သမဒဂျီးဦးသိန်းစိန် တောင်းပန်ပြီ Apoမlogy update

ဘီဘီစီမြန်မာပိုင်း ယနေ့ဒီဇင်ဘာ၈ရက်နေ့ သတင်းမှာ အခုသတင်းကို သွယ်ဝိုက်ထောက်ခံထားတဲ့ ဓာတ်ပုံတွေ့ရလို့ ခိုင်လုံတဲ့ အထောက်အထား အနေနဲ့ ရွာသားများဖတ်ရအောင် update လုပ်တင်လိုက်သည်။

ပြည်ဒေါင်စုမြန်မာနိုင်ငံ သမဒဂျီးဦးသိန်းစိန် နယူးဇီလန်နှင့် ဩစတေးလျနိုင်ငံများသို့ ယခုဒီဇင်ဘာလအတွင်း ခြစ်ကျီရေးခရီး အကြောင်းမညီညွတ်၍ ရွှေ့ဆိုင်းကြောင်း အများသိပြီးဖြစ်သည်။ ဤသည်မှာ လက်ပံတောင်း အရေးအခင်းတွင် မီးလောင်ဒဏ်ရာရ သံဃာတော်များအား သမတဂျီးမှ တောင်းပန်ရန် တောင်းဆိုမှုကြောင့်ဟု တိုက်ရိုက် မပြောသော်လည်း များစွာဆက်နွယ် လျက်ရှိပေသည်။

နောက်ဆုံး ဝင်လာသော သတင်းမှာ သမဒဂျီးဦးသိန်းစိန် တောင်းပန်မည်ဟု ဆိုထားသည်။ အသေးစိတ် အချက်အလက် ထွက်ပေါ်လာခြင်း မရှိသော်လည်း အမည်မဖေါ်လိုသော သမဒရုံးအရာရှိတဦးအား ကိုးကား၍ ဝံကျီး ဦးအောင်မင်း၏ ဝေဒနက္ခတ် ဂြိုလ်စီးဂြိုလ်နင်း အကြံပေးချက်အရ သမဒဂျီးအနေဖြင့် တောင်းကြီးကြီး တလုံး ဦးခေါင်းတွင် ပန်ဆင်ခဲ့သည်။ အတည်မပြုနိုင်သော သတင်းအရမူ သံဇကာရှေ့တွင် တောင်းပန်ခဲ့ခြင်း ဖြစ်ကြောင်းဆိုသည်။

ဘီဘီစီ မြန်မာပိုင်းကလည်း ဒီသတင်းရပုံပေါ်တယ် (၈၊ ဒီဇင်ဘာ)

၎င်းအရာရှိဂျီးကမူ ဤကိစ္စသည် လက်ပံတောင်း အရေးအခင်းနှင့် မဆိုင်ကြောင်း ကာကွယ် ပြောဆိုသွားသည်။

အထူးသတင်းထောက် ဂဇက်ကြောင်ကြီး သမဒအိမ်တော် မီးဖိုချောင်မှ ညဉ့်နက်သန်းကောင် အချိန်မတော် ပေးပို့သည်။

သမတဂျီးပန်သည့်တောင်း..

15 comments

  • Inz@ghi

    December 7, 2012 at 12:33 pm

    အဟိ…
    ညကတော့ စစ်သား အစိတ်သားကို ဘုရားသား အစိတ်သားနဲ့ လဲပေးမယ်
    အိပ်မက်မက်တာပါပဲ ဂျာ ….

    ဒက်ဂလောက်..ဒက်ဂလောက်..

