ပန်းသီးသည် နောင် ၄နှစ်ကြာပြီး နောက် ??

ムラカミDecember 6, 20125min24042

 

မနေ့ညက ကိုနီပေပါနဲ့ ပြောဖြစ်တာလေးပါ …

သိတဲ့အတိုင်း ကျနော် အလွန်အရူးအမူး စွဲလမ်းရတဲ့ Nokia Lumia 920 လေးအကြောင်းပေါ့

လိုချင်လှသပေါ့ …ဒါပေသိ …ကျုပ်တို့ဆီကို မသွင်းလို့ပေါ့ဗျာ …

ကိုနီပေပါပြောတာတော့ ..iPhone Killer Phone ဆိုပဲ …

ဟုတ်လောက်ပါတယ်.. Feature တွေရော ..OS ရဲ့ Experience အသစ်ရော…

စင်းတီတုံး လို အသားတင်လှီး ..ဒါမှမဟုတ် တူ လိုမျိုး သံရိုက်နိုင်လောက်အောင်

မာတာရော … wireless charging နဲ့ jbl earphone ကောပေါ့ ….

 

 

(ဂလောက်ကောင်းတဲ့ဖုန်း ရနိုင်ရက်နဲ့တောင် LG ဝယ်မယ်ပြောတဲ့လူရှိသေး… အံ့ကျော်ပဲ)

တကယ်တော့ သည်ပိုစ့် က ဟို ကကြောင် အဆီပိတ်ကြီး ပြောချင်ရာပြောပြီး ဘောက်ဇတ် ဘောက်ဇက်နဲ့

ရုံးဆင်းချသွားတာ ..ချဉ်လို့ ရေးလိုက်တာပါဗျာ … ပန်းသီး …ပန်းသီး ….

ဆက်ပြီးသာ ဖတ်ကြည့်တော့ ပိတ်သတ်ရေ…

 

 

 

စာနဲ့ရေးနေရင် ရှည်တယ် ..ပုံလေးတွေသာ ကြည့်တော့ဗျာ …

 

 


ခုတော့ ဆောင်းပါးလေး တစ်ပုဒ် ဘာသာပြန်ပြီး တင်လိုက်ပါ့မယ်ဗျာ…
၂၀၁၂မှာ Google ရဲ့ Android OS ဟာ ကမာ္ဘ့ Smartphone တွေအားလုံးရဲ့ ၃ပုံ၂ပုံ သော

ဈေးကွက် ဝေစုကို ရရှိထားပါတယ်. အဲ့သည့်အပြင် နောက်ထပ် ၄နှစ်အထိတိုင်အောင်

ဆက်လက် စိုးမိုးထားဦးမယ် လို့ ဆာဗေးတခုကပြောပါတယ်။
IDC ဆိုတဲ့အဖွဲ့ကလုပ်တဲ့ အနှီ လေ့လာမှုမှာ ၂၀၁၂ မှာ Android စက်ရုပ်တွေက ဈေးကွက်

ဝေစု 68.3% ရထားပါသတဲ့ … ဒါဟာ 18.8% သာရရှိထားတဲ့ ပန်းသီးရဲ့ iOS platform ထက်

အပြတ်အသတ်ကို သာလွန် နေတာပါ။
IDC ရဲ့ ဈေးကွက်သုတေသန ဆိုင်ရာ ခန့်မှန်းချက်အနေနဲ့ကတော့ စက်ရုပ်ဟာ ပြတ်ပြတ်

သားသား ဦးဆောင်နေသူဖြစ်ပြီး ဆက်လက်ပြီးတော့လည်း အုပ်စိုးထားဦးမယ့်အနေအထား

ဖြစ်ပါတယ် သူ့မှာ ပါတနာတွေများတယ် မဟုတ်ပါလား…
စက်ရုပ်တွေထဲမှာမှ Samsung ဟာ ရောင်းအားအကောင်းဆုံးဖြစ်ပြီး (၂၀၁၂ရဲ့ ရောင်းအကောင်းဆုံး

သော SmartPhone maker) LG နဲ့ Sony ဟာလည်း ထိပ်တန်း ၅ခု စာရင်းပေါက်တဲ့ စက်ရုပ်

မိတ်ကာတွေဖြစ်ပါတယ်။

 


၂၀၁၆ အတွက် ခန့်မှန်းချက်ကတော့ စက်ရုပ်တွေဟာ ၆၈% ကနေ ၆၃% လောက်ထိ

ကျဆင်းသွားမှာဖြစ်ပေမယ့် ပြတ်သားစွာ ဦးဆောင်နေဦးမယ် လို့ ဆိုပါတယ်။

ပြိုင်ဘက်တွေကတော့ ပန်းသီးနဲ့ အနုမြူအပျော့ရဲ့ ပြတင်းပေါက်တွေနဲ့ အခြား ဆိုပါတော့ဗျာ..။

 

ခြားနားတဲ့ နေရာတွေက ဈေးကွက်ဝေစုတွေကို ဆက်လက် ပြီး ဦးဆောင်ရယူမယ်လို့ ခန့်မှန်းရပါတယ်

 

တချိန်တည်းမှာ Windows Phone တွေက ခြားနားတဲ့ OS Experience ကိုပေးပြီး ပါတနာတွေနဲ့

တန်ဖိုးတစုံတရာကို ယူဆောင်လာနိုင်လို့ ..ဈေးကွက်ဝေစု တိုးလာမယ် လို့ သုံးသပ်ထားပါတယ်။

(Windows Phoneပဲ ထုတ်တော့မယ် ဆိုပြီး ပါတနာ ဖွဲ့လာတဲ့ Nokia ဟာ တချိန်က Market Leader

ဖြစ်ပြီး HTC, Samsung တို့ကလည်း Windows Phone ထုတ်နေပါတယ် … ဒီဆြာတွေက

ဈေးကွက်က စက်ရုပ်တောင်းရင် စက်ရုပ်တိုးထုတ်မယ် ပြတင်းပေါက် တိုးတောင်းလာရင် ပြတင်းပေါက်

တိုးထုတ်မယ့် ဆြာတွေပါ. … အဲ … ပြတင်းပေါက် ဖုန်း အသစ်ထုတ်သူတွေကတော့ Hardware

လောကရဲ့ ဆြာသမားတွေဖြစ်တဲ့ Dell, Lenovo, Acer တို့ပေါ့..)

 

 

နောက်ထပ် စိတ်ဝင်စားဖို့ကောင်းတာကတော့ လာမယ့်နှစ်မှာ ထွက်ရှိလာမယ့် BlackBerry 10 နဲ့

အခြား Linux open systems ပဲ ဖြစ်ပါတယ်.. ။

(ဒီဆြာတွေကတော့ အဓိက ၃ကောင်ပြေးတဲ့ မြင်းပြိုင်ပွဲမှာ အိမ်ဖြည့်လောက်ပဲ ဖြစ်လာမလားပဲ

တအားနောက်ကျ နေတာကိုး ..)

 


တကယ်တော့ BlackBerry ဆိုတာ တချိန်က ရွှေထီးဆောင်းခဲ့သူပါ ..လက်ရှိ ဈေးကွက်ဝေစု 4.7%

ပေမယ့် ၂၀၁၆ မှာတော့ 4.1% ထိ ကျဆင်းမယ်လို့ လေ့လာသူတွေက ဆိုပါတယ်။
Linux ကတော့ Open system ဖြစ်တာနဲ့ အညီ လက်ရှိ 2% ကနေ ၂၀၁၆မှာ 1.5% အထိ

ကျဆင်းမယ် လို့ ပြောပါတယ် ။ (သင်ခန်းစာ-၁။ အကုန်ဖွင့်ထားရင် ဟောင်းလောင်းကြီးဖြစ်ပီး ပိုက်ပိုက်

မရတတ်)

Windows Phone ကတော့ လက်ရှိ 2.6% သာရှိပေမယ့် 11.4% ထိ ၂၀၁၆မှာ ဈေးကွက်ဝေစု

ရလာမယ်လို့ ဆိုထားပါတယ်။ (သင်ခန်းစာ-၂။ ပါတနာများခြင်း သီးခြားဆက်နွယ် စွမ်းဆောင်ရည်

များခြင်းသည် အောင်မြင်ရာ)

 

 

 

ပန်းသီးရဲ့ iOS ကတော့ နံပါတ် ၂နေရာမှာ ဆက်ရှိနေဦးမှာ ဖြစ်ပေမယ့် .. အရေးအကြီးဆုံးသော

အချက်က ဈေးနှုန်းအခြေပြု ယှဉ်ပြိုင် နိုင်မှုဟာ အသစ်ပေါ်ထွန်းလတ္တံ့သော ဈေးကွက်မှာ

အလွန် အရေးပါလာမှာဖြစ်ပါကြောင်း။ (သင်ခန်းစာ-၃။ ရော့စား .. မုန့်ဟင်းခါး အကြော်စုံ ငါးဖယ်နဲ့

ဆိုချကျွေးပြီး အမြင့်ဆုံးဈေး ယူပြီးရောင်းတာဟာ အလယ်လတ်တန်းစားနဲ့ အခြေခံလူတန်းစားအတွက်

တော့ သဟဇာတ သိပ်မဖြစ်)
လက်ရှိ တိုးတက်နှုန်းကို ဆက်ထိန်းချင်ရင် ပန်းသီးအနေနဲ့ ပိုမို ဈေးနှုန်းချိုသာတဲ့ မော်ဒယ်တွေကို

ထုတ်လုပ်ဖို့ လိုအပ်နေပါတယ် လို့ …ဆာဗေးက ဆိုပါတယ်။

(ဟုတ်ပါတယ် လက်ရှိ ရလက်မ တက်ဘလက် ဈေးကွက်ကိုပဲကြည့်ရင် ..ပန်းသီးရဲ့ ဈေးကွက်မူဝါဒက

မေးခွန်းထုတ်ချင်စရာပါ.. ပြိုင်ဘက်တွေထက် resolution နည်းသလောက် ဈေးသိသိသာသာများနေပြီး

တဖက်မှာလည်း Apple Fanboy ဖြစ်သည့်တိုင်အောင် Price Sensitive Buyer ဖြစ်ပါက ၁ဝလက်မ

iPad4 ဝယ်မယ့်အစား mini ကိုသာရွေးချယ်မယ့် သဘောလည်း သက်ရောက်နေပြန်လို့ပါ..)

