ယတြာပေး ဘိုးတော်အဘရဲ့ ကိုယ်တိုင်ရေးဝန်ခံချက်….

johnnydeerDecember 6, 20121min26520

မဟုတ်တာတွေချည်းလုပ်နေတော့ ဘာဖြစ်လဲ …ကြာလာတော့

လိပ်ပြာလန့်လာတယ်…ကြောက်လာတယ်…သွေးပျက်ခြောက်ခြားလာတယ်…အားကိုးရှာလာတယ်…အထက်ကမြင့်နိုင်သလောက် မြင့်တာကို

အားကိုးရှာလာတယ်…အဲ့ဒီမှာ ပေါက်တတ်ကရ ပြောတတ်တဲ့ ကျုပ်နဲ့ တွေ့တော့တာပဲ…ကျုပ်ဝန်ခံတယ်…အမြဲ

ပေါက်တတ်ကရတွေး…ပေါက်တတ်ကရပြောတတ်တယ်…အဲ့ဒီမှာ ဘယ်ကနေဘယ်လို ဘာသတင်းတွေကြားပြီး

ကျုပ်ဆီရောက်လာကြလဲမသိဘူး…အေး…လာတော့လဲ ပေါက်တတ်ကရ

ပြောလွှတ်တာပေါ့…တလွဲတွေပြော…တလွဲတွေလိုက်လုပ်…အံမယ်…အဟုတ်ဗျ…ရိုးရိုးတော့

ပြောမရဘူးပေါ့…အထက်ကတို့…အမိန့်တို့…ဘိုးတော်တို့…အဘတို့…အဲ့ စကားလုံးတွေ လှိုင်လှိုင် သုံးရတယ်ဗျ…ကျုပ် အလုံးတွေသဘောကျလို့

လိုက်သုံးကြတာ..အခုခေတ် အဟော့ဆုံးစကားလုံးတွေတောင်ဖြစ်နေသေး…ကျုပ်ဆီ စရောက်လာတာ ၂၆ နှစ် နှာခေါင်းပြတ်ကြီး…သိတယ်မို့လား…သေတာ

၁ဝ နှစ်ရှိပြီလေ…စကား ၃ ၄ခွန်းလောက်ပြောကြည့်တာနဲ့ မယားတရူးမှန်း သိတယ်…ဘာဖြစ်ချင်တာလဲ မေးလိုက်တော့…ရတဲ့နေရာခို်င်မြဲချင်ပါတယ်တဲ့…

ရတဲ့နေရာခိုင်အောင် ရခိုင်မ ယူလိုက်ပေါ့ကွ…လို့လဲ ပြောလိုက်ရော သဘောတွေ စွတ်ကျပြီး အဲ့ဒီကစကျုပ်

ပေါက်သွားတာပဲ…လာလိုက်ကြတာ..မေးလိုက်ကြတာ…လက်တောင်မလည်ဘူး…အာဏာရူးတွေချည်းပဲ….အဲ့ဒီနောက် အရေးအခင်းစပါရောလား..

.ပြည်ပြေးဖြစ်ကိန်းမြင်တယ်…ပြည်မြို့ကိုပြေးလို့ ဖောလွှတ်လိုက်တယ်…ဘဲကြီးက အိုနေတော့ ခြေထောက်နဲ့ မပြေးဘဲ လေယာဉ်နဲ့ပြေးတယ်တဲ့…မရပါဘူး…

၈၈၈၈ဖြစ်ပါရော…မစွမ်းဘူး..မရဘူးဆိုပြီး..ထပ်ရောက်လာသေးတယ်…ဟောက်လွှတ်လိုက်တယ်…ငါပေးတဲ့

ယတြာကိုတိတိကျကျလုပ်လို့..မလုပ်ရင်မရဘူးကွ..ဆိုတော့ ဟုတ်ကဲ့…ဟုတ်ကဲ့နဲ့ လစ်သွားတယ်…လူတွေများကြောက်မိရင် ကျိုးကြောင်းဆီလျော် ဘာမှ

မစဉ်းစားနိုင်တော့ဘူး…ပြောတာလျှောက်လုပ်တော့တာပဲ….အဲ့ဒီနောက် အဲ့ကောင်နားသွားတော့ နောက်တကောင်တက်လာတယ်…နောက်လာတဲ့ မောင်ပုလဲ

