ခံရတာနဲတောင်နဲသေး..ဆောရီးနော် bye..

အလဲဗင်းမီဒီယာမှာ သာသနာရေးဝံကျီး သူရမြင့်မောင် လက်ပံတောင်းအရေးအခင်းမှာ အစိုးရက အကြမ်းဖက် ဖြိုခွဲမှုနဲ့ ပတ်သက်ပြီး သံဃာမဟာနာယက အဖွဲ့ကို လျောက်တော့ ဆန္ဒပြဘုန်းကြီးတွေ မလိမ်မိုးမလိမ်မာ အတီးအတမို့ အသုံးချခံရတယ်၊ အဲဒီအတွက် စိတ်မကောင်းဘူး၊ ရဲတွေအနေနဲ့ တောင်းပန်ပြီးပြီ၊ မလုပ်မဖြစ် လုပ်ခဲ့ရတာမို့ အစိုးရ ကိုယ်စားတောင်းပန်တယ်၊ နောင်မဖြစ်စေဖို့ ကြိုးစားမယ်၊ သွေးထိုးတဲ့ လူပုဂ္ဂိုလ်တွေ လွတ်နေတယ်။ သူတို့ကြတော့ အနာမခံ ပြေးကုန်ပြီ။ ဒဏ်ရာရ သံဃာတွေကို ကျနော်တို့ပဲစောင့်ရှောက် ပေးထားတယ်။ အဲလိုသဘောကို စာချောအောင် ပြောသွားတယ်။ အပြည့်အစုံကို ဒီမှာဖတ်ပါ။ မီးဝါနေတုံး လမ်းဖြတ်ကူးသူကို တိုက်မိတဲ့ ကားသမားက မင်းသောက်ရမ်းကူးလို့ တိုက်မိသွားတာ ဆောရီးပဲ လဒူရေလို့ ပြောသလိုပဲ။

ဘုန်းကြီးတွေကို တုံးအသူများ၊ အသုံးချခံများအဖြစ် ပုံဖော်စွပ်စွဲခဲ့ပြီး ဆန္ဒပြလှုံဆော်သူများကိုလည်း ခြိမ်းချောက်တယ်။ သူတို့ကြတော့ တာဝန်အရ နိုင်ငံဒေါ်အတွက် (နင့်အမေကလွှားနိုင်ငံဒေါ်လားကွ 😡 ) မလွှဲမရှောင်သာ လုပ်ရပါတယ် ဆင်ခြေပြတယ်။ စေတနာသဘောရိုးနဲ့ လုပ်တာမို့ တောင်းပန်ခိုင်းနေတဲ့ ဘုန်းကြီးတွေကပဲ အတ္တကြီးသူ မိုက်မှားနေသူဖြစ်ကုန်ပြီ။ ရွာထဲမှာလည်း ဆန္ဒပြဘုန်းကြီးတွေကို ကိုယ့်နေရာ ကိုယ်မနေဘူး၊ အသုံးချခံရတယ်၊ အဲလိုဖြစ်အောင် လူတွေကတွန်းပို့တယ် ဘာညာနဲ့ ဝေဖန်ရှုံ့ချသူအချို့ တွေ့ရတယ်။ (အဲဒီဝံကျီးဆိုတဲ့သတ္တဝါ မန်းဂေဇက်များ ဝင်ဖတ်မိသွားလား မသိဘူး) တဦးချင်း ကြိုက်သလို ထင်မြင်ပိုင်ခွင့်ရှိပေမဲ့ အစိုးရ သာသနာရေးဝံကျီးဆိုတော့ ဦးသိန်းစိန်အစိုးရရဲ့ သဘောထားဖြစ်တယ်။