 

Mobile phone ဘက်ပြန်သွားရရင် ဈေးကွက် ကျယ်ပြန့်လာမှုဟာ ၂၀၁၂မှာ 1.4% သာရှိပေမယ့်

(လက်ရှိ ၃နှစ်အတွင်း အနိမ့်ဆုံး နှုန်း) ပစ္စည်းအရေအတွက် ရောင်းချရမှုမှာ 1.7 billion ထိတောင်

ကြောက်ခမန်းလိလိ များပြားလှပါတယ်။

 

အဲ့သည့်ထဲကမှ (Mobile Phone ဖုန်းတိုင်း Smartphone မဟုတ်ပါ ..) Smartphone ချည်းသက်သက်

တိုးတက်လာမှုက 39.5% ရှိပါသတဲ့ …။

 

ကမာ္ဘလုံးဆိုင်ရာ စီးပွားရေး ယုတ်လျော့မှုက ဖုန်းဈေးကွက်တိုးတက်မှုကို အဟန့်အတား ဖြစ်တယ်လို့

IDC ရဲ့ Kevin Restivo က ဆိုပါတယ်..

သူက ဆက်ပြောသွားတာကတော့ ယခုနှစ် 4th Quarter မှာတော့ high profile phone တွေဖြစ်တဲ့

ပန်းသီးရဲ့ iPhone 5 နဲ့ Samsung ရဲ့ Galaxy S3 တို့ ထွက်ပေါ်လာတာကြောင့် တိုးတက်မှု

အရိပ်အရောင်မြင်နေရပါတယ်။ တရုတ်ပြည်နဲ့ အခြားသော ဈေးကွက် အသစ်တွေကို ဈေးနှုန်းချိုသာတဲ့

Android Smartphone တွေရောင်းချရမှုတွေ အပါအဝင်ပေါ့ဗျာ…။

ဆိုတော့ အဆုံးသတ် Conclution ကို ကျနော် ရေး (ရွှီး) ကြည့်ပါမယ်။

 

ဘယ်တော့မှ မရိုးနိုင်သေးတဲ့ M.Porter ရဲ့ Competitive Strategy ၃ခုကို Refer ကြည့်ချင်ပါတယ်။

 

 

1. Cost Leadership

 

စက်ရုပ်တွေ အလုပ်များတဲ့ ပုံစံပါ … ။ မြန်မာငွေ ၂သိန်းကျော်လောက်နဲ့ Smartphone ကိုင်လို့

ရနေပါတယ်။ ဈေးနှုန်းချိုသာတဲ့ model တွေကို maker တွေ အတော်များများက ထုတ်လာကြ

ထုတ်နိုင်ကြပါတယ်။ (တချိန်တည်းမှာလည်း flagship model ကို ထုတ်ရင်းနဲ့)

 

2. Differentiation

Microsoft ကို ညွှန်းရမှာပါ ..ဟုတ်ပါတယ် … လက်ရှိ စက်ရုပ်နဲ့ ပန်းသီးပေးနိုင်တာတွေနဲ့

ခြားနားတဲ့အရာကို ခင်းကျင်းပြထားပါတယ်။ သူ့မှာ ပါတနာတွေလည်း ပေါပါသေးတယ်..

ဒီနည်းနဲ့ သူက ထိပ်ကိုတက်မယ့်သဘောပါ။

(Blackberry လည်း ဒီအတိုင်းပါပဲ …သို့သော် သူ့အားနည်းချက်က ပြုပြင်ပြောင်းလဲရေးမှာ

နောက်ကျလွန်းတာနဲ့ ပါတနာကောင်း မရှိတဲ့အချက်ပါပဲ..)

 

3. Focus

 

ချစ်လှစွာသော ပန်းသီးရဲ့ မဟာဗျူဟာပါ ..။ ဟုတ်ပါတယ် ပန်းသီးဟာ သူ့ရဲ့ ယူဇာတွေကို

အလွန်ပဲ focus ထားပါတယ်။ သို့သော် လက်ရှိမှာ ပန်းသီးဟာ တကယ်ပဲ စူးစူးစိုက်စိုက်

focus ထားနေနိုင်ပါသလား ဆိုတာ မေးခွန်းထုတ်စရာပါ။ ဘာကြောင့်လဲဆို

၁။ အူကြောင်ကြောင် iPad mini Stunt နဲ့

၂။ iPhone သမိုင်း ကို ရိုင်းစေခဲ့တဲ့ Maps App နဲ့ Siri တို့ကြောင့်ပါပဲ..။

 

 

 

Smartphone ပိုစ့်မို့ ..Mini အကြောင်း ထားလို့ … phone အကြောင်းဖြစ်တဲ့ နံပါတ်၂ပဲ ပြောပါ့မယ်။

iOS 6 ဟာ ရေလည် ဂွမ်း ပါတယ် ..CPU မြန်လာတာမှန်ပေမယ့် multi-task ပိုကောင်းလာပေမယ့်

ထုံးစံအတိုင်း OS စွမ်းဆောင်ရည် မထိခိုက်အောင် Apps တွေရဲ့ memory usage ကို limit

လုပ်ထားတဲ့ ပမာဏလည်း များနေသေးပါတယ်။ ဥပမာ OS hang မသွားအောင် Apps တခုခု

memory အသုံးလွန်လာရင် ပိတ်ကျသွားတာမျိုး …ရှိနေဆဲပါ.. လူတွေအမြင်ကတော့…

Apps မကောင်းတာပေါ့ …။ တကယ်တမ်း Developer တွေနဲ့ စကားပြောကြည့်တဲ့အခါမှာ

သူတို့ ဘယ်လောက် Limit တွေကြားကနေ Develop လုပ်ရတယ်ဆိုတာ သိလာရပါတယ်။

(Apple Fanboys တွေ Android ကိုဝေဖန်လေ့ရှိတဲ့အချက်နဲ့ Contrast လုပ်ပြီး စဉ်းစားမိတာပါ)

Android က Apps တွေကို memory သုံးစွဲခွင့် ဖောဖောသီသီပေးထားလို့ အလွန်အကျွံသော

အနေအထားမှာ OS hang သွားတတ်တဲ့ Case တွေရှိတာကိုပါ။ သည်တော့ OS တော့ မhangဘူး

မကြာခန Apps တော့ ပိတ်ကျနေမယ် ဆိုရင် ကျနော်တို့နှစ်သက်နိုင်မလား ဆိုတာပါပဲ။

 

နောက်တခုက ပန်းသီးရဲ့ တစ်ကိုယ်တော် ပေါ်လစီပါ။ iOS 6မှာ Youtube ကို ကန်ထုတ်လိုက်ပါတယ်

OS ရဲ့ original feature အနေနဲ့ မပါဝင်တော့ပါ။( ကိုယ့်ဟာကို ပြန်သွင်းရင်တော့ ရပါရဲ့..)

ဆိုတော့ ဘာထူးမှာလဲဗျာ …။ နောက်တခု Google Maps အစား ကိုယ်ပိုင် Maps ကိုထည့်သွင်းပါတယ်

အဲ့ဒါလည်း အတော်ကြီးကို ညံ့ဖျင်းတဲ့ Apps တခုဖြစ်ပါတယ်။ (အဲ့သည့် App ကို လုပ်တဲ့Dep က

ထိပ်ဆုံးပုဂ္ဂိုလ် ထွက်သွားရတယ်ကြားပါတယ်။) Homepage မှာလည်း CEO တောင်းပန်စာတင်ရတဲ့

အထိပါပဲ။ ကိုယ့်ဟာကိုယ် Google Maps App သီးခြားဒေါင်းပြီး ထည့်လို့တော့ရရဲ့ …

(ဘာထူးသလဲကွယ်… ကိုယ်ပိုင် map လုပ်တာ သက်သက် ကိုယ့်သေတွင်းကိုယ်တူးတာလို့မြင်ပါတယ်)

 

ဒါတွေအားလုံးရဲ့ အရင်းအမြစ်က Marketing Research ဆိုတဲ့ ကိစ္စရပ်ပါ ။ ပန်းသီးဟာ

ဘယ်တော့မှ Market Research မလုပ်ပါ။ လုပ်စရာလည်းမလိုဘူး တွက်ထားသူတွေပါ။

Steve ရှိစဉ်ကတည်းက ပြောလေ့ရှိတာလေးပါ။

 

Customer ကို ဘာလိုချင်လည်း ဘယ်တော့မှ မမေးပါနဲ့ ။ သူတို့ဟာ ပိုမြန်တဲ့

ပိုကောင်းတဲ့ ပိုဈေးချိုတဲ့ ဆိုတဲ့ ယောင်ဝါးဝါးတွေ လောက်ကလွဲရင် ဘာကိုလိုချင်တယ်ဆိုတာ

အတိအကျ မပြောနိုင်သူတွေပါ

 

တဲ့ …

ဟုတ်လည်း ဟုတ်သင့်သလောက်ဟုတ်ပါတယ်။ ဘာကြောင့်လည်းဆို … ပန်းသီးမှာ

အလုပ်လုပ်သူတွေဟာ ပန်းသီးထုတ်ကုန်တွေကို အမှန်တကယ် သုံးစွဲသူတွေ MacHeads

တွေဖြစ်လို့ပါပဲ။ ဆိုတော့ ..ကမာ္ဘ့ဘယ်နေရာက ပန်းသီးသုံးစွဲသူကမှ သူတို့လောက် ပန်းသီး

ထုတ်ကုန်အကြောင်း ဂဃနဏ သိမှာ မဟုတ်ပါဘူး ။ သူတို့ကိုယ်တိုင်သည် အဆိုပါ ထုတ်ကုန်

တွေကို ရူးသွပ်သူတွေ ဖြစ်ပြီး ကောင်းကွက်ဆိုးကွက် ကိုအကောင်းဆုံးနားလည်ထားသူတွေ

ဆိုတော့ ဈေးကွက်ကို ဘာလိုတယ် ဘာပြင်ရမယ် မေးစရာမလိုအောင်ကို အတွင်းပိုင်း

အဝန်းအဝိုင်းမှာတင် အပြည့်အစုံ သိရှိနားလည်သူတွေ ဖြစ်လို့ပါပဲ …..