ဒိုင်းဝန်ထက်ကဲ ဆိုတာ တကယ်…နောက်ကောင် ပိုဆိုးသေးတယ်…ဗေဒင်တွေ ယတြာတွေ ယုံတာလဲ သူ့အပြင်မရှိဘူး…မဟုတ်တာလုပ်တာလဲ

သူ့အပြင်မရှိဘူး..လာလာချင်းမြောက်ပြောပေးလိုက်တာ ခင်ဗျားက သာမန်လူမဟုတ်ဘူး…သာလွန်မင်းတရားကြီးဝင်စားတာလို့…အဲ့ဒီကတဲက ဘုရင်ရူး

ရူးတော့တာပဲ..သမီးတော်တွေကော..မယ်တော်တွေကော..အရှင်ဘုရားတွေကော..စုံနေတာပဲ..တတိုင်းပြည်လုံးလဲ လက်အုပ်ချီတဲ့ရောဂါ

အဲ့ဒီကစတာဘဲ…ကဲ….တိုတိုပဲရေးတော့မယ်…

အသက် ဉာဏ်စောင့်တဲ့ကွ…ဉာဏ်ပင်စိုက်….စိုက်…

စုကြည် ပန်းအောင် စက္ကူပန်းစိုက်ကွ…စိုက်…

တထောင်တန်ထုပ်မှာလား…စီးကရက်ကို ခြင်္သေ့နဲ့ ဖိထားကွ…ဖိ…

မရသေးဘူးလား…ဒီလောက်ရှိတာ..တပြည်လုံး ကြက်ဆူစိုက်…စိုက်ကွာ..

ကြက်ဆူသီးတွေ သီးလာပြီ…ဆီမကြိတ်နဲ့ဦး…ကြက်ဆူဆီထွက် စုကြည်တက်တဲ့…ကိုယ့်ဘာသာကို တဘောင်ထုတ်ပြီး

ရပ်ခိုင်းထားလိုက်ရတယ်…စေတနာနဲ့ပါ…(သူတို့လာပေးတဲ့ ကြက်ဆူဆီ ကျုပ်အိမ်က ထော်လာဂျီလေးထဲ ထည့်မောင်းတာ

အင်ဂျင်ကိုင်လိုက်ရတယ်လေ…တော်ကြာ တတိုင်းပြည်လုံး ဝပ်ရှော့ရောက်နေမှာစိုးလို့)

အောင်ဆန်းစုကြည်….ထိပ်ဆုံး အောင်နဲ့ နောက်ဆုံးကြည်နဲ့ ရှေ့ကော နောက်ကော ဖိနိုင်အောင် အောင်ကြည်ကို ဆက်ဆံရေးဝန်ကြီး

ခန့်ခိုင်းပြီးလုပ်ရတာတောင် ရှိသေး..

ကျုပ်လဲ တော်တော် ဦးနှောက် ခြောက်သွားတယ်…တချိန်လုံး…ဒီ…စ လုံး နဲ့ က ကြီးနဲ့..ဒါဘဲ စဉ်းစားနေရတာ…၂၃ နှစ်ကြာသွားတယ်…ဒီကြားထဲလဲ

အများကြီးပဲ…တချို့လဲ မှတ်မိတယ်…တချို့လဲ မမှတ်မိတော့ဘူး…ဒီကြားထဲ ၂၀၀ရ ရောက်တော့ ဘွားတော်ကြီး လာစားနေလို့

ခွေးပြေးဝက်ပြေးပြေးရကိန်းမြင်တယ်…ရွှေတိဂုံဘုရားပေါ် ခွေးတကောင် ဝက်တကောင်ဆွဲပြီး ပြေးဆိုပြီး ဂျောက်ချလွှတ်လိုက်တာ..မှောက်ရက်ကြီးလဲ ပြီး

ခြေထောက်ကျိုးသွားလို့ စင်္ကာပူတောင် ဒိုးလိုက်ရပါလား…အခု နားပြီးမှကို လာသေးတယ်…ကျန်းမာရေးဒေါင်ဒေါင်