ရွှေဝါရောင် တော်လှန်ရေးမှာ ရဟန်းသံဃာတော်များ ဦးစီးပြီး တိုင်းပြည်အလှည့်အပြောင်း ဖြစ်စေခဲ့တာကို တနည်းတဖုံ စော်ကားလိုက်တာပဲ။ နိုင်ငံရေး လောကီရေးများမှာ ဘုရားသားတော် သံဃာတော်များ အနည်းဆုံး ပါဝင်ပတ်သက်ရမယ်ဆိုတာ လက်ခံပါတယ်။ သို့သော် လူထုရှေ့ ထိထိရောက်ရောက် ရပ်တည်ပေးမည့်သူ ချို့တဲ့ချိန်မှာ သူတို့ဆွမ်းဒကာ ဒကာမတွေအရှေ့က ဘုန်းကြီးတွေ ရပ်တည်ပေးတာ နားလည်ပေးရမယ်။ အဲလို မဖြစ်စေချင်ရင် မတရားမှုတွေ လုပ်ခွင့်မပေးနဲ့။ အခုတော့ ဆန္ဒပြတာကို သောက်ဂရုမစိုက်ဘဲ ဝမ်ပေါင် ကုမ္မဏီက မိုင်းတွေဆက်ခွဲပြ သတ္တုတွေတူးပြတယ်။ မခံနိုင်လို့ ဘုန်းကြီးနဲ့လူထုက သပိတ်စခန်းလည်းဖွင့်ရော ဥပဒေမဲ့တယ်ဆိုပြီး တရုတ်ကိုမျက်နှာလုပ် အင်အားအလွန်အကျွံသုံး ဖြိုခွင်းတယ်။ ဘုန်းကြီးတွေသာ မပါရင် ရှစ်ဆဲ့ရှစ်ကလို ရက်ရက်စက်စက် ပစ်သတ်မှာ မလွဲဘူး။

ပြောင်းခါစမို့ပါ..

အခုဆိုရင် နိုင်ငံဒေါ်အဆင့် တာဝန်ရှိသူများကိုယ်တိုင် ဝန်ချတောင်းပန်ဖို့ မြို့အတော်များများမှာ ဘုန်းကြီးတွေ ထိုင်သပိတ်တိုက်ပွဲ ဆင်နွှဲနေပြီ။ အစိုးရ တုံ့ပြန်မှု အစပိုင်းမှာ တိုင်းရဲအဖွဲ့ တောင်းပန်တယ်။ တကယ်လုပ်တဲ့ ရဲတွေမပါ၊ တောင်းပန်တာ မမှန်လို့ မကျေနပ်မှု ပိုများလာတယ်။ ကော်မရှင်ဖွဲ့တယ်။ သာသနာရေးဝံကျီးကနေ အပြစ်တင်စကား တဝက်ပါတဲ့ တောင်းပန်စကားဆိုတယ်။ အတော်မောက်မာပြီး ယခင်စစ်အစိုးရများ ပြသနာ ဖြေရှင်းပုံနဲ့ ကွာခြားမှု မရှိပါ။ ဆန္ဒပြ ရဟန်ုးရှင်လူကို ခေါင်းမာသူ ပြသနာရှာသူအဖြစ် ပုံဖော် ကြိုးစားနေတယ်။ သူတို့ဖက်က ရပ်ပေးမည့် တကိုယ်ကောင်းသမား၊ ကကျိုးကကြောင်တွေလည်း မနည်းဘူး။ အချို့ကလည်း အင်အားသုံး ဖြေရှင်းတာ မနှစ်သက်ပေမဲ့ ကိုယ့်ကျိုးစီးပွား ကြီးကြီးမားမား ရှိတယ်။ ရုတ်ရုတ် ရုတ်ရုတ်ဖြစ်ရင် ရှာထားတဲ့ ဓနဥစ္စာ ငွေကြေးတွေ ဆုံးရှုံးမှာ၊ လည်ပတ်နေတဲ့ စီးပွားရေးတွေ ရပ်ဆိုင်းကုန်မှာ စိုးရိမ်တယ်။ (အပြစ်တင်ခြင်း မဟုတ်ပါ) လူထုလှုပ်ရှားမှု ဖြစ်လာမှာ မလိုချင်ဘူး။ တိုင်းပြည်တည်ငြိမ်ရေး လက်ညှိုးထိုး၊ နောက်ပြန် မလှည့်ရေး အကြောင်းပြ ထမင်းရည်ပူ လျှာလွှဲလုပ်နေတယ်။

အစိုးရ တုံ့ပြန်ချက်သည် တောင်းပန်နေတာထက် ဒေါ်စုကော်မရှင်က အလုပ်မဖြစ်ရင် ကျယ်ကျယ်ပြန့်ပြန့် အင်အားသုံး ဖြိုခွင်းဖို့ နိုင်ငံရေး ဝါဒဖြန့်ပုံဖော်ခြင်း ပိုများတယ်။ ပြီးခဲ့တာကို အရှည်မဖြစ်ချင်တဲ့ စေတနာ ပါတာမတွေ့ရဘူး။ မီဒီယာကိုယ်တိုင်လည်း ဒီအရေးမှာ သိပ်မဝင်ရဲလို့ သုံးသပ်တာတွေဖတ်ရတယ်။ ဧရာဝတီ မြစ်ဆုံကတော့ အစိုးရ လက်ရှောင်ပေးတော့ အော်ရဲတာပေါ့၊ လက်ပံတောင်းကြတော့ ဦးသိန်းစိန်ဂျီး တကယ် တီးချင်တီးမှာ မဟုတ်လား…။

