ဆွေ ့ဆွေ ့ခုန်ခြင်း ….နှင့်… အနုပညာ… အပိုင်း ( ၃ ) ( အစ အဆုံး )

alinsettDecember 7, 20121min1707

ဆွေ ့ဆွေ ့ခုန်ခြင်း နှင့် အနုပညာ … အပိုင်း ( ၁ )

ဆွေ ့ဆွေ ့ ခုန်ခြင်းနှင့် အနုပညာ အပိုင်း ( ၂ )

( အပိုင်း ( ၁ ) အပိုင်း ( ၂ ) အပိုင်း ( ၃ ) တို့ကို တစ်စုတစ်စည်းတည်းဖြစ်အောင်…ပြန်လည်..ဖော်ပြထားပါသည် ။ အပိုင်း ( ၁ ) နှင့် ( ၂ )ကို ဖတ်ပြိီးသူများ..အပိုင်း ( ၃ ) ကို

ကျော်လွှား..ဖတ်ရှုနိုင်ပါသည် ။ )

ဆွေ့ဆွေ့ခုန်ခြင်းနှင့် အနုပညာ အပိုင် း( ၁ )

မော်ဒန်အနပညာ ( ခေတ်သစ် အနုပညာ ) ဆိုင်ရာ အချက်အလက်များကို …..ရ / တတ်သလောက်..လေ့လာနေမိပါသည် ။

လေ့လာရင်း…စာအုပ်စာတမ်းများကို..ဖတ်မှတ် နေရင်းဖြင့်….

ပြောချင် ရေးချင်လာသော..အတွေး.များကို..ချရေးမိပါသည် ။

ဤ စာတမ်းသည်…. ယခု တွေးမိသော အတွေးကို..ရေးသားတင်ပြခြင်းသာ ဖြစ်ပါသည် ။ ယခု တွေးမိသော..အတွေး.ဆိုသည့်စကားလုံးကို.အသေအချာ ပြောခဲ့ပါသည် ။
———————————————————————–

လူ ့ယဉ်ကျေးမှုဆိုင်ရာ..စံနှုုန်းများ / အတွေးအမြင်များဖြစ်စေ…

ခေတ်နှင့်ဆိုင်သော..စံနှုုန်းများ/ အတွေးအမြင်များဖြစ်စေ…

အနုပညာဆိုင်ရာ အတွေးအခေါ်နှင့် တန်ဖိုး..နှုန်းစံများဖြစ်စေ…

တစ်ချိန်ချိန်တွင်.. ဖြစ်ပေါ်တိုးတက် သွားသော..အလှည့်အပြောင်းများနှင့်

ကြုံရမြဲ..သာ..ဖြစ်ပါသည် ။

ထို အပြောင်းအလဲများ.ဖြစ်ပေါ်လာခြင်းသည်… ရှိနှင့်ပြီးသား..တန်ဖိုးများ / စံ..နှုန်းများ..ယုတ်လျော့ပျက်စီးသွားခြင်း မဟုတ်ပါ ။

ရှိနှင့်ပြီးသား..တန်ဖိုးများ ဆိုင်ရာ.အချင်းအရာများထက်… ပို၍ ကျစ်လျစ်သော /

ပို၍ လှပ သစ်လွင်သော..တန်ဖိုးသစ်များ ( စံ နှုန်းအသစ်များ ) ဆီသို ့… ဖြစ်ပေါ် တိုးတက်သွားခြင်းဖြစ်ပါသည် ။

ယုတ်လျော့ ပျက်စီးသွားခြင်း မဟုတ်ပါ ။

ထပ်ပြောပါမည် ။

ထို အပြောင်းအလဲများ.ဖြစ်ပေါ်လာခြင်းသည်… ရှိနှင့်ပြီးသား..တန်ဖိုးများ / စံ..နှုန်းများ..ယုတ်လျော့ပျက်စီးသွားခြင်း မဟုတ်ပါ ။

————————————————————————

အဟောင်းသည်..အဟောင်းဆိုင်ရာ ဂ န္ထဝင်တန်ဖိုးများနှင့်.. သူ ့ဟန်နှင့်သူ..ကျန်ရစ်ခဲ့ပါလိမ့်မည် ။

အသစ်သည်..ခေတ်မီတောက်ပသော.. သစ်လွင်မှု နှင့် ( တန်ဖိုး နှုန်းစံအသစ်များနှင့် ) ဆက်လက် ချီတက်နေပါလိမ့်မည် ။

နောင်တစ်ချိန်တွင်…. ထို အသစ်များသည်.လည်း.. အဟောင်းဖြစ်သွား၍ နောက်ထပ် အသစ်အသစ်သော..အရာတွေက….ဆက်လက် ဖြစ်ပေါ် တိုးတက် လာဦးမည် .။

အဲဒါ..သဘာဝတစ်ခုသာဖြစ်၍…. မကျေနပ်စရာ မရှိပါ ။

ဆွေ့ ့ဆွေ ့ခုန် နေ…စရာ…. မလိုပါ ။
———————————————————————–

အသစ် ၏ ဝင်ရောက် နေရာယူမှု ကို လက်မခံနိုင်လောက်အောင်…. ဖြစ်နေသူများ.. ရှိပါသည် ။

( ထိုသူများ ရှိ်နေ၍လည်း..ဤ စာမျိုးတွေ.ရေးနေရခြင်း ဟု.ဆိုနိုင်ပါသေးသည် ။)