မြည်အောင်တဲ့..ကျုပ်ကလဲကျုပ်…ဒီပေါက်တတ်ကရ ပါးစပ်ကလဲ လွှတ်ကနဲ ထွက်သွားသေးတယ်…ဟို ကုလားညီနောင် ဗျတ်စုတ်ဗျတ်ပဲ့ ဇော်ဂျီ ဖိုဝင်သား

စားလိုက်တာ မြေရှိုး မိုးတောင်ပျံသွားသေးလို့ ပြောလိုက်မိတာ ဘာအဓိပါယ် ပေါက်သလဲ မသိပါဘူး…နောက်နေ့ သာမည ဆရာတော် အလောင်းကြီး

ပျောက်သွားရော ဆိုပါလား…တမိသားစုလုံး ဟင်း လုပ်ပြီးချက်စားကြ ဆိုလား…ရူးတာကတော့ ကျုပ်တောင် လက်ဖျားခါယူရတယ်ဗျို့…တော်သေးတာပေါ့…

၂၃ နှစ်မို့လို့…နှစ် ၅ဝလောက်ဆို ကျုပ်ပါ ရူးမယ်…လာပြန်ပြီ..အခု နောက်ဆုံးတယောက်က..လာတော့လာတယ်…လာခဲတယ်…အခု နောက်ဆုံးလာတော့ ဒီ

စောက်ပါးစပ်ကလဲ အမှတ်မရှိဘူး…ထွက်ချင်ရာ ထွက် သွားကုန်တော့တာပဲ…သပိတ်=သူပုန်….ကတုံး=ဗုံး…ဆိုပြီး စကားလေး လေးခွန်း

ထွက်သွားမိပါတယ်…နောက်နေ့ ကိုယ်တော် တွေရဲ့ ပုံတွေ ကြည့်ရက်စရာမရှိတော့ဘူး..ဖွဘုတ်ကြီးတောင် မဖွင့်ရဲတော့ဘူး…တော်ပြီ..ရှေ့လျှောက်

ဘယ်သူဘဲလာလာ ဘာပဲပေးပေး အမှတ်မရှိတဲ့ ဒီပါးစပ် ပလာစတာနဲ့ပဲ ကပ်ထားလိုက်တော့မယ်…ဘာမှမပြောတော့ဘူး..

 

အထက်ကလမ်းညွှန်ချက် အမိန့်များကို ထရန်စလိတ်လုပ်ပေးသူ …..

ပုံ…ဘိုးတော် အဘ…

20 comments

  • johnnydeer

    December 6, 2012 at 7:19 am

    မန်းလေး ဂေဇက်မှာ ပထမဆုံးတင်တဲ့ ပိုစ်ပါ…လိုအပ်တာ လမ်းညွှန်ပေးကြပါဦး…သိပ်တော့ အဆင်မပြေသေးဘူး…စ ကာစ မို့လို့နဲ့တူတယ်..

  • MaMa

    December 6, 2012 at 9:04 am

    စ ကာစ မို့ပေပဲ။
    လက်သွက်လိုက်တာ။
    လက်ရာကတော့ မိုက်ကယ် မျိုးရိုးမို့ ထင်တယ် တို့ရွာက ဘကြီးပုနဲ့ ဆင်ဆင်တူတယ်။ :kwi:

    • MaMa

      December 6, 2012 at 9:56 am

      အဲ မှားလို့။
      ဂျော်နီ မျိုးရိုးလို့ ပြောတာ။
      မိုက်ကယ်မျိုးရိုး ဖြစ်သွားတယ်။ :harr:

      • pooch

        December 8, 2012 at 3:25 pm

        ဟုတ်ပါရဲ့ မမရယ် လက်သွက်မဲ့သဘောရှိတယ် ။ ဂျော်နီမျိုးရိုးပီသပါပေတယ်။

        ဘပုတော့ အမျိုးရပြီ။ ကြိုဆိုပါတယ်။

        နောက်ပြောကြတာ ရှိသေးတယ် ကြာကြာစံရအောင် ကြာဇ့ကြော်စားဆိုပြီး ခါမချအောင် ခါကြက်ဥသုပ်စားဆိုပြီး 😀

  • Mon Kit

    December 6, 2012 at 9:43 am

    ပြုံး.. ပျော်.. စွာ နဲ့ ဖတ်ရှုအားပေးသွားပါတယ်…
    :hee:

  • kyeemite

    December 6, 2012 at 9:47 am

    ကိုယ်တိုင်ရေး စစ်စစ်ဆိုရင်တော့
    ဂဇက်ရွာက ကြိုဆိုပီးသားပါ…
    ကြိုဆိုရုံတင်မဟုတ်
    အရေးအသားကောင်းရင်ဆုပါပေးနေသေး…

  • Hnin Hnin

    December 6, 2012 at 9:56 am

    အရေးအသားကတော့ ရပ်လို့မရအောင် ဖတ်လို့ကောင်းသည်….. 🙂

  • ခင်ခ

    December 6, 2012 at 10:01 am

    ဘာဘဲဖြစ်ဖြစ် ရေးသားတင်ပြတဲ့အတွက် ဝမ်းသာပြီး အားပေးပါတယ်။
    ဆက်လက်ပြီးတော့လည်း ရေးပါအုံးနော်။
    အချိန်မရွေးအလုပ်အကိုင်တွေအဆင်ပြေချင်ရင် ( နာရီ နဲ့ မရွေး ) ဘုန်းကြီးလှုပြီး ဆုတောင်းပေါ့ဗျာ။
    ( နာရီ = အချိန် )

  • Novy

    December 6, 2012 at 10:06 am

    ဘဲနဲ့ အဆင်မပြေတဲ့လူတွေကို
    ဘဲပေါင်း လှူ

    ကွာနေတဲ့လင်မယားတွေ အတွက်
    ကွာစီ လှူ

    အလုပ်မပြောင်းချင်တဲ့သူအတွက်
    ပြောင်းဖူး လှူ

    ပုံ
    မယ်တော် နိုဗွီ :harr:

  • မိုချို

    December 6, 2012 at 10:38 am

    တော်လိုက်တဲ့ ဘိုးတော် နော်….. ခေါင်း ဆင်နင်း ကိန်း မြင် တယ် ဆိုလို့ ဆင် မပြောနဲ့ ပျား တောင် မနင်း နိုင် အောင် ပျား မနင်း ကို ပြောင်း လို့ ကောမိန့် မိ သေးတယ် မလား။ …
    ခု တလော အာ ရုံ တွေ နောက် လွန်း လို့ ရွာ ထဲ အသံတိတ် နေ မိ တာ ခု မှလန်း သွားတယ်။
    ပထ မဆုံး ပိုစ့် ပေမို့ လို့ ပေပဲ။ ရေး တတ် လိုက် တာ။

  • Mobile

    December 6, 2012 at 10:46 am

    ဖတ်ရှု့အားပေးသွားပါတယ်ဗျာ။

  • Mr. MarGa

    December 6, 2012 at 11:16 am

    ဂေဇက်မှာက အသစ်အဟောင်း မခွဲပါဘူးနော်
    လာသမျှ ဆွေးနွေးဝေဖန်ကြပါတယ်
    အခုလဲ
    အသစ်သာဖြစ်တာ အရေးအသားက သွက်လက်တာကြောင့်
    အာပေး သွားပါတယ်ဗျာ

  • kokothandar

    December 6, 2012 at 11:59 am

    ဂျော်နီဘိုးဘိုးရယ် ပြောင်စိန်စိန်အတွက်လဲ အဆောင်လေးဘာလေးလုပ်ပေးလိုက်ပါအုံး ခုစာကလေး ခုဆီ ထမင်းကြော် နဲ့ ဝင်စို့ထွက်စို့တွေများနေတယ် အရူးလင်လုပ်ရသလိုဘဲ အဲ…တော်တာတစ်ခုတော့ရှိပါရဲ့ ဆရာတော်တွေကို ဗုံးနဲ့ထုခိုင်းတဲ့ တရားခံလဲသိရော ဒေါ်စုကို တရားခံ မရှာခိုင်းတော့ဘူး။ သူကလဲ ထုချင်ထု ကြည့်ဆိုပြီး စမ်းလိုက်တာလားမှမသိတာ ခုပြည်သူဘက်က မအီမလည်ဖြစ်နေတော့ ဩဇီကိုတောင် လမ်းမသလားရဲတော့ဘူး ပြန်လှည့်လာပီ တစ်ကယ်ဆို မီးလောင်ဒဏ်ရာရသူတွေကို သူနဲ့ ပြည်ထဲရေး ကကောင် သွားကြည့် ပြီး တောင်းပန်ရမှာ မဟုတ်ရင် ဒီမီးစ တော်တော်နဲ့ ငြိမ်းမယ်မထင်ဘူး ဘိုးတော်ရေ ဒီ အကုသိုလ်တွေ မြန်မြန် ပြေးမဲ့ ယတြာ လေးများရရင် မ.စ ပါ စီမံလိုက်ပါမယ်

