ဘယ်သူ့ကြောင့်လို့ အပြစ်တင်မှာလဲ subway killing

တနင်္လာနေ့တုန်းက နယူးယောက် တိုင်းမ်းစကွဲ စတေရှင်မှာ ခလေးနှစ်ယောက်ဖခင် Ki-Suck Han ဆိုသူ ရထားဘူတာထဲ ဝင်လာစဉ် ပလက်ဖောင်းကနေ တွန်းချအသတ်ခံရတယ်။ Davidဆိုသူ (၃ဝနှစ်) သူ့အနား ကပ်လာပြီး စကားများရန်ဖြစ်စဉ် အဲသလို ရထားလမ်းပေါ် တွန်းချအသတ်ခံခဲ့ရတာပါ။ အဲဒီလူကို ဖမ်းထားပြီး ရော့ကဲဖဲလား စင်တာအနီးရှိ လမ်းဘေးဈေးသည်အကူ ဖြစ်ဟန်တူပါတယ်။ သူ့ကို စိတ်မမှန်သူတဦးလို့လည်း ပြောနေကြတယ်။

အသတ်ခံရသူ ဟန် (၅၈နှစ်) ရထားအတိုက်ခံရပြီး မကြာခင်သေတယ်။ ရထားပလက်ဖောင်းပေါ် ပြန်တက်ဖို့ ကြိုးစားသေးပေမဲ့ မမှီတော့ဘူး၊ ရထားနဲ့ ပလက်ဖောင်းအစွန်း ကြိတ်မိပြီးသေတယ်။ အဲဒီအဖြစ်အပျက်ကို မှတ်တမ်းတင်သူ အလွတ်တမ်း ဓာတ်ပုံဆရာကို အသက်မကယ်ဘဲ ဓာတ်ပုံရောင်းစားဖို့ စိတ်ကူးရှိသူအဖြစ် ဝေဖန်နေကြတယ်။ အဲဒီသတင်းနဲ့ ဓာတ်ပုံ နယူးယောက်ပို့စ် မျက်နှာဖုံးသတင်း ဖြစ်သွားတယ်။ သူကတော့ အခင်းဖြစ်နေရာနဲ့ ပေသုံးလေးရာအကွာမှာ ရှိနေခဲ့တယ်။ ဘာဖြစ်လဲဆိုတာ သိနိုင်ဖို့ စက္ကန့်ပိုင်းပဲ အချိန်ရပြီး သေဆုံးသူ ဘူတာပလက်ဖောင်းပေါ် ပြန်တက်ဖို့ အားထုတ်နေတာ တွေ့ပါတယ်။ ခပ်လှမ်းလှမ်းမှာ ဝင်လာတဲ့ ရထားမီးရောင်မြင်တော့ ရထားမောင်းသူကို အချက်ပြဖို့ စဉ်းစားပေမဲ့ ဓာတ်ပုံပဲရိုက်မိသွားတယ်။

အဲဒီလူဆီရောက်ဖို့ စက္ကန့်၂ဝလောက် အချိန်ယူရမယ်၊ သူ့ထက်ပိုနီးတဲ့ နေရာက လူတွေသာ ကယ်ဆယ်ဖို့ အားထုတ်ကြမယ်ဆိုရင် အချိန်မှီကောင်း မှီနိုင်ပါတယ်။ ငါ့အနေနဲ့ ဟန်ကို ကယ်ဖို့မဖြစ်နိုင်ပါဘူး။ အံ့ဩမိတာ အဲဒီလူနဲ့ ပေတရာ တရာ့ငါးဆယ်လောက်မှာ ရှိနေတဲ့လူတွေ ဘာမှမလုပ်ပေးကြဘူး။ ရထားတိုက်ပြီးမှ လူတွေ သေဆုံးသွားသူကို ဗွီဒီယို ဝိုင်းရိုက်ကြတယ်၊ ဆရာဝန်ကလည်း ပြုစုပေးတယ်။ သေဆုံးသူ မိသားစုအတွက် ဝမ်းနည်းပါတယ်။ ငါတတ်နိုင်ခဲ့ရင် သူ့ကိုဆွဲထုတ်ပါတယ်၊ ဓာတ်ပုံရိုက်ခဲ့မှာ မဟုတ်ဘူးလို့ ပြောသွားပါတယ်။