အဟောင်း ၏ တန်ဖိုး မှ တကယ့် တန်ဖိုးအစစ် ဟု ထင်နေကြသူများ….ဖြစ်သည် ။

ကာရန်ပါတဲ ့ကဗျာမှ..ကဗျာ.စာရင်းသွင်းကြသူများ…

ကာရန် မပါရင်..ကဗျာ မဟုတ်သယောင်ယောင် …ဆိုကြသူများ…။

ဇာတ်လမ်း မပါရင်..ဝတ္ထု မဟုတ်ဘူး..ဆိုသူများ…(ဇာတ်လမ်းမပါတဲ ့စာကို..စာပေအနုပညာစာရင်း မသွင်းချင်သူများ)

နတ်သျှင်နောင် ၏ ရတုတစ်ပုဒ်နှင့် … မော်ဒန် ကဗျာတစ်ပုဒ်ကို… ယှဉ်..နှိုင်းပြီး.. နတ်သျှင်နောင် ၏ ရတုကိုသာ..အနုပညာ တန်ဖိုး ပိုကြီးသည်…ဟု..ထင်နေကြသူများ..

ထိုသူများသည်…. ဂန္ထဝင် အနုပညာ ၏ လှပ မှုကို… စွဲလမ်း မက်မောရင်း….ပျောက်ကွယ်သွားမှာကို.. စိုးကြောက်သူများ..ဖြစ်သည် ။

အပြစ် မဆိုသာ..သော်လည်း..ပြောစရာတော့..ရှိနေပါသည် ။

နေဝင်သွားတာကို..မျက်တောင်မခတ်.. လိုက်ကြည့်နေပြီး… နှမြောတသ…လွမ်းမောနေရင်… လ ..ထွက်လာတာကို…မမြင်လိုက်ရပဲ…

နေရော..လရော…လွတ်သွားပါလိမ့်မည် ။

=====================================

တကယ်တော့…. ဂန္ထဝင် အနုပညာ သည်လည်း… သူ ့အနုပညာတန်ဖိုး နှင့်သူ….

မော်ဒန် အနုပညာ သည်လည်း..သူ ့အနုပညာတန်ဖိုးနှင့်သူ. …တည်ကြည်စွာ..ရှိနေပါသည် ။

—————————————————————————-

အဟောင်းကိုမှ…မက်မောစွာ..ဖက်တွယ်ထားသော..လက်များ…ကို.. အသစ်ကြိုသော လက်များ အဖြစ် အသင့် ..ဖြစ်စေချင်ပါပြီ ။

အနုပညာသစ် လာချေပြီ…။

နေရာထို်ုင်ခင်း ရှင်းလင်းပေး၍ ကြိုဆိ်ုပါ ။

နွေးထွေးစွာ… ကမ်းလင့် ခရီးဦး..ကြိုပြု ပါ ။

အနုပညာသစ်သည်…. အနုပညာ ၏ သည်းနင့် ရင်ခွင် ဆီ… ရဲရဲဝံ့ဝံ့ လှမ်း..လာနေပြီ ။

ကြည့်သော..သူ..မြင်ပါလိမ့်မည် ။

အမြင်ကြည်လင်သူသည်..အကြည်အလင်ကို..မြင်ရပါလိမ့်မည် ။

ဆွေ ့ဆွေ ့ခုန်နေစရာ..မလိုပါ ။
————————————————————————–

အနုပညာသစ် ဖြစ်ပေါ်တိုးတက်မှု ဖြစ်စဉ်သည်… ဆွေ ့ဆွေ ့ခုန်နေစရာ…ကိစ္စ မဟုတ်ပါ ။

ဝက်ဝက်ကွဲ ငြင်းဆန်… နေစရာလည်း.မလိုပါ ။

အနုပညာသစ်ကို..ချစ်သော အနုပညာသမားများသည်…. ဘာ့ကြောင့်… ချစ်ရသလဲ..ဆိုသော..မေးခွန်းကို.. ဘယ်သူမှ မမေးခင်..ကိုယ့်ဘာသာ ဖြေပြီးမှ…ချစ်ခဲ့ခြင်းဖြစ်ပါသည် ။

————————————————————————

ထုံတမ်းအစဉ်အလာ စည်းမျဉ်း / နယ်နိမိတ် / ကန့်သတ်ချက် များ… ရုန်းမထွက်နိုင်လောက်အောင်…ချုပ် ထားသော.. တင်းကျပ် ပိတ်ဆို ့မှုု များကို..ရိုး..အီ..ငြီးငွေ့ လာသော…

အလွန့် ( အလွန် ) စိတ်ပျက် လာသော..

အနုပညာသမားသည် အနုပညာ ၏ သဘောသဘာဝ ကို… စူးစူးရဲရဲ… ရှာဖွေ ဖော်ထုတ်ခဲ့ပြီ ။

အနုပညာ ၏ သစ္စာ တရား…ကို မမှိတ်မသုန်…တူးဖော်….ခဲ ့ပြီ ။

အနုပညာ ၏ လွတ်လပ်ခွင့်ကို…လည်း..မြတ်နိုူး..ခုံမင်စွာ..တမ်းတ တတ်ခဲ့ပြီ ။

အနုပညာသည်… ဖန်တီးခြင်း ၏ အမြုတေ ဖြစ်သည် ။

အနုပညာ ဖန်တီးမှု…၏ အထက်မှာ..ဖြစ်စေ…/ ဘေး ပတ်လည်မှာ.. ဖြစ်စေ….မည်သည့် စည်း မျဉ်း ကန့်သတ်ချက်များမှ..

