စဉ်းစားကြစေလိုပါတယ် ( ၄၅ ) ( ဂျီနိုဆိုက် တဲ့လားကွယ် )

Foreign ResidentDecember 9, 20123min29246

စဉ်းစားကြစေလိုပါတယ် ( ၄၅ )

( ဂျီနိုဆိုက် တဲ့လားကွယ် )

 

အခု လောလောဆယ် ၊

လက်ပန်တောင်း ကိစ္စ ကို ၊

ခဏ လျော့ထား စေချင်ပါတယ် ။

 

ဘာဖြစ်လို့လဲ ဆိုတော့ ၊

ဒီညနေ မှာ ၊

ရခိုင် ဘင်္ဂါလီ ကိစ္စ နှင့်ပါတ်သက်ပြီး

Al Jazeera ရဲ့ မှတ်တမ်း ဗီဒီယို ဇတ်လမ်း ၊

” ———- “

” ဖုံးကွယ်ထားသည့် လူ မျိုး တုန်း သတ်ဖြတ်မှု “

Al Jazeera မှာ ပြသပါတော့မယ် ။

 

နိုင်ငံတကာ မွတ်ဆလင် ထုရဲ့ တုန့်ပြန်မှု ဆိုးနိုင်ပါတယ် ။

ပြည်တွင်းရေး ပြဿနာ ( လက်ပန်တောင်း ) ထက် ၊

ဒီ ” ဖုံးကွယ်ထားသည့် လူ မျိုး တုန်း သတ်ဖြတ်မှု ” ၊

မှတ်တမ်း ဗီဒီယို ဇတ်လမ်းတွဲ က ၊

ပြည်တွင်းရော ၊ ပြည်ပကပါ လက်တုန့်ပြန်မှု ပြင်းထန်နိုင်ပါတယ် ။

ပြည်ပ နေ မြန်မာများကိုပါ အန္တရာယ် ကျနိုင်ပါတယ် ။

ဂရုစိုက် သတိထားကြပါ ။

 

သူ့ ရဲ့ အကြိုရေးထားတဲ့ ဇတ်လမ်းကတင် တော်တော် ဆိုးပါတယ် ။

<http://aljazeerapressoffice.tumblr.com/post/37105815318/expert-warns-of-rohingya-genocide>

 

Amongst the findings are:

 

    The location of a mass grave of 35 people, 25 of them children.

Most had been shot as they fled by soldiers from Myanmar’s national army

as well as paramilitaries from a border security force, known as NaSaKa.

( စစ်တပ် နှင့် နစက က ပစ်သတ်ထားတဲ့ လူ ၃၅ ယောက် စုမြုပ်ထားတဲ့ ကျင်းထဲမှာ

ကလေး ၂၅ ယောက် လဲပါတယ် )

 

    An eyewitness watched as around 100 bodies were dumped from a truck and

buried in marshland by security services.

( လုံခြုံရေး အဖွဲ့က ထရပ်ကားနှင့် သွန်ချပြီး လူ တစ်ရာ ကျော် စုမြုပ်ထားတဲ့ ကျင်း

မျက်မြင် သက်သေ ရဲ့ ပြောကြားချက် )

 

    Accounts describe security forces traveling through Rohingya districts

throwing bottles of gasoline onto houses and setting them alight.

( လုံခြုံရေး အဖွဲ့က ရိုဟင်ဂျာ အိမ်တွေကို မီးရှို့ )

 

    One man described how up to 40 religious scholars

were brought to the yard of a mosque and summarily executed.

They were accused of being ‘troublemakers’.

( ဘာသာရေးသမား ၄ဝ လောက်ကို ဗလီ ကွင်းပြင်ထဲကို ခေါ်သွားပြီး

ပြဿနာရှာသူတွေလို့ စွတ်ဆွဲပြီး သတ်ပစ် )

 

    A 12-year old girl watched as 5 of her cousins – all younger than her –

were picked up by security forces and thrown into large fires.

( ၁၂ နှစ်သမီး အစ်မက သူ့ထက်ငယ်တဲ့ မေါင် ၅ ယောက်ကို

လုံခြုံရေး အဖွဲ့တွေက မီးပုံကြီးတွေထဲ ပြစ်ထည့်ပြီး သတ် )

 

    There is evidence of torture and arbitrary arrest.

One man who was severely beaten saw six corpses in the local police station.

    Al Jazeera spoke to one woman who was raped,

according to medical records by more than 20 men

( ဆေးစစ်ချက် အရ မိန်းမ တစ်ယောက်ကို

လူ အနဲဆုံး အယောက် ၂ဝ ကျော်က မုဒိန်းကျင့် )

 

Al Jazeera English (GMT)

 

9th Dec ( Sun ) – 0600 ( GMT ) = 9th Dec ( Sun ) – 1230 ( Myanmar Time )

10th Dec ( Mon ) – 2000 ( GMT ) = 11th Dec ( Tue ) – 0230 ( Myanmar Time )

11th Dec ( Tue ) – 1200 ( GMT ) = 11th Dec ( Tue ) – 1830 ( Myanmar Time )

12th Dec ( Wed ) – 0100 ( GMT ) = 12th Dec ( Wed ) – 0730 ( Myanmar Time )

13th Dec ( Thu ) – 0600 ( GMT ) = 13th Dec ( Thu ) – 1230 ( Myanmar Time )

 

တော်သေးဘီ ။

 

အဘ ဖေါ ( F R ) ။

46 comments

  • စိုင်း ကွမ်းခေး

    December 9, 2012 at 6:19 am

    အဘဖောရေ..

    ကျွန်တော်တော့ လက်တစ်လော အီဂျစ်တွေရဲ့ အကြောင်းမရှိအကြောင်းရှာ ပြဿနာအရှာခံနေရပါတယ်ဆိုတဲ့အကြောင်း… အီဂျစ်ဆိုတာ ဘာကောင်တွေလဲ နည်းနည်းတော့ရိပ်မိမယ်ထင်ပါရဲ့..

    ရသမျှ သတင်း Update တွေ ဆက်ပေးသွားပါမယ်ဆိုတဲ့အကြောင်း

  • Mr. MarGa

    December 9, 2012 at 10:10 am

    အဘရေ
    ဒီနေ့မနက် MRTV4 သတင်းမှာ အဲဒီကိစ္စကို မြန်မာနိုင်ငံက ကန့်ကွက်ကြောင်း ပြောထားပါတယ်
    မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနက ကန့်ကွက်ကြောင်း ကြေညာချက် ထုတ်ထားတယ် လို့ သတင်းကြေညာသွားပါတယ်
    ဒါပေမယ့် အခုအချိန်ထိ MRTV4 website မှာရော ကျန်တဲ့ သတင်းမီဒီယာတွေမှာရော အဲဒီသတင်း မတွေ့သေးပါဘူး
    ဘယ်လိုဖြစ်တာလဲတော့ မသိတော့ဘူး

  • မောင်ပေ

    December 9, 2012 at 12:58 pm

    အဲ့ကောင်တွေက တစ်ကမ္ဘာလုံးကို လိုက်ရန်စနေတာပဲ
    ပြဿနာကို မီးခွက်ထွန်းရှာနေတယ်ဆိုတာ အဲ့ကောင်တွေကို ပြောရမှာ

  • pazflor

    December 9, 2012 at 1:28 pm

    အခုဘဲကြည့်ပြီးတယ်ခင်ဗျ။ မြန်မာဘက်ကတော့ ဘုန်းကြီးတစ်ပါးကိုဘဲ မေးထားတာတွေ့သေးတယ်။
    ဘယ်လို သက်သေပြမလည်းတော့ မသိဘူး။ အခုထိ ပြတဲ့ ဗီဒီယိုတွေထဲမှာ တော့ သူတို့တွေ အုပ်လိုက်စုနေတာ၊ ရခိုင်အိမ်တွေကို ခဲနဲ့ပေါက်တာတွေဘဲမြင်တယ်။ နောက်မီးလောင်နေတဲ့ အိမ်တွေကို ပြတော့ မီးငြိမ်းနေကြတာ အဲ့ကုလားတွေ တစ်ကောင်မှ မပါဘူး။ ရခိုင်အိမ်တွေလောင်နေတာဘဲ ဖြစ်မယ်။ ကြည့်ရတာအယ်လဂျားဇီးယားက မီးမွေးနေပြီထင်တယ်။
    နောက်ကြောက်စရာကောင်းတာရှိတယ်။ အဲ့ ၁၂နှစ်အရွယ်ကောင်မလေးက ပြောတယ်၊ သူသာ အသက်ပိုကြီးခဲ့မယ်ဆိုရင် အဲ့ရခိုင်တွေ ကိုသတ်မယ်ဆိုဘဲ။

  • pazflor

    December 9, 2012 at 1:36 pm

    နောက်ပိုင်းဆက်ကြည့်ဖြစ်သေးတယ်၊ အယ်လဂျာဇီးယားက သူတို့ဘက်ကပြောကိုနားထောင်တာဘဲရှိတယ်၊ အမှန်တကယ်မစစ်ဆေးနိုင်ခဲ့ဘူးလို့ပြောတယ်။
    အစုအလိုက်အပြုံလိုက်သတ်တယ်လို့ပြောတာကတော့ ကုလားနှစ်ယောက်၊ တစ်ယောက်ကတော့ ညဘက်မှာ ကားတွေနဲ့သယ်လာပြီး တံတားအောက်မှာ မြုပ်တယ်ဆိုဘဲ။ ဒါပေမဲ့ ညဘက်အဝေးက မြင်တာလို့ပြောထားတယ်။
    နောက်ကုလားအဘိုးကြီးကတော့ သူကိုယ်တိုင်မြေပြန်မြုပ်ပေးခဲ့ရတယ်ဆိုဘဲ။
    နောက်အင်တာဗျူးထားတဲ့ ကုလားတွေက သူတို့ ကုလားလို့ဘဲပြောကြတယ်။ နောက်အဲ့လူတွေက အခု မြန်မာပြည်ထဲမှာ မဟုတ်တော့ဘူး၊ ဘင်ဂလားထဲရောက်နေကြပြီ။

