၂၀၁၂ ဥဒါန်း
ဒီစာဟာ ခြောက်လှန့်စာမဟုတ်ပါ။ သိပ္ပံနှင့်သဘာဝဓမ္မတို့ကြား ဖြစ်တန်ချေများကို ရွေးထုတ်ဖော်ပြခြင်းသာ။
၂၀၁၂ ဥဒါန်း
၁။ မာယာပြက္ခဒိန်
၂။ Galatic Center Crossing
၃။ Sunspot Cycle နှင့် ဂြိုဟ်တို့နှင့်နေကြား ဆွဲအားသက်ရောက်မှု
၎။ ကမ္ဘာ့အတွင်းမှ Tectonic Plate ရွေ့လျားမှု
၁. မာယာပြက္ခဒိန်
Cuello နှင့် အပေါင်းပါတို့ရဲ့ မာယာရှေးဟောင်းယဉ်ကျေးမှု ရှာဖွေဖော်ထုတ်ရေးမှ မာယာလူမျိုးတို့ဟာ ယူကတန်လို့ခေါ်တဲ့ တောင်အမေရိကနှင့် မြောက်အမေရိကတိုက်၂တိုက်စပ်ကြားဒေသမှာ ဘီစီ ၂၆၀၀ လောက်မှာ စတင်ထွန်းကားခဲ့တယ်လို့ အတည်ပြုပါတယ်။ ဒါပေမယ့် ၂၀၁၀ ကမ္ဘာ့တ၀ှမ်းအတည်ပြုတာ ကတော့ ဘီစီ ၁၈၀၀ လောက်မှာမှ စတယ်လို့ဖြစ်ပြန်တယ်။ မာယာ ပြက္ခဒိန်ရဲ့ အစအရတော့ ခရစ်သက္ကရာဇ်အရ ဘီစီ ၃၁၁၄ သြဂုတ်လ ၁၁ရက်နဲ့ ညီတယ်။ မာယာ ပြက္ခဒိန်ရဲ့ သဘောကို အကြမ်းဖျဉ်း ရှင်းပြရရင်
ရက် ၂၀ = ၁ပတ် ၁၃ပတ် = ၁နှစ် ဆိုတဲ့ ၂၆၀ ရက် ကြာတဲ့ ဝေဒဆိုင်ရာ ပြက္ခဒိန်နဲ့
ရက် ၂၀ = ၁ပတ် ၁၈ပတ် = ၁နှစ် ဆိုတဲ့ ၃၆၀ ရက် ကြာတဲ့ နက္ခတ်ဆိုင်ရာ ပြက္ခဒိန် ဆိုပြီးရှိရာ ထိုပြက္ခဒိန် ၂ခု ပြန်၍ တပတ်လည်ချိန်ပေါင်း ၂၀ကြိမ်ကြာချိန်
(၂၆၀+၃၆၀) x ၂၀ = ၁၈၇၂၀၀၀ ရက် = နှစ်ပေါင်း ၅၁၂၅နှစ်နီးပါး (ခရစ်နှစ်တွက်ချက်ပုံအရ)
မာယာပြက္ခဒိန်အဆိုအရ ၂၀၁၂ ဒီဇင်ဘာ ၂၁ ဟာ သူတို့ရဲ့ နှစ်ရှည် ပြက္ခဒိန် ကုန်ဆုံးနှစ်ပဲ။ ဒါဟာ ကမ္ဘာတခု အဆုံးသတ်မယ်လို့ ဆိုလိုတာမဟုတ်ဘူး။ သူတို့ရဲ့ ပြက္ခဒိန် တခု ကုန်ဆုံးခြင်းသာဖြစ်တယ်။ ဒီနေရာမှာ လူတချို့က မာယာပြက္ခဒိန်က ၂၀၁၂ မှာ ကမ္ဘာပျက်မယ်ဆိုပြီး အသံဖမ်းတရားနာ ပြောကြတယ်။ တချို့ကြပြန်တော့ NASA နဲ့ ကမ္ဘာ့နိုင်ငံအသီးသီးက အုပ်ချုပ်ပိုင်းဆိုင်ရာတွေက အကြောက်အကန် ငြင်းဆိုမှု တွေနဲ့ဗန်းပြပြီး ၂၀၁၂ မှာ ဘာမှ မဖြစ်ပြန်ဘူး အတင်းငြင်းကြပြန်တယ်။
မာယာလူမျိုးတွေဟာ ဗိသုကာအတတ်ပညာ၊ အင်ဂျင်နီယာအတတ်ပညာများသာမက အာကာသဆိုင်ရာ တွက်ချက်မှုတွေကိုပါ အဲ့ဒီခေတ်ကာလကတည်းက ကျွမ်းဝင်နားလည်အသုံးချသူတွေဖြစ်တယ်။ သူတို့ဟာ ဂြိုဟ်နက္ခတ်တာရာတို့ရဲ့ လည်ပတ်ပုံကို အတိအကျ တွက်ထုတ်နိုင်သူတွေဖြစ်တယ်။ ဒီတော့ သူတို့ပြောပြ ချင်တဲ့ ကိန်းဂဏန်းဟာ ဘာတွေကြောင့် ဖြစ်လာနိုင်လဲဆိုတော့ အောက်ကအခန်းကဏ္ဍတွေမှာ လေ့လာ နိုင်တယ်။
မှတ်ချက်(၁) ဆူမားရီးယန်းတွေရဲ့ Niburu ဇာတ်လမ်း ဖြစ်တန်ချေနည်းသည့်အတွက် မဖော်ပြတော့ပါ။