မရှိစေရ ။

အနုပညာ ၏ နယ်ပယ်သည်… ကျယ်ပြန့်သော..ကောင်းကင်ကြီးသာ..ဖြစ်ရမည် ။

အနုပညာနှင့်.. အနုပညာသမား ၏ လွတ်လပ် လိုမှု / လွတ်လပ်စွာ..ဖန်တီး ရေးသား..လိုမှု ကို..

အစဉ်အလာ…ဆိုသော..စည်းမျဉ်း…နယ် နိမိတ်များ က… လာ…လာ…မချုပ်စေလို …………………..။

———————————————————

ထိုသို ့ဖြင့်…. ……………………. လွတ်လပ်မှု ကို မြတ်နိုးသော…. အနုပညာသမားသည်…

အနုပညာဖန်တီးမှု လမ်းစဉ် တလျှောက်…. လိုက်လံ တားဆီး..ချုပ်နှောင်နေသာ..

တံတိုင်း စည်း / မျဉ်းများကို…စ တင် ဖောက်ထွက်ပါတော့သည် ။

———————————————————–

တား..ထားသော..အဆီးအတားများ…ကို..ကျော်ရာတွင်…

လက်ညှိုးထိုး…ကဲ့ ရဲ ့မှုများ../ လှောင်ပြောင်သရော် မှုများ../ စွပ်စွဲ ပုတ်ခတ်မှုများ…ကို..

မလွဲမသွေ..ရင်ဆိုင်ရပါသည် ။

အများနှင့် မတူုသာ.. လုပ်ရပ် ../ အစဉ်အလာ ၏ တင်းကျပ် ပိတ်ဆို ့မှု ကို…ဖောက် ဖျက်သော… အနုပညာ ဖန်တီးမှု.များသည်….

အရှိန် အဟုန်လည်း ရှိ ../ သတ္တိ နှင့် ခံနိုင်ရည်..လည်း… တော်တော်လေး..ရှိခဲ့ပါသည် ။

————————————————————

အခုတော့..အနုပညာသစ်သည်…. အနုပညာကောင်းကင်ပေါ်မှာ.. ပျံသန်း လာနေပြီ…။

အဟောင်းကို…. ဖက်တွယ်ထားကာ..အစဉ်အလာ ၏ စည်း / မျဉ်း / ဘောင်ခတ်မှု အကျပ်အတည်း ထဲမှာ… ဆွေ ့ဆွေ ့ခုန်……နေသူများကို…..အံတု ကာ….

လေ အဟုန်မှာ.. ပျံသန်း ပြနေလေပြီ ။

————————————————————–

အနုပညာသစ် ၏ ထိုးဖောက်မှု / ဖြစ်ပေါ်တိုးတက်မှု ဖြစ်စဉ် တလျှောက်တွင်… အဆင့် ( ၃ ) ဆင့်ကို… ဖြတ်ကျော် ရပါမည် ။

( ကျွန်တော်.. လက်ခံသော..အဆင့် ( ၃ )ဆင့် ဖြစ်ပါသည် ။ အမြင်မတူ သူများလည်း.ရှိနိုင်ပါသည်.ဟု ကြို ပြောချင်ပါသည် ။ )

ထို…. အဆင့် ( ၃ ) ဆင့်မှာ.. အောက်ပါ အတိုင်း..ဖြစ် ပါသည် ။

………………………………………………………

( ဆက်လက် ရေးသားတင်ပြ ပါဦးမည် ။ )

++++++++++++++++++++++++++++++++++++++++++++++++

လေးစားစွာဖြင့် ….

အလင်းဆက်

3 . 12 .2012 . PM

×××××××××××××××××××××××××××××××××××××××××××××××××××××××××××

ဆွေ ့ဆွေ့ ့ခုန်ခြင်းနှင့်အနုပညာ အပိုင် း( ၂ )

အနုပညာ တန်ဖိုးများ / နှုန်း စံ များ../ အချင်းအရာများ ကို

လူသားတို ့ တဆင့်ပြီးတဆင့် ဖန်တီး တည်ဆောက် ခဲ့ကြရပါသည် ။

ထိုအရာများသည်… ဖြစ်ပေါ်တိုးတက်မှု ( သို ့မဟုတ် ) အပြောင်းအလဲများကို

တကွေ့ ့ကွ့ ့မှာ..ကြုံကို ကြုံကြရပါသည်။

ဖြစ်ပေါ်တိုးတက် မှုများကိုကြုံတိုင်း…အဆင့် ( ၃ ) ဆင့်ကို ဖြတ်ကျော် ရပါသည် ။

ထိုအဆင့် ( ၃ ) ဆင့်မှာ……

( ၁ ) ပိုင်းစ စိတ်မွှာ ပြိုကွဲ သွားခြင်း

( ၂ ) ပြန်လည် စုစည်းတည်ဆောက်ခြင်း

( ၃ ) အသစ်များ ဖန်တီး ဖော်ထုတ်ပြ ခြင်း…….. တို ့ ဖြစ်ပါသည် ။
————————————————

( ၁ ) ပိုင်းစ စိတ်မွှာပြိုကွဲသွားခြင်း

ပထမဆုံး အဆင့် သည်…အသံကျယ်ကျယ်လောင်လောင်ဖြင့်…ဆူညံ ရှုပ်ထွေးတတ်ပါသည် ။

ပြဿနာ အဖြစ်ဆုံး…. အဆင့်လည်းဖြစ်ပါသည် ။ ရှိနှင့်ပြီးသား…. စံနှုန်းများ../

စည်း / ဘောင် / ခွင် / နယ် နိမိတ် များကို….. ကျော်ဖြတ် ထိုးဖောက်၍ အသစ် အသစ်သော….ချင်းအရာတို ့ နေရာ ဝင်ယူ ချိန်မို ့….

