ဘယ်တော့မှ မမေ့နိုင်ခဲ့ပါဘူး…၈၈ တုန်းက ရှမ်းပြည်နယ်မြောက်ပိုင်းက နယ်မြို့လေးတမြို့မှာပေါ့…အဖေရယ်..အမေရယ်…၁၂ နှစ်အရွယ် အကိုရယ်…၁၀နှစ်အရွယ်ကျွန်တော်ရယ်….မိသားစု လေးယောက်နေထိုင်ခဲ့ကြပါတယ်… ၈၈ အရေးအခင်းကြီးဖြစ်ပါရော…မိသားစု အားလုံးပျော်ပျော်ပါးပါး ဆန္ဒပြခဲ့ကြပါတယ်…မနက်ဆို အမေကထမင်းဟင်းချက်…ပြီးတော့ အကုန်လုံးထွက်ပြီး ဆန္ဒပြ…နေ့လည် တရားဟောကြတာတွေ နားထောင်..တကယ် ပျော်စရာကြီးပေါ့…အဲဒီနေ

ာက် စစ်တပ်က အာဏာသိမ်းပြီးရော…အခြေအနေတွေက ပြောင်းပြန် ဖြစ်ကုန်တော့တာပဲ…အဖေကော အမေကော အဖမ်းခံရ…ညီအကို နှစ်ယောက် ဆွေမရှိ မျိုးမရှိ တဲ့ အရပ်မှာ တယောက်လည်ပင်းတယောက် ဖက်ပြီး အားပေး..ကိုယ့်ထမင်းအိုးလေး ကိုယ်တည်…တိုဟူးသုတ်လေး တကျပ်ဖိုး…အစုံသုတ်လေး တကျပ်ဖိုးနဲ့ ထမင်းဟင်းဆိုတာတွေကို ကျော်ဖြတ်ခဲ့ရတယ်…ဘယ်တော့ လွတ်မယ်ဆိုတာ မသိတဲ့ အဖေနဲ့ အမေကို ညီအကို နှစ်ယောက် သွား သွားတွေ့ခဲ့ရတယ်…ညတိုင်း ညတိုင်း ၂နာရီ..၃နာရီဆို စစ်ကားတွေ ရဲကားတွေ အများကြီး အိမ်ကို ၀ိုင်းပြီး တစမကျန် မြေလှန်ရှာခံခဲ့ရတယ်…ညရောက်ပြီဆို အဝေးကမောင်းလာတဲ့ ကားသံတွေ ကိုယ့်အိမ်ရှေ့လာရပ်တော့မှာလား…တခါးလာခေါက်တော့မှာလား..နားစွင့်ရင်းအိပ်ခဲ့ရတဲ့ ရက်တွေလဲ ဆက်တိုက်ဆိုသလိုကြုံတွေ့ခဲ့ရတယ်…အားပေးကူညီ ခဲ့ကြတဲ့ ဆွေမျိုးဆိုတာတွေထက် ကောင်းတဲ့ သူတွေကိုလဲ တွေ့ခဲ့ရပါတယ်…မိတ်ဆွေကောင်းလို့ထင်ခဲ့ပြီး ဒုက္ခရောက်တဲ့ အချိန် ဟားတိုက်ရီမောခဲ့ကြတဲ့ သူတွေကိုလဲ တွေ့ခဲ့ရပါတယ်…
ဘယ်လိုပဲဖြစ်ဖြစ်ပါ…ဘယ်တော့မှလဲ မမေ့နိုင်တဲ့ အဖြစ်အပျက်လေးတွေပေါ့…ကိုယ်တယောက်ထဲတင်မကပါဘူး…မြန်မာပြည်ထဲမှာလဲ ကိုယ့်လိုပဲ ခံစားခဲ့ရတဲ့သူတွေ ရေတွက်လို့တောင် ရမယ် မထင်ပါဘူး…ဒါကြောင့် ခေတ်ဆိုး စနစ်ဆိုး ဆိုတာ တကယ်ကျရောက်လာပြီဆို ငါနဲ့မဆိုင်ဘူး…ခပ်ကင်းကင်းနေမယ်ဆိုပြီး ရှောင်လို့ လုံးဝမရဘူး…ဘယ်လိုပဲ ရှောင်ရှောင် တနေ့ ခေတ်ဆိုး စနစ်ဆိုးရဲ့ ရိုက်ခတ်မှုကို အဲ့ဒီ လူတွေအားလုံး မလွဲမသွေ တွေ့ကြုံရမှာဘဲ ဆိုပြီး အမေစု ပြောခဲ့တာ တကယ့်လက်တွေ့ အမှန်တရားတခုပါဘဲ…အားလုံးသော မိတ်ဆွေများလဲ မတရားမှုတွေအတွက်၊ အမှန်တရားအတွက် သဲတဆုပ် နိုင်နိုင် ..နောက်ဆုံး သဲတပွင့်နိုင် နိုင် ..ကိုယ်တတ်နိုင်သလောက်တော့ ကြိုးပမ်းကြပါစို့လို့ တိုက်တွန်းချင်ပါတယ်…ဘယ်လိုပဲဖြစ်ဖြစ် ဓမ္မဆိုတာ အဓမ္မကို မလွဲမသွေ အောင်နိုင်မယ်ဆိုတာကတော့ မြေကြီးလက်ခတ်မလွဲပါဘဲ…

About johnnydeer

johnny deer has written 76 post in this Website..

၇၇မွေး...၉၄ ဆယ်တန်းအောင်..၂၀၀၂ မန်းလေးစက်မှုတက္ကသိုလ်က ဘွဲ့ဆိုတဲ့ စာရွက်ကလေးတရွက်ရ...ဘာပညာမှမတတ်..အခုလောလောဆယ်တော့ပေါက်တတ်ကရပြော.. .ပေါက်တတ်ကရရေးနေပါတယ်...ရေးသမျှ အားလုံးကိုတော့ ကိုယ်တိုင်ရေးစစ်စစ်ဖြစ်ကြောင်း ရဲရဲကြီး အာမခံပါတယ်...များသောအားဖြင့်တော့ သူများမကောင်း ကိုယ်ကောင်းကြောင်း ကိုယ်ရည်သွေးစာတွေ ရေးတတ်ပါတယ်...ဒါပေမယ့် အထင်ကြီးစရာတော့ တကွက်မှမရှိပါဘူး...