မှတ်ချက်(၂) ဗုဒ္ဓဘာသာနှင့် ဟိန္ဒူဘာသာဝင်တို့ပြောနေတဲ့ ကလိယုဂ ခေတ်ဟာလည်း ဘီစီ ၃၁၀၀ လောက်မှာစခဲ့တယ်လို့ ဆိုပြန်တဲ့အတွက် မာယာတို့ရဲ့ပြက္ခဒိန်အစနဲ့ ထူးဆန်းစွာတိုက်ဆိုက်နေပြန်ပါတယ်။
၂။ Galactic Center Crossing
Galactic Center Alightment ဟာ နှစ်ပေါင်း ၂၆၀၀၀ ကြာရင် တကြိမ်ဖြစ်ပါတယ်။ ဘာကြောင့်အဲ့ဒီလိုဖြစ်သလဲဆိုရင် ကျနော်တို့နေဟာ ပုံမှန်အားဖြင့် တနှစ်မှာ ဇွန်လနှင့် ဒီဇင်ဘာလ များတွင် celetial equator ကို ၂ကြိမ်ဖြတ်ပါတယ်။ ကမ္ဘာက ၂၃.၅ဒီဂရီစောင်းပြီး နေကိုပတ်နေတော့ တနှစ်မှာ ၂ကြိမ် ကမ္ဘာ့ အီကွေတာနဲ့ နေနဲ့တတန်းထဲကျတယ်။ ဒါက နှစ်တိုင်းဖြစ်နေတာ။ အဲ့ဒီလို ကမ္ဘာကနေကိုပတ်ရင်း နေအဖွဲ့အစည်းတခုလုံးက Milky Way Galaxy ကိုပတ်ရင်း သူ့ဝင်ရိုးပေါ်မှာပဲ ၇၁နှစ်ခွဲမှာ ၁ဒီဂရီရွေ့ ပြီး နှစ်ပေါင်း ၂၅၇၄၀ ကြာတိုင်း တစ်ပတ်ပြန်ပြည့်တယ်။ ဒါကြောင့် ကျနော်တို့ရဲ့ ဓူဝံကြယ်အမည်ခံတဲ့ Pole star နောင်နှစ်ထောင်ချီသွားရင် နောက်ကြယ်တခုဖြစ်ဖြစ် သွားပြီး နောက် အဲ့ဒီကြယ်က ဓူဝံကြယ်ပြန်ဖြစ်ဖို့ နှစ်ပေါင်း ၂၅၇၄၀ ကြာမယ်။ ဒါကို Precession လို့ခေါ်ပြီး အဲ့ဒီလိုကြောင့်ပဲ ကမ္ဘာ၊ နေ၊ Milky Way Galactic Center တို့ဟာ နှစ်ပေါင်း ၂၅၇၄၀(အကြမ်းဖျဉ်းအားဖြင့် နှစ်ပေါင်း ၂၆၀၀၀) ကြာတိုင်း အတိအကျ လာထပ်ကြတယ်။ ဒီလိုလာထပ်တာဟာ ၂၀၁၂မှာဖြစ်မယ်။ ဒီနေရာမှာ မာယာရဲ့ပြက္ခဒိန်ကို ပြန်တွက်ကြည့်ရအောင် နှစ်ပေါင်း ၅၁၂၅နှစ်ကြာတဲ့အချိန် ၅ခါကို သူတို့က တခါတဖြတ်ဖြတ်ပြီး ခေတ်တခေတ်အနေနဲ့ သတ်မှတ်ပြန်တယ်။ အဲ့ဒီနှစ်ကာလက တိုက်ဆိုင်စွာပဲ ၂၅၆၂၅နှစ် ဖြစ်ပြီး Precession ရဲ့ နှစ်၂၅၇၄၀နဲ့ နီးပါးတူတယ်။
ဒီမှာကျနော်ပြောခဲ့တဲ့ နေဟာ ၁ဒီဂရီရွေ့ဖို့ ၇၁.၅ နှစ်ကြာရင် နေရဲ့အချင်းဟာ ဒီဂရီဝက်ရှိလို့ စုစုပေါင်း ဖြတ်သန်ချိန်ဟာ ၃၆နှစ်နီးပါးကြာမယ်။ အဲ့ဒီမှာ အလယ်တည့်တည့် ရောက်မယ့်အချိန်က ၂၀၁၂ ဒီဇင်ဘာ၂၁ရက်ပါပဲ။
အောက်မှာဖော်ပြတာတွေက တချို့က လ၊ နေ၊ ကမ္ဘာ၊ GC တချို့ ဂြိုဟ်တချိုနဲ့ ကမ္ဘာ၊ နေ၊ GC စတာတွေနဲ့ တတန်းထဲ သွားကျချိန်တွေမှာ ဖြစ်ပေါ်လာတဲ့ ကမ္ဘာပေါ်ဖြစ်ခဲ့တဲ့ ကပ်ဘေးတချို့ပါ။ သိပ်များလွန်းလို့ နောက်ဆုံးမှာ link ပေးထားပါတယ်။ (စိတ်ဝင်စားရင် အောက်ပါ link မှာ ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်။
http://www.apparentlyapparel.com/2/post/2011/12/a-christmas-warning-the-galactic-center-as-a-reason-for-disaster-in-december-201120122013.html
EARTHQUAKES:
