စနက်စိ

ムラカミDecember 7, 20128min19816

ဟိုဘက်မှာ ကောမန့် ဝင်ရေးပြီးပေမယ့် မနေနိုင်တော့လည်း ပိုစ့်သပ်သပ် တင်ပြီးတော့ကို

ဖောက်သည် ချလိုက်ပါတယ်ဗျို့ …. မနေ့ညကဗျာ … ထုံးစံအတိုင်း ဖွတ်တီးကတ်ကြီးပေါ့ …

ဂဇက်ရွာကို WordPress App နဲ့ ဘယ် လိုဝင်သုံးသလဲတဲ့ ..

ဒင်းကတော့လား ..အရေခြုံလစ်ဘရယ် အတုရီးပါဗျာ … မီနီကို ဘယ်လိုချစ်မယ်

ဘယ်ညာချစ်မယ် ပိုစ့်တင်လား တင်ရဲ့ ..တကယ်တမ်းကျတော့ အိုင်ပက်သရီးပဲ

ဝယ်ပွတ်တဲ့လူဂျီးပါ… ပြောပြန်ရင်လည်း မိဂီ လွန်ရာကျမယ်.. ပီးရင် နှုတ်ခမ်းတလန်

ပန်းတလန် နဲ့ ဟတ်တောင်မ မိဂီရဲ့ ဆိုပြီး… လက်ဖွား၂ဖက် တဗြန်းဗြန်းပုတ်ပီး ရန်တွေ့အုံးမယ်…

ပိတ်သတ်ကြီး စဉ်းစားကြပါဗျာ ..သူ့ဗလဂျီးနဲ့ အိုင်ပက် ၁ဝလက်မ ကို လေးသတဲ့ ကြီးသတဲ့…

(သဂျီးမင်းတို့သာ ကြီးတာကိုင်ချင်နေတာ ..ဗလရှင်များကတော့ small is beautiful ပါတဲ့ …

နွဲ့နေသည့်အချက်ကိုတော့ ထည့်မပြောတော့..)

ထားပါတော့ဗျာ …သူများအတင်း ..ပြောချင်တာက Snapseed အကြောင်း..။
Nik Software ဆိုတာ ရှိတယ်ဗျာ…သူက ကမာ္ဘ့ အကောင်းဆုံးသော Photo Editing

Software တွေရောင်းတဲ့ ကန်ပနီ ကမာ္ဘပေါ်က ပရော်ဖက်ရှင်နယ် ဓာတ်ပုံသမားအတော်များများ

သူနဲ့ မကင်းနိုင်ဘူး ။ ဂလိုပြောလို့ .. ကမာ္ဘ့ အကောင်းဆုံးသော Photo Editing Software

တွေဟ Adobe က ထုတ်တဲ့ Photoshop နဲ့ Lightroom တို့ မဟုတ်ဘူးလား လို့ ငြင်းစရာရှိတယ်။

ဟုတ်ပါတယ် … Nik က ထုတ်တဲ့ Software တွေက အနှီ Software တွေ အပေါ်မှာ Plug-in

အနေနဲ့ Run တဲ့ အရာတွေပါ။ (သီးခြား Stand Alone တွေအနေနဲ့လည်း ရရှိနိုင်ပါသေးရဲ့..)

ထားပါတော့ ပြောချင်တာက Professional Photographer တွေရဲ့ ပီစီတွေထဲက Photoshop

အတော်များများမှာ ဒင်းတို့နဲ့ မကင်းနိုင်ဘူး ဆိုတာပါပဲ…။

 

 

 

အဲ့ဒါ Nik ကထုတ်တဲ့ Software တွေပေါ့ … တခုကို

ဒေါ်လှ ၁၀၀-၂၀ဝ ကြားစီရှိတယ်.. ရထားတဲ့ ဆုတွေကလည်း တပြွတ်

အကုန်သာ ဝယ်ထည့်ရင် Photoshop ထက်တောင် ဈေးမြောက်ဦးမယ်..

(ပြာပူမကြောက်တဲ့ ဖွတ်တီးကတ်တို့ကတော့ ခိုးဒေါင်းမပေါ့လေ… ဟိ..)

