“မြနန်းစံကျော်ရွှေနန်းတော်နံဘေးက ဘုတ်တလုတ်ကန်”

1 မြောက်ကန်တော် သို့မဟုတ် ဘုတ်တလုတ်ကန်

 

2 ကြာပန်းတွေသာပွင့်နေရင်အတော်လှမယ်ထင်တယ်နော်
3 ဘုတ်တလုတ်ကန်အရှေ့မြောက်ဘက်။
ဘုရားလေးက အခုမှတည်ထားတာ

 

4 အနီးကပ်
5 အရင်က တော့ ဘုရင့်သားသမီးတွေဆော့တဲ့နေရာ။
အခုတော့ နွားချေးတွေနဲ့ နွားကျောင်းတဲ့နေရာ
6တောင်ဘက်ခြမ်းက

 

7 ငယ်ငယ်က ဆော့ခဲ့တဲ့ လေယာဉ်ပျံအပျက်ကြီး

 

8 ပါတ်ပါတ်လည်မြောင်းကလေးတွေ
9 ခနိုး ခယိုင် တံတားလေး

 

10 ကားအပျက်ကလေးက နောက်မှတင်ထားတာလေ

 

11 နွဲ့ယိမ်းနွဲ့ယိုင် ကျနော်ထက်အသက်ကြီးတဲ့သစ်ပင်
13 ကောက်ကောက် ကွေးကွေး

 

13 စိမ်းပြာ လဲ့မှောင်
14 ပန်းမပွင့်တော့တဲ့ကြာပင်အိုင်
15 အဝေးမြင်

 

 

16 ငယ်ငယ်က တက်ဆော့ခဲ့တဲ့ လေယာဉ်ပျံအပျက်ကလေး

 

17 စိမ်းမြမြ နီကျင်ကျင်

 

18 ရွက်ဝါကြွေတဲ့လမ်း
19 လွမ်းစရာ ညနေခင်းလေးပါ
20 စိမ်းမြမြ ပြာရီရီ ဘုတ်တလုတ်ကန်တွင်းဆီ

 

 

“မြနန်းစံကျော်ရွှေနန်းတော်နံဘေးက  ဘုတ်တလုတ်ကန်”

 

ပြီးခဲ့တဲ့ရက်ကမန်းလေးနန်တွင်းထဲက  မြနန်းစံကျော်ရွှေနန်းတော်ကို ရောက်ခဲ့ပါတယ်။

ဓါတ်ပုံတွေလှည့်ပါတ်ရိုက်ရင်း နန်းတော်ကြီးရဲ့မြောက်ဘက်မှာရှိတဲ့

“ ဘုတ်တလုတ်ကန်“ကိုသတိရလာပါတယ်။

အဲဒါနဲ့နန်းတော်ကြီးအနောက်ပေါက်ကဆင်း မြောက်ဘက်လမ်းလေးအတုိုင်းလျောက်လာခဲ့ပါတယ်.။

သစ်ပင်တွေက အုပ်အုပ်ဆိုင်းဆိုင်းဆိုတော့ လမ်းကလေးပေါ်မှာဆောင်းညနေခင်းနေရောင်က

ပျောက်တိပျောက်ကျား။

နောက်ဒီနေရာလေးမှာ စီတန်းပြီးပေါက်နေတဲ့ နှစ်ရှည်ပင်ကြီးတွေကြောင့်စိမ့်အေးနေပါတယ်။

ကျောက်တွေနဲ့ဆောက်ထားတဲ့ ဂမူလေးတွေကို မြင်တော့ နားထဲမှာ

“ ဘုတ်တလုတ်ကန်“သီချင်းက အလိုလိုကြားလာမိပါတယ်။

သီချင်းစာသားလေးကတော့ ဒီအတိုင်းပါဘဲ။

 

