ဘကြီးပြောပြသောရုပ်လက္ခဏာနှင့် သိကောင်းစရာများ အပိုင်း- (၁၁/၁၂/၁၃)ဇတ်သိမ်း

aye.kkDecember 7, 20121min18618

၁၁။ နှုတ်ခမ်းသားတို ့မထူပါဘဲ ပိရိပြီး ၊ လက်ဖဝါးလက်ချောင်း လက်မနှင့်လက်ညိုးကြား ထောင့်မှန်ကွာဟမှုရှိလာပါက နှုတ်လုံသူ။(ယောက်ျားလေးများအတွက်သာ)
၁၂။ အောက်နှုတ်သားခမ်းထူပြီး တွဲပါက စကားအရာတွင် လိမ်လည်လှည့်ဖြားတတ်ပြီး လွန်စွာမြှာပွေသည့်သူ။(ယောက်ျားလေးများအတွက်သာ)
၁၃။ မျက်လုံးအိမ်၏ထောင့်စွန်းနှစ်ဖက်၌ ငါးကြင်းမြီးကွက် တွေ ့ရှိရပါက တိတ်တိတ်ပုန်းမြှာပွေလွန်းသည့်သူ။(ယောက်ျားလေးများအတွက်သာ)

အမှတ်စဉ်(၁၁)ဖော်ပြပါ ။ ယောက်ျားလေးများ နှုတ်ခမ်းပိရိပြီး ။ လက်ဖဝါးလက်ချောင်းမှာ လက်မနှင့်လက်ညိုးတို ့အကြား ။ ထောင့်မှန်ကွာဟနေသည့် အနေအထား ။ အကွာအဝေးအား ။ မြင်တွေ ့ရပါက ။
နှုတ်လုံ၍ ကောင်းမှု မကောင်းမှုအရာကိစ္စများတို ့တွင်လျို ့ဝှက်ဖုံးကွယ်ထားနိုင်သည့်သူများဖြစ်ကြောင်း ပြောပြပါတယ်။
ထိုကဲ့သို ့နှုတ်ခမ်းပိရိကာ နှုတ်လုံသူဟု ဆိုရာတွင် ။ အကောင်းအဆိုး နှင့်ပတ်သက်သည့် စကားမှန်သမျှ မသိစေချင်သည့်
အကြောင်းအရာများတို ့အား လျို ့ဝှက်ဖုံးကွယ်ထား ပေးနိုင်သည့်သူများ ဖြစ်သည့်အပြင် ထိုသူ၏ လက်ဖဝါးလက်ချောင်းများမှ လက်ညိုးနှင့်လက်မတို ့အကြား၌ အကွာအဝေး ကွာဟမှုမှာ ထောင့်မှန်တည့်မတ်လျှက် ဖြစ်ပေါ်နေသည်ကို် မြင်တွေ ့နေရပါမူ
မကောင်းမှုအရာတို ့တွင်လည်းကောင်း ။ မသိစေချင်သည့် အကြောင်းအရာများတို ့အပေါ်တွင် လည်းကောင်း သစ္စာစောင့်သိ၍
လျို ့ဝှက်ဖုံးကွယ် ထားရှိနိုင်သည့် သူများသာလျှင် ဖြစ်ကြောင်း ဘကြီးပြောပြသဖြင့် သိရှိမှတ်သားခဲ့ရဘူးပါတယ်။

ကျမနားလည် သိတတ်ခါစ အရွယ်မှစ၍ ။ ကျမကြီးပျင်းလာသည့် အရွယ်အထိပင် ။ ရုပ်လက္ခာ နှင့် သိကောင်းစရာများ
အကြောင်းအရာတို ့အားသေသေချာချာ ရှင်းပြပြောဆိုခဲ့သဖြင့် ။ ယနေ ့အချိန်ထိပင် မိမိကိုယ်တိုင် လေ့လာသိရှိ တွေ ့ကြုံဆုံဘူးခဲ့ရသော
အနှီရုပ်လက္ခဏာ ပါရှိသူတို ့နှင့် ကြုံတွေ ့ဆက်ဆံရာတွင် ကျမအတွက် အကျိုးရှိခါ အသုံးဝင်လှပြီး ။
မှန်ကန်မှုရှိနေခဲ့သည်ကိုလည်း သိရှိခဲ့ရပြီး ဖြစ်ပါတယ်။

