“””တစ်ရွာမပြောင်း —- သေချင်တဲ့ကျား –“””

MgMobileDecember 8, 20121min1309

မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ မိုးကခေါင် သီနှံဈေးက မကောင်း။

တောသူတောင်သား လယ်သမားများအဖို့ အင်မတန် အကျပ်အတည်းဆိုက်လှတဲ့

အချိန်အခါသမယ။ ရတနာပုံ ဆိုတဲ့ရွာမှ သူငယ်ချင်းသုံးယောက်ကတော့ တစ်ရွာတည်းသား

ငယ်ပေါင်းများဖြစ်တာနှင့်အညီ။ ဆိုးအတူ ကောင်းဖက် ရွာမှာလုပ်ကိုင်စား နေရာမှ ရေကြည်ရာမြက်နုရာ

နေရာဒေသသို့ ပြောင်းရွေ့လုပ်ကိုင်ကြရန် သုံးဦးသားတိုင်ပင်နေကြပြီ။ သူငယ်ချင်းသုံးယောက်ထဲမှာ

အကြီးဆုံးဖြစ်တဲ့ ကိုခင်မောင်ထွန်း သားတစ်ယောက် နှင့် သမီးတစ်ယောက် ရဲ့ပညာရေးကို

ရွာမှာရှိတဲ့ မြေလေး ရှစ်ဧက ဆယ်ဧကလောက်နှင့်လည်း ကောင်းစွာမထောက်ပံ့နိုင်။

အတူပေါင်းသင်းသည့် သူငယ်ချင်းများမှာလဲ ထိုနည်းအတူ ကိုယ့်အကျပ်အတည်းနှင့်ကိုယ်

တစ်ဦးအပေါ်တစ်ဦး ကူညီဖို့မဆိုထားနှင့် မိမိ၏ မိသားစုအရေးကိုပင်လျှင် ကျားကန်ရုံမက

ဖြစ်နိုင်လျှင် ခြင်္သေကန် ကန်ထားရမည့်အနေအထား။ အပေါင်းအသင်း သူငယ်ချင်းဖြစ်သလို

ကိုခင်မောင်ထွန်း၏ ယောက်ဖတော်သူ မောင်ဇော်နိုင် မှာတော့ မိဘနှစ်ပါးစလုံးက

အသက်အရွယ်ကရင့်လှပြီ။ မိအိုဖအို နှစ်ဦးကိုလုပ်ကိုင်ပြုစု ကျွေးမွေးနေရင်းမှ ခြောက်လအရွယ်လသား

ကလေးတစ်ယောက် အတွက်လဲ မိသားစုတာဝန်တွေ ပိုလာခဲ့တဲ့အခါ ဇနီးဖြစ်တဲ့ မလဲ့လဲ့ဆွေ မှာလဲအူတူအတ

