ်ပါစေ။”
 Special credit to Venus News Weekly
 
ဒဏ်ရာရ သံဃာတော်များကို နိုင်ငံလေးနိုင်ငံမှ အရေပြားဆရာဝန်များ လာရောက်ကုသပေးမည်
 
ကျော်ဇေယျာထွန်း
ရန်ကုန်၊ ဒီဇင်ဘာ ၅။
 
လက်ပံတောင်းတောင် အထွေထွေ သပိတ်စခန်းများအား အစိုးရက အကြမ်းဖက်ဖယ်ရှားစဉ် ဒဏ်ရာရခဲ့သော
 
သံဃာတော်များကို ထိုင်းနိုင်ငံ၊ ထိုင်ဝမ်၊ အမေရိကန်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့မှ အရေပြားအထူးကု ဆရာဝန်များ
 
လာရောက် ကုသပေးမည်ဖြစ်ကြောင်း အဆိုပါ ဆေးကုသမှု အစီအစဉ်ကို ဆောင်ရွက်ပေးနေသည့် အဖွဲ့
 
အစည်းများထံမှစုံစမ်းသိရှိရသည်။
 
အရေပြားအထူးကုဆရာဝန်ကြီးများသည် ရန်ကုန်မြို့သို့ ဒီဇင်ဘာလ ၅ ရက်နေ့တွင် ရောက်ရှိမည်ဖြစ်ပြီး
 
မန္တလေးမြို့သို့ ရရက်နေ့ မတိုင် ခင် ရောက်ရှိမည်ဖြစ်ကြောင်း၊ ယခု ဆေးကုသမှု အစီအစဉ်ကို မုံရွာ ပွင့်လင်းလူ့
 
အဖွဲ့အစည်း၊ စိမ်းရောင်စို Activity(မန္တလေး)၊ ဘဝအလင်း(မန္တလေး) နှင့် ငြိမ်းချမ်းရေး ကွန် ယက် မှ ဒေါ်ခွန်ဂျာ
 
တို့က ပူးပေါင်းစီစဉ်ခဲ့ခြင်းဖြစ်ကြောင်း မုံရွာ ပွင့်လင်းလူ့အဖွဲ့အစည်းနှင့် စိမ်းရောင်စို Activity (မန္တလေး) အဖွဲ့
 
ဝင်များက ပြောကြားသည်။နိုင်ငံခြားမှ ဆရာဝန်များဆေးကုသနိုင်ရန် နေရာအတွက် မန္တလေးဆေးရုံနှင့်
 
သွားရောက် ညှိနှိုင်း မည် ဖြစ်ကြောင်း၊ ဆေးဝါးကုသမှုတွင် ကူညီပေးနိုင် ရန် ပြင်ပဆရာဝန်များကိုလည်း အကူ
 
အညီ တောင်း ခံထားပြီ ဖြစ်ကြောင်း၊ ကုသမှုကုန်ကျစရိတ်အတွက်ကို ဒေသခံ အဖွဲ့အစည်းများနှင့် မန္တလေးမှ
 
အဖွဲ့များ စုပေါင်းကာ အလှူငွေများ ကောက်ခံစုဆောင်းထားပြီးဖြစ်ကြောင်း မုံရွာပွင့်လင်းလူ့အဖွဲ့အစည်းမှ
 
ပြန်ကြားရေး တာဝန်ခံ ဦးသက်ဆွေအေး က ပြောကြားသည်။“နိုင်ငံတကာက ပညာရှင်တွေရဲ့ အကူအညီတွေ
 
လိုချင်ပါတယ်။ အခု ဒီလို ဒဏ်ရာရခဲ့တာနဲ့ ပတ်သက် ပြီးလည်း စစ်ဆေးမှုတွေ လုပ်နေတာရှိပါ တယ်”ဟု
 
၎င်းကဆက်လက်ပြောကြားသည်။“ဘယ်နှယောက် လာမလဲတော့ မသိသေးဘူး။ လေးနိုင်ငံကတော့ လာမယ်၊
 
မန္တလေးဆေးရုံမှာပဲ ကုသ ရမယ် ဆိုရင်တော့ ပိုကောင်းတာပေါ့၊ သံဃာတွေ ကများတယ်၊ နေရာပြောင်းဖို့
 
ကမလွယ်ဘူး။ ကုသ မယ့်နေ ရာကို စီစဉ် နေတုန်းပဲ”ဟု စိမ်းရောင်စို Activity (မန္တလေး)မှ အမှုဆောင်အဖွဲ့ဝင်
 
ဦးနေသစ်က ပြောကြားသည်။

 

လက်ရှိအချိန်ထိ မန္တလေးဆေးရုံသို့ ရောက်ရှိနေသော သံဃာတော်များနှင့် လူပုဂ်္ဂိုလ်၏ ဒဏ်ရာများသည် ပိုမို

ဆိုးရွားလာကြောင်း၊ ဒဏ်ရာများမှာ ပိုကြီးလာပြီး အချို့မှာ အသားများပါ ပဲ့ကျကာ အတွင်းသို့ လှိုက် စား လာ

ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

“မန္တလေးဆေးရုံက ဒဏ်ရာတွေ ပျောက်ဖို့အတွက် ဆေးတွေ ထိုးပေး တယ်လို့တော့ သိရတယ်၊ အသေး စိတ်

ဘာတွေ ကုပေးတယ်လို့တော့ မသိဘူး”ဟု ဦးနေသစ်က ဆက်လက်ပြောကြားသည်။

“ဒဏ်ရာတွေက မသက်သာဘူးဗျ။ အခု မဖြူဖြူဝင်းဆိုရင် ဒဏ်ရာက အရမ်းနာလာတော့ ဆေး ထိုးပေးဖို့ ပြော

တယ်၊ အခု မန္တလေးဆေးရုံကို ပို့လိုက်ရပြီ”ဟု မုံရွာမြို့ ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးသက်ဆွေအေးက ပြော သည်။

လက်ရှိတွင် မန္တလေးပြည်သူ့ ဆေးရုံတွင် လက်ပံတောင်းတောင် သပိတ်စခန်း ဖြိုခွင်းမှုမှ ဒဏ်ရာရရှိခဲ့သူ သံဃာ

နှင့် လူ စုစုပေါင်း ၇၂ ဦးခန့် ရှိနေပြီး အများစုမှာ သံဃာတော်များဖြစ်ကြောင်း သိရသည်။

===================================

Additional News

ဒဏ်ရာရ သံဃာများအား ထိုင်း အထူးကု ဆရာဝန်လာရောက်ကြည့်ရှု

 
 
ဟင်္သာနီ (မွန်မြေ) | စနေနေ့၊ ဒီဇင်ဘာလ ဝ၈ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၃၁ မိနစ်စံခလပူရီ (မဇ္ဈိမ)။ ။
 
မုံရွာဆေးရုံမှ မန္တလေးဆေးရုံသို့ ပြောင်းရွှေ့ကုသနေရသည့် မီးလောင် ဒဏ်ရာ ပြင်း ထန်သည့်
 
သံဃာတော်များထံသို့ ဒီဇင်ဘာလ ၈ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်က ထိုင်း အရေပြား အထူးကု
 
ဆရာဝန်ကြီး Dr. Suthat Duangdeeden က လာရောက် ကြည့်ရှုသွားခဲ့ကြောင်း ဒဏ်ရာရ
 
သံ ဃာတော်များ အား ကုသနိုင်ရေးအတွက် ကမကထ ပြုနေသည့် ဦးဆောင် သံဃာတပါး
 
ဖြစ်သူ ဦးသု (ခေါ်) ဦးဝိမလ က မိန့်ကြားသည်။ မန္တလေး ဆေးရုံရောက် ဒဏ်ရာရ သံဃာများအား
 
ထိုင်း အရေပြား အထူးကု ဆရာဝန် လာရောက် ကြည့်ရှု။
 (ဓါတ်ပုံ – shaeshae(century) )
 
“အခုလည်း ဆက်လက် ပြီးတော့ ကြည့်ရှုနေပါတယ်။ နောက်ပြီး ထိုင်းအရေပြား ဆရာဝန်က လိုအပ်မယ့်
ဆေးပစ္စည်းတွေ၊ ဆေးပိုင်းဆိုင်ရာ အထောက်အကူပြု ပစ္စည်းလေးတွေကို နည်းနည်း လှူဒါန်းတဲ့
 
အခမ်းအနားမျိုးလည်း လုပ်ပါတယ်” ဟု မဇ္ဈိမကို မိန့်ကြားသည်။ထိုသို့ လာရောက်ကြည့်ရှုခဲ့စဉ်အတွင်း မန္တလေး
 
ဆေးရုံအုပ်ကြီး ဒေါက်တာမောင်ဝင်း ကလည်း မိမိတို့အနေဖြင့်
ဆေးပိုင်းဆိုင်ရာ ဆွေးနွေးရာတွင် မိမိတို့အနေဖြင့် နိုင်ငံတကာ အဆင့်မီ ဆေးဝါးများဖြင့်လည်း အသုံးပြု
 
ကုသလျက် ရှိနေသည်ဟု ထိုင်းအရေပြား ဆရာဝန်နှင့် မန္တလေး ဆေးရုံအုပ်ကြီးတို့ တွေ့ဆုံဆွေးနွေးစဉ်တွင်
 
ပြောကြားခဲ့ကြောင်း ဦးဝိမလ က မိန့်သည်။ထိုင်းအရေပြား အထူးကု ဆရာဝန်ကလည်း ဒဏ်ရာရ သံဃာတော်
 
အများစုမှာ လက်ရှိ၌ ကျန်းမာရေး အခြေအနေ တိုးတက်လျက်ရှိသည်ဟု မှတ်ချက်ပြုခဲ့ပြီး ရေရှည် ဆက်လက်
 
ကုသရဦးမည် ဖြစ်ကာ အဖျားရောဂါများ ဆက်လက်ခံစားရနိုင်မည်ဟု သတိပေးသွားသည်။ ဒဏ်ရာရသူ များစွာမှာ
 
လရှည် ကုရမည့် လူနာများ ဖြစ်ကြောင်း ထိုင်းဆရာဝန်ကြီးက ပြောဆိုသွားသည်။ဒဏ်ရာ ပြင်းထန်သည့် ဦးဇင်း
 
တစ်ပါး ဖြစ်သည့် ဦးတိက္ခဉာဏ အား ထိုင်းနိုင်ငံ၌ ဆေးဝါး သွားရောက် ကုရန် စီစဉ်လျက်ရှိပြီး
 
သံဃာ့မှတ်ပုံတင်မှာ မီးလောင်ကျွမ်းသွား၍ ယနေ့ မုံရွာသို့ဆင်း၍ သံဃာ့ မှတ်ပုံတင် အသစ်ပြန်လည်
ရရှိရန် ကြိုးစားနေကြောင်း သိရှိရသည်။ဦးတိက္ခဉာဏမှာ သက်တော် ၆၄ နှစ် ရှိပြီ ဖြစ်၍ ဆေးဝါး
 
သုံးဆောင်ရသည့် အရှိန်ကြောင့် နုံးချိလျက် ရှိကာ ဒဏ်ရာအခြေအနေမှာ နောက်ကျောဖြင့် အမြဲတစေ
 
အိပ်နေရသဖြင့် အနာများ ဆိုးဝါးလျက် ရှိသည်ဟု သိရှိရသည်။

ကိုယ်တော်ကြီးအတွက် နိုင်ငံကူး လက်မှတ် အမြန်ဆုံးရရှိရေးလည်း ကျန်းမာရေးနှင့် လူမှုရေး ဝန်ကြီးက

စီစဉ်ဆောင်ရွက်ပေးမည်ဟု ကတိပေးထားကြောင်း ဦးဝိမလ က မိန့်သည်။

ထိုသို့ နိုင်ငံခြားမှ ဆရာဝန်များ လာရောက် ကြည့်ရှုနိုင်ရန်အတွက် ပွင့်လင်းမုံရွာ လူ့အဖွဲ့အစည်း၊ ကချင်

ငြိမ်းချမ်းရေး ကွန်ယက်တို့မှ အဓိက ဝိုင်းဝန်း ဆက်သွယ်ပေးခဲ့ သည်ဟု ယနေ့ ထိုင်းဆရာဝန်ကြီးအား လိုက်လံပို့

