ဝါးခယ်မမြို့။အ.ထ.က(၁) ဆရာကန်တော့ပွဲ

Kaung Myat ThuDecember 9, 20121min19610

ဩဂုတ်လတုန်းက မပဒုမ္မာရေးတင်ခဲ့တဲ့ Post ကို ဟိုတစ်နေ့ကမှတွေ့လို့ comment ပြန်ရေးလိုက်ရတယ်။

ကျွန်တော်ထပ်ပြီး ဆော်ဩပါရစေ။ ၃၀.၁၂.၂၀၁၂(တနင်္ဂနွေနေ့) မှာ တို့ရဲ့ကျေးဇူးရှင်ဆရာ၊ဆရာမတွေကို လှိုက်လှိုက်လှဲလှဲကန်တော့ကြရအောင်။

အလှုငွေလေးတွေထည့်ဖြစ်အောင်ထည့်ကြဖို့(တတ်နိုင်သလောက်ပေါ့)။ လာဖြစ်အောင်လာပြီးပူဇော်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

 

10 comments

  • သကြားလုုံးကြော်

    December 9, 2012 at 4:48 pm

    ဒီရွာထဲမှာ ဝါးခယ်မမြို့ကလူတွေတော်တော်များတယ်လား။ မထင်မိဘူး

  • ရဲစည်

    December 9, 2012 at 11:23 pm

    ကျနော်လည်း ပါဝင် လှူဒါန်းပီးပါကြောင်း ….။
    အာစရိယ ပူဇော်ပွဲတွင်လဲ ပါဝင်မည် ဖြစ်ပါကြောင်း ……. ။

    ဒေါ်ပိုက်မိ လက်ထွက်

  • Kaung Myat Thu

    December 11, 2012 at 12:35 pm

    ၂၉ရက်နေ့မနက် ကားနဲ့သွားကြမယ်။ ၃ဝရက်နေ့မနက် ပူဇော်ပွဲလုပ်မယ်။ ၃ဝရက်နေ့ ည ညစာစားပွဲလုပ်ကြမယ်။ ကာရာအိုကေလည်းဆိုကြမယ်။ ပူဇော်ပွဲအထိမ်းအမှတ် Sport Shirt နဲ့ T-Shirt
    တွေလည်းရောင်းတယ်ဆိုပဲ။

  • padonmar

    December 13, 2012 at 11:44 pm

    အထက(၁)ဝါးခယ်မ
    မြတ်ဆရာပူဇော်ပွဲဖိတ်ကြားလွှာ
    ၁၉၇၃မှ ၁၉၈၈ထိ မိခင်ကျောင်းကြီးတွင်ပညာသင်ကြားပေးခဲ့သော ဆရာကြီး။ ဆရာမကြီးများကို ကျောင်းသားကျောင်းသူဟောင်း အားလုံးမှပူဇော်ကန်တော့ပွဲနှင့် သူငယ်ချင်းများပြန်လည်တွေ့ဆုံပွဲကို
    ၂၀၁၂ ခုနှစ်။ ဒီဇင်ဘာ(၃၀)ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ကျောင်းသားေကျောင်းသူဟောင်းများအားလုံးမှ တက်တက်ကြွကြွ (မပျက်မကွက်)တက်ရောက်ကြပါရန် ဖိတကြားအပ်ပါသည်၊
    ကြိုပို့ယာဉ်များ စီစဉ်ထားမည်ဖြစ်ပါ၍လိုက်ပါလိုသူများသည်AK Pharmacy ၂၂၆၇၁၈။ ၂၂၆၉၄၆။
    ဒေါက်တာအေးအေးမြင့် ဝ၉၅၀၀၆၈၅၂။ မဆွေဆွေသင်း ဝ၉၈၅၃၇၉၈၅။ ကိုဇော်လင်း ဝ၉၅၁၃၁၉၆၄။ ကိုကြည်ဇင် ဝ၉၅၁၅၁၁၆၀။ ကိုဇော်မင်းလွင် ဝ၉၄၂၂၄၈၄၄၅၉သို့ ဒီဇင်ဘာ(၂၅)ရက်မတိုင်မီဆက်သွယ်သတင်း ပို့ကြပါရန် မေတ္တာရပ်ခံပါသည်၊
    အလှူငွေများကိုလည်းထည့်ဝင်ကြပါရန်နှိုးဆော်အပ်ပါသည်၊
    ထွက်မည့်နေ့ – ၂၉-၁၂-၂၀၁၂
    ထွက်မည့်အချိန် – နံနက်(၉)နာရီ
    ထွက်မည့်နေရာ – AKဆေးဆိုင်(၁၉လမ်းနှင့်ကမ်းနားလမ်းဒေါင့်)
    ဖြစ်မြောက်ရေးကော်မတီ

