လာမယ့်ဘေးပြေးတွေ့-ဆန်ခါတင်စာရင်း (မန်းဂဇက်ချစ်သူများ စာပေဆု- နိုဝင်ဘာ)

Ma MaDecember 8, 20122min34448

စာကိုယ်

ဝိုင်းတော်တီးကို ဘယ်ရောက်ရောက် အရောက်သာပို့ပေတော့ဆိုပြီးးးးးးးးးးးး
ကိုယ်သွားချင်ရာကို အရင်သွားရမယ်။ :kwi:

စာရေးကြတဲ့အခါမှာ စာလုံးပေါင်းသတ်ပုံ က အရေးကြီးလှပါတယ်။

စာလုံးပေါင်းသတ်ပုံမှားတဲ့အတွက် …
အဓိပ္ပါယ်တွေအများကြီး ပြောင်းလဲသွားနိုင်သလို….
ကိုယ်ပေးချင်တဲ့ ရသ ပျောက်သွားတာမျိုးလည်း……….. ဖြစ်တတ်ပါတယ်။

ဥပမာအားဖြင့်……..
နှစ်သစ်ကူးနီးလာပြီဆိုတော့… နှစ်သစ်ဆုတောင်းတွေမှာ

မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ။

လို့ ရေးရင် လူအများကို မင်္ဂလာရှိစေလိုတာ ဖြစ်ပေမယ့်..

ကြ နေရာမှာ ကျ ကို မှားပြီး ရေးကြတဲ့အခါ ……..
မင်္ဂလာတွေ ကျဆုံးစေတဲ့ အဓိပ္ပါယ်ကို သက်ရောက်သွားစေလို့ ပေးချင်တဲ့ အဓိပ္ပါယ် ပျက်ပြားသွားပါတယ်။ :eee:

ကျ ဆိုတာ အောက်ကို ကျတာ။ အချိန်ကျတာ၊ ကျရောက်တာ မျိုးတွေမှာ သုံးပြီး……

ကြ ကိုတော့ အများကိန်းအတွက် သုံးပါတယ်။

လုပ်ကြကိုင်ကြ၊၊ စားကြသောက်ကြ၊ ပြောကြဆိုကြ၊ ဆိုကြကကြ စသည်ဖြင့်ပေ့ါ။

နောက်တခုက စီ နဲ့ ဆီ ဆိုရင်လည်း…….

စီ ကို ကိုယ်စီကိုယ်င၊ စီစဉ်၊ စီမံ၊ နေ့တွက်စီ စသည်ဖြင့် သုံးပြီး
ဆီ ကိုတော့ ဆီထွက်သီးနှံ၊ ဆီလျှော်၊ ဆီဦးထောပတ် စသည်ဖြင့် သုံးပါတယ်။

ဆွံ့အ ဆိုရင် ဆ လိမ်ကို သုံးရမှာ ဖြစ်ပြီး
စွန့် ဆိုရင် စွန့်စား၊ စွန့်လွှတ်၊ စွန့်ကြဲ၊ စွန့်ပစ် တွေမှာ သုံးပါတယ်။

စွံ ကိုတော့ ရွာထဲက လူဗြိုကလေးတွေ ကောင်းကောင်းသိကြမှာပါ။ :harr:

လူရွှင်တော်တွေ ပျက်လုံးထုတ်နေကြတဲ့ ကိုဝင်းကြည် ဆိုတာ

စာလုံးပေါင်းသတ်ပုံအရေးကြီးပုံကို မီးမောင်းထိုးပြလိုက်တာပါပဲ။

လူတိုင်းမှားတတ်ကြပါတယ်။
ကိုယ်တိုင်လည်း မှားပါတယ်။

ဒါပေမယ့်

မှားတာတွေကို ထောက်ပြရင်း ပြုပြင်ရင်းနဲ့ အမှန်ဖြစ်လာဖို့ ကြိုးစားချင်ပါတယ်။

မှတ်မှတ်ရရ….

ကြော်ညာဆိုပြီး အမှတ်တမဲ့ (မှန်လား မှားလား မသိပဲ) ရေးမိတာကို

ကြော်ငြာ၊ ကြေညာ ဆိုပြီး နူးဘာဂိုဏ်းချုပ်ကြီးက ထောက်ပြခဲ့လို့ ………

အဲဒီနောက်ပိုင်း မှန်အောင် သတိထားပြီး ရေးနိုင်ခဲ့ပါတယ်။

ကိုယ်တိုင်မှားခဲ့တဲ့ ဒိပြင်အမှားတွေလည်း အများကြီး ရှိုခဲ့ပါသေးတယ်။

တခါက ဘာသာစကားသင်တန်းတစ်ခုသွားတက်တော့…..
သင်တန်းဆရာက ရဲရဲဝံ့ဝံ့ပြောဖို့ အားပေးစကားပြောပါတယ်။

အဲဒီအားပေးစကားကတော့….

