This Time for Africa

ဒီနှစ် တောင်အာဖရိကမှာ ကျင်းပတဲ့ ကမ္ဘာ့ဖလား ဘောလုံးပွဲစဉ်ဟာ ရင်ခုန်ရခြင်း စိတ်လှုပ်ရှားရခြင်းများနဲ့ ပွဲစဉ်တွေလည်း ပြီးဆုံးခါနီးလာပါပြီ.. မှန်းထားတဲ့ အသင်းကြီးတွေ အိမ်ပြန်မလှတဲ့ ဖြစ်ရပ်တွေ.. မမှန်းထားတဲ့ အသင်းတွေ အုပ်စုကနေ တက်လာတဲ့ ဖြစ်ရပ်တွေဟာ ကမ္ဘာ့ဖလားရဲ့ ရင်ခုန်စိတ်လှုပ်ရှားစရာ ကောင်းတဲ့အချက်တွေဖြစ်ပါတယ်… ပွဲစဉ်ကျင်းပရာ ကစားကွင်းထဲမှာ တစ်ကွင်းလုံးဆူညံနေတဲ့ တောင်အာဖရိက လူမျိုးတွေရဲ့ ဗုံသံနဲ့ ခရာသံက ကြည့်ရှုသူတွေရဲ့ နှလုံးသွေးကို ဆူပွက်စေနိုင်လောက်အောင် ဆူညံလွန်းလှပါတယ်.. ရှုံးသူတွေငိုပြီး နိုင်သူတွေပြုံးပျော်ကြတဲ့ ဒီပွဲမှာ ပွဲကြည့်သူတွေကလည်း ကိုယ်အားပေးရာ နိုင်ငံ အသင်းနဲ့အတူ ရင်ခုန်သံတွေ ဆူညံကာ လိုက်ပါ စီးမျှော ခံစားကြရင်းပေါ့..