အမှတ်စဉ်(၁၁)ဖော်ပြပါ ရုပ်လက္ခဏာ ပါရှိလာသူ ။ ဆွေမျိုးလည်း မကင်းသည့် ကျမ၏ အစ်ကိုတော်စပ်သူ တစ်ယောက် အကြောင်းပင် ဖြစ်ပါသည်။ သူကတော့ သူ၏နှုတ်ခမ်းသားမှာ အလွန်ပိရိပါသည် ။ ပါးစပ်စေ့ထားပါက အပေါ်နှုတ်ခမ်းသားနှင့် အောက်နှုတ်ခမ်းသား နှစ်ခုတို ့မှာ လွန်စွာမှပင် နှုတ်ခမ်း အနားသတ်တို ့ လှပပြီး တင်းတင်းစေ့စေ့ရှိနေမှု တွေ ့ရှိရပါတယ် ။ သူကဆွေမျိုးတို ့အကြား၌ ဂုဏ်ဖော်ပြောပြ၍ မရနိူင်သည့် ကိစ္စတစ်ခုအား နှစ်ပေါင်းများစွာ ကြာမြင့်လျှက် ယခုအချိန်အထိပင် ထုတ်ဖော်၍ မပြောပြခဲ့ပါ ။ လွန်စွာနှုတ်လုံ လွန်းလှပါတယ် ။

ကျမသည် ဆွေမျိုးတို ့အကြောင်းအား စေ့စေ့ငုငု မသိရှိထားပါ ။ ဆွေမျိုးမကင်းသည့် အစ်ကိုတော်စပ်သူက မပြောပြခဲ့သဖြင့်လည်း သူတို ့မိသားစု အကြောင်းရင်း အမှန်အား မသိရှိခဲ့ပါ။ ဟိုတစ်လောတုံးကတော့ ။ ဆွေမျိုးမကင်းသည့် အစ်ကိုတော်စပ်သူ၏ ညီမအရင်း ကျမထံရောက်ရှိ အလည်လာခဲ့ပါတယ် ။ နှစ်ယောက်သား ရှေးဟောင်းနှောင်းဖြစ် စကားစပ်ရင်း ပြောဆိုမိကြရင်းက ။
ဆွေမျိုးဂုဏ်ကြီးမားလွန်းနေသည်ကို ကျမက အံ့ဩလွန်းစွာမက သိရှိမိ လိုက်ရပါတယ် ။ အစ်ကိုတော်စပ်သူညီမကလည်း အကြောင်းအရာတစ်ခုအား ပြောဆိုမိလျှက် ဖြစ်သွားကြရာမှ ။ ဂုဏ်ဖော်ချင်မိလျှက်သား ဖြစ်ခါ ။
နှုတ်မှပြောပြချင်ဇောဖြင့် လွှတ်ကနဲ ထွက်သွားမိခြင်းဖြစ်ပါတယ် ။

ကျမမှလည်း ။ အော်…ငါတို ့တစ်သက်တာ ကာလပတ်လုံး ။ ခင်ခင်မင်ရင်းရင်းနှီးနှီး နေလာ လိုက်ကြတာ ။ တကယ်ဆို
နင်နဲ ့ငါက သူငယ်ချင်းဖြစ်နေတဲ့အပြင် ။ ဒီအကြောင်းရာကို လျို ့ဝှက်ဖုံးကွယ်ထားနိုင်ခဲ့တာ ငါက….အရမ်းအံ့ဩမိလှပါတယ်ဟု ။
ကျမမှပြောလိုက်လျှင် သူကလည်းလွှတ်ကနဲ မဆင်ခြင်ပြောပြ လိုက်မိသဖြင့် ။ အယ်….ငါလည်း နင့်ကိုနှုတ်ကနေ လွှတ်ကနဲ ထွက်သွားမိတယ်ဟု ဆိုပြီး ။ ကျမကိုပြန်လည် ပြောဆိုပါတယ် ။ ကျမအနေဖြင့်က ဂုဏ်ယူစရာ ကိစ္စဖြစ်နေသည်မှာ မှန်သော်လည်း ။