အလုပ်ဆိုလို့ ရှေ့လူတစ်ယောက်က ခိုင်းပေးမှသာ နောက်ကလိုက်လုပ်တတ်သော

ကျောက်ရုပ်အသက်သွင်းထားသလို မိန်းမစားမျိုး။ အသက်အငယ်ဆုံး ဖြစ်တဲ့ ကိုကျော်မျိုး

ကတော့ လွန်ခဲ့တဲ ၁၅ ရက်လောက်ကမှ လူပျိုဘဝကကျွတ်လို့ အိမ်ထောင်ရက်သားကျ

ချစ်ခင်စုံမက်၍ နှစ်ဦးသား ရူးမိုက်ပြီးတော့သာ လက်ထပ်လိုက်ရသည့် ဘဝရှေ့ရေးက

မျက်ကန်းလမ်းသွား ဒုက္ခများအသွင် အနာဂတ်အတွက် ဘာမျှအာမခံချက်ကမရှိ။

ဇနီးမောင်နှံ အတူပျော်ရွင်ကြည်နူးဖို့ မတတ်နိုင် မင်္ဂလာဆောင်ကိုတောင်မှ ဖြစ်သလို

အကျဉ်းချုံး၍ အဖြစ်သာလုပ်နိုင်ခဲ့သည်။ အဖြစ်လုပ်သည် ဆိုပေသော်ငြားလည်း

ရွာသူရွာသား အားလုံးနီးပါးလိုလို အဆင်မပြေသည်ကတစ်ကြောင်း ဆွေမျိုးအသိုင်းအဝိုင်း

နည်းပါးသည်ကတစ်ကြောင်း ဖြစ်ဖြစ်မြောက်မြောက် လက်ဖွဲ့ငွေကမရ မင်္ဂလာပွဲအပြီး

အကြွေးတင်နေသည့် ငွေကိုဘယ်လိုပင်ပြန်ဆပ်ရပါ့။ ဒီတစ်ရွာလုံးမှာ ရှားရှားပါးပါး

အဆင်မပြေမှုများကြားထဲမှ တစ်နှစ်တစ်နှစ် တိုးတက်မှုပုံမှန်နေသူက နွားတစ်ကောင်

လှည်းတစ်စီး ဆိုမထားနှင့် မြေကွပ်ကလေး ဆယ်တောင်ပတ်လည်အကျယ်အတွင်းမှာ

အိမ်ဆောက်၍ နေထိုင်သူ ရွာစားခေါ် သူကြီး တစ်ယောက်သာ ရှိလေသည်။

သူကြီးအဖြစ်မှ တာဝန်ထမ်းဆောင်သည်မှစ၍ ဝက်သားဆိုလို့ မစားချင်မှမဆုံး၊

ပိုပြီးအဆင်ပြေတာတစ်ခုက ရွာမှာဆိုတော့ နှစ်လုံးထီတွေဘာတွေတော့ မရှိဘူးပေါ့ဗျာ။

ဘယ်ရှိပါ့မလဲ နေလည်နေ့ခင်းဆို တောအလုပ်လုပ်ရ အိမ်ပြန်ရောက်တော့ နွားအစာကြွေးရ

တောက်တိုမယ်ရ နားရသည်ကိုမရှိ။ အလုပ်အားတဲ့အခါ ထာလိုက်ဦး ဘယ်မှာလဲ

နှစ်လုံးဂဏန်းကြည့်ရအောင် လျှပ်စစ်မီး။ အရင်ကတော့ ရွာမှာ နှစ်လုံးရောင်းတဲ့

ကိုကျော်သောင်း ဆိုသူတစ်ယောက်ရှိတယ်။ ဒိုင်လုပ်တဲ့သူက ရွာနဲ့ ၁၅ မိုင်လောက်ဝေးတဲ့ မြို့ပေါ်မှာ

ဖုန်းနဲ့အလုပ်လုပ်ရတာပေါ့ ရွာထဲကလူတွေ ထိုးသမျှဂဏန်းတွေကို ဒိုင်ဆီကို ဖုန်းဖြင့်လှမ်းတင်ရသည်။

တစ်ခါတစ်ရံမဟုတ် ဖုန်းလိုင်းမကောင်း၍ ခေါ်ဆို၍မရပါက တရုပ်ဆိုင်ကယ် တစ်သိန်းခွဲးတန်

အစုတ်ကလေးဖြင့် မြို့သို့ကိုယ်တိုင် သွားရောက် စာရွက်အပ်နှံရသည်။ နောက်တော့အဆင်မပြေ

ဆိုင်ကယ်ဆီဖိုး မြို့မှာရောက်တော့ လက်ဖက်ရည်ဖိုး မြို့ဝင်ဘီးခွန် မြို့ကိုတစ်ခေါက်သွားဖို့ကလည်း