 

စကားကရှည်နေပြီမို့ .. လိုရင်း ဆက်ပါ့မယ်ဗျာ …အဲ့သည့် Nik ကထုတ်တဲ့ Snapseed

ဆိုတဲ့ Software အကြောင်းပါ.. ဟိုဘက်မှာ မန့်ခဲ့တာလေး ပြန်ကူးပြီး တင်လိုက်ပါတယ်။

 

 

 

စကားမစပ် ဒီမနက်ပဲ သတင်းတက်လာတယ် ….

Snapseed က Free for all ဖြစ်သွားပြီဗျို့ ….

Snapseed ဆိုတာ ကျုပ်(အမှန်တကယ် ဝယ်)သုံးနေတဲ့ ဓာတ်ပုံပြင်တဲ့

Software iOS အတွက်ရော Android အတွက်ပါ ထုတ်တဲ့ Software ခည ..

အဲ့သည့် Software ကတော့ Smartphone, Tablet တခုခုအတွက်

Must Have Software ဖြစ်ကြောင်း လက်တို့ လိုက်ရပါတယ်ဗျာ…

 

ဒါတွေရဲ့ နောက်ကွယ်မှာ ကိစ္စ အကြီးကြီးတွေရှိတယ်ဗျို့ ..

တလောက ဆြာအုပ် ရဲ့ ပိုစ့်မှာ ကျနော် ရေးဖူးတယ်ထင်ရဲ့…

 

ကမာ္ဘ့အကောင်းဆုံး Online Photo sharing software ဖြစ်တဲ့

Instagrm ကို Facebook က ဝယ်လိုက်တယ် သည်တော့

တွက်လို့ရတာက Facebook သည် သူ့ရဲ့ Photo တင်တဲ့

Feature ကို Instagrm ရဲ့အားနဲ့ လူကြိုက်ပိုသထက်ပိုများလာအောင်

လုပ်လိမ့်မယ်… (လူတွေကိုတော့ Free ပေးသုံးမယ်.. သူကတော့ကြော်ငြာခနဲ့

စားမယ်ပေါ့ .. အကြံက ဂလို)

 

အဲ.. မရှေးမနှောင်းမှာ ကမာ္ဘ့ အကောင်းဆုံး Photo editing plugin/ software

တွေထုတ်တဲ့ Snapseed ပိုင်ရှင် Nik Software ကန်ပနီကို Google ကဝယ်တယ်…

ရှင်းပါတယ် သူ့ရဲ့ Picasa ကို အားကျမခံ Promote လုပ်ဖို့ ဆိုပါတော့…

 

သည်တော့ User တွေမှန်းတဲ့အတိုင်း ပိုမို အသုံးပြုခွင့်ရလာဖို့ရှိလာသပေါ့ဗျာ

Facebook ထက် ခြေလှမ်းဦးအောင် ဒီနေ့ပဲ Snapseed ကို Google က အလကားပေးလိုက်ပြီ

ဖြစ်ကြောင်း မောင်းထုလိုက်ရပါတယ်ဗျို့ ………

 

အားပါးတရ ဒေါင်းကြပါကုန်…

 

 

ဘာကြီးလဲ ဘယ်လိုကြီးလဲ ..ဘယ်လိုသုံးရသလဲ

မေးလာကြမှာ မို့ … ကျုပ်စတဲ့ ဇာတ် ကျုပ်ပဲ ဆုံးအောင် ကလိုက်ပါတယ်

အိုဘယ့် Snapseed အသုံးပြုပုံ…

ဟောသည်လိုပါခင်ဗျား…

 

ရိုက်ယူလာတဲ့ ဓါတ်ပုံတပုံရဲ့ အခြေခံ ချိန်ညှိမှု အတွက်

အောက်ပါ အခြေခံ Features တွေ ပါဝင်ပါသတဲ့

1). AUTO CORRECT – SIMPLE PERFECTION

2). TUNE IMAGE – CROWD PLEASING

3). ROTATE/STRAIGHTEN – BACK TO THE BASICS

4). CROP – RECOMPOSE YOUR SHOT

5). DETAILS – SHARPEN YOUR PHOTO

တခုချင်းစီကို အသေးစိတ်ပြန်ရှင်းပါ့မယ်။

 

 

1). AUTO CORRECT – SIMPLE PERFECTION

ဒါကတော့အခြေခံအကျဆုံး One-Click နဲ့ ပြီးတဲ့ feature ပါ..

