Facebook အထူး သတိပေးကြေညာချက် (Facebok Profile view အား အသုံးမပြုရန်)

kalinkDecember 7, 20121min1092

Facebook အထူး သတိပေးကြေညာချက်
(Facebok Profile view အား အသုံးမပြုရန်)

ယခု ရက်ပိုင်းအတွင်း Facebook profile view ဆိုတဲ့ Application က ဖေ့စ်ဘွတ်မှာ အတော်ပျံ ့နှံ့နေပါတယ်။

ဘယ်သူက ကိုယ့် Facebook Profile ကိုလာကြည့်သလဲဆိုတာ ကို ထောက်လှမ်းပေးတယ်လို့ ဆိုပါတယ်။ Instagram Photos လို့ဆိုပြီး ကိုယ့် Profile ကို ဘယ်သူတွေ ကြည့်ပါကြောင်း နာမည်တွေလျှောက် ထည့်ရေးပါတယ်။ အမှားတွေ ပိုများ ပါတယ်။ ကိုယ်လည်းတစ်ခါမှ မကြည့်ရပဲ နဲ့ ကိုယ်နာမည် ပါနေတာတို့။ ကိုယ့်ကို Tag ထားတာတို့ကို မြင်ရ မှာ ဖြစ်ပါ တယ်။

ယင်း Application ကိုအသုံးပြုခြင်းရဲ ့အကျိုးဆက်ကတော့ မိမိ အကောင့်နှင့် ကိုယ်ရေးအချက်အလက်များ လျှို ့ဝှက်နံပါတ်များ အခိုးခံရရန် လွယ်ကူခြင်း ဖြစ်ပါတယ်။ App လုပ်တဲ့သူက အပျော်သဘောလား ဘာသဘောနဲ့လည်း မသိ လုပ်လိုက် ပေမယ့် ကိုယ့် အချက်အလက် အားလုံးကတော့ သူ့ server ထဲကို စီးဆင်းသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ယင်း App ကို အသုံးမပြုသင့်ပါဘူး။ ပြီးတော့ Spam တစ်ခုလိုပဲ ပျံ ့နှံ့ နေပါ တယ်။ နေရာတိုင်းမှာ Instragam Photo ဆိုတဲ့ ခေါင်းစဉ်နဲ့ လူတော်တော် များများ လက်ကမျဉ်းထားကြပါတယ်။

အားလုံးလည်းစိတ်ဝင်စားပြီး ဘယ်သူ့ကိုယ့် ဝေါလ်ကိုလာကြည့်တယ်ဆို တာကို ထောက်လှမ်းချင်နေကြပါတယ်။ အမှန်တော့ Facebook က ဒါကိုသိခွင့်မပေးပါဘူး။ Privacy ပေါ်လစီအရ ပိတ်ပင်ထားပြီး သား ဖြစ်ပါတယ်။ ယင်းနဲ့ ပက်သက်တဲ့ ဆောင်းပါးကို လည်း အောက်ပါ လခ့်မှာ ဝင်ရောက် ဖတ်ရှုနိုင်ပါတယ်။

http://blog.techspace.com.mm/2012/08/facebook-profile.html

ဒါကြောင့် Application သုံးမိသွားတဲ့သူတွေအနေနဲ့ Account Setting ဝင်၊ Application ဆိုတာကို Click နှိပ်လို့ ကိုယ်မသုံးတော့တဲ့ App မှန်သမျှ ဝင်ဖြတ်သင့်ပါတယ်။ မသုံးရသေးသူများအနေနဲ့ကတော့ ကိုယ့်ကို Tag ထားတယ်ဆိုရင် Tag ကိုပြန်ဖြုတ်သင့်ပါတယ်။ ဒါကြောင့် Facebook Profile view ဆိုတဲ့ Spam -ဖေ့စ်ဘွတ်ပေါ်မပျံ ့အောင် Techspace မှ သတိပေး လိုက် ရပါတယ်။

TechSpace Journal
Post By- မြဝတီမီဒီယာ

2 comments

  • အိုစကေဘာ .. သန်းခရုဘာ ..
    အိုက်ဒါ သုံးဒေါ့ဘူးဂျာ ..
    ဂယ်က သိလည်း သိဘာဘူး .. အဟီးးး

    ကျုပ်ကတော့ ကိုယ့်ပရော့ဖိုင်
    ဘူဝင်ကြည့်ကြည့် အေးဆေးဘဲ ….
    သို့ပေမယ့် ကိုယ်နဲ့ အရင်းနှီးဆုံး သူငယ်ချင်းတွေကို ကြည့်လို့ရတဲ့ နည်းလေးတော့
    ဖေ့စ်ဘုတ်ပေါ်ကနေ ရထားတယ်ဗျ ..
    အဲ့ဒီထဲက ကဏန်းလေးတွေနဲ့ ဖွင့်ကြည့်လိုက်တော့ ..
    ဟော … ပေါ်လာတာပဲ … (ဘာတွေဒုံးဒေါ့ သိဝူးးး) :mrgreen:

  • Mr. MarGa

    December 7, 2012 at 6:06 pm

    အင်းးးးးးးးးးး ဦးမာဃကတော့ လက်ယားနေတာ ဒါပေမယ့် သုံးတော့ပါဘူးလေ

Leave a Reply