သည်းသည်းလှုပ်သူများ…များလျှင် များသလောက်…. ပြင်းထန်စွာ..တုန်ခါ..တတ်ပါသည်။

အပေါ်ယံလေးတွေးသူများ နှင့်…. အမြင် ..မကြည်လင်သူများ ကတော့…

ရှိနှင့်ပြီးသား…. စည်း / မျဉ်း / စံနှုန်း / ဘောင် / ခွင်….နယ်နိမိတ်များ ကို ဖောက်…. ဖြတ် ၍

အသစ်အသစ်သော… စံနှုန်းများ..တန်ဖိုးများ…ဖြင့် ဖြစ်တည်လာသော….

ထိုအနုပညာ ဖန်တီးမှု ( အသစ် ) ကို… စည်းမဲ ့ / ကမ်းမဲ ့ သရုပ်ပျက်ယွင်းမှု /

ထင်တိုင်းကြဲ..ဖော်ထုတ်ပြသ မှု များ… ဟု..သတ်မှတ်ချင်ပါလိမ့်မည် ။

အဟောင်းကို…. တပ်မက် စွဲလမ်းမှု..အား..ကြီးလေလေ…အသစ်ကို…. အထင်သေးမှု / မလိုလားမှု များ..ပြင်းထန်လေလေ….။

အနုပညာ ၏ လွတ်လပ်ခွင့်နှင့်…ဖန်တီး မှု နယ်ပယ် ကျယ်ကျယ်ပြန့်ပြန့် ကိုမှ လိုချင်သော../

ရှိနှင့်ပြီးသား…နှုန်း စံ အဟောင်းများ / စည်းမျဉ်း..ဘောင် / ခွင်…အဟောင်းများ ၏ တင်းကျပ်စွာ.. ပိတ်ဆိုးမှု ကို မကျေမနပ် ဖောက်ထွက်ချင်သော….

အနုပညာ နှင့် အနုပညာ ဖန်တီးသူ…တို့ကို..

ရှေးရိုး အစဉ်အလာ / သမားရိုးကျ ဘိုးတော်ဘုရား လက်ထပ်က… စံနှုန်းများနှင့်.. နေသားကျနေသော…

( အဟောင်းမှ အဟောင်း ဆွေ ့ဆွေ ့ခုန်နေသော…) ပုဂိ္ဂုလ်များက…. အမြင် ကြည် နိုင်မည် မထင်ပါ ။

နွေးထွေးသော လက်များဖြင့် ကြိုဆိုဖို ့…အသာ ထားလို ့….သူတို့ဖက်တွယ်ထားသော… အရာများကို..လွှတ်ချပြီး.

အသစ် ဝင်ရောက် လာမည့်အရာကို….လက်ယပ်ခေါ်ဖို ့…ပင် မအားနိုင်ပါ ။

အသစ် ဝင်ရောက်လာမည့် အရာကို တန်ဖိုး ရှိသော အရာ များ..ဖြစ်နေမလား..ဟုပင်…. ကြည့်/ မြင်..နိုင် ..အားမည်..မထင်ပါ ။

သူတို ့..ဆွေ ့ဆွေ ့ခုန် ပြီးရင်း..ခုန်နေကြသည် ။

္ကဤ အဆင့်သည်… ထိတ်လန့် တုန်လှုပ် ဖွယ်ရာ အဖြစ်ကြီးအဖြစ်…. သူတို ့..ဆွေ ့ဆွေ ့ခုန်လို့ကို..ပြီးမှာ… မဟုတ်.. ။

အနုပညာသမား နှင့် အနုပညာ ၏ သဘောသဘာဝ ကိုက….တစ်ချိန်ချိန်မှာ…

မလွဲမသွေ… ဖြစ်ပေါ်တိုးတက်မှု…/ ပြောင်းလဲသော..ဖန်တီးမှု ဖြစ်စဉ်များနှင့်.ကြုံကိုကြုံရမည် ။

အနုပညာသည်….ပုံသဏ္ဌာန် ဘယ်လိုပြောင်းပြောင်း ပြောင်း…. /

ဖော်ဆောင် ပုံ..ဟန်များ../ စနစ်များ..ဘယ်လိုပြောင်းပြောင်း…

အနုပညာသည်..အနုပညာ ဖြစ်နေဖို့သာ..လိုပါသည် ။

အနုပညာ ၏ အနုပညာ ဖြစ်နေဆဲ ဖြစ်ပါသည် ။ အနုပညာ ၏ ပကတိ တန်ဖိုးသည်…. အခြေအနေတွေ… ဘာတွေ ဘယ်လိုပြောင်းနေပါစေ…

ယုတ်လျော့မသွား…။

အနုပညာမြောက်နေ လျှင် အနုပညာဖြစ်နေမှာသာ..ဖြစ်သည် ။
————————————
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx-

လောက တွင်… အနုပညာရပ် များ …. များစွာ ရှိနေပါသည် ။

သရုပ်မှန် အနုပညာ / ဂန္ထဝင်အနုပညာ / ခေတ်သစ်အနုပညာ / ခေတ်ဟောင်းအနုပညာ / မော်ဒန် အနုပညာ / ပို ့စ်မော်ဒန် အနုုပညာ …

ဒါမှမဟုတ်…..

ဂီတ အနုပညာ / ရုပ်ရှင်အနုပညာ /

စာပေ အနုပညာ / ပန်းချီ အနုပညာ / ပန်းပု အနုပညာ……

စသည်ဖြင့်…..

အနုပညာရပ်များ…များစွာ..ကွဲပြား… ခြားနားစွာ..ရှိနေပါသည် ။

ဒိလိုပါပဲ………………………………….

