အမွေရဖို့ ကျွန်တော် အမေရိကသွားတဲ့ ခရီး (Story-2)

အမေရိကကိုတော့ ချောချောမောမော ရောက်သွားပြီပေါ့ဗျာ..

မြန်မာပြည်မှာတုန်းက တက်သုတ်ရိုက်ပြီး စီစဉ်လိုက်ရတာနဲ့ ဒေါ်လာဝယ်ဖို့ အချိန်မရခဲ့ဘူး

ဒီမှာ သွားဖို့လာဖို့ သုံးဖို့စွဲဖို့ ယူအက်စ် ဒေါ်လာ လဲထားရအုံးမယ်..

ကဲ Exchange Counter ဘက် ခြေဦးလှည့်ကြဦးစို့…

ကောင်တာမှာ ပြောကြဆိုကြတာက ဒီလိုပါဗျာတို့

EE02ST

သူကြီးရဲ့ မန်းတလေးကျုမှာ တင်ပေးထားတဲ့ လင့်ခ်က ဒီမှာ

 

xxx—++++—xxxx……xxx—++++—xxxx

အထက်ပါ မူဗီထဲက စကားပြောထားပုံမှာ

..

Alex:             Hello. I’d like to change some money into U.S. currency, please.

ဟလို.. ကျွန်တော် ငွေနည်းနည်းလောက် အမေရိကန်ဒေါ်လာနဲ့ လဲချင်လို့ပါ။

Bank Teller:   Certainly. Do you have cash or traveler’s checks?

ရပါတယ်ရှင်။ ငွေသားနဲ့လား ခရီးသွားချက်လက်မှတ်နဲ့လား။

Alex:             Traveler’s checks. Here they are.

ခရီးသွားချက်လက်မှတ်နဲ့ပါ။ ဒီမှာပါ။

Bank Teller:   May I see your passport please?

လူကြီးမင်းရဲ့ပတ်စ်ပို့ ကြည့်ပါရစေရှင်။

Alex:             Of course.

ရတာပေါ့။

Bank Teller:   Let’s see. That adds up to $1,250.00.

ကြည့်ရအောင်။ စုစုပေါင်း ၁၂၅ဝ ဒေါ်လာပါ။

Bank Teller:   Would you like it in any special denomination?

ဘယ်လို ငွေစက္ကူအမျိုးအစား/ဘယ်လောက်တန်နဲ့ ယူချင်တာပါလဲ။ (အထူးတလည် လိုချင်တဲ့ ငွေစက္ကူအမျိုးအစား ရှိသလား)

Alex:             I beg your pardon?

ခင်ဗျာ..?

Bank Teller:   How would you like your money? In twenties, fifties, or hundred dollar bills?

ရှင့်ရဲ့ငွေကို ဘယ်လိုမျိုး လိုချင်သလဲ။ ၂ဝ တန်နဲ့လား၊ ၅ဝ တန်နဲ့လား ၁၀ဝ တန်တွေနဲ့လား။

Alex:             A hundred dollars in twenties and the rest in hundred dollar bills, please.

ဒေါ်လာတစ်ရာဖိုး ၂ဝ တန်တွေနဲ့ပေးပြီး ကျန်တာကို ရာတန်တွေနဲ့ ပေးပါဗျာ။

 xxx—++++—xxxx……xxx—++++—xxxx

နောက်ဆက်တွဲ ထပ်မံ လေ့လာရန်

..

–    I want to change some money.

ကျွန်တော် ငွေလဲချင်လို့ပါ။

–   May I have a cash card?

ကျွန်တော် ငွေလဲကဒ်ရနိုင်မလား။

–   What’s the current exchange rate? /What’s the exchange rate t0day?

လက်ရှိငွေလဲလှယ်နှုန်း ဘယ်လောက်ပါလဲ။

–  Let me check the rate for you.

ခင်ဗျားအတွက်ငွေလဲနှုန်း ကြည့်ပေးပါမယ်။

–   The exchange rate is going up.

ငွေလဲနှုန်းတတ်နေတယ်။

–   Please cash this cheque for me./Do you cash traveller’s cheques here?/

ကျေးဇူးပြုပြီး ဒီချက်လက်မှတ် ငွေလဲပေးပါ။/ ဒီမှာ ခရီးသွားချက်လက်မှတ် ငွေလဲလို့ရပါသလား။

–   Would you kindly sign the exchange form, giving your name and address?