2010 HAITI EARTHQUAKE Fatalities: c. 316,000 (likelihood predicted)
1 Of course this leaves out a great many aspects that would be important in prediction like squares, trines and also the less significant bodies.
Moon conjunct Galactic Center
SHAANXI EARTHQUAKE 23 January 1556. Fatalities 830,000
Moon opposite Galactic Center, Jupiter conjunct
ANTIOCH EARTHQUAKE 526 AD Fatalities 250,000
Sun opposite Galactic Center, Pluto conjunct Galactic Center
1755 LISBON ALL SAINTS DAY EARTHQUAKE AND TSUNAMI Fatalties est. 10 – 100,000
Pluto conjunct Galactic Center
MESSINA EARTHQUAKE AND TSUNAMI 1908
Sun conjunct and Pluto opposite Galactic Center
856 AD DAMGHAN EARTHQUAKE Fatalities 200,000
Sun, Jupiter and Venus conjunct Galactic Center, Uranus opposite
NEW MADRID EARTHQUAKE, USA, series of quakes began December 1811
Sun, Moon, Saturn, Neptune, Mercury and Venus conjunct
Earthquake SPITAK, Armenia December 1988
Sun, Mercury , Uranus, Saturn, Neptune conjunct Galactic Center
VOLCANOES:
KRAKATOA 1883: Fatalities : 36,000
Moon and Mars opposite Galactic Center
TAMBORA 1815, Fatalities: 90,000
Uranus and Neptune conjunct Galactic Center
MOUNT PELEE 1902, Fatalities 40,000
Uranus conjunct Galactic Center, Pluto and Neptune opposite
79 AD VESUVIUS destroyed Pompeii. Fatalities c. 10,000
Moon conjunct Galactic Center, Jupiter opposite
LAKI 1783 Fatalties c. 10,000
Sun opposite Galactic Center
STORMS:
Worst ever single tornado recorded on the whole globe in Bangladesh 1989. Fatalities 1,900
Moon, Uranus, Neptune and Saturn conjunct the Galactic Center, Mars opposite
CHRISTMAS EVE GALE 1811 Fatalities: 1,900 men on different ships
Sun, Neptune and Saturn conjunct Galactic Center
TRAMORE BAY STORM 1816, Fatalities 612
Venus, Uranus and Neptune conjunct Galactic Center
SUPER TYPHOON VERA 1959, Fatalities c. 5000
Saturn conjunct Galactic Center
GALVESTON HURRICANE 1900, Fatalities 10 – 12,000