ဆောင်ပေးခဲ့သူ ကိုဝင်းမင်းထွန်း က ပြောသည်။

“သူက ထိုင်းက ဆရာဝန် ကြီးပဲလေ။ ကုသဖို့ လာတာ မဟုတ်ဘူး။ လက်ရှိ ဒီမှာ ရှိနေတဲ့ သံဃာတွေရဲ့ အခြေအနေ

အားလုံးကို ကြည့်ရှုခွင့်တော့ ရတယ်။ ကြည့်ပြီးတော့ ဘယ်လို နေရမယ်။ ဘယ်လို ထိုင်ရမယ် အဲဒီလို

အကြံပေးပြီးပြောသွားတာ ရှိတယ်” ဟု မဇ္ဈိမကို ပြောသည်။

ထိုင်းဆရာ ဝန်ကြီးသည် မန္တလေး ဆေးရုံမှ လက်ထောက် ဆရာဝန်မ တဦး၏ အကူအညီဖြင့် မေးရိုး ဆိုင်ရာနှင့်

တကိုယ်လုံး မီးလောင်ဒဏ်ရာ ရရှိထားသည့် သံဃာများအား အနီးကပ် ကြည့်ရှုသွားခဲ့ပြီး ဒဏ်ရာ ပြင်းထန်သည့်

လူနာများကို အထူး စိတ်ဝင်တစား ကြည့်ရှုသွားကာ ကျန်သံဃာများကိုလည်း ကြည့်ရှုသွားခဲ့သည်ဟု

ကိုဝင်းမင်းထွန်း က ဆိုသည်။

မန္တလေး ဆေးရုံ၌ လက်ပံတောင်း သပိတ်စခန်း ဖြိုခွင်းခံရမှုတွင် မီးလောင်ဒဏ်ရာ ရရှိသည့် သံဃာ ၂၃ ပါးနှင့်

လူပုဂ္ဂိုလ် ၄ ယောက် တက်ရောက်၍ ကုသနေရဆဲ ဖြစ်သည်ဟု ဆိုသည်။

ဆက်လက်၍လည်း ထိုင်ဝမ်နှင့် အာဖရိကတိုက်သား ဆရာဝန်ကြီးများ လာရောက် ကြည့်ရှူ့ရန် စီစဉ်လျက်ရှိသည်

ဟုလည်း သိရသည်။

 
 ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မန္တလေးဆေးရုံကြီးတွင် တက်ရောက်ကုသနေသော သံဃာတော်များအား ပြည်ပမှ အထူးကုဆရာဝန်ကြီးများ လာရောက်ကြည့်ရှု PDF Print
Monday, 10 December 2012 00:58
AddThis Social Bookmark Button
10

မန္တလေးပြည်သူ့ဆေးရုံကြီးတွင် ဒေါက်တာတင်မျိုးဝင်းနှင့် ဩစတြေးလျနိုင်ငံမှ ခွဲစိတ်ဆရာဝန်တစ်ဦး လာရောက်ကြည့်ရှုနေစဉ်

မန္တလေး ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသနေသော သံဃာတော်များ၏ ဒဏ်ရာရရှိမှု အခြေအနေများအား ပြည်ပမှ အထူးကုဆရာဝန်ကြီးများ လာရောက်လေ့လာ ကြည်ရှုခဲ့ကြောင်း သိရသည်။လက်ပန်းတောင်းတောင် သပိတ်စခန်း ဖြိုခွဲမှုတွင် ဒဏ်ရာရရှိခဲ့သော သံဃာတော်များ၏ ကျန်းမာရေးအခြေအနေနှင့် မန္တလေးဆေးရုံကြီး၏ ကုသမှုအခြေအနေများကို ဒီဇင်ဘာလ ၈ ရက်နေ့က ထိုင်းနိုင်ငံမှ အရေပြား အထူးကုဆရာဝန်ကြီးတစ်ဦးမှ လာရောက်ကြည့်ရှုကာ ဆေးရုံအုပ်ကြီးနှင့် တွေ့ဆုံညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြောင်း၊ သံဃာတော်များအတွက် လိုအပ်သော ဆေးဝါးအချို့နှင့် ဝတ္ထုငွေလှူဒါန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

”ထိုင်းနိုင်ငံက အထူးကုဆရာဝန်ကြီးတစ်ဦး လာရောက်ပြီး ဆေးရုံအုပ်နဲ့ တွေ့ဆုံဆွေးနွေးတာမျိုး လုပ်သွားတာပါ။ သူတို့အနေနဲ့ သံဃာတော်တွေရဲ့ကျန်းမာရေး ကုသမှုအပိုင်းကို တာဝန်ယူ လုပ်ဆောင်ချင်တယ်လို့ သိရတယ်” ဟု ကျန်းမာရေးစောင့်ရှောက်မှု ကော်မတီမှ ဆရာတော်တစ်ပါးက မိန့်ကြားပါသည်။

ဒီဇင်ဘာလ ၈ ရက်နေ့ ညပိုင်းတွင်လည်း စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ တာဝန်ဖြင့် ဒေါက်တာတင်မျိုးဝင်းနှင့်အတူ ဩစတြေးလျနိုင်ငံမှ ခွဲစိတ်အထူးကု ဆရာဝန်တစ်ဦးပါဝင်သော အဖွဲ့မှလည်း သံဃာတော်များ၏ ဒဏ်ရာရရှိမှုများနှင့် လက်ရှိကုသမှု အခြေအနေများကို လာရောက်မေးမြန်း စုံစမ်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

”စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ တာဝန်နဲ့ လာခဲ့တာပါ။ ဩစတြေးလျနိုင်ငံက ခွဲစိတ်အထူးကု ဆရာဝန်ကတော့ ဒဏ်ရာရရှိမှု အခြေအနေကို အကဲဖြတ်နိုင်အောင်အတွက် လေ့လာတဲ့အနေနဲ့ ကြည့်ရှုတာပါ။ နောက်ပြီး သံဃာတော်တွေရဲ့ကျန်းမာရေးအတွက် လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်အောင်လို့ အဓိကထားပြီး လာခဲ့တာပါ” ဟု ဒေါက်တာတင်မျိုးဝင်းက ပြောကြားပါသည်။

လက်ရှိအချိန်တွင် ဒဏ်ရာရရှိခဲ့သော သံဃာတော်များအား မန္တလေး ပြည်သူ့ဆေးရုံကြီးနှင့် ၆၂ လမ်းရှိ ကန်တော်နဒီဆေးရုံတို့တွင် ထားရှိကာ ကုသမှုများ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

41 comments

  • kyeemite

    December 5, 2012 at 4:12 pm

    ဒီသတင်းကို ကြားကတည်းက ဝမ်းသာနေတာဗျာ…
    မှန်ပါတယ်…မီးခိုးဗုံးလား၊ မီးလောင်ဗုံးလားစုံစမ်းတာ
    ဘာကြောင့်ဒီဗုံးတွေသုံးပီးဖြိုခွင်းရတာ…ဒါတွေကနောက်မှပါ..
    လောလောဆယ် ဆရာတော်တွေဒါဏ်ရာ သက်သာဖို့ပိုအရေးကြီးပါတယ်…
    တစ်ခု တွေးမိတာကလည်း သူတို့လို အတွေ့အကြုံရှိနိုင်ငံခြားသားတွေ
    လာရောက်စစ်ဆေးကုသပေးရင် ဆရာတော်တွေဒါဏ်ရာသက်သာရေးအတွက်
    ပိုကောင်းလာတဲ့အပြင် ဒါဏ်ရာကိုကြည့်ပြီး ဘာကြောင့်ဖြစ်တဲ့ဒါဏ်ရာဆိုတာပါ
    အလိုလိုထင်ရှားလာပါလိမ့်မယ်…ဥပမာ..ခုပြောနေကြသလို
    ဓါတုပစ္စည်းပါလား..ဘာလားဆိုတာပေါ့…
    တစ်ချက်ခုတ်နှစ်ချက်ပြတ်သွားလိမ့်မယ်ဗျ…

  • thit min

    December 5, 2012 at 4:34 pm

    ဟုတ်လိုက်လေ။ အတွေးတူသွားတယ်ဗျို့။
    ကျနော်က မှူခင်းဆရာဝန်တွေ၊ ဓာတ်ခွဲပါရဂူတွေ (အထူးသဖြင့် ယူအက်စ်) က ပါလာလေမလားလို့
    တွေးမိလို့ ဒီမှာတင်ပေးလိုက်တာ။
    ဒါနဲ့ ဟေ့ အကိုကြီးမိုက်ရေ အာအိုင်တီကြီး ပြန်ဖွင့်ပြီနော်။
    ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

    မူလပထမ ရန်ကုန်နည်းပညာ တက္ကသိုလ် ပြန်ဖွင့်ပြီ –

    ၁၃ နှစ်ကြာ ပိတ်ပင်ထားသည့် မြန်မာနိုင်ငံ၏ အထင်ကရ တက္ကသိုလ်တစ်ခုဖြစ်သော ရန်ကုန်နည်း ပညာ တက္ကသိုလ် (ယခင်ရန်ကုန်စက်မှုတက္ကသိုလ်) ကို ဒီဇင်ဘာ ၃ ရက်ကပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း
    သိရသည်။

    အဆိုပါ တက္ကသိုလ်ကြီးအား ၁၉၉၉ ခုနှစ်မှ စတင်ကာ ကျောင်းသူ၊ကျောင်းသားသစ် များ တက်ရောက်နိုင် ခွင့် မရှိတော့ဘဲ ပိတ်ပင်ခံခဲ့ရခြင်းဖြစ်ကာ ယခုအခါ အဆိုပါ တက္ကသိုလ်ကြီး တွင် ခြောက်နှစ် အင်ဂျင်နီယာ ဘွဲ့ သင်တန်းများ ပြန်လည်လက်ခံခဲ့ခြင်း ဖြစ်သည်။

    “ဒီကျောင်းကို ပြန်ဖွင့်နိုင်ဖို့ အဆင့်မြင့်အဖွဲ့ တစ်ဖွဲ့ ဖွဲ့စည်းပြီးတော့ဆောင်ရွက်ခဲ့တာ ဖြစ်ပါ တယ်။ ဒီအဖွဲ့ကို နည်းပညာဒုဝန်ကြီးဟောင်းလဲဖြစ် ဒီကျောင်းပါမောက္ခချုပ် (ငြိမ်း) ဦးညီလှငယ်က ဦးဆောင်ပြီး အဆင့်မြင့် သင်ရိုးညွှန်းတမ်းတွေကို ရေးဆွဲပြီး ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်” ဟု အဆိုပါကျောင်းမှ တာဝန်ရှိသူ တစ်ဦး က ပြောသည်။

    အဆိုပါ ရန်ကုန်နည်းပညာ တက္ကသိုလ်နှင့်အတူ မန္တလေးနည်းပညာ တက္ကသိုလ်တွင်လည်း အလား တူ ခြောက်နှစ် အင်ဂျင်နီယာဘွဲ့ သင်တန်းများကို ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။

    ယင်းသို့ ရန်ကုန်စက်မှုတက္ကသိုလ် ပြန်လည်ဖွင့်လှစ်နိုင်မှုနှင့် ပတ်သက်၍ ကျောင်းသားဟောင်းဖြစ်သူ ဦးလှဝင်းက “ဒီကျောင်းဖွင့်ဖို့ဆိုပြီး နည်းပညာ ပြည်ထောင်စုဝန်ကြီးဟောင်း ဦးအေးမြင့်နဲ့ ဦးညီလှငယ်တို့ စပြီးကြိုးစားခဲ့တာပါ။ နောက် ဒီကျောင်းကြီးကို ပြန်လည်ပြုပြင်ရတာတွေ လုပ်ရပါတယ်။ ဒီလို ပြုပြင်တဲ့နေရာမှာ အစိုးရသာမက အလှူရှင်တွေပါပေါင်းပြီး လုပ်ခဲ့ရတာ ဖြစ် ပါတယ်။ သင်ရိုးညွှန်းတမ်းကို ရေးဆွဲရပါတယ်။ ဒီနှစ်ကစပြီး ၁ဝ တန်းအောင်တဲ့ ကလေးတွေကို ခြောက်နှစ်ဘွဲ့ သင်တန်းတွေ ဖွင့်နိုင်ပါပြီ။ ပညာရေးစနစ်က ၂၀၀ဝ ပြည့်နှစ်မှာ၁ဝ တန်းအောင် ကနေ GTC ကနေ B.Tech၊ နောက် B.E ဆိုပြီး စနစ်ပြောင်းသွားခဲ့တယ်။ အခုတော့ တိုက်ရိုက် B.E စနစ်ပြောင်းလဲခဲ့ပြီ ဖြစ် ပါတယ်။ အရင်စနစ်က ပညာရေးမှာ အဆင်မပြေခဲ့တာတွေ ဖြစ်လာခဲ့ တဲ့အတွက် ဒီလိုပြန်လည် မြှင့် တင်ခဲ့တာ ဖြစ်ပါတယ်” ဟု ပြောပြခဲ့ကြောင်း ………..။
    Credit to ရန်ကုန်တိုင်း(မ်)