အစ်ကိုတော်စပ်သူဘက်မှ လူမျိုးရေးကိစ္စ အနေဖြစ်ကြည့်လျှင် လွန်စွာသိရှိရန် မကောင်းသောကိစ္စဟု သိထားခံယူထားကြသော အကြောင်းအရာများ ဖြစ်နေကြသည့်အတွက် ပြောမပြခဲ့ခြင်း ဖြစ်ပါတယ်။ ဆွေမျိုးတော်စပ်သူ အစ်ကိုမိသားစုတို ့က တသက်တာလုံး ယခုအချိန်ထိပင် ။ မသက်ဆိုင်သည့် သူများအား မသိရှိနိုင်စေရန် နှုတ်ဂတိအစဉ်အဆက် ထားရှိခဲ့ကြတာ ဖြစ်ပါတယ် ။
ကျမကတော့ အမှန်ကိုသိလိုက်ရသဖြင့် ။ အမှန်ကိုမြတ်နိုးသဖြင့် ။ ထိုအမှန်တစ်ရားကို လက်ခံမြတ်နိုးထားနိုင် ပါသော်လည်း ။ ဆွေမျိုးတော်စပ်သူ အစ်ကိုမိသားစုတို ့ဘက်မှကြည့်ပြန်လျှင်လည်း လူမျိုးရေးနှင့်ကြည့်ပြန်ပါက ပြောပြရန် မသင့်တော်လှသောကိစ္စ အနေဖြင့်ရှုမြင် ကြသဖြင့် အမြင်မတူကွဲပြား ခြားနားမှု ရှိခဲ့ပါတယ် ။

ဆွေမျိုးတော်စပ်သူ အစ်ကိုက သူ ့မိသားစုနှင့် အတူမနေတာ ကြာပြီး ။ ကျမတို ့မိဘအိမ်တွင် နေထိုင်နေသည့်သူ ဖြစ်ပါတယ် ။ အခုချိန်ထိ ဆွေမျိုးတော်စပ်နေသည့် အစ်ကိုဖြစ်ယုံမျှမက ကျမတို ့ မိသားစုနှင့် လာရောက်ပေါင်းစည်း
နေထိုင်နေသည့်တိုင်အောင် ။ အကြောင်းအရင်းမှန် ဖြစ်သည့် ကိစ္စတစ်ခု အားလျို ့ဝှက်ထားနိုင်မှု တွေ ့ရှိခဲ့ရပါတယ် ။
နှုတ်ခမ်းပိရိခြင်းဟာ နှုတ်လုံသူတွေ ဖြစ်တယ် ဆိုတာ ကျမလက်ခံနိုင်ခဲ့ပါတယ် ။

အမှတ်စဉ်(၁၂)ပါ ။ ယောက်ျားလေးများ(အတွက်သာ) ။
ယောက်ျားသားများ အောက်နှုတ်ခမ်းသားထူပြီး တွဲပါက စကားအရာ မတည်ကြည်ပါ ။ သူတို ့ရဲ ့ဘဝ တသက်တာပတ်လုံးလည်း မိန်းမများကို မြင်မြင်ရာ တွေ ့သမျှ ။ သဘောကျတတ်ပြီး ။ စကားအရာ လိမ်လည်လှည့်ဖျားခါ မြှာပွေမှု ရှိ်တာ တွေ ့မြင်ရပါတယ် ။ ထိုသူတို ့ရဲ ့နှလုံးလမ်းကြောင်း(ဝါ)တဏှာပေမ လမ်းကြောင်း အဆုံးမှာလည်း များသောအားဖြင့် ပန်းပွားများနှင့်သာ အဆုံးသတ်တာ တွေ ့ရပါတယ် ။ တစ်ခါက ကျမခင်ပွန်းဖြစ်သူ ရဲ ့တပည့်အဖြစ် လက်ခံဘူးတဲ့ထဲမှာ ထိုရုပ်လက္ခဏာ ပါရှိတဲ့သူတွေ ့မြင်ရပါတယ် ။
ကျမက…ခင်ပွန်းဖြစ်သူကို ။ ထိုသူ၏အကျင့်စရိုက် လက္ခာမှာ အောက်နှုတ်ခမ်းသား ထူပြီးတွဲနေတာ မြင်သဖြင့် သတိထားရန်
ပြောပြထားပါတယ် ။ ထိုသူက ထိုအကျင့်များရှိနေသည် ကို ခင်ပွန်းသည်က မြင်တွေ ့ပြီး မှန်ကန်မှုရှိတာ ကျမအား ပြန်ပြောပြခဲ့ပါတယ်။ အင်မတန်ဆိုးရွားတဲ့ အကျင့်စရိုက်ရှိသူများ ဖြစ်ကြောင်းပြောပြ လိုပါတယ် ။