12 comments

  • kai

    December 8, 2012 at 1:34 pm

    ဟုတ်တယ်ကွ.. ချကြကွ..
    သတ်ကြကွ..
    စစ်သားနဲ့သူ့အမျိုးအဆွေ.. မြန်မာ၅သန်း.. ပင်လယ်ထဲမောင်းချကြကွ..
    ခရိုနီနဲ့.. သူ့အမျိုး..ဝန်ထမ်းအမျိုးအနွယ်.. လူ၅သန်း.. မြေကြီးထဲမြုတ်ပစ်ကွ…
    ကြံဖွတ်နဲ့သူ့အမျိုးအနွယ် ၁ဝသန်းကို.. တောင်ပေါ်မှာပစ်ထားကွ…

    အဲလိုလုပ်ချင်တာလားဟင်င်င်….
    .. ဟင်င်င်င်င်င်… ဟင်င်င်င်င်င်… ဟင်င်င်င်င်င်… ဟင်င်င်င်င်င်… ဟင်င်င်င်င်င်.. :kwi:

    မြန်မာပြည်တော့.. ထိုင်းကလို.. ရှပ်နီတွေရှပ်ဝါတွေထွက်လာကိန်းတော့ မြင်နေပြီ..
    နှစ်၁၀၀ဝ ကျိန်စာ.. :kwi:

  • pooch

    December 8, 2012 at 2:17 pm

    စိတ်လျှော့ပါ ဦးကြောင် ဒီစာအနော်ရေးတာမဟုတ်ပါ။ :mrgreen:

    မဟာကြောင်ရေးတာပါ။ ကူးတင်ပေးလိုက်ပါတယ်။

    {{{“ဆရာတော်များအား ဒကာကြောင် လျှောက်ထားလိုသည်မှာ….”}}}
    ========================================

    (ယခင် နဲ့ ယခု အတူတူဟု ထင်မှတ်ယုံကြည်သူများ အောက်ပါစာကို မဖတ်သင့်ကြောင်း မေတ္တာေ့ရှထား ပြောကြားပါရစေ)

    ပြီးခဲ့တဲ့ လက်ပံတောင်းတောင်ကအစပြုလို့ သံဃာတော် အရှင်သူမြတ်များ သပိတ်မှောက်သင့် မမှောက်သင့် ပြည်တွင်းပြည်ပမှ ဗုဒ္ဓဘာသာမြန်မာလူမျိုးများ ကျယ်ကျယ်လောင်လောင် မှတ်ချက်ပြုတာတွေ ဖတ်ရပါတယ်..။

    အထူးသဖြင့် ဖေ့ဘွ
    တ်ပေါ်မှာ ဘုန်းကြီးနဲ့ နိုင်ငံရေး ဘာမှမဆိုင်- လို့ အဆဲအဆိုခံပြီး ခိုင်ခိုင်မာမာ ရေးသူတွေ ရှိသလို.. ၂၀၀ရ ရွှေဝါရောင်တော်လှန်ရေး၊ ဆရာတော်ဦးဝိစာရ၊ ဆရာတော်ဦးဥတ္တမ တို့ကို သက်သေဆွဲထုတ် ကိုးကားပြီး ပြည်သူ့အရေး ဘုန်းဘုန်းတို့ မားမားမတ်မတ် ေ့ရှက ရပ်သင့်ပါတယ်လို့ တင်းတင်းရင်းရင်းလေး ပြောသူတွေလဲ မရှားပါဘူး။

    အဲဒါတွေနဲ့ ပတ်သက်ပြီး ကြောင်ရဲ ့ အမြင်တချို ့ မျှဝေလိုပါတယ်။

    တကယ်တော့ ကိုလိုနီနယ်ချဲ ့ရဲ ့ ဖိနှိပ်ချုပ်ချယ်မှုအောက်မှာ ပြည်သူအများ ခါးစီးခံနေရတာတွေကို မကြည့်ရက်နိုင်လွန်းလို့ ဆရာတော်ဦးဝိစာရ နဲ့ ဆရာတော်ဦးဥတ္တမတို့ စွမ်းနိုင်သမျှ ပြည်သူ့ဖက်က ရပ်တည် ပေးခဲ့တာကို ဦးညွှတ်ကြရမှာပါ။ အဲဒါကို သဘောတူမျှထောက်ခံပါတယ်။