ကိုယ်ထင်ရာကို ပြောသာပြော၊
မှားလို့ အခြားသူတွေ ဝိုင်းရီကြရင် နောက် မမေ့တော့ဘူး

အဲဒီစကားကို လက်ကိုင်ပြုခဲ့လို့ အရှက်သည်းခဲ့ရတာတွေလည်း မနည်းဘူးပေ့ါ။

ဟိုက် မှားပြန်ပြီဟ

အရှက်သည်းခဲ့ရတာတွေကြောင့်ပဲ အသည်းစွဲပြီး အမှန်ကို မမေ့တော့ဘူးပေ့ါ။

ကိုယ်သွားချင်ရာကို အရင်သွားပြီးပြီဆိုတော့ကာ………….
ဇာတ်ဆရာအလိုကျ ဆိုရ ကရ အုံးမှာပေ့ါ။ :hee:

မန်းဂဇက်ဆိုတဲ့………
အရောင်စုံ အရွယ်စုံ ပုံစံစုံ ပန်းပေါင်းစုံ လှပမွှေးကြိုင် ရနံ့လှိုင်နေတဲ့ ပန်းခင်းကြီးထဲမှာ

ကိုယ်စီကိုယ်စီ ကိုယ်ကြိုက်ရာ ကိုယ်ရွေးကြတဲ့ ဖတ်ရွေးအဖွဲ့ဝင်တွေရဲ့ ဆန်ခါတင် ပန်းတော်ဝင်စာရင်းတွေကို စီစဉ်ကာ ပြရရင်ဖြင့်…………….

မတူကွဲပြား ခြားနားမှုတွေကနေ အလှတရားကို ဖန်တီးနိုင်တယ်။

အတွေးအခေါ်မျိုးစုံ
အကြောင်းအရာမျိုးစုံနဲ့
တင်ပြပုံစတိုင်မျိုးစုံတွေကြားမှာ ……….
စာပေပုံစံမျိုးစုံတွေကို ………..
ဖတ်ရွေးအဖွဲ့ ကျားမကြီးငယ် အရွယ်စုံက ရွေးထုတ်လိုက်တော့….

သုတ ပါသလို
ရသ ပါတယ်။

ဟာသ ပါသလို
သဘာဝ ပါတယ်။

နိုင်ငံရေး ပါသလို
ဘာသာရေး ပါတယ်။

နည်းပညာ ပါသလို
အတွေးအခေါ် ပါတယ်။

နိုဝင်ဘာလအတွက် ဆန်ခါတင်စာရင်းမှာ ပိုစ့်ပေါင်း ၂၉ ပုဒ် ရှိပါတယ်။

၁။ ကျွန်တော်တို့အတွက် ၊ သူတို့အတွက် ဘာလုပ်ကြမလဲ ????
ဆာမိ
https://myanmargazette.net/152770/health-fitness/food-drink

၂။ သဘာဝဓမ္မသစ္စာပြ insigh
ဦးကြောင်ကြီး
https://myanmargazette.net/154338/society-lifestyle/ethnicity-gender-lifestyles-subcultures-morals-values-norms-society-lifestyle

၃။ သင်၏သုည များကို ကျနော် တို့ စောင့်နေသည်
ရင်နင့်အောင်
https://myanmargazette.net/154519/creative-writing/drama-essays-humor-memoirs-novel-excerpts-short-stories

၄။ အချိန်ပိုင်းဗီလိန်
ကိုသစ်မင်း
https://myanmargazette.net/154563/arts-humanities

၅။ ရင်ခွဲရုံ သရဲ (ကြောက်တတ်သူများ မဖတ်ရ)
မိုချို
https://myanmargazette.net/155564/creative-wrting

၆။ စမူဆာ ရှာပုံတော်
မောင်ဘလှိုင်
https://myanmargazette.net/155708/arts-humanities

၇။ “ကောင်လေးတစ်ယောက်ရဲ ့လမ်းလွဲလေး”
နန်းတော်ရာသူ
https://myanmargazette.net/155776/creative-writing/short-story

၈။ အိမ်သာ ဘယ်လိုသုံးမလဲ
နွေဦး
https://myanmargazette.net/156049/society-lifestyle/home-garden

၉။ လက်နက်ရောင်းမယ်
ဂရင်းရိုစ်
https://myanmargazette.net/156119/creative-writing

၁၀။ တောင်ကြီးတန်ဆောင်တိုင်ကို သွားလည်ကြရအောင်
Yin Nyine Nway

တောင်ကြီးတန်ဆောင်တိုင်ကို သွားလည်ကြရအောင်……

၁၁။ ကမောက်ကမ ဟာသ မှတ်စု
မိုချို
https://myanmargazette.net/156226/creative-writing

၁၂။ စင်္ကြာဝဠာလုံးဆိုင်ရာ ဒီဇိုင်း
အင်ဇာဂီ
https://myanmargazette.net/156450/business-economy

၁၃။ ဘဝနှစ်ခုနှင့် ကျွန်မ
လုံမလေး မွန်မွန်
https://myanmargazette.net/156519/creative-writing

၁၄။ အမေ့အား ငါကြောက်သည်
စိန်ဗိုက်ဗိုက်
https://myanmargazette.net/156835/creative-writing/my-dear-diary

၁၅။ ကျွန်မတို့ ရဲ ့မိခင်စာပေ
လုံမလေးမွန်မွန်
https://myanmargazette.net/156884/creative-writing

၁၆။ အဖြေရှာ ပါရစေ
နန်းတော်ရာသူ
https://myanmargazette.net/157055/creative-writing/short-story

၁၇။ လွှတ်ချစရာတွေအများကြီး
ကိုပေါက်(မန္တလေး)

“လွှတ်ချစရာတွေအများကြီး”

၁၈။ ယ = ယိမ်း …. က ကြမည့် ……လက်တို ့ ၏ ရာဇဝင်
အလင်းဆက်
https://myanmargazette.net/157428/arts-humanities

၁၉။ တောင်ပြာတန်းမှာ မိုးတွေရွာ
Thaw Zin Loikaw
https://myanmargazette.net/157543/creative-writing

၂၀။ အာဝေနိက ချစ်ဒုက္ခ
ဦးကျောက်ခဲ

” အာဝေနိက ချစ်ဒုက္ခ”

၂၁။ အယ်လကိုဟော၏ကနဦးရာဇဝင်
ရွှေအိ
https://myanmargazette.net/157728/health-fitness/food-drink