ဒါကြောင့်လည်း Market Research မလိုအပ်ခဲ့တာပါ။

 

ဒီနေရာမှာ ဇာတ်လမ်းအချိုးအကွေ့က iOS 6မှာ စက်ရုပ်မိတ်ကာGoogle ထုတ်ကုန်တွေနဲ့ ခပ်ဝေးဝေးမှာ

နေဖို့ .. ဆုံးဖြတ်ချက်ပါပဲ။ Maps ကိစ္စမှာ Google ထက်မညံ့တဲ့ Maps တခု ချပြနိုင်ရင်

အဆင်ပြေပြီလို့ လွယ်လွယ် တွက်ထားပြီး Youtube ကိစ္စကတော့ ကလေးဆန်တဲ့ သဘောထားသေးတဲ့

အပြုအမူသက်သက်လို့ မြင်မိပါတယ်။ Maps ကိစ္စမှာ Google အနေနဲ့ နှစ်တွေချီပြီး ငွေအားလူအား

နဲ့ ကမာ္ဘ့ နံပါတ်၁ဖြစ်အောင် လုပ်ယူထားတာမို့ နေ့ချင်းညချင်း ကျော်မတက်နိုင်တာ လက်တွေ့

ခံစားရပါပြီ။

ပုံမှန်အတိုင်းတော့ ပန်းသီးဟာ Strong ဖြစ်လွန်းလို့

Market Research မလိုတာ မှန်ပါတယ် သို့သော် အခုလိုမျိုး

Strategic Change လုပ်တော့မယ်ဆိုရင်တော့ Market Research ဟာ ဘယ်လောက်

အရေးပါတယ်ဆိုတာ မြင်ရမှာဖြစ်ပါတယ်။ ပန်းသီးက အင်ဂျင်နီယာတွေဟာ ကိုယ့်ထုတ်ကုန်

အကြောင်းကို နှံ့စပ်ပေမယ့် ကိုယ့်ထုတ်ကုန်ပေါ်က google ရဲ့ apps တွေကို user တွေ

ဘယ်လောက် မြတ်နိုးတယ် အသားတကျရှိနေတယ် လိုအပ်တယ် တောင့်တတယ်ဆိုတာကို

ခံစားနားလည်မှု မရှိခဲ့တာပါပဲ…

 

လဲရာသူခိုးထောင်းအနေနဲ့က feature အသစ် ဖြစ်တဲ့ Siri ကလည်း လိုအပ်ချက်များစွာနဲ့ပါ… ဆိုတော့ …

 

အပေါ်ပိုင်းမှာပြောခဲ့တဲ့ Price Policy (အရင်ကတည်းက ပန်းသီးက ဈေးနှုန်းနဲ့ပါတ်သတ်ရင်

သမိုင်းဆိုး ရှိ) အခု ပြောနေတဲ့ ..Focus Policy ။

နောက်ထပ် စဉ်းစားစရာကတော့ Patent Wars ကိစ္စပါ…

 

 

 

ပုံမှာမြင်တဲ့အတိုင်း သူကငါ့စွဲ ငါကသူ့စွဲ နဲ့ တရားချည်း လှည့်ပတ်စွဲနေတဲ့ ကိစ္စ

ဆိုပါတော့…. ပန်းသီးကတော့ မြင်တဲ့အတိုင်း ပွဲတိုင်းကျော် ပေါ့ဗျာ…

:harr:

 

 

 

ကကြောင်ဝတုတ်ရေ …. ပန်းသီးကတော့ ထုံးစံအတိုင်း သူဖောက်တဲ့လမ်းကနေ နောက်ဆုံး

သူဆင်းပေးရဖို့ မကြာတော့ဘူး လို့ .. မြင်မိပါကြောင်းဗျို့ ….။

 

ထင်တာမြင်တာလေး လာပြောလှည့်ပါအုံး …

 

(မှတ်ချက်။ ။ ပေါက်ကရပြောလျှင် ကောမန့်ခြစ်ချမည်…. ဟီဟိ..)

 

:kwi:

542766_430780360320989_608413327_n

http://www.japantoday.com/category/technology/view/android-extends-global-smartphone-lead-survey

42 comments

  • Mon Kit

    December 6, 2012 at 10:03 am

    ကောမန့် ခြစ်ချ ခံရမှာစိုးလို့ ဘာမှ ကြောတော့ဝူးနော်…
    ဖတ်သွားတယ်… တိလား?? :kwi:

  • ဇမ္ဗူ့လောကပါလကြောင်ဝတုတ်

    December 6, 2012 at 10:20 am

    ချက်ထဲမှာ ရန်ဖြစ်ရတာအားမရလို့ ပိုစ့်တင်ပြီးရန်ဖြစ်သော… iPhone5 နဲ့ iPad3 ကိုင်ထားသူကြီးရေ…
    ပြန်လာပါ့မယ်… ကျုပ်လောလောဆယ်မအားသေးဘူး…

    ခင်မင်လျက်-
    ကြောင်ဝတုတ်

    • Mon Kit

      December 6, 2012 at 10:36 am

      ကြောင်ဝတုတ်ကိုများ မိဂီ ရန်သွားစနေဒယ်..
      ညည်းဗလ လေးနဲ့များ……. :kwi:

    • Inz@ghi

      December 6, 2012 at 12:38 pm

      ခညားပန်းသီးကိုတော့ ချဉ်ပါတယ်ဗျာ …
      ဒီတခေါက်ထုတ်တဲ့ဖုန်းက မာတာ ပေါ့တာ လှတာ ကလွဲရင်
      ကျန်တာ အားရီးပိန်းတာကလား ….

      ကျုပ်မှာ ဘယ်သွားသွား လမ်းမသိလို့ ဒုက္ခရောက်လို့ သုံးပါတယ်..
      ပေါက်ပန်းဇေးတွေချည်း ပြောလွှတ်တာ.. ကျုပ်အိမ်ကိုလည်း ပင်လယ်ဝ ပို့လို့ပို့ထား
      လမ်းနာမည်တွေကလည်း လွဲ .. အဲ့ဒါက မက်ပ်စ် ..
      ဆီရီလေးကလည်း ကျုပ်ကို ခနခန စကားမပီဝူး ပြောပြောလွှတ်သေး…
      အိုအက်စ်ကလည်း တခါတခါ ဟမ်းသေး…လေပါတယ်အေ…

      ဒီတခါ ဆော့ဖွဲပိုင်းကို ကောင်းကောင်း ကျူစီ မထိန်းနိုင်ဘူး ပြောရမယ်…
      အက်စ်သရီးကိုကြောက်လို့ တက်သုတ်ရိုက် လွှတ်လိုက်တာ သိသာလွန်းနေတယ်..
      နောက်မှ .. အပ္ပဒိတ်တွေ ထပ်ထုတ်ပြီး ဖာထေးယူမယ်ပေါ့ …အကြံက ..အကြံက…

      :byae:

  • Mr. MarGa

    December 6, 2012 at 11:03 am

    စေ့စေ့စပ်စပ် သေသေချာချာ ဖတ်မှတ်သွားပါတယ်
    ဆက်လက် ငြင်းခုံကြပါဦး လို့
    ဦးမာဃတို့လဲ ဗဟုသုတ တိုးတာပေါ့

  • တိမ်မည်း

    December 6, 2012 at 11:10 am

    မိဂီရေ ထောက်ခံတယ်ဗျို ့…..
    ပန်းသီး ပန်းသီး ဆင်းဆင်း….
    မီးတုတ် မီးတုတ် ရှို ့ ရှို ့…………

  • ရဲစည်

    December 6, 2012 at 11:28 am

    အူး၄ဂီနဲ့ အူး၄ကြာင်ဝတုတ်ပြဲရေ…
    ခင်ညားတို့ ၂ယောက်မှာ ဘယ်သူ လစ်ဘရယ် စစ်လဲဆိုတာ ဒီအခင်းအကျင်းမှာ သိပ်ထင်ရှားသွားပီ…။
    လူဆိုတာ ကိုယ့်အကြိုက် ကိုယ့်အတ္တကို အားသာပေမဲ့ ဟုတ်တိုင်းမှန်ရာကိုတော့ ပြောနိူင် လက်ခံနိူင်ရသဗျ။
    အူး၄ဂီက iphone 5နဲ့ ipad 3 သုံးတယ်
    အူး၄ကြောင်အဆီပိတ်က iphone 4s eနဲ့ Mac Book pro သုံးတယ်။
    ထားပါလေ ကိုယ်ကြိုက်တဲ့ ဘရမ်းကို ကိုယ်သုံးပိုင်ခွင့်ရှိတာပဲ ဒါပေသိ အထက်မှာ ပြောသွားသလို ပွင့်လင်းမြင်သာမှုတော့ ရှိရမယ်။
    ကိုယ့်အကြိုက်ဘက် ကိုယ်သန်ရာဘက်ကို လိုက်ပီး ဖင်ပိတ်ငြင်းလို့ မရဘူးဗျ…။
    ကျုပ်ကတော့ လူတမျိုး ဘယ်ဘရမ်းဖြစ်ဖြစ် spec နောက်ကိုဘဲ လိုက်တတ်တယ်။ ကိုယ်မသုံးဖြစ် မသုံးနိူင်ရင်တောင်မှ အများနဲ့ ဒစ်စကတ် လုပ်တတ်တယ်။ ဆိုတော့ကာ ဆက်ဆွဲရရင် ကျနော် နိူကီယာ မကြိုက်ပါ..။ ဟိုအရင်ထဲက ကင်မရာနဲ့ စကရင် ပါဖောမန့်များတဲ့ ဆိုနီနဲ့ အယ်လ်ဂျီကို အားပေးပါတယ်။ နောက်ပိုင်း ဒီဇိုင်းပိုင်းနဲ့ အသံအရည်အသွေးပိုင်း ကောင်းတဲ့ ဆိုနီဘက်ကို အားသာသွားပါတယ်။ N Series တွေ စဟော့တော့ သူ့ရဲ့ background running တွေ သိပ်များလာလို့ လက်ရှောင်ခဲ့ပါတယ်။ အဲ့မှာ i device နဲ့ စထိတွေ့တယ် မကြိုက်တဲ့ အချက် ၂ချက်ရှိတယ်။
    – UI မှာ အရမ်းလန်းပြထားပေမဲ့ အဲ့ဒါဟာ အစစ်အမှန် မဟုတ်ဘူးဆိုတာ သိပ်သိသာစေတယ်။
    – Consumer တွေကို ဂရုစိုက်မှုထက် ပိုမိုတင်းကျပ်တဲ့ အထိအတွေ့ အခက်အခဲတွေ ဖြစ်စေတယ်။
    ဘယ်သူမဆို တန်ရာတန်ကြေး ပေးပီးရင် လက်တင် လိုချင်မှာပဲ
    အိုးပင်းဆို့စ်တွေကြောင့် ပန်းသီးကို အကြိုက်နည်းလာကြတယ် ထင်ပါတယ်။ ပန်းသီးမှာ ပြောချင်စရာ ထောက်ပြစရာတွေ အများကြီးပါ။
    ပြောရင်တော့ ပို့စ် အရှည်ကြီးတပုဒ် တောင်မကဘူး။ တော်ယုံလူ နားလည်ရင်တောင် လစ်ဗရယ် အမည်ခံ ပန်းသီးကွန်မြူနစ် ကြောင်အဆီပိတ်ကြီး နားလည်အောင် ရေးပြဖို့ နည်းနည်း အခက်အခဲရှိလို့ တော်သေးဘီ..။