exposure, tint, color, တွေကို အော်တိုငုတ်တုတ် ချိန်ညှိပေးမယ်

ဆိုပါသတဲ့ … ။ ဟုတ်ကဲ့ …. ဥပမာဗျာ ..ကျနော်တို့ နေရောင်အောက်မှာ

ညဘက် မီးသီးအောက်ရိုက်တဲ့ Setting နဲ့ မှားရိုက်ခဲ့မယ် .. ဒါဆိုရင်

အသားအရောင်တွေက ပြာနှမ်းနှမ်းဖြစ်နေမယ်.. သည်လိုအခြေအနေကို

တချက်တည်း နှိပ်ယုံနဲ့ ပြင်ပေးမယ့် Feature ဖြစ်ပါတယ်..

 

2). TUNE IMAGE – CROWD PLEASING

ဟောဒါတွေကို တခုချင်းစီ Manual ထိန်းညှိနိုင်ပါသတဲ့ခင်ဗျား..

White Balance, Saturation, Contrast, Brightness, or Ambiance

 

3). ROTATE/STRAIGHTEN – BACK TO THE BASICS

 

 

ဒါကတော့ အချိုးအစားကျနမှုအတွက် ရေချိန်ညှိတဲ့ feature ဖြစ်ပါတယ်။ ရိုက်ချက်တိုင်းဟာ အကောင်းဆုံးရေချိန်ရရှိဖို့

မလွယ်တာကြောင့် သည် feature ဟာ အလွန်အသုံးဝင်ပါတယ်။

 

4). CROP – RECOMPOSE YOUR SHOT

ဒါလည်း ထိုနည်းလည်းကောင်းပါ ခင်ဗျား ။ တခါတလေ လိုအပ်တဲ့ Zoom မရတာမို့

ပိုကျယ်ကျယ်ရိုက်ယူလာရတာ ရှိတတ်တယ်ဗျ … အဲ့သည့်အခါမှာ ဒီ feature က အလွန် အသုံးဝင်ပါလိမ့်မယ်..

 

5). DETAILS – SHARPEN YOUR PHOTO

 

 

Image ရဲ့ Sharpness ကိုတင်ယူတဲ့ နေရာမှာ ဒီကောင်က အတော်လေး အသုံးဝင်တယ်ဗျ.. Contrast ပြင်တာနဲ့လည်းမတူပေမယ့်

အရောင်ကွဲပြားမှု သဘော ကနေ ရုပ်ဝတ္ထုတွေရဲ့ မျက်နှာပြင် အသေးစိတ် ပီပြင်ကျနမှုကို မြှင့်တင်ပေးတဲ့အရာ လို့ ဆိုရမယ်ဗျ။

တဆိတ်ရှိ contrast ဆွဲဆွဲဖြဲတတ်တဲ့ MS_Office ရဲ့ Picture Manager နဲ့တော့ လုံးဝကွဲပြားတဲ့ ရသဖြစ်ပါတယ် …

(Contrast ဆွဲဖြဲထားသောပုံများသည် မျက်စိစပ်တဲ့ အရသာကိုပေးပါသည်)

 

 

 

အနှီ အခြေခံ ချိန်ညှိမှုတွေ ပြီးပြန်တော့ CREATIVE ENHANCEMENTS ခေါ်တဲ့ features တွေက ဟောသည့်လိုပါတဲ့

1). BLACK AND WHITE –THE CLASSIC

2). VINTAGE – THE PAST IS NEW AGAIN

3). GRUNGE – GET A LITTLE DIRTY

4). CENTER FOCUS – GRAB THEIR ATTENTION

5). TILT – SHIFT – MINIATURIZE YOUR WORLD

 

1). BLACK AND WHITE –THE CLASSIC

ပုံတစ်ပုံကို Black & White ပြောင်းတာ Color Channel တွေအကုန် ပိတ်ပစ်လိုက်ပေါ့လို့

အလွယ်တွေးချင် တွေးလိမ့်မယ် .. မတူဘူးဗျ…RBG သူ့ချန်နယ်အလိုက်နဲ့သူ အလင်းသိမှု

တွေ ကွာတယ်… ဆိုတော့ B&W ဒါ့ပုံတပုံက မည်းနက်နေပြီး ဘာကိုပြသလဲမပေါ်လွင်တာ

ဖြူထွက်နေပြီး ဘာမမြင်ရအောင် ဖွေးလွန်းနေတာ .. အဲ့သည့်အပြစ်တွေ လွတ်ရတယ်..