  • Mon Kit

    December 5, 2012 at 4:35 pm

    တကယ့်ကို ဝမ်းသာစရာ သတင်းလေးပါ…….. 😀

  • ကြည်ဆောင်း

    December 5, 2012 at 4:41 pm

    သတင်းအတိုင်းမှန်ရင်တော့ဝမ်းသာစရာပါဘဲ
    ဒီရက်ပိုင်းအတွင်းစိတ်ချမ်းသာစရာကြားရတဲ့သတင်းကောင်းတစ်ခုပါ…

    • thit min

      December 5, 2012 at 5:13 pm

      မွန်ကစ်ရေ
      ဟုတ်ပါတယ်။ နေ့စဉ်အဲဒီ အနာကြီးတွေ ကြည့်မိပြီး သနားနေတာ။
      ကိုယ်ဟာကို ဖယောင်းစက်ကျရင်တောင် ပူတာမဟုတ်လား။
      ~~~~~~~~။
      ကြည်ဆောင်းရေ
      ဒီနေ့ရောက်မရောက် မေးကြည့်လို့ရရင် ကွန်ဖန်းလုပ်ကြည့်ပါလား။
      ကိုယ်လဲ နီးစပ်ရာကိုတော့မေးနေပါတယ်။

  • ခင်ခ

    December 5, 2012 at 4:46 pm

    ကြားရတဲ့သတင်းအတွက် ဝမ်းသာမိတယ်ဗျာ။
    အခုဖြစ်ပုံမှာ မီးခိုးဗုံး အသုံးပြုရင် ရေမသုံးရဘူးလို့သိရပါတယ်။ ဘာလို့လဲဆိုတော့ မီးခိုးဗုံးမှာပါတဲ့ ဓာတ်ပစ္စည်းက ရေနဲ့ထိတွေ့ရင် အက်ဆစ်အဖြစ်ပေါက်ကွဲစေလို့ပါ။ အခုဖြိုခွဲသူက မီးခိုဗုံးရော ရေရောသုံလိုက် မိတဲ့အတွက်ရယ် ဆန္ဒပြသူတွေကလည်း မျက်ရည်ဗုံးဆို အကာအကွယ်ဖြစ်ရန် စောင်ကိုရေစွတ် ကာမိတာရောမှာ မထင်မှတ်ဘဲ မီးလောင်တိုက်သွင်းသလိုဖြစ် မီးတောက်တွေ့တော့ ရေပက်ငြိမ်း အဲဒီမှာပိုဆိုးဖြစ်တာလို့ သိရပါတယ် ဦးကြီးမိုက်ရေ။

    • thit min

      December 5, 2012 at 5:10 pm

      ကိုခင်ခရေ
      ကိုခင်ခပြောတဲ့အတိုင်းပါဘဲ။
      အွန်လိုင်းမှာတော့ ဖော့စပရပ်စမ်းသပ်မှူလုပ်ပြတဲ့ ဟာတွေကို လဲ တွေ့နေရပါတယ်ခင်ဗျ။
      အဲဒီမြှား အဲလေ အဲဒီ ဗုံး နဲ့ ပါတ်သက်လို့ ဒီလိုဖတ်ဘူးပါတယ်။
      ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

      ဓာတုဗေဒပညာရှင် ဒေါက်တာခင်မောင်ညိုမှ လက်ပံတောင်းတောင် သပိတ်စခန်းများကို ဖြိုခွင်းခဲ့သော ဗုံးအမျိုးအစားပြောကြား

      လက်ပံတောင်းတောင် သပိတ်စခန်းများ မဖယ်ပေး၍ နှိမ်နင်းခဲ့သည့် ဗုံးတစ်မျိုးအတွက် ကြောင့်
      အသက် မသေသော်လည်း လူ၊ သံဃာတော် များသွေး ထွက်သံယို ဖြစ် ခဲ့ကြရပြီး ၎င်း ကဲ့သို့ အသုံးပြုခဲ့သည့် ဗုံး အမျိုး အစားနှင့်ပတ်သက်၍ ဓာတုဗေဒပညာရှင် ဒေါက်တာ ခင်မောင်ညိုမှ သပိတ် စခန်းများ ဖြိုခွဲရာတွင် အသုံးပြုသည့် ဗုံး အမျိုးအစားမှာ CN ဗုံးနှင့် နပန်း လုံးဖြစ်နိုင်ကြောင်း ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်နေ့တွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်၊ ရွှေဂုံ တိုင်ရှိ တော်ဝင်နှင်း ဆီ၌ ပြုလုပ် ခဲ့သော လက်ပံတောင်းတောင် အင်အားသုံး ဖြိုခွဲမှု လုပ်ရပ် စာ နယ်ဇင်းရှင်းလင်းပွဲတွင် ပြော ကြားခဲ့ကြောင်း သိရသည်။

      ဓာတုဗေဒပညာရှင် ဒေါက် တာခင်မောင်ညိုက ပြောကြားရာ တွင် “မျက်ရည်ယိုဗုံးဆိုတာ Cs Gas အမျိုးအစား ဖြစ်တယ်။

      CS ဗုံးဟာ သုံးလိုက်လို့ရှိရင် အငွေ့ ထွက်မယ်၊ ခန္ဓာကိုယ်တွေယား မယ်၊ မျက်စိတွေ ရဲတက်လာမယ်၊ ဒါတွေကို ရေနဲ့ကယ်၊ CS ဗုံးကို တစ်ကမ္ဘာလုံးသုံးတယ်။ CN ဗုံး ကျတော့ ဆန်ဇင်းတို့၊ ကာဗွန် တက်ထရာ ရိုရိုက်တို့ ထည့်ထား တယ်။ အဲဒါတွေက ပူစပ်ပူ လောင်တွေ ဖြစ်တယ်။ တခြား ဟာတွေ ပြင်းအားများ ရင် လောင်ကျွမ်းမှုတွေ ဖြစ်နိုင်တယ်။

      ဒါပေမယ့် မီးလောင်တာ မရှိဘူး။ ကလိုရိုဖောင်းပါရင် မေ့လဲတာ တွေ ဖြစ်တယ်။ ဒီဗုံးကို ပထမ ကမ္ဘာစစ်မှာ သုံးတယ်။ ဒုတိယ ကမ္ဘာစစ်နောက်ပိုင်းမှာ အဓိက ရုဏ်းနဲ့ သပိတ်စခန်းတွေကို ဖြိုခွဲ မို့ဆိုရင် CS ဗုံးကိုပဲ အသုံးများ တယ်။

      CN ဗုံးထဲကို တခြားဆန် ဇင်းတို့၊ ဒီကိုနိုက်တာတို့၊ ကလိုရို ဖောင်းတို့၊ ကာဗွန်ကက်ထရာ ကရိုရိုက်တို့အပြင် တခြားပစ်္စည်း ဆိုဒီယမ် ဒါမှမဟုတ် မဂ္ဂနီဆီယမ် ထည့်လို့ ဖြစ်နိုင်တယ်။

      သူက အက်စစ်နဲ့ ဖျန်းသလို အငွေ့တွေ လည်း ထွက်တယ်” ဟု ပြောကြားသွားခဲ့သည်။

      လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်၍ သက်ဆိုင်တာဝန်ရှိသူများက တွေ့ ဆုံမေးမြန်းခြင်း အစီအစဉ်ကို နိုင်ငံပိုင် ရုပ်သံ မီဒီယာမှတစ်ဆင့် ထုတ်လွှင့်ပြသခဲ့သော်လည်း ပြည်သူများက ၎င်းအစီအစဉ် တွင် ဖြေကြားခဲ့သော သက်ဆိုင် ရာတာဝန်ရှိသူများ၏ ဖြေကြား ချက်သည် တကယ်ဖြစ်ရပ်နှင့် ကွဲပြားလျက် ဖြစ်နေကြောင်း ပြောကြားလျက်ရှိသည်။

      Credit to Hot News Weekly
      http://www.hotnewsweekly.com/archives/14531

  • pooch

    December 5, 2012 at 4:51 pm

    ဒီသတင်းတိုင်း အမှန်ဖြစ်လာလို့ကတော့ အတိုင်းထက်အလွန်ပေါ့။
    ကုစရာရှိတာ အရင်ကုပြီးမှ ရှင်းစရာရှိတာ ဆက်ရှင်းလို့ရမှာ။
    နောက်ပြီး ကြားမိတာက လူတချို့လည်း ဒဏ်ရာရတဲ့သူတွေ ရှိတယ် ။ ကြောက်လို့ လာမပြကြတာ တချို့ဆို အနာတောင် ရင်းနေကြတယ်လည်း ကြားမိတယ်။ သတင်းတွေကတော့ စုံနေတာပါပဲ။
    ဘယ်လိုဆက်ဖြစ်မယ်ဆိုတာကတော့ ပိတ်ကားပေါ်မှာဆက်လက် ရှုစားရမှာပါပဲ ။

    • thit min

      December 5, 2012 at 5:19 pm

      မပူးချ်ရ
      သူတို့က ဆေးရုံလာရင်အဲဒီ အနာမျိုးဆို ရာဇဝတ်မှု-လူနာ ဆိုပြီး ဆေးရုံစာအုပ်မှာ ရိုက်လိုက်တယ်တဲ့။
      အဲဒီဟာကို လန့်လို့မလာတာဖြစ်နိုင်တယ်။

  • ရွာသူ jujuma .

    December 5, 2012 at 4:52 pm

    ခုလိုကြားရတာ..ဝမ်းသာတယ်ဗျာ …

    • thit min

      December 5, 2012 at 5:21 pm

      ဝမ်းသာတာကဟုတ်ပါတယ်။ ဗျာ ဆိုတော့ ဂျူးဂျူးမ က မန်းဒလေးကလား။
      ဒါမှမဟုတ် ရွာသားလား။ ဘာဘဲဖြစ်ဖြစ်ပါ ဝိုင်းဆုတောင်းပေးရအောင်နော်။
      ဆေးကောင်းနဲ့မြန်မြန်ကုသပျောက်ကင်းနိုင်ပါစေလို့။

  • Mobile

    December 5, 2012 at 5:17 pm

    ကြားရတဲ့သတင်းလေးတွေကတော့ အဟုတ်ကို ဝမ်းသာစရာလေးတွေပါဗျာ။
    ဒီလိုသတင်းလေးတွေလဲ လုပ်ကြပါဦ ကြားရတာ မင်္ဂလာရှိလွန်းလို့ပါဗျာ။

    • thit min

      December 5, 2012 at 5:24 pm

      ကျနော်လဲ အဲဒါပါဘဲ ကိုမိုဘိုလ်းရေ
      ပြည်ပထွက်လာဖို့ကို ဗီဇာမပေးဘူးလို့ (ပြောသံ)ကြားရတော့ စိတ်မကောင်းဘူး။
      အဲဒီအနာမျိုးက ရိုးရိုးဆေးနဲ့ကုလို့မှမရတာ။ ကယ်မီကယ်ထိတာဆိုရင်ပြောပါတယ်။

  • Foreign Resident

    December 5, 2012 at 5:17 pm

    အဘ ဆရာဝန်ကြီးတွေရဲ့ စိတ် / မာန ကို သိတယ် ။
    ဝန်ကြီး ကသာ By Force နှင့် မလုပ်ခိုင်းရင် ၊
    သိပ် အဆင်ပြေကြမယ် မထင်ဘူး ။

    မန္တလေးမှာ ပုဂ္ဂလိက ဆေးရုံတွေ ရှိတာပဲ ။
    အဲဒီကိုသာ ရွှေ့ကုကြပေါ့ ။

    • thit min

      December 5, 2012 at 5:27 pm

      အဲဒီပုဂ္ဂလိကဆေးရုံတွေက “လက်ခံ” ကုသရဲမယ်လို့ ကိုဖောထင်လား။
      ကျနော်တော့ အဲဒီ ဆေးရုံစာအုပ်ပေါ်က ရာဇဝတ်မှု-လူနာ ဆိုတာကြီးကိုတွေ့နေရလို့။