Jupiter, Saturn, Uranus conjunct and Pluto and Neptune opposite ( Sun and Full Moon both squared
creating a grand cross)
FLIGHT DISASTERS:
No. 1 WORST EVER DAY FOR FLIGHT DISASTERS – 9/11
2001: Fatalities: 4,500
Moon opposite Galactic Centre, Mars and Pluto
conjunct Galactic Centre
No. 2 WORST EVER FLIGHT DISASTER TENERIFE AIRPORT COLLISION, Fatalities 583
Moon opposite Galactic Centre
No. 3 WORST EVER FLIGHT DISASTER, Fatalities 520
Moon opposite Galactic Centre and Neptune conjunct
No. 4 WORST EVER FLIGHT DISASTER, New Delhi mid air collision. Fatalities
Moon in wide conjunction to Galactic Centre
No. 5 WORST EVER (no. 1 worst for France) ERMENONVILLE, Fatalities 346
Moon and Saturn opposite Galactic Centre
No. 6 WORST EVER Flight AIR INDIA explodes 31,000 ft
Sun and Mars opposite Galactic Centre, Uranus and Neptune conjunct
၃။ Sunspot Cycle နှင့် ဂြိုဟ်တို့နှင့်နေကြား ဆွဲအားသက်ရောက်မှု
Barycenter လို့ ဒြပ်ဆွဲအားဗဟိုအကြောင်းအရင်ပြောပါမယ်။ နယူတန်နိယာမအရ အရာဝတ္ထုတိုင်းမှာ တခုနဲ့ တခု အပြန်အလှန်ဒြပ်ဆွဲအားရှိတာကိုတော့ သိပြီးဖြစ်ပါလိမ့်မယ်။ အဲ့ဒီလို ဒြပ်ဆွဲအားတွေမှာ ဗဟိုဆိုတာရှိပါ တယ်။ တူညီတဲ့အရာဝတ္ထုတွေအတွက် တခုနဲ့တခုကြားတည်ရှိတဲ့ ဒြပ်ဆွဲအားဗဟိုဟာ နှစ်ခုကြားအကွာအဝေး ရဲ့ အလယ်တည့်တည့်မှာ ရှိပေမယ့် မတူညီအရာဝတ္ထုတွေအတွက်ကျတော့ ပိုလေးတဲ့ဝတ္ထုနားမှာ ဒြပ်ဆွဲအား ဗဟိုက တည်ရှိပါတယ်။
ဒီတော့ နေနဲ့ ဂြိုဟ်တွေမှာလဲ ဒြပ်ဆွဲအားဗဟိုရှိပြီး ကမ္ဘာလိုသေးငယ်တဲ့ဂြိုဟ်တွေအဖို့ဒြပ်ဆွဲအားဗဟိုဟာ နေရဲ့ အလယ်ဗဟိုအတွင်းနားမှာပဲရှိပြီး နေကို တုပ်တုပ်မျှလှုပ်ဖို့ရန် မလွယ်ပေ။ သို့သော် စနေနှင့် ဂျူပီတာ ကဲ့သို့သော ဂြိုဟ်ကြီးများနှင့် ဒြပ်ဆွဲအားဗဟိုဟာ နေရဲ့အပြင်ရောက်နေပြီး နေရဲ့မျက်နှာပြင်ကို မငြိမ်မသက် ဖြစ်စေပြီး နေမုန်တိုင်းလို့ခေါ်တဲ့ Sunspot များဖြစ်ပေါ်စေပါတယ်။ ဒီ Sunspot တွေဟာ ၁၁နှစ်မှာ ၁ကြိမ်ဖြစ် ပေါ်ပြီး ၂၂နှစ်နီးပါးမှာတခါဖြစ်တာဟာ ပိုမိုပြင်းထန်ပါတယ်။ ဒီလို ၁၁နှစ်တကြိမ်ဘာကြောင့်ဖြစ်သလဲဆိုတာ ရှင်းပြပါမယ်။