  • ရဲစည်

    December 6, 2012 at 11:39 am

    ဪ မေ့လို့
    Nokia Lumia 920 က US မှာတော့ ရပီ ခက်တာက AT&T တွေက ဈေးသက်သာတယ် ဒါပေမဲ့ US ကထွက်ပီး သုံးရဖို့ အဆင်မပြေလောက်ဘူး။ Hong Kong တော့ ရနေပီ Thai လဲရပီ ဈေးတော့ မြောက်တယ် wireless charging, JBL speaker နဲ့ Monster Head phone မပါ $700 နားဗျို့ ဒါတောင် ဝယ်လို့မရဘူး ပရီအော်ဒါတွေ ဖြစ်နေတယ်။ ဒီကောင်လေးနဲ့ ပြတင်းပေါက် ၈ တက်ပလပ်လေးနဲ့ အိမ်က PC ကို ပြတင်းပေါက် ၈ပါ ထပ်မြှင့်ပီးရင် အင်ဒိုး အောက်ဒိုး ၃နှစ်လောက် ငြိမ်ငြိမ်လေး ဒွန့်လို့ရပီ …..။

    လက်ပကျွတ် မသယ်ရတော့ဘူး
    အပျော်တမ်း ကင်မလာ မလိုတော့ဘူး
    ဒါ့ထက်ကောင်းတာ ဘာရှိအုံးမလဲဗျာ…။

  • တိမ်မည်း

    December 6, 2012 at 11:41 am

    ကိုဂိရေ……

    အနော်က စက်ရုပ်ခရေဇီဆိုတော့ နဲနဲဝင်ဆွေးနွေးမယ်ဗျို ့…….

    ကိုဂိက စက်ရုပ်အကြောင်းကို အသားပေးရေးပီး ပန်းသီးမြောင်းဆင်းဖို ့ လမ်းခင်းပြလေတော့…..
    အနော်ကလည်း တခုတော့ ဝင်ပြောချင်တယ်ဗျာ…..

    တကယ်တမ်းတော့ ပန်းသီးနဲ ့စက်ရုပ်က ပြိုင်ဘက် မဟုတ်ပါဖူး…..
    ပန်းသီးကလည်း ပန်းသီးလမ်း သွားနေသလို….
    စက်ရုပ်ကလည်း စက်ရုပ်လမ်း သွားနေတာပါ…..
    ပီးတော့ ပန်းသီးနဲ ့စက်ရုပ်က ဖင်ခုထိုင်ထားတဲ့ ပလက်ဖောင်းခြင်းတူလေတော့ ဖအေတူ ညီမကွဲ မောင်နှမတွေဆိုလည်း မမှားဖူးဗျ……

    တကယ်တမ်း ပြိုင်ဘက်ကြီးက အပျော့……
    သူက ဘိုးအေကြီး…….
    ပန်းသီးလို ကလက်စစ် ဖြစ်နိုင်တဲ့ ဒလ်ပါတနာရှိသလို……
    စက်ရုပ်လို ပါတနာများဒယ်…….

    ဆိုတော့ကား သူသာလျှင် နှစ်ယောက်လုံးကို စိန်ခေါ်ရမှာ……

    ပထမ မိုဘိုင်းစစ်ပွဲကြီးမှာ စက်ရုပ်နဲ ့ပန်းသီးသာ ရန်ဖြစ်နေရင် တကယ်တမ်းနောက် လေးနှစ်မှာ ကန်ထုတ်ခံရမှာက နှစ်ယောက်လုံး ဖြစ်သွားနိုင်တယ်……

    နောက်တခုက စက်ရုပ်က သွားတဲ့ ထရန်းက အနုပညာနဲ ့ဇိမ်ခံပစ္စည်း…….
    စက်ရုပ်က ကြော်ငြာနဲ ့စစ်တမ်းကောက်တာ… တခါတလေ စပိုင်အလုပ်လည်းလုပ်တယ်….
    အလုပ်ကောင်းလို ့ ပန်းသီးက ကစ်တာပေါ့…….

    ပီးတော့ ပန်းသီးက ဈေးကွက် ဝယ်စုကို ရတာနဲ ့တာမှန်တယ်…..
    ဒါပေမယ့် ပန်းသီးမှာ ရောင်းရတဲ့ အက်ပလီကေးရှင်း တခုဟာ စက်ရုပ်က ရတဲ့ ဈေးနဲ ့ယှဉ်လိုက်ရင် တကယ်တမ်းနဲနေတာအမှန်ပဲ…..
    ဒဗလော်ပါတင်း အနေနဲ ့လည်း အခုအချိန်အထိ စက်ရုပ်နဲ ့ပန်းသီးကို အက် တခုခု အတူတူ ဖန်တီးမယ်ဆိုရင် ပန်းသီးကို ပိုအားစိုက်တယ် ၈ဝ ပါစန် ့တောင်ပိုတယ်လို ဆိုပါတယ်….
    ဒါဟာလည်း ပန်းသီးမှာ ရေးရတာ ပိုခက်တာကော ပန်းသီးကမှ တကယ်အကျိုးအမြတ်များတာလည်းပါပါတယ်…..

    ဆိုလိုချင်တာက ဈေးကွက် ဝေစု အနဲအများဟာ ပန်းသီးအတွက် အဆုံးအဖြတ်မပေးနိုင်ပါဖူး…..
    ပြင်သစ်လို အနုပညာရှင် အများစု ရှိတဲ့နေရာမှာ ပန်းသီးအစား စက်ရုပ်ကိုင်ဖို ့စဉ်းစားတယ် ဆိုမှသာ….
    ပန်းသီးရဲ့ ကျရှုံးခန်းအစစ်ပါ…..
    ဒါပေမယ့် အဲ့လိုမျိုးတော့ မမြင်သေးပါဖူး…….

    စက်ရုပ်သည်သာ ဈေးကွက်ရဲ့ဝေစုအများစု အုပ်စိုးဖို ့လိုတာပါ…
    သူက မားကတ်တင်း ကြော်ငြာနဲ ့ စစ်တမ်းကနေစားတာကို…..
    ဒါကြောင့်လည်း စက်ရုပ်ဒဗလော်ပါအများစုက ဆင်းရဲနေတာ………

    အနှစ်ချုပ်အားဖြင့်….
    ပန်းသီးသည် ဆင်းဖို ့လိုသေးကြောင်း…..
    ပန်းသီးနဲ ့စက်ရုပ် သည် မကြာခင် Alliance ဖွဲ ့နိုင်ကြောင်း…..
    သူတို ့ရဲ့ ရည်မှန်းချက်သည် အပျော့ရဲ့ နောက်ဆုံး နေဝင်ချိန် ဖြစ်ကြောင်း…
    ဒါပေမယ့် အပျော့ဟာလည်း နှစ်ယောက်လုံးကို စိန်ခေါ်ဖို ့ အဆင့်သင့်ဖြစ်နေကြောင်း….

    မည်သို ့မည်ပုံ ဇာတ်သိမ်းမည်ဆိုတာကို…..
    ဆက်လက်ကြည့်ရှုရန်…..

    မကြာမီလာမည် မျှော်………….

    လေးစားလျက်
    တိမ်မည်း

  • Inz@ghi

    December 6, 2012 at 12:26 pm

    ဂလိုဗျ …..
    ထိပ်ဆုံး ကျုပ် ပန်းသီးကိုက်နေတဲ့ ကိစ္စကို စရှင်းရမယ်….
    တက်ဘလက် သုံးတာက
    ၁။ ကျုပ် အလုပ်ဘစ်ဇနက်လိုအပ်ချက် အရဗျ…
    ၂။ Retina ပေါ်မှာ ဖိုတိုပြင်ရတာ သိပ် သက်သာသကိုးဗျာ…
    ၃။ ကျုပ်ပီစီပျက်နေတယ် ..အသစ်မဝယ်နိုင်သေး ဝင်းဒိုး-၈ ကိုစောင့် …
    ဆိုတော့ သည် ၉လလောက်က တက်ဘလက်နဲ့ နှပါးသွားတယ်…
    (MG ကို WordPress App နဲ့ စာဝင်ရေးတယ်လေ.. ခုနောက်ပိုင်း..)
    ဖုန်းက ဂါလာဖာဂိုစ့် စုတ်လွန်းလို့ အသစ်လဲမယ့်အချိန် ကျုပ်သုံးတဲ့ ဆားဗစ်ပရိုဗိုက်ဒါ
    ဆာပို့လုပ်တဲ့ ထဲက အကောင်းဆုံး အသစ်ဆုံး ဖြစ်လို့ သုံးတယ်…
    (လူမီယာ ၉၂ဝ သာ လာမယ်ဆို စောင့်တယ်… ဒါပေမယ့် ဒီကျွန်းက နေ နိုကီယာ ခွာသွားတာ
    ကြာဘီ … လာဖို့လည်းမသေချာ လာပြန်ရင်လည်း ကျုပ်ဆားဗစ်ပရိုဗိုက်ဒါနဲ့ ချုပ်မချုပ် မသိ..)
    ဆိုတော့ ပန်းသီးသုံးတယ်ဗျာ ….