“ ဘုတ်တလုတ်ကန်“

ရွှေပင်ရွှေဘုန်း နေတနူန်းအသေရေမဆုံးတယ် ရှေးရှေးတုန်းခေတ်ကရယ်

မန်းမြိုလယ်နတ်နန်းသဖွယ် ထင်ယောင်မြင်သေး ဘုရင့်သွေးပျော်ကြတယ်။

ဝဲယာနဲ့ကျောက်တောင်ငယ်ဘုတ်တလုတ်ခေါ် နတ်နန်းသဖွယ်။

မြင်စမ်းချင်တယ်

တံတားငယ်များရယ်အသွယ်သွယ်ကျောက်လှိုဏ်ခေါင်းလေးတွေပေါတယ်

ကြည်နူးစေဘွယ်။

ပန်းစံပယ်နန်းလယ်မှာကွယ်မွှေးထုံသင်းတဲ့အခါတွင်းမယ် ကြည်နူူးစေမယ်

မြင်စမ်းချင်းပါတယ် နတ်တို့ဖန်တယ် ကြာမျုးိစုံသင်းတယ် ဘုတ်တလုတ်ခေါ်ကန်တော်အတွင်းဝယ်

အပေါင်းအဖော်များရယ် နုနုပြုံးပြုံးသနားစဖွယ် စုစုရုံးရုံးများရယ် တူတူပုန်းတမ်းကစားကြပါသတဲ့ကွယ်

 

ထိုအချိန်ဝယ် လတပေါင်းမို့ ညာညောင်းပြောင်းတယ် ဟောင်းရွက်ညာကြွေသံ ပဉ္စသိန်မောင်စောင်းနတ်ညှင်းသလို ………

ထိုအချိန်ဝယ် လတပေါင်းမို့ ညာညောင်းပြောင်းတယ် ဟောင်းရွက်ညာကြွေသံ

ပဉ္စသိန်မောင်စောင်းနတ်ညှင်းသလို ………

ဘဝင်အေးပိုမို နားဝင်တေးချိုချို ရွှေန်းတော်တွင်း ကြာမျိုးသင်းတယ်

ဘုတ်တလုတ်ခေါ်ကန်တော်အတွင်းမယ်

အပေါင်းအဖော်များရယ် နုနုပြုံးပြုံးစကားသဖွယ် စုစုရုံးရုံးများရယ် တူတူပုန်းတမ်းကစားကြပါသတဲ့ကွယ်

 

ပျော်စရာကွယ် တူတူဆိုှမှရှာကြပြန်တယ် အော် ဝေ့လည်လည် ရင်အတွင်းဝယ်

တွေ့ခဲ့နိုင်ပါဘူးကွယ် ကျမဖြင့်အလွန်မောတယ်

ပန်းပေးမယ်မောင်ကြီးရယ် ခူးဆွတ်လှဲ့တော့ကွယ်။

ပိတုန်းလေးတွေမယ့်ကိုလဲတုပ်မှာစိုးတယ် ဝဲကာပျံလို့ သံဝါဝါညံပါတယ်

ပိတုန်းလေးတွေမယ့်ကိုလဲတုပ်မှာစိုးတယ် ဝဲကာပျံလို့ သံဝါဝါညံပါတယ်

ဟိုမှာရယ် ဒီမှာရယ် ခိုင်ပန်းစံပယ်အလှနန်းသူ့မျက်ချယ်

နုနုပြုံးပြုံးသနားစဖွယ် စုစုရုံးရုံးများရယ် တူတူပုန်းတမ်းကစားကြပါသတဲ့ကွယ်။

ထိုအချိန်ဝယ် လတပေါင်းမို့ ညာညောင်းပြောင်းတယ် ဟောင်းရွက်ညာကြွေသံ ပဉ္စသိန်မောင်စောင်းနတ်ညှင်းသလို ………

ထိုအချိန်ဝယ် လတပေါင်းမို့ ညာညောင်းပြောင်းတယ် ဟောင်းရွက်ညာကြွေသံ

ပဉ္စသိန်မောင်စောင်းနတ်ညှင်းသလို ………

ဘဝင်အေးပိုမို နားဝင်တေးချိုချို ရွှေန်းတော်တွင်း ကြာမျိုးသင်းတယ်

ကြာမျုးိစုံသင်းတယ် ဘုတ်တလုတ်ခေါ်ကန်တော်အတွင်းမယ်

အပေါင်းအဖော်များရယ် နုနုပြုံးပြုံးသနားစဖွယ် စုစုရုံးရုံးအများရယ် တူတူပုန်းတမ်းကစားကြပါသတဲ့ကွယ်