လောက မှာ…..

ဓါးများ..လည်း..အမျိုးအစား..များစွာ….

ရှိပါသည် ။

ဓါးရှည် / ဒါးတို / ဓါးမ / ဓါးမြျောင် /

ငှက်ကြီးတောင်ဓါး…/ ခေါက်ဓါး./ ပေါက်ဓါး…. စသည်ဖြင့်…..

ဓါး အမျိုးအစားပေါင်း များစွာ..ကွဲပြား ခြားနားစွာ..ရှိနေပါသည် ။

အနုပညာရပ် များ..များစွာ…. အမျိုးအစား ကွဲပြားခြားနားသလို..ဓါးများလည်း..အမျိုးအစားများစွာ..ကွဲပြား…ခြားနားပါသည် ။

သို ့သော်…………………………………………………………

ဓါး အမျိုးအစား ဘယ်လောက်ပဲ..များများ…………………

ဓါး ၏ ဂုဏ် သတ္တိ နှင့် ဓါး ၏ သဘော…မှာ.. တစ်ခု ထဲသာ..ဖြစ်ပါသည် ။

ဓါး သည်..ဓါး..ဖြစ်နေ ဖို ့ သာ ..လိုပါသည် ။

ထို ့အတူ………………………..

အနုပညာရပ်တွေ… ဘယ်လောက်ပင် များနေပါစေ…………….

အနုပညာရပ်တွေ… တစ်ခုနှင့်တစ်ခု… ဘယ်လောက် ပဲ…မတူ ကွဲပြား ခြားနားနေပါစေ…..

အနုပညာ ၏ ဂုဏ်သတိ္တ နှင့် အနုပညာ ၏ သဘောာ…( ထပ်ပြောပါမည် အနုပညာ ၏ သဘော ) ကတော့….

တစ်ခု တည်းသာ..ဖြစ်သည် ။

အနုပညာ သည်……

အနုပညာ မြောက်နေဖို ့သာ…..

လိုပါသည် ။

((( ဓ = ဓါးသွားပေါ်မှာ..လမ်းလျှောက်ခြင်း… ( ဓါး…. အက်ဆေး )
https://myanmargazette.net/151141/arts-humanities …………. မှ……………….. ) ))))

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

( ၂) ပြန်လည် စုစည်းတည်ဆောက်ခြင်း

ဤ အဆင့်သည်..စစ်ပြီးစ..မြေပြင်လိုတော့…. အပျက်အစီး အပဲ ့ အရွဲ ့များဖြင့်

ပြည့်နှက်မနေပါ ။

တိတ်ဆိတ် မှုတော့ အနည်းငယ်..ရှ်ိလာပါသည် ။

ဆူဆူညံညံ ဆွေ ့ဆွေ ့ခုန်နေကြသူများကလည်း…. ဘာများ… ဆက်ဖြစ်လာမှာပါလိမ့် ဆိုသော…. အတွေးများဖြင့်….

စောင့်ကြည့်ကြပြီ ။

တချို ့ကတော့…ဒီ အသစ် .ကြားကြာလည်း.ခံမှာမဟုတ်ပါဘူး….. ဟုူသော..ကိုယ် ထင်ရာ…

နိမိတ် ဖတ်ပြီး… သနားကြည့် နှင့်… မိုက်ကြည့်..ကို ရောမွှေပြီး..ကြည့်နေကြပြီ ။

ကောက်ရိုးမီး..အနုပညာ..ဖြစ်မသွားဖို့ကိုတော့…. အနုပညာ သမားတို ့၏ ဖန်တီးမှု..စွမ်းအား..နှင့် အမှန်တရား….က… အဆုံးအဖြတ် ပေးပါလိမ့်မည် ။

ပြန်လည် စုစည်း တည်ဆောက်ခြင်း…ဆိုရာတွင်….

ပျက်စီးသွားသော…. အပဲ့အရွဲ ့များ. … / သီအိုင်္ရီ အစုတ်အပျက်များ…/ စံနှုန်း အကျိုးအပဲ ့ များ…ကို.. တစ်စ စီ…

လိုက်……ကောက်ပြီး…. ပြန်လည်… တည်ဆောက်ခြင်း..မဟုတ်ပါ ။

လုံးဝ မဟုတ်ပါ ။

ချုပ်ရိုးကြောင်းတွေ… သပ်သပ်ရပ်ရပ် ဖြစ်သွားရုံနဲ ့….. ဝတ်ရုံက သစ်မသွား မှန်း..သိကြ့ပါသည် ။

ပြန်လည် စုစည်းတည်ဆောက်ခြင်း….ဆိုသည်မှာ…. စံနှုန် အသစ်များ…

တန်ဖိုး အသစ်များ……နှင့်…. အနုပညာသစ် ၏ သဘောတရားသစ် ဆိုင်ရာ..အချင်းအရာများကို…..

စုစုစည်းစည်း… ဖြစ်အောင်….. တည်ဆောက် ယူလိုက်ကြခြင်း ကို…ဆိုလိုပါသည် ။

အသစ်ဆိုသော်လည်း….