    ၂၀၀ရ ရွှေဝါရောင် တော်လှန်ရေးမှာ ဆန္ဒပြတပ်ဦးကို ဆရာတော်အရှင်သူမြတ်များ ဦးဆောင်ခဲ့တာဟာလဲ.. မှန်ကန်သင့်မြတ်တဲ့လုပ်ရပ်လို့ ထင်မြင်ယူဆပါတယ်..။

    ကိုလိုနီအစိုးရ နဲ့ စစ်အုပ်ချုပ်ရေးအောက် မြန်မာပြည်အခြေအနေ မှာ ပြည်သူအများ လွတ်လပ်စွာဆန္ဒဖော်ထုတ်ခွင့်ရှိမနေသလို ပေးလဲမထားပါ။ ပြည်သူ့အကျိုးကို တကယ်လိုလားတဲ့ ပြည်သူ့ကိုယ်စားလှယ် တစ်ယောက် တစ်လေမျှလည်း အုပ်ချုပ်သူအစိုးရအဖွဲ့မှာ ပါဝင်နေခြင်း မရှိတဲ့အတွက် ပြည်သူ့အသံ အုပ်ချုပ်သူများကြားသိစေဖို့ဆိုတာ စွန့်စားပြီး ဆန္ဒပြယုံမှတပါး အခြားမရှိပါ ။

    ဒါကြောင့် ပြည်သူ့ဆန္ဒ ဘယ်သို့ရှိရှိ- အစိုးရက လုပ်ချင်ရာလုပ်တဲ့ အခြေအနေအောက်မှာ ပြည်သူ့အကျိုး အဦးမူပြီး သံဃာတော်အရှင်သူမြတ်များ အုပ်ချုပ်ခံ၊ ဖိနှိပ်ခံ ပြည်သူနဲ့ လက်တွဲယှက်ခဲ့ကြတာဟာ ကောင်းမွန်လျော်ကန်တဲ့ လုပ်ရပ်လို့ သဘောတူမျှပါတယ်။

    သို့သော်.. မှက်မှောက်ခေတ်နိုင်ငံရေး အခြေအနေဟာ ကိုလိုနီနိုင်ငံရေး- မဆလနိုင်ငံရေး- စစ်အုုပ်ချုပ်မှု နိုင်ငံရေး နဲ့ မတူကွဲပြားတာတွေ အထင်အရှားရှိနေတာကို သတိချပ်ရပါမယ်။

    တစ်ခေတ်တစ်ယောက် ပြည်သူ့အကျိုး ရည်မျှော်ကိုးတဲ့ ဒေါ်အောင်ဆန်းစုကြည်.. အစိုးရအဖွဲ့ထဲ ရောက်နေပြီဖြစ်သလို- ပြည်သူအများ လွတ်လပ်စွာဆန္ဒဖော်ထုတ်ခွင့်ကိုလဲ ဥပဒေ ဘောင်နဲ့ စည်းသား ခွင့်ပြုပေးထားပြန်ပါတယ်။

    ပြုပြင်ပြောင်းလဲရေးကို တကယ် လိုလားပါတယ်လို့ ပြည်တွင်းပြည်ပက အသိအမှတ်ပြုခံရတဲ့ သမ္မတကြီးလဲ ရှိနေပါတယ်။

    ပြည်သူအနေနဲ့ စည်းနဲ့ဘောင်နဲ့ တောင်းဆိုသင့်တာ တောင်းဆိုနိုင်တဲ့ အနေအထားရှိသလို- ကိုယ့်အသံ တဆင့်နားထောင်ပြီး အကျိုးဆောင်ပေးမယ့် သူတွေလဲ ရှိနေပါပြီ..။