၂၂။ လက်ဆုပ်လက်ကိုင်
Thaw Zin Loikaw
https://myanmargazette.net/157883/creative-writing

၂၃။ ဇလီဖားတုံး တွေကို ရေတွက်ခဲ့ဖူးတဲ့ ထိုတနေ့
မင်းနန္ဒာ

travel

၂၄။ ကြွေရောင်အိပ်မက်အပိုဒ်ခွဲ
ကိုရင်စည်သူ
https://myanmargazette.net/158005/creative-writing

၂၅။ တောင်ပေါ်က တယောသံ
မဟာရာဇာ အံဇာတုံး
https://myanmargazette.net/157948/creative-writing

၂၆။ ဘယ်ကိုများ ပြန်ရပါ့
စိုင်းကွမ်းခေး
https://myanmargazette.net/158049/creative-writing/my-dear-diary

၂၇။ ဘဝသစ်နှင့်သဟဇာတ
ကြောင်ဝတုတ်
https://myanmargazette.net/158060/creative-writing

၂၈။ ရ = ရသင့်တာလေးတွေတောင်…… မရ ကြ သေးလို ့…..
အလင်းဆက်
https://myanmargazette.net/158136/arts-humanities

၂၉။ နွေဧပရယ် လွမ်းချင်းနဲ့ နောင်တ ပိတောက်
Thaw Zin Loikaw
https://myanmargazette.net/158291/creative-writing

ပိုစ့်ပဟေဠိအဖြေညှိဖို့ ဝါသနာပါရင် ဖြေကြည့်လိုက်ကြပါအုံးနော် :hee:

48 comments

  • thit min

    December 8, 2012 at 5:58 pm

    အစ်မ မမရေ
    ကိုယ်စီကိုယ်င ဆိုတဲ့ စကားလုံး ကိုယ်စီကိုယ်ငှ လို့ ဘဲ ရေးမိချင်တာ။
    ခုသတိထားမိသွားပြီ။ သတ်ပုံအဖွဲ့ခေါင်းဆောင် တာဝန်ကျေပါပေ့ဗျာ။
    မှတ်သားလောက်ပါတယ်ခင်ဗျာ။
    ကျေးဇူးပါလို့။

    • MaMa

      December 8, 2012 at 6:06 pm

      ပထမဦးဆုံးကွန်မန့်အတွက် ကျေးဇူးတင်ပါတယ်။

      သူများကို ပြောပြီး ကိုယ်ကိုယ်တိုင် မမှားအောင်
      သတ်ပုံကျမ်းဖွင့်ပြီး ရေးရတယ်။ :harr:

  • အလင်းဆက်

    December 8, 2012 at 6:53 pm

    အခု တင်ပြလိုက်တဲ ့ ဆန်ခါတင်စာရင်းဝင်..
    29 ပုဒ်… ..အားလုံး..ကိုယ်စီ..ကောင်းမွန် သပ်ရပ်သော..စူမူများဖြစ်ပါတယ်.. ။

    ဖတ်ရတာ. “.တန် “ တဲ ့ စာမူတွေမို ့.
    ဖြစ်နိုင်ရင်… အဲဒီ 29 ပုဒ်လုံး.. ကို..
    ပထမ ဆုတွေ..တန်းစီ…ပေးလိုက်စေချင်တာပါပဲ ။

    ( အဟိ .. သားရဲ ့ …စာမူ ပါလို့ပြောတာမဟုတ်ရပါဘူးနော် ။ သား ရေးထားတာကလွဲရင်..ကျန်တဲ ့
    စာမူတွေကိုပြောတယ်.လို့မှတ်ပေးပါနော် ။ အီဂါး……ရှင်းချက် )
    —————————

    သားတို့မဖတ်ဖြစ်လိုက် တဲ ့ စာမူကောင်းလေးတွေလည်း .ရှိပါဦးမယ် ။
    တစ်လလုံး..တင်သမျှတွေအမျာူးကြီးထဲမှာ….မှ…
    အမှီလိုက်ပြီး… မမှိီ ့တမှီ နဲ ့.. ဖတ် / ကူလိုက်ရတာမို ့…
    မဖတ်ဖြစ်လိုက်တဲ ့စာမူကောင်းတွေ..ကျန်ခဲ့ဦးမလား..ပဲ. ။

    အင်း..
    ကွန်မန့် ယေး ယ ဒါ … လက် ဒေါင် တုံ ဒယ်..။
    ဆာ ဠံ ု း ပေါင်း သပ် ပုန် ..မှား..မှာ…ဆိုး….ဏေ ဠ ို ့…

    မ နဲ..မှန် အောင် ယေး …ဠိ ုက် ယ ဘာ..ဒယ်..ခ ညာ..။
    ——————————

    :kwi:

    • MaMa

      December 10, 2012 at 9:16 am

      ပိုစ့်ကောင်းတွေ အများကြီး ထွက်လာတယ်ဆိုတာ ဖတ်ကူတွေရဲ့ ကြိုးပမ်းမှုတွေ အများကြီးပါပါတယ်။
      (ဆာ ဠံ ု း ပေါင်း သပ် ပုန် ..မှား..မှာ…ဆိုး….ဏေ ဠ ို ့…
      မ နဲ..မှန် အောင် ယေး …ဠိ ုက် ယ ဘာ..ဒယ်..ခ ညာ..။)…
      ဆိုတာက……
      စာရေးဆရာပီပီ သင်ပုုန်းကြီး ကျေပုံကို သတ်သေ အဲ – မှားလို့ သက်သေပြလိုက်တာလား။ :kwi:

  • ကိုရင်စည်သူ

    December 8, 2012 at 7:26 pm

    အန်တီမမ ရေ.. လာမယ့်ဘေးကို အကောင်းဆုံး ပြေးတွေ့နိုင်တာပဲဗျာ.. တာဝန်ကျေပွန်ပါတယ်ဗျာ။
    ဖတ်ရွေးအဖွဲ့ကြီး စတက်တပိုး ဖတ်နိုင် ရွေးနိုင်ပါစေခင်ညာ… (ဖားထားတာဘာ) :mrgreen:
    ဆုရသူများကလည်း အူးစည်နှင့်တကွ နှူးဘားဂိုဏ်သားများအား
    ဂုဏ်ပြုညစာအနေနဲ့ ဘီယာများများတိုက်နိုင်ကြပါစေဗျာ… :kwi:

    • MaMa

      December 10, 2012 at 9:22 am

      ဖတ်ရွေးအဖွဲ့ကြီးလည်း ဆတက်ထမ်းပိုး ဖတ်ရွေးနိုင်ပါစေ ဆိုတဲ့ ကိုရင်လည်း…..
      ကိုယ်တိုင်ဆုရ ဂုဏ်ပြုပွဲလုပ်ပြီး ကျွေးနိုင်ပါစေ။
      ဒါမှမဟုတ် ကျွေးချင်တဲ့ တခြားနည်းနဲ့လည်း ကျွေးနိုင်ပါစေ။ :hee:

      • ကိုရင်စည်သူ

        December 10, 2012 at 7:03 pm

        အမ်.. အမ်.. အဲလိုဆိုတော့… အနော်… တခြားနည်းလမ်းနဲ့ ကျွေးစေချင်ရင်..
        မိန်းမညန်ညန်ရပါစေတာ ဆုတောင်းပေးဘာနော့… ခုထိ မစွံသေးလို့ဘာ.. ဘာ..
        အန်တီရဲ့ တူမလေးများ ဘာလေးများရှိရင် ဝကိုလဲ့ မိတ်ဆက်ပေးပါနော့်.. :kwi: :kwi:

        • MaMa

          December 11, 2012 at 6:36 pm

          သိနေတယ်လေ
          နှူးဘာ ဂိုဏ်းသားတွေ ဘယ်လို ကျွေးချင်တယ် ဆိုတာ။ :kwi:
          ဘယ်လိုနည်းနဲ့ ကျွေးကျွေး ဒါနလေး မြောက်သွားအောင် စားပေးပါ့မယ်။ :hee:

  • မင်းနန္ဓာ

    December 8, 2012 at 10:06 pm

    သူလည်း ရင်ခုန်
    ကိုယ်လည်း ရင်ခုန်
    မင်းလည်း ရင်ခုန်
    ငါလည်း ရင်ခုန်..
    အားလုံး ရင်ခုန်..
    ခုန် ခုန် ခုန်…

    • MaMa

      December 10, 2012 at 9:49 am

      ခုန် ခုန် ခုန် ဆိုတာ…..
      မင်းနန္ဒာက အိုဗာဝိတ်မို့ ဝိတ်ကျအောင် အားကစား လုပ်နေတာ ထင်ပါ။ :harr:

  • ရွှေ ကြည်

    December 8, 2012 at 10:32 pm

    မျှော်နေမယ် မိုးသည်းထဲမှာကွယ် 😆

    ချစ်မမရေ သတ်ပုံမှားတဲ့အခါ ကို်ယ့်ညီမလေးမို့ မမြင်ချင်ယောင်ဆောင်ပေးနော် :harr:

    • MaMa

      December 10, 2012 at 9:52 am

      ချစ်ရွှေကြည်လေးရေ-
      မောင်နှမလို့ မပြောရဘူး။
      မောင်ဖြစ်သူကလည်း အဲလိုပဲ ပြောတယ်။
      အပြန်အလှန် ပေ့ါနော်။ :harr:

  • ကိုပေါက် အရင်က အခန်းဆက်ရေးရင် သူများတွေက မြန်မြန်ရေးလို့ပြောကြတယ်။
    ကိုယ်ချင်းစာတတ်သွားပြီ
    မမ မြန်မြန် မြန်မြန်မမ

    • surmi

      December 8, 2012 at 11:36 pm

      အစ်ကိုရေ ….
      အစ်ကို့ ကိုနည်းနာယူပြီး မန် ့ထားလိုက်ပြီနော် ….

    • MaMa

      December 10, 2012 at 9:54 am

      ကိုပေါက်ရေးတဲ့
      မမ မြန်မြန် မြန်မြန် မမ ဆိုတာကို ဖတ်ပြီး …….
      မီးရထားကြီး ဂျုံးဂျုံး ဂျက်ဂျက် လို့ စိတ်ထဲရောက်သွားတယ်။ :hee:

  • surmi

    December 8, 2012 at 11:34 pm

    ပိတောက်တွေပွင် ့တဲ့ ဧပရယ်မှာ
    ရသင် ့တာတွေမရသေးလို့
    ကြွေရောင်အိမ်မက်တွေကို အပိုဒ်ခွဲ
    တောင်ပေါ်ကတယောသံကိုနားထောင်ရင်း
    ဇလီဖားတုံးတွေကိုရေတွက်နေတဲ့
    အမေ ့ကြောက် ကြောက် သားတစ်ယောက်မှာ
    ဘဝသစ်နဲ့ သဟဇာတဖြစ်အောင်
    ဘယ်ကိုများပြန်ရပါ ့ဆိုပြီး
    လက်ဆုပ်လက်ကိုင်မပြနိုင်လို့
    ယိမ်းကကြမည် ့လက်တွေနဲ့
    လွှတ်ချစရာတွေအများကြီးကို
    တောင်တန်းပြာမှာမိုးတွေရွာတုန်း
    ဘဝနှစ်ခုနဲ့ ၏ကျွန်မ လို့ပြောတဲ့ကောင်မလေးက
    မိခင်စာပေအတွက်
    အဖြေရှာပါရစေ ဆိုတော့
    အာဝေနိက ချစ်ဒုက္ခတွေကို
    ကမောက်ကမ ဟာသမှတ်စုအဖြစ်နဲ့
    အယ်လ်ကိုဟောရဲ ့ ကနဦးရာဇဝင်လို
    စင်္ကြာဝဠာ ဒီဇိုင်းလေးဆွဲပြီး
    တောင်ကြီးတန်ဆောင်တိုင်ကိုသွားလည်တဲ့အခါ
    လက်နက်ရောင်းမယ် ဆိုတဲ့
    ကောင်လေးတစ်ယောက်ရဲ ့လမ်းလွဲလေးနဲ့
    စမူဆာကိုရှာပုံတော်ဖွင် ့လို ့
    အိမ်သာကိုဘယ်လိုသုံးမလဲစဉ်းစားနေရင်း
    အချိန်ပိုင်းဗီလိန်
    ရင်ခွဲရုံသရဲက
    သဘာဝဓမ္မသစ္စာပြတော့
    သင်၏သုည များကိုကျနော်တို့စောင် ့နေသဖြင် ့
    သူတို့အတွက်ရော ၊ ကျနော်တို့အတွက်ပါ …
    ဘာမှ (ဘာမှ) မလုပ်တတ်တော့ပါ ဗျာ………………။
    :harr:

    • MaMa

      December 10, 2012 at 9:58 am

      ကိုဆာမိရေ-
      ပိုစ့် ၂၉ ပုဒ်ကို ရအောင် စာစီနိုင်တယ်။
      အဲဒါကြောင့် ကိုဆာမိသာ ဆုရစာရင်းတင်ရင် ဖတ်ရွေးအဖွဲ့ကြီး အခုထက် ပိုအောင်မြင်သွားလိမ့်မယ်။ :hee:

      • surmi

        December 11, 2012 at 1:14 pm

        ဖြေးဖြေးအန်တီမမရေ ….
        ခေါင်းလည်းဘုထနေပါပြီ ။ တစ်နေ ့တော ့ ကျရာတာဝန်ကိုအတတ်နိုင်ဆုံး
        ထမ်းဆောင်ပါ ့မယ်ခင်ဗျာ ။ ခုတော ့ ပျားတုတ်နေလို ့ပါ ဟဲ ဟဲ ။
        တစ်ခုလေးပြောချင်လို ့ပါ
        လာမည် ့ ဇန်နဝါရီမှာ ဆုရွေးချယ်ရေး ပုံစံပြောင်းမယ်လို ့သိထားပါတယ် ။
        ရွာသူားတွေကို ပေါ်ပေါ်တင်တင် ဗုတ်ခိုင်းရင် ဗုတ်ပါ ့မလားလို ့သံသယဖြစ်မိတယ် ။
        အဓိက အားနာပြီးတော ့ပေါ ့လေ ။ အခု ငါးလရှိပါပြီ ……. ဆန်ကာတင်ပို ့စ်တွေကို စိတ်ထဲကပဲ ရွေးနေကြတာပါ ။
        အကယ်၍ လိုအပ်တဲ ့ မဲအရေအတွက်မရပဲ ဖြစ်ခဲ ့ရင် ….. ဥပမာ ….
        ၅ မဲ ၆ မဲ လောက်ပမာဏ နဲ ့ အကြိုက်ဆုံးစာမူဆု ပေးရတော ့မယ်ဆိုရင် ……….?????

        ကျနော ့အမြင်ကတော ့ လျှို ့ဝှက်ဗုတ် တ ဲ ့ ပုံစံဆိုရင် ပိုကောင်းမလားလို ့ပါ ။
        အကောင် ့ တစ်ခုကို တစ်ခါပဲ ဗုတ်လို ့ရမလားဆိုတာတော ့ နည်းပညာရှင်တွေကို
        မေးရမယ်ထင်တယ် ။ သဂျီးရဲ ့ အကူအညီလည်း လိုမယ်ထင်ပါတယ် ။
        အကောင် ့အများကြီးရှိတာမျိုးကတော ့ ဘာတတ်နိုင်မှာလဲ ……
        ကိုယ် ့သိက္ခာ ကိုယ်သာသိသပေါ ့ ။ အဲဒီလိုဗုတ်မယ်ဆိုရင်လည်းဗုတ်ပါစေလေ …..
        ဓတ်ပုံပြပွဲတုန်းကလည်း အထိုက်အလျောက် အောင်မြင်ခဲ ့တယ်လို ့
        ထင်မိပါတယ် ။ အဲဒါလေး စဉ်းစားကြည် ့စေချင်လို ့ပါ ။
        တော်ကြာ …..မဲမပြည် ့လို ့ ဖတ်ရွေးအဖွဲ ့ကပဲပြန်ရွေးနေရင်
        ဂျာအေးကိုသူ ့အမေရိုက် ဆိုသလို ဖြစ်နေမှာစိုးလို ့ပါ ။
        အတွေ ့အကြုံ အရတော ့ အားနာတတ်တာကို ပြင်ဖို ့ခက်ပါတယ်
        လွှတ်တော်မှာတောင် ကနဦးက လျှို ့ဝှက်ခလုတ် နှိတ်ပြီး မဲပေးခဲ ့ရသေးတာဆိုတော ့………
        ဒီလ ဆန်ကာတင်တွေကိုကြည် ့ပြီး ဖတ်ရွေးအဖွဲ ့ရဲ ့ အင်အားကိုမှန်းဆမိနိုင်ပါတယ်။
        ဟိုတစ်လောကတင်တဲ ့ ဦးဦးပါလေယာရဲ ့ ပို ့စ်မှာ လူစုံစုံနဲ ့
        အပြီးသတ်ဆွေးနွေးထားတာမတွေ ့လို ့ပါ ။
        အဲဒီတုန်းက သဂျီးမင်းအနေနဲ ့ ရွာထိတ်မှာ ချိတ်ပေးထားရင်ကောင်းမှာပဲ လို ့
        တွေးမိပါတယ် ။ တင်တဲ ့ အချိန်ကလည်း လူဝင်လူထွက်နဲတဲ ့ အချိန်များ
        ဖြစ်နေလို ့လားမသိ ။
        ကျနော်စိတ်ကူးပေါ်ရာပြောမိတဲ ့အတွက် မဆီလျှော်ရင် ဆောဆောဒီးပါဗျို ့ ……
        :harr:

  • ဦးကြောင်ကြီး

    December 9, 2012 at 1:16 am

    လာမယ့်
    စာဖွဲ့
    ရွာဝယ့်
    မြာတဲ့
    ငါ့ဟဲ့
    ပြာလဲ့
    နှာသဲ့
    အာချဲ့..။

    • MaMa

      December 10, 2012 at 10:04 am

      ကြောင်ကြီးက အာချဲ့ဆိုတော့………
      ညောင် လို့ အသံမထွက်ပဲ…
      ညောင် ဝေါင်း ဝေါင်း ဝေါင်းးးးးးးးးးးး လို့ အသံထွက်လိမ့်မယ် ထင်တယ်။
      သဂျီးသားမက်ကို စော်ကားသလို ဖြစ်သွားရင် ခွင့်လွှတ်ပါ။ :harr:

  • jullies cezer

    December 9, 2012 at 6:57 pm

    ဆုရမဲ့သူကိုယ်စားရင်ခုန်စွာနဲ့စောင့်မျှော်နေပါမယ် ပြောသာပြောရတယ် ကိုအလင်းဆက်
    ပြောသလိုအားလုံးကိုပထမဆုပေးချင်နေတာဗျို့

    • MaMa

      December 10, 2012 at 10:18 am

      ဆန်ခါတင်စာရင်းဝင် ၂၉ပုဒ်ရှိလို့ တခါတည်းထင်လိုက်ရင် ပိုစ့်အရမ်းရှည်သွားမှာ စိုးရိမ်ပြီး ခွဲတင်လိုက်တာ ပိုစ့် ၃ ခုဖြစ်သွားတယ်။
      သူများကို ရင်ခုန်အောင်လုပ်လို့ ကိုယ်တိုင်လည်း နှလုံးတုန်ရင်တုန်နဲ့ နှလုံးရောဂါ ဖြစ်တော့မယ် ထင်တယ်။ :eee:

  • နိဒါန်းနဲ့ စာကိုယ်နဲ့ ရောနေလို့
    ခုမှ ဝင်မန့်ဖြစ်တယ် ….
    +++++++++++++++

    အဟမ်း .. ဟမ်း ..
    ဖတ်ရွေး အဖွဲ့ဂျီးမှ ဖတ်ရွေးလူဂျီးများ ခညားးးး
    ဘဝမှာ ကံကောင်းမှုများကို ဆက်ကာ ဆက်ကာ ထွေးပိုက်ထားလိုပါသလား ခည …
    ဒါဆိုရင်တော့ဖြင့် လပ်ကီးဖြစ်အောင် လက်ကီးဂဏန်းကို ဆောင်ထားဂျရဘာလိမ့်မယ် …

    ထို့ထက် … ဘဝတွင် ထပ်ကာ ထပ်ကာ ကံကောင်းမှုများကို ပိုင်ဆိုင်လိုပါက …
    ပေါင်းခြင်း လက်ကီး ရ ဖြစ်သည့် ဂဏန်းကို ရွေးချယ် ဆောင်ထားဂျပါလို့ …
    အသိပေး နှိုးဆော်လိုက်ရပါတယ် ခညားးးးး

    :mrgreen: :mrgreen:

    ပုံ/
    ဗေဒဝိဇ္ဇာ ငအံစာ

    • pooch

      December 9, 2012 at 10:44 pm

      ရ ဂဏန်းဆောင်လို့မှ ကံမကောင်းရင် ဗေဒင်ဆရာ ခဲနဲ့ ထုခံရမယ်သာမှတ် :mrgreen:

      ဒီတခါတော့ အားပါးတရပါပဲ ပိုစ့်တွေက အားလုံးအကောင်းတွေ ချည်းပဲ ။ စောင့်မျှော်နေပါတယ်။

      • MaMa

        December 10, 2012 at 10:23 am

        သူငယ်အံ-
        ပေါင်းခြင်း ရ ဆိုတော့ တခြားတွေ တွေးမိနေအုံးမယ်။
        စွံချင်ရင် ၂ ဂဏန်းဆောင်
        စားချင်ရင် ၅ ဂဏန်းဆောင်
        အားလုံးကောင်းချင်ရင် ၂၅ ဆောင် လို့ ဆိုရင်………….. :hee:

        မယ်ပုရေ-
        ဗေဒင်ဆရာက လိပ်မျိုး ဆိုလားးးးးးးးးးးးး :hee:

  • surmi

    December 9, 2012 at 8:28 pm

    ပို ့စ် နှစ်ခုရောနေကြတယ် ထင်တယ် ။
    အံစာတုံးတောင်ရောတယ်ဆိုတော ့ ပြီးရောဗျာ …..