အဲဒါကတော့ နယူးယောက်မြို့လည်ကောင် မီးရထားဘူတာရုံက ဖြစ်ရပ်ဆိုးပါ။ ကူညီသူမဲ့ လူပြတ်ချိန်လည်း မဟုတ်၊ အပြေးအလွား ဝိုင်းဝန်းဆွဲတင်ကြမယ်ဆို ကယ်နိုင်ကောင်းတယ်။ သူ့ကံလို့ပဲ ပြောရမလား၊ လူတွေရဲ့ တာဝန်မဲ့မှုကိုပဲ အပြစ်တင်ရမလား။ မြိုပြဂျီးတွေမှာ ဒီလိုဖြစ်ရပ်ဆိုးတွေ သိပ်မဆန်းပေမဲ့ ဓာတ်ပုံမြင်ရခဲ့လို့ ကာယကံရှင် မိသားစုဝင်များကိုယ်စား စိတ်မကောင်းစွာနဲ့ ဝေမျှပါတယ်။ နောက်တချက်က (ဒါက ပိုဆိုင်တယ်) အနောက်နိုင်ငံများမှာလဲ ဒါမျိုးရှိကြောင်း သက်သေပြဖို့ပါ။ နို့မို့ရင် မြန်မာပြည်မှာပဲ အကျင့်ပျက်နေသလိုလို စာရိတ္တချို့ယွင်းသလိုလို ရေးကြရင်း လူမျိုး၊ ဘာသာ၊ ယဉ်ကျေးမှုအပေါ် မကောင်းမြင်စိတ် သိပ်ဖြစ်ကုန်မှာ စိုးလို့ပါ။ ဝေဖန်ထောက်ပြပါ သို့သော် ကိုယ်လိုရာ တဖက်သက်မဆွဲပါနဲ့။ ဆင်ခြင်သတိပြုနိုင်ကြဖို့ပါ။

ရှစ်ဆယ်ခုနှစ်ပိုင်းလောက် နယူးယောက်မှာ အဲသလို အမှုသိပ်များတယ် ကြားဖူးတယ်။ ဒါကြောင့် အရင်ကဆို သတိပေးကြတယ်၊ ရထားစီးတဲ့အခါ ပလက်ဖောင်းစွန်းနား သွားရပ်မနေဖို့၊ လူစိမ်းအနားကပ်ရင် သတိထားဖို့၊ ဒါလည်း နေ့စဉ်ဓူဝ ရထားစီးနေရသူအဖို့ မြန်မာပြည် အမြန်လိုင်းကား တွယ်မစီးဖို့ ပြောတာနဲ့ အတူတူပဲဖို့ လိုက်နာဖို့ မလွယ်လှဘူး။ ပလက်ဖောင်းနားကပ်မှ ရထားထိုင်ခုံ ရဖို့များတယ်လေ။

အမေရိကန် ရထားသံလမ်းတွေက မြန်မာပြည်ကထက် ပိုကျယ်တယ်။ ခြေနှစ်ဖက် ခွရပ်လို့မရဘူး။ ဒီတော့ ဟိုဖက်ဒီဖက် ခြေလက်ဆန့်မှပဲ သံလမ်းဓာတ်လိုက် သေနိုင်တယ်။ မြေအောက်သံလမ်းက အတော်နက်တယ်။ ခြောက်ပေကျော်ပါတယ်။ လျပ်စစ်ပိုက်လိုင်းတွေကို ပလက်ဖောင်းမြေအောက် နံရံမှာမြှုပ် သွယ်တန်းထားပြီး နံရံနဲ့ ပလက်ဖောင်းအစွန်း တပြေးညီ ရှိမနေဘူး။ အတွင်းကို ဖောက်ထားလို့ ဟောက်ပက်ဖြစ်နေတယ်။ ဒီတော့ ရေကူးကန်ဘောင်ကိုင်ပြီး အပေါ်တက်သလို မရဘူး၊ ကိုင်ဖို့ပြုဖို့ ထောက်ကန်အားယူစရာ မရှိပါ။ အပေါ်က လူဆွဲတင်ပေးမှပဲ ဖြစ်နိုင်တယ်။ တချို့စတေရှင်တွေမှာ နံရံနဲ့ ပလက်ဖောင်း သိပ်ကပ်နေလို့ ရှောင်ဖို့ မဖြစ်နိုင်ဘူး။ အခုပုဂ္ဂိုလ်ကတော့ သေချိန်တန်တယ်ပဲ ပြောမလား သိပ်ထူပူနေတော့ နေရာအကျယ် ရှိပေမဲ့ ဘေးကိုရှောင်မထွက်ပဲ ပလက်ဖောင်ကိုသာ သဲမဲနေလို့ ဝင်လာတဲ့ရထားနဲ့ တည့်တည့်တိုးရတယ်။