    စစ်တွေဘက်က လူတစ်ယောက်ကိုမေးတော့ ဒေါသတကြီးနဲ့ ဒေါက်တာအေးမောင်ကို စွပ်စွဲတယ်။ နောက် RNDP ကိုပေါ့။

    မလွယ်ပါဘူးဗျာ။

    • Foreign Resident

      December 9, 2012 at 1:55 pm

      ” အယ်လဂျာဇီးယားက သူတို့ဘက်ကပြောကိုနားထောင်တာဘဲရှိတယ်၊
      အမှန်တကယ်မစစ်ဆေးနိုင်ခဲ့ဘူးလို့ပြောတယ် ”

      အယ်လဂျာဇီးယားက ဆိုလိုချင်တာက ၊
      သူတို့ကို မြန်မာ အစိုးရက ၊
      ရခိုင်ပြည်နယ်မှာ တရားဝင် လွတ်လပ်စွာ သတင်းယူခွင့် မပေးတဲ့ အတွက် ၊
      မှန်မမှန် စစ်ဆေးခွင့် မရပါဘူးလို့ ဆိုလိုတာပါ ။

      ဘာပဲပြောပြော ၊ အယ်လဂျာဇီးယားက ၊
      သူတို့ ပြောချင်တဲ့ သတင်းကို ၊
      ကြည့်နေတဲ့သူတွေ ရင်ထဲ ခံစားမိအောင်တော့ ပို့လိုက်ပြီ ။

      ဘာတွေ ဆက်ဖြစ်မလဲတော့ ၊ မသိဘူး ။

  • garuda

    December 9, 2012 at 1:40 pm

    မသီတာထွေး ကာလဝန်းကျင်လောက်မှာ Owen Wilson နဲ့ Gene Hackman ပါတဲ့ ရုပ်ရှင်တစ်ကားကြည့်လိုက်ရတယ်။ မကြာခင်မှာပဲ.. တောင်ကုတ်ကိစ္စဖြစ်၊ ပြီးတော့မောင်တောမီးရှို့ လူသတ် ဖြစ်တော့၊ သစ်ပင်ရိပ်ခို အလစ်ဝင်တိုက်ခိုက် ခလေးတွေရှေ့ထုတ်ပြီး ဒီကောင်တွေလုပ်နေတာတွေ့တော့ထူးတော့ထူးခြားတယ်လို့
    ထင်မိခဲ့တယ်။ ထူးထူးခြားခြား အဲဒီရုပ်ရှင်ဟာ ပထမ အဓိကရုဏ်းပြီးတော့ တစ်ခေါက်ပြန်လာတယ်။ လွတ်သွားတဲ့ အခန်းလေးတွေကလည်းရှိနေတော့ ထပ်ကြည့်ရင်းနဲ့ ဂြိုလ်တုကနေ ဇာတ်လိုက်ပြေးနေတာကို ကြည့်နေကြတဲ့ အခန်းရောက်တော့ စိတ်ထဲမှာ မောင်တောကိစ္စတုန်းက ဟိုကောင်တွေတော့ ရဲတွေကို တမင်သူတို့ကို ပစ်အောင်စောင့်နေကြလားမသိဘူးလို့ပြန်တွေးမိတယ်။ ပြီးတော့ အဲဒီတုန်းက ယူအက်(စ)ကတောင် သေသေချာချာမသိပဲနဲ့ အစိုးရကို ကိုင်တွယ် ပုံကောင်းတယ်လို့ချီးကျူးခဲ့တော့…စဉ်းစားမိလိုက်တယ် အင်း..သူတို့ ဂြိုလ်တုက တစ်ဆင့် ဒီကောင်တွေကို မပစ်တာ တွေ့လို့ ချီးကျူးတာဖြစ်မယ်လို့ထင်ခဲ့တယ်။ ဒါဆိုပြီးပြီပေါ့လေ လို့ထင်ခဲ့တယ်။ နောက် မြောက်ဦးမှာပြန်စတယ်။ စတာကလည်း သူတို့ကြောင့်စဖြစ်တယ်လို့ ကြားတယ်။တစ်ခြားနေရာတွေပါရောက်ကုန်တယ်။ မိးငြိမ်းတဲ့လူတွေကိုလည်း အလစ်မှာချောင်းပစ်တယ် ဘာညာပေါ့ဗျာ။ အဲနောက် သူတို့အိမ်တွေ အကုန်လုံးမီးရှို့ခံရပါတယ်လုပ်တယ်။ လူ့အခွင့်အရေး စောင့်ကြည့် အဖွဲ့ဆိုတာက ဂြိုလ်တုဓာတ်ပုံကြီးထုတ်ပြလာပြီးစွပ်လိုစွပ်စွဲတွေပြောတယ်တယ်။ ဘာမှတတ်အပ်စွတ်စွဲလို့မရပေမဲ့လည်း.. ကိုယ်တွေကလုပ်ပါတယ် လို့သူများတွေထင်သွားလည်း မနဲဘူးအကြံနဲ့ပေါ့ဗျာ(ကြည့်နေပါ ဉာဏ်နီဉာဏ်နက်တွေက တစ်ခုပြီး တစ်ခုဆက်တိုက်လာပါလိမ့်မယ်) အဲ..မြောက်ဦးပြီးတော့ တကယ့်ကိုတိုက်တိုက်ဆိုင်ဆိုင်
    လွန်ခဲ့တဲ့၃ပတ်လောက်ကပဲ တတိယအကြိမ် အဲဒီကားပဲပြန်ပြပါရောဗျာ။တကယ်ကိုတိုက်ဆိုင်ချက်က။
    ရော…အခုတော့ Hidden Genocide ဆိုပြီးတော့တောင် ဖြစ်လာပါရောလား။ ရုပ်ရှင်ကားလေးနာမည်ကတော့ Behind Enemy Lines (2001) ပါခင်ဗျာ။
    ရခိုင်မှာ ဖြစ်သမျှ အဖြစ်အပျက်အားလုံးဟာ.. အဲဒီကားထဲက အတိုင်းဝင်အောင် ဇာတ်လမ်းဖေါ်ထား ကြံစည်ထားတယ်လို့ယူဆပါတယ်ခင်ဗျာ။ ဂြိုလ်တုက နေကြည့်တာကအစ အခုလာမယ့်
    Hidden Genocide ဆိုတဲ့ အဖြစ်အပျက်က အစ။ အဲဒီကားထဲမှာလည်း မူစလင်တွေကို အစုလိုက်အပြုံလိုက်သတ်တယ်ဆိုတာပါတယ်လေ။ ဇာတ်လမ်းအကြမ်းဖျင်းကတော့ အောက်ပါလင့်မှာဖတ်နိုင်ပါတယ်ဗျာ
    http://en.wikipedia.org/wiki/Behind_Enemy_Lines_%282001_film%29
    အခုလောလောဆယ် သတိပေးချင်တာကတော့ ရခိုင်များ အထူးသတိထားပြီးနေပါ။
    သူတို့ရဲ့ အဓိက ကောက်ကျစ်တဲ့ အကြံက ambush လုပ်မယ် လစ်ရင် ဗြောင်သတ်/မီးရှို့မယ်။
    ကိုယ်တွေက မခံနိုင်လို့ ဒေါသအလျောက်ပြန်လုပ်ရင် ကိုယ့်အလွန်ဖြစ်အောင် set up လုပ်လိမ့်မယ်။
    နောက်တစ်ခုက အရင်သူတို့ ရခိုင်တွေကို အစုလိုက်အပြုံလိုက်သတ်ခဲ့တာကို နည်း အမျိုးမျိုးနဲ့ ဖုံးဖို့ကြိုးစားနေတာပါ။ ဒီအချိန်မှာ ရခိုင်တွေ အများကြီးစည်းလုံးဖို့ သွေးအေးအေးစဉ်းစားပြီး ခုခံဖို့လိုအပ်လာပါပြီ။ သူတို့မှာက အစီအစဉ်တွေ အများကြီးရှိသေးတယ်လို့ယူဆတယ်။ အခုဟာက ဒေါ်အောင်ဆန်းစုကြည်ပြောသလို over night ရှင်းလို့မရတဲ့ ကိစ္စပါ နှစ်နဲ့ချီပြီးရှင်းထုတ်မှရတော့မှာ။ ဒီကြားထဲမှာ ကိုယ့်တိုင်းရင်းသားတွေ တတိတိ အသတ်မခံရဖို့အရေးကြီးတယ်။အဓိက သူတို့ရဲ့လုပ်ဆောင်ချက်တွေကတော့ အရင် အုပ်ချုပ်သူတွေက အရေးအခင်းတွေမှာ ပြည်သူတွေကို ပစ်ခတ်/အကြမ်းဖက်နှိမ်နင်းတာတွေ အပေါ်နင်းပြီးတော့
    နာမည်ပျက်ခဲ့တာကို(အခုလတ်တလောဖြစ်သွားတဲ့လက်ပံတောင်းကိစ္စကလည်းပြောစရာဖြစ်သွား
    တာပါ ပါလိမ့်မယ်)နိုင်ငံတကာကို အမျိုးမျိုးလိမ်ညာ အသနားခံပြီး အမျိုးစုံလုပ်ကြံလွှင့်ခိုင်းနေတာလို့ထင်ပါတယ်။ပြည်သူ့တွေရဲ့ လုံခြုံရေးကို ကာကွယ်နေတဲ့ အဖွဲ့အစည်းတွေ အနေနဲ့ ကောင်းကောင်းကြီး သတိထား စဉ်းစားဆင်ခြင်ဖို့ သင့်ပါပြီ။ အင်း….တကယ် အသတ်ခံရတာ၊နှိပ်စက်ခံရတာက ကရင်/ကချင်လူမျိုးတွေ ဆန္ဒပြတဲ့ တို့နိုင်ငံသားတွေနဲ့ ဖုန်းကြီးတွေ။နာမည်ကောင်းဝင်ယူချင်တော့ သူတို့ကထိပ်က။ တကယ့်ကို “လူ့အခွင့်အရေးကို အခွင့်ထူးခံလိုချင်တဲ့ လူစားတွေပဲနော်”။ ဘယ်လိုပဲဖြစ်ဖြစ် အခု documentary ထဲကလို တကယ်လုပ်ခဲ့ ရင်တော့ လုပ်ခဲ့တဲ့ လူတွေ အရေးယူရမှာပဲလေ။ ဒါပေမဲ့ အဲဒါကြောင့် ဒီလူတွေကို လက်ခံစရာအကြောင်းကို မရှိဘူး။ ကိုယ့်နိုင်ငံဥပဒေနဲ့ အကျုံးဝင်တဲ့ လူတွေနေခွင့်ရှိမယ် ကျန်တာတွေကတော့ အုပ်ချုပ်သူများ ဘယ်နည်းနဲ့ ဖြစ်ဖြစ်ရှင်းထုတ်ပြစ်ရမှာပဲ။ နိုင်ငံတကာက လက်ခံရင်လက်ခံ ဒါပဲရှိတယ်။ဘယ့်နှယ် ယူအက်၊ဩစတြေးလျ မှာတောင် အရမ်းကိုတင်းကြပ်နေတဲ့ ကိစ္စ၊ အခုမှ ဒီမိုကရေစီရဖို့ ရုန်းကန်နေတုန်းရှိသေးတဲ့နိုင်ငံက လက်ခံထားရမယ်ဆိုတာကတော့ အရမ်းကို အနိုင်ကျင့်လွန်းတယ်၊အဓိပ္ပါယ်မရှိဘူး လို့ထင်တယ်။ အစိုးရကလည်း ပွင့်ပွင့်လင်းလင်းနဲ့ ရခိုင်ပညာရှင်တွေ တစ်ခြားတတ်သိနားလည်တဲ့ ပညာရှင်တွေနဲ့ ပေါင်းပြီး တစ်ခုခုလုပ်သင့်ပြီထင်ပါတယ်။ အရင်သူတို့ဟာသူတို့ ကြိတ်ပြီးကုနေလို့လည်း ဒီကိစ္စကြီးကကြီးထွားလာတာပါ။ ထပ်ပြီးမှားနေရင်တော့ မကောင်းတော့ဘူးနော်။ Al Jazeera လည်းလွှင့်ပါစေလေ သူတို့လုပ်လို့ပွဲဆူရင်၊ သူတို့လွှင့်တာမှားရင်တော့ သူတို့ ပဲနာမည်ပျက်မှာပဲလေ။ အဲတာကြောင့် ရခိုင်တွေ NGO တွေကို အယုံအကြည်မရှိဘူးဆိုတာ ဒီDocumentary ကို ရိုက်သွားတဲ့ လူတွေက NGO ရုံးတစ်ခုမှာတည်းပြီး အဲဒီ အဖွဲ့အစည်းမှာပဲ အလုပ်လုပ်သလိုနဲ့ နားလှည့်ပါးရိုက်ဝင်လာပြီးရိုက်သွားတာဆိုပဲ။ မြန်မာပြည်မှာ အဲသလိုဝင်လာပြီး အဲဒီလိုနေရာမှာ ရိုက်နိုင်တယ်ဆိုတာ အတော်ကိုလွပ်လပ်မှုပေးခံထားရတာပဲ။ ဘယ်လက်ထက်ကမှ ထုံးစံမရှိဖူးဘူး။