 

……………………………………………………………………………………………………။

 

ဆိုတဲ့သီချင်းလေးပါဘဲ။

ကျနော်ငယ်ငယ်ကတော့ ဒီသီချင်းလေးကို ရော့ကာကြီး ဘိုထွဋ်ရဲ့ မေမေ “ထား”

ဆိုတာကိုနားထောင်ခဲ့ရတာပါ။

နောက်တော့ တယောကိုတင်ရီနဲ့မြို့မအဖွဲ့ပေါင်းလို့ “မေဆွိ”

ပြန်ဆိုခဲ့ပါတယ်။

ဒီသီချင်းလေးကြောင့်သိလာရတာကတော့ ဒီ”ဘုတ်တလုတ်ကန်”

နန်းတွင်းသူနန်းတွင်းသား ကလေးသူငယ်တွေဆော့ကစားဘို့အတွက်ဖန်တီးထားတဲ့နေရာပေါ၊။

ကြာပန်းတွေပွင့်နေတဲ့ရေကန်ကြီးရှိမယ်။

လှိိုင်ဂူသဏ္ဍာန်လုပ်ထားတာလေးတွေရှိမယ်။

ကုန်းမြင့်လေးတွေရှိမယ်။

ရေမြောင်းကလေးတွေရှိမယ်။

ဆော့ကစားလို့ကောင်းတဲ့သာယာသောနေရာလေးပေါ့။

 

ကျနော်တို့ငယ်ငယ်ကလဲ ဒီနေရာလေးမှာသွားလို့ကစားဘူးပါတယ်။

ကျနော်တို့လက်ထက်မှာတော့ ကန်ကြီးကရေသေကန်ကြီးဖြစ်ပြီး ရေတွေကစိမ်းမှောင်နေပါတယ်။.

ကုန်းမြင့်လေးတွေရဲ့ပါတ်ပါတ်လည်က ရေမြောင်းလေးတွေမှာတံတားတွေထိုးထားပါတယ်။

အနောက်ဘက်အဝင်စမှာတော့ ဒုတိယကမ ္ဘာစစ်လက်ကျန် လေယာဉ်ပျံအပျက်တစ်စင်း။

ကျနော်တို့ငယ်ငယ်က ဒီပေါ်တက်မောင်းပြီးဆော့ကြတာပေါ့။

နောက်ပိုင်းမှာတော့ ဒီနေရာလေးမှာ ရေပန်းတွေဘာတွေနဲ့ရေတံခွန်လိုလုပ်လိုက်ပါတယ်။

အတွဲများရဲ့ခိုနားရာ အရပ်ကလေးလဲဖြစ်ခဲ့ပါသတဲ့ လူရှင်းတာကိုး။

အဲဒီအချိန်1990ခုနှစ်လောက်မှာတစ်ခေါက်ရောက်ပြီးလုံးဝမရောက်တော့တာအခုထိပါဘဲ။

ဒီတစ်ခါရောက်တော့ ပိတ်ရက်မဟုတ်လို့လားတော့မသိဘူး လူရှင်းပါတယ်။

ဘုတ်တလုပ်ကန်ဘက်ကလဲ လူရိပ်လူယောင်မတွေ့။

ဒါနဲ့ဘဲ အချိန်ရတဲ့အခိုက်လေးမှာ ဟိုနည်းနည်းဒီနည်းနည်းသွားလို့လက်ဆော့။

ကဲ ကျနော်မြင်တာလေးတွေကို ပြန်မျှပေးလိုက်ပါတယ်။

 

 

ကိုပေါက်လမ်းသလားနေသည်

(7-12-2012)

 

 

 

 

 

 

 

 

 

 

21 comments

  • ဘဲဥ

    December 13, 2012 at 10:16 am

    ငယ်ငယ်က အဲ့ဒီထဲ သွားသွားဆော့ကစားတာလေးတွေ ပြန်လွမ်းမိတယ် လေးပေါက်ရေ့
    လေယာဉ်ပျံမောင်းတာတို့ ရထားစီးတာတို့ တအားသဘောကျတာဗျ

