ဘယ်တော့မှ မမေ့ဘူး….

johnnydeerDecember 7, 20121min893

ဘယ်တော့မှ မမေ့နိုင်ခဲ့ပါဘူး…၈၈ တုန်းက ရှမ်းပြည်နယ်မြောက်ပိုင်းက နယ်မြို့လေးတမြို့မှာပေါ့…အဖေရယ်..အမေရယ်…၁၂ နှစ်အရွယ် အကိုရယ်…၁ဝနှစ်အရွယ်ကျွန်တော်ရယ်….မိသားစု လေးယောက်နေထိုင်ခဲ့ကြပါတယ်… ၈၈ အရေးအခင်းကြီးဖြစ်ပါရော…မိသားစု အားလုံးပျော်ပျော်ပါးပါး ဆန္ဒပြခဲ့ကြပါတယ်…မနက်ဆို အမေကထမင်းဟင်းချက်…ပြီးတော့ အကုန်လုံးထွက်ပြီး ဆန္ဒပြ…နေ့လည် တရားဟောကြတာတွေ နားထောင်..တကယ် ပျော်စရာကြီးပေါ့…အဲဒီနေ

ာက် စစ်တပ်က အာဏာသိမ်းပြီးရော…အခြေအနေတွေက ပြောင်းပြန် ဖြစ်ကုန်တော့တာပဲ…အဖေကော အမေကော အဖမ်းခံရ…ညီအကို နှစ်ယောက် ဆွေမရှိ မျိုးမရှိ တဲ့ အရပ်မှာ တယောက်လည်ပင်းတယောက် ဖက်ပြီး အားပေး..ကိုယ့်ထမင်းအိုးလေး ကိုယ်တည်…တိုဟူးသုတ်လေး တကျပ်ဖိုး…အစုံသုတ်လေး တကျပ်ဖိုးနဲ့ ထမင်းဟင်းဆိုတာတွေကို ကျော်ဖြတ်ခဲ့ရတယ်…ဘယ်တော့ လွတ်မယ်ဆိုတာ မသိတဲ့ အဖေနဲ့ အမေကို ညီအကို နှစ်ယောက် သွား သွားတွေ့ခဲ့ရတယ်…ညတိုင်း ညတိုင်း ၂နာရီ..၃နာရီဆို စစ်ကားတွေ ရဲကားတွေ အများကြီး အိမ်ကို ဝိုင်းပြီး တစမကျန် မြေလှန်ရှာခံခဲ့ရတယ်…ညရောက်ပြီဆို အဝေးကမောင်းလာတဲ့ ကားသံတွေ ကိုယ့်အိမ်ရှေ့လာရပ်တော့မှာလား…တခါးလာခေါက်တော့မှာလား..နားစွင့်ရင်းအိပ်ခဲ့ရတဲ့ ရက်တွေလဲ ဆက်တိုက်ဆိုသလိုကြုံတွေ့ခဲ့ရတယ်…အားပေးကူညီ ခဲ့ကြတဲ့ ဆွေမျိုးဆိုတာတွေထက် ကောင်းတဲ့ သူတွေကိုလဲ တွေ့ခဲ့ရပါတယ်…မိတ်ဆွေကောင်းလို့ထင်ခဲ့ပြီး ဒုက္ခရောက်တဲ့ အချိန် ဟားတိုက်ရီမောခဲ့ကြတဲ့ သူတွေကိုလဲ တွေ့ခဲ့ရပါတယ်…
ဘယ်လိုပဲဖြစ်ဖြစ်ပါ…ဘယ်တော့မှလဲ မမေ့နိုင်တဲ့ အဖြစ်အပျက်လေးတွေပေါ့…ကိုယ်တယောက်ထဲတင်မကပါဘူး…မြန်မာပြည်ထဲမှာလဲ ကိုယ့်လိုပဲ ခံစားခဲ့ရတဲ့သူတွေ ရေတွက်လို့တောင် ရမယ် မထင်ပါဘူး…ဒါကြောင့် ခေတ်ဆိုး စနစ်ဆိုး ဆိုတာ တကယ်ကျရောက်လာပြီဆို ငါနဲ့မဆိုင်ဘူး…ခပ်ကင်းကင်းနေမယ်ဆိုပြီး ရှောင်လို့ လုံးဝမရဘူး…ဘယ်လိုပဲ ရှောင်ရှောင် တနေ့ ခေတ်ဆိုး စနစ်ဆိုးရဲ့ ရိုက်ခတ်မှုကို အဲ့ဒီ လူတွေအားလုံး မလွဲမသွေ တွေ့ကြုံရမှာဘဲ ဆိုပြီး အမေစု ပြောခဲ့တာ တကယ့်လက်တွေ့ အမှန်တရားတခုပါဘဲ…အားလုံးသော မိတ်ဆွေများလဲ မတရားမှုတွေအတွက်၊ အမှန်တရားအတွက် သဲတဆုပ် နိုင်နိုင် ..နောက်ဆုံး သဲတပွင့်နိုင် နိုင် ..ကိုယ်တတ်နိုင်သလောက်တော့ ကြိုးပမ်းကြပါစို့လို့ တိုက်တွန်းချင်ပါတယ်…ဘယ်လိုပဲဖြစ်ဖြစ် ဓမ္မဆိုတာ အဓမ္မကို မလွဲမသွေ အောင်နိုင်မယ်ဆိုတာကတော့ မြေကြီးလက်ခတ်မလွဲပါဘဲ…