  • garuda

    December 9, 2012 at 1:46 pm

    နောက်တစ်ခုက မိန်းမတစ်ယောက်ကို လူ၂ဝက မုဒိမ်းကျင့်တယ်ဆိုတာ ဘယ်၂ဝကလဲ? သူတို့လူမျိုးထဲက အစွန်းရောက်တွေက အရမ်းဆိုးတယ်ကြားတယ်နော်။ အရည်းကြီးတွေကိုဟာမျိုးတွေလို့ကြားတယ်။

    • Foreign Resident

      December 9, 2012 at 2:01 pm

      အဘ လည်း လူ ၂ဝ လောက်က မုဒိန်းကျင့်ခံရတယ်လို့ ၊
      ( ဆေး မှတ်တမ်း ) မကြားမိလိုက်ဘူးကွယ့် ။

      မုဒိန်းကျင့်ခံရတယ် လို့တောင် ၊
      တိတိ ပပ ပြောသွားတာ မကြားမိဘူး ။

      ကောင်မလေး သတိလစ်သွားတယ် ၊
      ဆေးရုံမှာ သတိပြန်ရတယ် ၊
      ဘာဖြစ်ခဲ့တယ် ဆိုတာ သဘောပေါက်သွားတယ် ။
      ဒါလောက်ပဲ ကြားလိုက်ရတယ် ။

      အဲဒီ ကောင်မလေး သေသွားတာကတော့ ၊
      ဇတ် ပိုနာသွားတာပေါ့ကွယ် ။

      • Foreign Resident

        December 9, 2012 at 4:26 pm

        Sorry ။ ပြန် နားထောင်ကြည့်တော့ ။
        ” According to Medical records, —- was raped by more than 20 men ”
        ဆိုပြီး ပါပါတယ် ။
        အဲတော့ လူ ၂ဝ ကျော်က မုဒိန်းကျင့်တယ် လို့ စွပ်စွဲတာပါ ။

        • တိမ်မည်း

          December 10, 2012 at 8:44 am

          အဘရေ…. ဖြစ်နိုင်တာ မဖြစ်နိုင်တာ စဉ်းစားကြည့်ပေါ့ တခုပြောမယ်နော်…..
          ဘယ် ဘင်္ဂလီမကမှ လူနှစ်ဆယ် ဝိုင်းပီး မုဒိန်းကျင့်ချင်လောက်အောင် စွဲဆောင်မှူမရှိပါဖူး…..
          ယုံချင်စရာကိုမရှိတာပါ…… အဲ့တချက်ကတော့……
          တယောက်တည်းကဖြစ်စေ လေးယောက်လောက်က ဖြစ်စေ အခါပေါင်းများစွာ ကျင့်တယ်ဆိုရင်တော့ တမျိုးပေါ့နော်…….
          လိမ်မယ်ဆိုလည်း ယုတိ္တရှိရှိလိမ်ပါနော်…..
          ရီချင်စရာကြီး… ဟားဟားဟား…… 🙂

        • Foreign Resident

          December 10, 2012 at 9:05 am

          ” ဘယ် ဘင်္ဂလီမ ကမှ လူနှစ်ဆယ် ဝိုင်းပီး
          မုဒိန်း ကျင့်ချင်လောက်အောင် စွဲဆောင်မှူ မရှိပါဖူး ”

          လူ / မိန်းကလေး တစ်ယောက်ကို ၊
          အဲလောက်ကြီးတော့ မပြောလိုက်ပါနှင့် ၊
          ကို တိမ်မည်း ရယ် ။
          သနား ညှာတာ ပါအုံး ။

        • တိမ်မည်း

          December 10, 2012 at 10:42 am

          အဘရေ

          အဘကတော့ ဘယ်ဘက်ကနေ ဘယ်လိုတွေးလဲတော့ ကျွန်တော် မတွေးတက်ဖူး…..
          ကျွန်တော်ကတော့ တတိယလူတယောက်အနေနဲ ့…..
          ဖြစ်နိုင်မဖြစ်နိုင်ပဲစဉ်းစားတယ်…..
          ရှင်းရှင်းလေး…….
          လွန်လွန်ကျူးကျူး ဖွဲ ့ထားလို ့ မဖြစ်နိုင်တာကို ထောက်ပြတာပါ…….
          ကျွန်တော်ကတော့ ဘယ်လူမျိုးရေးမှ ခွဲခြားချင်စိတ်လည်းမရှိပါဖူး……
          ရိုဟင်ဂျာလို ့ခေါ်မယ့်အစား ဘင်္ဂလီလို ့ ခွဲခွဲခြားခြား သမုတ်ပြတာပါ….
          မိန်းမဆိုပီး ရှိသမျှမိန်းမကို ဝါးလုံးထိုးမရိုက်ချင်လို ့ ပိုပီးကွဲပြားသွားအောင် သမုတ်လိုက်တာပါ…..

          ဒါမှ အဘ လက်မခံသေးလို ့ ဆက်မန် ့ချင်သပ ဆိုရင်တော့ မန် ့ပေတော့….
          ကျွန်တော်ကတော့ တော်သေးဘီ….

          ကျွန်တော့်အမြင်ကတော့ ကျွန်တော်ရဲ့ ဝေဖန်ပိုင်းခြားမှူကို….
          အဘက လူမျိုးရေး ခွဲခြားမှူလို ့ အများကမြင်အောင် ဆွဲသွင်းနေတယ်လို ့ပဲ မြင်တယ်…..