ကျနော် ရောက်ခါစမှာတကြိမ် မြေအောက်သံလမ်းထဲ ဆင်းဘူးတယ်။ အသိဆီက ငှားထားတဲ့ စာရွက်များ စတေရှင်ထဲ ဝင်လာတဲ့ ရထားလေအရှိန်နဲ့ သံလမ်းပေါ် စာရွက်တွေ လွင့်ကျကုန်တယ်။ နေ့လည်ခေါင် ရထား အသွားအလာ ပြတ်ချိန်မို့ တော်သေးတယ်၊ အနားက လူကိုစောင့်ခိုင်းပြီး မြေအောက်ထဲဆင်း စာရွက်ကောက်၊ သူ့အကူအညီနဲ့ အပေါ်ပြန်တက်ရတယ်။ ဒါကြောင့် အတက်ခက်ရပုံ လက်တွေ့သိတယ်။ ဆွဲတင်မည့်သူက မိန်းခလေးဆိုလည်း မလွယ်ဘူး၊ အားကောင်းမောင်းသန်ဖြစ်ရမယ်။ စိတ်ဝေဒနာရှင် ဖြစ်ရင်လည်း မချောင်ဘူး၊ နယူးယောက်မှာ ဂေါက်နေသူတွေက ခပ်များများ။ အပေါ်တက် ခြေကန်အားယူဖို့ နံရံရှိပေမဲ့ အတွင်းပိုင်းကို နှစ်ပေလောက် ချိုင့်ဝင်နေ၊ ပြီးတော့ ပလက်ဖောင်းစွန်းကို လက်ဖျားလေးပဲ မှီလို့ ဆုပ်အားဘယ်လိုမှ မရှိဘူး။ အဲလိုမှ မလုပ်ချင်ရင် စတေရှင်အစ သို့မဟုတ် အဆုံးပိုင်း တမျှော်တခေါ် သံလမ်းအတိုင်းလျောက်ပြီး လှေခါး ရှိတဲ့နေရာသွားရှာပေတော့။ ဒါလည်း ကိုယ်သွားတုံး ရထားဝင်လာရင် ဒုက္ခော…။

နောက်ဆုံးအချိန်ပိုင်းလေး

ပလက်ဖောင်းအစွန်း တပေခွဲလောက်ကို အဝါရောင်ဆေးသုတ် ဒါမှမဟုတ် အဖြူလိုင်းစည်းတား၊ မချော်အောင် အထစ်အထစ်တွေ လုပ်ပေးထားတယ်။ စည်းကမ်းအရ အဲဒီလိုင်းနောက်မှာ ရထားစောင့်ရတယ်။ အနေကြာလို့ လူလည်ပတ်ကား ဖြစ်တဲ့အခါ ဒါတွေသိပ် ဂရုမစိုက်ချင်တော့ဘူး။ အစွန်းနားကပ် နားကြပ်လေးတပ် စာအုပ်၊ တက်ဘလက်လေးဖတ်ပြီး ရထားစောင့်ကြတယ်။ စာအုပ်အမာဆို ကိစ္စမရှိပေမဲ့ စာရွက်အပြေ သုံးလေးရွက်ဆို လက်ထဲကိုင်ထားရင် ရထားအရှိန်လေနဲ့ အောက်ထဲလွင့်ကျတတ်တယ်။ ပြန်ရှာဖို့မလွယ်တဲ့ မူရင်းစာရွက်ဆို သေရော…ဘယ်သူမပြု မိမိမှု ကိုယ့်ဖာကိုယ် ဆင်းကောက်ပေတော့…။

စကားများနေစဉ်

—————————————————————————————————————————————-
John Bacon and Laura Petrecca, USA TODAYShare
Naeem Davis, 30, has made statements implicating himself in Ki-Suck Han’s death, police said.
Story Highlights
• An alleged altercation took place between suspect and victim before the push
• Ki-Suck Han, 58, of Queens, died shortly after being struck by a train
• Police on Wednesday announced an arrest in the case
8:59PM EST December 5. 2012 – NEW YORK — A suspect was arrested on a murder charge Wednesday in the death of a man who was pushed in front of a subway train and photographed just before he was fatally struck.
Officer James Duffy said Naeem Davis, 30, has made statements implicating himself in Ki-Suck Han’s death.
Witnesses told investigators they saw a man talking to himself Monday afternoon before he approached Han at the Times Square station, got into an altercation with him and pushed him into the train’s path. Davis was taken into custody Tuesday after police viewed a security video showing a man fitting the description of the suspect working with street vendors near Rockefeller Center, police said.
Duffy said Davis is being charged murder in the 2nd degree, intentional, and murder in the 2nd degree, depraved indifference.
MORE: NYC subway death photographer’s story
STORY: N.Y. subway victim’s daughter: ‘What’s done is done’
Han, 58, of Queens, died shortly after being struck. Police said he tried to climb a few feet to safety but got trapped between the train and the platform’s edge.
Earlier Wednesday, the photographer under fire for taking the pictures said he did all he could to save the man and that he has sold the rights to the photos.
“Selling a photo of this nature sounds morbid. I licensed these photographs,” freelance photographer R. Umar Abbasi told NBC’s Today show. Abbasi created a firestorm when his photo of Han appeared on the front page of Tuesday’s New York Post.
Abbasi told Today he didn’t see much of the altercation Monday and that he was hundreds of feet from the incident.
“It took me a second to figure out what is happening,” he said. He said he saw Han try to get back on the platform.
“I saw the lights in the distance of the approaching train. The only thing I could think of was to alert the driver with my flash,” Abassi said. He said he didn’t realize until much later that he had useable photos.
He said Han was probably on the tracks for about 20 seconds, and said others were closer to Han and might have been able to save him.
“There is no way I could have rescued Mr. Han,” Abbasi said. “What surprised me was that people maybe 100 feet or 150 feet did nothing to help.”
Abbasi also said that after the train hit Han, scores of people on the platform began taking videos of the body and the doctor who went to his aid.
“My condolences to the family,” Abbasi told Today. “If I could have, I would have pulled Mr. Han out. I didn’t care about the photographs.”