      • မင်းနန္ဓာ

        December 5, 2012 at 9:08 pm

        ရာဇဝတ်မှုလူနာ ဆိုတာ (Police Case or PC) ကို ဘာသာပြန်လွဲတာ ထင်ပါရဲ့ ရဲအရေးနဲ့ဆိုင်တဲ့အမှုဖြစ် လူနာ (ရဲက စစ်ဆေးအရေးယူ လုပ်ဆောင်သင့်တဲ့ ကိစ္စ) လို့ ဆိုလိုတယ်ထင်ပါရဲ့ မှုခင်းဆရာဝန်တွေ နားလည်မယ်ထင်ပါတယ်
        PC တုံးထုတဲ့ကိစ္စတိုင်းမှာ လူနာကို ရာဇဝတ်သားလို့ သတ်မှတ်ပုံ မရပါဘူး

        http://www.facebook.com/naythitn/posts/176039412536704

        ဒီလောက် မြင်သာထင်သာ ရှိနေတဲ့ ဖိအားတွေကြားထဲကနေ ဒီဆရာတော်တွေ ရခဲ့တဲ့ ဒါဏ်ရာတွေဟာ ရာဇဝတ်ကြောင်း မြောက်ပါတယ်၊ ရာဇဝတ်သင့်လောက်တဲ့ တရားခံ ရှိပါတယ်လို့ ပြတ်ပြတ်သားသား ပီစီတံဆိပ်တုင်္း ထုပေးရဲတဲ့ မုံရွာဆေးရုံက ဆရာဝန်တွေရဲ့ ဆုံးဖြတ်ချက်မှန်ကန်မှုနဲ့ ဆုံးဖြတ်ချက်အတိုင်း လုပ်ရဲတဲ့ သတိ္တကို လေးစားဖို့ ကောင်းတယ် မဟုတ်ဘူးလား။

        ဒါပေမဲ့ နောက်ဆက်တွဲ လာမဲ့ Problems များကိုဖြေရှင်းဖို့ပြင်ဆင်ထားစေခြင်တယ်။
        _____________________________________________________
        ရာဇဝတ်မှုလူနာ (Police Case or PC) ဆိုတဲ့ တံဆိပ်တုံးက ဆေးရုံ အားလုံးမှာ မရှိမဖြစ် နံပါတ်တစ် ပြူးပြူးပြဲပြဲ စာလုံးမည်း တံဆိပ်တုံးကြီး ဖြစ်နေပေမယ့် အဲဒီတံဆိပ်တုံးရို်က်ဖို့ အရေးကတော့ ပြီးစလွယ် ဆုံးဖြတ်ပြီး ကြုံသလို ကောက်ရိုက်လို့ ရတာမျိုး မဟုတ်ပေါင်ဗျာ။

        ရာဇဝတ်မှု လူနာ တံဆိပ် (ဆေးလောကသား အားလုံးက PC ပီစီ ထုတယ် လို့ဘဲ လွယ်လွယ် ခေါ်ကြတယ် ) ရိုက်မယ်လို့ ဆုံးဖြတ်ချက် ချနိုင်ဖို့အတွက် သက်ဆိုင်ရာ တာဝန်ရှိသူ ဆရာဝန်၊ ဆေးဝန်ထမ်း တစ်ယောက်ဟာ ဆေးပညာဆိုင်ရာ အသိ၊ပညာ၊ နားလည်မှု၊ အတွေ့အကြုံ၊ ကျွမ်းကျင်မှု၊ ရဲရင့်မှု တွေလိုအပ်တဲ့ အပြင် ဥပဒေရေးရာ ဆေးပညာ သို့မဟုတ် မှုခင်းဆေးပညာ (Forensic Medicine or Medical Jurisprudence) ကိုလည်း ထဲထဲဝင်ဝင် နားလည် တတ်ကျွမ်းရသဗျ။

        ရာဇဝတ်မှု လူနာလို့ သတ်မှတ်ပြီး လူနာရဲ့ ပြင်ပလူနာ မှတ်တမ်းမှာ ဖြစ်စေ၊ ဆေးရုံတင်ရမယ့် Admission Chart စာရွက်မှာ ဖြစ်စေ၊ ဆေးရုံဆင်းလက်မှတ် သို့မဟုတ် ဆေးရုံဆင်းစာအုပ်မှာ ဖြစ်စေ တံဆိပ်တုုံး မရိုက်ခင် ဆရာဝန်တစ်ယောက်ဟာ ရောဂါ ဖြစ်စဉ်၊ ဒါဏ်ရာရလာရင် ရလာပုံ ရလာနည်းနဲ့ အတိမ်အနက်၊ အလေးအပေါ့၊ နောက်ဆက်တွဲ ဖြစ်နိုင်ချေ စတာတွေကို စုံတကာစေ့နေအောင် မေးမြန်း စစ်ဆေးရတယ်။ ပီစီလူနာ အားလုံးလိုလို ကလည်း ထိခိုက်တာ၊ ဒါဏ်ရာရတာ၊ အဆိပ်သောက်တာ စသည်ဖြင့် တခြားအလုပ်တွေ ပစ်ပြီး ချက်ချင်းလက်ငင်း ထလုပ်ပေးရမယ့် .. .. ဆေးသွင်းတာ၊ သွေးရှာတာ၊ အနာချုပ်တာ၊ ကျောက်ပတ်တီး စီးတာ၊ နှာခေါင်းပိုက်ထည့်၊ အစာအိမ်ဆေးတာ၊ လိုအပ်ရင် အရေးပေါ် ခွဲစိတ်ခန်း ခေါ်ပေး၊ ဖွင့်ပေးတာ စတဲ့ အရေးပေါ် ဆေးကုသမှု (Emergency Medical Care)တွေ၊ မူးယစ်အတွက် ဆီးစစ်တာတို့၊ အရိုးကျိုးမကျိုး ဓါတ်မှန်ရိုက်တာတို့ အရေးပေါ် စမ်းသပ်မှု (Emergency Investigations) တွေ၊ တစ်ခါတစ်ရံ ခွဲစိတ်ဆရာဝန်၊ အရိုးဆရာဝန်၊ သမားတော် တို့ကို အရေးပေါ်ခေါ်ရ ကြည့်ခိုင်းရတာတို့ကို လိုအပ်နေကြတာချည်းပါ။ ပီစီလာရင် သာမန် လူနာတွေကို နောက်မှ ကြည့်ရတာ ထုံးစံဘဲ။

        ရာဇဝတ်မှု လူနာလို့ သတ်မှတ်ပြီး ဆေးပညာရှုထောင့်၊ ဥပဒေရေးရာ ရှုထောင့်တွေက သေချာနေပြီမို့ ပီစီ တံဆိပ်တုံး လွယ်လွယ်ကူကူ ရိုက်လို့ ရပြီ ထင်နေသေးရင်လည်း အကြီးအကျယ် မှားဦးမယ်။ တရားလို၊ တရားပြိုင်၊ လုပ်တဲ့သူ၊ ခံရသူ နှစ်ဦး နှစ်ဖက် အပြင် ဘေးကနေ အုံနဲ့ ကျင်းနဲ့ ပါလာကြတဲ့ နှစ်ဖက် အသိုင်းအဝိုင်း၊ ရံဖန်ရံခါ ဘေးမှာ အဆင်သင့် ရှိနေတတ်တဲ့ ဥပဒေဘက်တော်သား ပြည်သူ့ရဲတွေကပါ ခြိမ်းဟယ်ခြောက်ဟယ်နဲ့ ကုလားဖန် ဝင်ထိုးရင် ဆရာဝန် အငယ်တွေများဆို ပျာယာခတ်လို့ အမှန်ကိုတောင် ရဲရဲဝံ့ဝံ့ ဆုံးဖြတ်ဖို့ ခက်ကြရတယ်။ အတွေ့အကြုံရှိတဲ့ ကိုယ်ထက် အကြီးတွေ၊ တစ်ခါတစ်လေ ဆရာဝန်ကြီးတွေ၊ ဆေးရုံအုပ်တွေ အထိ တိုင်ပင်ကြ၊ ဖုန်းဆက် မေးကြ၊ ဒုတိယ အကြံဉာဏ် ယူကြ လုပ်ပြီးမှ ပီစီ ထုကြရတယ်။

        ဒီတံဆိပ်တုံး ရိုက်ရင် တရားရုံးမှာ သက်သေခံ လိုက်ရဖို့အခွင့်အရေးက ရာခိုင်နှုန်း ငါးဆယ်လောက် သေချာနေပြီ။ အားအားယားယား ဘယ်သူမှ ကိုယ့် ကိစ္စလည်း မဟုတ်ဘဲ တရားရုံး သွားအစစ်ခံချင်မယ် မထင်ပေါင်ဗျာ။ ရုံးရောက်ရင် ပြုသူ၊ ခံရသူ နှစ်ဖက်လုံးကိုလည်း မျက်နှာပူရတယ်၊ အမှုမှန် ဖြစ်အောင် သူ့ဖက်ကိုယ့်ဖက် ရေပက်မဝင် မေးတတ်ကြတဲ့ ရှေ့နေတွေကိုလည်း ရင်ဆိုင်ခုခံရတယ်။ တစ်ခါတစ်လေ သူ့အကြောင်း ကိုယ့်အကြောင်း အကြောင်းအမျိုးမျိုးကြောင့် သက်သေထွက်ရာမှာ ပိုထွက်ဖို့၊ လျော့ထွက်ဖို့ စသဖြင့် ဖိအားပေးတတ်တဲ့ သူ့ဖက်ကိုယ့်ဖက် အသိုင်းအဝိုင်းတွေကိုလည်း ရှေ့မျက်နှာ နောက်ထား ဆက်ဆံကြရတယ်။ ဒီ့ထက် ကံဆိုးရင် တရားသူကြီး၊ ပြည်သူ့ရဲတို့နဲ့လည်း အမြင်မတူတာတွေ၊ မျက်နှာပျက်စရာ၊ မျက်နှာ နာစရာတွေက ပေါ်လာတတ်သေးတယ်။

        ုပြီးတော့လည်း ပီစီတွေက ရောဂါကြီးလို့ ဒါဏ်ရာကြီးလို့ သေလောက်တဲ့ ရောဂါ၊ ဒါဏ်ရာမျိုး ဖြစ်နေခဲ့ရင်လည်း မတော်တဆ တိမ်းပါးသွားလို့ကတော့ ရင်ခွဲ စစ်ဆေးချက် (Postmortem Examination) လုပ်ပေးရဖို့က ရာခို်င်နှုန်း တစ်ရာဗျ။ ပီစီထုမိတဲ့သူကို်ယ်တိုင် ရင်ခွဲရုံထဲ လိုက်ကြရတယ်။ ရင်ခွဲရုံထဲ တစ်နာရီလောက် ဝင်ပြီး သေဆုံးသူရဲ့ အပြင်ပန်း မြင်ရသမျှ ရောဂါ၊ ဒါဏ်ရာတွေ ၊ ငုပ်နေနိုင်တဲ့ ရောဂါ၊ ဒါဏ်ရာတွေ၊ သေနိုင်လောက်မယ့် အကြောင်းချင်းရာတွေ၊ အရင်ကတည်းက ရှိနေပေမယ့် အခုမှ တိုက်တိုက်ဆိုင်ဆိုင် ထဖောက်ပြီး အသက်ကို် နှုတ်ယူသွားနိုင်လောက်တဲ့ ပြဿနာတွေကိုလည်း ခေါင်းခွံဖွင့် ဦးနှောက်တစ်လွှာချင်းကြည့်၊ ရင်ခေါင်း နှလုံး အဆုပ်၊ ဗိုက်ထဲက အစာအိမ်။ အူသိမ်အူမ၊ အမျိုးသမီးများဆိုရင် သားအိမ်၊ ဥပြွန်၊ ဥအိမ်မကျန် အင်္ဂါစုံ မွှေရ၊ နှောက်ရ ရှာကြရတဲ့အတွက် ဆရာဝန်များဟာ ပီစီ (ရာဇဝတ်မှုလူနာ) ဆိုရင် အသေကြောက်ကြတယ်။