  • Ma Ei

    December 13, 2012 at 10:25 am

    ဘုတ်တလုတ်ကန် သီချင်းလေးကို
    …ဘုတ်ခေါ်ကန်တော်အတွင်းမယ်
    အပေါင်းအဖော်များရယ် နုနုပြုံးပြုံးသနားစဖွယ်
    စုစုရုံးရုံးအများရယ် တူတူပုန်းတမ်းကစားကြပါသတဲ့ကွယ်…
    ဒီစာသားလေးသာ မှတ်မှတ်ထင်ထင်သိနေခဲ့တာရယ်…
    စာသားအပြည့်စုံလေးကူးထားလိုက်တယ်နော်…
    ဓါတ်ပုံတွေထဲတော့ 18 ရွက်ဝါကြွေတဲ့လမ်း နဲ့
    20 စိမ်းမြမြ ပြာရီရီ ဘုတ်တလုတ်ကန်တွင်းဆီ ပုံလေးတွေ ပိုကြိုက်တယ်…
    အချိန်ရရင် mail ထဲပို့ပေးပါနော်…
    လေးစားလျှက်…

  • Mobile

    December 13, 2012 at 11:04 am

    မင်္ဂလာပါ ကိုပေါက်ရေ
    ဒီတစ်ခါ ကိုပေါက် တင်ထားတဲ့ ပုံတွေကိုတော့ တစ်ပုံမှ အကြိုတ်မတွေ့ဘူးဗျ။
    ဘုတ်တလုတ် ကန်က မန်းလေး ဘယ်နားမှာ ရှိတာလဲဗျ လမ်းညွှန်ပေးပါဦး
    မန်းလေး ရောက်တဲ့အခါ အချိန်ရရင် သွားလယ်ရတာပေါ့ မန်းလေးကိုတော့ ရောက်ဖြစ်တယ်
    ဘယ်နေရာမှ သိပ်ပြီးမရောက်ဖြစ်ဘူးဗျ။ မန်းလေးရောက်ရင် အူးပိန် တံတားနဲ့ မန်းလေးတောင်
    ဒီလောက်ပဲ သွားတတ်တယ်။

    • ခင်ခ

      December 13, 2012 at 11:32 am

      ဘုတ်တလုပ်ကန်က မန္တလေးနန်းတွင်းထဲက နန်းတော်ကြီးနားမှာရှိပါတယ်ဗျ။

      • Mobile

        December 13, 2012 at 12:14 pm

        ကြားဖြတ်ဝင်ရောက် ဖြေကြားပေးခဲ့တဲ့ ကိုခင်ခ ကျေးဇူးတင်ပါတယ်ခင့်ဗျ။
        နန်းတွင်းကို တစ်ခါမှမရောက်ဖူးဘူးဗျ။ ဒီတခါ မန်းလေး ရောက်ရင် နန်းတွင်းကို
        ရောက်ဖြစ်အောင် သွားလိုက်ပါ့မယ်ခင့်ဗျ။

  • မင်းနန္ဓာ

    December 13, 2012 at 11:05 am

    သစ်ပင်ကြီးက လေးပေါက်ထက် အသက်ကြီးတယ်ဆိုတော့
    သူလည်း ၂၄ နှစ်ကျော်ဘီပေါ့နော်.. 😛
    မန်းလေးမှာ ၃ နှစ်လောက်နေပြီး ကျောင်းတတ်လာတာ
    အဝင်အထွက်ခက်တာနဲ့ နန်းတော်ထဲသိပ်မရောက်ဘူး

  • ဗုံဗုံ

    December 13, 2012 at 11:05 am

    လေးပေါက် ပုံလေးတွေမြင်မှ ငယ်ငယ်က ဆော့ခဲ့ဘူးတာက်ို ပြန်လွမ်းသွားတယ် မရောက်ဖြစ်တာတောင် တော်တော်ကြာသွားပြီ တစ်နေ့နေ့မှ သွားဖြစ်အောင် သွားလိုက်အုံးမယ် 🙂

