ကဗျာတစ်ပုဒ် ထိုင်ရေးခြင်း (သို့) သက်ဆိုင်သူသို့

MgMobileDecember 9, 20121min1257

ခွင့်လွှတ်ပေးနိုင်ပါစေ

ပြောင်းလဲမှုတွေ အဆက်မပြတ် ဖြစ်ပေါ်နေတဲ့ နေ့ရက်တိုင်းမှာ

အမှားများစွာနဲ့ လှမ်းလျှောက်ခဲတဲ့ငါ . . . . .

တဖြည်းတဖြည်း ဝေးဝေးလာခဲ့ကြတာ အခုဆိုရင်

ပြန်ဆုံနိုင်ဖို့တောင် မလွယ်ကူတော့ပါလာ . . . . .

မင်းမရှိတဲ့ နေ့တွေ ညတွေကို ကြုံတွေ့ရတဲ့ အခါမှ

အကြိမ်ကြိမ် အခါခါ တမ်းတနေမိခဲ့တာဟာငါ  . . . . .

မင်းအကြောင်းထိုင်တွေး ကဗျာတစ်ပုဒ်ရေးရင်း

တစ်ခုစဉ်းစားမိတာက ဘယ်လောက်ထိ ဝေးကြရဦးမှာလဲ . . . . .

ဘယ်အချိန် ဘယ်ဘဝရောက်ရောက်

မင်းနဲ့ဆုံတွေ့နိုင်ခွင့် မျော်လင့်နေတယ်ဆိုတာ မင်းသိရဲ့လား . . . . .

ပြန်မဆုံနိုင်ခဲ့ရင်တောင်မှ ပြန်ဆုံနိုင်ခွင့်နဲ့ ထိုက်တန်အောင်

ငါပြောင်းလဲခဲ့ ပြုပြင်ခဲ့ ပြီးပါပြီ ။        ။

Mobile (ခံစားချက်အစစ်အမှန်)

 

 

 

7 comments

  • မောင်ပေ

    December 9, 2012 at 9:41 pm

    ပြုပြင်ခဲ့ပြီး
    သူ ့လင်မဲ့ညည်း
    ဥတင်တဲ့မီး
    ဆုမြင်ဒဲ့တီး
    နုချင်ထည့်ကီး

  • ဒါဆို …
    ချစ်သူ မကြိုက်တဲ့
    အကျင့်တွေကို ဖျောက်ဖျက်ပီးသွားတဲ့
    မိုဘိုင်း လေးပေါ့ …. :mrgreen:

    ကဗျာလေးကို အားပေးသွားပါတယ်ဗျို့ …….။

  • ဗုံဗုံ

    December 10, 2012 at 8:50 am

    ပြုပြင်ပြောင်းလဲပြီးပြီဆိုတော့ ပြန်ဆုံတော့မှာပါ ဦးလေးမိုဘိုင်း ကြိုးစားထား 🙂
    ချစ်သောသူနဲ့ မြန်မြန်ပြန်ဆုံပါစေ

  • Mobile

    December 10, 2012 at 10:19 am

    ပထမဆုံး ကွန်မန်းလေးအတွက် ကိုပေ
    တောင်ရေး မြောက်ရေးနဲ့ အားပေးသွားခဲ့တဲ့အတွက် အထူးကျေးဇူးတင်ပါတယ်ဗျို့….
    +++++++++++++++++++++++++++++++
    အသက်ကြီး သွားကျိုး အဖိုးအို
    မဟာ ဘာဂျာ အန်စာတုံး ကြီးကိုလဲ ဖတ်ရှု့အားပေးသွားတဲ့အတွက် ကျေးဇူးတင်ရှိပါကြောင်း …..
    တစ်ခုလောက်တော့ မေးပါရစေ ကိုအန်စာကြီးရေ ဘာဖြစ်လို့ ဘာဂျာ လို့ခေါ်တာလဲဟင် …….
    +++++++++++++++++++++++++++++++
    ဗုံဗုံ အားပေးစကားလေးနဲ့ ဆုတောင်းလေးအတွက် ကျေးဇူးပါ
    ပေးတဲ့ဆုနဲ့ ပြည့်ဝရပါစေသားဗျာ ………

    • မဟာရာဇာ အံစာတုံး

      December 10, 2012 at 10:42 am

      ဘာဂျာ ဟုတ်ပါဘူးဂျာ ..
      ရာဇာ ဘာလို့ ..
      ဘာဂျာဆိုရင် မှုတ်ဒဲ့ဟာဂျီး ဖစ်နေမှာပေါ့လို့ ..
      အဟီးးး :mrgreen:

  • အလင်းဆက်

    December 10, 2012 at 11:06 am

    ပြန်မဆုံနိုင်ခဲ့ရင်တောင်မှ ပြန်ဆုံနိုင်ခွင့်နဲ့ ထိုက်တန်အောင်

    ငါပြောင်းလဲခဲ့ ပြုပြင်ခဲ့ ပြီးပါပြီ ။ ။

    စာသားလေးတွေအရမ်းကြိုက်တယ်ဗျ ။
    ခံစားချက်အစစ်အမှန်ဆိုတော့လည်း..ပြင်းရှ ရသ ပေါ့နော် ။
    ကဗျာတွေ များများရေးဗျာ။. ။
    🙂

  • ဖိုးထောင်

    December 11, 2012 at 5:03 pm

    အဲဒါဘာကဗျာခေါ်လဲဗျာ မသိလို့ပါ အနော်က စာပေနဲ့ နည်းနည်းဝေးလို့
    ဒါပေမယ့် ဆာဗာလေးတာတော့အမှန်ပဲဗျ ညွှတ်ညွှတ်ညွှတ်

Leave a Reply