        အခု သပိတ်ဖြိုခွင်းရာမှာ သုံးတဲ့ လက်နက် ပစ္စည်းတွေကြောင့် အပြင်းအထန် ဒါဏ်ရာတွေရကုန်တဲ့ လူပုဂ္ဂိုရ်တွေ၊ ရဟန်းလူနာတွေကို ရာဇဝတ်မှုလူနာ သတ်မှတ်ပြီး ပီစီ တံဆိပ်တုုံး ထုပေးလိုက်တဲ့ လက်ထောက် ဆရာဝန်၊ ဆေးဝန်ထမ်းတွေကအစ ပါရဂူတွေ၊ ဆေးရုံအုပ်တွေအထိ ဒီအချက်တွေ၊ ဒီဒုက္ခတွေ၊ ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲတွေ မသိဘဲ နေပါ့မလား။ ဒီလိုနိုင်ငံရေး နောက်ကြောင်းခံနေတဲ့ကိစ္စမှာ ပီစီထုလိုက်တဲ့ အတွက် နောက်ဆက်တွဲ ပြဿနာတွေ ပိုကြီးနိုင်တယ်လို့တောင် တွေးမိကြမှာပါ။
        တစ်ခြား ဒေသကြီး၊ တစ်ခြားဆေးရုံတွေနဲ့ စာရင် စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာ ဆေးရုံဟာ ဖိအားပိုများတာကိုလည်း ဆေးလောကသာမက အပြင်လောက အားလုံး သိကြပါတယ်။ စစ်ကို်င်းတိုင်းဒေသကြီးအကြောင်း၊ မုံရွာဆေးရုံက ဆရာဝန်တွေအပေါ် ပေးနေတဲ့ ဖိအားတွေအကြောင်းကိုလည်း မီဒီယာလောကသားတွေ မသိချင် အဆုံးပါဗျာ။မီဒီယာက ရေးခဲ့ကြတာတောင် တစ်လ မပြည့်သေးပါဘူး။

        ဒီလောက် မြင်သာထင်သာ ရှိနေတဲ့ ဖိအားတွေကြားထဲကနေ ဒီဆရာတော်တွေ ရခဲ့တဲ့ ဒါဏ်ရာတွေဟာ ရာဇဝတ်ကြောင်း မြောက်ပါတယ်၊ ရာဇဝတ်သင့်လောက်တဲ့ တရားခံ ရှိပါတယ်လို့ ပြတ်ပြတ်သားသား ပီစီတံဆိပ်တုင်္း ထုပေးရဲတဲ့ မုံရွာဆေးရုံက ဆရာဝန်တွေရဲ့ ဆုံးဖြတ်ချက်မှန်ကန်မှုနဲ့ ဆုံးဖြတ်ချက်အတိုင်း လုပ်ရဲတဲ့ သတိ္တကို လေးစားဖို့ ကောင်းတယ် မဟုတ်ဘူးလား။

        • thit min

          December 5, 2012 at 9:40 pm

          ကျနော် လဲ ဒီလိုဖတ်ဖူးပါတယ်။အောက်မှာ ပါ။

          ………ဒါပေမဲ့ “ဆေးရုံက ဆရာဝန်က တာဝန်ယူရိုက်လိုက်တာလို့ ကျနော် မထင်ဘူး”။………..

          ရာဇဝတ်မှုလူနာ ဆိုတာ

          ရာဇဝတ်မှုလူနာ ဆိုတာ Police Case ကိုမြန်မာဘာသာတိုက်ရိုက်ပြန်ထားခြင်းတစ်မျိုးပါ။

          ရဲမှုခင်းလူနာ၊ မှုခင်းလူနာ စသည်ဖြင့်လည်း ဘာသာပြန်ကြပါတယ်။ မှုခင်းနဲ့သက်ဆိုင်တဲ့ ကားတိုက်မှု၊ ရိုက်မှု၊ အဆိပ်သောက်မှု အားလုံး အကုန်လုံးကို အဲဒီခေါင်းစဉ် တစ်မျိုးတည်းအောက်မှာပဲ တံဆိပ်တုံးထုပါတယ်။

          တရားရုံးတွင် တရားစွဲဆိုတဲ့ အမှုတွေ ကို အကြမ်းဖျင်းအားဖြင့်
          (၁) ရဲအရေးပိုင်သောအမှုု
          (၂)ရဲအရေးမပိုင်သောအမှုု ဆိုပြီးနှစ်မျိုး ခွဲပါတယ်။

          ရဲအရေးပိုင်သောအမှုု (PC- Police case) ဆိုသည်မှာ ” ရာဇဝတ်မှုု ” ကို ဆိုလိုပြီး….

          ရဲအရေးမပိုင်သောအမှုု ဆိုသည်မှာ “တရားမမှု” ကို ဆိုလိုပါသည်။

          ” ရာဇဝတ်မှုု -လူနာ ” ဆိုသည်မှာ ရာဇဝတ်သားလို့ ပြောတာလည်းမဟုတ်။ တရားခံလို့ တံဆိပ်တပ်တာလည်း မဟုတ်။ ရဲနဲ့ဆိုင်တဲ့ လူနာ။ ရဲအရေးပိုင်သောအမှုဖြစ်နေတဲ့လူနာ လို့ဆိုလိုတာပါ။

          တရားလို(သို ့မဟုတ်) တရားခံ (သို ့မဟုတ်) သက်သေ လည်းဖြစ်နိုင်ပါသည်။
          From:[_ Kyaw Thura_]
          (မောင်ကျောက်ခဲ အဖွဲ့)

  • Mr. MarGa

    December 5, 2012 at 5:40 pm

    ဒီသတင်းအတွက် ဝမ်းသာမိပါတယ် လေးသစ် ရေ
    သူတို့တွေဟာ စုံစမ်း စစ်ဆေးမှုှုကိုလဲ အထောက်အကူ ပြုလိမ့်မယ်လို့မျှော်လင့်မိပါတယ်

  • အလင်းဆက်

    December 5, 2012 at 8:15 pm

    သံဃာတော်တွေ.အရေး..
    အခုလို…. ကူညီကြတာ..ကျေးဇူးလည်း.တင်စရာပါ ။

    • thit min

      December 5, 2012 at 9:56 pm

      Mr. MarGa ရေ
      ဟုတ်ပါတယ်။ဆေးကုပေးရုံမက ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ ဆေးကုပေးဘို့လိုတာအရင်ပါဘဲ။
      ——————————–

      ကိုအလင်းဆက်ရေ
      ဒါပေါ့ ဒါပေါ့၊ကျေးဇူး .တင်စရာပေါ့ ..

  • Mလုလင်

    December 5, 2012 at 9:37 pm

    ဝမ်းလဲသာ .. ကျေလဲ ကျေနပ် တယ်ဗျို ့ … အဲ့ဒါမှ .. ဟိုလိုလို ဒီလိုလို …. လေဖမ်း ဝါးလုံးတန်းချီ … မမြင်ပဲ .. ဖင်ပိတ်ငြင်း ….. နေကြတဲ့ သူတွေ လဲ ပါးစပ်ပေါက် ငြိမ် သွားမယ် … ဘယ့်နှယ် ကိုယ့်အသား လေး ငါးကြော် … ဆီပူ လေး တစ်ချက် လောက် .. စင်ကြည့် …. ကိုယ်ချင်းမစာ … အစ်ကိုကြီး ကိုသစ်မင်း ရေ … ဝမ်းသာစရာ သတင်း ကို မျှဝေ တဲ့အတွက် ကျေးကျေး … ပါဗျို ့ …..။

    • thit min

      December 5, 2012 at 10:02 pm

      ကိုလုလင်လေးရေ
      ရပါတယ်.။
      ဖတ်လိုက်ရတဲ့ကဗျာလေးမျှဝေပါတယ်နော်။
      ————-
      ◄(စနေသရဖူကဗျာ-၁၅)
      ငါတို့ဟာ လောင်စာတွေလား။ ငါတို့အလောင်ခံပြီးမေးတယ်။
      လောင်စရာမရှိတဲ့ကိစ္စမှာ တစ်မျိုးသားလုံးဝင်လောင်ပေးလိုက်ရ။
      ခေတ်မီစိတ်ချရတဲ့ မျက်ရည်ယိုဗုံးတဲ့။ ငါတို့ အသားနီလန်နေတဲ့လက်နဲ့၊ ငါတို့ အလေးအမြတ်ထားတဲ့ သင်္ကန်းစနဲ့၊ ငါတို့ အံကြိတ်တောက်ခေါက်ခြင်းတွေနဲ့ မင်းတို့ပြောတဲ့ ဒီမိုကရေစီနဲ့ ငါတို့ဟာ လပြည့်ညမှာ အထွန်းညှိခံလိုက်ကြ။
      ငါတို့ဟာ လောင်စာတွေလား။ ငါတို့အလောင်ခံပြီးမေးတယ်။
      မင်းတို့ခလုတ်ကို ဆွဲညှစ်ခါနီးနောက်ဆုံးစက္ကန့်မှာ ဘာတွေတွေးနေကြလဲ။ ငါတို့အလောင်ခံပြီးမေးတယ်။ မင်းရဲ့သားလေး မီးဆော့ရင်း လက်ပေါ် ဖယောင်းစက်ကျတုန်းက ခံစားလိုက်ရတဲ့ခံစားမှုမျိုး၊ မင်းရဲ့အိုကြီးအိုမ မိဘတွေ ဟိုတစ်လောနွေက အပူရှိန်မြင့်လို့ ဆုံးပါးသွားပုံမျိုး၊ မင်းဇနီး ဟင်းချက်ရင်း ဆီပူတစ်စက်စင်တော့ ပျာယာခတ်နေပုံမျိုး၊ မင်းလက်ပေါ် ဆေးလိပ်ပြာကျသွားတော့ လန့်ဖြန့်အော်ဟစ်လိုက်ပုံမျိုး၊ ဟိုလိုမျိုး . ဒီလိုမျိုး ၊ ငါတို့အလောင်ခံပြီးမေးတယ်။ မင်းတို့ခလုတ်ကို ဆွဲညှစ်ခါနီးနောက်ဆုံးစက္ကန့်မှာ ဘာတွေတွေးနေကြလဲ။ ငါတို့ကို မေတ္တာရပ်ခံပါ။ ငါတို့ကို သတိပေးပါ။ ငါတို့ကို ရေနဲ့ပက်ပါ။ ငါတို့ကို တုတ်နဲ့ရိုက်ပါ။ ခုတော့ ငါတို့ဟာ ချက်ချင်းလောင်စာတွေအဖြစ် အဆင့်ကျော်ခံလိုက်ရ။ မင်းမှတ်ပုံတင်မှာ လူမျိုး-ဗမာ၊ဘာသာ-ဗုဒ္ဓ ၊ အနောက်တံခါးကျိုးပျက်သွားတုန်းက မင်းသတိ္တတွေ ဘယ်ရောက်နေလဲ၊ မင်းဇာတိမာန်တွေဘယ်ရောက်နေလဲ၊ မင်းလက်ဟာ ခလုတ်ညှစ်ဖို့တွန့်နေခဲ့။
      ငါတို့ဟာ လောင်စာတွေလား၊ ငါတို့လောင်ကျွမ်းသွားတာလှလား၊ ထိတဲ့နေရာမှာ အရေပြားက အကွက်လိုက်စားသွားတာ လှလား၊ မင်းတို့ လှမ်းကြည့်တော့ ငါတို့ကစဉ့်ကလျားပြေးလွှားနေတာ လှလား။ ပြောပါ။ လှလား။ ကျေနပ်လား။ အရှေ့အရပ်ကလူတွေဆီ မင်းတစ်ဘဝလုံး ထိုးကျွေးထားတာလား။ အခုလှလား။ သူတို့ကရော လှလိုက်တာလို့ပြောရဲ့လား။
      ငါတို့ဟာ လောင်စာတွေလား။ ငါတို့အလောင်ခံပြီးမေးတယ်။
      ဘာအရည်လေးတွေလဲ။ ငါတို့ဟာ မင်းတို့လိုမှ မကောက်ကျစ်တတ်ပဲ။ လမ်းကို ရိုးရိုးနဲ့ တည့်တည့်သွားတယ်။ မင်းတို့က ဆန်းဆန်းနဲ့ကောက်ကောက်သွားတယ်။ အေးလေ။မင်းတို့က ဉာဏ်ကြီးရှင် ဆုကြီးရထားတာ။
      ငါတို့နဲ့ လပြည့်ညကို ပူဇော်လိုက်တယ်ပေါ့။ ဟုတ်ရဲ့လား ။ မနေ့တစ်နေ့ကမှ အရှေ့အရပ်ကလူတွေကျေးဇူး ငါတို့မှာရှိတယ်လို့ မင်းတို့ပဲလာပြောသွားသေးတယ်မလား။ငါတို့က ကျေးဇူးချက်ချင်းပြန်မဆပ်လို့လား။ ငါတို့ ဆပ်ထားတဲ့ကျေးဇူးတွေပြရမလား။ ငါ့ညီမလေး ကျွန်ခံဖာခံလေးက သက်သေမဟုတ်လား။ ငါတို့သောက်နေတဲ့ရေတွေက သက်သေမဟုတ်လား၊ ငါတို့လက်ထဲကပျောက်သွားတဲ့ လယ်တွေကသက်သေမဟုတ်လား။ ဘာအရည်လေးတွေလဲ။ မင်းတို့ ဘာအရည်လေးတွေထည့်ပစ်ခဲ့တာလဲ။
      ငါတို့ဟာ လောင်စာတွေလား။ ငါတို့အလောင်ခံပြီးမေးတယ်။
      ငါတို့ကို စိမ်ပြေနပြေရှို့၊ ငါတို့ကို စိတ်အေးလက်အေးဖျက်ဆီး၊ ပြီးမှ အချုပ်အခြာအာဏာနှင့် နိုင်ငံ၏အကျိုးစီးပွားကို ထိပါးလာသဖြင့် ဒီမိုကရေစီနည်းလမ်းကျစွာဖြေရှင်းခဲ့ကြောင်း နိုင်ငံပိုင်ရုပ်သံတွေမှာ ထုတ်လွှင့်လိုက်ကြ။ ငါတို့ရဲ့ တောက် ခေါက်သံတွေကို ဆင်ဆာဖြတ်ပြီး ကြေငြာပေးလိုက်ကြ ။
      ငါတို့ဟာ လောင်စာတွေလား။ ငါတို့အလောင်ခံပြီးမေးတယ်။
      ငါတို့ကိုယ်က အသားစတွေ၊ ငါတို့ကျန်ခဲ့တဲ့ မျက်ရည်တွေ၊ ငါတို့ ကျန်ခဲ့တဲ့အမှန်တရားတွေ
      ခဏနေရင်မင်းတို့ မီးသတ်ပိုက်နဲ့ထိုးဆေးလိုက်မှာမလား၊ မင်းတို့ မြေလှန်ပစ်လိုက်မှာမလား၊ ငါတို့လောင်ကျွမ်းခံခဲ့ရတဲ့ နေရာ ငါတို့ပြန်မမှတ်မိနိုင်လောက်အောင် မင်းတို့တတ်ကျွမ်းကြတယ်မဟုတ်လား။
      ငါတို့အသားညှော်နံ့မှာ မင်းတို့သာယာနိုင်ပါစေ။
      ငါတို့ဆောက်တည်ရာမရမှာ မင်းတို့ကျေနပ်နိုင်ပါစေ။
      ငါတို့အားငယ်ထိတ်လန့်မှုမှာ မင်းတို့ရယ်မောနိုင်ပါစေ။
      ငါတို့ လက်သီးကျစ်ကျစ်တွေမှာတော့ မင်းတို့ကမာ္ဘအသိန်းအသောင်းလောင်မီးကျပါစေ။ ငါတို့အလောင်ခံပြီးမေးတယ်။
      ငါ….တို့….ဟာ…သ…မိုင်း…ဝင်…လောင်….စာ…..တွေ….လား။

