ငါ့ဒေါသငယ်ထိပ်ကိုတက်ဆောင့်ရလို့

ဇောချွေးတွေတောင်ပြန်နေတော့

စိတ်ကူးနဲ့တော့လည်ပင်းတောင်ညှစ်ပြီးပေါ့

တကယ်တမ်းမှာတော့ အိပ်ပျက်ညမှာ

ဒီစာသာထရေးရတော့တာပဲ။

လူသားတွေလည်း သိတတ်မှုနည်းတဲ့အခါ

တိရစ္ဆာန်သာသာပဲလေ

ကိုယ့်ဖို့သာကိုတွေး

တစက်ကလေးမှမကောင်းတဲ့သူနဲ့

အတူနေရတဲ့အခါ

မရှိတာထက်

မသိတာခက်တယ်ဆိုတာလက်တွေ့ကြုံရတဲ့အခါ

အကုသိုလ်ဆိုတာ အတုံးလိုက်အတစ်လိုက်ပါပဲလေ..။

 

ကျေးဇူးအထူးတင်ပါတယ်ရှင်။

About ရွှေ ကြည်

ရွှေ ကြည် has written 32 post in this Website..

   Send article as PDF