အဲ.. Contrast သက်သက် လျှော့ရုံနဲ့တော့ ဖွယ်တယ်တယ် မီးခိုးရောင်ပုံပဲ ထွက်လာဦးမယ်ဆိုပြန်တော့

ဒီ feature စမ်းသုံးရင် B/W ရဲ့ ရသကို အတိုင်းတာတခုထိ နားလည်ခံစားနိုင်မယ် ထင်ပါကြောင်း..

 

2). VINTAGE – THE PAST IS NEW AGAIN

ဒါကတော့ ပုံတစ်ပုံကို အတိတ်က ပုံ ၊ ပုံအဟောင်းအဖြစ် မြင်အောင် ပြင်တဲ့ feature ဗျ… သူ့ taste ကတော့

စမ်းသုံးကြည့်မှ သိမှာမို့… ချမရေးကြည့်တော့ပါ

 

 

3). GRUNGE – GET A LITTLE DIRTY

 

ဒီ feature က ပုံပေါ်မှာ အစွန်းအထင်း အကွက်တွေ အနည်းငယ် ပေါ်လာအောင် လုပ်တဲ့ filter

ဗျ.. တချို့သော အခြေအနေတွေမှာ အတော်အသုံးဝင်တယ် ပြောရပါမယ်. .. ကျနော် နှစ်သက်တဲ့ filter တခုပါပဲ

 

 

4). CENTER FOCUS – GRAB THEIR ATTENTION

 

 

ဒါကတော့ နည်းနည်း Tricky ဖြစ်တဲ့ filter ပါ .. ကျနော်တို့ DoF တွေကို ညာပြီး ပြင်ကြည့်လို့ရပါပြီ

ညာတယ်ဆိုတဲ့ အသုံးအနှုံးက ရိုင်းသလိုဖြစ်ကောင်းဖြစ်ပါမယ်။ ဒါပေမယ့် ပြောရရင် ပုံမှာကိုယ်

ဇောင်းပေးပြသလိုတဲ့ အရာ အစိတ်အပိုင်းကလွဲရင် ကျန်တဲ့အရာတွေကို မှေးမှိန်ဖျော့လျော့သွားအောင်

လုပ်တဲ့ တင်ဆက်ပြသမှု အနုပညာတရပ်လို့ပဲ သုံးချင်ပါတယ်…

 

 

5). TILT – SHIFT – MINIATURIZE YOUR WORLD

 

 

ဒီ filter အကြောင်း ရှင်းဖို့က အောက်က ပုံကို အရင်နားလည်အောင်ကြည့်ဗျို့…

 

 

သည် feature က အဓိကအားဖြင့် အဆောက်ဦတွေကိုရိုက်တဲ့ architecture photography

ဘက်မှာ သုံးလေ့ရှိတယ်… အထပ်မြင့်တဲ့ တိုက်တစ်တိုက်ကို ရိုက်တယ်ဆိုပါစို့ …

တိုက်ရဲ့ အလျား ဟာ ကင်မရာပေါ်လာကျရောက်တဲ့ ပုံရိပ် နဲ့ angle ချိုးတဲ့အတွက် တိုက်ဟာ ထိပ်ပိုင်း ရှူးသွားသရောင်

ထင်ရမြင်ရရဲ့.. အဲ့ဒါကို တိုက်တဖြောင့်တည်းမြင်ရအောင Tilt-Shift Lens တွေနဲ့ ရိုက်ရတယ်ဗျာ…

အဲ့သည့်က လာတဲ့ plain of focus ကို ချိန်ညှိတဲ့ filter လို့ ခေါ်ရမယ်ဗျို့ …

ပုံတွေကိုသာ ကြည့်ရှု နားလည်တော်မူကြပါကုန်… (ကျနော် စကားလုံး မလုံလောက်လို့ပါ)

 

 

RETROLUX

 

ဒါကတော့ feature အသစ်ဖြစ်ပါတယ် ဒီမနက်မှ ထွက်တာမို့ ကျနော်လည် းစမ်းမသုံးဖူးသေးပါ…

tinted-filter လို့တော့ ယူဆပါတယ်..sample images တွေကြည့်ရတာတော့ စိတ်ဝင်စားဖို့ အတော်

ကောင်းပါတယ်..