မလွယ်ပါလားနော်။ ကုန်ကျစရိတ်ကအထွေထွေ တစ်ခါတစ်ရံ မော်တော်ပိကယ် နှင်တည့်တည့်တိုးပါက

တေားသူတောင်သားများအနေဖြင့် စကားရေရေလည်လည် မပြောတတ် ဆိုင်ကယ် အုပ်ထုပ်မဆောင်းလို့

ဒဏ်ငွေတစ်သောင်း ဘက်မှန်မပါလို့က ငါးထောင် ယဉ်မောင်းလိုင်စဉ်မရှိလို့ကငါးထောင်။

တစ်ရက်စာ နေ့တွက်ကလေးကုန်ပါလေရောဗျာ။ ဆိုင်ကယ်အုပ်ထုပ်နှင့် ဘက်မှန်ကတော့

ပြည့်စုံပါ၏ ယာဉ်မောင်းလိုင်စင် ကတော့သွားလုပ်ထားဆဲ။ ယာဉ်မောင်းလိုင်စဉ် လုပ်စဉ်က

ကညန ရုံးမှယာဉ်စည်းကမ်းနှင့်ပတ်သတ်သော အမေးအဖြေများပြုလုပ်စဉ် အဖြေတစ်ခုမှားပါက

လိုင်စင်ထုတ်ပေးရန်တစ်လနောက်ဆုတ်မည်။ တစ်လနောက်မဆုတ်လိုပါက

မေးခွန်းအမှားတစ်ခုအတွက် မြန်မာဘီယာတစ်လုံး။ ဘီယာက မြန်မာဘီယာမှ ကြိုတ်တယ်တဲ့။

မေးခွန်းငါးခုလောက် များမှားရင် ဘီယာငါးလုံးပေါ့။ ပြောရင်းပြောရင်းနဲ့ လမ်းကြောင်းကလွဲးတော့မယ်

ဒီလိုနဲ့ပေါ့ဗျာ ရွာမှာရှိတဲ့ချဲး(သုံးလုံး)ပေါ့ တစ်ပတ်တစ်ပတ် ထွက်တိုင်းထွက်တိုင်း

ထိုးသားတွေသာရှုံးတယ် သူကြီးကတော့ မထိုးရပဲ အမြဲးတမ်းပေါက်တယ်ဗျ။

ပေါက်တာမှ ဒိုင်တစ်ယောက်ထဲ ဆီကပေါက်တာမဟုတ်ဘူး

ရွာမှရှိတဲ့ဒိုင်တွေအားလုံးဆီက အပတ်တိုင်းပေါက်တာ အဆင်မပြေပဲဘယ်နေပါ့မလဲ။

သီတင်ကျွတ် ကျော်လို့ တန်ဆောင်မုန်းလ ကုန်ခါနီး နေပါပကော့လား။

ပြီးခဲ့တဲ့စပါးက အိမ်စားဖို့တောင့်မရလို့ ဆန်ကဝယ်စားရမယ်။ စပါကစိုက် မိုးကမရွာ

ရေစုပ်စက်ဖြင့် မောင်းတင်ရအောင်ကလဲ ဒီဇယ်ဈေးကမတတ်နိုင် ဓာတ်မြေဩဇာ တစ်လုံးရဲ့ဈေးနှုန်းကလဲ

စပါးဆယ်တင်း ဈေးနှုန်းလောက်နဲ့ လယ်ဗယ်လိုက်နေတော့ ရှုံးကာမှရှုံးရော

မိုးပေါ်ကမိုးကို မျှော်၍လွန်ဆွဲ ရုံမှတစ်ပါး တောင်သူလယ်သမားများအဖို့ ဘာမျှမတတ်နိုင်။

လွန်လဲကြိုတ်သလောက်ဆွဲပါ လူပန်းတာပဲ အဖတ်တင်မယ် မိုးခေါင်ရမယ့် အကြောင်းကရှိနေတာကို။

ရှေးလူကြီးတွေကတော့ ပြောကြတယ်ဗျ ဘာက ဘာနဲ့ မညီရင်မိုးခေါင်တယ်ဆိုလား မမှတ်တောင်မမှတ်မိတော့

ယခုခေတ်သိပ္ပံပညာရှင်များပြေားကြားတာကတော့ ” ဥတုရာသီ တောကိုမှီ၏ ” တေားကိုမှီစရာဆိုလို့

ကျုပ်တို့မြန်မာပြည်မှာ ချုံနွယ်ပိတ်ပေါင်းတေား လောက်သာမှီးစရာရှိတော့မယ်။

ဒီလိုလူဖြစ်ရှုံးလှတဲ့ နေရာဒေသမှာ ကြီးပြင်းခဲ့တဲ့ သူငယ်ချင်းသုံးယောက်ဟာ

တစ်ရွာမပြောင်းသူကောင်းမဖြစ် ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ ရေခြားမြေခြား ဒေသတစ်ခုသို့

ရွေ့ပြောင်းလုပ်ကိုင်ရန်အတွက် ဖန်တီးကြရာမှာ သေချင်တဲ့ကျား တောပြောင်း ဆောင်ပုဒ်နဲ့ ကြုံခဲ့ရတဲ့

တစ်ကယ်အဖြစ်အပျက် လက်ရှိဖြစ်နေဆဲ ဇာပ်လမ်းလေးကို

ဒုတိယပိုင်း ဇာပ်သိမ်းပိုင်းကို မကြာမှီမှာ ဆက်လတ်ဖော်ပြပေးပါမည်။

စောင့်မျော်အားပေးကြပါဦးလို့ လေးစားစွာဖြင့်ပန်ကြားလိုက်ရပါတယ်။

“””””လက်တည့်စမ်းတဲ့မောင်”””””