ကျမအနေက ဝန်ထမ်းလခစား တစ်ဦးဖြစ်ပြီး အိမ်ထောင်မကျမှီ ကာလက ။ အလုပ်ခွင်ထဲ မိမိအားပိုးပန်းသူ အချို ့ရှိခဲ့ပါတယ် ။ ထိုရုပ်လက္ခဏာ ပါရှိလာသူ များလည်းရှိတဲ့အတွက် ကျမကသတိထားပါတယ် ။ ကျမရဲ ့မျက်နှာထား တင်းမှုကြောင့် အနားမကပ်ရဲကြပါဘူး ။ တစ်ရက်တော့ ကျမကို ။ ထိုရုပ်လက္ခာရှိသူက ရုပ်လက္ခဏာ ကြည့်ခိုင်းပါတယ် ။ ကျမလက္ခဏာ အနည်းအကျဉ်းကြည့်တတ်တာ ကြည့်ပေးတာ သူတို ့သိမြင်နေတော့ အကြောင်းရှာပြီး လက္ခဏာ ကြည့်ခိုင်းခဲ့ပါတယ် ။ ထိုကြည့်ခိုင်းတဲ့သူက အောက်နှုတ်ခမ်းထူတာ တွေ ့မြင်ရပါတယ် ။
သူ ့လက်ဖဝါးပြင်ကို ကြည့်ပြန်တော့ နှလုံးလမ်းကြောင်း အဆုံးမှာပန်းပွားတွေ ့ရတဲ့အပြင် ။ မထင်မရှား ဖြတ်လမ်းအတို
အသေးအမွား တို ့ရှိနေပါတယ် ။

ကျမက သူ ့အားမြင်မြင်ရာ ပလူး ။ နှာဘူးထတဲ့သူ ။ တွေ ့ကရာနဲ ့နှစ်ပါးသွား ။ တစ်ခြုံကွယ် တစ်မယ်မေ့တဲ့သူ လို ့ပြောတော့ ။
ကျမကို အစ်မရေ နောက်အခါဆို ကျနော့လက်ဖဝါးကို ဘယ်သူ ့ကိုမှ မကြည့်ခိုင်းတော့ပါဘူး ။ အစ်မပြောတာတွေက သွေးထွက်အောင်မှန်ပါတယ် ။ အမှန်တွေပေါ်ကုန်လို ့အစ်မကို ကျနော်ရှက်မိပါတယ် ။ အစ်မပညာကိုလည်း လေးစားမိပါတယ် ။ အစ်မသိအောင် ပြောပြချင်တာက ကျနော်က ရထားပေါ်မှာ လုပ်စားနေတဲ့သူဆိုတော့ တွေ ့မရှောင်နိုင် ဖြစ်ခဲ့ပါတယ် ။ ဝါသနာကလည်း ပါတယ်ဆိုပြီး ပြောပါတယ် ။ ကျမကတော့ ရောဂါရပြီး လက်ပရိုစီ ဖြစ်မယ်နော် လို ့ ။ သူ ့အား သတိပေး ပြောကြားလိုက်ရပါတယ် ။
အစ်မက ဒီလောက်မှန်အောင် ကြည့်တတ်တာ ။ အစ်မယူမယ့်သူက ဘယ်လိုလူမျိုး ဖြစ်မယ်ဆိုတာ ကျနော်အနေနဲ ့က အထူးပြောစရာ မရှိတော့ပါဘူး ဆိုပြီး ။ ကျမကို ပြန်ပြောခဲ့ပါတယ် ။
ဒါဟာ ယောက်ျားလေးများ အောက်နှုတ်ခမ်းထူပြီး တွဲတဲ့ အကျိုးအပြစ်ပါဘဲ ။