  • အိမ်းးး
    မြိုင်ရာဇာ တွက်ပီလို မချိန်ဘဲပစ်ရင် မှန်ဒယ်
    ချိန်ပြီးပစ်ရင် လွဲတတ်ဒယ် ဆိုဒလိုဘော့ ..

    ခုလိုမျိုး ရမ်းဟောဗေဒင် မှန်တာနဲ့ ပတ်သက်ပြီး
    ဘယ်ထဲမှာတုန်းတော့ သိဝူးးး
    ဖတ်ခဲ့ဖူးတယ်ပဲ မှတ်မိဒါ ..

    ဒါဘာဗျဲ ..
    အားပေးတွားဘာဒယ် …

  • jullies cezer

    December 6, 2012 at 1:17 pm

    စလယ်ဆုံးတစ်ချက်မှစာဖတ်မရပ်ချင်အောင်ဆွဲဆောင်သွားပါတယ်
    ယတြာထဲမှာကျန်သေးတယ် လူမင်းရာဇာနတ်မင်းဒေဝါလေ……….

  • သီဟသူရချာလတာအာပေတူး

    December 6, 2012 at 1:25 pm

    အောင်တိန်းညင်း ပြောင်းဖူးကြီးကိုင်ပီး အရပ်တကာလှည့်ပီးမဲဆွယ်တာလဲ
    နီ့လက်ချက်ပဲလား ?? ဟိဟိ 😀

  • kai

    December 6, 2012 at 1:39 pm

    ၁၂၈၁၂က.. ဆက်ဖရွန်ရဗလူးရှင်း ဗားရှင်း၂လုပ်မှာတဲ့..
    ဘယ်လိုယတြာလည်းသိချင်သား..
    ၁၂၁၂၁၂ ကလည်း လာတော့မှာ..
    ဘာလုပ်ချင်သလည်းသိချင်သား
    ၁၂၂၁၁၂ကလည်း ကမ္ဘာပျက်မယ်တဲ့..
    ဘာဖြစ်မလည်းသိချင်သား..

    ဆက်ရွှီး.. အဲ..အဲ.. ဟောပေးပါလားဟင်င်င်… :kwi:

    • Inz@ghi

      December 6, 2012 at 5:01 pm

      ၈၁၂၂၀၁၂ ကျရင် စစ်သားအစိတ်သားကို ဘုရားသားအစိတ်သားနဲ့ လဲမလို့လားဟင်င်င်င်င်င်င်င်င်င်

  • ရဲစည်

    December 6, 2012 at 6:13 pm

    ဟိုထောက်လှမ်းရေးကြီးကို မင်းပြစ်မင်းဒဏ် သင့်အောင် ဆွမ်းဦးပုညရှင်မှာ ထီးတင်ခိုင်းတာလဲ ခင်ညားလား
    ဗိုလ်တထောင်ဘုရား မျက်နှာချင်းဆိုင်က အမတော်ကို လက်ထိပ်ခတ်ခိုင်းတာလဲ ခင်ညားလား
    မေးသာ မေးရတယ် …. အဟိကြောထှာ ..။
    အပေါ်ဘိုးတော်မေးလို့ ဝင်ရွှီးလိုက်ဦးမယ်
    ၁၂၁၂၂၀၁၂ မှာ ပိုက်ပိုက်သာစုထား
    တစ်ကမ္ဘာလုံး ဒစ်စကောင့်ရှိတယ် ခွစ်..ခွစ်

  • မောင်ပေ

    December 6, 2012 at 9:04 pm

    ဒီလူပဲဖြစ်ရမယ်
    ကောင်းမှုတော်ဘုရား ရွှေရောင်ဝင်းတာလဲ

Leave a Reply