    အဲဒီအခြေအနေတွေ အောက်မှာ.. သံဃာတော်အရှင်သူမြတ်များအနေနဲ့ – ကိုလိုနီနယ်ချဲ ့ဆန့်ကျင်ရေးပါဝင်ဆင်နွှဲခဲ့သလို- ၈၈ မဆလသပိတ်လို- ရွှေဝါရောင်တော်လှန်ရေး ဦးဆောင်မှုပေးခဲ့သလို အတိတ်က လုပ်ထုံးလုပ်နည်း များအတိုင်း ဆန္ဒပြတပ်ဦးကို ဘာဖြစ်ဖြစ်အချိန်တိုင်းဦးဆောင်တာဟာ လျော်ကန်သင့်မြတ်ပါရဲ ့လား ဆိုတာ တွေးချိန်ချင့်စရာပါ..။

    အခုပြည်သူဟာ အတိတ်ကပြည်သူမဟုတ်သလို အခုအစိုးရဟာလဲ အတိတ်ကအစိုးရမဟုတ်ပါ။

    ပြည်သူအားနဲ့ မြစ်ဆုံကို ရပ်တန့်အောင် စွမ်းနိုင် ခဲ့တာ ကြည့်ရင် အခုပြည်သူအနေနဲ့ အထိုက်အလျောက်ကိုယ့်အားကိုယ်ကိုး နိုင်နေပြီဆိုတာ ထင်ရှားသလို အစိုးအရအနေနဲ့လည်း ပြည်သူ့ဆန္ဒကို ယခင်အစိုးရများထက် အလေးပေး တဲ့အစိုးရဆိုတာ ထင်ရှားပါတယ်။

    ဒီလိုပြောလို့ ဆရာတော်အရှင်သူမြတ်များအနေနဲ့ အစိုးရဘာလုပ်လုပ် ရေငုံနှုတ်ပိတ် နေရတော့မယ်လို့ ဆိုလိုတာမဟုတ်ပါဘူး..။

    လက်ပံတောင်း အရေးဟာ လူဝတ်ကြောင်အရေးတင်မဟုတ်- လယ်တီရဲ ့ သာသနာ့အရေး ပါဝင်ပတ်သက်နေတယ်ဆိုရင် သာသနာ့အနွှယ်ဝင် အရှင်သူမြတ်များ ကဏ္ဍခွဲခြားပြီး အစိုးရကို ကန့်ကွက်ကြရမှာပါ..။

    အခုလို နီးစပ်ရာ-လက်လှမ်းမီရာ ဆရာတော် သံဃာတော်များအနေနဲ့တောင် မဟုတ်ဘဲ၊ နိုင်ငံတော်အဆင့် သံဃာမဟာ နာယက ဆရာတော်ကြီးများကိုပါ တောင်းပန်လျှောက်ထားပြီး သာသနာ့အရေးအနေနဲ့ ဝိုင်းဝန်းအဖြေရှာကြရမှာပါ။

    တကယ်တော့ သံဃာအဖွဲ့အစည်းဆိုတာဟာ ခိုင်မာတဲ့ဖွဲ့စည်းပုံနဲ့ တည်ရှိနေတဲ့ အဖွဲ့အစည်းပါ။ နိုင်ငံတော်အဆင့်-တိုင်းအဆင့်-မြို့နယ်အဆင့်- ကျေးရွာအဆင့် အထိ အဆင့်ဆင့် စံနစ်တကျ ဖွဲ့စည်း ထားတဲ့ အဖွဲ့ အစည်းမို့ သာသနာ့အရေးကိစ္စဝိစ္စ မှန်သမျှ- တောင်းဆိုကန့်ကွက်ရန် ရှိလာတိုင်း အဖွဲ့အစည်းကနေတဆင့် တောင်းဆိုကန့်ကွက်တာဟာ ပိုပြီးအရာရောက် တရားဝင်မယ်ထင်ပါတယ်။

    အရေးကြီးတာက လူဝတ်ကြောင်အရေး နဲ့ သာသနာရေး ကို ကွဲကွဲပြားပြား ခွဲခြားသင့်ပြီး ဆရာတော်အရှင်သူမြတ်များအနေနဲ့ သာသနာ့အရေးနဲ့ စပ်ဆိုင်တဲ့အရေးကိစ္စများမှာပဲ ကန့်ကွက်တောင်းဆိုသင့်တယ် လို့ တပည့်တော် ယုံကြည်မိပါတယ်။

    မနက်ဖန်မှာ စတင်မဲ့ အထွေထွေသပိတ်ကြီးမှာလဲ ဆရာတော်အရှင်သူမြတ်များအနေနဲ့ အဲဒီရပ်တည်ချက်နဲ့ ပါဝင်ဆန္ဒဖော်ထုတ်တာမျိုးပဲ မြင်ချင်မိပါတယ်။