အမှတ်စဉ်(၁၃)ပါ။ ယောက်ျားလေးများ၏ မျက်လုံးအိမ်အစွန်းနှစ်ဖက်တွင် ငါးကြင်းမြီးကွက် အမြီးဖျားနှစ်ခွဖြစ်ပေါ်နေသည့် အရေးအကြောင်း နှစ်ခုမြင်နေရပါက ။ ထိုသူမှာ လက်ရှိမယား နောက်ကွယ်၌ တိတ်တိတ်ပုန်း အမြှောင် ထားတတ်သူများ ဖြစ်ကြောင်း ။
ဘကြီးပြောပြထားလို ့သိရှိရပါတယ် ။ ထိုသူများကိုလည်းရှောင်ကြဉ်နိုင်ရန် ပြောဆိုဆုံးမခဲ့ပါတယ် ။
ထိုရုပ်လက္ခာရှင်တွေက များသောအားဖြင့် အသားနီစပ်ကြပါတယ် ။ အသားညိုသူဖြစ်လည်း နီစပ်မှုများဖြစ်နေသည့်အတွက် ညိုမောင်းတဲ့အရောင်မှာ နီစပ်နေတဲ့အရောင်ကြောင့် ကြည့်ရတာအမြင်မှာ ကွဲပြားမှုရှိနေတာကို တွေ ့ရတတ်ပါတယ် ။
ကျမတွေ ့ဘူးတဲ့ ထိုရုပ်လက္ခာရှင်ရဲ ့ အကြောင်းပြောပြချင်ပါတယ် ။ ထိူသူက အသားဖြူတော့ အသားနီစပ်မှု ကထင်သာပါတယ် ။ သူ ့မျက်လုံးအိမ်ရဲ ့ထောင့်စွန်းနှစ်ဖက်မှာ ငါးကြင်းမြီးကွက်ပမာ(ထင်ရှားနေတဲ့အရေးအကြောင်း)ပါရှိနေတာ တွေ ့မြင်ရပါတယ် ။
သူငယ်ချင်းက ထိုသူနဲ ့ရည်ငံနေတော့ ။ ကျမက သူငယ်ချင်းဖြစ်သူကို အသည်းအသန်တားမြစ်ခဲ့ပါတယ် ။ နင်ယူပြီးရင် ဒူးနဲ ့မျက်ရည်သုတ်ရမှာ အမှန်ပါဘဲ လို ့စေတနာနဲ ့ပြောကြားပြမိခဲ့ပါတယ် ။

သူကလုံးဝမယုံပါဘူး ။ ထိုသူကအင်မတန်ပိရိပါတယ် ။ မိ်န်းမတွေရဲ ့ကျမ်း အကြေလွန်တဲ့သူလို ့ဆိုရမှာပါဘဲ ။
ကျမကိုလည်း လန် ့နေပါတယ် ။ သူလာရင် ကျမက မျက်နှာသာမပေးလို ့ပါ။ သူငယ်ချင်းကို အပြင်ခေါ်ထုတ်ဖို ့ကြိမ်ဖန်များစွာ ကြိုးစားနေတာ ။ ကျမကတားမြစ်တော့ ။သူ ့အတွက်က စိတ်အနှောင့်အယှက် အတော်ကြီးမားခဲ့ပါတယ်။ တစ်ရက်မှာ သူငယ်ချင်းက ကျမစကားကို နားမထောင်ပါဘဲ ထိုသူခေါ်ရာနောက်ကို သွားတွေ ့ပါတယ် ။
မကြာပါဘူး သူငယ်ချင်းမှာ ကိုယ်ဝန်ရှိလာပါတယ် ။ ကျမ ထင်တဲ့အတိုင်းပါဘဲ ။

သူငယ်ချင်းက ကိုယ်ဝန်ရှိလာတော့ သူ ့မှာ တရားဝင်မိဘတွေ ပေးစားထိန်းမြားသူ ရှိနေပြီး ။ မယူနိုင်တဲ့အကြောင်းကို ငြင်းခဲ့ပါတယ်။ သူငယ်ချင်းကိုတော့ သူရဲ ့မူရင်းမှတ်ပုံတင်ပါ အကြောင်းအရာများက အစလိမ်လည်ထားကာ ချည်းကပ်ခဲ့ခြင်းဖြစ်ပါတယ် ။ သူငယ်ချင်းက အမှန်တကယ် ထင်ခဲ့ခြင်းအတွက် ဒုက္ခရောက်ပြီး ရေတိမ်နစ်ခဲ့ရပါတယ်။
ထုံးစံအတိုင်း ကျမကသူငယ်ချင်းဘက်မှ မခံမရပ်နိုင် ဖြစ်ခဲ့တော့ ။ တရားဝင် လမ်းကြောင်း အတိုင်းဖြေရှင်းခဲ့ကြရပြီး ။ လင်ကောင်ပေါ်အောင်ပြုလုပ်ပြီး ။