19 comments

  • Mon Kit

    December 6, 2012 at 12:22 pm

    သေဆုံးသွားသူအတွက် စိတ်မကောင်းဖြစ်မိပါတယ်ရှင်..
    တခြား ဘာမှ မမန့်တတ်တော့ဝူး……. :byae:

  • မိုချို

    December 6, 2012 at 12:51 pm

    ကျမ ဒီရောက် စက အဲ လို တွေး ဖူး တယ်။ ရထား လာတဲ့ အချိန် တယောက်ယောက် က တမင် ပဲ ဖြစ်ဖြစ်၊ မတော် လို့ ပဲ ဖြစ်ဖြစ် ဝင်တိုက် လိုက် ရင် ဒုက္ခ ပဲ လို့ ။ မတော် ကျ သွား ရင် သံ လမ်း နဲ့ ပလက် ဖောင်း ကြား အလျား လိုက် လှဲ နေ လိုက် ရင် လွတ် နိုင် လောက် တယ် လို့ လည်း ဆက် တွေး ကြည့် ဖူး တယ်။ တကယ် လွတ် မလွတ် တော့ မသိဘူး။
    မြန် မာ တစ်ယောက် လည်း ကျ သေဖူး တယ်။ ခုတော့ ဘူတာတိုင်း မှာ အကာလုပ် ပေး ထား တယ်။ အဲလို အကာ တွေ လုပ်ပြီး မှ ပဲ စိတ်ချ လက်ချ ရှိ သလို ခံစား ရ တယ်။ မဟုတ် ရင် သား တို့ လို မျောက် လောင်းလေး တွေ နဲ့ ဘူ တာ မှာ ရထား စောင့် ရ တာ အန္တရာယ် များ တယ်။

  • Inz@ghi

    December 6, 2012 at 12:54 pm

    ကျုပ်တို့ဆီမျာလည်း ဂေါက်သီးတွေ သိပ်ပေါတယ် …. ကျုပ်သိပ်လန့်တဲ့ ကိစ္စက
    အဲ့ဒါနဲ့ တထပ်တည်းဘဲ… တကယ်က သူပူထူနေလို့ပါ … သူတွယ်တက်ဖို့
    ကြိုးစားနေတဲ့ ဘောင်အောက်ဘက်မှာ နေရာလွတ်ရှိတတ် ပါတယ်.. လှဲချပြီး အဲ့သည့်နေရာလွတ်
    ကိုဝင်ခိုရင် လွတ်နိုင်ကောင်းရဲ့ …

    နောက်တခုက ရထားက ဘူတာကို ဝင်လာတာဆိုရင် ကျိန်းသေ အရှိန် လျှော့မောင်းလာမှာ
    ဆိုတော့ ရထားလမ်းကြောင်းအတိုင်းပြေးရင် လွတ်နိုင်မလား မဆိုနိုင် (အထင်)
    ရထားက ရပ်မှာဆိုတော့ ပြောပါတယ်… အရှိန်ကတော့ ဘယ်အရှိန်ရှိမလဲ မသိဝူးပေါ့…

    အချုပ်ပြောရရင် စိတ်မကောင်းစရာပါပဲဗျာ…

  • Mr. MarGa

    December 6, 2012 at 12:55 pm

    ဦးကြောင်ရေ
    ဒါမျိုးလေးတွေ များများ တင်ပေးပါ
    မဟုတ်ရင် ကိုယ့်နိုင်ငံတင် ဒါလောက်ဖြစ်နေတာလို့ပဲ အတွေးဝင်ဝင်လာတတ်လို့

  • Mon Kit

    December 6, 2012 at 1:06 pm

    အင်း… ဒီနိုင်ငံမှာတော့ အမူးသမားတွေ လူမှန်း သူမှန်း မသိ မူးရူးပီး ရထားလမ်း ခေါင်းခင်းအိပ်နေတုန်း ရထားကြိတ်ခံရတဲ့ သတင်းက များတယ်… တခါကများ မကွေးတိုင်း ဘက်မှာ စုံတွဲ တစ်တွဲ ချိန်းတွေ့ပီး မိုးမမြင်လေမမြင်ဖြစ်ပီး ရထားတိုက်ခံရတဲ့သတင်း လည်း ကြားမိရဲ့.. အဲဒါတွေ ဘယ်သူ့အပြစ်လို့ ဆိုရမလဲဟင်……… 😆

  • သီဟသူရချာလတာအာပေတူး

    December 6, 2012 at 1:36 pm

    ကြမ္မာငင်တယ်………. ဆိုတာဒါမျိုးလားမသိ ?????? (သဂျီးမကြားဇေရ)

  • kyeemite

    December 6, 2012 at 3:38 pm

    ဆိုးပါ့ဗျာ..ခေတ်မှီတယ်ဆိုတဲ့တိုင်းပြည်မှာလဲ အဆိုးနဲ့အကောင်းရှိတာပဲ
    သေချာတာကတော့ “မမ” သာဆိုလွတ်တယ်ဗျ…
    “မမ”= မြန်မာ့မီးရထား :byae:

  • kai

    December 6, 2012 at 3:42 pm

    အဲဒီသတင်းအကြောင်း.. စီအန်အန်မှာအခုတင်တက်လာတယ်..
    ၂၀၀၉ က.. နယူးယောက်မှာပဲ.. အဲဒီလို.. ပြုတ်ကျသူကိုကယ်လိုက်တဲ့သူတယောက်နဲ့…အမေးအဖြေလုပ်သွားသေး…

    ကြည့်ရတာ..
    လူတယောက်က.. တွန်းချလိုက်ပုံရတာမို့.. ဘေးလူတွေက.. ဝင်ကယ်ရင်.. အဲဒီတွန်းချသူက.. ကယ်သူကိုရန်လိုမှာ.. လန့်ကြသလားပဲ..
    တွန်းချသူကိုတော့.. လူသတ်မှုနဲ့တရားစွဲလိုက်ကြောင်း..

  • jullies cezer

    December 6, 2012 at 3:53 pm

    စိတ်မကောင်းစရာပဲ 🙁

  • uncle gyi

    December 6, 2012 at 3:57 pm

    ရှင်းပါတယ်ကိုကြောင်ရယ်
    သေသူကသူ့ကိုသတ်သူကိုစကားသွားများလို့
    သူသာစကားသွားမများလိုက်ရင်ဟိုလူကသူ့ကိုဘယ်သတ်ပါ့မလဲနော်