 

 
Snapseed မှာ နောက်ထပ် ဖြည့်စွက် Feature ၃ခု ပါဝင်နေပါသေးတယ် ..

အဲ့ဒါတွေကတော့

Selective Adjustment

တပုံလုံးကို အပေါ်က effect တွေ ထည့်တာမဟုတ်ဘဲ ပုံရဲ့ အစိတ်ပိုင်း တခုခုကိုပဲ သတ်မှတ်ပြင်ဆင်တာ ဖြစ်ပါတယ်။

 

Drama

သူကတော့ HDR ဆန်တဲ့ dynamic range တွေ ချဲ့ယူနိုင်တဲ့ ပုံတွေ ထုတ်ပေးပါတယ်

 

Frames

 

ပုံရဲ့ ဘောင်တွေပါ … (အခု အသစ်ထပ်ဖြည့်ထားတယ် ဆိုပါတယ်)

 

Downloads
ဒါကတော့ ပန်းသီးအတွက် ဖြစ်ပါတယ်
https://itunes.apple.com/en/app/snapseed/id439438619?mt=8

ဒါကတော့ စက်ရုပ်အတွက်ပါ…
https://play.google.com/store/apps/details?id=com.niksoftware.snapseed
compatibility ကတော့ အောက်က ပုံမှာ မြင်ရတဲ့အတိုင်းပါဗျား…

 

 

http://www.snapseed.com/home/mobile/features/
http://www.snapseed.com/home/learn/mobile/creative-adjustments/
http://www.niksoftware.com/site/
http://connect.dpreview.com/post/2077750086/google-releases-snapseed-android

 

 

တော်သေးဘီ…
ခင်တဲ့
ဂီ

16 comments

  • ဖိုတိုရှော့ကိုကြိုက်နှစ်သက်လေ့လာ ဖန်တီးနေပေမယ့် ဒီလောက်ကြီးတွေတော့ တိဝူး။
    ကျေးဇူးပါ။
    ပထမဆုံးမန့်သွားပါတယ်။
    :gee:

  • သီဟသူရချာလတာအာပေတူး

    December 7, 2012 at 12:50 pm

    တစ်ပိုစ့်လုံးကူးတွားဘီ ရှာပီးဒေါင်းမယ် ကလိမယ်
    ကျေးကျေးကွီ ….

      • Inz@ghi

        December 7, 2012 at 3:17 pm

        ဂလို ဂျေပီလေးရဲ့ … ဂျေပီလေးတို့ရဲ့ Android အတွက် Snapseed ကို
        Nik Software က မထုတ်ပေးဘူး အဲ့လာကြောင့် Android နဲ့ဆို
        ပေစုတ်စုတ် Apps လေးတွေနဲ့ ဒါ့ပုံတို့ဖို့ ကအင်ဂျီးက လုံးဝ စိတ်မကူးခဲ့တာ..
        :harr:

        ခုမှသာ Nik Software ကို Google ကြီးကဝယ်လိုက်လို့ ..Android အတွက်ရေးပေးတာ…
        ကအင်ဂျီးတို့ သုံးလို့ ဝမှ ဆိုပါတော့ ကွယ်..

        :kwi:

  • ရဲစည်

    December 7, 2012 at 4:58 pm

    အူး၄ Android မှာ အဲ့လာ အနော် ဆွဲလို့မရဘူး
    Google Play ထဲ အနော့်တို့ ရွာဘက် မရောက်သေးဘူးထင်တယ်။
    နောက်ပီး အနော့်ဟာက စက်ရုပ်ဗားရှင်း ၁.၁.၄ ဖြစ်နေတယ် …..။
    စောင့်ရအုံမယ် ထင်တယ်ဂျာ

    လောလောဆယ် Pixlr လေးဘဲ သုံးနေရ၏ ….။

    • ရော့ … အင့် ..
      တိုဂီက ခညားကို ပေးခိုင်းလိုက်ဒါ ..
      …………………….