ကမ္ဘာ့ဖလားမှာ အဖွင့်သီချင်းဖြစ်တဲ့ Shakira သီဆိုထားတဲ့ Waka Waka ( This Time for Africa) သီချင်းလေးအကြောင်း ဖတ်မိတာလေးကို ပြန်လည် မျှဝေပေးချင်ပါတယ်.. ဒီသီချင်းလေးဟာ Shakira ကြောင့် နံမည်ကျော် ထင်ရှားလာတာဆိုပေမဲ့လို့ တောင်အာဖရိက ဒေသမှာတော့ သမိုင်းနောက်ခံရှိတဲ့ သီချင်းလေးဖြစ်ပါတယ်.. တကယ်တော့ Waka Waka သီချင်းရဲ့ မူရင်းသီချင်းလေးရဲ့ နံမည်က Tsamina ခေါ် Zangalewa ဖြစ်ပါတယ်.. ဒီသီချင်းဟာ မူလအစဟာ ကင်မရွန်းနိုင်ငံမှာ ၁၉၈၆ခုနှစ်လောက်ကတည်းက ကျော်ကြားခဲ့တဲ့ သီချင်းဖြစ်ပါတယ်. ဒီသီချင်းဟာ ဒုတိယကမ္ဘာစစ်မှာ ပါဝင်ခဲ့တဲ့ အာဖရိကန်စစ်သားတွေကို ဂုဏ်ပြု စပ်ဆိုခဲ့တဲ့ သီချင်း ဖြစ်ပါတယ်.. ဒါကြောင့် သူတို့ဆီမှာ ရွှေရောင်သီချင်းလို့ ဆိုကြပါတယ်.. ကင်မရွန်းစစ်တပ်အတွင်းမှာ ကျင်းပတဲ့ အထူးအခမ်းအနားများနဲ့ စစ်ရေးပြချီတက်ပွဲတွေမှာ စစ်ချီသံ သီချင်းအနေနဲ့ သီဆို တီးမှုတ်ကြပါတယ်..
အာဖရိက ဒေသမှာ ယခုချိန်ထိ အဲဒီသီချင်းကို စစ်တပ်၊ ရဲ၊ ကျောင်းသား အားကစားသမားများ စတဲ့ အဖွဲ့အစည်းတွေမှာ၊ လူထုအတွင်း ချီတက်တဲ့ စစ်ရေးပြ စတဲ့ အချိန်မှာ သီဆို အသုံးပြုကြဆဲ ဖြစ်ပါတယ်.. အထူးသဖြင့် ကင်မရွန်းနိုင်ငံမှာတော့ ကျောင်းတွေမှာ လူငယ် လူရွယ်လေးတွေအားလုံး အလွတ်ရကြတဲ့အထိ ကျော်ကြားထင်ရှားတဲ့ သီချင်းဖြစ်ပါတယ်.. ကိုလံဘီယာ နိုင်ငံအတွင်းမှာလည်း စစ်တပ်များတွင် ၄င်းသီချင်းကို စစ်ချီသီချင်းအဖြစ် အသုံးပြုကြပါတယ်.. ခုချိန်ထိလည်း ထင်ရှားကျော်ကြားနေဆဲ သမိုင်းဝင် သီချင်းဖြစ်ပါတယ်..
ထိုသီချင်းမှာ ပါဝင်သရုပ်ဆောင်မဲ့သူဟာ စစ်တပ်ယူနီဖောင်းကို ၀တ်ဆင်ကြပြီး ဆိုင်ကယ်စီးဦးထုပ်လို ဇောက်နက်သော ဦးထုပ်ကို ဆောင်းထားလေ့ရှိပါတယ်.. .. မျက်နှာပြင်များပေါ်မှာတော့ အဖြူရောင် ဆေးများကို လိမ်းခြယ်ကြရပါတယ်.. ပြီးတော့ ဗိုက်ပူပူ ဖင်ကောက်ကောက် သဏ္ဍာန်ဖြစ်အောင် ခေါင်းအုံးကိုထည့်ပြီး တင်းကြပ်စွာ စည်းနှောင်ထားကြပါတယ်.. သီချင်းလေးရဲ့ ရာဇ၀င်က ဌာနေတိုင်းရင်းသားတွေကို လူဖြူတွေနဲ့ပေါင်းပြီး ဖိနှိပ်အုပ်ချုပ်နေတဲ့ သူတို့လူမျိုး လူမည်းအရာရှိကို ဝေဖန်ထားတဲ့ သီချင်းဖြစ်တယ်လို့ ဆိုပါတယ်.. အချို့သီချင်းစာသားများကတော့ ကင်မရွန်းလူမျိုးတို့ရဲ့ ဘန်းစကားများနဲ့ စစ်အတွင်းမှာ စစ်သားများ သုံးလေ့ရှိကြတဲ့ ဘန်းစကားအသုံးအနှုန်းတစ်ချို့ နဲ့ ပေါင်းစပ်ဖွဲ့စည်းထားတာ ဖြစ်ပါတယ်..
သီချင်းမှာပါတဲ့ ကင်မရွန်းဘာသာစကားနဲ့ သီဆိုထားတဲ့ စာသားတစ်ချို့ရဲ့ အဓိပ္ပါယ်လေးတွေ ဖော်ပြပေးလိုက်ပါတယ်..
Meaning of the words in Fang language:
# Tsaminamina means Come.
# Waka waka means Do the Job – as in perform a task. Waka is pidgin language meaning walk while working.
# Tsaminamina zangalewa means where do you come from?.
# Wana means it is mine.
# Zambo means wait.
အောက်မှာတော့ ဒီသီချင်းလေးကို သူတို့နိုင်ငံတွေရဲ့ စစ်ရေးပြအခမ်းအနားမှာ သီဆိုသရုပ်ဖော်ကြပုံလေးပါတဲ့ ဗီဒီယိုဖိုင်လေးပါ… အားလုံးဘဲ ကြည့်လို့ရအောင် တင်ပေးလိုက်ပါတယ်. You Tube ပိတ်ထားတဲ့ နေရာတွေမှာတော့ ဖွင့်လို့ရမှာ မဟုတ်ပါဘူး..
Waka Waka
————————————————————————————————
အစိမ်းရောင်လွင်ပြင် Side Bar မှာ တင်ထားတဲ့ Shakira ရဲ့ ဗီဒီယိုလေးကို ကြည့်ပြီး စာသားများကို ခံစားနိုင်အောင် အောက်မှာတော့ Shakira ရဲ့ သီချင်း စာသားများကိုပါ ဖော်ပြပေးလိုက်ပါတယ်..
Shakira’s Waka Waka Lyrics
You’re a good soldier
Choosing your battles
Pick yourself up
And dust yourself off
And back in the saddle
You’re on the frontline
Everyone’s watching
You know it’s serious
We’re getting closer
This isnt over
The pressure is on
You feel it
But you’ve got it all
Believe it
When you fall get up
Oh oh…
And if you fall get up
Oh oh…
Tsamina mina
Zangalewa
Cuz this is Africa
Tsamina mina eh eh
Waka Waka eh eh
Tsamina mina zangalewa
This time for Africa
Listen to your god
This is our motto
Your time to shine
Dont wait in line
Y vamos por Todo
People are raising
Their Expectations
Go on and feed them
This is your moment
No hesitations
Today’s your day
I feel it
You paved the way
Believe it
If you get down
Get up Oh oh…
When you get down Get up eh eh…
Tsamina mina zangalewa
This time for Africa
Tsamina mina eh eh
Waka Waka eh eh
Tsamina mina zangalewa
Anawa aa
Tsamina mina eh eh
Waka Waka eh eh
Tsamina mina zangalewa
This time for Africa

Copied it from the ” http://www.missgreenlady.com/?p=2895&cpage=1#comment-1875

About Yin Nyine Nway

Yin Nyine Nway has written 358 post in this Website..

I m web developer