စာကိုယ်

ဝိုင်းတော်တီးကို ဘယ်ရောက်ရောက် အရောက်သာပို့ပေတော့ဆိုပြီးးးးးးးးးးးး
ကိုယ်သွားချင်ရာကို အရင်သွားရမယ်။ :kwi:

စာရေးကြတဲ့အခါမှာ စာလုံးပေါင်းသတ်ပုံ က အရေးကြီးလှပါတယ်။

စာလုံးပေါင်းသတ်ပုံမှားတဲ့အတွက် …
အဓိပ္ပါယ်တွေအများကြီး ပြောင်းလဲသွားနိုင်သလို….
ကိုယ်ပေးချင်တဲ့ ရသ ပျောက်သွားတာမျိုးလည်း……….. ဖြစ်တတ်ပါတယ်။

ဥပမာအားဖြင့်……..
နှစ်သစ်ကူးနီးလာပြီဆိုတော့… နှစ်သစ်ဆုတောင်းတွေမှာ

မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ။

လို့ ရေးရင် လူအများကို မင်္ဂလာရှိစေလိုတာ ဖြစ်ပေမယ့်..

ကြ နေရာမှာ ကျ ကို မှားပြီး ရေးကြတဲ့အခါ ……..
မင်္ဂလာတွေ ကျဆုံးစေတဲ့ အဓိပ္ပါယ်ကို သက်ရောက်သွားစေလို့ ပေးချင်တဲ့ အဓိပ္ပါယ် ပျက်ပြားသွားပါတယ်။ :eee:

ကျ ဆိုတာ အောက်ကို ကျတာ။ အချိန်ကျတာ၊ ကျရောက်တာ မျိုးတွေမှာ သုံးပြီး……

ကြ ကိုတော့ အများကိန်းအတွက် သုံးပါတယ်။

လုပ်ကြကိုင်ကြ၊၊ စားကြသောက်ကြ၊ ပြောကြဆိုကြ၊ ဆိုကြကကြ စသည်ဖြင့်ပေါ့။

နောက်တခုက စီ နဲ့ ဆီ ဆိုရင်လည်း…….

စီ ကို ကိုယ်စီကိုယ်င၊ စီစဉ်၊ စီမံ၊ နေ့တွက်စီ စသည်ဖြင့် သုံးပြီး
ဆီ ကိုတော့ ဆီထွက်သီးနှံ၊ ဆီလျှော်၊ ဆီဦးထောပတ် စသည်ဖြင့် သုံးပါတယ်။

ဆွံ့အ ဆိုရင် ဆ လိမ်ကို သုံးရမှာ ဖြစ်ပြီး
စွန့် ဆိုရင် စွန့်စား၊ စွန့်လွှတ်၊ စွန့်ကြဲ၊ စွန့်ပစ် တွေမှာ သုံးပါတယ်။

စွံ ကိုတော့ ရွာထဲက လူဗြိုကလေးတွေ ကောင်းကောင်းသိကြမှာပါ။ :harr:

လူရွှင်တော်တွေ ပျက်လုံးထုတ်နေကြတဲ့ ကိုဝင်းကြည် ဆိုတာ

စာလုံးပေါင်းသတ်ပုံအရေးကြီးပုံကို မီးမောင်းထိုးပြလိုက်တာပါပဲ။

လူတိုင်းမှားတတ်ကြပါတယ်။
ကိုယ်တိုင်လည်း မှားပါတယ်။

ဒါပေမယ့်

မှားတာတွေကို ထောက်ပြရင်း ပြုပြင်ရင်းနဲ့ အမှန်ဖြစ်လာဖို့ ကြိုးစားချင်ပါတယ်။

မှတ်မှတ်ရရ….

ကြော်ညာဆိုပြီး အမှတ်တမဲ့ (မှန်လား မှားလား မသိပဲ) ရေးမိတာကို

ကြော်ငြာ၊ ကြေညာ ဆိုပြီး နူးဘာဂိုဏ်းချုပ်ကြီးက ထောက်ပြခဲ့လို့ ………

အဲဒီနောက်ပိုင်း မှန်အောင် သတိထားပြီး ရေးနိုင်ခဲ့ပါတယ်။

ကိုယ်တိုင်မှားခဲ့တဲ့ ဒိပြင်အမှားတွေလည်း အများကြီး ရှိုခဲ့ပါသေးတယ်။

တခါက ဘာသာစကားသင်တန်းတစ်ခုသွားတက်တော့…..
သင်တန်းဆရာက ရဲရဲဝံ့ဝံ့ပြောဖို့ အားပေးစကားပြောပါတယ်။

အဲဒီအားပေးစကားကတော့….