          လေးစားလျက်
          တိမ်မည်း

      • တိမ်မည်း

        December 10, 2012 at 9:37 am

        ကျွန်တော်က ဘာများ အသနား မရှိပြောမိလို ့လဲ အဘရေ…..
        ဖြစ်နိုင်တာတခုကို တွက်ပြတာပါ……

        တရုတ်ပြည်မကြီး နန်ကင်းကို ဂျပန်တွေဝင်သိမ်းတုန်းက မိန်းကလေးတွေကို မုဒိန်းကျင့်သတ်ပစ်တယ်နော်…..
        အဲ့ဒီတုန်းက record နဲ ့တောင် ၂ဝ ကျော်ရှိတယ်လို ့ မှတ်တမ်းတင်တာမျိုးတော့ မရှိပါဖူး…..
        တမြို ့လုံး နီးပါး အကျင့်ခံရတာပါ…. တော်တော် စွဲဆောင်မှူအားကောင်းတဲ့ မိန်းကလေးဆိုတာတောင် လူ၂ဝ ကျော်နိုင်တာ ရှားပါတယ်…..
        တခုတော့ရှိပါတယ်….
        အဲ့ဒါကတော့ Comfort Girl တွေပါ သူတို ့ကတော့ စစ်စခန်းထဲမှာ နေ ့စဉ်နေ ့တိုင်းဆိုတော့…
        ၂ဝ အသာလေးကျော်နိုင်ပါတယ်….
        ဒါကလည်း အနဲဆုံး တပတ်ေလောက်မှ ဖြစ်နိုင်တာပါ……

        နောက်တခုက ဂျာမန်မြို ့တော် ဘာလင်ကို ရုရှားတွေဝင်သိမ်းတုန်းက….
        မှတ်တမ်းတခုအနေနဲ ့ ဂျာမန် မိန်းကလေး ပျိုပျို အိုအို နှစ်သိန်းကျော် မုဒိန်းအကျင့်ခံလိုက်ရပါတယ်…..
        အင်မတန်မှ မုန်ယိုသူများပေါချိန်လို ့ပြောလို ့ရတဲ့ စစ်ပီးချိန်မှာ ဖြစ်တဲ့ အကျဉ်းတန်လှတဲ့ ပွဲကြီးမှာတောင် မိန်းကလေး တယောက် ၂ဝ ကျော်တယ်လို ့ မှတ်တမ်းတင်တာမျိုးမရှိပါဖူး….
        ဒါပေမယ့် တမြို ့လုံး အကျင့်ခံရတယ်လို ့ မှတ်တမ်းတင်ထားပါတယ်…..

        ဒါတွေအားလုံးက War Rape တွေပါ…..
        War Rape တွေလို ထင်တိုင်းကြဲ ယုတ်မာချင်တိုင်းယုတ်မာ နေကြတာတောင် ဒီလို မှတ်တမ်းမျိုးမရှိခဲ့ပါဖူး……..

        အဲ့ဒီတော့ စွဲဆောင်မှူကလည်း မရှိ…. စစ်ဖြစ်ပီး ငတ်ပြတ်နေကြတဲ့ အချိန်လည်း မဟုတ်….. ဘယ် စစ်သားကမှလည်း ဒီလောက်ဖြစ်နေတာ သတ်မိရင်တောင်မှ အလောင်းဖျောက်ဖို ့ စဉ်းစားကောင်း စဉ်းစားနေတဲ့အချိန်မှာ…..

        အချိန်လုပီး ၂ဝ ကျော်ကျင့်တယ်ဆိုတော့ မဖြစ်နိုင်ဖူးလို ့လည်း မပြောချင်ပါဖူး…
        ဖြစ်ခဲ့ရင်တော့ အဲ့မိန်းကလေးကို ဆုတောင်းပေးပါတယ် နောက်ဘဝ ကော အခုဘဝပါ အနိုင်ကျင့်ခံရခြင်းမှ ကင်းဝေးပါစေလို ့…….

        ဖြစ်နိုင်တာလေးကိုပဲ စဉ်းစားကြည့်တာပါ ယုတိ္တရှိရှိပေါ့……

        မိန်းကလေးဆိုရင် ဘယ်မိန်းကလေးကို မှ အနိုင်ကျင့်တာ မကြိုက်ပါဖူး….
        သနားလည်း သနားပါတယ်….
        ဒါပေမယ့် အခုကိစ္စမှာ ကျွန်တော်ပြောချင်တာကတော့ သနားတာက သနားတာ တပိုင်းပါ….
        ဖြစ်နိုင်တာ မဖြစ်နိုင်တာကို ဝေဖန်ပိုင်းခြားကြည့်တာပါ…..
        လက်ခံတာ လက်မခံနိုင်တာက ကျန်တဲ့သူတွေ အပိုင်းပေါ့…….

        လေးစားလျက်
        တိမ်မည်း

        • Foreign Resident

          December 10, 2012 at 10:17 am

          ကို တိမ်မည်း ရေ ။

          အဘ ကလည်း လူ ၂ဝ ပြည့်မပြည့် ကို
          ပြောနေတာမဟုတ်ပါဘူး ။

          ” ဘယ် ဘင်္ဂါလီမ က —
          မုဒိန်း ကျင့်ချင်လောက်အောင် စွဲဆောင်မှု မရှိပါဖူး ”

          အဲဒီ စကား အသွားအလာကို ပြောတာကွယ့် ။
          လူမျိုးရေး ခွဲခြား စော်ကားမှု ဖြစ်သွားလိမ့်မယ် ။
          လူတိုင်းမှာ ကြည့်တတ်ရင် ၊
          အလှ ကိုယ်စီ ရှိကြပါတယ်လေ ။

  • Foreign Resident

    December 9, 2012 at 1:46 pm

    Al Jazeera ရဲ့ မှတ်တမ်း ဗီဒီယို ဇတ်လမ်း ၊
    ” The Hidden Genocide “
    ” ဖုံးကွယ်ထားသည့် လူ မျိုး တုန်း သတ်ဖြတ်မှု “ ကို ၊
    အခုလေးတင်ဘဲ ကြည့်လို့ပြီးတယ် ။
    ထင်ထားသလောက်တော့ မဆိုးပါဘူး ။

    ရိုဟင်ဂျာဘက်ကို နဲနဲ လိုက်ပြီး ၊
    တင်ပြထားတယ်လို့တော့ ခံစားရတယ် ။

    ဘာဖြစ်လို့လဲဆိုတော့ ၊
    အဲဒီ အရေးအခင်းတုန်းက သေကြေခဲ့တဲ့ ၊
    ရခိုင်တွေဘက်က ခံစားမှု တွေတော့ မပါဘူးလေ ။

    အဘ တို့ကတော့ ၊ အဲဒီ မှတ်တမ်း ဗီဒီယို ဇတ်လမ်း ကို ၊
    ပိုတာတွေ ဖယ် ၊ လိုတာတွေ ထည့်တွေးပြီး ကြည့်သူတွေ ဆိုတော့ ၊
    ဘာပဲပြောပြော ကြည့်ရတာ ဗဟုသုတ တိုးပါတယ် ။

    အင်း ၊ နိုင်ငံတကာက ခံစားချက်နှင့် ကြည့်နေမယ့် ၊
    မွတ်ဆလင် ထုကြီးကတော့ ကျေနပ်ကြမယ် မထင်ဘူး ။
    ဒုက္ခ ၊ ဒုက္ခ ။

  • pazflor

    December 9, 2012 at 2:52 pm

    ဟုတ်ပ အဘရေ ဇာတ်တော့နာအောင်လုပ်နေပြီ။ မွတ်စလင်တိုင်းပြည်ရောက်နေကြတဲ့ မြန်မာပြည်သူ၊သားတွေ အတွက်တော့ စိုးရိမ်စရာပါ။

    အခုထက်ထိတော့ ရခိုင်တွေဘက်ကို သေချာ ဗျူးထားတာမရှိဘူးဆိုတော့ မမျှတဘူးလို့ခံစားရပါတယ်။

    အပေါ်ကပြောသလို အယောက်၂ဝ လောက်သာတကယ်လုပ်မယ်၊ နောက် တကယ်သာဖြစ်ခဲ့ မယ်ဆိုရင် အဲ့ အမျိုးသမီး ဆေးရုံတောင်ရောက်လိုက်မယ်မထင်ပါဘူးခင်ဗျာ။ လက်စတုန်း ပျောက်သွားမယ်ထင်ပါတယ်။

  • kai

    December 9, 2012 at 2:53 pm

    ဟိုလုပ်..ဒီလုပ်နဲ့..
    အင်မတန်အန္တရယ်များတဲ့လမ်းပေါ်..ရောက်သွားပြီလားတောင်မသိဘူး..
    လေလှိုင်းပေါ်က.. ချွန်တွန်းအစွန်းရောက်မျိုးချစ်တွေ.. ပြည်ပအစ္စလမ်မစ်နိုင်ငံနေ..မြန်မာတွေအတွက်ဘာတွေများ.. တာဝန်ယူပေးနိုင်သလည်း.. သိချင်သား..