    သာသနာရေးနဲ့မဆိုင်လှတဲ့ လူဝတ်ကြောင် အရေး တွေကိုပါ ရောယှက်ခေါင်းခံပြီး အထွေထွေသပိတ်ကို ဦးဆောင်ရင် အားလုံးကို အကျဉ်းအကျပ်ဆိုက်အောင် လုပ်သလိုဖြစ်မှာ စိုးရိမ်မကင်း ဖြစ်မိပါတယ်။

    မြင်သာအောင်ပြောရရင် .. လွတ်တော်နဲ့ အစိုးရအဖွဲ့မှာ ပါဝင်တဲ့ တပ်မတော်သားကိုယ်စားလှယ်တွေ နှုတ်ထွက်ပေးဖို့- ဆိုတာ သံဃာ့အရေး၊ သာသနာ့အရေး မဟုတ်ဘဲ လူဝတ်ကြောင်များအရေးဖြစ်တာမို့ သပိတ်စုံအကုန်ရဗျုဟာထဲမှာ သံဃာတော်အရှင်သူမြတ်များ ကန့်လန့်ကန့်လန့်နဲ့ ခေါင်းဆောင်ရွေး- ေ့ရှတန်းတင် မခံရစေချင်ပါ။

    ဒီစာဟာ.. လက်ရှိအစိုးရကို ထောက်ခံတဲ့စာမဟုတ်သလို- ဆရာတော်အရှင်သူမြတ်များကို သပိတ်မမှောက်ဖို့ တားဆီးတဲ့ စာလဲ မဟုတ်ပါ။

    အတိတ်က ကိုလိုနီခေတ်-မဆလခေတ် နဲ့ စစ်အစိုးရခေတ် မှာ နိုင်ငံရေး နဲ့ ဘာသာရေး ဒွေးရောယှက်တင်ရှိခဲ့တာကို ဆွဲယူကိုးကားပြီး ဘယ်တော့ဖြစ်ဖြစ်-ဘယ်လို အခြေအနေမှာဖြစ်ဖြစ်- နိုင်ငံရေးနဲ့ဘာသာရေး ရောထွေးကောင်းတယ်လို့ တရားသေ-လှေနံဓါးထစ် မှတ်ယူ လုပ်ဆောင်နေကြတာကို ပြုပြင်သင့်တယ် ထင်လို့ ရေးလိုက်တဲ့စာပါ။

    လူအများရဲ ့ ဆန္ဒနဲ့ ထပ်တူကျမှာ မဟုတ်မှန်းသိပေမယ့်.. ယခင်နဲ့ ယခု မတူညီမှုကို ဆရာ-တကာများ တွေးချိန်ချင့်စေလိုတဲ့ စေတနာအရင်းတည်ပါတယ်။

    စေတနာကနေ ဝေဒနာဖြစ်တတ်တဲ့ သဘောကိုလဲ လက်ခံထားတာမို့ (ဖေ့ဘွတ်ထုံးစံ) ဆဲလိုသူများ ဆဲကြပါလေ..။

    ရိုသေစွာ ဦးတင်လျှက်..

    (ဒကာကြောင်)

    • ဦးကြောင်ကြီး

      December 9, 2012 at 1:56 am

      ကြောင်ဇုပ်ကများ ရာရာသသ…. ဘုန်းကြီးစာချလုပ်လို့… 😡 ဆြာတော်ဦးကြောင် 👿

    • Wow

      December 10, 2012 at 3:09 pm

      ဒီအူးကြောင် နာတို့များ စောင်းတုတ်နေတာလားမသိဘူး… တစ်ခါလေးပြောမိပါဒယ် :mrgreen:

  • surmi

    December 8, 2012 at 2:22 pm

    ယခု နောက်ဆုံးရှိသတင်း
    ယနေ ့ နေ ့လည် (2:15) မှာဆူးလေဘုရားမှာစုပြီး ဆန္ဒပြဖို ့
    ချီတက်နေကြပါပြီ

  • MaMa

    December 8, 2012 at 2:53 pm

    နောက်ကြောင်းပြန်လှည့်မယ့် အဆင်ဖြစ်နေတယ်။
    သတိရှိကြဖို့လိုပါတယ်။
    ဒေါ်စုကိုယ်တိုင် အကောင်းဆုံးဖြစ်အောင် ကြိုးစားနေတာကို ယုံကြည်တယ်ဆိုရင် ….
    လူထုအနေနဲ့ နည်းနည်းတော့ စိတ်ရှည်သည်းခံဖို့ လိုမယ်ထင်ပါတယ်။