ကြာသပတေးဂြိုဟ်ဟာ နေကိုတပတ်ပတ်မိဖို့ ၁၁.၈၅၉၂၀ နှစ်ကြာပါတယ်။ စနေဂြိုဟ်ဟာ နေကိုတပတ်ပတ်မိဖို့ ၂၉.၄၅၇၁ နှစ်ကြာပါတယ်။ ဒီတော့ သူတို့၃ခု inline တတန်းထဲကျဖို့ကို ကျနော် program လေးရေးပြီး (excel) တွက်လိုက်တာ ၉.၉၂၅၅နှစ်ကြာတိုင်း ဒီ၃ခုသွားထပ်တာကို တွေ့ရတယ်။စနေနဲ့ကြာသပတေး၂ခုကြား မှာ နေရှိပြီး ၃လုံးတန်းတာပါ။ ၁၉.၈၅၁နှစ်မှာတော့ စနေ၊ ကြာသပတေး၊ နေ ဆိုပြီး သုံးလုံးတန်းပါတယ်။ သူကျတော့ ဂြိုဟ်၂လုံးဆုံး ၁ဖက်ထဲမှာရှိတဲ့အတွက် နေကိုပိုပြီး ကိုင်လှုပ်သလိုဖြစ်ပါတယ်။ ဒါကြောင့် Sunspot တွေပိုပြီး အဖြစ်များပါတယ်။ နောက် ဒီ Sunspot တွေဟာ နှစ် ၄၀၀ ကြာတိုင်း ပိုပြီး အရှိန်ပြင်းပြင်းနဲ့ ဖြစ်ပေါ်တတ်ပါတယ်။ လွန်ခဲ့တဲ့ ၁၆၀၀ ဘီစီ လောက်မှာ ice age အသေးစားလေး ဖြစ်ခဲ့ပြီး အင်္ဂလန်က သမ်းစ် မြစ်တောင် ရေခဲသွားခဲ့ပါတယ်။ ဒီတော့ ဒီ၂၀၀၀ခုနှစ်နောက်ပိုင်းမှာ ဖြစ်လာမယ့် Sunspot က ပြင်းထန်ဖွယ်ရှိ တယ်လို့ သုတေသီတွေက ဆိုပါတယ်။
ဒီလို sunspost တွေဖြစ်ရင် နေမျက်နှာပြင် Coronal Mass Ejection လို့ခေါ်တဲ့ နေမီးတောက်ထုတ်လွှတ်မှု တွေ ဖြစ်ပေါ်လာပြီး စွမ်းအားကြီးမားလွန်းရင် ကမ္ဘာထိတောင် ရောက်လာနိုင်ပါတယ်။ ၁၉၈၉ခုနှစ်က ဖြစ်ခဲ့တဲ့ နေမီးတောက်ဟာ အမေရိကန်နဲ့ ကနေဒါနိုင်ငံမြောက်ပိုင်းက လျှပ်စစ်ဓါတ်အားလိုင်းတွေကို မီးလောင်ပျက်စီး စေခဲ့ပါတယ်။
၎။ ကမ္ဘာ့အတွင်းမှ Tectonic Plate ရွေ့လျားမှု
ဒီကိစ္စကတော့ ကျနော်တို့ မြန်မာပြည်နဲ့ အဓိကသက်ဆိုင်ပါတယ်။
Tectonic Plate ဆိုတာ အောက်က ချော်ရည်ပူတွေပေါ်မှာ တည်ရှိနေတဲ့ ကြီးမားကျယ်ပြန့်တဲ့ ကျောက်လွှာထု ကြီးတွေကို ခေါ်တာပါ။ ဒီကျောက်လွှာထုကြီးတွေဟာ နှစ်သန်းပေါင်းများစွာကြာမှ မိုင်အနည်းငယ်ပဲ ရွှေ့လျား ကြတာပါ။ ဒီလိုနဲ့ နှစ်ပေါင်းဘီလျံချီလာတော့ Plate တချို့ဟာ တခုနဲ့တခု တိုက်မိပြီး ပေါင်းစပ်မိပါတယ်။ အရင်က အိန္ဒိယနိုင်ငံ၊ မြန်မာနိုင်ငံ တောင်ဘက်နှင့် အနောက်ဘက်အခြမ်းဟာ tectonic plate တခုဖြစ်ပြီး အာရှတိုက်က တခုဖြစ်ပါတယ်။ India tectonic ဟာ Asia tectonic ကို ၀င်ဆောင့်ပြီး Himilians တောင်တန်း (ဟိမ၀န္တာတောင်တန်း) ဖြစ်လာတယ်လို့ သုတေသီတွေက ဆိုပါတယ်။ ဒါကြောင့် မြောက်ဘက် ဟိမ၀န္တာတောင်ခြေမှ ရွှေဘို၊ ပုဂံ၊ ပဲခူး၊ ဘားအံတလျောက် အရှေ့ စူမတြားအထိဟာ tectonic plate ကြားက စပ်ကြောင်းကြီးပါ။ ဒါကြောင့် ရွှေဘို၊ ပုဂံ၊ ပဲခူးငလျင်တွေဟာ tectonic plate ကြားမှာရှိနေတဲ့အတွက် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၁၁ပိုင်းမှာ ရွှေဘိုငလျင်လှုပ်ခတ်သွားပါတယ်။ နောက်တခုက တည်ငြိမ်နေပြီလို့ယူဆတဲ့ ပုပ္ပါးတောင်ပါ။ ဒီတောင်ဟာလည်း tectonic plate နဲ့ သိပ်မဝေးပါဘူး။