      ဟိန်း
      Posted by လင်္ကာ at 7:25 PM
      Credit to
      http://8888linker.blogspot.jp/search?updated-max=2012-12-04T08:55:00-08:00&max-results=15

  • uncle gyi

    December 5, 2012 at 10:10 pm

    တကယ်လာကြမယ်ဆိုဝမ်းပမ်းတသာကြိုဆိုရမယ့်အရေးပါ
    မာနနဲ့ခံကန်နေမယ်ဆိုမှားမှာပေါ့
    ယူတတ်ရင်အမြတ်ချည်းပဲ
    လူနာတွေအတွက်လည်းမမျှော်လင့်ခဲ့တဲ့အခွင့်အရေးပဲ

  • MaMa

    December 5, 2012 at 10:11 pm

    (စနစ်လား၊ လူလားတော့ မသိဘူး) :eee:
    တိုးတော့ တိုးတက်လာသားးးးးးး

  • ဆြာသစ် ခင်ဗျာ ..
    ဒီသတင်းကြီးက တကယ့် ဝမ်းသာစရာ သတင်းပါပဲ ….
    အထက်ပိုင်းက ကြည်ကြည်ဖြူဖြူ ခွင့်ပြုပေးသင့်ပါတယ် …
    ကိုယ့်ဘက်ကို ပြန်ထိမှာလေးကို စိုးတာထက်
    ဒဏ်ရာ ရရှိသူတွေရဲ့ အသက်ကို ပိုပြီး ကြည့်သင့်တယ် ထင်တာပါပဲ …
    ဝမ်းသာစရာ သတင်းအတွက် ကျေးဇူးပါ ဆြာသစ် ခင်ဗျာ …

  • koaung

    December 5, 2012 at 11:10 pm

    အဆိုးထဲကအကောင်း တွေဖြစ်လာဖို့ဘဲလိုပါတယ်ဗျာ ဘာကြောင့်ဒီလိုဖြစ်သလဲ နောက်ထပ်ဒီလိုမဖြစ်ဖို့ဘယ်လိုလုဎ် သင့်သလဲ အကျိုးအကြောင်း အဆိုးအကောင်းကိုအညင်:မပွါ:
    ဘဲစဉ်းစားစေချင်ပါတယ် (ဘာမဆိုမျက်နှာလွဲ ဂဲပြစ်လုဎ်ရပ်တွေ ရပ်တန်:ကရပ်သင့်ပြီ)

  • Foreign Resident

    December 6, 2012 at 12:08 am

    ” အဲဒီပုဂ္ဂလိကဆေးရုံတွေက “လက်ခံ” ကုသရဲမယ်လို့ ကိုဖောထင်လား ။
    ကျနော်တော့ အဲဒီ ဆေးရုံစာအုပ်ပေါ်က ရာဇဝတ်မှု-လူနာ ဆိုတာကြီးကိုတွေ့နေရလို့ ”

    ကို သစ်မင်း ရဲ့ ။

    ဒီလိုပဲ ညှိယူ ရမှာပေါ့ဗျာ ။
    အင်း ၊ အခု အခြေအနေမျိုး နှင့် ခပ်ဆင်ဆင် ကိစ္စတစ်ခုကို ၊
    အဲဒီ မန္တလေး ဆေးရုံကြီးမှာပဲ ကျနော် တစ်ခါ ကြုံဘူးတယ် ။

    အမေရိကကနေ ချက်ချင်းလိုက်လာတဲ့ ဆရာဝန်ကြီး နှင့် ၊
    မန္တလေး ဆေးရုံကြီး က ဆရာဝန်မကြီး ရန်ဖြစ်ကြတော့ ၊
    ဘေးမှာ ကျနော် ရှိတယ် ။

    အမေရိကန် ဆရာဝန်ကြီး အမြင်မှာတော့ ၊
    ဒီမှာ လုပ်နေတဲ့ ကျန်းမာရေး Procedure တွေ ၊
    ပါတ်ဝန်းကျင် အခြေအနေတွေ က ၊
    တော်တော်များများ လက်ခံနိုင်စရာ မရှိဘူးလေ ။

    ဥပမာ ။ ။ ဒီနိုင်ငံမှာ သွေး သွင်းတယ် ။
    နိုင်ငံခြား မှာက သွေးမှ မသွင်းတော့ဘဲ ကိုး ။
    နိုင်ငံခြား မှာက Plasma သွေးရည်ကြည်ပဲ သွင်းတော့တာလေ ။
    ဆရာဝန်တွေရဲ့ Diagnose ၊ Treatment ၊
    သူနာပြုတွေရဲ့ Care ပေးပုံ အားလုံး အပြစ်ပြောစရာတွေဖြစ် ။

    အမေရိကက ဆရာဝန်ကြီး ကလည်း မြင်တိုင်းပြောနှင့် ၊
    လူနာကို ပြုစုမယ့် သူနာပြု တွေလဲ ကြောက်ပြီး ရှောင်ပြေး ငို ၊
    နောက်ဆုံး မန္တလေး ဆေးရုံကြီး က ဆရာဝန်မကြီးပါ ငိုယိုနေလို့ ၊
    ကျနော်တို့ အဖွဲ့က တော်တော် ချော့ခဲ့ရသေးတယ် ။
    ပိုက်ဆံ ကုန်ချက်ကတော့ ဆာလာအိတ် နှင့်ကို ထည့်ပြီး ဝေနေသလိုပဲ ။

    ဘန်ကောက် ဆေးရုံက လေယာဉ် ခေါ်ထားပါတယ် ဆိုတာကို ၊
    အဲဒီ ရာဇဝတ်မှု – လူနာ မို့လို့ ဆေးရုံက ဆင်းခွင့် မပြု ။
    ဋ္ဌာနမှူး ဆရာဝန်ကြီးက ( ရိုက်ထားလို့ ) ပေးဆင်းပါတယ် ဆိုတာတောင် ၊
    ဒု – ဋ္ဌာနမှူး ဆရာဝန်မကြီး က သူ့ Case မို့လို့ ၊ သူ့တာဝန် မို့လို့ ပေးမဆင်း ။

    အဲဒါ နှင့် ဒု – ဋ္ဌာနမှူး ဆရာဝန်မကြီး ရန်ကုန်ဆင်း ဆေးခန်းထိုင်တဲ့ အချိန်မှာ ၊
    ဋ္ဌာနမှူး ဆရာဝန်ကြီး ရဲ့ ဆင်းခွင့်မဟုတ်ဘူး Transfer နှင့် လေယာဉ် စင်းလုံးငှားပြီး ၊
    ရန်ကုန် ပန်းလှိုင် ဆေးရုံကြီးကို တစ်ဆင့်ပြောင်း ၊
    ပြီးတော့မှ ဘန်ကောက် ဆေးရုံကို တစ်ခါပြောင်း ၊
    နောက်တစ်ခါ အမေရိက အထိ ထပ်ပြောင်းပြီး ဆေးကုခဲ့ရတယ် ။

    အဲဒီ အဖြစ်အပျက်ကြီးမှာ ၊
    ဆရာဝန်ကြီးတွေ ရဲ့ ပညာ မာန နှင့် ၊
    ဆေးရုံ အသီးသီး ရဲ့ ဆေးပညာ အဆင့်အတန်းတွေကို သိခဲ့ရတယ် ။

    ၁ ။ ပြည်တွင်း ဆေးရုံ အခြင်းခြင်း ဖြစ်သော်ငြားလည်း ၊ အရာရာမှာ ၊
    မန္တလေး ဆေးရုံတွေဟာ ရန်ကုန်ဆေးရုံတွေရဲ့ အဆင့်ကိုမှီဖို့ လိုနေသေးတယ် ။
    ၂ ။ ရန်ကုန် နှင့် ဘန်ကောက် ကွာတာကိုတော့ မပြောတော့ပါဘူး ။
    ၃ ။ ထိုနည်းတူစွာပဲ ၊ ပြည်ပ အဆင့်မှီ ဆေးရုံကြီးတွေ ဖြစ်ကြသော်ငြားလည်း ၊
    ဘန်ကောက် ဆေးရုံတွေဟာ အမေရိကန် ဆေးရုံတွေရဲ့ အဆင့်ကိုမှီဖို့ လိုနေသေးတယ် ။

    လက်တွေ့သာဓကတွေရှိပေမယ့် ၊
    Personal Information တွေပါကုန်မှာမို့ မပြောတော့ပါဘူး ။

    အခုကိစ္စမှာလည်း နိုင်ငံခြားက ဆရာဝန်ကြီးတွေ နှင့် ၊
    မြန်မာပြည်က ဆရာဝန်ကြီးတွေ ပညာပြိုင် မာနပြိုင် ကြဦးမှာပါ ။
    နိုင်ငံရေးတွေလည်း ပါတာဆိုတော့ ၊ ဘယ်လို ဖြစ်လာမယ် မမှန်းတတ် ပါဘူး ။

    • Foreign Resident

      December 6, 2012 at 12:28 am

      ကံကောင်းတာ တစ်ခုက ၊
      လက်ရှိ ကျန်းမာရေး ဝန်ကြီး Dr ဖေသက်ခင် ကတော့ ၊
      နဲနဲ ပျော့ပျောင်းတယ် ကြားတယ် ။

      • ဦးဦးပါလေရာ

        December 6, 2012 at 6:49 am

        ူစာအုပ်ကြီး လို့နာမည်တွင်တဲ့ ဝန်ကြီးလား…?
        အဘဖေါရေ….
        ကျုပ်ကတော့ ကျောင်းဆရာကို ပညာရေးဝန်ကြီးခန့်တာနဲ့
        ဆရာဝန်ကို ကျန်းမာရေးဝန်ကြီးခန့်တာ
        ဘဝင်မကျပါဘူးဗျို့……

        • သီဟသူရချာလတာအာပေတူး

          December 6, 2012 at 3:09 pm

          ဦးပါ အနော်ကမန်းနေချ် ့မန့်အပိုင်း နဲနဲဒေါ့ရဒယ် ခည !! 😀

  • koyinmaung

    December 6, 2012 at 12:36 am

    အထူး ဝမ်းသာစရာသတင်းပါဘဲ….
    မျက်နှာမှာဖြစ်တဲ့
    မီးလောင်ဒဏ်ရာဆိုတာရုပ်ပျက်ဆင်းပျက်
    သေရာပါမဟုတ်လား…
    ကိုယ့်ငွေနဲ့ကိုယ်ကုဘို့ဆိုတာကလဲ
    အတော်မလွယ်တဲ့ကိစ္စပါ
    ခုလိုပြင်ပကအကူအညီနဲ့စေတနာရှင်အဖွဲ့တွေရဲ့
    စေတနာကိုဂုဏ်ယူမိပါတယ်..
    သတင်းမျှဝေပေးတဲ့ ကိုသစ်ရေ
    ကျေးဇူးပါဗျာ……..