    • MaMa

      December 10, 2012 at 10:27 am

      ပိုစ့် ၂ခုရောနေလိမ့်မယ်လို့တော့ ထင်မိသား။
      ခေါင်းစဉ်ကို နိဒါန်း၊ စာကိုယ်၊ နိဂုံးလို့ ရိုးရိုးပဲ ပေးဖို့ စဉ်းစားထားတာ။
      အခုတော့ ပိုစ့်ခေါင်းစဉ်ကိုနည်းနည်း ပြောင်းပေးလိုက်တယ်။ :hee:
      ကိုယ့်ကိုယ်ကို ညှာတာပြီး ပြောရရင် စတစ်ကီ မပြောင်းပေးတဲ့ သဂျီးကိုပဲ အပြစ်တင်ရမယ်။ :kwi:

      င်္

  • kyeemite

    December 10, 2012 at 10:12 am

    ကိုရင်ဆာမိက ကဗျာစပ်လိုက်တော့
    တော်တော်ဟုတ်သွားတယ်ဗျာ…
    အဓိပ်ပါယ်လည်းရှိပါရဲ့…သူများတွေများ..တော်ထှာ အေ…
    :kwi:
    မမ ရေ…စာရေးသူတွေတော့ ရင်တွေတစ်ဒိုင်းဒိုင်း
    ခုန်နေကြပြီဗျို့….နိဂုံးပိုင်းလေး…မမ(မြန်မြန်)

    • MaMa

      December 10, 2012 at 10:29 am

      ကြာတယ်လို့တော့ မထင်ပါနဲ့။
      အမှတ်တရဖြစ်အောင် Final Result ကို ၁၂. ၁၂. ၁၂ မှာ တင်ပေးပါ့မယ်။ :hee:

  • အလင်းဆက်

    December 10, 2012 at 11:00 am

    အ မ ငီးးးးးးးးးးး

    အန်တီမမတို့ကတော့.. လုပ်ပြီ ဂျာ ။
    သားက… 10 ရက် နေ့လောက် တော့အဖြေ ထွက်ပြီ..လို ့.တွေးပြီး..ကြိုရင်ခုန်နေတာ ။
    အခု..တော့……

    မျှော်ပေဦးတော့… ကွယ်…..

    :kwi:

    • MaMa

      December 10, 2012 at 5:23 pm

      ဆန်ခါတင်စာရင်းဝင်လေးတွေတော့ ရင်ခုန်သံ မြန်ပေအုံးတော့……….. :kwi:

  • Mr. MarGa

    December 10, 2012 at 5:16 pm

    လေးပေါက်တုန်းက ၁၁.၁၁.၁၂ မှာ တင်တယ်
    မမက ၁၂.၁၂.၁၂ မှာ တင်မယ်
    ကဲပါလေ ဘာမှလဲ မလုပ်နိုင်တော ့မျှော်ရုံ ပဲပေါ့ကွယ်
    အဲဒါဆို နောက်လအတွက်က ၁.၁.၁၃ မှာ တင်သင့်တယ် ထင်တယ် :kwi:

    • MaMa

      December 10, 2012 at 5:28 pm

      ကိုပေါက်အတုခိုးပြီး တင်တာ။
      ဒါပေမယ့် နေ့လည် ၁၂ နာရီထိုးမှ တင်မယ်ဆိုပြီး အစွမ်းကုန်တော့ မနှိပ်စက်ပါဘူး။ :harr:
      နောက်လအတွက်က ၁၃. ၁၃. ၁၃ မှာ တင်မှာတဲ့ မိုးသကြားရေ- ပြက္ခဒိန် အသစ်ထွင်ပါအုံး။ :kwi:

      • Mr. MarGa

        December 10, 2012 at 5:48 pm

        တိန်
        ဒါနဲ့ပဲ တဖြည်းဖြည်း လလယ်ရောက်တော့မယ်
        အချိန်ဆွဲရင် သွေးအေးသွားတတ်တယ်နော် မမရေ
        အဲဒါ ကိုယ်တွေ့ဗျ

      • Green Rose

        December 10, 2012 at 5:49 pm

        Ma Ma ရေ..
        ရွာထဲကို သိပ်မရောက်ဖြစ်ပဲ ရောက်တဲ့အချိန်မှာ တွေ့ရာ မြင်ရာ အလျင်းသင့်ရာ ပို့စ်တွေကို ဖတ်ဖတ်ပြီးပြန်ပြန်သွားမိတာ။ ဒီနေ့မှ ဒီပို့စ်ကိုဝင်ဖတ်မိတာ။ ဒီနေ့လောက်ဆိုရင်တော့ result ထွက်လောက်ပြီမှတ်ပြီး ဘယ်သူများရမလဲ သိချင်လို့လေ.. အခုတော့ 12ရက်နေ့ရောက်အောင် မျှော်ရဦးမယ်ပေါ့။ ဇကာတင်စာရင်းလေးကြည့်မိတော့ Green Rose ရဲ့ပို့စ်လေးပါတာတွေ့လို့ ဝမ်းသာလိုက်တာ။ ဟိုမင်းသမီးလေးတွေကို အတုခိုးပြီးပြောကြည့်လိုက်မယ်။
        ` ဟင်း.. ဟင်း.. Green Rose ကလေ.. ဒီပွဲကိုတက်လာတာ အားပေးဖို့သက်သက်ပါပဲ.. အားလုံးကကောင်းကြပါတယ်.. ဘယ်သူရမလဲဆိုတော့လေ.. ဟင်း..ဟင်း.. Green Rose လည်းမမှန်းတတ်ပါဘူး…. ဟင်း…ဟင်း.. ဟုတ်ကဲ့ အများရဲ့ ဆန္ဒအတိုင်းပဲဖြစ်မှာပါ… Green Rose ကတော့ လက်ခုပ်တီးဖို့လာတာပါ.. ဟုတ်ကဲ့….´ :mrgreen:

        လေးစားလျှက်

        (Green Rose)

        • MaMa

          December 10, 2012 at 6:38 pm

          စာရေးတာ ပုံပေါ်လို့ စာဖတ်ရင်း Green Rose ကို မင်းသမီးလေးလို မျက်စေ့ထဲ မြင်လာမိတယ်။
          :hee:

  • MaMa

    December 10, 2012 at 6:22 pm

    အမှန်ကတော့ ပြတ်တောင်း ပြတ်တောင်း ကွန်က တစ်ကြောင်းးးးးးးးး
    ဆန်ခါတင်ပိုစ့်တွေများလို့ ကော်ပီပေ့စ်တွေ မှားမှာ၊ ကျန်ခဲ့မှာ စိုးတာက တကြောင်းးးးးးးး
    အဲဒါတွေကို အကြောင်းပြဖို့ ရက်စွဲရွေးလိုက်တာ။ :hee:

  • TheWinner

    December 10, 2012 at 7:46 pm

    ဇကာတင်လေးတွေတွေ့တော့မှ မဖတ်ဖြစ်လိုက်တဲ့ စာကောင်းလေးတွေကို ပြန်ဖတ်ဖြစ်တော့တယ်။ ကျေးဇူးပါ။

    • MaMa

      December 11, 2012 at 1:05 pm

      အဲလို အကျိုးရှိတယ်ဆိုတာ သိရလို့ ဝမ်းသာပါတယ်။ :hee:

  • ခင်ခ

    December 11, 2012 at 4:21 pm

    မမ ရေးမယ့်အဖြေ
    မျှော်လို့သာနေ
    ၁၂ ရက်
    ၁၂ လ
    ၁၂ ခုနှစ်
    ရောက်ရင်ပေါ့လေ။

  • မိုး မင်းသား

    December 11, 2012 at 6:55 pm

    အန်တီမမရေ….

    ၂၉ယောက်လုံးကို…ပထမချည်းပဲပေးချင်တယ်လို ့ဆရာလေးအလင်းဆက်ကပြောပေမဲ ့

    သူကြီးကသနားပါတယ်နော်……

    အန်တီမမရေ…ဒါနဲ ့စကားမစပ်…..ဆုပေးတဲ ့ပွဲကို…..ကျွန်တော်တို ့လိုအညတရ….

    သမားတွေရောတတ်လို ့ရပါသလားခင်ဗျာ……

    တတ်လို ့ရမရတကယ်သိချင်ပါတယ်ခင်ဗျာ….ကျေးဇူးပြုပြီးဖြေပေးစေချင်ပါတယ်ခင်ဗျာ

    ချစ်ခြင်းမေတ္တာဖြင် ့

  • MaMa

    December 11, 2012 at 8:41 pm

    ကိုခင်ခနဲ့ ကိုပေါက်ရေ-
    နေ့တွေ လတွေ အကြာကြီး မစောင့်ရတော့ပါဘူး။
    (ထီရောင်းတဲ့သူတွေ လေသံနဲ့)
    ၁၂. ၁၂. ၁၂ ဆိုပေမယ့် ၁၂ နာရီ ၁၂ မိနစ် အထိ မစောင့်ခိုင်းတော့ပါဘူး။
    ဒါပေမယ့် ဒီနေ့တစ်နေ့လုံးတော့ Drive တွေ ဖွင့်လိုက်၊ ကော်ပီပေ့စ်တွေ လုပ်လိုက်နဲ့ အမှန်တကယ် မူးနောက်နေရပါကြောင်းးးးးးး

    မိုးမင်းသားရေ-
    ဆုပေးပွဲကို ရွာသူားတိုင်း တက်ရောက်နိုင်ပါတယ်။
    ဘာကန့်သတ်ချက်မှ မထားပါဘူး။
    အမှန်တော့ ဆုရသူတွေကို ဆုပေးပြီး ရွာသူားတွေအားလုံး ပျော်ပျော်ပါးပါး ရင်းရင်းနှီးနှီး ခင်ခင်မင်မင် တွေ့ဆုံကြဖို့ပါ။

    မိုးမင်းသား တက်ရောက်မယ်ဆိုရင် ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်။ :hee:

  • မောင်ပေ

    December 11, 2012 at 9:05 pm

    ဆုပေးပွဲ
    ခုပြေးနွှဲ
    တုဈေးနဲ
    လုဘေးရဲ
    ဥသေးကွဲ
    ကုဆေးလဲ

    • MaMa

      December 11, 2012 at 9:16 pm

      မန်းလေးက ကြွရောက်လာမယ့် ဧည့်သည်တော်စာရင်းမှာ မောင်ပေကိုလည်း ပါစေချင်ပါတယ်။ :hee:

      • Mr. MarGa

        December 11, 2012 at 9:22 pm

        ဒါနဲ့
        မန်းလေးသားများ ဘာနဲ့ ကြွကြမလဲ သိချင်မိကြောင်းးးးးးးးးးးးး
        မဆိုင်ပေမယ့် ဝင် ပွားပါ၏

        • MaMa

          December 11, 2012 at 9:29 pm

          မန်းလေးဂဇက်၏ မန်းလေး အော်ဂနိုက်ဇာ ကိုပေါက်ကြီး ရှိပါကြောင်းးးးးးးးးးးး

Leave a Reply