    :byae:

  • jullies cezer

    December 7, 2012 at 12:50 pm

    သမဒဂျီးကတောင်းပန်မှာလား တောင်းကသမဒဂျီုးကို ပြန်ပန်မှာလားမသိ ……

  • Wow

    December 7, 2012 at 1:24 pm

    အပလို့ဂျိ လုပ်မယ်ပေါ့ :kwi:

  • ko ဝီစကီ

    December 7, 2012 at 3:04 pm

    အဲ့တောင်းသာပန်လိုက်လို့ဂဒေါ့ သမဒဂျီးသိပ်ကြည့်ကောင်းသွားမှာ။ နိတ်ဟ

  • kai

    December 7, 2012 at 3:07 pm

    အမှန်က.. အိုဘားမားနဲ့ကလင်တန်တို့လည်း တောင်းပန်သင့်တယ်..
    သူတို့လာပြီးမှ.. ဖြစ်တာကိုး…

    တောင်းပြောပါတယ်..
    အဲ..
    တောင်းယက်တာပြောပါတယ်.. :kwi:

  • thit min

    December 7, 2012 at 7:28 pm

    ဆိုင်တော့မဆိုင်ဘူး၊
    ဆိုင်တယ်လို့ပြောလဲရတယ်၊
    မဆိုင်ဘူးလို့ ပြောချင်လဲရတာဘဲ၊
    နဲနဲလေးတော့ ဆိုင်တာပါလို့ အတင်းငြင်းချင်လဲရတယ်၊
    မငြင်းချင်ရင်လဲ ရတယ်။
    “တောင်း” နဲ့ ပါတ်သက်တာပြောမလို့ပါ။
    —————
    အခု ဦးသိန်းလှမော် တို့ ဦးကျော်စိုးဦးတို့ လုပ်တဲ့ ဘိသိတ်ဆရာအလုပ်ကိုလုပ်တဲ့
    နာမည်ကြီး ဆရာ ဦးစိန်လွင်လေး ဆိုတာ ရှိခဲ့တယ်။
    သူက စာလဲရေးတဲ့ စာရေးဆရာ (၁၉၈၀) ဝန်းကျင်လောက်က နာမည်ကြီးပေါ့။
    ကျနော်ငယ်ငယ် က အဲဒီ စာရေးဆရာရဲ့ စာအုပ်တွေကိုဖတ်ဖူးတယ်။
    ဘယ်စာအုပ်လဲတော့ မမှတ်မိတော့ဘူး။
    အဲဒီ စာအုပ်မထွက်ခင်က
    ဦးနေဝင်းက (ဆရာမ) ဒေါ်နီနီမြင့် ကို ယူလိုက်တဲ့ ကာလလေးပေါ့။
    ဦးနေဝင်းက အသက် ၆၀
    ဆရာမက ၃၆ နှစ်
    အဲဒါကို
    ဆရာစိန်လွင်လေးက သူ့စာအုပ်မှာ မင်းသားက အသက် ၄ဝ ၊မင်းသမီးက ၂၄ ဆိုပြီး
    “ဒွေးချိုး လေးတိုး” ဆိုပြီး ရေးလိုက်တယ်။
    စိစစ်ရေးက သတိမထားမိခဲ့ဘူးထင်ရဲ့ ဘာမှပြဿနာမရှိခဲ့ဘူး။မရှိလာဘူး။
    ဒွေးချိုး ဆိုတာယောက်ကျားအသက်ကို ၂ နဲ့စားတာ၊ လေးတိုးက ၄ ပေါင်းတယ်ပေါ့။
    ဆိုတော့ ၆ဝ ယောက်ကျားက ၃၆ နှစ်ယူလို့သင့် တယ်ပေါ့။
    ၄ဝ ဆိုတော့ ၂၄ နှစ်ဖြစ်တာပေါ့။
    ဒါက အဲဒီ စာအုပ်ထဲကကြုံလို့ပြောပြတာ။
    “တောင်း” အကြောင်း အခုမှပြောရမယ်။
    ~~~~~~~~~~~~
    အဲဒီ အသက် ၄ဝ မင်းသား က မင်းသမီး၂၄ နှစ်ကို ရေနစ်နေတုန်း ကယ်ပြီး စတွေ့တဲ့အခန်း။
    အဲဒီမှာ မင်းသမီးက လှေမှောက်ပြီး မင်းသားက ရေထဲဆင်းကယ် အပေါ်လဲရောက်ရော
    မင်းသမီးကို ဘယ်လိုအခြေအနေဖြစ်နေတယ်ဆိုတာကို
    ဆရာစိန်လွင်လေးက အခုလို ပုံဖော်တယ်။ “တောင်း” နဲ့ ။
    ~~~~~~~
    တောင်းမှာ အကွပ်
    လူမှာအဝတ်
    အကွပ်မရှိတဲ့တောင်း ကလချာ
    အဝတ်မရှိတဲ့လူ “ဗလာ”
    အကွပ်မရှိတော့ အူဆွေးကာ ပျက်စီးရသည်၊
    အဝတ်မရှိတော့ ဖြူဖွေးကာ ကြက်သီးထသည်။