ငွေလဲပုံစံမှာ ခင်ဗျား အမည်နဲ့လိပ်စာရေးပြီး လက်မှတ်ထိုးပေးပါခင်ဗျာ။

–   Could you take this to the cashier, please?

ငွေကိုင်စာရေးဆီ ဒါ ယူသွားပါခင်ဗျာ။

–   Sign here, please./- Could you sign right here?

ကျေးဇူးပြုပြီး ဒီနေရာမှာ လက်မှတ်ထိုးပါ။

–   I’ve got some Singapore dollars. I wonder if you could change them for ringgit.

ကျွန်တော့်မှာ စင်္ကာပူဒေါ်လာနည်းနည်းရှိတယ်။ အဲဒါကို မလေးသုံးငွေနဲ့ လဲပေးမလား။

–   Change these dollars into euros, please.

ဒီဒေါ်လာတွေကို ယူရိုနဲ့ လဲချင်ပါတယ်။

–  How do you want it?/-  Any preference?

ငွေကို ဘယ်လို လိုချင်လို့လဲ။/ ဘယ်လိုမျိုး ပိုကြိုက်လဲ။

–  Could I have it in small notes?

ငွေစက္ကူအသေးနဲ့ ရနိုင်မလား။

–   Could I have a few coins?

ကျွန်တော် အကြွေတချို့ ရနိုင်မလား။

–    I’d like to buy some foreign currency.

ကျွန်တော် နိုင်ငံခြားငွေတချို့ ဝယ်ချင်လို့ပါ။

xxx—++++—xxxx……xxx—++++—xxxx

ဗဟုသုတတိုးပွားကြပါစေ..။

13 comments

  • Mobile

    December 7, 2012 at 11:14 pm

    အင်မတန် နှစ်သက်သဘောတွေ့မိပါတယ်။ တစ်လုံးသိ နှစ်လုံးသိ လေ့လာခွင့်ရတဲ့အတွက်
    အထူးကျေးဇူးတင်ရှိပါသည်။ ဆက်လက်စောင့်မျှော်အားပေးနေမယ်ဗျို့ . . . . .

    • မင်းနန္ဓာ

      December 7, 2012 at 11:32 pm

      word တွေက အများသိပြီးသားတွေပါပဲ..
      ဒါပေမယ့် နဖူးတွေ့ ဒူးတွေ့ ပြောရမယ်ဆို ကျနော်တို့ ဘယ်က စပြောရမှန်းမသိ
      နှုတ်မရဲ ဆွံ့အ သွားတတ်ပါရောလား..
      မိုဘိုင်းပြောသလိုပါပဲ တစ်လုံးသိ၊ နှစ်လုံးသိ တခေါက်ဖတ်ဖူးတယ်ဆိုရင်ပဲ အကျိုးမနည်းလောက်ပါဘူး
      ပို့စ် တင် တင်ချင်း ပထမဆုံး ကွန်မင့်လေးအတွက်
      Thank you, အူး Mobile ရေ..

      • ရွှေ ကြည်

        December 8, 2012 at 10:39 pm

        ကိုမင်းနန်ဒါ :mrgreen:
        ပထမပို်င်းကတည်းကဖတ်ဖြစ်တယ် မမန့်အားလု့ိ ရွာထဲမဝင်ဖြစ်ပဲအပြင်ကပဲပတ်နေတာမို့
        အခုမှမန့်မယ် ကျေးဇူးတင်ပါတယ် မိရွှေကြည်လည်းအခု စကားကပြောကာနီးရင် စကားလုံးရှာမရ
        ဘယ်ကစပြောရမယ်မသိဖြစ်နေတယ်လေ ဒီပို့စ်နဲ့လိုက်ပါစီးမြောနေမှာပါ မမန့်ဖြစ်ရင်တောင်အမြဲဖတ်နေမယ်ဆိုတာလေး လာပြောတာ..။

  • မောင်ပေ

    December 8, 2012 at 11:50 am

    ဒီတစ်ခါ ပုဂံရောက်ရင်တော့ ရွာစားကောင်းမှုနဲ ့ တိုးမလေးတွေ လိုက်မန်းရမယ်ဗျို ့
    ကျေးကျေးပါ

    • Mobile

      December 8, 2012 at 10:12 pm

      အမေကျော် ဒွေးတော်လွမ်းလို့ကွယ် ကိုယ်ကျွမ်းကျွမ်းကျင်ကျင် မန်းလို့ရတဲ့
      မြန်မာမလေးတွေကို အဆင်ပြေအောင်မန်းပါ့ဦး တော်ကြာနေ တိုးမလေးတွေက
      ပုံဂံမှာ ဘုရားပေါး၏ နာဗူးများလဲရှိ၏လို့ မှတ်တမ်းတင်သွားပါ့ဦးမယ် . . . . . . .