  • cobra

    December 8, 2012 at 5:12 pm

    မ မ ပြောတာမှန်ပါပေတယ်
    လောလို့မရသေးပါဘူး။

  • aanyar thar

    December 8, 2012 at 5:23 pm

    MaMa says:
    နောက်ကြောင်းပြန်လှည့်မယ့် အဆင်ဖြစ်နေတယ်။
    သတိရှိကြဖို့လိုပါတယ်။
    ဒေါ်စုကိုယ်တိုင် အကောင်းဆုံးဖြစ်အောင် ကြိုးစားနေတာကို ယုံကြည်တယ်ဆိုရင် ….
    လူထုအနေနဲ့ နည်းနည်းတော့ စိတ်ရှည်သည်းခံဖို့ လိုမယ်ထင်ပါတယ်။

    cobra says:
    မ မ ပြောတာမှန်ပါပေတယ်
    လောလို့မရသေးပါဘူး။

    ဒါပေါ့..ကို့အမျိုး အဆွေ မပါသေးသမျှတော့ သည်းခံကြပေါ့ ခနီ္တွ့ရမီ ရှင်တွေပဲဗျ လောလောဆယ် ဘုးန်ဘုန်းတိုကတော့ မီးပူဇော်ခံ ခဲ့ရပြီးပြီ နောက်ထပ်ဆို မီးသဂြိုလ် ခံရဖို့ပဲ ကျန်တော့တယ် သည်းခံပါ့မယ် ဒကာမကြီးတို့

    • MaMa

      December 9, 2012 at 9:55 am

      အညာသားရေ-
      အထင်မလွဲပါနဲ့။
      ကိုယ်ချင်းမစာလို့ မဟုတ်ပါ။
      အခုလို အဖြစ်ဆိုးမျိုးတွေ နောက်ထပ်မဖြစ်စေချင်၊ မခံစားကြရစေလို လို့သာ ဖြစ်ပါတယ်။

  • Good™

    December 8, 2012 at 9:09 pm

    ဘာပဲပြောပြော နောက်ကြောင်း လှည့် ချင် နေတာ တော့ သိသာနေတယ်။
    ရခိုင် အရေး တခု သာဓက ရှိနေတာ် နော်။ တခု မဟုတ် တခု နဲ့ တိုက်နေမှာ ပဲ။ ခု အရေး မှာ လဲ ဘလိုင်း လို့ ပြော မလား ၊ ပေါ်တင် လို့ ပြော မလား သိသာသာ ကို ဒဏ်ရာ ရသူ များ အောင် မီဒီယာမှာ ပွ အောင် လုပ်နေတာနော်။
    အခု လို နှိမ်နင်း မျိုး မလုပ်သင့် တဲ့ နိုင်ငံ ရေး အခြေအနေ မှာ ဖြစ်အောင် ဖန်တီးတာ လို့ ထင်တယ်။
    ရဟန်းသံဃာ တွေ အနေနဲ့ အဓိကကျတဲ့ နိုင်ငံ ခေါင်းဆောင်တွေနဲ့ အရင် တိုင်ပင်ပြီး မှ ဘာ ဆက်လုပ်ရင် ကောင်း မယ် ဆို တာ ချင့် ချိန်စေချင်တယ်။

  • Mobile

    December 8, 2012 at 9:12 pm

    မဆွေးနွေးတတ်လို့ ဒီအတိုင်းပဲ အားပေးခဲ့ပါတယ်။

  • jullies cezer

    December 9, 2012 at 7:06 pm

    အော်ဘုန်းကြီးမီးမြှိက်ပြီးမှကန်တော့တဲ့လား တရားကျဖို့ကောင်းလေစွ
    ိထိပ်ခေါက်တယ်ဆိုတာရိုးသွားလို့မီးမြှိက်တာနေမှာ လူရွှင်တော်တွေ
    ပြောဖူးသလို ရပ်ပစ်အပါး ၁၀ဝ ဆိုတာတကယ်ဖြစ်တာပဲ သဘင်သည်စကား
    သတိထားရမယ်ဆိုတာမှန်လိုက်တာ ……

Leave a Reply