ငအံစာ ရီးစာစာ ရေးနေသည်။ တစ်စောင် ရေးခ – ငါးထောင် :mrgreen: (photo – Internet)

 

+++++++++++++++++++++++++++++++++++++++

 

“လှတယ်” ………….။

ဒီစကားလုံးထက် ပိုတဲ့

အနက် အဓိပ္ပါယ်တွေ

မင်းဆီမှာ အပြည့်ရှိတယ် …………။

 

“ချစ်တယ်” ………….။

ဖွင့်မပြောရဲပေမယ့်

မင်းရဲ့အနောက်က

တကောက်ကောက်နဲ့

မင်း စိတ်ညစ်လောက်အောင် ဖြစ်မိတဲ့

ငါ့ရဲ့ ခြေလှမ်းတွေနဲ့

သက်သေခံပါတယ် ………….။

 

“ကောင်မလေးရယ်” ……….။

မင်းကို တွေ့မိတိုင်း

ရင်ထဲမှာ တဒိုင်းဒိုင်းနဲ့

သူများတွေ ပြောတာလည်း ဂရုမစိုက်နိုင်

မင်းကိုသာ ငေးစိုက်ကြည့်ရင်း

ရင်ထဲက အချစ်ဆိုတဲ့ အရာဟာ

မင်းအလှမှာ ယိုင်နဲ့ခဲ့ပေါ့ ……………။

 

“တကယ်တော့” ………..။

ဘယ်တော့မှ ဆိုတာထက်

မင်းဘေးမှာ ခိုနားလှည့်ချင်တဲ့

အချစ်များစွာအတွက်

မင်း … မရက်စက်လိုက်ပါနဲ့နော် …………..။

 

“ကောင်းကင်ကြီး က မပြာဘူး” …… “မိုးတွင်းမို့လို့” ….

“မင်းအတွက် ငါရည်စူး” ……. “ချစ်ခြင်းများနဲ့မို့” …..

ရို့ … ရို့ …… (ကာရန် .. ကာရန်) … :mrgreen:

 

ဒါဘဲ ……….။

ပြန်ချစ်ရင် ချစ် …

မချစ်ရင် ညှစ်မှာနော် …… ငွင်း …. ငွင်း ……….။

 

(ပြီးခဲ့တဲ့ မိုးတွင်းတုန်းက ဘော်ဒါတစ်ယောက်အတွက် စပ်ထားတဲ့ ကဗျာပါ။

ဂနေ့ ပျင်းပျင်း ချိဒါနဲ့ ဘာရယ်မဟုတ် ပို့စ်အဖြစ် တင်လိုက်မိဘာဂျောင်း …..)

 

by- မဟာဘာဂျာ အံချာဒုံး

 

+++++++++++++++++++++++++++++++++++++++

About မဟာရာဇာ အံစာတုံး

has written 306 post in this Website..

အချို့သော အရာတွေဟာ "ပြောင်" ပြီးရင် ပြန်ကောင်းဖို့ မလွယ်ဘူး။ အချို့အရာတွေ ကျတော့ တစ်မျိုး။ "ပြောင်" ပြီးရင် ပိုပို ကောင်းလာတတ်တဲ့ အမျိုး။ နှုတ်ခမ်းမွေး ပြောင်အောင်လို့ ရိတ်တယ်။ ရိတ်လေ .. သန်လေပဲ။ ထိပ်ပြောင်လို့ ဆံပင် သန်အောင် လုပ်တယ်။ မလွယ်ပြန်ဘူး။ ဒီသဘော .. ဒီသဘော။