    • မင်းနန္ဓာ

      December 8, 2012 at 10:55 pm

      အိုဗျာ ကပေ့နှယ်
      တိုးမလေးတွေ မန်းချင်တာများ ပုဂံရောက်အောင် စောင့်နေအုံးမလား
      နီးနီးနားနား မန်းတောင်ပေါ်သာ သွားလိုက်စမ်းဘာ
      သါွးလိုက်စမ်းဘာ.. :hee:

  • ko ဝီစကီ

    December 8, 2012 at 12:40 pm

    ကျေးဇူးပါဗျာ နောက်လဲစောင့်မျော်ဖတ်ရူ့ပါ့မယ် …

  • မင်းနန္ဓာ

    December 8, 2012 at 11:11 pm

    လိုက်ပါစီးမျော စောင့်မျှော်အားပေးကြမယ့်
    ရွှေကြည်.. ကို ဝီစကီတို့ရေ..
    လေ့လာဖော်တွေ ရှိတော့ တင်ရကျိုးနပ်ပါတယ်ဗျာ

  • jullies cezer

    December 9, 2012 at 7:23 pm

    ဒါဆိုအမွေရဖို့ဆက်စောင့်ရအုံးမှာပေ့ါနော် အပိုင်း(၂)တော့ရှိလာပြီ
    အမွေမရသေးဘူးဆိုတော့ ………….

  • အရီးခင်လတ်

    December 9, 2012 at 11:16 pm

    သူကြီး ဆီက အမွေအတွက် မဟုတ်ဘဲ
    အိုဘားမား ရဲ့ ဖိတ်ခေါ်မှုကြောင့် တကယ်ဘဲ သွားရတော့မယ်လို့ မှန်းပါတယ်။
    မှန်းတာမှန်ပါစေလို့ လဲ ဆုတောင်းပါတယ်။
    :hee:

  • မင်းနန္ဓာ

    December 10, 2012 at 12:05 pm

    Jullies ရေ
    သင်ခန်းစာ စုစုပေါင်း အပိုင်း ၃ဝ ထိရှိမှာပါ။ အမွေက နောက်ဆုံးပိုင်းနားကျမှ ရမှာ.. ဟဲ ဟဲ
    ..
    အရီးရေ
    ရွှေပါးစပ် ငွေပါးစပ်.. ပလက်တီနမ်ပါးစပ်ကလေး.. ဆုတောင်းလေး ပြည့်ပါစေ ဟိ ဟိ။
    ဒါပေမယ့် အဲဒီလောက် အထင်ကြီးမထားပါနဲ့လားခင်ဗျာ။

  • kai

    December 10, 2012 at 3:11 pm

    ပို့စ်ထဲ..Edit > html ပြောင်း.. အဲဒီ ထဲမှာ.. မူရင်း MandalayTube.com က..ဗီဒီယိုရဲ့.. Share > Embed code က..Code ကိုကူးထည့်ရင်… ဗီဒီယိုကို.. ပို့စ်ထဲဒါရိုက်မြင်ရမယ်ထင်ပါတယ်..
    အခုလောလောဆယ်.. ဒီပို့စ်မှာ.. လုပ်ပေးထားပါကြောင်း…

  • kai

    December 10, 2012 at 3:17 pm

    ကျန်ခဲ့လို့..
    ယူအက်စ်လာရင်.. ၁၀ဝတန်တွေ..တတ်နိုင်သလောက်များများ..မယူလာပါနဲ့.. မလဲပါနဲ့..။
    အဆင်မပြေပါ..။
    တချို့ဆိုင်တွေ..၁၀ဝတန်ဆို.. ငွေအမ်းဖို့အခက်အခဲရှိပါတယ်..
    လုခံရဖို့.. အခြေအနေရှိပါတယ်..။
    လမ်းမှာ..ရှော့ပင်းမောတွေမှာရှိနေတဲ့.. အမေရိကန်တော်တော်များများ.. လူ၁၀ဝမှာ.. ၉၅အဲ..၉၉ ရာခိုင်နှုန်းလောက်.. ၁၀ဝတန်ကို ပိုက်ဆံအိပ်ထဲ.. ထည့်ထားတယ်လို့.. မထင်ပါ..။

    ၂ဝတန်များသာ.. ယူလာပါရန်..။

Leave a Reply