 

9 comments

  • ဗုံဗုံ

    December 8, 2012 at 10:13 am

    ဟုတ်တယ် ဦးလေးမိုဘိုင်းရေ ဟုတ်တယ် တောင်သူတွေဘဝကတော့ ဒီလိုပါဘဲ ဒီနှစ်မိုးကခေါင် စပါးဈေးကမကောင်းနဲ့ ရိတ်ခါနီးမှဖျက်မိုးကရွာသေးတယ် တောင်သူခွင်မှာနောက်ဆုံးစာရင်းပိတ်လိုက်ပြီဆိုရင် ကောက်စိုုက်ခ၊ ပျိုးနုတ်ခ၊ မြေဆီဖိုးတွေလည်းနုတ်လိုက်ရော အိမ်မှာစားဖို့လောက်ဘဲကျန်ခဲ့ပါတယ် ဒီကြားထဲမြေဆီက မဝယ်မနေရဝယ်ရ တာပါ ဧကများရင်များသလောက် နစ်နာပါတယ် ပြီးတော့ ဒီနှစ်ဒီအကွက်မှာ ဒီစပါးမျိုးဘဲစိုက်ရမယ်ဆိုတဲ့ စီမံချက်လာရင်တော့ အဲဒီတောင်သူက ငါးပါးမှောက်တော့တာပါဘဲ စံပြစပါးစိုက်ခင်း ဆိုတဲ့ဆိုင်းဘုတ်နောက်မှာ လိုက်ရတဲ့ အရင်းနှီးတွေက နည်းမှမနည်းတာ ပြန်ရတဲ့ငွေက တစ်ဝက်ရရင် ကံကောင်းလို့ပါဘဲ ဒါတောင်မိဗုံတို့အရပ်က ရေဝင်ရပ်မို့လို့ အသက်ရှုချောင်တာ တတ်သည့်ပညာ မနေသာမို့လို့ မိဗုံလည်း မန်းလေးမှာ အလုပ်လုပ်နေရပေမယ့် အိမ်မှာတောင်သူလုပ်ငန်းလုပ်တာမို့ တောင်သူတွေအကြောင်းကောင်းကောင်း သိပါတယ် ဆက်ရေးပါ ဦးလေး နော်တစ်ပို်င်းမျှော်နေပါတယ်

  • မောင်ပေ

    December 8, 2012 at 11:43 am

    ဇာပ်လမ်း
    ဆက်တမ်း
    ရှက်ကန်း
    ဖက်နမ်း
    လက်ရမ်း
    ကြက်တန်း
    ထပ်သမ်း

  • မင်းနန္ဓာ

    December 8, 2012 at 10:13 pm

    ရင်မောလိုက်ပါဘိ ကမိုဘိုင်းရယ်..

  • ဦးကြောင်ကြီး

    December 9, 2012 at 1:24 am

    မိုဘိုင်း
    ဆိုတိုင်း
    ပျိုရိုင်း
    လိုသိုင်း
    ဟိုဗျိုင်း
    ချိုကိုင်း
    ကိုမှိုင်း
    လျှိုဝိုင်း..။

  • jullies cezer

    December 9, 2012 at 7:12 pm

    ဇာတ်သိမ်းကိုစောင့်နေပါတယ် အင်း လယ်သမား ကနေ မလယ်သမားပေ့ါ ………

  • Mobile

    December 9, 2012 at 7:30 pm

    ဝင်ရောက် ဖတ်ရှု့အားပေးသူ အပေါင်း အထူးကျေးဇူးတင်ရှိပါကြောင်း …………..

  • ဖိုးထောင်

    December 11, 2012 at 5:42 pm

    ကိုမိုဘိုင်းရေ…. ရေးတာလေးကကောင်းပါတယ်ဗျာ စာလုံးပေါင်းလေးတွေတော့ ဂရုစိုက်စေချင်ပါတယ် (စေတနာဗရပွဖြင့်)
    ဆာဗာလေးမှာစိုးလို့ အများကြီးမမန့်တော့ပါဘူး …. ညွှတ် ညွှတ် ညွှတ်

  • Mr. MarGa

    December 11, 2012 at 8:20 pm

    အဆက်လေးကို စောင့်မျှော်နေပါကြောင်း

Leave a Reply