  • kyeemite

    December 6, 2012 at 9:04 am

    ကိုသစ်မင်းခင်ဗျာ…ကျောင်းတော်ကြီးပြန်ဖွင့်တဲ့ သတင်းလေးမျှပေးတာကျေးဇူးတင်ပါ၏
    ဝမ်းမြောက်ဝမ်းသာလည်းဖြစ်ရပါ၏။

    thit min says:
    မပူးချ်ရ
    သူတို့က ဆေးရုံလာရင်အဲဒီ အနာမျိုးဆို ရာဇဝတ်မှု-လူနာ ဆိုပြီး ဆေးရုံစာအုပ်မှာ ရိုက်လိုက်တယ်တဲ့။
    အဲဒီဟာကို လန့်လို့မလာတာဖြစ်နိုင်တယ်။

    ဒါလေးနဲ့ပါတ်သက်ပြီး လူအများနားလည်အောင် ဖတ်ရတာလေးထပ်ရှယ်ချင်တယ်ဗျာ…
    အတွေးအမြင်စုံအောင်ပါနော….
    Maung Maung Myint
    တံဆိပ်တုံးလေး ပြေးအပ်ဖို့ ကူညီကြပါ။
    ချော်လဲလို့ ခေါင်းကွဲရင်တောင် ဆေးခန်းသွားပြတဲ့အခါ လူရိုက်တာလို့ မသင်္ကာရင် ကားတိုက်တာလို့ မသင်္ကာရင် ကုမပေးပါဘူး.။ ပြည်သူ့ဆေးရုံကို လွတ်ရပါတယ်။ ဘာလို့ ကုမပေးတာလဲ..။ ဆရာဝန်က ရဲမှုကြောက်နေလို့များ ထင်သလား..
    ဒါဟာ ဘာအတွက်လဲ.. ဘယ်သူ့အတွက်လဲ..
    ဒါဟာ တကယ်တော့ လူနာရဲ့ “နစ်နာသွားနို်င်တဲ့ အကျိုး”အတွက်ပါ။
    ဥပမာ.. ကားတိုက်ခံရတဲ့အခါ… အရိုက်ခံရတဲ့အခါ.. ပထမတော့ လက်သည်တရားခံက “လိုတာလုပ်ပေးပါမယ်.. ရဲမတိုင်ပါနဲ့ ကြေအေးပေးပါ. နစ်နာတာ မရှိအောင် ပေးပါမယ်”ဆိုတဲ့ အာမခံနဲ့ ညှိနှိုင်းသဘောတူပြီး ဆေးခန်းကို လာတာပါ.။

    နောက်ပိုင်း မပြေလည်လို့ အမှုပြန်ဖွင့်တဲ့အခါ ပြင်ပဆေးရုံဆေးခန်းက တွေ့ထားတဲ့ ဒါဏ်ရာအကြောင်း ဖော်ပြချက်ဟာ တရားရုံးမှာ သက်သေခံ မဖြစ်ပါဘူး.။ ပြည်သူ့ဆေးရုံ မှုခင်းဆရာဝန်ရဲ့ သက်သေခံချက်ကသာ တရားရုံးမှာ တရားဝင် ဖြစ်ပါတယ်။

    အဲဒီအခါမှာ ခံရသူ ထိခိုက်သူမှာ ထပ်မံနစ်နာပါတယ်.။

    ပြည်သူ့ဆေးရုံကိုလည်း ဒီလို ဘဲ “ချော်လဲတာပါ”လို့ (ညှိနှိုင်းကျေအေးထားလို့) လိမ်ပြီး လာတဲ့အခါ တာဝန်ခံ ဆရာဝန်က မသင်္ကာရင် ရဲခေါ်ပြီး အကြောင်းကြားပါတယ်.။ ရဲအမှု ဖြစ်တဲ့အခါ Police Case ဆိုပြီး တံဆိပ်တုံးကို ထုထားပါတယ်..။

    တရားခံ ထုနှက်ရိုက်ပုတ်သူက လူနာ မဖြစ်နိုင်ဘူးလေ.။

    အပြန်ပြန်အလှန်လှန် တဘက်နဲ့တဘက် ရိုက်နှက်ကြရာမှာ တော့ ၂ဘက်စလုံး တရားလို တရားခံ အပြန်ပြန်အလှန်လှန် ဖြစ်ပါတယ်.။

    အပြင်မှာ ဖြစ်လာလို့ ရဲတိုင်ပြီးမှ လာရင်တော့ ရဲဆေးစာအရ PC တံဆိပ်တုံး ထုထားတာပါပဲ..

    အခုအချိန်မှာ ကျွန်တော်တို့မှာ.. သူတို့ အဆဲမခံရအောင်..

    “ဤသို့ ဤသို့သော….လူနာများ” ်ဆိုပြီး ရာဘာတံဆိပ်တုံး ပြေးအပ်ရမလို ဖြစ်နေတယ်.။

    အင်မတန် ဉာဏ်ရှိလွန်း အတွေးအခေါ်ကောင်းလွန်း ဝေဖန်တတ်လွန်းတဲ့ လူတွေ ဖြစ်ချင်တာလေး အဆင်ပြေသွားအောင်

    “ဘယ်လို အဆင်ပြေမယ့် တံဆိပ်တုံးလေး ပြေးအပ်ပေးရမလဲ.. ကျွန်တော်တို့ ကူညီပါ့မယ်” ဆိုပြီး အရေးပေါ်ဌာနမှာ ၂၄ နာရီလောက် လူကြီးမင်းတို့ ကိုယ်တိုင် အလှည့်ကျ လုပ်အားပေးကြစေချင်တယ်။

    ဒီတံဆိပ်တုံးထုထားတာဟာ ဘယ်သူ့ကိုမှ နစ်နာစေတာ မဟုတ်ဘဲ.. နစ်နာသွားနိင်တဲ့သူကို မနစ်နာစေတဲ့ အကျိုးကို ရပါစေတယ်..။

  • မောင်ပေ

    December 6, 2012 at 8:43 pm

    မနေ ့ကတဲက ဒီပို ့စ်ကို ဖတ်ပြီး မန် ့မလို ့ကွန်နက်ရှင် အရမ်းနှေးနေလို ့ဗျို ့
    ကိုသစ်မင်း အင်ထရို ရေးထားတာ အရမ်းမှန် အရမ်းကောင်းပါတယ်
    ၅ ရက်နေ ့ကလား ၊ ၄ ရက်နေ ့ကလား တော့ မသိဘူး ၊ သတင်းထောက်နဲ ့မန်းတလေးဆေးရုံအုပ်နဲ ့စကားပြောတာကို ကြားရလို ့ဒေါသဖြစ်ရတယ်
    သတင်းထောက်က ဆေးရုံအုပ်ကို ဘယ် ဘာ ဘယ်လိုတွေ ဇွတ်အစ်တယ် တဲ့
    ဆေးရုံအုပ်က လူနာတွေ ကုသဖို ့အရေး ဦးစားပေးရမှာမို ့.. မင်းမေးခွန်းတွေ မဖြေနိုင်ဘူးလို ့ပြောလိုက်တယ်
    ဘယ်ဂျာနယ်က သတင်းထောက်မှန်းတော့ မပြောဘူး ။

  • MaMa

    December 7, 2012 at 8:20 am

    အမေစု လုပ်ပေးရင် ကျေနပ်တယ်လို့ ပြောသံကြားပြီး……..
    အမေစုကိုယ်တိုင်လည်း လုပ်ပေးနေပြီ……….
    ဆန္ဒတွေလည်း ပြနေကြတုန်းဆိုတော့ကာ….. :buu:

  • ကျနော်အမြင်ပြောရရင်တော့ ကျနော်တို့လိုသာမန်ပြည်သူပြည်သားအားလုံး မိမိကိုယ်မိမိကာကွယ်ဘို့အတွက်
    ရုံးပြင်ကန္နားနဲ့ပါတ်သက်တဲ့ အသိပညာတွေ လိုသေးပါကြောင်း
    သိအောင်ဝိုင်းဝန်းပြီး ပြောပြပေးဘို့လိုပါကြောင်း.

    နှစ်ပေါင်းများစွာ ရုံးဆိုတာနဲ့ခေါင်းငုံ့ခံလာရတဲ့ဘဝကို ပျောက်ကွယ်စေချင်ပါကြောင်း

  • thit min

    December 9, 2012 at 5:44 am

    အန်ကယ်ကြီး
    အစ်မ မမ
    ညီငယ် အံစာတုံး
    ကိုအောင်
    ကိုဖော
    ဦးဦးပါလေရာ
    ကိုအာပေတူး
    ကိုရင်မောင်
    ညီငယ်မောင်ပေ
    ကိုကြီးကိုပေါက်
    တို့ရေ ဝင်ရောက်ဖတ်ရှူ့ ကော်မန့်ပေးခဲ့ကြလို့ ကျေးဇူးပါခင်ဗျာ။
    ဆက်လက်ပြီး နောက်ဆက်တွဲလေးတွေရှိရင်လဲပြောပေးကြပါအုန်းနော်။

  • thit min

    December 9, 2012 at 5:48 am

    နောက်ဆက်တွဲသတင်းအနေနဲ့ ထိုင်းကဆရာဝန်ကြီး တယောက်လာကြည့်(ကုတာမဟုတ်)သတင်းမှာတွေ့လို့
    တင်ပေးလိုက်ပါတယ်။ ပို့စ်ထဲမှာ ထပ်ဖြည့်ထားပါတယ်။ အကယ်၍ကလစ်ရမှာပျင်းရင်တော့ သတင်းသက်သက်
    ဒီမှာဖတ်ချင်လဲဖတ်လို့ရအောင်~~~~~~~~
    ———————————————————————
    ဒဏ်ရာရ သံဃာများအား ထိုင်း အထူးကု ဆရာဝန် လာရောက် ကြည့်ရှု

    ခေတ်သတင်း
    ဟင်္သာနီ (မွန်မြေ) | စနေနေ့၊ ဒီဇင်ဘာလ ဝ၈ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၃၁ မိနစ်စံခလပူရီ (မဇ္ဈိမ)။ ။ မုံရွာဆေးရုံမှ မန္တလေးဆေးရုံသို့ ပြောင်းရွှေ့ကုသနေရသည့် မီးလောင် ဒဏ်ရာ ပြင်း ထန်သည့် သံဃာတော်များထံသို့ ဒီဇင်ဘာလ ၈ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်က ထိုင်း အရေပြား အထူးကု ဆရာဝန်ကြီး Dr. Suthat Duangdeeden က လာရောက် ကြည့်ရှုသွားခဲ့ကြောင်း ဒဏ်ရာရ သံ ဃာတော်များ အား ကုသနိုင်ရေးအတွက် ကမကထ ပြုနေသည့် ဦးဆောင် သံဃာတပါး ဖြစ်သူ ဦးသု (ခေါ်) ဦးဝိမလ က မိန့်ကြားသည်။မန္တလေး ဆေးရုံရောက် ဒဏ်ရာရ သံဃာများအား ထိုင်း အရေပြား အထူးကု ဆရာဝန် လာရောက် ကြည့်ရှု။ (ဓါတ်ပုံ – shaeshae(century) )