  • Mobile

    December 13, 2012 at 11:21 am

    တီတီ ကဘယ်နေ့သွားမှာလဲ တားတားလဲ လိုက်ခဲ့မယ်လေ မရောက်ဖူးလို့ပါ။

  • moonpoem

    December 13, 2012 at 1:21 pm

    အသစ်အသစ်တွေ အလှတွေ တည်ဆောက်နေသလို အဟောင်းတွေကိုလည်း မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ကြရင် ကောင်းမယ်နော်။ဒီအတိုင်း ပစ်စလတ်ခတ် ပစ်ထားမယ်ဆိုရင်တော့ နောင်ကျရင် ဘာမှကျန်ခဲ့မယ် မထင်ဘူး။

  • မိုချို

    December 13, 2012 at 1:25 pm

    မန်း လေး ရောက်တုန်း က နန်းတော် ထဲ ရောက် ခဲ့ ရဲ့ သားနဲ့ အဲဒီ ကန် နဲ့ အဲလို မြောင်း လေး တွေ ရှိ မှန်း မသိ ခဲ့ ဘူး။ ပြော သာ ပြော တာ မန်း လေး ကို ရောက်ဖူး တယ် ဆို ရုံ ပဲ မနှံ့ ခဲ့ ဘူး။ မန်း လေး တောင်၊ ဘုရား ကြီး၊ နန်းတော်၊ ဦး ပိန် တံတား နဲ့ စစ် ကိုင်း ဘက် ပဲ ရောက် တယ်။ ဒီ တခေါက် လာဖြစ်ရင်တော့ ဘယ် နေ ရာတွေ သွား ရ မယ်၊ ဘယ် ဆိုင် တွေ မှာ စား ရ မယ် ဆို တာ ဂိုက်လုပ်ပေးဖို့ ရွာထဲ က မန်း လေး သူ မန်းလေး သားတွေ ဆီ က အကူ အညီ တောင်း ရ မယ်။

  • မိုချို

    December 14, 2012 at 2:10 pm

    လေးပေါက်
    ဖေ့ဘွက် ထဲ မှာ မတ်ဆေ့ ပို့ ထားတယ်။ ဖတ်ကြည့် လိုက် ဦးနော်။

  • Mr. MarGa

    December 15, 2012 at 2:51 pm

    လေးပေါက်
    အဲဒီ ကန်က အခုထိလဲ တိတ်ဆိတ်ဆဲပါပဲဗျာ
    ဘေးက မြောင်းကို ဖြတ်ကူးထားတဲ့ တံတားလေးကလဲ ကျိုးမယ့် အချိန်ကို စောင့်နေသလိုပါပဲ
    ကြာပင်အိုင် ကလဲ ကြာပန်း မမြင်တာ ကြာပါပေါ့
    လေယာဉ် ပျက် ကတော့ ဦးမာဃတို့လဲ ဆော့ခဲ့ဖူးပါရဲ့
    ပြောရ့င်းနဲ့ တောင် လွမ်းလာပြီ

  • လွမ်းရင်သွားလိုက်ကြရအောင်လေ
    မောင်မာဃသိကြားမင်းကဖြင့်မြေပေါ်ဆင်းမလာဘဲနဲ့အေ့

  • Mr. MarGa

    December 15, 2012 at 3:35 pm

    အင်းးးးးးးးးးးးးးးဦးမာဃကို ပွဲတောင်းသူတွေ များသကိုးးး :kwi:
    လေးပေါက်ရေ ဦးမာဃ ရှောင်တဲ့နေရာမှာ နန်းတွင်း ပါတယ်ဗျ
    သို့သော်လဲ လေးပေါက်ထက်တော့ ပိုရောက်လိမ့်မယ်
    ှုဦးမာဃ မနက်တော့ လမ်းလျှောက်လိုက်ချင်သား
    အားတဲ့တစ်နေ့ မြေပေါ်ဆင်းလာပါ့မယ်ဗျာ

