ငါ့ဒေါသ

ရွှေ ကြည်December 7, 20121min22227

ငါ့ဒေါသငယ်ထိပ်ကိုတက်ဆောင့်ရလို့

ဇောချွေးတွေတောင်ပြန်နေတော့

စိတ်ကူးနဲ့တော့လည်ပင်းတောင်ညှစ်ပြီးပေါ့

တကယ်တမ်းမှာတော့ အိပ်ပျက်ညမှာ

ဒီစာသာထရေးရတော့တာပဲ။

လူသားတွေလည်း သိတတ်မှုနည်းတဲ့အခါ

တိရစ္ဆာန်သာသာပဲလေ

ကိုယ့်ဖို့သာကိုတွေး

တစက်ကလေးမှမကောင်းတဲ့သူနဲ့

အတူနေရတဲ့အခါ

မရှိတာထက်

မသိတာခက်တယ်ဆိုတာလက်တွေ့ကြုံရတဲ့အခါ

အကုသိုလ်ဆိုတာ အတုံးလိုက်အတစ်လိုက်ပါပဲလေ..။

 

ကျေးဇူးအထူးတင်ပါတယ်ရှင်။

27 comments

  • ရွှေ ကြည်

    December 7, 2012 at 11:16 pm

    ရွာသူားများကိုအားနာပါတယ်ရှင် ဒေါသဖြစ်နေလို့ကောက်ရေးမိလိုက်ပါတယ်
    မိရွှေကြည်ကိုခွင့်လွှတ်ကြပါကုန်..။

  • Mobile

    December 8, 2012 at 1:24 am

    ခွင့်လွှတ်ပါတယ်ကွယ်။
    ဒေါးသရှေ့ထား မှားတတ်လှစွာတဲ့ မှတ်ထားဦးနော် . . . . ..

    • ရွှေ ကြည်

      December 8, 2012 at 12:33 pm

      ကိုရင်မိုဘိုင်းရေ မှတ်ထားလိုက်ပါတယ်နော် ကျေးဇူးပါ..။

  • ချစ်သော သူတို့နှင့် ကွေကွင်းရခြင်းသည်လည်း
    ဆင်းရဲ၏ …….။
    မချစ်ခင် မနှစ်သက်သောသူတို့နှင့် အတူတကွ
    နေထိုင်ရခြင်းသည်လည်း ဆင်းရဲ၏ …..။
    ငါ့ အမကြီး ဆင်းရဲနေတာ ဖတ်ရတော့
    မောင်ငယ်တစ်ယောက် အနေနဲ့ အတော်ပဲ စိတ်မကောင်းဖြစ်မိပါတယ် မမကြီးရေ …..။

    ဒါနဲ့ …..
    ဒီကိစ္စတွေမှာ စိတ်သွားတိုင်း ကိုယ်မပါပါနဲ့ မမကြီးရေ …
    မောင်ငယ်ရဲ့ အတွေ့အကြုံအရ ပြောရမယ်ဆိုရင် …
    ရေချိုးခန်းထဲက အထွက်မှာ တံမြတ်စည်းနဲ့ ရိုက်လိုက်တယ် ..
    အဲ့ဒီမှာ အရိုက်ခံရတဲ့ တစ်ယောက်ကနေပြီးတော့ …
    အသင့်ဆောင်ထားတဲ့ ကတ်ကြေးနဲ့ ထိုးချလိုက်ရော ..
    ဒီလိုမျိုး အဖြစ်တွေ မနှစ်သက်တဲ့လူနဲ့ အတူနေရတဲ့အခါ ဖြစ်တတ်ပါတယ် မမကြီးရေ ….။
    တတ်နိုင်သမျှ မေတ္တာကိုပဲ ပွားနိုင်အောင် ကြိုးစားပါလို့ ……။