ဒီ့အပြင် ဒီဂြိုဟ်တွေရဲ့အပြန်အလှန်ဆွဲအားတွေ Sunspot တွေက ဖြစ်လာတဲ့ CME တွေဟာ အရာဝတ္ထုတွေ တင် ဖျက်စီးပစ်နိုင်ရုံမက လူတွေရဲ့ဦးနှောက်အတွင်းက ပစ်ကျုထရီဂလင်းရဲ့ လုပ်ဆောင်မှုတွေကိုပါ ကစဥ့်ကလျားဖြစ်စေတယ်လို့ သုတေသီတွေက ဆိုထားပါတယ်။
ဒီတော့ ကျနော်ပြောချင်တာက ၂၀၁၂ ဒီဇင်ဘာ ၂၁ ဟာ ခရစ်ယာန်တွေပြောနေတဲ့ Doomsday (ကမ္ဘာပျက်မယ့်နေ့)လဲမဟုတ်ပါဘူး။ မာယာတွေရဲ့ပြက္ခဒိန်ကို လူတွေအမှတ်မှားပြီး ကမ္ဘာကြီးအဆုံးသတ်သွား ပြီလို့လည်း ပြောလို့မရပါဘူး။ ကျနော်တို့ဘာနဲ့တူသလဲဆိုရင် ကားတွေမှာခရီးဘယ်လောက်သွားခဲ့သလဲဆိုတာ ပြတဲ့ odometer လို ဘယ်ဘက်အစွန်ဆုံးဂဏန်းက အကြီးဆုံးဖြစ်ပြီးသွားရင် သုညဖြစ်ပြီး သူ့ညာဘက်ဘေးက ဂဏန်း တခုတိုးလာတာပါပဲ။
ဒါပေမယ့် အပေါ်မှာဖော်ပြခဲ့တဲ့ အချက်အလက်တွေအတိုင်း ကမ္ဘာမှာ အနည်းငယ်သော ပြောင်းလဲမှုတချို့ တော့ ရှိလိမ့်မယ်လို့ ကျနော်ပြောနိုင်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကပင် ဖိလစ်ပိုင်ကို Bopha အမည်ရတဲ့ မုန်တိုင်း ၀င်တိုက်ခဲ့တာ ၃၂၅ ယောက်သေပြီး ပျောက်ဆုံးသူ ၃၇၉ယောက်ရှိနေပါတယ်။ ထိုနည်းတူ ၂၀၁၀နှင့် ၂၀၁၁ အတွင်းမှာပင် ဖြစ်ခဲ့တဲ့ သဘာဝဘေးဆိုးတွေက သက်သေပဲဖြစ်ပါတယ်။ ဒီဇင်ဘာ ၇ရက် ၂၀၁၂ မှာပင် Japan နိုင်ငံ Kamiashi ရဲ့အရှေ့တောင်ကမ်းခြေ မိုင် ၁၅၀ အကွာမှာ ပြင်းအား ၇.၃ ရှိတဲ့ ငလျင်တခုလှုပ်ခဲ့လို့ Tsunami warning ထုတ်ထားပါတယ်။
ဒီတော့ နောက်ဆုံး အနှစ်ချုပ်ပြောချင်တာက ဒီစာကို ပြီးခဲ့တဲ့၎နှစ်လောက်ကတည်းက ရေးချင်ခဲ့ပေမယ့် အခြေအနေအမျိုးမျိုးကြောင့် မရေးဖြစ်ခဲ့တာပါ။ ဒီစာကိုရေးဖို့အတွက် မှီငြမ်းစာအုပ်ပေါင်းများစွာ၊ အင်တာနက် webpage များစွာကို စိစစ်တိုက်ဆိုင် ပြီး အဖြစ်နိုင်ဆုံးတွေကိုသာ ဖော်ပြလိုက်ခြင်းဖြစ်ပါတယ်။ ဒီစာဟာ တကယ်တော့ ခြောက်လှန့်ပြီး ရေးသားခြင်းမဟုတ်ပါ။ လူသားတိုင်းအနေဖြင့် ဖြစ်လာမယ့်ဘေးဆိုးဒုက္ခခပ်သိမ်း မှ ကြိုတင်သိရှိထားခြင်းဖြင့် ကြောက်လန့်ခြင်းမှကင်းဝေးပြီး ရဲရဲဝံ့ဝံ့ရင်ဆိုင်နိုင်စေရန်သာ ရည်ရွယ်ပါတယ်။
အားလုံးရဲ့ ကောင်းကျိုးကို လိုလားတဲ့
ကိုဝေအောင်
ဗဟုသုတ ဖြစ်စေတဲ့အတွက် ကူးယူထားလိုက်ပါတယ်။
Was this answer helpful?
LikeDislikeဟုတ်ကဲ့ရပါတယ်။
ဒါက အားလုံးကို ဝေငှဖို့ရေးထားတာပါ။
အချိန်လည်းနီးနေပြီမို့ အားလုံး ကြောက်လန့်ဖို့မဟုတ်ဘဲ သတိရှိနေကြဖို့ပါ။
Was this answer helpful?