      မြင်ရလား ..
      မမြင်ရရင် မျက်မှန်းဂျီး တပ်ပီးကျည့် ..
      ဒါဗျဲ … :mrgreen:

  • Mr. MarGa

    December 7, 2012 at 8:28 pm

    အိုက်ဒါ ပြတင်းပေါက်အတွက် ထွက်လားဟင်င်င်င်

  • Mobile

    December 7, 2012 at 9:22 pm

    ကူးယူထားလိုက်ပါတယ်ဗျို့။

  • pooch

    December 8, 2012 at 3:10 pm

    ပီစီအတွက်က ဘယ်နေရာမှာဒေါင်းရမှာတုန်း ။ တခါတည်းလင့်လေးရှိရင်ပေးပါ့လား ။
    ပီစကာက သုံးနေကျမို့ မဆိုစလောက်လေး သုံးတတ်ပါတယ်။

  • ဦးကြောင်ကြီး

    December 9, 2012 at 1:30 am

    စနက်စိ
    ရမ္မက်ဖိ
    ဘလက်ငြိ
    အရပ်သိ
    ကလက်မိ
    မရှက်၏
    တဝက်ကြည့်
    သမက်ဂွိ..။

  • မောင့်ကျက်သရေ ဂီ့

    December 12, 2012 at 2:12 pm

    အင်း .. Online Photosharing ကြောင့် photo editing software တွေကြားမှာလည်း
    ပြိုင်ဆိုင်မှုက ပြင်းထန်သထက် ပြင်းထန်လာပြီ
    ဟိုနေ့က စနက်စိ အပ္ပဒိတ် ထွက်တယ်
    အင်စတာဂရမ် က လိုက် အပ္ပဒိတ်တယ်
    အခု ဖိုတိုရှော့ အိပ်စပရက်စ်

    လိုက် အပ္ပဒိတ်ဒေါင်းရတာလည်း မောလှပါဘီကွယ်..
    မဒေါင်းဘဲလည်း မနေနိုင်ဘူးရယ်ကိုး..

    :chee:

    • မောင့်ကျက်သရေ ဂီ့

      December 13, 2012 at 2:00 pm

      တလောက Instagrm အသစ် ထွက်တယ်
      တနေ့က Snapseed က Features အသစ်တွေပေါင်းထည့်ပြီး Free for all ပေးသုံးလာတယ်
      မနေ့ကတော့ Photoshop Express က Version Upgrade ထပ်ထုတ်တယ်
      ကနေ့ Flickr က filter အသစ်တွေထပ်ထည့်ပြီး ဒီဇိုင်းအသစ်နဲ့ ပွဲထုတ်တဲ့ သတင်းဖတ်ရတယ်

      ဆိုတော့ .. သေချာတာက Mobile-based Photo Sharing Apps တွေကြားက တိုက်ပွဲ
      အတော်ကြီး ပြင်းထန်လာတယ် လို့ပြောရမယ်
      ပြင်းမပေါ့ နောက်ကွယ်မှာ ရှိတဲ့ Adobe, Google, Facebook, Yahoo တို့လို Giant ကြီးတွေရဲ့
      ပြိုင်ဆိုင်မှုက ပြင်းတာကိုး။

  • မမချွိ

    February 19, 2014 at 3:42 pm

    အဲဒီ တုန်းက ဖတ်ဖူးတယ်ထင်တယ်။
    မသုံးဖူးတော့ နားမလည်။
    နားမလည်တော့ ဘာမှန်းမသိခဲ့ဘူးးး

    ခု ပုံပြင်တိုင်း ဒါကို သုံးဖြစ်နေတော့ ပြန်ဖတ်ရတာကောင်းလိုက်တာ။

    ဒီဟာနဲ့ ပြင်ဖို့ ကိုဖက် အကြံပေးတာ။

    🙂

  • naywoon ni

    March 30, 2015 at 10:10 pm

    အန်​းဒရွိုက်​ မည်​ကာမတ္တာ တလုပ်​ဖုန်​းနဲ့​ဒေါ့ သိရုံမည်​ကာမတ္တာ ပါပဲကွယ်​ရို့ ။

  • Alinsett@Maung Thura

    March 31, 2015 at 1:42 pm

    အိမ်း..ကိုယ်နဲ့ အလှမ်းဝေးတဲ့ ပညာတရပ်ပေပဲ…
    .လေလာထားသင့်တဲ့ ပညာဆိုလည်း မမှားပေဘူးပေါ့ကွယ်…

Leave a Reply