    ပန်းသီးသုံးပြီး ပန်းသီးမကောင်း ဘာလို့ပြောသလဲဆို … ပန်းသီးကိုယ်တိုင်သုံးနေမှတော့
    ပန်းသီးရဲ့ လစ်မစ်တေးရှင်းတွေ ကိုယ်တိုင် မြင်ရလို့ ဆိုပါတော့ …

    ပန်းသီးအားနည်းချက်က ရန်လှည့်ပတ်ဖြစ်ပြီး ဘယ်သူနဲ့မှ မတည့်တာ …
    နောက် ပို့စ်ထဲပြောထားတဲ့ မန်မိုရီ အော်လိုကေးရှင်းကိစ္စ..

    ကိုရင်တိမ်မည်း ပြောသွားတဲ့ အဲလိုင်းယန့်စ် ပါတနာကိစ္စ
    မျက်မှန်နဲ့ စက်ရုပ် ပါတနာ မဖြစ်နိုင်ဘူးဆိုတဲ့ အချက် က ယူတု နဲ့ မက်ပ်စ် ကို ကန်ချလိုက်တဲ့
    ကိစ္စကိုကြည့်ရင် သိသာပါတယ်ဗျ နောက် စက်ရုပ်ကလည်း ပန်းသီးကိုရဖို့
    ဆမ်ဆောင်းကို အဆုံးခံနိုင်မယ်မထင်ဘူး

    စက်ရုပ်မှာလည်း အားနည်းချက်တွေ ရှိတယ်.. အဲ့ဒါကတော့ စကျူရတီအားနည်းတာပဲ ….
    ကမာ္ဘမှာ ပါဆင်နယ်အင်ဖော်မေးရှင်း လိကေ့ချ် အဖြစ်ဆုံးက စက်ရုပ်တွေပဲ …
    (ကျုပ်တို့တိုင်းပြည်မှာက ခရက်ဒစ်ကတ်တွေ ခေတ်မစားသေးလို့ …အန္တရာယ်ကင်းနေသေးတာ)
    ထားပါတော့ …. အားသာချက်ကတော့ အက်ပဲစတိုးရဲ့ အပ္ပလီပမာဏကို ကျော်ဖြတ်သွားပြီ…
    ဆက်လည်း အားကောင်းကောင်း ပွားများလာမှာပဲ …
    အဲ့ဒီ အကြောင်းပြချက်ကတော့ .. ပိုစ့်ထဲက ပါတဲ့ ရောင်းအားတွေနဲ့ ဆိုင်လိမ့်မယ်..
    တကမာ္ဘလုံးက ဒဗလော့ပါတွေ ဝိုင်းရေးနေတာကိုး ….(အပ္ပလီတင်မဟုတ် အိုအက်စ်ပါနော..)

    အပျော့ကတော့ ခုမှထွက်လို့ ဘယ်လိုနေမယ် မသိသေးဘူး … သေချာတာကတော့
    ဟို၂ကောင်ထက် သူက အပ္ပလီ နည်းနေတယ်… အဲ့ဒါ အားနည်းချက် ..
    သို့သော် ခေတ္တခနပဲ ဖြစ်လိမ့်မယ်
    အိုးပင်းစို့ မဟုတ်သည့်တိုင် ပီစီအတော်များများက ဝင်းဒိုးရွမ်းတာဆိုတော့ ဒဗလော့ပါ ပွားဖို့မခက်ဘူး
    (ကျုပ်မိုဘိုင်း ဒဗလော့ပါလုပ်စားမယ် တွေးရင် မက် ဝယ်ပီး ပန်းသီးအတွက်ရေးမလား ..ပီစီဝယ်ပီး
    ကျန်၂ကောင်အတွက်ရေးမလား ဆိုတွေးကြည့်ရင် ရှင်းပါတယ်…)
    အားသာချက်ကတော့ သူ့မှာ ကိုယ်ပိုင် ဂိမ်းပလက်ဖောင်း ရှိတယ်.. (အိပ်စ်ဘောက် ကစ်နက်)
    အော့ဖစ် စုလောက်ထားလို့ ဆော့ဖွဲ လို့ပြောရင် ဒေတာဘေ့စ်ကစ ဂိမ်းအထိ အကုန်ရှိတယ်…
    ဆိုတော့ အချုပ်ပြောရရင်

    စက်ရုပ် ၆၀% ပန်းသီး ၂၀% လောက်စားထားတဲ့ ဈေးကွက် မှာ ..စက်ရုပ်နည်းနည်းပြန်အန်ရလိမ့်မယ်
    ပန်းသီးလည်း အတက်တန့်လိမ့်မယ် ..ကျတက်.တက်မယ်..(Decelaration)
    အပျော့ ၂၀% လောက် ဝင်စားလိမ့်မယ်… သည်လိုနဲ့
    နောက် ၃-၄နှစ်ဆို စက်ရုပ် ၅၀% ပန်းသီး ၂၅% အပျော့ ၂၀% လောက် ရှိလာမယ် မြင်တယ်..

    :harr:

    • ရဲစည်

      December 6, 2012 at 6:03 pm

      စကားမစပ်
      ဒို့တွေ ပြတင်းပေါက်ကလေးကို မလှိမ့်တပတ်နဲ့ မားက္ကတင်းဆင်းနေတာ
      ဘယ်နဲ့ ပန်းသီး Vs စက်ရုပ် ဖြစ်ကုန်တာကိုး ……။
      အမှန်တိုင်းပြောရရင် ဆားဗစ်ပရိုဘိုက်တာ ရှိတဲ့နိူင်ငံတွေ အတွက် ဘာဖုန်းထွက်ထွက် အရေးမကြီးပေမဲ့
      မြန်မာပြည်လို ဟန်းဆက်ကို အလွတ်ဝယ်သုံးရသူတွေ အဖို့ အင်မတန် ငွေသုံးရတဲ့ ကိစ္စဗျာ
      တခါသား အိုင်ဖုန်းဖိုးအက်စ်(ဂျပန်)လေး အလကားရတာတောင် မသုံးရတဲ့ အဖြစ်ကြုံခဲ့ဖူးတော့ နည်းနည်းချဉ်မိတာတော့ အမှန်..။
      ဒီတော့ကာ
      နိူကီယာထက် ပြတင်းပေါက်မှ ပြတင်းပေါက်ဘဲအေ….. :mrgreen:

  • kai

    December 6, 2012 at 12:56 pm

    လောလောဆယ်.. ဂယ်လက်စီ ၃မဝယ်ဖြစ်ပဲ.. ဂယ်လက်စီနုတ်၂ ဝယ်မယ်ဖြစ်နေပါတယ်.
    ဘလက်ဖရိုက်ဒေးက.. ဂယ်လက်စီ ၃ကို ၅ဝလောက်နဲ့ရတာ.. မယူလိုက်ပါ..

    ကျုပ်တို့ကတော့.. ကြီးတာဖက်ပြောင်းကိုင်မယ်စိတ်ကူးနေကြောင်း.. :kwi:

    • Inz@ghi

      December 6, 2012 at 1:18 pm

      ဂလောက် ဈေးမြောက်တဲ့ ဖုန်းတွေ ဝယ်သုံးကြတဲ့နေရာမှာ
      တခါလွတ်ကျ တခါဂွက်တဲ့ အစားတွေကို ရှောင်သင့်တယ်သဂျီး ရဲ့..
      အထူးသဖြင့် အခုလိုဆောင်းလတွေမှာ လက်တွေက အေးစက်ထုံကျဉ်နေတတ်တာကလား..

      :harr:

      http://www.latinospost.com/articles/4970/20121004/samsung-galaxy-note-2-drop-test-better-galaxy-s3-iphone-5-features-specs.htm

      • kai

        December 6, 2012 at 3:21 pm

        ကျုပ်တော့.. နောက်မကြာခင်မှာ.. အဲဒီ “phablet”တွေအသုံးများလာမယ်ထင်မိတယ်..
        အမေရိကန်ဆိုတာက.. ကြီးတာကြီးတွေကြိုက်တာကိုး..