အခြားအခြားသော…. အသစ်များကို… ဆွဲ..ယူ.စုစည်းလိုက်ခြင်းမဟုတ်သေးပါ ။

ဆိုလိုသည်မှာ..အနုပညာနယ်ပယ် ထဲမှ…..ပင်..စုစည်း..တည်ဆောက်ပါသည် ။

ဥပမာ…. ကဗျာ…။ ကဗျာကို… ပုံသဏ္ဌာန် အသစ်များ./ စံ../ နှုန်း / ဟန်… အသစ်များ… ဖြင့်… ပြန် တည်ဆောက်ဖန်တီး ကြသော်လည်း…

ဘာသာစကားကို.တော့…… ပစ်ပယ်လို ့မရပါ ။

ကာရန် စနစ် နှင့်..ခေတ်ဟောင်းက စံနှုန်းများကို..ဘယ်လိုပြောင်းပြောင်း…… ပြောင်းလဲလို ့ရချင်ရမည် ။

ဘာသာစကားကိုတော့..ပြောင်းလို ့..မရပါ ။

ဘာသာစကားအသစ် ကိုအသုံးပြု ၍ မရေး ပ ါ။ ဝတ္ထုများတွင်လည်း…. ဇာတ်လမ်းနှင့် အကြောင်းအရာ… /

အစီအစဉ်ကျန ညီညွတ်မှု..များကို… စွန့်ချင်..စွန့်မည် ။

ဝါကျ အထားအသိုကိုပင်..ဖောက်လွှဲဖောက်ပြန်..ပြုချင်..ပြုမည် ။ သို ့သော်…ဘာသာစကားကိုတော့……

စွန့်ပစ် ၍ မရပါ ။

ပြန်လည် စုစည်းတည်ဆောက်ခြင်း….သည်……

အသစ် ဖြစ်တည် ရှင်သန်လာဖို ့….

ရှေ ့…ရှုပြီး….

အနည်ထိုင် အသားကျဖို ့..ကြိုးစားတည်ဆောက်ကြခြင်းလည်း..ဖြစ်ပါသည် ။

——————————————-

အဆင့် ( ၃ ) ကို..ဆက်လက် တင်ပြ ပါဦးမည် ။

——————————————-

လေးစားစွာဖြင့်….

အလင်းဆက်

5 . 12 . 2012

alinsett.art@gmail.com

×××××××××××××××××××××××××××××××××××××××××××××××××××××××××××

ဆွေ့ဆွေ့ခုန်ခြင်း နှင့် အနုပညာ အပိုင်း ( ၃ )

( ၁ ) ပိုင်းစ စိတ်မွှာ ပြိုကွဲသွားခြင်း

( ၂ ) ပြန်လည် စုစည်းတည်ဆောက်ခြင်း . . . . . စသော အဆင့်များကို ဖြတ်ကျော်ပြီးသွားလျှင်

အဆင့် ( ၃ )ကို ရောက်ချေပြီ ။ အဆင့် ( ၃ ) သည် အသစ်ဖန်တီး ဖော်ထုတ်ခြင်း ဖြစ်ပါ်သည် ။

ဒုတိယ အဆင့်မှာ အနုပညာကို ချစ်မြတ်တွယ်တာသော / ဇွဲကောင်းဖြင့် အနုပညာကို ချစ်သော ပုဂိ္ဂုလ်များက ကြိုးစားကာ စုစည်း တည်ဆောက်ခဲ့ပါသည်။

ယခု နောက်ဆုံး အဆင့်မှာတော့ အနုပညာသည် အခြေကျပြီ။

အနည်ထိုင်ပြီ။

ဤ အဆင့်တွင် မိမိတို ့ လက်ခံ ယုံကြည်သွားသော အနုပညာကို ကျကျနန ဖန်တီး ပြဖို ့ သာ. . . .။

ဝေဖန်သူတွေ ဘာပြောပြော / လေကန်သူတွေ ဘာပြောပြော အချိန်တန်လျှင် ရပ်သွားပါလိမ့်မည် ။

ဖန်တီးသူ ၏ အလုပ်မှာ . . .ဖန်တီးခြင်းသာ ဖြစ်သည် ။

အသစ် ဖန်တီးခြင်းများ အလျှို လျှို ပေါ်ပေါက်ထွန်းကား လာသောအခါ အဟောင်းများ ပျက်စီး ပျောက်ကွယ်သွားမှာလား . . . . ဟု လည်း မေးစရာ မလိုပါ ။

×××××××××××××××××××××××××××××××-

အဟောင်းများသည် အဟောင်း အနေအထား ဖြင့် တန်ဖိုး တစ်စုံတစ်ရာ ရှိမြဲ ။

အနုပညာသမိုင်းမှာ မပျောက်မကွယ် ရှိဆဲ။

အဟောင်းမှ အဟောင်းပဲ ဆိုသူများ ချစ် မက် တွယ်တာ ဖက်တွယ် ထားလို ့ ရမြဲ / ရဆဲ. . . . . ။

အဟောင်းသည် တစ်ချိန်က အသစ်ဖြစ်ဖူးတယ် ဆိုသော ဂုဏ် သတ္တိဖြင့် အနုပညာသမိုင်းမှာ သူ့နေရာ နဲ ့သူ. . . .