    အနိစ္စ…။ :buu:

    • pazflor

      December 9, 2012 at 3:56 pm

      အင်တာနက်ပေါ်ကြည့်လိုက်ရင် ဗမာ၊ ရခိုင်တွေ ဘက်က အလွန်တွေချည်းဘဲ။ (မှန်၊မမှန်တော့ မငြင်းလိုပါ)
      နောက် အပြင်က ပညာရှင်ဆိုသူတော်တော်များကလည်း ဘင်ဂလီ ဘက်မှာချည်းဘဲ။
      မြန်မာတွေက online မှာသာဖွနေတာ၊ ချက်ကျလက်ကျနဲ့ တကယ်ပြန်ဖြေရှင်းနိုင်တာမျိုးမတွေ့မိဘူး။
      ဒီပြဿနာက သတ်မယ်ဖြတ်မယ်ဆိုတာမျိုးနဲ့ ပြီးသွားမှာ မဟုတ်တော့ အားလုံးကိုခေါင်းအေးအေးထား အဖြေထုတ်မှဘဲရမယ်ထင်ပါတယ်။
      ရခိုင်တိုင်းရင်းသာတွေ ဘက်ကလည်း ချက်ကျလက်ကျနဲ့ သေချာဖြေရှင်းနိုင်မဲ့သူမျိုးထွက်ပေါ်လာနိုင်ရန် မျှော်လင့်မိပါတယ်။
      တိုင်းပြည်က တိုးတက်မယ်မရှိသေးဘူး၊ ဂျောက်ထဲပြန်ချမဲ့ ဟာတွေက ထပ်ဆင်ထပ်ဆင့်ဖြစ်လာတယ်။
      သူကြီးမင်းကတော့ ရခိုင်တွေဘက်ကလိုက်မယ်မထင်။ :hee:

  • သကြားလုုံးကြော်

    December 9, 2012 at 4:33 pm

    အဘဖော သတိပေးမှကြောက်လာပြီ။ ကမ္ဘာအနှံ့က မွတ်စလင်တွေသိအောင်ဖြန့်လိုု့ ဟုုတ်တာမဟုုတ်တာ အသာထား ဝိုုင်းပြီးအခဲမကျေကြရင် ဒုုက္ခ။
    ကျမညီမကတောင် ပြောသေးတယ်၊ ကုုလားတွေက အခုုတလော ဘယ်နိုုင်ငံကလဲလိုု့မေးရင် မြန်မာနိုုင်ငံကလိုု့ဖြေတာ သတိထားတဲ့ ၊ ဝိုုင်းရိုုက်သွားဦးမယ်တဲ့။

    ဒါနဲ့ အဘရဲ့ဥရောပသွား တောလားတွေက မဒရပ်ကနေ ရှေ့ဆက် မတိုုးတော့ဘူးလား။ စောင့်ရတာ ဗျိုုင်းမကတော့ဘူးဗျို့။

    • Foreign Resident

      December 10, 2012 at 8:59 am

      ” ဒါနဲ့ အဘရဲ့ ဥရောပသွား တောလားတွေက
      မဒရပ် ကနေ ရှေ့ဆက် မတိုုးတော့ဘူးလား။
      စောင့်ရတာ ဗျိုုင်းမကတော့ဘူးဗျို့ ”

      သကြားလုုံးကြော် ရေ ။
      အေးပါကွယ် ။ အခုပဲ စရေးပါတော့မယ် ။
      အားပေးတာ ကျေးကျေးပါကွယ် ။

  • အဘရေ မွတ်ဆလင်တိုင်းပြည်ရောက်နေကြတဲ့ မြန်မာတွေသတိထားကြဖို့ ပို့စ်တွေကို
    စိုးရိမ်ကြတဲ့ မြန်မာတွေက မကြာမကြာတင်ပေးကြပါတယ်။
    ကိုယ့်လူမျိုးအချင်းချင်းစိုးရိမ်လို့ သတိပေးတဲ့လူတွေကပေးပေမယ့် တကယ်ရောက်နေတဲ့လူတွေကတော့
    အေးအေးဆေးဆေးပုံစံတွေဖြစ်ဖြစ်နေတာတွေ့တွေ့နေရတယ်။
    ဖြစ်နိုင်ရင်တော့ အစွန်းရောက်ဘာသာဖြစ်တဲ့နိုင်ငံတွေမှာ မြန်မာတွေမနေကြရင်တကယ်ကောင်းမှာ။
    :bar:

    • စိုင်း ကွမ်းခေး

      December 10, 2012 at 8:00 am

      နန်းတော်ရာသူရေ…

      အဲလိုနိုင်ငံတွေမှာ နေနေတဲ့ မြန်မာတွေ ခုထိတော့ ဘာမှမဖြစ်သေးပါဘူး… နည်းနည်းတော့ကဲ့ရဲ့ခံရတာရှိတာပေါ့လေ… ဒါပေမယ့် သိပ်လဲ မစိုးရိမ်ပါနဲ့… ရှင်မ နန်းတော်ရာသူပြောသလိုပဲ အေးဆေးနေနိုင်ကြသေးလို့ နေနေသေးတာဖြစ်ပါကြောင်း..

      တစ်နည်းအားဖြင့် ကိုယ့်ထမင်းကိုယ်စား၊ ကိုယ့်အခွန်ကိုယ်ဆောင်ပြီး ကိုယ်မွေးဖွားကြီးပြင်းခဲ့ရာနိုင်ငံရဲ့ အမှန်တရားတစ်ခုအတွက် ရင်ဆိုင်ဖြေရှင်းနေကြသူတွေလို့ မှတ်ယူပေးမယ်ဆိုရင်ဖြင့် ပိုကောင်းလေမလားပဲ.. စိုးရိမ်တယ်ဆိုတဲ့အတွက်ကျေးဇူးတင်ပါတယ်…

      စကားမစပ်ဗျာ.. ကျွန်တော်ဒူဘိုင်းမှာနေပါတယ်။

      စိုင်းကွမ်းခေး
      မန့်သလေး ဂွဇွတ်

      • သကြားလုုံးကြော်

        December 10, 2012 at 11:45 am

        ဒူဘိုုင်းသွားချင်တဲ့ စိတ်ကူးလေး အခုုခဏဖျာက်ထားရတယ်။ ကျမ ဒူဘိုုင်းသွားလည်ရင် ထိပ်ဆုုံးက လက်စဖျောက်ခံရလောက်ဖိုု့ အတော်နီးစပ်မှန်း အခုုတလောတင် အိန္ဒိယမှာ ခဏခဏ ကုုလားတွေနဲ့ စကားများရန်ဖြစ်လာပြီးမှ သတိထားမိတယ်။ ထောင်ထောင် ထောင်ထောင် နဲ့ သူတိုု့ဆီကမိန်းမတွေလိုု နောက်ကနေကုုပ်ကုုပ်မနေမိလိုု့လေ။ စကားနာတောင်ထိုုးလိုုက်သေး။
        ဒူဘိုုင်းကိုု အခုုတော့ မေ့ထားဦးမယ်။ လာလိုု့ကောင်းလောက်တဲ့ အခြေနေကျရင်ပြောနော်။

    • Foreign Resident

      December 10, 2012 at 8:47 am

      ” တစ်နည်းအားဖြင့် ကိုယ့်ထမင်းကိုယ်စား၊ ကိုယ့်အခွန်ကိုယ်ဆောင်ပြီး
      ကိုယ်မွေးဖွားကြီးပြင်းခဲ့ရာနိုင်ငံရဲ့ အမှန်တရားတစ်ခုအတွက်
      ရင်ဆိုင်ဖြေရှင်းနေကြသူတွေလို့ မှတ်ယူပေးမယ်ဆိုရင်ဖြင့် ပိုကောင်းလေမလားပဲ ”

      နန်းတော်ရာသူ နှင့် စိုင်း ကွမ်းခေး ရေ ။

      အဘတို့ ဩဇီ မှာကတော့ မွတ်ဆလင် သိပ်အများကြီး မရှိဘူးကွယ့် ။
      ဒါပေမယ့် အဘ က မြန်မာပြည်က လာတယ် ဆိုတာသိပြီး ၊
      အဘ နှင့်လူချင်းလဲ နဲနဲသိသွားပြီ ဆိုတာနှင့် ၊
      မွတ်ဆလင်တိုင်းက အဘ ကို အဲဒီ အကြောင်း မေးတယ်ကွယ့် ။
      အဘ ကတော့ Border crossing, Propaganda နှင့် Exaggeration ဆိုတဲ့ ၊
      စကားလုံးတွေကို တွင်တွင်သုံးပြီး ပြန်ဖြေရှင်းရတာပေါ့လေ ။

      ဘာပဲဖြစ်ဖြစ် ၊ မွတ်ဆလင် တွေရဲ့ စိတ်ထဲမှာ ၊
      အဲဒီကိစ္စ မကျေနပ်ကြတာကို သိသာတယ်ကွယ့် ။
      မွတ်ဆလင် အများစု ရှိတဲ့ နိုင်ငံ တွေမှာ အလုပ်လုပ်တဲ့ ၊
      မြန်မာ နိုင်ငံသားတွေ ( သင်္ဘောသားလည်း ပါပါတယ် ) ၊
      အနေအထိုင် ဆင်ခြင်နေရမှာတော့ သေချာတယ် ။

      • ကိုရင်စည်သူ

        December 10, 2012 at 1:53 pm

        မွတ်ဆလင် အများစု ရှိတဲ့ နိုင်ငံ တွေမှာ အလုပ်လုပ်တဲ့ ၊
        မြန်မာ နိုင်ငံသားတွေ ( သင်္ဘောသားလည်း ပါပါတယ် ) ၊ ))
        ဆင်ခြင်နေရတာပေါ့အဘရယ်.. သိပ်ဆင်ခြင်ရတာပေါ့…
        ဘာသာရေးစိတ်ဓါတ်ပြင်းထန်သူတွေကို မေတ္တာတရားများများပွားပြီး
        အဆင်ပြေအောင်နေနေရပါတယ်။ ကမ်းဆင်းရင် ကိုရင်က တရုတ်ရုပ်ပေါက်နေတော့
        စာအုပ်ကြည့်မှပဲ မြန်မာမှန်းသိတာ။ တော်ရုံလူက တရုတ်လားမေးတော့..
        အင်း.. အဲ.. အွ.. နဲ့ နီဟောင် ဝရှောင်လုပ်ထားရတယ်…။ ဘာပဲဖြစ်ဖြစ်
        တရုတ်က အင်အားကြီးနိုင်ငံတစ်ခုမဟုတ်လား။
        မြန်မာလူမျိုးဖြစ်ရတာ ဂုဏ်ယူပါတယ်။ မြန်မာအစိုးရကတော့ အဝေးရောက်
        နိုင်ငံသားတွေကို လုံခြုံမှုမှမပေးနိုင်တာကိုး… ဒီတော့ အဘပြောသွားတာလေးး..
        “ရောမရောက် ရောမလိုကျင့်… ဆိုလား.. အဲ့ဒါလေး.. အဲ့ဒါလေး.. :kwi:

        • Foreign Resident

          December 10, 2012 at 2:25 pm

          ဟဲ ဟဲ ၊ မြန်မာ ထဲမှာ ၊
          ဘင်္ဂါလီ အရေးကို ရှောင်ဖို့ ၊
          တရုတ်ကြီးကို အသုံးချသွားတာ ၊
          ကိုရင်စည်သူ တစ်ယောက်ပဲ ရှိတယ် ။

          ခေသူ မဟုတ်ပေဘူးပဲ ။

        • ကိုရင်စည်သူ

          December 10, 2012 at 7:41 pm

          ပို့စ်နဲ့မဆိုင်တာလေး ဝင်ဖောခွင့်ပြုပါ.. အဘဖော..ခင်ညာ..
          အဘရေ… ကိုရင့်အဖိုးက ပြည်မကြီးကလာတဲ့ တရုတ်ဆိုတော့ ကိုရင့်ခမျာ
          အော်တိုတရုတ်စပ်ပြီး တရုတ်ရုပ်ထွက်သွားပါတယ်။ ငယ်ငယ်က တရုတ်ရုပ်ပိုထွက်လို့
          တရုတ်လေးလို့ အမြဲတမ်းနောက်ပြောင်အခေါ်ခံရပါတယ်..။ စနောက်တာလက်ခံပေမယ့်
          ကျောင်းသားချင်း ခွဲခြားသလိုလေးတွေ ပြောတဲ့အခါ ရင်ထဲတော့ အောင့်သက်သက်ပေါ့ဗျာ (ခုချိန်ထိ တရုတ်စပ်ကလေးငယ်တွေကို ဒီလို ခွဲခြားဆက်ဆံမှုလေးတွေ မြန်မာတွေကြားရှိဦးမယ်ထင်ပါတယ်)။
          ဒီကြားထဲ ၁ဝတန်းရောက်တော့ တစ်ရက် ကျုရှင်မှာ ဆရာမတစ်ယောက်က ကိုရင့်ကို အိမ်စာမလုပ်တဲ့ အသားဖြူ တရုတ်လို့ ကျောင်းသားတွေကြားထဲ ပြောလိုက်တော့ အရမ်းရှက်သွားပြီး ထပ်အပြောမခံရအောင် စာကြိုးစားခဲ့လို့ သူ့ဘာသာမှာ ဂုဏ်ထူးထွက်ပြီး အမှတ်အများဆုံးရခဲ့ပါတယ် (ကျေးဇူးပါဆရာမရေ..)

          အဘရေ… အဲ့လို ဘာသာရေးလူမျိုးရေး (အစွန်းရောက်) ခွဲခြားစိတ်ရှိသူများကို ကျနော်က သင်္ဘောတစ်စီးထဲအတူတင်ပြီး ပင်လယ်တစ်ခုလောက်ကို အလုပ်လုပ်ရင်း ဖြတ်စေချင်ပါတယ်။ ဒါမှ ခရစ်ယာန်၊ ဗုဒ္ဓ၊ မူစလင်… ဆိုတာဘာလဲ.. လူဆိုတာ.. လူ.. !! အသိတရား။
          ကျနော်က မြန်မာလူမျိုးပါ။ မြန်မာပြည်ကိုချစ်ပါတယ်။ အွန်းလိုင်းပေါ်မှ မျိုးချစ်လေသမားလည်းမဟုတ်ပါ။ သမုဒ္ဒရာဝမ်းတထွာအရ သင်္ဘောသားလုပ်နေရပေမဲ့ နိုင်ငံအတွက်လိုအပ်ရင် သေနတ်ထမ်းပြီး စစ်တိုက်ဖို့လည်း ဝန်မလေးပါဘူးဗျာ။ ဘဝက တိုလွန်းပါတယ်.. အဘရေ.. လူတစ်ယောက်က
          ပညာမတတ်ရင်တောင် ဆင်ခြင်တုံတရားလေးရှိရင် ငြိမ်းအေးတဲ့ ဘဝလေးကို တည်ဆောက်နိုင်မယ်
          ကျွန်တော်ယုံကြည်တယ်ဗျ…

          ခင်မင်တဲ့
          ကိုရင်စည်သူ

  • uncle gyi

    December 9, 2012 at 10:39 pm

    အစ္စရေးရဲ့မဟာမိတ်နိုင်ငံတနိုင်ငံတိုးတော့မယ်ထင်တယ်

  • ဦးကြောင်ကြီး

    December 10, 2012 at 10:24 am

    အဲဒီဇာတ်ကား မကြည့်ရသေးဘူး၊ သို့သော် မှတ်ချက်တွေအရ သိပ်လွန်လွန်ကျူးကျူးကြီး ပုံဖော်ထားပုံမရလို့ သုံးသပ်တယ်။ မွတ်စလင်ချန်နယ်တခုက လွှင့်တာဆိုတော့ ဘင်္ဂါလီတွေဖက် ယိမ်းတာသိပ်မဆန်းဘူး။ မြန်မာဖက်ကရိုက်ရင်လည်း အဲဒီသဘောဆန် တဖက်အမြင် ဇောင်းပေးရိုက်မှာပဲ။ အယ်ဂျားဇီးယားချန်နယ် စထွက်တော့ မွတ်စလင် အစွန်းယောက်ဝါဒ လက်ကိုင်တုတ်ဖြစ်မှာ အတော်စိုးရိမ်ကြ ဝေဖန်ကြတယ်။ တကယ်တန်းမှာ (အခုထိတော့) အတတ်နိုင်ဆုံး သတင်းလွတ်လပ်ကခွင့် အားပေးတာ တွေ့ရတယ်။ အားပေးလို့လည်း အရှေ့အလယ်ပိုင်းက အာဏာရှင်တွေ၊ အစွန်းရောက်တွေရဲ့ ရန်ပြုမှု မကြာခဏခံရတယ်။ သတင်းတင်ဆက်မှု အရောင်အသွေး ကင်းချင်မှကင်းမယ် သို့သော် သတင်းလွတ်လပ်ခွင့် အခြေခံထားတယ် ယူဆတယ်။ သူတို့ထက် စီအန်အန်လို ချန်နယ်မျိုးက လွှင့်တာပိုသတိထားရမယ်။ ရခိုင်မှာ ဘင်္ဂါလီတွေ အနှိမ်ခံရတာ လူတိုင်းသိတယ်။ ဒါကြောင့်လည်း သူတို့က ပြည်မထဲကို အသဲအသန်ဝင်ချင်ကြ ဝင်ဖို့ကြိုးစားကြတာ။
    ဘင်္ဂလားဒေ့ရှ်ကလည်း လက်မခံဘူး။ အကြောင်းပြတာ သူတို့ဆီမှာ သိပ်များနေပြီ၊ နိုင်ငံကသေးတယ်၊ အရင်းအမြစ် လုံလုံလောက်လောက် မရှိဘူး၊ သူတို့လူမျိုး မဟုတ်လို့ တာဝန်မယူနိုင်ဘူး။ နောက်ပိုင်း လေသံထပ်ပစ်တာ ၁၉၇၁မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သီးခြားဖြစ်လာတယ်။ ဒါကြောင့် လူဝင်မှုကြီးကြပ်ရေး ဥပဒေအရ အကြုံးမဝင်ဘူး။ လူတွေ သိပ်မထောက်ပြတဲ့ အချက်က ရခိုင်နယ်စပ်က ဘင်္ဂလီတွေက ပါကစ္စတန်ဖက် ယိမ်းတယ်။ ဘင်္ဂလားဒေ့ရှ်က ပါကစ္စတန်က ခွဲထွက်လာတာ။ ပါကစ္စတန်က ပြန်သိမ်းမယ်လုပ်တော့ အိန္ဒိယက လေထီးတပ်လွှတ်ပြီး အကာကွယ်ပေးခဲ့ရတယ်။ အင်းစိန်ကို ကရင်တွေ သိမ်းသလိုပဲ စနစ်တကျမရှိခဲ့၊ ချီတက်မှု နှောင့်နှေးနေခဲ့လို့သာ အချိန်မှီသွားတာ။ နို့မို့ရင် ဘင်္ဂလားဒေ့ရှ် တတိုင်းပြည်လုံး အဖျက်ဆီးခံရတယ်။ ဘာသာရေးအရ မွတ်စလင်ဆိုပေမဲ့ သူတို့ အိန္ဒိယဖက်က မွတ်စလင်တွေနဲ့တူတယ် (ရှီးယားတွေထင်တယ်)။ သူတို့ကို ဆွန်နီမွတ်စလင်တွေက ဘာသာတူ မသတ်မှတ်ဘူး။ အဲဒီတော့ သမိုင်းကြောင်းအရ ပါကစ္စတန်နဲ့ပေါင်းဖို့ သဘောတူထား၊ ပေါင်းထားတဲ့ နယ်စပ်က ဘင်္ဂါလီလူမျိးစုတွေကို ဘင်္ဂလားဒေ့ရှ်ကလည်း လက်မခံနိုင်ဘူး။
    အမေရိကန်ဖက်က ကြည့်ပြန်တော့လည်း ဒေသတွင်း အစ္စလာမ်နိုင်ငံတွေထဲမှာ အစွန်းယောက်ဝါဒ အားအနဲဆုံးထဲမှာ ဘင်္ဂလားဒေ့ရှ်ပါတယ်။ ဒီတော့ ဆက်ဆံရေးကောင်းနေတာ မပျက်ချင်ဘူး။ ရှားရှားပါးပါး ယူအက်စ်မိတ်ဆွေ အစ္စလာမ်မစ်နိုင်ငံလို့ ပြောလို့ရတယ်။ ယူအက်စ်ကိုလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကလူတွေ အများကြီးပေးအဝင်ခံတယ်။ အပြန်အလှန်အားဖြင့် အစိုးရသာမက လူထုအမြင်ပါ ယူအက်စ်အပေါ် သဘောထား ပျော့ပြောင်းတယ်။
    ဒေါ်စု တလာကပြောတဲ့ ဘင်္ဂလားဒေ့ရှ်မှာလည်း တာဝန်ရှိတယ်ဆိုတာ ဝိုင်းအော်ရမယ်။ ဒီတနည်းပဲ လောလောဆယ်တွေ့တယ်။ နို့မို့ရင် အာရပ်ကမာ္ဘကပေးတဲ့ ငွေအား၊ မိတ်အား နည်းမျိုးစုံ သုံးလိမ့်မယ်။ ရခိုင်နဲ့ မြန်မာတွေဖက်က ကိုယ်နဲ့အမြင်မတူတိုင်း နိုင်ငံတကာမီဒီယာ၊ အစိုးရ၊ အဖွဲ့အစည်းတွေကို အပျက်မြင် အပြစ်တင်တာ ပညာသားပါကြပါ။ လူ့အခွင့်အရေးအဖွဲ့တို့ မီဒီယာတို့ဆိုတာ သူတို့မြင်တဲ့ အမြင်သီးခြားရှိတယ်။ ဘင်္ဂါလီအရေးမှ မဟုတ်ဘူး၊ ရခိုင်ဖြစ်လည်း ဒီလိုပဲ အော်မှာပဲ၊ တရုတ်ဖြစ်လည်း အလားတူပဲ။ သူ့အလုပ် သူလုပ်သ၍ အလွန်မဟုတ်ဘူ။ ရန်သူ့ရန်သူသည် ကိုယ့်မိတ်ဆွေဆိုတာ မှန်ပေမဲ့ ရန်သူ့မိတ်ဆွေကို ကိုယ့်ရန်သူ မလုပ်မိဖို့လိုတယ်။ ဒီတော့ ဘင်္ဂါလီတွေ အဖိနှိပ်ခံရတာ မမှန်ဘူး ငြင်းမည့်အစား မူရင်းလူဝင်မှုပြသနာဆီ ခေါ်သွားရမယ်။ သူတို့မှာ တရားဝင်မှု အထောက်အထား မရှိဘူး၊ ငါတို့ကလည်း မပေးနိုင်ဘူး၊ တဖက်နိုင်ငံကလည်း မပေးဘူး။ ဒီအတိုင်းဆက်သွားရင် လူ့အခွင့်အရေး ချိုးဖောက်မှုကြီးကြီးမားမား ဆက်ရှိနေမယ်။ ကိုယ့်ဖက်ကလိုက်လျောဖို့ပြောတာကို သူတို့ဖက်ကရော ဘာပြင်ပေးနိုင်မလဲနဲ့ တောင်းဆိုရမယ်။ စိုးရိမ်ရတာ အရင်လို ထောက်ပံ့ရေးပစ္စည်းတွေ ပိုက်ဆံတွေပေးပြီး ပြသနာလိပ်ခဲတင်းလင်း ဆက်ရှိနေမှာ….။