  • Mobile

    December 7, 2012 at 7:34 pm

    ကိုသစ်မင်း ရဲ့စာပေဗဟုသုတ ကြွယ်ဝမှုက မသေးပါလားဗျ။

    • thit min

      December 8, 2012 at 4:35 am

      အရမ်းမချီးကျူးနဲ့ အုန်းဗျို့။
      ဦးနေဝင်းက (၁၉၁၁) ဖွားဆိုတော့ တွက်ကြည့်ရင် သူတို့ယူကြတာ ၁၉၇၁ ဖြစ်မယ်။
      ၁၉၇၁ မှာ သူတို့ယူကြတော့ ဆရာမအသက်က ၃၄ နှစ်။ ဦးနေဝင်းက အသက် ၆၀။
      ၃၆ အစား ၃၄ ဟုပြင်ဆင်ဖတ်ရှူ့ပေးပါရန် ပေါ့ဗျာ။

      (နောက်ဆက်တွဲတွေပြောရရင်)
      ဦးနေဝင်းနဲ့ ညားပြီးမှ သမိုင်းဋ္ဌာန ကဆရာမက ၁၉၈၄-၈၅စာသင်နှစ်မှာ
      အိုင်အာ(အပြည်ပြည်ဆိုင်ရာဆက်ဆံရေး)ဘာသာရပ်နဲ့ဌာနမှူးဖြစ်လာတယ်။
      ဘာဘဲဖြစ်ဖြစ် အဲဒီနောက်ပိုင်း ကျောင်းသားနဲ့ထောက်လှမ်းရေး ပြဿနာတချို့မှာ
      ဆရာမ ကယ်လိုက်တဲ့ ကျောင်းသားတွေရှိခဲ့တယ်။
      ————–
      နောက်ပိုင်းတော့
      ဦးနေဝင်းက ရတနာနတ်မယ် ကိုယူပြီးနောက်ပိုင်း အဲဒီဟာကိုရည်ရွယ်တာလားဘာလားတော့
      (ဦးခိုင်ရေ ဆရာမောင်သာရ ကိုကိုယ်တိုင်မေးကြည့်ပေတော့)ဆရာမောင်သာရက
      “ရှင်ဘုရင်နဲ့ညားရင်မိဖုရား” ဆိုတဲ့ စာအုပ်ထွက်တယ်။
      အဲဒီစာအုပ်ကတော့ သတိပြုမိသွားပြီး ပြဿနာရှိခဲ့တယ်လို့ဆိုတယ်။
      အပိတ်ခံရတယ်ထင်တယ်။ မမှတ်မိတော့ဘူး။