ကိုယ်ထင်ရာကို ပြောသာပြော၊
မှားလို့ အခြားသူတွေ ၀ိုင်းရီကြရင် နောက် မမေ့တော့ဘူး

အဲဒီစကားကို လက်ကိုင်ပြုခဲ့လို့ အရှက်သည်းခဲ့ရတာတွေလည်း မနည်းဘူးပေါ့။

ဟိုက် မှားပြန်ပြီဟ

အရှက်သည်းခဲ့ရတာတွေကြောင့်ပဲ အသည်းစွဲပြီး အမှန်ကို မမေ့တော့ဘူးပေါ့။

ကိုယ်သွားချင်ရာကို အရင်သွားပြီးပြီဆိုတော့ကာ………….
ဇာတ်ဆရာအလိုကျ ဆိုရ ကရ အုံးမှာပေါ့။ :hee:

မန်းဂဇက်ဆိုတဲ့………
အရောင်စုံ အရွယ်စုံ ပုံစံစုံ ပန်းပေါင်းစုံ လှပမွှေးကြိုင် ရနံ့လှိုင်နေတဲ့ ပန်းခင်းကြီးထဲမှာ

ကိုယ်စီကိုယ်စီ ကိုယ်ကြိုက်ရာ ကိုယ်ရွေးကြတဲ့ ဖတ်ရွေးအဖွဲ့ဝင်တွေရဲ့ ဆန်ခါတင် ပန်းတော်ဝင်စာရင်းတွေကို စီစဉ်ကာ ပြရရင်ဖြင့်…………….

မတူကွဲပြား ခြားနားမှုတွေကနေ အလှတရားကို ဖန်တီးနိုင်တယ်။

အတွေးအခေါ်မျိုးစုံ
အကြောင်းအရာမျိုးစုံနဲ့
တင်ပြပုံစတိုင်မျိုးစုံတွေကြားမှာ ……….
စာပေပုံစံမျိုးစုံတွေကို ………..
ဖတ်ရွေးအဖွဲ့ ကျားမကြီးငယ် အရွယ်စုံက ရွေးထုတ်လိုက်တော့….

သုတ ပါသလို
ရသ ပါတယ်။

ဟာသ ပါသလို
သဘာဝ ပါတယ်။

နိုင်ငံရေး ပါသလို
ဘာသာရေး ပါတယ်။

နည်းပညာ ပါသလို
အတွေးအခေါ် ပါတယ်။

နိုဝင်ဘာလအတွက် ဆန်ခါတင်စာရင်းမှာ ပိုစ့်ပေါင်း ၂၉ ပုဒ် ရှိပါတယ်။

၁။ ကျွန်တော်တို့အတွက် ၊ သူတို့အတွက် ဘာလုပ်ကြမလဲ ????
ဆာမိ
http://myanmargazette.net/152770/health-fitness/food-drink

၂။ သဘာဝဓမ္မသစ္စာပြ insigh
ဦးကြောင်ကြီး
http://myanmargazette.net/154338/society-lifestyle/ethnicity-gender-lifestyles-subcultures-morals-values-norms-society-lifestyle

၃။ သင်၏သုည များကို ကျနော် တို့ စောင့်နေသည်
ရင်နင့်အောင်
http://myanmargazette.net/154519/creative-writing/drama-essays-humor-memoirs-novel-excerpts-short-stories

၎။ အချိန်ပိုင်းဗီလိန်
ကိုသစ်မင်း
http://myanmargazette.net/154563/arts-humanities

၅။ ရင်ခွဲရုံ သရဲ (ကြောက်တတ်သူများ မဖတ်ရ)
မိုချို
http://myanmargazette.net/155564/creative-wrting

၆။ စမူဆာ ရှာပုံတော်
မောင်ဘလှိုင်
http://myanmargazette.net/155708/arts-humanities

၇။ “ကောင်လေးတစ်ယောက်ရဲ့ လမ်းလွဲလေး”
နန်းတော်ရာသူ
https://myanmargazette.net/155776/creative-writing/short-story