ဆွေ ့ဆွေ ့ ခုန်နေစရာ မလိုပါ ။

အသစ်နှင့် အဟောင်းကြားမှာ ဗျာ များနေစရာလည်း မလိုပါ ။

ကိုယ်ယုံကြည်ရာကို လက်ခံ၍

ကိုယ့် အလုပ် ကိုယ် ဆက်လုပ်ကြ ဖို ့သာ လိုပါသည် ။

ကိုယ့်တာဝန်တော့ ကိုယ် ကျေရမည် ။

ယခု ကျွန်တော်တို့ အနုပညာလောက ဘယ် အဆင့်မှာ ရောက်နေပြီလဲ။

အဲဒါလေး ဆက်တွေး ကြည့်ရ အောင်လား ။

ဆွေ ့ဆွေ ့ ခုန်ပြီး တွေးစရာ မလိုပါ ။

အေးအေးဆေးဆေး တွေးလည်း ရပါသည်။

ကျွန်တော်တို ့အနုပညာလောက ၏ အခြေအနေ ဘယ် အဆင့်မှာ ရောက်နေပြီလဲ ။

၁ ။ ။ ပိုင်းစ စ်ိတ်မွှာ ပြိုကွဲသွားခြင်းထဲမှာလား

၂ ။ ။ ပြန်လည် စုစည်း တည်ဆောက်ခြင်းထဲ မှာလား

၃ ။ ။ အသစ် ဖန်တီး ဖော်ထုတ်ခြင်းထဲမှာလား

×××××××××××××××××××××××××××××××××××××××××××××××××-

စကား မကျန်အောင် ရှင်းခဲ့ပါရစေ ။


၁/ အနုပညာဆိုင်ရာ ဖြစ်ပေါ် တိုးတက်မှု ပြောင်းလဲမှု အဆင့် သုံးဆင့်ကို . .

ဖတ်ခဲ့သော စာများ အချက်အလက်များ ကို အခြေခံ၍ ဆ ပါွး တွေး / ရေး ခဲ့ပါသည် ။

ကိုယ်တိုင်တွေးသော အတွေးများ နှင့် ဖတ် / မှတ်ခဲ့ သော အချက်အလက်များကို ရော နှော တင်ပြခဲ့ကြောင်း ဝန်ခံ အပ်ပါသည် ။

၂/ ယခု ( ယခု ) အချိန်တွင် တွေးမိသော အတွေးစ များကို ရိုးစင်းစွာ / ရိုးသားစွာ တင်ပြခြင်းသာ ဖြစ်ပါသည် ။

၃ / ကျွန်တော့်ထက် တတ် သိ နားလည် သူများ ကျွန်တော့် စာတမ်းကလေးထက် ပို၍ပြည့်စုံသော /ပို၍ မှန်ကန် ကောင်းမွန်သော အနုပညာ စာတမ်းများ ရေးသားပြုစု ကြ စေလိုပါသည် ။

အနုပညာလောကအတွက် ကောင်းကျိုး များလာဖို ့ကို ရည်ရွယ်ပါသည် ။

၄/ ဤစာတမ်းသည် မနေနိုင် မထိုင်နိုင် ရေးခဲ့သောသာမန် အတွန် ့တက် စာတမ်း တစ်ခုသာ ဖြစ်ပါသည် ။

လိုနေသော / ပိုနေသော အချက်များ ပါနိုင်ပါသည် ။

မှားတာ တွေ့လျှင် ပြင်ပေးကြပါ ။ အပြင် ခံချင်လို ့ကို . . . ရေးပါသည် ။

၅/ မည်သူ့ကိုမှ အပြစ်တင် လိုခြင်း မရှိပါ ။

တိုက်ခိုက် ထိုးနှက် စော်ကားလိုခြင်း မရှိပါ။

အနုပညာ အကြောင်းပြောချင်လွန်းလို ့ ..လျှာ နှင့် လက်များ / အတွေးများ အားယားနေလို့ ရေးခြင်းသာဖြစ်သည် ဟု ယူဆလည်း ရပါသည် ။

၆ / ကျွန်တော် လက်ခံယုံကြည်ရာကို တင်ပြခြင်းသာဖြစ်၍ အခြားလူများ လက်ခံ / မခံကိစ္စသည်… ကျွန်တော်နှင့် မဆိုင်ပါ ။

အမြင်မတူသူများ လွတ်လပ်စွာ / ငြိမ်းချမ်းစွာ သဘောထားကွဲလွဲ နိုင်ပါသည်. . .။

×××××××××××××××××××××××-

အနုပညာ ၏ ငြ်ိမ်းချမ်းသော… ရင်ခွင် ရိပ် အောက်မှာ…

တည်ငြိမ်စွာ.ရပ်တည်နေနိုင်ဖို ့…

ကျွန်တော်..ကြိုးစားနေပါသည် ။

===================================

လေးစားစွာဖြင့် …

အလင်းဆက်

7 .12 .2012

alinsett.art@gmail.com

7 comments

  • Mr. MarGa

    December 7, 2012 at 6:35 pm

    ကျွန်တော်တို ့အနုပညာလောက ၏ အခြေအနေ ဘယ် အဆင့်မှာ ရောက်နေပြီလဲ ။
    ၁ ။ ။ ပိုင်းစ စ်ိတ်မွှာ ပြိုကွဲသွားခြင်းထဲမှာလား
    ၂ ။ ။ ပြန်လည် စုစည်း တည်ဆောက်ခြင်းထဲ မှာလား
    ၃ ။ ။ အသစ် ဖန်တီး ဖော်ထုတ်ခြင်းထဲမှာလား

