မေတ္တာသုတ်ရွတ်ရင် ရိုက်ပစ်..ဖမ်းပစ်…မီးလောင်တိုက်သွင်းပစ်..အက်စစ်လေးနဲ့ကော ပြုစုလိုက်ဦး…. ပါးစပ်ညောင်းလို့ကွာ လျှောက်ရွတ်နေကြတယ်…
ဗီနိုင်းကိုင်ဆန္ဒပြတာလောက်ဆိုရင်တော့ မြို့လယ်ခေါင် တရွတ်တိုက်ဆွဲယုံလောက်ပဲ ဖမ်း….
ရန်ကုန်ကနေ ရွှေတွင်းလမ်းလျှောက်ပြန်မှာလား…ခြေညောင်းနေမှာပေါ့…ကားနဲ့လိုက်ပို့ပေးလိုက်လေ…မလိုက်ချင်ဘူးဆိုတဲ့လူ တုတ်ကလေးနဲ့ ခပ်စပ်စပ် ရိုက်ပေးလိုက်…ဒီလောက်စေတနာထားနေတာကို….
ခွင့်ပြုမိန

့် မရှိရင် ဆန္ဒမပြရဘူးနော်…နိုင်ငံတော် အကြည်ညိုပျက်စေတယ်…ပြချင်ရင် ခွင့်ပြုမိန့်တောင်း…အထက်ကိုတင်ပြခိုင်း..အဲ…ကျချင်မှတော့ ကျမယ်…
ညူကလီးယားလုပ်တဲ့ ပစ္စည်းတွေလား…အဲ့ဒါ ကုမ္မဏီက သူ့ဘာသာသူ သွင်းတာလေ.. နိုင်ငံတော်နဲ့ ဘာဆိုင်လဲ…
အခွန်မဆောင်တဲ့ ဒီဇယ်တွေမိတယ်…ဟုတ်လား…ပစ္စည်း အရေးယူလိုက်လေ…ပြီးရင် ပြန်ထုတ်ပေးလိုက်…ကုမ္မဏီ ကိုတော့ ဘာမှမလုပ်ပါနဲ့…
ဘာ…လွှတ်တော်အမတ်က သူ့အဖေကော ..အမေကော နိုင်ငံသားမဟုတ်ဘူး…သူက ဘယ်လို နိုင်ငံသားစီစစ်ရေးကဒ်ရနေတာလဲ….ထားလိုက်တော့…ငါတို့ပါတီကလေကွာ…
တရုတ်သံအမတ်ကြီးကပြောနေတယ်…မြစ်ကိစ္စကော..တောင်ကိစ္စကော..ဆက်လုပ်မှာတဲ့…ပြောပါစေကွာ…ငါက တရုတ်ကြောက်တယ်ကွ…သူထမင်းမကျွေးလို့ငတ်နေဦးမယ်…
လုပ်ပိုင်ခွင့်တွေ ပေးရမှာလား…ငါ့လူကြီးပေးလိုက်လေ…အခွန်ကင်းလွတ်ခွင့်လေးကောပေးလိုက်ဦး…
ခေါင်းခြောက်မယ့်ဟာတွေ…ထိပ်တိုက်တွေ့မယ့်ဟာတွေဆို…ဟိုမိန်းမ ကိုခိုင်း..ကြားလား…မရှင်းတာရှိသေးလား….ပြီးမှ…လိုတာ ထပ်ပြောမယ်….

About johnnydeer

johnny deer has written 76 post in this Website..

၇၇မွေး...၉၄ ဆယ်တန်းအောင်..၂၀၀၂ မန်းလေးစက်မှုတက္ကသိုလ်က ဘွဲ့ဆိုတဲ့ စာရွက်ကလေးတရွက်ရ...ဘာပညာမှမတတ်..အခုလောလောဆယ်တော့ပေါက်တတ်ကရပြော.. .ပေါက်တတ်ကရရေးနေပါတယ်...ရေးသမျှ အားလုံးကိုတော့ ကိုယ်တိုင်ရေးစစ်စစ်ဖြစ်ကြောင်း ရဲရဲကြီး အာမခံပါတယ်...များသောအားဖြင့်တော့ သူများမကောင်း ကိုယ်ကောင်းကြောင်း ကိုယ်ရည်သွေးစာတွေ ရေးတတ်ပါတယ်...ဒါပေမယ့် အထင်ကြီးစရာတော့ တကွက်မှမရှိပါဘူး...