LikeDislikeသက်သေ သာဓက အကိုးအကားတွေနဲ့ စုံစုံလင်လင် တင်ပြပေးလို့ ကျေးဇူးပါဗျာ
ဦးမာဃလဲ ဖတ်ရှု မှတ်သား ကူးယူ သွားပါတယ်
Was this answer helpful?
LikeDislikeကိုဝေအောင်ရေ..ဒေါက်တာထွန်းလွင် ကလည်း galatic crossing ကိုလက်ခံသူပါ ။ဒါပေမယ့် သူပြောတဲ့နှစ် ၆၄ သန်းမှာတစ်ကြိမ် ဖြတ်သန်း တယ်ဆိုတာ နားမလည်လို့  ရှင်းပြပေးပါဦး
Was this answer helpful?
LikeDislikeသူပြောတဲ့ ၆၄ သန်းဆိုတာ နေက Milky Way ဂလက်ဆီကို တပတ်ပတ်မိချိန်ပါ။ GC ကို ဖြတ်တာနဲ့တော့မဆိုင်ပါ။
Was this answer helpful?
LikeDislikeမင်္ဂလာပါကိုဝေအောင်ခင်ဗျား..
သေသေချာချာလေ့လာရေးထားပုံရတာမို့..ပို့စ်ကို.. စတစ်လုပ်လိုက်ပါတယ်..
ခုတလောခေတ်စားနေတဲ့ ကမ္ဘာပျက်သတင်းလေးလည်း.. ကူးတင်ပေးလိုက်ပါတယ်.. :harr:
အရင်ပို့စ်ဟောင်းလေးတွေလည်း.. လင်ခ့်ပေးလိုက်ပါတယ်..။
http://myanmargazette.net/34229
http://myanmargazette.net/328/
http://myanmargazette.net/48248/
2012 Doomsday Psychology, Millions of Chinese, Russians and …
The Market Oracle-Dec 8, 2012
Dmitry Medvedev, the Russian prime minister, addressed the doomsday situation thus: “I don’t believe in the end of the world.” Before adding …
Was this answer helpful?
LikeDislikeကိုဝေအောင်နဲ့  သဂျီးကိုကျေးဇူးတင်ပါတယ်
အချိန်နဲလို့  ဒီပိုစ့် ကိုကျော်သွားမိပါတယ် ။သဂျီးပြန်တင်ပေးလို့  ဖတ်လိုက်ရတာပါ ။
အစ်ကိုရေ
ခေါင်းစဉ်လေး ဒီထက်ပိုပြီး စိတ်ဝင်တစားဖြစ်စေခဲ့ ရင်ပိုကောင်းမလားလို့ ….
ခွင့် လွှတ်ပါနော …..ဆရာလုပ်တာမဟုတ်ပါဗျာ
ကျနော့ လိုကျော်သွားကြမှာစိုးလို့ ပါ ။
လေးစားလျှက်
မောင်ဆာမိ
Was this answer helpful?
LikeDislikeကိုဝေအောင်ရေ…သေသေချာချာအချိန်ယူလေ့လာပြီး
အချိန်မှီတင်ပေးတာကျေးဇူးပါဗျာ…ကြိုက်လို့ FB မှာရှယ်ပါရစေဗျို့…
Was this answer helpful?
LikeDislikeရှယ်ပြီဗျို့ 
Was this answer helpful?
LikeDislikeခြောက် လှန့် စာ မဟုတ်ဘူး လို့ နိဒါန်း ချီ ထား ပေမယ့် ဖတ်ပြီးတော့ မကြောက် ပဲ မနေ နိုင်ဘူး။
ကြောက် တယ် ဆို တာ ကြီး မားတဲ့ ဘေး အန္တရာယ် ကြီး နဲ့ တိုး ပြီး အစုလိုက် အပြုံ လိုက် ကြီး သေ ရ မှာ ကို မဟုတ်ဘူး။ အပျက် အစီးတွေ ကြား ထဲ မှာ( မိသားစု၊မိတ်ဆွေအပေါင်း အသင်းတွေ၊ ပိုင် ဆိုင် မှုတွေ၊ ရပ်တည်မှုတွေ၊ ပတ်ဝန်း ကျင် အသိုင်း အ၀ိုင်း တွေ အား လုံး ပျက်စီး လို့ သုသန် တစပြင် လို ပြိုပျက် နေတဲ့ အရပ် ကြီး မှာ) မသေ မရှင်နဲ့ကျန်ခဲ့ မှာ စိုး တယ်။
စာရေး သူ ရဲ့ ကြိုးစား အားထုတ် လေ့လာ တင် ပြ မှု ကို ကျေး ဇူး တင် ပါတယ်။
Was this answer helpful?