    ဦးမာဃ အမြင် ပြောရရင်တော့ အနုပညာတွေဟာ အသစ်အသစ် ပေါ်နေတာဖြစ်တဲ့အတွက်
    အချို့သော အနုပညာများဟာ အခြေခိုင်ပြီး အသစ် ဖန်တီး ဖော်ထုတ်နေကြပါပြီ
    အချို့ကတော့ ပြန်လည် စုစည်း တည်ဆောက်ခြင်းထဲ မှာ ရှိနေပါတယ်
    အချို့က တော့လဲ ပိုင်းစ စိတ်မွှာ ပြိုကွဲ နေပါတယ်
    ဦးမာဃ ဘာကြောင့် ဒီလိုပြောရလဲဆိုတော့ကာ
    အနုပညာသည် အချိန်တိုင်းမှာ အသစ်တွေကို ဖန်တီးနေပါတယ်။
    အဲဒီလိုပဲ ဖန်တီးခဲ့ပြီးသော ထွက်ပေါ်ခဲ့ပြီးသော အနုပညာ ပုံစံတွေဟာလဲ ဆက်လက် တိုးတက်နေပါတယ်။
    တစ်ချိန်တည်းမှာပဲ ယခင်က ကျော်ကြားခဲ့သော အနုပညာ ပုံစံတွေဟာ တိမ်မြုပ် မှေးမှိန်လာနေပါတယ်။ (ပျောက်ကွယ်တယ်လို့ မပြောဘူးနော်၊ အနုပညာ သည် မည်သည့်အချိန်က ဖန်တီးခဲ့သည်ဖြစ်စေ တိမ်မြုပ်တာပဲရှိမယ် မပျောက်ကွယ်ဘူးလို့ ဦးမာဃ ယုံတယ်)
    အချုပ်ပြောရင် အဲဒီအဆင့် သုံးဆင့်လုံးမှာ အနုပညာ လောကဟာ ရှိနေပါတယ်
    ဦးမာဃ အမြင်ပါ

    လေးစားစွာဖြင့်
    ဦးမာဃ (ခေတ္တ လူ့ပြည်)

  • rain pricess

    December 7, 2012 at 8:02 pm

    အနူပညာ ပါရမီမပါဘူး…
    ခေါင်းမူးသွားတာပဲ အကိုရေ….ဟီးး

  • ဗုံဗုံ

    December 8, 2012 at 10:26 am

    ကျွန်တော်တို့ ဦးလေးအလက်ဆင်း၏ အခြေအနေဘယ်အဆင့်မှာ ရောက်နေပြီလဲ
    (1) တစ်ယောက်ထဲလား
    (2) တစ်ယောက်နှင့် တစ်ပုလင်းလား သိချင်စမ်းပါဘိ 🙂

  • ဦးကြောင်ကြီး

    December 8, 2012 at 1:02 pm

    အပိုင်းသုံး
    တံတိုင်းကျုံး
    လမိုင်းဗုံး
    စစ်ကိုင်းရုံး..။

  • မောင်ပေ

    December 8, 2012 at 2:42 pm

    စစ်ကိုင်းရုံး
    ပလိုင်းသုံး
    အရိုင်းနုံး
    တစ်ပိုင်းလုံး
    မစိုင်းပြုံး
    ( ဆရာကြောင့်အဆက် )

  • အလင်းဆက်

    December 8, 2012 at 7:06 pm

    ဦးဦးမာဃ ရေ…
    ဟုတ်ပါတယ် ။

    ကျွန်တော်တို့အနုပညာလောက ဟာ..
    အခုချိန်ထိ… ရောထွေး..စွာ.ရှိနေပြီး.. မတည်ငြိမ်နိုင်သေးဘူးလို ့.မြင်မိပါကြောင်း ။
    ယခု အချိန်မှာ.မြင်မိသော အမြင်သာ.ဖြစ်ပါကြောင်း။
    ——————-

    မိုးမင်းသမီးရေ…
    အနုပညာ ပါရမီ မပါရင်…
    အနုပညာ ချော်တွင်းကုန်းတို ့…
    အနုပညာ ကမ္ဘာအေးတို့…တော့ပါလောက်မှာပါ ။
    အဟိ ။
    စဒါဘာ.။
    ပျောက်ချက်သားကောင်းနေဒယ်နော် ။
    စာလေးဘာလေး..ရေးပါဗျ ။
    မိုးမင်းသမီး ရေးရင်..( စာတွေကို….)စောင်… မကြည့် ရှု… ဖို ့.အသင့်ပါဗျ ။
    ရေးပါဗျ ။

    ဟိ ဟိ ။
    ———————————-
    ဗုံဗုံရေ..
    တစ်ယောက်နဲ ့တစ်ပုလင်း..ဖြစ်နေတာ..ဘယ်ယို လုပ်ပြိး..တိတွားဒါ လဲ..ကွယ်. ။

    ———————————
    ဦးကြောင်….
    ဒူးချောင်
    ဗူးပေါင်
    ရူးကြောင်
    တူးယောင်

    အဲ..တိတော့ဝူးဂျာ.။
    ———————-

    ဦးပေ…
    မူးနေ
    ဗူးတွေ
    ပူးလေ
    ဆူးလေ
    မြူးနေ

    အဲ…
    ဒါလည်း..တိတော့ဝူးဂျာ.။

    🙂

    =============

    ဖတ်ရှု..ခံစား.ကြကုန်သော..
    ချစ်လှစွာသော..
    စာဖတ်သူများအားလုံးကို
    ကျေးဇူး အထူးတင်ရှိနေလျက် ။

    ( အထူးတွေ ခေတ်စားချိန်ဆိုတော့…
    အထူးကျေးဇူးတင်ရတာပါ ။
    အထူး… ကား
    အထူး သရုပ်ဆောင်
    အထူး အလှူခံ
    အထူး တရားပွဲ
    အထူး အော်ဒါ
    အထူး …..
    အထူး…..
    အထူး…..

    အထူးကျေးဇူးတင်ပါသည် ။

    🙂

    • Mr. MarGa

      December 8, 2012 at 9:02 pm

      အလက်ဆင်းရေ
      အထူး ဖတ်ရွေးအဖွဲ့ရော မပါဘူးလားကွယ့်
      စကားမစပ်
      ဦးမာဃ အမြင်ကို အသိအမှတ်ပြုပေးလို့ ကျေးကျေးနော်

Leave a Reply