    • ရွှေ ကြည်

      December 8, 2012 at 12:37 pm

      ဟုတ်ပ ငါ့မောင်အံစာခြောက်မျက်နှာရေ ဆင်းရဲသလားတော့မမေးနဲ့..။
      မမကြီးစိတ်သွားတိုင်းကိုယ်မပါအောင်ကြိုးစားပါတယ်.။ တော်ရုံဆို အစ်မက ပြောကိုမနေတာ..။
      ကိုယ်လည်းအကုန်မကောင်းနိုင်ဘူးလေ ဒါပေမယ့် အခုကတော်တော်ဆိုးလာလို့သာ ပြောပြမိတာ..။
      မေတ္တာပဲပွားရမှာပဲ..။

  • ဗုံဗုံ

    December 8, 2012 at 10:20 am

    မမရွှေကြည်ရေ ဒေါသထွက်နေချိန်မှာ တစ်ယောက်တည်းနေနိုင်ရင် အကောင်းဆုံးပါဘဲ နော် အကောင်းဘက်ကနေ မြင်ပေးလိုက်ပါ ပေါ့သွားပါလိမ့်မယ်

  • surmi

    December 8, 2012 at 2:15 pm

    ဒေါသပဲဖြစ်ဖြစ်
    စိတ်ဆင်းရဲကိုယ်ဆင်းရဲပဲဖြစ်ဖြစ်
    ရည်ရွာယ်ချက်ဆိုတာလေးကိုတွေးလိုက်ရင်
    သက်သာသွားပါလိမ် ့မယ် …..

  • အလင်းဆက်

    December 8, 2012 at 7:14 pm

    ဒေါနတွေ..အရမ်းထွက်နေတာပေါ့လေ ။
    ဒီလိုပါပဲ..အေ ။
    ညည်းလိုပါပဲ
    ကျုပ်လည်း…ဒေါန ထွက်စရာတွေ.နေ ့တိုင်း ကြုံ ရတယ် ။

    ကျုပ်ကိုဒေါန ထွက်အောင် လာလာ ဆွ သူကိုတော့…
    ကျုုပ်က ကျေးဇူးတောင် တင်သေးတယ်အေ ။

    ဒေါသ ထွက်အောင် လာ လုပ်ပြီဆိုရင်..
    ဒေါသ ထွက်ရတယ် ။
    ဒေါသ ထွက်တာကို.. ထိန်း ဖို ့ သတိရ တယ်
    သတိရရင်း ဒေါသထွက်နေတာလေးကို..ကြည့် တယ်
    ဒေါသထွက်နေပါလား..လို ့ သိနေလိုက်တယ် ။
    သိရင်းနဲ ့… အဲဒီ ဒေါ သ ဆိုတဲ ့ တရှုးရှုး.. ပင်ပန်းဆင်းရဲ မောပန်းစေတဲ ့ဟာကြီး
    မကောင်းဘူး..လို ့ မှတ်လိုက်တယ် ။
    ဒေါသ ထွက်ရတာ.. အချိန်ကုန်တယ် ။
    စိတ် စွမ်းအားကုန်တယ်
    ဒေါသ ထွက်နေရလို ့.. အတွေးကောင်းတွေ တွေးဖို ့အချိန် လျော့သွားတာကိုသိတယ်
    ဒေါသ ထွက်ရတာ.ကိုယ်ပဲ.ပင်ပန်းပြီး
    ကိုယ့်အတွက် တွက်ခြေမကိုက်ဘူး ။

    တွက်ခြေမကိုက်တဲ ့အလုပ်ဟာ..ဒေါသ ပဲ.လို ့ သိလိုက်ရလို ့.
    ကိုယ့်ကို ဒေါသ ထွက်အောင် လာလုပ်သူကိုကျေးဇူးတောင်တင်သေး..။

    ဒေါသ ထွက်ရတာ ပင်ပန်း မှန်းတွေးမိတိုင်း
    ဒေါသ ကင်းတယ်.ဆိုတဲ ့
    ဘုရားကို..ပိုလေးစားတယ် ။
    ပို ကြည်ညိုတယ်
    ဘုရား ရဲ ့ ့ဒေါသ ကင်းစင်ပုံကို မှန်းဆ မြင်ယောင်ရင်း..
    ဒေါသ အပြစ်ကို ပြသွားတဲ ့..ဘုရားကို..
    ပိုပြီး…ကြည်ညိုတယ် ။
    အဲ..ဘုရားကို..သတိရ လို ့..
    ကုသိုလ်လည်းရသွားရော…

    ———————

    ဘာရယ်မဟုတ်ပါဘူး..မမရွှေကြည်ရေ…
    ရေးမိရေးရာ….

