ဘော့လုံးပွဲကြေ (ညာ) ပါတော့မယ်…ခင်ဗျား…..ကန်မယ့် အသင်းတွေကတော့ လက်ပတောင်းတောင် ဒေသခံ ရွာသားများ အသင်းနဲ့ ဦးပိုင်ဝမ်ပေါင် အသင်းတို့ ဖြစ်ကြပါတယ်…ကန်မယ့်နေရာကတော့ နေပူတော်က လွှတ်တော် အားကစားကွင်းကြီးမှာပါခင်ဗျ….ရွာသားများအသင်းဘက်ကတော့ ရဟန်းပျိုများ…ကျောင်းသားခေါင်းဆောင်များ…ရွာသူရွာသားများနဲ့ ဖွဲ့စည်းထားပြီး…ဦးပိုင်ဝမ်ပေါင်အသင်းကတော့ အငြိမ်းစားရာကနေ အငြိမ်စားဖို့ပြင်ဆင်နေတဲ့ လူတစုနဲ့ တရ

ုတ်ပြည်က ကြေးစားခေါ်ယူထားတဲ့ ရတာအကုန်ယူ အဖွဲ့ တို့ပါဝင်ပါတယ်…မစခင်ကတည်းက ဦးပိုင်ဝမ်ပေါင်အဖွဲ့ဟာ လိမ်နည်းခေါက်နည်းတွေကို နည်းပြကြီးဦးသန်းရွှေက စာအုပ်ကြီးဖတ်ကာဖတ်ကာနဲ့ ညွှန်ကြားနေပါတယ်…စလိမ်ပါပြီ…ခင်ဗျား…ရွာသူရွာသားတွေကို မြေဖိုးပေးရင် ၂သိန်းလောက်ပဲရကြမှာမို့လို့ ပိုရစေချင်တဲ့ စေတနာနဲ့ သီးနှံ၃နှစ်စာဖိုး တွက်လိုက်တော့ ၅သိန်းခွဲလောက် ရကြမှာမို့လို့ ပိုရအောင်လျော်ပေးထားကြောင်း….ထပ်လိမ်ပြန်ပါပြီ…ရွာဟောင်းတွေက ရေရှားလို့ ရွာသစ်တွေဆီ ပြောင်းပေးထားရကြောင်း….အိမ်တွေကိုလဲ သိန်း၁၅၀ တန် အိမ်တွေ ဆောက်လုပ်ပေးထားကြောင်း…နည်းဗျုဟာမြောက် ပုံတွေနဲ့ ထပ်လိမ်ပြပါတယ်ခင်ဗျား…တကယ့်လက်ရွေးစင် ကြေးစားတွေပီပီ ကျွမ်းကျင်ကြပါတယ်…တကွင်းလုံးပတ်လိမ်နေပါတယ်…သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလဲ ဂရုစိုက်ကြောင်း၊ စွန့်ပစ်ရေထဲကို ငါးတွေထည့်လိုက်တာတောင် ပျော်ပျော်ရွှင်ရွှင် ကူးကြကြောင်း ပုံတွေပြပြီးလိမ်ကြပါတယ်ခင်ဗျ…(ဂင်းနစ် စံချိန်ယူအဖွဲ့ကတော့ အက်ဆစ်ထဲ အသက်ရှင်သော ငါးဆိုပြီး စံချိန်မှတ်တမ်းထဲ ရေးတော့မှာပဲ)…လေထုလေးကလဲ လတ်ဆတ် ရှင်းသန့်နေကြောင်း…ဆေးရုံများလဲဆောက်ပေးထားကြောင်း…ရွာသားများကိုလဲ မကြာခဏ ဆေးစစ်ပေးကြောင်း…ကျန်းမာရေးဗဟုသုတ ဟောပြောပွဲများလဲ ကျောင်းတွေမှာပြုလုပ်ပေးကြောင်း…ကြေးနီထုပ်ပြီးရင်လဲ တောင်ကြီးကိုပြန်ဖို့ပြီး လှပသာယာအောင် နဂိုမူလအတိုင်းပြန်ဖြစ်အောင် လုပ်ပေးမယ်ဆိုတဲ့အကြောင်း……ပြောပြောပြီး လိမ်ပြန်ပါတယ်ခင်ဗျား…လိမ်နေရင်းနဲ့လဲ ရွာသားအသင်းဘက်ကို အက်ဆစ်နဲ့ ပက်ပါတယ်..ဒိုင်မျက်နှာလွှဲနေပါတယ်…နောက်ဆုံး အလှပဆုံးအကွက်လေးနဲ့ အသံတုန်တုန်လေးနဲ့ လိမ်ပြပါတော့မယ်…ရသမျှတွေဟာ..အငြိမ်းစား..ပင်စင်စား..တပ်မတော်သားတွေအတွက်ပါတဲ့…(နောက်မှတ်ထားနော်…လမ်းမှာ ခြေထောက်မရှိ၊လက်မရှိတဲ့သူတွေ စာအုပ်အတင်းလိုက်ရောင်းနေရတာ..တောင်းစားနေရတာ ..ပင်စင်ယူပြီး နေစရာမရှိဘူး..စားစရာမရှိဘူး ပြောရင်..အဲ့ဒါ စစ်သားအတုတွေလို့ မှတ်လိုက်…စစ်သားအစစ်တွေအတွက်က ဦးပိုင်က အကုန်စီစဉ်ထားပေးပြီးသား…ဘာမှပူစရာမရှိဘူး…)..တော်ပြီကွာ..ဒီပွဲကို ကြေလဲမကြေငြာချင်တော့ဘူး…ကြည့်လဲမကြည့်ချင်တော့ဘူး…ဒီလောက်လိမ်တဲ့အသင်း ထွက်လာလို့ကတော့ ပွဲကြည့်စင်ပေါ်ကနေ ခဲနဲ့ပဲထုတော့မယ်…

About johnnydeer

johnny deer has written 76 post in this Website..

၇၇မွေး...၉၄ ဆယ်တန်းအောင်..၂၀၀၂ မန်းလေးစက်မှုတက္ကသိုလ်က ဘွဲ့ဆိုတဲ့ စာရွက်ကလေးတရွက်ရ...ဘာပညာမှမတတ်..အခုလောလောဆယ်တော့ပေါက်တတ်ကရပြော.. .ပေါက်တတ်ကရရေးနေပါတယ်...ရေးသမျှ အားလုံးကိုတော့ ကိုယ်တိုင်ရေးစစ်စစ်ဖြစ်ကြောင်း ရဲရဲကြီး အာမခံပါတယ်...များသောအားဖြင့်တော့ သူများမကောင်း ကိုယ်ကောင်းကြောင်း ကိုယ်ရည်သွေးစာတွေ ရေးတတ်ပါတယ်...ဒါပေမယ့် အထင်ကြီးစရာတော့ တကွက်မှမရှိပါဘူး...