3 comments

  • အဖေနဲ့အမေက၂ယောက်လုံးဆန္ဒပြမယ့်အစား အမေနေခဲ့သင့်တယ်နော်။
    သားတွေရှိနေသေးတယ်ဆိုတော့လေ။

    ၈၈တုန်းက ကျွန်မတို့သူငယ်တန်းတစ်နှစ်နားရတာမှတ်မိသေးတယ်။
    အမှတ်တရအနေနဲ့ကတော့ အရေးအခင်းဖြစ်နေတုန်း မောင်လေးမွေးတာပေါ့။
    အရေးအခင်းကိုတော့ ကောင်းစွာမမှတ်မိတော့ပါဘူး။

    ပထမဆုံးဝင်မန့်သွားပါတယ်။

  • Mobile

    December 7, 2012 at 7:50 pm

    ဒုတိယံမိ ဝင်မန်းလိုက်ရပါတယ်
    အရေးအသားကောင်းပါတယ် တကယ့်အဖြစ်အပျက်လေးက ရင်နင့်စရာ ဇာပ်လမ်းလေးတစ်ပုဒ်လိုပါပဲ။
    ဒုက္ခများများရောက်ဖူးတဲ့လူဟာ ဒုက္ခမရောက်ဘူးတဲ့လူထက်စာရင် ဘဝအတွေ့အကြုံပိုများတယ်လို့
    ထင်ပါတယ်။

  • kai

    December 8, 2012 at 7:20 am

    ကိုရင်တို့မိသားစု..အဲဒီတုံးက(၈၈အရေးတော်ပုံက).. ဆန္ဒပြခဲ့လို့.. ခေတ်ကြီးပြောင်းခဲ့တယ်..

    အဲဒီအကျိုးဆက်ကြောင့်… ဒီခေတ်..ဒီအချိန်မှာ.. လယ်သမားတွေ.. အလုပ်သမားတွေ.. မြစ်ဆုံတွေ.. လက်ပံတောင်းတောင်တွေ.. တွေ..တွေ.. လွတ်လွတ်လပ်လပ် ဆန္ဒပြသွားနို်င်တာပေါ့..
    အဲဒီခေတ်နဲ့များ.. ယှဉ်ရင်.. ဒီခေတ်ဆန္ဒပြနိုင်ကြတာ.. အိပ်မက်လိုပဲ…

    ဘာပဲဖြစ်ဖြစ်.. သမိုင်းကသိပါတယ်…
    မြန်မာ့သမိုင်းက.. သိပါတယ်…

Leave a Reply