  • မောင်ပေ

    December 15, 2012 at 7:50 pm

    ကိုပေါက်ရေ
    1996 တုန်းက ၊ နန်းတွင်းထဲမှာ ကျူရှင်တက်ခဲ့ဖူးတယ်ဗျ
    ကျောင်းဆင်းရင် နန်းတွင်းထဲ ပြေးရတာပေါ့ဗျာ
    အဲ့တုန်းက အရပ်စကားလေး တစ်ခုရှိတယ် ။ ကိုပေါက်ရဲ ့သည်ပို ့စ်နဲ ့ပုံတွေကို မြင်လို ့ပြန်သတိရမိတယ်
    နန်းတော်ကြီးရဲ ့အနောက်ဘက် ပတ်လမ်းရောက်ရင် ၊ ကိုတိုးကြီးရဲ ့ “ ပုလဲလေးတွေဆိုတာ ကမာကောင်လေးတွေရဲ ့မျက်ရည်ပဲ ခင် ” ဆိုတဲ့ သီချင်းကို ဘယ်သူမှ ဆိုပြီး မဖြတ်ရဲဘူးတဲ့ (သိတဲ့လူတွေပေါ့)
    တစ်ခါတုန်းက လင်မယားနှစ်ယောက်တဲ့…၊ စူပါကပ်ဆိုင်ကယ်လေးနဲ ့ ညနေစောင်း နေဝင်ချိန်လောက် မှာ ၊ နန်းတော်ကြီး ကို ပတ်စီးသတဲ့ ၊ မိန်းမဖြစ်သူက ဆံပင်အရှည်ကြီးနဲ ့၊ တင်ပါးကျော်တယ်လို ့ပြောတယ် ။ အဲ့နေ ့က သူ ့ဆံပင်တွေက ခေါင်းလျှော်လာတော့ မွှေးနေတာပဲတဲ့ ၊ နန်းတော်ကြီးရဲ ့အနောက်ဘက် ပတ်လမ်းပေါ်မှာ ဆိုင်ကယ်မောင်းနေရင်းနဲ ့၊ ယောက်ျားဖြစ်သူက ကိုတိုးကြီးရဲ ့အဲဒီသီချင်းကို ဆိုနေသတဲ့ ။ အဲ့ချိန်မှာပဲ… မိန်းမရဲ ့ဆံပင်တွေဟာ နောက်ဘီးထဲဝင်သွားပြီး ခေါင်းကို ဆွဲဆောင့်လိုက်သလို ဖြစ်ပြီး ၊ ပွဲချင်းပြီးသွားရှာရောတဲ့
    အဲဒါကတော့ ကျုပ်တို ့ငယ်တုန်းက ပေါ့ဗျာ

  • မောင်ပေပြောတဲ့ဇာတ်လမ်းက ကျုပ်တို့ငယ်ကတည်းကရှိခဲ့တာဗျ။
    ဒါကြောင့်လဲ အဲဒီလမ်းနှစ်ခွလေးကို သေချာပါအောင်ရို်က်ခဲ့တာ။
    ကျုပ်တို့ငယ်ငယ်ကလ ဲ ဒီအကြောင်းကြားရတော့ ညနေဆို အဲဒီနား မဖြတ်ရဲဘူး။
    လူကလဲပြတ်။
    လမ်းကလဲ စိမ်းမှောင်ပိတ်။
    ကောင်မလေးက မင်းသမီး မေပုလဲ တဲ့။
    ဆံပင်က အရှည်ကြီးတဲ့။
    ဆိုင်ကယ် ကရှေးတုံးက BSA သံမြင်းကြီးတဲ့။
    ကျန်တာတော့မောင်ပေပြောသလိုဘဲ။
    မယုံလို့စမ်းတဲ့လူနောက် လိုက်သတဲ့။
    ကျုပ်ကတော့ မစမ်းရဲဘူး။
    အဲဒီနားရောက်လာရင်တော့ ကျောထဲက အလိုလိုစိမ့်လာတာဘဲ၊
    အခုတော့ မသိဘူး။
    ဒါပေမယ်မောင်ပေပြောတာလေးသတိရလို့ရို်က်လာတာအေ့။

Leave a Reply