        အယ်လ်အေက.. လက်ထုံတဲ့အထိ.. မအေးပေါင်..
        စီလီကွန်ဗဲလီရောပေါ့..
        ဂိုးလ်ဒန်းစတိတ်လေ…

        • MaMa

          December 7, 2012 at 6:50 am

          ဘယ်လောက်ပဲ ဒီမိုရှိတယ်ပြောပြော…
          သဂျီးက ရွာသူားတွေထက် အခွင့်ထူးခံပြီး ကွန်မန့်မှာ ရုပ်ပုံထည့်ခွင့်ရတိုင်း…….
          ့ပုံတွေ တမျိုးပြီး တမျိုး ထည့်ပြနေတာ…….
          မကျေနပ်ချင်စရာ :buu:

        • Inz@ghi

          December 7, 2012 at 9:57 am

          အငြင်းကလည်း သန်ပါ့ ….
          ပူတဲ့အရပ်တွေမှာ ဖုန်းတွေ လွတ်ကျဖူးခြင်းမရှိလို့ … အဆို ထုတ်ရမလိုဖြစ်နေပြီ
          အဲ့သလောက် မဆန့်မပြဲဂျီး ကိုင်ချင်နေမှတော့ ရလက်မ တက်ဘလက်ပဲ
          ကိုင်ပါတော့လားလို့ …မပြောတော့ဝူး သဂျီးရယ်…
          စကားမစပ် ခါးလောက်က (၂ပေခွဲ ၃ပေ) လွတ်ကျရင်တောင် ဂွက်တဲ့ ဖုန်းနော…
          အာ …ဟိ

          :kwi:

        • Moe Z

          December 7, 2012 at 2:48 pm

          ၂ပေခွဲ ၃ပေကနေလွတ်ကျရင် ဂွက်တယ်ဘယ်သူပြောတုန်း
          မိုးစက်စားပွဲပေါ်ကနေပြုတ်ကျတာတော့ ဘာမှမဖြစ်ဘူး
          အားသွင်းထားတဲ့ကြိုးကိုဝင်တိုက်ပြီး ခွပ်ခနဲပဲ
          အရှိန်နဲ့ ခပ်ဝေးဝေးတောင်လွင့်သွားသေး
          မယုံရင် စမ်းကြည့်ပါလား :mrgreen:

        • Inz@ghi

          December 7, 2012 at 3:21 pm

          အပေါ်မှာ Android Authority ကစမ်းထားတဲ့ Drop Test တင်ထားပေးတယ်လေကွယ်..
          နောက်အခုပြောနေတာက ဂျေပီလေး ကိုင်နေတဲ့ S2 မှုတ်ဖူးကွယ့် Note2 အကြောင်းပါကွယ့်..

          Note 2 ကို ဘာလို့ ထွားထွားကြီး ထုတ်ထားလည်းသိလား …
          သူ့ရဲ့ Specification တွေ features တွေထဲ မှာ ထည့်မရေးထားတဲ့ အားသာချက်ရှိလို့ကွယ့်…

          အဲ့ဒါကတော့ ကြွေးရှင်လာရင် မမြင်အောင် မျက်နှာကွယ်လို့ ရတဲ့ အရွယ်အစား ဆိုတဲ့
          Feature ပဲ ဖြစ်ပါတော့တယ် ကွယ်..

          :harr:

        • Moe Z

          December 7, 2012 at 3:31 pm

          ဟက်လား.. ဪ
          နုတ်တူးဝယ်ထားတာ ၂ ပတ်ပဲရှိသေးတယ်
          ၁ခါပြုတ်ကျပြီးပြီ ကျန်တာတော့
          သိပ်မကလိရသေးတော့ သိဘူးရယ်
          ခုတော့ သတိမထားမိတဲ့ အားသာချက်လေးပြောပြပေးလို့
          ပိုက်ဆံလှည့်ပတ်ချေးလိုက်ဦးမယ်

  • Inz@ghi

    December 7, 2012 at 9:52 am

    စကားမစပ် ဒီမနက်ပဲ သတင်းတက်လာတယ် ….
    Snapseed က Free for all ဖြစ်သွားပြီဗျို့ ….

    Snapseed ဆိုတာ ကျုပ်(အမှန်တကယ် ဝယ်)သုံးနေတဲ့ ဓာတ်ပုံပြင်တဲ့
    Software iOS အတွက်ရော Android အတွက်ပါ ထုတ်တဲ့ Software ခည ..
    အဲ့သည့် Software ကတော့ Smartphone, Tablet တခုခုအတွက်
    Must Have Software ဖြစ်ကြောင်း လက်တို့ လိုက်ရပါတယ်ဗျာ…

    ဒါတွေရဲ့ နောက်ကွယ်မှာ ကိစ္စ အကြီးကြီးတွေရှိတယ်ဗျို့ ..
    တလောက ဆြာအုပ် ရဲ့ ပိုစ့်မှာ ကျနော် ရေးဖူးတယ်ထင်ရဲ့…

    ကမာ္ဘ့အကောင်းဆုံး Online Photo sharing software ဖြစ်တဲ့
    Instagrm ကို Facebook က ဝယ်လိုက်တယ် သည်တော့
    တွက်လို့ရတာက Facebook သည် သူ့ရဲ့ Photo တင်တဲ့
    Feature ကို Instagrm ရဲ့အားနဲ့ လူကြိုက်ပိုသထက်ပိုများလာအောင်
    လုပ်လိမ့်မယ်… (လူတွေကိုတော့ Free ပေးသုံးမယ်.. သူကတော့ကြော်ငြာခနဲ့
    စားမယ်ပေါ့ .. အကြံက ဂလို)

    အဲ.. မရှေးမနှောင်းမှာ ကမာ္ဘ့ အကောင်းဆုံး Photo editing plugin/ software
    တွေထုတ်တဲ့ Snapseed ပိုင်ရှင် Nik Software ကန်ပနီကို Google ကဝယ်တယ်…
    ရှင်းပါတယ် သူ့ရဲ့ Picasa ကို အားကျမခံ Promote လုပ်ဖို့ ဆိုပါတော့…

    သည်တော့ User တွေမှန်းတဲ့အတိုင်း ပိုမို အသုံးပြုခွင့်ရလာဖို့ရှိလာသပေါ့ဗျာ
    Facebook ထက် ခြေလှမ်းဦးအောင် ဒီနေ့ပဲ Snapseed ကို Google က အလကားပေးလိုက်ပြီ
    ဖြစ်ကြောင်း မောင်းထုလိုက်ရပါတယ်ဗျို့ ………

    အားပါးတရ ဒေါင်းကြပါကုန်…

  • ဦးကြောင်ကြီး

    December 7, 2012 at 11:08 am

    ကျုပ်သိတာပြောရရင် မောင်းပြန်ရိုင်ဖယ်ခြင်း တူပေမဲ့ အမ်၁၆ နဲ့ အေကေ၄ရ လုံးဝကွဲတယ်။ ဈေးခြင်းကွာသလို စွမ်းရည်ခြင်းလည်း မတူဘူး။ အမေရိကန် အမ်၁၆က ပိုကောင်း ပိုဈေးကြီးပေမဲ့ ပေါချောင်ကောင်း သုံးလွယ်ပြင်လွယ်၊ အကြမ်းပတမ်းခံ၊ အလွယ်ရှာဝယ်နိုင်မှု အပိုင်းမှာ တရုတ် အေကေ၄ရ (မူလရုရှားဒီဇိုင်း) ကို ဘယ်လိုမှ မမှီဘူး။

  • Inz@ghi

    December 7, 2012 at 1:05 pm

    ကဖတ်ကတ်ရေ …
    ဟီဟိ..
    http://www.nytimes.com/2012/12/07/technology/apple-to-resume-us-manufacturing.html?partner=rss&emc=rss&_r=1&

    မက်ဘုတ် ကို အဆမ်ဘဲလ်အင် ယူအက်စ်အေ လုပ်မယ်ဆိုပဲ …
    သူများတကာ ဈေးလျှော့ရောင်းဖို့ လုပ်နေတယ်ဆိုမှ …ဒင်းတို့က
    ထုတ်လုပ်မှုစရိတ်ပိုကြီးတဲ့နေရာ ရွှေ့ချင်နေတယ်…
    ဝယ်ကြမလား ၂၀၁၃ မော်ဒယ် မက်ပရို တလုံး ဒေါ်လှ သုံးထောင်

    ချဉ်ပါတယ်အေ…
    :byae:

    • kai

      December 7, 2012 at 2:19 pm

      အိုဘားမား .Cook (ကွတ်)ကို.. အိမ်ဖြူတော်ဖိတ်ထမင်းကြွေးပြီး.. သူ့တိုင်းပြည်ကလူတွေအတွက် အလုပ်အခွင့်အလန်းတောင်းလိုက်တာလေ..
      ချိုင်းနားကို” ခွာ”တော့မယ့်.. မဟာဗျူဟာ အစလို့ထင်မိတယ်..

      ဒန့်တန်တန်… :kwi:

      • Inz@ghi

        December 7, 2012 at 2:29 pm

        ဟိုလူကြီး မသေခင်က မဟုတ်လား …
        (အဲ့လူကြီးလည်း အဲ့စိတ်နဲ့ ဆုံးရှာသလား မဆိုနိုင်…)
        http://www.wired.com/business/2012/12/apples-end-of-year-problem/?utm_source=feedburner&utm_medium=feed&utm_campaign=Feed%3A+wired%2Findex+%28Wired%3A+Top+Stories%29

        ရှယ်ယာလေးတွေတော့ စဒေါင်းနေဘီ… ဟီဟိ။
        ၄နှစ်အတွင်း ထိပ်ဆုံးအကြိမ် ဆိုပဲ…. အဲ့လို နဲ့ပဲ …

        အမေရိကန်တွေ တလ ဒေါ်လှ ၆၀ဝ လောက်နဲ့ လုပ်နိုင်ရင်လုပ်ပေါ့ဂျာ….
        http://www.forbes.com/sites/timworstall/2012/05/28/apples-foxconn-to-double-wages-again/

        တဖက်မှာလည်း အလုပ်လက်မဲ့ဖြစ်သွားမယ့် အကျအန ထရိန်းပီးသားကျွမ်းကျင် လုပ်သားထု
        ကို နွန်း-အမေရိကန် မိတ်ကာ တယောက်ယောက် (အဲရစ်ဆင် ဖြစ်စေ နိုကီယာဖြစ်စေ)
        က ဝင်စားသွားရင် …

        ကိုယ်ကျိုးနည်းမယ့် မဟာဗျူဟာအစ လို့ မြင်မိပါတယ်..
        ဒန်တန့်တန်…

        :kwi:

        • kai

          December 7, 2012 at 2:57 pm

          အိုဘားမားနဲ့မစ်ရွန်နီ သမ္မတပြိုင်ပွဲဒီဘိတ်မှာ..အောက်ကအတိုင်းဆိုထားတယ်..
          ဆိုတော့…
          အိုဘားမားက သမ္မတပြန်ဖြစ်တယ်ဆိုတော့.. သူ့ပေါ်လစီအတိုင်းဖြစ်မယ်ပေါ့..။
          သူ့အဆိုကြည့်ရတာ.. နည်းပညာကိုမြှင့်ပြီး.. အဆန်းတွေထုတ်မယ့်ဗျူဟုလို့ထင်ပါတယ်..
          နည်းပညာကျွမ်းတဲ့လုပ်သားတွေ.. ယူအက်စ်ကို.. H1B Visa နဲ့ဆွဲသွင်းလိုက်မယ့်သဘောတော့.. ရှိတယ်..