၈။ အိမ်သာ ဘယ်လိုသုံးမလဲ
နွေဦး
http://myanmargazette.net/156049/society-lifestyle/home-garden

၉။ လက်နက်ရောင်းမယ်
ဂရင်းရိုစ်
https://myanmargazette.net/156119/creative-writing

၁၀။ တောင်ကြီးတန်ဆောင်တိုင်ကို သွားလည်ကြရအောင်
Yin Nyine Nway
http://myanmargazette.net/156225/

၁၁။ ကမောက်ကမ ဟာသ မှတ်စု
မိုချို
http://myanmargazette.net/156226/creative-writing

၁၂။ စင်္ကြာဝဠာလုံးဆိုင်ရာ ဒီဇိုင်း
အင်ဇာဂီ
http://myanmargazette.net/156450/business-economy

၁၃။ ဘဝနှစ်ခုနှင့် ကျွန်မ
လုံမလေး မွန်မွန်
http://myanmargazette.net/156519/creative-writing

၁၄။ အမေ့အား ငါကြောက်သည်
စိန်ဗိုက်ဗိုက်
http://myanmargazette.net/156835/creative-writing/my-dear-diary

၁၅။ ကျွန်မတို့ ရဲ့ မိခင်စာပေ
လုံမလေးမွန်မွန်
http://myanmargazette.net/156884/creative-writing

၁၆။ အဖြေရှာ ပါရစေ
နန်းတော်ရာသူ
http://myanmargazette.net/157055/creative-writing/short-story

၁၇။ လွှတ်ချစရာတွေအများကြီး
ကိုပေါက်(မန္တလေး)
http://myanmargazette.net/157219/

၁၈။ ယ = ယိမ်း …. က ကြမည့် ……လက်တို့  ၏ ရာဇ၀င်
အလင်းဆက်
https://myanmargazette.net/157428/arts-humanities

၁၉။ တောင်ပြာတန်းမှာ မိုးတွေရွာ
Thaw Zin Loikaw
http://myanmargazette.net/157543/creative-writing

၂၀။ အာဝေနိက ချစ်ဒုက္ခ
ဦးကျောက်ခဲ
http://myanmargazette.net/157619/

၂၁။ အယ်လကိုဟော၏ကနဦးရာဇ၀င်
ရွှေအိ
http://myanmargazette.net/157728/health-fitness/food-drink

၂၂။ လက်ဆုပ်လက်ကိုင်
Thaw Zin Loikaw
http://myanmargazette.net/157883/creative-writing

၂၃။ ဇလီဖားတုံး တွေကို ရေတွက်ခဲ့ဖူးတဲ့ ထိုတနေ့
မင်းနန္ဒာ
http://myanmargazette.net/157896/travel

၂၄။ ကြွေရောင်အိပ်မက်အပိုဒ်ခွဲ
ကိုရင်စည်သူ
http://myanmargazette.net/158005/creative-writing

၂၅။ တောင်ပေါ်က တယောသံ
မဟာရာဇာ အံဇာတုံး
http://myanmargazette.net/157948/creative-writing

၂၆။ ဘယ်ကိုများ ပြန်ရပါ့
စိုင်းကွမ်းခေး
https://myanmargazette.net/158049/creative-writing/my-dear-diary

၂၇။ ဘ၀သစ်နှင့်သဟဇာတ
ကြောင်ဝတုတ်
http://myanmargazette.net/158060/creative-writing

၂၈။ ရ = ရသင့်တာလေးတွေတောင်…… မရ ကြ သေးလို့ …..
အလင်းဆက်
http://myanmargazette.net/158136/arts-humanities

၂၉။ နွေဧပရယ် လွမ်းချင်းနဲ့ နောင်တ ပိတောက်
Thaw Zin Loikaw
https://myanmargazette.net/158291/creative-writing

ပိုစ့်ပဟေဠိအဖြေညှိဖို့ ၀ါသနာပါရင် ဖြေကြည့်လိုက်ကြပါအုံးနော် :hee:

About Ma Ma

Ma Ma has written 143 post in this Website..

ဗေဒင်ဆရာ မမေးပဲ နာမည်ပေးလိုက်မယ်။ သိပ္ပံမောင်ဝရဲ့ ခေတ်ဆန်းစာပေကို အားကျပြီး ရေးမိရေးရာ ရေးထားတဲ့ လက်စမ်းစာပေလို့။ THAKHIN CJ #8212010 ( 5/2/2016)