    “အခုလည်း ဆက်လက် ပြီးတော့ ကြည့်ရှုနေပါတယ်။ နောက်ပြီး ထိုင်းအရေပြား ဆရာဝန်က လိုအပ်မယ့်
    ဆေးပစ္စည်းတွေ၊ ဆေးပိုင်းဆိုင်ရာ အထောက်အကူပြု ပစ္စည်းလေးတွေကို နည်းနည်း လှူဒါန်းတဲ့ အခမ်းအနားမျိုးလည်း လုပ်ပါတယ်” ဟု မဇ္ဈိမကို မိန့်ကြားသည်။ထိုသို့ လာရောက်ကြည့်ရှုခဲ့စဉ်အတွင်း မန္တလေး ဆေးရုံအုပ်ကြီး ဒေါက်တာမောင်ဝင်း ကလည်း မိမိတို့အနေဖြင့်
    ဆေးပိုင်းဆိုင်ရာ ဆွေးနွေးရာတွင် မိမိတို့အနေဖြင့် နိုင်ငံတကာ အဆင့်မီ ဆေးဝါးများဖြင့်လည်း အသုံးပြု ကုသလျက် ရှိနေသည်ဟု ထိုင်းအရေပြား ဆရာဝန်နှင့် မန္တလေး ဆေးရုံအုပ်ကြီးတို့ တွေ့ဆုံဆွေးနွေးစဉ်တွင် ပြောကြားခဲ့ကြောင်း ဦးဝိမလ က မိန့်သည်။

    ထိုင်းအရေပြား အထူးကု ဆရာဝန်ကလည်း ဒဏ်ရာရ သံဃာတော် အများစုမှာ လက်ရှိ၌ ကျန်းမာရေး အခြေအနေ တိုးတက်လျက်ရှိသည်ဟု မှတ်ချက်ပြုခဲ့ပြီး ရေရှည် ဆက်လက် ကုသရဦးမည် ဖြစ်ကာ အဖျားရောဂါများ ဆက်လက်ခံစားရနိုင်မည်ဟု သတိပေးသွားသည်။ ဒဏ်ရာရသူ များစွာမှာ လရှည် ကုရမည့် လူနာများ ဖြစ်ကြောင်း ထိုင်းဆရာဝန်ကြီးက ပြောဆိုသွားသည်။

    ဒဏ်ရာ ပြင်းထန်သည့် ဦးဇင်း တစ်ပါး ဖြစ်သည့် ဦးတိက္ခဉာဏ အား ထိုင်းနိုင်ငံ၌ ဆေးဝါး သွားရောက် ကုရန် စီစဉ်လျက်ရှိပြီး သံဃာ့မှတ်ပုံတင်မှာ မီးလောင်ကျွမ်းသွား၍ ယနေ့ မုံရွာသို့ဆင်း၍ သံဃာ့ မှတ်ပုံတင် အသစ်ပြန်လည်
    ရရှိရန် ကြိုးစားနေကြောင်း သိရှိရသည်။

    ဦးတိက္ခဉာဏမှာ သက်တော် ၆၄ နှစ် ရှိပြီ ဖြစ်၍ ဆေးဝါး သုံးဆောင်ရသည့် အရှိန်ကြောင့် နုံးချိလျက် ရှိကာ ဒဏ်ရာအခြေအနေမှာ နောက်ကျောဖြင့် အမြဲတစေ အိပ်နေရသဖြင့် အနာများ ဆိုးဝါးလျက် ရှိသည်ဟု သိရှိရသည်။

    ကိုယ်တော်ကြီးအတွက် နိုင်ငံကူး လက်မှတ် အမြန်ဆုံးရရှိရေးလည်း ကျန်းမာရေးနှင့် လူမှုရေး ဝန်ကြီးက စီစဉ်
    ဆောင်ရွက်ပေးမည်ဟု ကတိပေးထားကြောင်း ဦးဝိမလ က မိန့်သည်။

    ထိုသို့ နိုင်ငံခြားမှ ဆရာဝန်များ လာရောက် ကြည့်ရှုနိုင်ရန်အတွက် ပွင့်လင်းမုံရွာ လူ့အဖွဲ့အစည်း၊ ကချင် ငြိမ်းချမ်းရေး ကွန်ယက်တို့မှ အဓိက ဝိုင်းဝန်း ဆက်သွယ်ပေးခဲ့ သည်ဟု ယနေ့ ထိုင်းဆရာဝန်ကြီးအား လိုက်လံပို့ဆောင်ပေးခဲ့သူ ကိုဝင်းမင်းထွန်း က ပြောသည်။

    “သူက ထိုင်းက ဆရာဝန် ကြီးပဲလေ။ ကုသဖို့ လာတာ မဟုတ်ဘူး။ လက်ရှိ ဒီမှာ ရှိနေတဲ့ သံဃာတွေရဲ့ အခြေအနေ အားလုံးကို ကြည့်ရှုခွင့်တော့ ရတယ်။ ကြည့်ပြီးတော့ ဘယ်လို နေရမယ်။ ဘယ်လို ထိုင်ရမယ် အဲဒီလို အကြံပေးပြီးပြောသွားတာ ရှိတယ်” ဟု မဇ္ဈိမကို ပြောသည်။

    ထိုင်းဆရာ ဝန်ကြီးသည် မန္တလေး ဆေးရုံမှ လက်ထောက် ဆရာဝန်မ တဦး၏ အကူအညီဖြင့် မေးရိုး ဆိုင်ရာနှင့် တကိုယ်လုံး မီးလောင်ဒဏ်ရာ ရရှိထားသည့် သံဃာများအား အနီးကပ် ကြည့်ရှုသွားခဲ့ပြီး ဒဏ်ရာ ပြင်းထန်သည့် လူနာများကို အထူး စိတ်ဝင်တစား ကြည့်ရှုသွားကာ ကျန်သံဃာများကိုလည်း ကြည့်ရှုသွားခဲ့သည်ဟု ကိုဝင်းမင်းထွန်း က ဆိုသည်။

    မန္တလေး ဆေးရုံ၌ လက်ပံတောင်း သပိတ်စခန်း ဖြိုခွင်းခံရမှုတွင် မီးလောင်ဒဏ်ရာ ရရှိသည့် သံဃာ ၂၃ ပါးနှင့် လူပုဂ္ဂိုလ် ၄ ယောက် တက်ရောက်၍ ကုသနေရဆဲ ဖြစ်သည်ဟု ဆိုသည်။

    ဆက်လက်၍လည်း ထိုင်ဝမ်နှင့် အာဖရိကတိုက်သား ဆရာဝန်ကြီးများ လာရောက် ကြည့်ရှူ့ရန် စီစဉ်လျက်ရှိသည် ဟုလည်း သိရသည်။

    Credit to လင်္ကာ at 7:41 AM

  • blackchaw

    December 9, 2012 at 6:51 am

    ကိုသစ်ရေ…
    ဝမ်းသာစရာ သတင်းကို ဝမ်းသာအားရ ဝင်ဖတ်ပြီး…
    ဝမ်းသာအားရ ကွန်းမန့် ဝင်ရေးသွားပါတယ် ဗျာ…။
    ဟိုတစ်နေ့ကတောင်…
    လက်ပန်းတောင်းတောင်ကိစ္စအတွက်…
    အမေစု တစ်ယောက် သတင်းစာရှင်းလင်းပွဲလုပ်နေရပါရောလားဗျာ…။
    စကိုင်းနက်က လွှင့်တာကို ထိုင်ကြည့်နေရင်း…
    အမေစု ကို စိုးရိမ်စိတ်ဝင်မိပါတယ် …။
    အမေစု ပြောတဲ့ အပေးအယူ ဆိုတာကြီးကိုလည်း စိတ်ဝင်စားနေမိရဲ့…။
    ပို့စ်နဲ့ မဆိုင်ရင်လည်း ခွင့်လွှတ်ပေးပါ ကိုသစ်ရေ…။
    ကျွန်တော် ပုဂံရောက်နေပါတယ် ခင်ဗျာ…။
    ရွာထဲမရောက်တာ ဆယ်ရက်လောက်ရှိနေပေမယ့်…
    မိတ်ဆွေရွာသားတချို့ဆီကနေ
    MG ကို နားနဲ့ ဖတ်ဖြစ်နေပါတယ်ခင်ဗျာ…။
    လေးစားခင်မင်တဲ့…
    ဘလက်ချော…။

  • thit min

    December 9, 2012 at 7:57 am

    ကိုဘလက်ရေ
    ပျောက်နေတာကြာလို့ ခရီးသွားနေတယ်ထင်တာ။ ကွက်တိပါဘဲ။
    ဟုတ်ကဲ့ပါဗျာ။ ပုဂံမှာမိသားစုဘုရားဖူးခရီးစဉ်မျိုးလား။
    ကောင်းပါလေ့ဗျာ။
    ကိုဘလက်ပြန်လာမှ ဓာတ်ပုံတွေကြည့်ရမှာပေါ့နော်။
    တခုတ်တရကော်မန့်လာပေးလို့ ကျေးဇူးပါ။
    ^^^^^^^^^^^^^^^^^^^^^^^^^^^^^
    ပို့(စ)နဲ့ပါတ်သက်တာ ဆက်ပြောရရင်တော့
    မအေးနက်(ဝက်မှေးရွာသူ) က ပြောပုံအရတော့ လျော်ကြေးပေးတယ်ဆိုတာ
    သီးနှံဖိုး ၃ နှစ်စာ ၅သိန်း ၂ သောင်းကိုပေးမယ်လို့ပြောပြီး ၂၀၁၂ ဒီဇင်ဘာ၁၂ ရက်နေ့က
    ခရိုင်အုပ်ချုပ်ရေးက ခင်ဗျားတို့မြေတွေပေါ်ကိုမြေစာလဲမပုံဘူး၊ အဆောက်အဦးလည်းမဆောက်ဘူး။
    ကားဖြတ်မောင်းရုံဘဲ လို့ပြောခဲ့တာ။
    သီးနှံဖိုး ၅ သိန်း ၂သောင်းပေးပြီး မြေလျော်ကြေးပေးတယ်ဆိုတာခုမှဖြစ်လာ၊ပြောလာတဲ့စကားလို့ပြောတယ်။
    တကယ်တမ်းသီးနှံဘိုးတောင် တနှစ် ၆သိန်းလောက်ရတဲ့မြေတွေတဲ့။
    မြေတကွက် ၅သိန်း ၂ သောင်းနဲ့ ရရင် ကျမ တို့တောင်လိုချင်ပါတယ်တဲ့။
    ကိုဘလက်ရေ
    တခုခုတော့မှားနေပြီဗျ။
    ဒါ့ကြောင့် အမေစုကပြောတာ “အချိန်ယူ” ရမယ်တဲ့။
    (ကျနော်ကလဲ ဟိုးအစကထဲက တန်ရာတန်ကြေးနဲ့ လျော် တယ်လို့လုံးဝ ၊လုံးဝကြီးကို မထင်ခဲ့တာ)။

  • thit min

    December 10, 2012 at 4:58 pm

    အကိုကြီးမိုက်ရေ
    ကျေးဇူးနော်။
    ပို့စ်ထဲမှာထပ်ဖြည့်လိုက်ပြီ။
    စုစုစည်းစည်းလေးဖြစ်နေတော့ တချိန်ချိန်ပြန်ဖတ်ရင်လွယ်အောင်ပါ။
    အိုဘားမားပို့စ်လဲ ကျနော် ကြုံရင်ကြုံသလိုဖြည့်နေတာပါဘဲ။ကျေးဇူးပါ။

    ~~~~~~~~~~
    ကိုဘလက်ရေ
    ရက်စွဲလေးမှားနေလို့ဗျာ။
    ၂၀၁ဝ ဒီဇင်ဘာ ၁၂ ရက်နေ့မှာ လို့ပြင်ဖတ်ပေးနော်။
    ကျနော်တို့ ကော်မန့်တွေကို ပြင်လို့မရလို့ပါ။

Leave a Reply