    • ရွှေ ကြည်

      December 8, 2012 at 8:51 pm

      အလက်ဆင်းရေ ပြောတတ်လိုက်တာကွယ် တရားသဘောလေးနဲ့တွေးနိုင်အောင်ကြိုးစားရမယ်..။

  • မောင်ပေ

    December 8, 2012 at 7:17 pm

    အခုလို ဖြစ်သမျှ ကို စာစီချလိုက်တော့
    အားလုံးမဟုတ်တောင် တစ်ဝက်လောက်တော့
    သက်သာသွားတယ် မို ့လား

  • ရွှေ ကြည်

    December 8, 2012 at 8:49 pm

    ဗုံလေးရေ အစ်မအိပ်လို့မရတော့လို့ထပြီးစာရေးပြီးစိတ်ဖြေနေတုန်း အလိုုက်မသိအတင်းစကားလာမေး
    နေသေးတယ် ကျန်တဲ့အိပ်တတ်သူကအိပ်နေတာမို စကားမပြောနဲ့ဆိုပြီး ပြောလိုက်ရတယ်..။
    စကားကိုများများနိုင်လွန်းသူပါအေ..။

    လေးပေါက် ည ၁၂ နာရီခွဲနေပြီ ရေချိုးလို့မဖြစ်ဘူး ကျန်တဲ့အချိန်ဆိုရင်တော့ လေးပေါက်ပြောသလိုလုပ်မယ်..။

    ကိုရင်ဆာမိရေ အကြံပေးလို့ကျေးကျေးဗျို့..။

    အူးပေရေ မှန်လိုက်လေခြင်း စိတ်ထဲနည်းနည်းပေါ့သွားတယ်။

    အားလုံးကိုကျေးဇူးပါ။

  • ရွှေ ကြည်

    December 8, 2012 at 8:55 pm

    ဪ သတိပေးမယ်နော် ခြင်္သေ့ကျွန်းကိုလာလို့အခန်းငှားမယ်ဆို အခန်းဖေါ်အဆင်မပြေရင်
    အလုပ်ပင်ပန်းလို့ နားနေရမယ့်အချိန်လေးဟာ အကျည်းတန်သွားပါလိမ့်မယ်..။

  • Mr. MarGa

    December 8, 2012 at 9:12 pm

    အားရပါးရ ပေါက်ကွဲလိုက်တာတော့ မဟုတ်ဘူး
    စာရေးတာက နည်းနည်းပဲ သက်သာမှာလေ
    ညကြီးမင်းကြီး အော်နို်င်တဲ့နေရာ ရှာပြီး သွားအော်လိုက်

    • ရွှေ ကြည်

      December 8, 2012 at 9:17 pm

      အပြင်မထွက်ရဲတော့ဘူး အူးသကြားရဲ့။ မီးမီးကြောက်ကြောက် သရဲပြောတာ 😆

      • Mr. MarGa

        December 8, 2012 at 9:26 pm

        ရေချိုးခန်းထဲ ဝင်အော်
        (အဲဒါမှ ဂေါက်သွားသလား အကောင်တွေ့သလားလို့ အမေးခံရမှာ)

        • ရွှေ ကြည်

          December 8, 2012 at 9:59 pm

          ဘုရားမလား မ-မလားတော့မသိ ဘိုးတော်သကြားမင်းကတော့ မ ပ 😆 အဆင်းဘီးတပ်ပေးတယ် :mrgreen:

        • Mr. MarGa

          December 10, 2012 at 5:38 pm

          အဆင်း ဘီးတပ်ပေးတာ မဟုတ်ရပါဘူးကွယ်
          အချွန်နဲ့ မ တာပါ

        • ရွှေ ကြည်

          December 10, 2012 at 5:46 pm

          OMG !!!!!!