    • Foreign Resident

      December 10, 2012 at 10:49 am

      ” သိပ်လွန်လွန်ကျူးကျူးကြီး ပုံဖော်ထားပုံမရလို့ သုံးသပ်တယ် ”

      ဟုတ်တယ် ၊ အဘ လည်း အဲလိုပဲထင်တယ် ။
      တင်ပြထားပုံမှာ ဘက်လိုက်မှု နဲနဲ ရှိတယ် ။
      ဒါပေမယ့် ၊ ပက်ပက်စက်စက်ကြီးတော့ မဟုတ်ဘူး ။

      ဒါပေမယ့် ၊ ခက်တာက ၊
      ကမာ္ဘ့ မွတ်ဆလင်ထုက ဘယ်လို ခံစား တုန့်ပြန် ကြမလဲ ။
      အဲဒါကို ၊ စိုးရိမ်တာ ။

      ” သူတို့မှာ တရားဝင်မှု အထောက်အထား မရှိဘူး ။
      ငါတို့ကလည်း မပေးနိုင်ဘူး ။ တဖက်နိုင်ငံကလည်း မပေးဘူး ။
      ဒီအတိုင်းဆက်သွားရင် ၊ လူ့အခွင့်အရေး ချိုးဖောက်မှုကြီးကြီးမားမား ဆက်ရှိနေမယ်။ ”

      အဲဒီ စကားကို နိုင်ငံကြီးတွေမှာ နေနေတဲ့ သူတွေက နားလည် / လက်ခံ ကြတယ် ။
      လက်ရှိ အစိုးရ နှင့် အမေစု တို့ကလည်း နားလည် / လက်ခံ ကြတယ် ( ထင်တယ် ) ။

      ဒါပေမယ့် ၊ ပြဿနာက ၊
      အဲဒီ ” လူ့ အခွင့်အရေး ချိုးဖောက်မှုကြီး ဖြစ်နေပါလား ” ဆိုတဲ့ အမြင်ကို ၊
      ရခိုင် / မြန်မာ အခြေခံ လူထုကြီးက နားမလည် / လက်မခံ တာပါပဲ ။
      နှစ်ဘက် လူမျိုးစုကြားမှာ တောက်လောင်နေတဲ့ အမုန်း မီးတောက်ကြီး က ၊
      တရားမျှတမှု ၊ လူသားဆန်မှု အားလုံးကို ဝါးမျိုထားတယ် ။

      အဲဒီ အမုန်း မီးတောက်ကြီး ငြိမ်းသွားအောင် အချိန် လိုနေတယ် ။
      အချိန် ဘယ်လောက်လိုမလဲ ၊ အဘ လည်း မ မှန်းနိုင်ဘူး ။

    • Foreign Resident

      December 10, 2012 at 11:54 am

      ဒါနှင့် စကားမစပ် ၊
      ဒီနေ့ ( 10th Dec ) က ကမာ္ဘ့ လူ့အခွင့်အရေး နေ့နော် ။
      တမင်ချိန်ပြီး လွှင့်တာတော့ မဟုတ်လောက်ပါဘူး လို့ ထင်တယ် ။

    • ဦးကြောင်ကြီး

      December 11, 2012 at 11:08 am

      ကြည့်ပြီးသွားပြီ။ ဘင်္ဂါလီတွေ ဘက်လိုက်တယ်၊ ခိုင်လုံတဲ့ အထောက်အထား မယ်မယ်ရရ မပါဘူး။ အပြောပဲရှိတယ်။ ရခိုင်ကော်မရှင်ရီပို့ မထွက်ခင် ဦးအောင်လုပ်လိုက်ပုံရတယ်။
      ဒစ်ဂျစ်တယ် နည်းပညာ သိပ်ထွန်းကားတဲ့ခေတ်မှာ လူသတ်မှုနဲ့ ပတ်သက်ပြီး ဓာတ်ပုံဗွီဒီယို အထောက်အထားတွေ မတွေ့ရတာ အံ့ဩစရာပဲ။ လုံခြုံရေးတပ်ဖွဲ့တွေက ပစ်လို့သေတယ် ဆိုတာမှာ သူတို့ဖက်က တိုက်ခိုက်မှု ပါမပါ စဉ်းစားစရာဖြစ်တယ်၊ မခံနိုင်လို့ ပြန်တုံ့ပြန်ရတယ်ဆိုတာ ဖြစ်နိုင်ချေ အတော်နဲတယ်။ သူတို့လူမျိုးစရိုက်က သွေးဆူလွယ်တယ်။ သာမန်အားဖြင့်ဆိုရင်ကို ဆန္ဒပြလူအုပ်သည် ထိန်းသိမ်းရ အရမ်းခက်တယ်။ ရဲအဖွဲ့လို စနစ်တကျ ဖွဲ့စည်းထားတာမဟုတ်ဘူး။ တဖက်သတ် အတိုက်ခံရတယ်ဆိုရင် နှစ်ဖက်ထိခိုက်မှု စာရင်းမှာ ကွာနေရမယ်။ အခုဟာက ရခိုင်အရပ်သားမပြောနဲ့ နစခတပ်ဖွဲ့ဝင်တွေတောင် အသတ်ခံရတယ်ဆိုတော့ ဘင်္ဂါလီတွေရဲ့ အနေအထား တွက်ကြည့်ပါ။
      ဘင်္ဂါလီတွေ ခံရပုံကို ဇောင်းပေးသွားတာ အဓိက ချို့ယွင်းချက်ဖြစ်တယ်။ ရခိုင်ဖက်က လူတွေအဖြစ် ရခိုင်တိုးတက်ရေးပါတီ ဦးအေးမောင်၊ ဘုန်းတော်ကြီးတပါး၊ ရခိုင်သုတေသီ ဂျပန်တက္ကသိုလ်က ဒေါက်တာအေးချမ်းတို့ကို ပြသွားပြီး ဘင်္ဂါလီဖက်ကကြတော့ မုဒိမ်းအကျင့်ခံရတယ်ဆိုတဲ့ အမျိုးသမီး၊ ခလေးမတဦး၊ ဗလီဆရာတဦး၊ အမျိုးသားအချို့ပါတယ်။ ရခိုင်ဖက်ကိုကြတော့ အဖွဲ့အစည်းနဲ့ စနစ်တကျ လုပ်တဲ့သဘော၊ ဘင်္ဂါလီကိုတော့ သာမာန်အရပ်သားတွေအဖြစ် ပုံဖော်ထားတယ်။ ပြောတာတွေမှာလည်း ရခိုင်ဖက်က တင်းမာတယ် (ဟုတ်လည်းဟုတ်တယ်) ဘင်္ဂါလီဖက်က ခံနေရတယ်၊ အသက်အိုးအိမ်ကို ကာကွယ်နေရတယ် (မှန်ပါတယ် သို့သော် သူတို့ကျူးလွန်မှုတွေကို မပြဘူး)
      လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှ မြည်တဲ့သဘောကို မျက်ကွယ်ပြုထားတယ်။ အားလုံးခြုံကြည့်ရင် တိကျခိုင်လုံတဲ့ အထောက်အထား မပါလို့ အားပျော့တယ်။ ရိုဟင်ဂျာ အရေးကို မြှင့်တင်ပေးထားပြီး မြန်မာ့ပြသနာအဖြစ် တွန်းပို့ထားတယ်။ ယဉ်ကျေးမှု ထုံးတမ်းခြင်း ကွာဟလို့ ဖြစ်ရတာကိုလည်း မပြဘူး။ ပိုဆိုးတာ လူဝင်မှုပြသနာ မပါဘူး။ ပြတဲ့ ဘင်္ဂါလီတွေကို ရခိုင်တွေနဲ့ အသားအရေ ပုံသဏ္ဍာန် အနီးစပ်ဆုံးရှိသူများ ရွေးချယ်ထားသလား သံသယရှိတယ်။ ကျနော်သိသလောက် အဲဒီဖက်က ဘင်္ဂါလီအများစုသည် ရခိုင်တွေနဲ့ အတွင်းအပြင် အတော်လေးကွဲတယ်။ နောက်ပြီးတော့ ရှေးရိုးစွဲဘာသာရေး ကျင့်သုံးတယ်။ လူဦးရေ ပေါက်ဖွားနှုန်း သိပ်များတယ်။ ဗွီဒီယိုထဲမှာ အဲသလိုပုံစံ တခုမှ မပါဘူး။ မြန်မာဖက်က ဒါတွေကို ပြန်ထောက်ပြတဲ့အခါ သုံးနိုင်တယ်။ သူတို့က လွတ်လပ်တဲ့ မီဒီယာ အသုံးချသလို ဒီဖက်ကလည်း နိုင်ငံတကာကို ရည်ရွယ်ပြီး မီဒီယာကနေ ပြန်တုံ့ပြန်နိုင်ရင် ဘဲစားဘဲခြေဖြစ်မယ်။ လွတ်လပ်တဲ့ မီဒီယာရိုက်ကူးမှု သတင်းတိုလေးတွေကို လွတ်လပ်တဲ့ပြည်တွင်း ပြည်ပမီဒီယာကနေ သက်သေခိုင်ခိုင်လုံလုံနဲ့ အသိပေးပါ။ အခုထိ မြန်မာဖက် တုံ့ပြန်ပုံက ပြည်တွင်းပရိတ်သတ်ကို ရည်ရွယ်တာ များနေသလားလို့…။

