မန ္တလေးရောက် ဆန်ဖရန်စစ္စကိုအကအဖွဲ့ မြန်မာ့ရိုးရာအကဖြင့် ကပြဖျော်ဖြေကာ ပရိသတ်ကို တအံ့တဩဖြစ်စေခဲ့

DaveFebruary 13, 20101min802

မန ္တလေးရောက် ဆန်ဖရန်စစ္စကိုအကအဖွဲ့သည် ပရိသတ်၁၀၀ဝကျော်တို့ကို ဖေဖော်ဝါရီ၅ရက်နေ့ ညနေ၆နာရီမှ ၉နာရီကျော်သည်အထိ ကပြဖျော်ဖြေခဲ့ကြသည်။
ထိုအကအဖွဲ့သည် အမေရိကန်ခေတ်ပေါ်အကပဒေသာများဖြင့် မန ္တလေးဒေသခံများကို ဖျော်ဖြေအပြီးတွင် မြန်မာ့ရိုးရာအခြေခံ ကဗျာလွတ်ကကွက်များ ကပြခဲ့ရာ အားလုံးက အံ့ဩဝမ်းမြောက်စွာဖြင့် တခဲနက် အား ပေးခဲ့ကြသည်။
ဆန်ဖရန်စစ္စကိုအကအဖွဲ့မှ အဖွဲ့ဝင် အမျိုးသား၅ဦးနှင့် အမျိုးသမီး၅ဦးတို့သည် မန ္တလေးရောက်မှ မြန်မာ အကကို နာရီပိုင်းအတွင်း သင်ယူလေ့လာခဲ့ပြီး ထိုသို့ကပြခဲ့ကြခြင်းဖြစ်သည်။
မြန်မာ့ရိုးရာခြင်းဝိုင်း၏ သရုပ်ပြအစီအစဉ်၊တစ်ပင်တိုင် ခြင်းစွမ်းရည်ပြအစီအစဉ်များအပြင် မန ္တလေးမြို့၏ နာမည်ကျော်မင်းသားညီအစ်ကိုဖြစ်သည့် ပိုင်ပိုင်နှင့်ဖြိုးဖြိုးတို့ကလည်း ကပြဖျော်ဖြေကြသည်။
ထိုကပွဲည မြင်ကွင်းဓာတ်ပုံတချို့ ကို မန ္တလေးဂေဇက်ပရိသတ်များအတွက် ထုတ်နှုတ်ဖော်ပြလိုက်ပါသည်။

(အကြောင်းကြောင်းကြောင့် ရေးသားဖော်ပြမှု နောက်ကျခြင်းအတွက် ခွင့်လွှတ်စေလိုပါသည်ခင်ဗျား။)

2 comments

  • susunosuki

    April 17, 2010 at 2:09 pm

    ခဏခြင်း နဲ့ သင်နိုင်တာ ထူးချွန်လို့ပေါ့
    ကိုယ့်ယဉ်ကျေးမှု့ ကိုထေဖော်ထုတ်ပေးလို့
    ဂုဏ်ယူ ဝမ်းမြောက်ရပါတယ်

  • cum min

    June 20, 2012 at 4:22 pm

    အားကျစရာပဲ
    လေးစားပါတယ်

Leave a Reply