  • San Hla Gyi

    December 6, 2012 at 5:25 pm

    ကိုကြောင်ကြီးရေ
    တော်တော်လေး ကောင်းတဲ့ပို့စ်ကလေးပါပဲ။ ကိုကြောင်ကြီး ပို့စ်ကိုတော့ ကျနော်က ကျနော်ကြိုက်တာပဲ ဖြတ်မန့်မယ်။ ကျနော်ကြိုက်တဲ့ စာလေးပါ။ “အနောက်နိုင်ငံများမှာလဲ ဒါမျိုးရှိကြောင်း သက်သေပြဖို့ပါ။ နို့မို့ရင် မြန်မာပြည်မှာပဲ အကျင့်ပျက်နေသလိုလို စာရိတ္တချို့ယွင်းသလိုလို ရေးကြရင်း လူမျိုး ဘာသာ ယာဉ်ကျေးမှုအပေါ် မကောင်းမြင်စိတ် သိပ်ဖြစ်ကုန်မှာ စိုးလို့ပါ။ ဝေဖန်ထောက်ပြပါ။ သို့သော် ကိုယ်လိုရာ တဖက်သတ် မဆွဲပါနဲ့။ ဆင်ခြင် သတိပြုနိုင်ကြဖို့ပါ။” အဲဒါလေးကိုတော့ သိပ်ကြိုက်တယ် ကိုကြောင်ကြီးရေ။ ကျနော့်ရဲ့ ယုံကြည်ချက်နဲ့လဲ ခပ်ဆင်ဆင်လို့ ထင်တယ်။ နည်းနည်းချဲ့ ပြောခွင့်ပြုပါဗျာ။ ကိုကြောင်ကြီး ကိုယ်တိုင်လဲ ဒီအချက်က အဓိကအချက်လို့ ကွင်းစကွင်းပိတ်နဲ့ ပြောသွားလို့ပါ။
    ကျနော် အခုနောက်ပိုင်း ရေးရင် တတ်နိုင်သမျှ ကိုယ့်လူမျိုးတွေ အပေါ်မှာ ညှာတာပြီး ရေးမယ်လို့ ဆုံးဖြတ်ထားတယ်။ မတတ်သာလို့ အပြစ်တင်ရမယ် ဆိုရင်တောင် အတတ်နိုင်ဆုံး သက်သာတဲ့ စကားလုံးတွေ သုံးမယ်လို့လည်း ဆုံးဖြတ်ချက်ရှိတယ်။ အရင်တုန်းက ကျနော့်ပို့စ်တွေ တော်တော်များများ ဟာလဲ ကျနော်တို့ဟာ အတိတ်သမိုင်းမှာ ဘယ်လိုခမ်းနားခဲ့ကြောင်း ဘိုးဘေးတွေက ဘယ်လိုတော်ကြောင်းလေးတွေကို ဇောင်းပေးပြီး ရေးခဲ့တယ်လို့ထင်တယ်။
    အတိတ်က ပြီးခဲ့ပြီ ဆိုပေမယ့် ကျနော့်ရဲ့ ယုံကြည်ချက်ကတော့ ကိုယ့်ကိုကိုယ် သိမ်ငယ်စိတ် အပြစ်ရှိတယ်ဆိုတဲ့ ခံစားချက်မျိုး ရှိနေတဲ့ လူမျိုးတမျိုးဟာ ဘယ်တော့မှ အညွှန့်လူဖို့ မလွယ်ဖူးလို့ ယုံကြည်တယ်။ လူတယောက်ချင်းလည်း ဒီအတိုင်းပဲ။ ကိုယ့်ကိုကိုယ် သိမ်ငယ်စိတ် ရှိသူဟာ မလွယ်ဖူး။ ဒါကြောင့် ကျနော် အစကတည်းက ကိုယ့်လူမျိုးဟာ မွေးရာပါ အပြစ်ရှိတယ် စည်းကမ်းမရှိဘူးဆိုတဲ့ အရေးအသားတွေကို ဆန့်ကျင်ခဲ့တာပဲ။ တကယ်တမ်းလဲ ကျနော်တို့တွေက အဲဒီလို သိမ်ငယ်စိတ် ဝင်နေရမယ့်လူတွေ မဟုတ်ဖူးလို့လဲ ယုံကြည်တယ်။ အဲဒါကြောင့် မြန်မာတွေက ဆိုပြီး ပြင်းပြင်းထန်ထန် ရေးတဲ့စာမျိုးတွေကို အမြဲလက်မခံခဲ့ဘူး။
    အမှန်မှာ မြန်မာတွေမှာ အချို့အချက်တွေဟာ စိတ်ပျက်စရာဖြစ်အောင် ညံ့တာတော့လည်း ရှိပါရဲ့။ အဲဒါ ကျနော်ကတော့ စာပေဗဟုသုတ နည်းပါးတာနဲ့ စနစ်တကျ သင်ကြားပေးခြင်း မခံရလို့လို့ ထင်တယ်။ ဒီတော့ ထောက်ပြနိုင်ပါတယ်။ ဒါပေမယ့် ကျနော် ပြောဖူးသလို အရေးအသားထဲက စေတနာနဲ့ပေါ့။
    ဆရာကြီး ရွှေဥဒေါင်းရဲ့ စာအုပ်ထဲက ကျနော်ကြိုက်တဲ့ စာလေးကူးထည့်လိုက်မယ်။ စာအုပ်ရှိသူတွေကတော့ သူ့ရဲ့ တသက်တာမှတ်တမ်း စာအုပ်ထဲမှာ ဖတ်နိုင်ပါတယ်။ ဆရာကြီးက သူစစ်ပြေးတုန်းက တွေ့ရာဘူတာမှာ မြန်မာတွေက ပါလာတဲ့ လူမှန်သမျှကို လူမျိုးမခွဲပဲ စားစရာ ဝေပေးပုံကို ရေးထားတာပါ။ မူရင်းစာအုပ်ကတော့ ပိုအရသာ ရှိပါတယ်။ သူက ဒီလိုရေးတယ်။
    “စားစရာများကိုလည်း လမ်းတလျှောက်လုံး စားလာကြစဉ် ကျွန်ုပ်သည် လူမျိုးကွဲ ခရီးသည်များအား(ကုလားပို၍များသည်) ဗမာလူမျိုးတို့၏ သနားကြင်နာစိတ် ဖြစ်လွယ်၍ ပေးကမ်းတတ်ခြင်း အကြောင်းကို အသားယူကာ ဖော်ထုတ်ချီးကျူး ပြောဆိုလေရာ လူမျိုးကွဲ ခရီးသည်များ(အထူးသဖြင့် ကုလားလူမျိုးများသည်) ဗမာလူမျိုးများ အပေါ်မှ အမြတ်ထုတ်ခဲ့ခြင်းအတွက် ရှက်ကိုးရှက်ကန်း ဖြစ်ကြသော မျက်နှာထားမျိုးနှင့်(ဤသို့ ဖြစ်စေရန် ကျွန်ုပ်ကလည်း ရည်ရွယ်ချက်ရှိသည်။) အူထဲ အသည်းထဲက လှိုက်လှဲစွာ ချီးကျူးကြလေသည်။ ဤတွင် အိန္ဒိယပြည်သို့ ရောက်ခဲ့ဖူးသော ကိုခင်မောင်က အိန္ဒိယပြည်တွင် နိုင်ငံခြားသား ခရီးသည် တယောက်အဖို့မှာ ရေတခွက်တောင်း၍ ရဖို့အလွန်ခဲယာဉ်းကြောင်း ဖိနှိပ်ပြောဆိုလေရာ ဟိန္ဒူကုလား ခရီးသည်ကြီးများလည်း ဟုတ်မှန်ပါကြောင်း လက်နှစ်ဘက်ဖြင့် ဆလံပေးကာ ဝန်ခံရှာလေသည်။ ကျွန်ုပ်ကိုယ်တိုင်မှာလည်း မြန်မာလူမျိုးများ၏ ကြင်နာတတ်ခြင်းနှင့် ရက်ရောခြင်းဟူသော အပြုအမူသည် ကျွန်ုပ်၏စိတ်ကို အတော်ကြီး ထိခိုက်သည်ဖြစ်၍ ကိုယ့်လူမျိုးအပေါ် ယခင်က ထားရှိခဲ့သည့် မကျေနပ်မှု အားမရမှု အထင်သေးမှုများသည် တခါတည်း ပျေက်ပျက်လွင့်စင်သွားပါလေတော့သည်။” (မှတ်ချက် ဆရာကြီးရဲ့ အရေးအသားက ပထမအလုံးမှာ ဗမာဖြစ်ပြီး ဒုတိယစာလုံးကျတော့ မြန်မာပြန်ဖြစ်သွားလို့ သူ့သတ်ပုံအတိုင်း ကူးထည့်လိုက်ပါတယ်။ ပုံနှိပ်သူရဲ့ ချို့ယွင်းချက်လား သူရေးတာမှာ သတိမထားမိတာလား မသိပါ။ ကျနော်ကတော့ မြန်မာတပြည်လုံးက တမျိုးသားလုံး အတွက် ရေးပေးလိုက်ပါတယ်။)
    အခု ပြောတာတွေက တကယ်လဲ ကျနော်ဒီလိုပဲ ယုံကြည်ပြီး အားများအောင် ဘက်ကပ်တာ မဟုတ်ပါကြောင်း အာမခံပါသည်။ ကိုကြောင်ကြီးရဲ့ အတည်ပို့စ်မှာ ပြောရလို့ ကျေးဇူးပါ။