  • padonmar

    December 13, 2012 at 11:52 pm

    ကောင်းမြတ်သူရေ
    ကူညီပေးတာကျေးဇူးပါ။
    ဒီဇင်ဘာ ၂၁ ရက်နေ့ ကြေးမုံနဲ့ မြန်မာ့အလင်းမှာ ထည့်မယ့် ကြော်ငြာလေးပါတင်ပေးလိုက်ပါတယ်။
    ပျော်ပျော်ပါးပါး ပြန်လည်ဆုံစည်းကြရအောင်။
    အဲဒီပွဲကျရင် ကောင်းမြတ်သူနဲ့ ကြောင်လေးတို့ကိုလည်း တွေ့ရမယ်လို့ မျှော်လင့်ပါတယ်။
    နီပေပါကတော့ ဒေါ်ပိုက်မိလက်ထွက်ဆိုတော့ စီနီယာတော်တော်ကျပါတယ်။အကန်တော့ခံထဲများပါနေလေရော့သလား။
    ………..
    စပို့ရှပ်က 3000 တီရှပ်က 2000 ရောင်းပေးပြီး အမြတ်ငွေကို ဆရာဆရာမများ သာရေးနာရေးရန်ပုံငွေ စတင်တည်ထောင်တဲ့ထဲ မတည်ဖို့ ရည်စူးကြပါတယ်။ ပွဲကျရင်လည်း အဲဒီရန်ပုံငွေ ထူထောင်ဖို့ ဆွေးနွေးတိုင်ပင်ကြပါလိမ့်မယ်။

    • Mobile

      December 14, 2012 at 8:55 am

      စပို့ရှပ်လေး တွေကိုတော့ဖြင့် အားပေးချင်သဗျာ။ ဘဏ်မှ ကြိုတင်ငွေလွဲစနစ်ဖြင့် အားပေးည်
      ဆိုပါက ရနိုင်မရနိုင်လေး သိချင်ပါတယ်။
      ဝါးခယ်မ ကိုတော့ ကိုပိုက်ရဲ့ တောအကြောင်း တောင်အကြောင်း မုဆိုးအကြောင်းရေးတဲ့ ဝတ္ထုတွေမှာ
      ဖတ်ဖူး ကြားဖူးပါတယ်။ တစ်ခါမှတော့ မရောက်ဖူးပါဘူး။ နံမည်လေးကတော့ အဆန်းသားဗျ
      ဘယ်လိုကစပြီး ဝါးခယ်မ လို့ဖြစ်လာပုံ သမိုင်းကြောင်းလေး သိရင် တစိတ်လောက် ပြောကြပါဦး
      ဗဟုသုတပေါ့။

  • padonmar

    December 14, 2012 at 12:03 am

    သူကြီးဆိုက်ထဲမှာ ကျမတို့ရဲ့ ဆရာကန်တော့ပွဲကြော်ငြာ ကို ဖရီးထည့်ခွင့်ရတာ ကျေးဇူးအများကြီးတင်ပါတယ်။
    သတင်းစာမှာထည့်တာ ၁ လက်မ ၁ကော်လံကို ၉၀၀ဝ ကျပါတယ်။
    ဒီကြော်ငြာဆို ၆၃၀၀ဝ ကျပါတယ်။ စာရင်းပေးပြီး ၁ဝရက်ကြာမှ သတင်းစာထဲပါပါမယ်။
    ……………
    ကြုံတုန်းလေး စကားအတင်းစပ် သူကြီးတို့ ရတနာပုံ သတင်းစာထဲကြော်ငြာထည့်ရင် ဘယ်လောက်ကျမလဲ သိချင်ပါတယ်။
    မိတ်ဆွေတွေရဲ့ International Consultancy Service အတွက် ကြာ်ငြာထည့်ဖို့ အလကားမတ်တင်း တိုက်တွန်းအကျိုးဆောင်ကြည့်မလို့ပါ။ အခုက မြန်မာပြည်ပြန်ပြီး အလုပ်လုပ်ချင်သူတွေ များလာပြီဆိုတော့ company form လုပ်ချင်တဲ့သူတွေလည်း အလွယ်တကူ တိုင်ပင်ဆက်သွယ်လို့ရ၊ဒီကလူတွေလည်း အလုပ်ရပေါ့။