  • MaMa

    December 10, 2012 at 1:47 pm

    အယ်လ်ဂျာဇီးယား ဆိုတာနဲ့ ဘင်လာဒင်ကိုပဲ သွား မြင်မိတယ်။ :buu:

  • kai

    December 10, 2012 at 1:59 pm

    အယ်လ်ဂျာဇီးရာက.. ဘီဘီစီ..စီအန်င်အန်င်ကလူတွေခေါ်ခန့်ပြီး. .. အဟုန်နဲ့.. ကမ္ဘာတန်းဝင်လာခဲ့တဲ့မီဒီယာပါ..
    အာရပ်စပရင်းဖြစ်လာတာမှာ.. သူကအင်မတန်အဓိကကျတဲ့နေရာကပါတယ်..
    ဆိုတော့…
    အခုလွှင့်တာရဲ့ဂယက်ကို.. နောက်၁လကနေ.. ၆လအထိစောင့်မှ..သေချာ.. မြင်ရမယ်ထင်ပါကြောင်း..။

    အဘဖောရေ..
    အဘဖောရဲ့..အင်္ဂလိပ် ခေါင်းစဉ်စာသား ဂျီနိုဆိုက်ကိုမနေ့က.. အချိန်မရှိတာမို့..မရှင်းပြတော့ပဲ.. ကျုပ်ဖြုတ်ခဲ့တာပါ…။ ဆောရီးနော..။
    အဲဒါလေး..အခု ပြန်ဖြုတ်ပေးစေချင်ကြောင်း..
    အင်တာနက်ဒေတာတွေကွန်ပြူတာနဲ့စကင်န်လုပ်ကြရာမှာ.. (အင်္ဂလိပ်စာသားကြီးမို့.. ) ကျုပ်တို့ရွာကို.. စောင့်ကြည့်အဆင့်အဖြစ်.. ပါမသွားစေချင်လို့.. ဖြစ်ပါကြောင်း…

    • Foreign Resident

      December 10, 2012 at 2:12 pm

      ” အဘဖောရေ..
      အဘဖောရဲ့.. ခေါင်းစဉ်စာသား ဂျီနိုဆိုက် ကိုမနေ့က..
      အချိန်မရှိတာမို့.. ကျုပ်ဖြုတ်လိုက်တာပါ…။
      အဲဒါလေး.. ပြန်ဖြုတ်ပေးစေချင်ကြောင်း..
      အင်တာနက်ဒေတာတွေကွန်ပြူတာနဲ့စကင်န်လုပ်ကြရာမှာ.. (အင်္ဂလိပ်စာသားကြီးမို့.. )
      ကျုပ်တို့ရွာကို.. စောင့်ကြည့်အဆင့်အဖြစ်.. ပါမသွားစေချင်လို့.. ဖြစ်ပါကြောင်း… ”

      သဘောပေါက်ပြီ သူကြီးရေ ။
      မနက်ကမှ ပြန်တပ်လိုက်တာ ။
      ဒါကြောင့် ထင်တော့ထင်သား ၊ ကျနော် စတင်တုန်းက ပါပါတယ်လို့ ။

      ကျနော် အဲဒါကြီးကို ဖြုတ်ပြီး တစ်ခြား တစ်ခုခု ပြောင်းလိုက်ပါ့မယ် ။
      တစ်ခုခု မှ မရှိပဲ နံပါတ်ချည်းပဲ ဆိုရင်လဲ ၊
      ကိုယ့် ဖာသာကိုယ် ပြန် ရှာရင် ခက်လို့ပါ ။

  • ဒီနေ့FB မှာ 786 တစ်ယောက်ရှယ်ထားတဲ့ပုံကတော့ တော်တော့်ကိုအော်ဂလီဆန်စရာပဲ။
    ကုလားတွေသေနေတာအစုလိုက် ကား တောင့် လန် ပျံ နေတာပဲ။
    🙁
    :chee: :bar:

    • Foreign Resident

      December 10, 2012 at 3:12 pm

      မ နန်းတော်ရာသူ ရေ ။
      ကျနော် မကြည့်ရသေးဘူးဗျ ။
      လင့်လေးပေးပါလား ။

    • Foreign Resident

      December 11, 2012 at 2:47 am

      နန်းတော်ရာသူ ရေ ။
      အဲဒီပုံတွေ အဘ မြင်ဖူးပြီးသားကွဲ့ ။
      ကျောက်ဖြူ နှင့် စစ်တွေကြားမှာ ပြေးရင်း ၊
      လှေနစ်သေခဲ့ကြတဲ့ ဘင်္ဂါလီ အလောင်းတွေ ကွယ့် ။
      ဘာပဲပြောပြော Information အတွက် ကျေးကျေးပါ ။

    • Foreign Resident

      December 11, 2012 at 2:39 am

      အောင်မလေး ကို M လုင် ရဲ့ ။

      အဲလို နာမည် မထည့်တာကိုပဲ အဘက ကျေးဇူးတင်လှပါပြီ ။
      နို့မို့ရင် ၊ နာမည် ထည့်လိုက်ရင် ၊ အဘ ပါ နေရင်း ထိုင်ရင်း ၊
      Myanmar Express ဆိုပြီး တံဆိပ်တွေ အကပ်ခံနေရပါအုန်းမယ် ။
      နာမည် မထည့်တာကိုပဲ ၊ ကျေးဇူးတင် လွန့်လွန်လွန်းလို့ ။

    • Foreign Resident

      December 11, 2012 at 2:43 am

      ဟုတ်သေးပါဘူးလေ ၊ အဘ မလဲ ။
      ဧရာဝတီ ထဲပါလိုက် ၊ Myanmar Express ထဲပါလိုက် နှင့် ၊
      ရန်ကုန် ပြန်ရမှာတောင် ကြောက်လာပြီ ။
      တော်ကြာ လေယာဉ်ကွင်းက ထွက်တာနှင့် ၊
      အကိုကြီး လာကြိုနေတဲ့ကားရှိတယ် တစ်ခါတည်း လိုက်ခဲ့ပါဆိုရင် ၊ ဒုက္ခ ။

      • Swal Taw Ywet

        December 11, 2012 at 2:29 pm

        ဟေး…. ဒါမှ တို့ ရွာသားကြီးကွ။
        လေဆိပ်မှာ ကားကြိုစောင့်မှာ စိုးရင်… လှေ ဆိပ် ကလှည့်ပြန်လိုက်ယုံပေါ့ အဘရယ်။
        ဟေ့… ငါ …အဘကွ လို့ ပြောလိုက်တာနဲ့ ကားတခါးတောင်ပြေး ဖွင့်ပေးလိမ့်အုံးမယ်။
        ှုInformation တွေ အပြင် သတင်းသုံးသပ်ချက်တွေပါ ရှု ထောင့် စုံ က မြင်ပြတတ်တဲ့ အဘဖေါ အတွက် Bravo ပါခင်ဗျ။
        ရွှင်လန်းချမ်းမြေ့ပါစေ။
        With respect,
        Swal Taw Ywet.

Leave a Reply