LikeDislikeကိုဝေအောင်ရဲ့ စာတွေက သုတေသီစာတမ်းဆန်ဆန် ကြိုးပမ်းအားထုတ်မှုတွေနဲ့ ရေးထားတာမို့ အဖိုးတန်လှပါတယ်။
မျှဝေပေးတာ ကျေးဇူးပါ။ :hee:
Was this answer helpful?
LikeDislikeအားလုံးကို ဝေဖန်ပေးလို့ ကျေးဇူး အထူးတင်ပါတယ်။ ဒီ ၂၀၁၂ မှာ ကမ္ဘာပျက်မယ်ဆိုတာ မဟုတ်သလို ဘာမှ မဖြစ်ဘူးဆိုတာလည်း ယနေ့ကမ္ဘာက သက်သေပြနေတဲ့အတွက် ဒါတွေဖြစ်ခဲ့ရင်(မုန်တိုင်း၊ မီးတောင်၊ ရေကြီး၊ မြေပြို၊ ငလျင်) ကြိုတင်ပြီး ပြင်ဆင်သင့်တာတွေ၊ ဖြစ်လာရင် ဘယ်လို ကယ်ဆယ်မလဲဆိုတာတွေကို တတ်သိသူများက share ပေးကြပါရန် အထူး မေတ္တာရပ်ခံအပ်ပါတယ်။
Was this answer helpful?
LikeDislikeDec 21 ရောက်ဖို့သိပ်မလိုတော့ဘူး…
Share လုပ်သွားပါတယ်။ ကျေးဇူးပါ။
Was this answer helpful?
LikeDislikeရုံက အပျိုကြီးတစ်ယောက်က ၂၁ ရက်နေ့ ကမ္ဘာပျက်မယ်ဆိုတာ ယုံလား.. ဘယ်နားနေရင်တော့သေမှာ ဘယ်နေရာရောက်မှ အသက်ရှင်နိုင်မှာနဲ့ အတော်ပူညံပူညံ လာပြောနေသေးတယ်
ဒါနဲ့ ခေါင်းညိတ်စရာရှိလည်း ခေါင်းညိတ်လိုက်၊ ဖွင့်ပြောသင့်လည်း ကိုယ်ကပဲစပြောလိုက်တော့ ကမ္ဘာပျက်တော့မှာ ဘာမှ အောင့်မထားတော့နဲ့လို့ မ ပေးလိုက်သေးတယ်… တကယ်
Was this answer helpful?
LikeDislikeဒါ နောက်ပြောင်စရာ ကိစ္စမဟုတ်သလို ကျနော်ရေးထားတဲ့စာထဲမှာ ကမ္ဘာကြီးပျက်သွာမယ်ဆိုတဲ့စကားတခွန်းမှ မပါပါဘူး။ ခင်ဗျား စာကို သေသေချာချာပြန်ဖတ်ဖို့လိုမယ်ထင်ပါတယ်။ ရမ်းသမ်းပြီး comment မပေးချင်းစမ်းပါနဲ့ဗျာ။
Was this answer helpful?
LikeDislikeအဲလိုပြောနဲ့လေ ဆြာသ္မားရဲ့.. ကမ္ဘာပျက်ရင် ရှိသမျှ သစ်ပင်ပန်းမန်တွေ အကုန်ပြောင်မှာနော… သမြောဇရာဂျီး..
Was this answer helpful?
LikeDislikeပြောင်တတ်နောက်တတ်သူတွေ ဒီလိုပိုစ်တွေမှာ မလာပါနဲ့။
Was this answer helpful?
LikeDislikeသေသေချာချာ လေ့လာအားထုတ်ပြီးရေးတတ်တဲ့ ကိုဝေအောင့် စာလို သုတ စာပေတွေလည်း ဂဇက်မှာ များများရှိစေချင်ပါတယ်။
ဓာတ်ပုံ၊မြေပုံ၊ဇယားစသည်နဲ့ပါ ရှင်းပြပေးရင်ပိုပြီး မျက်စိထဲ မြင်မိမယ်ထင်ပါတယ်။
Was this answer helpful?
LikeDislikeဟားဟား
ဒီလိုဂျေးလား
ဝေအောင်
ဆွေပြောင်..
ဂွေထောင်
မေပေါင်ထင်လား
သေတောင်
ကွေရှောင်မယ်..
နွေခေါင်
ငွေဆောင်
လေအောင်
ရွှေကြောင်တဲ့ဟေ့
ဒက်ကလောက် ဒက်ကလောက်…။ :cool:
Was this answer helpful?
LikeDislikeမေပေါင် = မောင်ပေ
ကေထောင် = ကောင်ထေ
ရှေနောင် = ရှောင်နေ
ထွေပြောင် = ထွောင်ပြေ
ဖေမောင် = ဖောင်မေ
Was this answer helpful?
LikeDislike