      နောက်တခါ ဗိုလ်ချုပ်ကြီးနေဝင်းကနေ ဦးနေဝင်းသို့ ဆိုပြီး အာဏာလွဲတာလုပ်တယ်မလား။
      (နိုင်းငံတော်အာဏာကို စစ်တပ်ကနေအရပ်သားကိုလွဲတယ်လို့ဆိုပါတယ်။
      တကယ်တမ်းမှာ (အာဏာလွဲသူတွေက)စစ်တပ်ကနေအနားယူပြီး
      အရပ်သား(ပါတီ၊ကောင်စီ)ဘက်ကိုပြောင်းတယ်။ဆိုတော့ အာဏာလက်ခံသူကလည်း ဒီအဖွဲ့ပါဘဲ။
      ဒါ့ကြောင့် စစ်တပ်တုန်းကအုပ်ချုပ်သူရယ်၊ အနားယူတဲ့သူရယ်၊အာဏာလွဲသူရယ်၊အာဏာလက်ခံ
      သူရယ်က တဖွဲ့ထဲ ပါဘဲ။ ဦးနေဝင်းတို့ပေါ့။)
      အဲဒါကိုလဲ “နောက်ဆုံးတော့ ကျော်ဟိန်းကကျော်ဟိန်းပါဘဲ” ဆိုတဲ့ စာအုပ်ထွက်တယ်။
      ဆရာမောင်သာရဘဲ။

      အဲဒါတွေ ဟုတ်မဟုတ် ဆရာကိုယ်တိုင်ပြောပြရင်ကောင်းမှာဘဲ။
      ဟိုတုန်းကတော့ ကောလာဟလ လိုလိုပြော(ပြောလို့လဲကောင်းခဲ့တယ်) ခဲ့ကြတာ။

      • kai

        December 8, 2012 at 1:47 pm

        ဆရာမောင်သာရကဖတ်မဖတ်တော့မသိ..
        မြေးချောလေးတွေတော့.. ဝင်ဖတ်ပြီးရင်..အဖိုးကို.. လက်တို့ပေးပုံရပါတယ်..

        ဆိုတော့..
        ကြုံရင်မေးပါဦးမယ်..
        ခက်တာက.. ဆရာက.. အမှတ်တရအင်တာဗျုးတောင်.. အလုပ်မခံတာ.. :harr:

  • မောင်ပေ

    December 7, 2012 at 9:12 pm

    တောင်းပန်တယ်ကွာ တစ်စခန်းလုံးလဲ ဗြောင်းဆန်ကုန်တာပဲ

    • တကယ် ဂျစ်ဒါဘာ ဆိုနေမှ ..
      လုပ်ဇာတ် မဟုတ်ပါဘူး ပြည်သူတွေ .. အဲလေ .. ပိတ်သတ်ဂျီးရယ် …

  • ရွှေ ကြည်

    December 7, 2012 at 10:57 pm

    အောင်ကြူးရေ တောင်းကအရမ်းလှနေတယ် အေးလေ သမ္မတကြီးပန်မယ့်တောင်းဆိုတော့ဒီလောက်တော့ရှိပေမပေါ့ 😆
    ဆံညှပ်ကြီးကြီးနဲ့ပန်မှဖြစ်မယ် မဟုတ်ရင်ခေါင်းမှာဆောင်းလိုက်လို့ တောင်းပန်တာမဟုတ်ပဲတောင်းစွပ်တာဖြစ်နေဦးမယ် :mrgreen:

  • တောင်းပန် ဗြောင်းဆန်
    လက်ပန်တောင်း တစ်ချက်ကောင်း
    အသက်ပေါင်းများစွာ………………………………..

  • MaMa

    December 8, 2012 at 2:44 pm

    လှလိုက်တဲ့ တောင်း။
    ဘယ်ကများ ရှာလာသလဲ မသိဘူး။
    မြန်မာပြည်က ယက်တာမှ ဟုတ်ရဲ့လား။ :harr:

    မေးခွန်းတွေ များတယ် မထင်ပါနဲ့။
    သတင်းသမားလုပ်မလို့ မေးခွန်းထုတ်နည်း သင်တန်းတက်နေလို့။ 😛

    Apoမlogy ဆိုတဲ့ စကားလုံးအသစ်အဆန်းကိုတော့ အလွန်သဘောကျတယ်။
    စာပေဆုမှာ စကားလုံးအသစ်တီထွင်ဆု တစ်ခုတောင် ထပ်ဖြည့်ချင်စိတ်ပေါ်လာတယ်။ :hee:

Leave a Reply