  • jullies cezer

    December 9, 2012 at 7:16 pm

    ဘာပဲဖြစ်ဖြစ် အခုလိုရွာထဲပေါက်ကွဲသမျှတွေဖွင့်ချလိုက်တာကောင်းပါတယ်
    မရွှေကြည်ရေ ကိုယ်ချင်စားတယ် မရှိတာထက်မသိတာခက်တွေ cezer
    တို့လည်းအမြဲတမ်းကြုံတွေ့နေရပါတယ်။ ဒေါသတွေထွက်ရလွန်းလို့လဲ
    ကြာတော့မောလာတယ်။ နောက်ဆုံးကိုယ့်ကိုပြန်ပြီးအသိတရားလေးထား
    လိုက်တာက ဒေါသနဲ့သေရင် ငရဲ ကိုယ့်လက်တောင်အတိုအရှည်မညီပါ
    ဘူးလေဆိုပြီး ကိုယ့်ကိုကိုပြန်နှစ်သိမ့်ရတယ် ….

  • ရွှေ ကြည်

    December 9, 2012 at 8:53 pm

    cezer ရေအဲဒိအချိန်ကသာတခုခုဖြစ်ပြီးသေရင်တော့တန်းနေမှာပဲငရဲကို.. 😆

  • Shwe Ei

    December 10, 2012 at 11:45 am

    ငြိမ်ခံနေရင် အဆင်မပြေဘူးအမ နဲနဲလောက် ဟောက်ပေးလိုက်။
    ဟောက်လို့မနို်င်ရင် ခုံဖိနပ်စာကျွေးလိုက် အနော် ဒီက တရံပို့ပေးလိုက်မယ် :mrgreen:

    • ရွှေ ကြည်

      December 10, 2012 at 5:50 pm

      ရွှေအိလေးပဲသိတတ်တယ် :mrgreen:
      ပို့ရင် နှစ်ရံလောက်ပို့ပေးနော် လိုရမယ်ရ :harr:

  • Hnin Hnin

    December 10, 2012 at 6:05 pm

    ဒေါသထွက်လို့ ပေါက်ကွဲပြီးသွားရင် တစ်ကပြန်မစနဲ့တော့…မေ့ထားလိုက်တော့ အူဝဲရေ…
    အိုစာသွားမှာ စိုးလို့ပါကွယ်… 🙂
    အရိုးနဲ့အရေကနေ တက်ရအောင် ဒေါသကို အစားနဲ့ဖြည့်ဆည်းလိုက်အုံးနော်…
    ကျန်းမာရေးကိုလည်း ဂရုစိုက်ပါ…

  • ရွှေ ကြည်

    December 10, 2012 at 6:16 pm

    မမရေ အူဝဲကတော့ အရိုးနဲ့အရေကနေတက်အောင်တော်တော်ကြိုးစားရမယ်။
    အိပ်ရေးပျက်တော့လူကမကြည်မလင်မလန်းမဆန်းဖြစ်နေတယ်..။
    အစားကိုကြိုးစားပြီးစားနေတယ် အလုပ်မလုပ်နိုင်မှာစိုးလို့လေ..။
    အိပ်ပျက်တော့ ရုံးရောက်ရင် ကောဖီခါးခါးလေးကသောက်ရသေးတယ် မဟုတ်ရင်ငိုက်လို့။
    မမရေ အူဝဲကိုကူပါဦး အဟင့် (ချွဲတာ)

  • Hnin Hnin

    December 10, 2012 at 11:48 pm

    မမ ကူနိုင်တာတော့ ဝလာအောင်ပဲ ရှိပါတယ်…
    ဒီနေ့ ခေါက်ဆွဲကြော်နဲ့ကြာဇံကြော်ဆိုရင် အူဝဲနဲ့ အံကိုက်မို့ ကျွေးချင်မိသွားတယ်…. 🙂

    • ရွှေ ကြည်

      December 11, 2012 at 5:44 am

      ဟယ် စားချင်လိုက်တာ ခေါက်ဆွဲကြော်အရမ်းကြိုက်တယ်..။

Leave a Reply