  • MaMa

    December 6, 2012 at 7:59 pm

    သေသူနဲ့ သတ်သူရဲ့ ဆက်နွယ်မှုက အရေးပါတယ်။
    ဘာမဆိုင် ညာမဆိုင် ဂေါက်သီးနဲ့တွေ့ပြီး ဖြစ်တာ ဆိုရင်တော့ ကံကြမ္မာကိုပဲ အပြစ်တင်ရမယ်။
    ကိုယ့်အသက်နဲ့ရင်းပြီး ကယ်တင်ချင်တဲ့ (ဥပမာ- စိုင်းအောင်လှိုင်မြင့်လိုမျိုး) စိတ်ဓာတ်မြင့်မားသူ ဆိုတာမျိုးကလည်း ၁၀ဝ မှာ ၁ ယောက်၊ ၁၀၀ဝ မှာ ၁ ယောက်ဆိုသလို ရှားပါးတာကိုး။
    ကိုယ့်စိတ်ကိုယ် ပြန်မေးကြည့်တော့လည်း အဲလောက်ထိ အဆင့်မရှိဘူး။ 🙁

  • မောင်ပေ

    December 6, 2012 at 9:09 pm

    အဲဒီ သေတဲ့လူနှယ် ၊ မင်းသား ကီနူးရိဗ် သရုပ်ဆောင်တဲ့ မက်ထရစ် အပိုင်း၁ ကို မကြည့်ခဲ့ဖူးဘူး မှတ်တယ်
    မက်ထရစ် ဇါတ်ကား ၁ ထဲမှာ ကီနူးရိဗ် က ရထားလမ်းပေါ်မှာ ပက်လက်ကြီးလဲနေချိန် ရထားလဲလာချိန် ခုန်ပျံပြခဲ့တာကလား

  • ဦးဦးပါလေရာ

    December 6, 2012 at 10:30 pm

    ရုတ်တရက်ဆိုတော့ အောက်ကျသွားတဲ့လူရော အနီးကလူတွေပါ ဘာလုပ်သင့် ဘာလုပ်ရမှန်း စိတ်ထဲရောက်မလာပုံရပါတယ်။
    ထိတ်လန့်စိုးရွံ့ဘွယ်တခုခုကို ရုတ်တရက်ကြုံရင် အဲသလိုပဲ လုပ်မိလုပ်ရာလုပ်တာတို့ ကြောင်သွားအသွားတာတို့ ဖြစ်တတ်ပါတယ်။
    ဒါ့ထက် နဲနဲ ပိုအချိန်ရမယ်ဆိုရင် ဝိုင်းဆွဲတင်ကြမှာလို့ ကျုပ်တော့ ယုံကြည်မိပါတယ်။

  • kai

    December 7, 2012 at 2:49 am

    ဘယ်သူ့ကြောင့်လို့ အပြစ်တင်မှာလဲ subway killing

    ခေါင်းစဉ်အခြေပြုအဖြေထုတ်ကြည့်ရရင်.. ဒီ”လူသေမှု”ကို.. “လူသတ်မှု”လုပ်လိုက်တာမို့.. သတ်သူ(တွန်းချသူ)ကြောင့်လို့ပြောရပါမယ်..။
    ဒါပေမယ့်.. ပြုတ်ကျသူ “ဟန်”က.. အရက်သောက်ထားပုံရတာမို့.. သူ့အပြစ်လည်းပါပါတယ်..။ တကယ်ဆို.. ပလက်ဖောင်းတက်ဖို့မကြိုးစားပဲ.. ဘယ်ဖက်.. လွတ်ရာမှာသွားရပ်နေလို့ ရနိုင်တာပဲ..။
    .. ဘေးလူတွေကတော့.. အရင်နှစ်တွေက.. လူပြုတ်ကျရင်..ဆွဲတင်ပေးတတ်တဲ့အကျင့်ရှိသူ…နယူယောက်ကာတွေမို့.. အခုလိုမကယ်ကြတာမှာ..
    ..အချိန်မရတာရယ်..။ တွန်းချသူက.. အမဲဖြစ်နေတာမို့.. လန့်ကြတာရယ်ဖြစ်မယ်ထင်ကြောင်း..