ထိုကလေးကိ်ု သူငယ်ချင်းက မွေးခဲ့ရပါတယ် ။ ထိုပေါင်းနေစဉ် အတွင်းမှာလည်း ။ နေ ့စဉ်အမျှ
ဒူးနဲ ့မျက်ရည်သုတ် အဖော်လုပ်နေခဲ့ရတဲ့ သူငယ်ချင်းကို ကျမအနေနဲ ့ ကရုဏာသက်ခဲ့ရပါတယ် ။
သူငယ်ချင်းက နောက်ပိုင်းမှာလည်း ။ ထိုသူက အငြိမ်မနေ ။ အိမ်ထောင်ရေးရှုတ်ထွေး ဖောက်ပြန်မှုများကြောင့်
ပြန်လည်ကွာရှင်းခဲ့ကြပြီး ။ သူငယ်ချင်းကတော့ ကလေးတစ်ကောင်နဲ ့သာ အဖတ်တင် ။ ကျန်ရစ်ခဲ့ရပါတယ် ။။
ရုပ်လက္ခာပါအရ ဗဟုသုတ အမြင် ။ သိရှိထားနိုင်ကြပါရန် ။ စေတနာဖြင့် ရေးသားမျှဝေရခြင်း
သာလျှင် ဖြစ်ပါတယ် ။။

18 comments

  • aye.kk

    December 7, 2012 at 4:09 pm

    ဇတ်သိမ်းပိုင်းအားတင်ပေးလိုပ်ပါတယ်။

  • အန်တီ .. အန်တီ …
    ဒီရွာထဲက မောင်ပေ ဆိုတဲ့လူက
    နံပါတ် ၁၂ ထဲမှာ အကျုံးဝင်သလားဟင်င်င် .. :mrgreen:

    ကျနော့်ရဲ့ ရောင်းရင်းကြီးကို နောက်ပြောင်ခဲ့ပြီး …
    အန်တီ ရေးပြထားတဲ့ အချက်တွေကို ဖတ်မှတ်သွားပါတယ် ခင်ဗျာ …

    • မောင်ပေ

      December 9, 2012 at 1:24 pm

      ဘာလဲ ညီမပေးချင်စိတ်ရှိနေလို ့
      အတိအကျ သိချင်တယ် ဆိုပါတော့လေ
      ဟဲဟဲ

  • aye.kk

    December 7, 2012 at 5:14 pm

    မဟာရာဇာ အံစာတုံး
    ပထမဆုံးဝင်ရောက်ဖတ်ရှုအားပေးသွားတဲ့အတွက်
    ကျေးဇူးတင်ဝမ်းသာမိရပါတယ်။။

  • Mobile

    December 8, 2012 at 1:29 am

    ဖတ်ရှု့အားပေးသွားပါတယ်ဗျာ။

    • aye.kk

      December 9, 2012 at 4:41 am

      မိုဘိုင်း
      ကျေးဇူးပါ။

  • ဦးကြောင်ကြီး

    December 8, 2012 at 12:52 pm

    ဇာတ်သိမ်း
    နတ်ယိမ်း
    တက်ခြိမ်
    ဓာတ်ဟိန်း
    ဆက်မှိန်း
    လာဘ်စိမ်း
    မက်ရှိန်း
    သက်ကိန်း..။

    • aye.kk

      December 9, 2012 at 4:48 am

      ကြောင်ကြီး
      ကျိုးတွက်
      ဖြစ်ပျက်
      ချင်လျက်
      ဇတ်ထွက်
      နောက်ဆက်။

    • aye.kk

      December 9, 2012 at 4:52 am

      ကိုပေါက်
      လေချွန်နှုတ်ခမ်းကရုပ်လက္ခာအရ(ဝါ)ပညတ်သဘောအရမီးပြောင်းပုံနှုတ်ခမ်းဆိုပါတယ်။
      ထိုလက္ခာပါရှိလာသူများကတော့စွာတဲ့အပြင်။မုဆိုးဖို၊မုဆိုးမဖြစ်ကြတဲ့ဇာတာရှင်များပါဘဲ။