          Asked Crowley: “[The] iPad, the Macs, the iPhones, they are all manufactured in China. One of the major reasons is labor is so much cheaper here. How do you convince a great American company to bring that manufacturing back here?”
          “The answer is very straightforward,” said Romney. “We can compete with anyone in the world as long as the playing field is level,” he said.

          Romney said China has been “stealing our intellectual property; our designs, our patents, our technology. There’s even an Apple store in China that’s a counterfeit Apple store, selling counterfeit goods. They hack into our computers,” he said.

          Obama said “there are some jobs that are not going to come back, because they are low wage, low skill jobs. I want high wage, high skill jobs.”

          To help get those jobs created, Obama said his administration is investing in efforts to produce advanced manufacturing tools.

          “That’s why we’ve got to make sure that we’ve got the best science and research in the world,” said Obama.

        • Inz@ghi

          December 7, 2012 at 3:13 pm

          Obama said his administration is investing in efforts to produce advanced manufacturing tools.

          ဒီစကားအရဆိုရင်
          Automation化 လုပ်တော့မယ်ပေါ့ ..
          R & D သမားတွေ ရွှေဖြစ်မယ့် အချိန်ရောက်ဦးမပေါ့။

          :harr:

  • အရီးခင်လတ်

    December 7, 2012 at 3:42 pm

    သူကြီးမင်း သိစေရန်

    ပြီးခဲ့တဲ့အပါတ်ထဲက ရုံးစောင့်လူကြီး က အိုင်ပက်မနီ နဲ့ ဂလက်ဆီ တက်တူး ဘာကို ဝယ်သင့်လဲ မေးပါသည်။
    မနီ က ပေါင်၁၅ဝ လောက် ပိုများပါသည်။
    အတိုချုပ်ရရင် နှစ်ခုရဲ့ အားနည်းချက် အားသာချက် များကို ရှင်းပြပြီးချိန်
    သူသုံးတာကလဲ ဂလက်ဆီ ဖုန်း မို့ တစ်ကြောင်း၊ ဈေးလဲ သက်သာသည်က တစ်ကြောင်းမို့ ဂလက်ဆီ တက်တူး ဝယ်ဖြစ်သွားပါသည်။
    နောက်တော့ ရုံးက ဝိုင်ဖိုင် သုံးနိုင်အောင် နဲ့ အီးမေး တွေ set up လုပ်ပေးခဲ့ပါသည်။
    ရုံး က လူအများ စု အားလုံးနီးပါး ပန်းသီးဖောက်သည်များ ဖြစ်လို့ တစ်ချို့ သူများ ရဲ့ အိုင်ပက်/ဖုန်း များ ကို လဲ set up လုပ်ပေးရလေ့ ရှိပါသည်။

    ဒီမှာတင် တွေ့ရှိချက် တစ်ခု ကို မှန်ရာပြောရရင်တော့ လောလောဆယ် အိုင် ကတော့ အိုင် ပါဘဲ။

    နောက်ဆိုရင်တော့ မသိပါ။
    လောလောဆယ် အိုင် သုံး နေတဲ့ သူ ကတော့ ကျန်တာပြောင်းသုံးလို့ ရမယ် လို့ မထင်မိသေးပါကြောင်း နဲ့
    ဘာဘာညာညာ အတွင်း နည်းပညာ တော့မသိ အပေါ်ယံ အထိအတွေ့ မှာတော့ ပန်းသီး ကို မမှီသေးလို့ ထင်မိကြောင်းလေး မျှတာပါ။

    တစ်ခါတစ်ခါ တော့ လဲ Expensive ဆိုတာ အလကား တော့ မဟုတ်တာ ဒီမှာ သက်သေပြပါရဲ့။

    ကြောင်ဝ ကို ဘက်လိုက်တာ မဟုတ်ပါ။
    လက်တွေ့ ခံစား မိတာလေး ပြောတာ ပါ ချစ်စွာသော တူတော်လေး ရေ့။ 😉

    သူကြီး ကို ဂျောက်တွန်းမိမှာလဲ စိုးပါတယ်။
    ငပိရည် ဆိုတာ ကြိုက်သူရှိသလို မကြိုက်သူလဲ ရှိသကိုး။

    ဂလက်ဆီ ကိုင်သူ တက်ကနီရှင် တစ်ယောက် ကတော့ ပြောတယ်။
    ပန်းသီးက ဝိုင်ဖိုင် အတွက် သုံးတဲ့ Airport က Samsung ရဲ့ နည်းပညာမို့ သူကတော့ ဂလက်ဆီဘဲ အားပေးသတဲ့။
    :kwi:

  • kai

    December 7, 2012 at 4:05 pm

    ဂီဂီရေ…
    ငလျင်လုှုပ်နေပြန်ပလား..
    ဆုနမိသတိပေးချက်ပါထွက်နေတာမို့.. သတိထားစေလိုကြောင်း..

    December 7, 2012, 3:59 AM
    Japan earthquake prompts regional tsunami warning

    TOKYO A strong earthquake has jolted northeastern Japan and authorities have issued a warning of a possible tsunami.

    The Japan Meteorological Agency said the earthquake with a preliminary magnitude of 7.3 struck in the Pacific Ocean off the coast of Miyagi prefecture at 5:18 p.m. (0818 GMT) Friday.

    အရီးလတ်ရေ..
    ကျေးဇူး..
    ကြည့်ရတာ.. ဂက်လက်စီ ၃ နဲ့ပြီးသွားမယ်ထင်ပါတယ်..
    ပန်းသီးတော့.. မထိရေးချ..မထိ..။ :kwi:
    နှစ်ကူး ပြည်တွင်းခရီးလေးထွက်မလားလို့.. ငွေအပိုမသုံးချင်တာ..။ :harr:

    • Inz@ghi

      December 7, 2012 at 4:58 pm

      လှုပ်တဲ့နေရာကတော့ မနှစ်ကတဝိုက်ပါပဲ သဂျီးရယ်..

      :byae:

      နဂိုယွာကတော့ အလယ်ပိုင်းမို့ သိပ်မသိသာပါဘူး
      တိုကီယိုမှာတော့ ပြင်းတယ်ပြောတာပဲ…

      ကျေးကျေးပါဗျာ..

    • Mr. MarGa

      December 7, 2012 at 6:11 pm

      သဂျီး
      ပြည်တွင်ဆိုတာ ယူအက်စ်လား မြန်မာလား

      • kai

        December 8, 2012 at 6:41 am

        ယူအက်စ်ပါဗျာ..
        မြန်မာပြည်အထိ..လေယဉ်စရိပ်ချည်း ၁၆၀ဝမကဖြစ်နေတာ..
        မိသားစုလိုက်ဆို.. သေရချည့်.. :buu:

        စင်္ကာပူကလူတွေတော့.. နီးနီးနားနား.. လေယဉ်စရိပ်သက်သက်သာသာနဲ့.. ကံကောင်းတာ..

  • ရဲစည်

    December 7, 2012 at 5:56 pm

    ပန်းသီးသည် …………….
    http://store.apple.com/th/browse/home/shop_iphone/family/iphone5
    ထိုင်းမှာ ဘတ် ၂၂၉၀၀၊ ၂၆၅၀၀၊ ၂၉၉၀၀
    http://store.apple.com/sg/browse/home/shop_iphone/family/iphone5
    စင်္ကာပူမှာ စလုံး ၉၄၈၊ ၁၀၈၈၊ ၁၂၃၈
    http://store.apple.com/hk/browse/home/shop_iphone/family/iphone5
    ဟောင်ကောင်မှာ ၅၅၈၈၊ ၆၃၈၈၊ ၇၁၈၈
    http://store.apple.com/au/browse/home/shop_iphone/family/iphone5
    ဪဇီမှာ ၇၉၉၊ ၈၉၉၊ ၉၉၉
    http://store.apple.com/fr/browse/home/shop_iphone/family/iphone5
    ပြင်သစ်မှာ ၆၇၉၊ ၇၈၉၊ ၈၉၉
    http://store.apple.com/uk/browse/home/shop_iphone/family/iphone5
    အင်္ဂလန်မှာ ၅၂၉၊ ၅၉၉၊ ၆၉၉
    http://store.apple.com/us/browse/home/shop_iphone/family/iphone5
    အမေရိကားမှာ ၁၉၉၊ ၂၉၉၊ ၃၉၉
    http://……………………………………………………………………../iphone5
    မြန်မာပြည်မှာ ၇၃၀၀၀၀၊ ၈၇၀၀၀၀၊ ၁၀၅၀၀၀
    ————————————————————————————–
    အဲ့ဒါတောင် အော်ဖစ်ရှယ် အန်လော့မရ
    ဂျေးဗရိတ်ဆိုတာမရ
    အိုင်ကျူးသူခိုးအကောင့်နဲ့
    မြန်မာဖောင့် မမြင်ရ ……
    ဟိုနိူင်ငံက ဟာမရ
    ဒီနိူင်ငံက ဟာမရ
    ကျုပ် ယောက်ဖ ၉၇၀၀၀ဝနဲ့ဝယ်ပီး မျောက်မီးခဲ ကိုင်ထားသလို ဖြစ်နေတယ်
    တော်ပါဘီအေ …ချဉ်လွန်းလို့
    ဘာလာလာ ဒေါင်းတဲ့
    http://www.huaweidevice.com/worldwide/productMobile.do?method=index&directoryId=6001&treeId=3745
    လေးနဲ့ပဲ ဘဝကို နှစ်သိမ့်လိုက်ပီ ..။

    ဟိုဆြာပြောသလို
    မြန်မာပြည်က လူတွေ ပန်းသီးကိုက်ဖို့
    စနစ်ကြောင့် ……….။
    လူကြောင့် …………။
    နှစ် ၁၀၀ဝ ကျိန်စာကြောင့်……..။