    Police are also awaiting toxicology results on Han, who was found with an empty pint bottle of vodka on him when he died, according to sources.

  • ဦးကြောင်ကြီး

    December 7, 2012 at 10:34 am

    နေ့စဉ် သန်းနဲ့ချီ သွားလာနေတဲ့ ရထားစနစ်မှာ ဒီလိုပြုတ်ကျတာ သိပ်မဆန်းပေမဲ့ စိတ်အနှောက်အယှက် ဖြစ်မိတာ ဗဈာကြောင့် ဘေးဝန်းကျင်က ခရီးသည်တွေ လှုပ်လှုပ်ရှားရှား ဆွဲတင်ကူညီဖို့ အားမထုတ်ကြသလဲဆိုတာပါ၊ သူရထားသံလမ်းပေါ်ကနေ ပြန်တက်ဖို့ ကြိုးစားနေတဲ့ဓာတ်ပုံမှာ ဝိုင်းဝန်းလာသူ တဦးမှ မတွေ့ရဘူး။ ဓာတ်ပုံဆရာ အဆိုအရ သူကနဲနဲ အလှမ်းဝေးနေတယ်၊ အခြားသူများ မှီလောက်တဲ့နေရာမှာရှိတယ်။ အောင်မြင်တာ မမြင်တာ တကဏ္ဍ၊ အားထုတ်မှုအပိုင်း လူသားခြင်း စာနာမှုအပိုင်းကို ပြောတာပါ။ ဘာပြုလို့လဲ… အေးရှန်းမိုလို့လား၊ အဖြူမဟုတ်လို့လား….။ မူးနေလို့ ဆုံးဖြတ်ချက် မမှန်ဖြစ်သွားတာလည်း ဖြစ်နိုင်တယ်၊ တပူပေါ်နှစ်ပူဆင့်ပေါ့ဗျာ။
    သူ့အရင် ဖြစ်ရပ်တွေမှာ ခရီးသည်တွေ ဝိုင်းဆွဲပေးလို့၊ သတ္တိရှိသူပေါ်လာပြီး အသက်စွန့်ကယ်ပေးလို့ လွတ်သွားတာတွေ ရှိတယ်။ အဲလိုမဟုတ်ပဲ ရထားသံလမ်းပေါ် အလျားလိုက် လှဲအိပ်၊ ဘေးဘီအစွန်းရှောင်ကပ်လို့ လွတ်သူများစွာရှိတယ်။
    ကျနော်သာ အခြားခရီးသည်နေရာမှာဆိုရင် အဲဒီလူနား ရောက်သွားမယ်၊ လက်ကမ်းပေးမိမယ်၊ ဒါမှမဟုတ် အနည်းဆုံးတော့ ကယ်ဖို့လှုပ်ရှားမှုတခု အားထုတ်မိမယ်ထင်တယ်။ ရေနစ်နေတဲ့ အနေအထားမဟုတ်ဘူး၊ မြေကြီးပေါ်မှာ ဖြစ်တယ်၊ အောက်ကလူက ကိုယ်ကို ကြောက်လန့်တကြားနဲ့ ဆွဲချသွားနိုင်စွမ်း အတော်နည်းတယ်။ တယောက်ထဲတော့ အချိန်မမှီနိုင်ဘူး၊ နှစ်ယောက်လောက် ဝိုင်းဆွဲတင်လိုက်ရင် မှီဖို့များတယ်။
    ရထားတွေကလည်း စတေရှင်ထဲ ဝင်လာရင် စပိဒ်အမျိုးမျိုးပဲ၊ စောင့်တဲ့သူ များလွန်းနေရင်သာ အရှိန်ထိန်းဝင်တယ်၊ သာမန်အားဖြင့်တော့ အမြန်နှုန်းတခုနဲ့ ဝင်တာ။ အခုဟာ အဲသလိုဖြစ်ဖို့များတယ်။

  • Mobile

    December 7, 2012 at 12:13 pm

    အဲဂလို ဖြစ်တတ်တယ်ကို။
    နယူးစ်ယောက်စ် ကိုရောက်တဲ့အခါ သတိထားလိုက်ပါ့မယ်စ်။

  • အခုေနောက်ပိုင်းမှာ အဲလိုကုူညီလိုက်သူက ဒုက္ခတွေနဲ့ကျန်နေခဲ့တတ်လို့
    မသိချင်ယောင်ဆောင်နေကြတာများပါတယ်။
    မိတ်ဆွေတစ်ယောက်သား ဆိုင်ကယ်ဒိုကြီးနဲ့စီးလာတယ်။
    ဘယ်သူဝင်တိုက်သွားမှန်းမသိတဲ့ စက်ဘီးကို ကူညီမိတယ်။
    လူတွေဝိုင်းလာတယ် သူတိုက်တယ်ပြောလို့လျော်လိုက်ရတယ်

    ဒါဖြစ်ရပ်မှန်ဇာတ်လမ်းပါဘဲ

Leave a Reply