  • pooch

    December 8, 2012 at 2:34 pm

    ဟုတ်ကဲ့ အန်တီအေး မှတ်ထားပါ့မယ်။

    နောက် အဲ့ဒီလို မျက်လုံးထောင့်စွန်းမှာ ငါးကြင်းမြီးကွက် ရှိသူကို မြင်ဖူးပါတယ်။ ကျောင်းနေဘက်သူငယ်ချင်း ယောက်ျားလေးရဲ့ အဖေပါ။ အလွန်ပွေပါတယ်။ အိမ်ထောင်အများကြီး ရှိပါတယ်။ တရားဝင်ရော မဝင်ရောပါ။ ပြီးခဲ့တဲ့ အပတ်ကမှ အသဲနဲ့ ဆုံးသွားရှာပါတယ်။

    နောက်ဆုံးရောဂါ သဲတော့ မယားကြီး အိမ်မှာပဲ ခေါင်းချသွားရှာပါတယ်။ လူမှုရေးအရှုပ်မှာ နာမည်အလွန်ကြီးပါတယ်။

    စကားမစပ်ပါ အန်တီအေး ရေ ။ အဲ့ဒီဖက်မှာ ရှမ်းရှေ့၊ တောင်၊နောက်၊မြောက် ရှမ်း ၄ ရှမ်း ဆုံတဲ့ ပွဲတော်ရှိတယ်လို့ ကြားပါတယ်။
    ၁၂ ၊ ၁၃၊ ၁၄ ရက်တွေမှာတဲ့ ။ အန်တီအေး သွားဖြစ်ရင် ပုံလေးတွေ တင်ပါအုန်းနော်။

  • aye.kk

    December 9, 2012 at 4:59 am

    pooch
    post ကိုဖတ်ရှုအားပေးပြီး၊ထင်မြင်ချက်လေးအားဖြည့်သွားတဲ့အတွက်
    ကျေးဇူးတင်ဝမ်းသာရမိပါတယ်။
    ပုချ်ပြောပြတဲ့၊ရှမ်းလေးရှမ်းပွဲတော်သွားဖြစ်ရင်ပုံတင်ပေးလိုက်ပါ့မယ်နော်။။

  • မောင်ပေ

    December 9, 2012 at 1:23 pm

    ဒေါ်လေးကေရေ
    အခုခေတ်လူငယ်တွေ ကြားဖို ့မလွယ်တဲ့ အကြောင်းတွေပေါ့ဗျာ
    အားမှ ဒေါ်လေးကေ ရဲ ့အခုပို ့စ် အစအဆုံးကို ဒေါ်လေးကေ နာမည်နဲ ့ ဖေ့ဘုတ်မှာ ရှဲဦးမယ်ဗျာ

  • aye.kk

    December 10, 2012 at 3:45 pm

    မောင်ပေ
    ကွန်မန်းအတွက်ဝမ်းသာမိရပါတယ်။
    ခွင့်ပြုပါတယ်နော်။။

  • Hnin Hnin

    December 10, 2012 at 4:20 pm

    တီကေ..ရေးထားတဲ့အတိုင်း အမှတ်စဉ်(၁၁) တီကေ့အစ်ကို နှုတ်ခမ်းပုံကို ဖတ်ပြီးတာနဲ့တန်းပြီး
    007 မင်းသားကြီး Sean Connery ကိုပြေးမြင်မိတာပါပဲ..
    သူ့နှုတ်ခမ်းတွေက ပါးလွှာ၊ပိရိ၊လှပပြီး တင်းတင်းစေ့ထားသလိုပါပဲ..
    ပါးစပ်စေ့ပြုံးလိုက်ရင်လည်း လှပြီး နှစ်လိုဖွယ်ရာရှိတယ်…
    စော်ကြည်တဲ့ နှုတ်ခမ်းလို့လည်း ထင်မိပါတယ်…. 🙂

  • aye.kk

    December 10, 2012 at 4:44 pm

    နှင်းနှင်းရေ
    မှန်ပါတယ်နှစ်မျိုးစလုံးပါဘဲကွယ်။။

  • aye.kk

    March 4, 2013 at 11:14 pm

    နှင်းနှင်းရေ
    တီအေးပြောဘို ့တစ်ခုကျန်နေခဲ့တယ်။
    နှုတ်ခမ်းပါးကမုသားမပါလင်္ကာမချောတဲ့ကွယ်။။

Leave a Reply