    သွပ် ….သွပ် …. သွပ်

  • Foreign Resident

    December 8, 2012 at 5:22 am

    ” အဲ့ဒါတောင် အော်ဖစ်ရှယ် အန်လော့မရ
    ဂျေးဗရိတ်ဆိုတာမရ
    အိုင်ကျူးသူခိုးအကောင့်နဲ့
    မြန်မာဖောင့် မမြင်ရ …… ”

    အင်း ၊ ဖုန်း တစ်လုံးလဲ ၊ လဲရအုန်းမယ် ။
    ဝယ်ထားတာ တစ်နှစ်လောက်ပဲ ရှိအုန်းမယ် ။
    သုံးနေကြ လူ တွေကို မမေးပဲ ၊
    လက်ကွက်ကော ၊ Touch Screen ကော နှစ်ခုစလုံးပါလို့ ဆိုပြီး ၊
    နောက်တစ်ခုက အရင်က Nokia သုံးတာဆိုတော့ ၊
    ဖုန်းထဲက Contacts တွေ လွယ်လွယ် ပြောင်းလို့ရအောင် ဆိုပြီး ၊
    Nokia E-7 လေး ဝယ်လိုက်ကာ ၊
    Symbian OS ဆိုတော့ မြန်မာ Font လဲ ဖတ်မရ ၊
    Viber လဲ သွင်းမရ နှင့် ၊ ဒုက္ခကိုရောက်နေတာပဲ ။

    ဒီတစ်ခါ ဝယ်ခါနီးရင် သုံးနေကျလူတွေကို သေချာမေးမှပဲ ။
    ခက်တာက သုံးနေကျလူတွေက ၊
    သူတို့နှင့် အဆင်ပြေတဲ့ ဖုန်း အမျိုးအစားကို ပြောပြန်တော့လည်း ၊
    အဲဒီဖုန်း အမျိုးအစားက Model အောက်နေပြန်ပြီ ။

    • ရဲစည်

      December 8, 2012 at 12:36 pm

      ဦးFRရေ …
      ဖုန်းလေးတွေ အသစ်ထွက်ရင် တနေရာတည်းမှာ လေ့လာလို့ရတဲ့ ဆိုဒ်လေးရှိသဗျို့
      ကျနော်တို့ကတော့ အမြဲတမ်း အသစ်မဝယ်နိူင်တောင် ဖုန်းကို နှစ်သက်သူမို့ အမြဲဝင်ကြည့်ဖြစ်တယ်။
      http://www.gsmarena.com
      ကျတော်သိတဲ့ ဆိုဒ်လေးဗျ ..
      spec , compare, forum , news and prize အတော်စုံလေရဲ့

  • Thanlwinoo

    December 10, 2012 at 6:58 pm

    I have been an apple user just a month ago.
    But it can not install Myanmar Font yet and Map is not reliable.
    Gmail is also not easy to use.

    I think Apple let flaws to be updated in I Phone 5s.

    So, I miss my HTC Android old model left in my village.

    I think HTC 8X is better than Nokia Lumina 920 but more expensive.

    A man who does not deserved with Apple. 😀

  • bigchef

    December 19, 2012 at 6:49 am

    ဂီရေ ကျတော်လဲ lumia920 ကိုစောင့်နေတာဗျ.ဒီနေ ့အလုပ်ထဲက တစ်ယောက် က 820 ယူလာတော့ app store ထဲကို်ဝင်မွေကြည် ့တော့mynmar နှင့်ပတ်သက်တာဆို လို ့ အဘိဓာန်တစ်အုပ်တော့တွေ ့တယ်.ဒီဇိုင်းကို တော့ အရမ်းကြိုက်တယ်. note 2 ဝယ်မလို ့စဉ်းစားနေတာ မဟေသီရဲ့ S3 ထက်နည်း နည်းပိုကြီးတာက လွဲလို ့အတူတူလို ့ထင်မိပါတယ်.နောက်ပြီး viber support မဖြစ်သေးဘူးနော်.စမ်းသပ်ဆဲ လို ့ပြောတာပဲ.ကင်မလာ က carl zies lens ပါလို ့စိတ်ချပြီးသား.ဘက်ထရီက တော့နိုကီယာဆိုသိတဲ ့အတိုင်းပေါ့.နောက်ပြီး လက်တော့လဲမလို ့ ပြတင်းပေါက်နဲ့ ပန်းသီး ဘာတွေကွာလဲရေးပေးပါအုံး.ipad တော့ သုံးနေတယ်. ios 6 ပြောင်းတင်ပြီးကတည်း ကဟန်းဟန်းနေတယ်။နောက်ပြီးကိုရဲစည်ပြောတဲ့ ဆိုဒ်က ကျတော် ့အသည်းစွဲပါ.

    • မောင့်ကျက်သရေ ဂီ့

      December 19, 2012 at 6:59 am

      အားပေးသွားတာ ကျေးကျေးပါအစ်ကိုရေ…
      android သမား ဆိုရင်တော့ ဒါလေး သတင်း စောင့်ကြည်ဗျို့…
      http://blog.techspace.com.mm/2012/12/samsung-galaxy-brand.html

      Windows Phone က လုံးဝ ခြားနားတဲ့အရာကို ပေးပေမယ့်
      မြန်မာစာ မြန်မာအပ္ပလီ အခက်အခဲရှိနေဦးမှာ နည်းပါးနေဦးမှာ
      မလွဲပါဘူးဗျို့ …
      ကျနော်လည်း သတင်းပလင်း နားစွင့်နေပါရဲ့ …

      iOS 6 က အခု လေးတင် 6.0.2 ထွက်တယ်ခည
      တချို့ device တွေမှာ ကြုံရတဲ့ Wifi ပြဿနာတွေ ရှင်းပေးထားတယ်ဆိုပဲ…
      ပန်းသီးကတော့ဗျာ…..

      :528:

  • bigchef

    December 19, 2012 at 7:27 am

    ကျတော်ကနိုကီယာဘဲ စွဲစွဲမြဲမြဲကိုင်လာတာပါ .ခုလက်ရှိတောင် ည n8 ကလေးကို တမ်းတမ်းတတ ကိုင်တုန်းပါ။မဟေ့သီကို viber သုံးဖို ့ စက်ရုပ် ဝယ်ထားပေးတာပါ.lumia 920 ကိုတော့ အရမ်းခိုက်နေတယ်။ မြန်မာ broswer ရတဲ့နေ ့ဝယ်တဲ့နေ ့ပဲ.

  • kai

    December 19, 2012 at 1:29 pm

    ယူအက်စ်နေ.. မြန်မာအပေါင်းတို့..
    ဖုံးဝယ်မယ်ဆိုရင်..ကော့စကိုမှာ.. Samsung Galaxy S® III ကို.. ဒေါ်လှ၃ဝနဲ့ရမယ်တဲ့ဗျို့..
    မနက်ဖြန်အဲဒီပရိုမိုးရှင်းပြီးပါမယ်တဲ့..

    ကျုပ်ကတော့.. သွားကြည့်ပြီး.. Samsung Galaxy Note™ T-Mobile® ကို Costco rebate ပြန် ပေးရင်.. အလကားဖြစ်နေတာမို့.. အဲဒါပဲဝယ်လိုက်တယ်..
    အခွန်ခ ၃ဝကျော်ပဲကျပါကြောင်း..။ Note II မဟုတ်ဖူးနော.. Note I
    =
    Costco is offering Samsung Galaxy S® III (Blue or white) 16GB for $30 with 2year contract or upgrade through T-Mobile® after rebate. Here is the link
    http://membershipwireless.com/index.cfm/go/shop/do/PhoneDetails/productId/5293
    Retail price = $389.99
    Online discount = -$210.00
    TMobile rebate = -$100.00 (see link here)
    Costco rebate = -$50.00 (see link here)
    ===========================
    Final Price = $29.99/-

    • မောင့်ကျက်သရေ ဂီ့

      December 19, 2012 at 1:41 pm

      အွန် ..ပုံမှန် ၂နှစ် စာချုပ် ဆို
      ဖုန်းအလကားပေးကိုင်ပီး လစဉ်ကြေးနဲ့ ပေါင်း ပါးပါးလှီးတာ မဟုတ်ဝူးလားသဂျီး
      ပုံမှန်က သုံးရာလောက်နဲ့ ရောင်းတာလား…???

      ဒိုကိုမို ဆို အလကားပေးကိုင်တာခည …

      စကားအတင်းစပ်
      ပြည်တွင်းမှ အန်းဒရိုက်ဖုန်း ဝယ်မယ့် ပိတ်သတ်တွေအတွက်
      ကြော်ငြာလေး တခု ထပ်ဖြည့်ထားပါတယ်…

      ဟီဟိ…
      လိုကယ် မာကတ္တာ တွေ အဂရက်စစ် ဖြစ်တာများပေါပါတယ်…

      :harr:

      • kai

        December 19, 2012 at 1:54 pm

        ..ယူအက်စ်မှာ.. လစဉ်ကြေးက.. ဖုန်းကိုယ်တိုင်တခြားနေရာကဝယ်လာလည်း.. ဒီဈေးပဲ..ယူတာလို့ထင်တယ်..။
        အခုယူလိုက်တာက..တလ ၇၉ဒေါ်လှလေ..။ ဒေတာ..ပြောတာ..အကုန် အန်လိမိတက်..။
        အခွန်ဘာညာနဲ့ဆို.. တလ..၉ဝကျော်လောက်ကျမယ်ထင်တယ်..။

        ဟို..အပေါ်က..”ကလီကမာမလုပ်တာကြီး”လိုချင်သား..
        ရန်ကုန်ရောက်မှ..ဝယ်ပြီး”ဝါးစား”ပစ်မယ်လို့..
        အဂရက်စစ်ဖြစ်တယ်ပြောပါတယ်..။ :kwi:

  • gunjoker

    March 4, 2013 at 2:00 am

    windows phone အတွက် myanmar font ရှိပြီလား.ရှိရင်shareပေးကြပါ..thz

Leave a Reply