  • Khaing Khaing

    December 14, 2012 at 10:22 am

    တိုက်တိုက်ဆိုင်ဆိုင်ပါပဲ …… ကျွန်မတို့ကျောင်းရဲ့ဆရာကန်တော့ပွဲကလဲ … (၃၀.၁၂.၁၂) ရက် တနင်္ဂနွေနေ့ပဲ … ဆရာဆရာမတွေကန်တော့ရတော့မယ် … သူငယ်ချင်းဟောင်းတွေနဲ့လဲပြန်ဆုံရမယ်ဆိုတော့ အတော့်ကိုပျော်စရာကောင်းမယ့် ပွဲလေးပါ …….

  • Kaung Myat Thu

    December 14, 2012 at 8:43 pm

    အရမ်းကောင်းတဲ့အစီအစဉ်လေးပါ။ ဆရာ၊ဆရာမကြီးတွေအတွက်သာရေး၊နာရေးရန်ပုံငွေထူထောင်သင့်ပါတယ်။ ကျွန်တော်လည်းတတ်နိုင်
    သလောက်ထပ်ထည့်ပါမယ်။ကျွန်တော်က ဆရာကြီးဦးတက်ထွတ်လက်ထွက်ပါ။ ၂၉ရက်နေ့လိုက်ဖို့လည်း
    စာရင်းပေးထားပြီးပါပြီ။ သူကြီးနဲ့ မပဒုမ္မာကိုကျေးဇူးအထူးတင်လျှက်ပါ။

  • kyeemite

    December 16, 2012 at 5:52 pm

    ကြားရတာ ဝမ်းသာပါသဗျာ…
    ကျနော့မှာတော့ နှစ်ခုတိုက်ဆိုင်နေလို့ တော်တော်အခက်တွေ့နေတာ….
    ငယ်ဆရာ ဆရာမများကန်တော့ပွဲက ၂၉-၁၂-၁၂ မန်းလေးမှာ
    တက္ကသိုလ် ဘာသာရပ်ပေါင်းစုံ ဆရာကန်တော့ပွဲက ၃၀-၁၂-၁၂ ရန်ကုန်မှာ
    နှစ်ခုလုံးတက်ချင်တယ်…ဒါပေမဲ့ ကိုယ်ပိုင်လေယာဉ်လေးရှိမှဖြစ်မှာ…
    မန်းလေးက ဆရာကန်တော့ပွဲက မနှစ်က ကိုယ်တိုင်တက်ကန်တော့ခဲ့ပီးပီ
    ရန်ကုန်က ဆရာကန်တော့ပွဲကတော့ သမိုင်းဝင်…..
    စစ်အစိုးရလက်ထက်က အငြိုးတကြီးနဲ့ပိတ်ထားခဲ့တဲ့ တက္ကသိုလ်ကို ဒီ၂၀၁၂မှာ
    စပြီးပြန်ဖွင့်နိုင်ခဲ့ပီး အဲဒီအမိတက္ကသိုလ် ကြီးထဲမှာကျင်းပခွင့်ပထမဆုံးရမှာ…
    ဆိုတော့ မန်းလေးဆရာကန်တော့ပွဲကို အားနာနာနဲ့ပဲ ငွေလှူလိုက်ပီး
    ရန်ကုန်ပွဲကိုပဲဆင်နွဲမလားစိတ်ကူးထားတယ်…
    မပဒုမ္မာတို့ ကိုကောင်းမြတ်သူတို့ရဲ့ ဆရာကန်တော့ပွဲကြီး ပျော်ပျော်ရွှင်ရွှင်အောင်အောင်မြင်မြင်ကျင်းပနိုင်ကြပါစေကြောင်း
    ဆုမွန်ကောင်းတောင်းအပ်ပါဂျာင်းးးးး :hee: :528:

Leave a Reply