လာမယ့်ဘေးပြေးတွေ့- Final Result (မန်းဂဇက်ချစ်သူများ စာပေဆု- နိုဝင်ဘာ)

Ma MaDecember 12, 20122min1418146

အကြိုက်တူ အမှတ်များလို့ ဆုရသူ ဘယ်သူလဲ ဆိုတာကို သိချင်နေကြပြီလို့ ထင်ပါတယ်။
(ပြောချင်တာတွေ ပြောပြီးသွားပြီဆိုတော့ :harr: )

၂၀၁၂ နိုဝင်ဘာလအတွက် မန်းဂဇက်ချစ်သူများ စာပေဆု ရရှိသွားတာကတော့……….

(အနောင်စာ လေသံဖြင့် ဖတ်ပါရန်။)

ဦးကျောက်ခဲ ရေးသားတဲ့ အာဝေနိက ချစ်ဒုက္ခ

ဖြစ်ပါတယ်။

ဖြောင်း ဖြောင်းးးးး ဖြောင်းးးးး ဖြောင်းးးးးးး ဖြောင်းးးး ဖြောင်းးးးးးးးးး ဖြောင်းးးးးးးးးးးးးးး
(ကမာ္ဘ့အရှည်ကြာဆုံး လက်(၁။ ခုပ်/ခုတ်)သံကို စံချိန်ချိုးသွားသည်ဟု မှတ်ယူကြပါလေ……..) :hee:

ဆက်လက်ပြီးတော့……….
ဘယ်သူတွေက
ဘယ်စာတွေကို
ဘယ်လိုကြောင့် ကြိုက်တယ် ဆိုတာလေးတွေကို….
ဖတ်ရှု့အားပေးကြပါအုံး။

ပထမဆု

၁၊ ၁။ အာဝေနိက ချစ်ဒုက္ခ

ရေးသူ- ဦး ကျောက်ခဲ

” အာဝေနိက ချစ်ဒုက္ခ”

၁၊ ၁၊ ၁။
အရေးအသား အထူး ညက်ညောပြီး ၊
ဟာသလေးများဖြင့် ဆွဲဆောင်ကာ ၊
Post အရှည်ကြီးကို အဆုံးရောက်တဲ့အထိ ၊
လက်က မချချင်အောင် ဆွဲခေါ်နိုင်ပါတယ် ။
၁၊ ၁၊ ၂။
မိသားစုဝင်မောင်နှမတွေကြားက မေတ္တာကို အရေးညက်ညက်နဲ့ လှလှပပရေးဖွဲ့ထားတာ နှစ်လိုဘွယ်ကောင်းလှပါတယ်။ မီးထွက်နှမငယ်အတွက် ဟင်းချိုချက်ရင်း တူမငယ်လေးအတွက် နာမည်ရွေးပေးဘို့ ကြောင့်ကျစိုက်တာလေးနဲ့ သိမ်းထားပုံကလဲ လှပပါတယ်။
၁၊ ၁၊ ၃။
ဒီစာလေးကို ဖတ်ကြည့်မိတော့ နှမလင်နေမောင်ဖင်ကျိန်းဆိုတာလေးကိုပြေးမြင်မိပါတယ်။
ဖတ်ရင်းရီမိရင်း ရီရင်းကြိုက်ရင်းကြောင့်။
၁၊ ၁၊ ၄။
ဖတ်ရတာ ပေါ့ပေါ့ပါးပါးရှိတယ်။ အရေးအသားကောင်းတယ်။ မိသားစုသံယောဇဉ်ကို ဟာသရသဖြစ်အောင် ရေးထားတာကို ချီးကျူးပါတယ်။
၁၊ ၁၊ ၅။
ညီမငယ်မီးဖွားချိန်မှာ မီးနေစောင့်ပေးရတဲ့ အစ်ကိုတစ်ယောက်ရဲ့ ခံစားချက်နဲ့ အဖြစ်အပျက်တွေကို စာရေးသူရဲ့ ပုံမှန် ရေးဟန်အတိုင်း ပေါ့ပါးသွက်လက်တဲ့ စကားပြေ အရေးအသားနဲ့ ရေးဖွဲ့ထားတာကို တွေ့ရပါတယ်။
ညီမငယ် မီးနေသည်နဲ့ အစားရွေးသူ မိခင်ကြီး အတွက် ကိုယ်တိုင်ကိုယ်ကျ စားဖိုဆောင်ပိုင်စိုးပြီး ချက်ပြုတ်ကျွေးမွေးနေရသူ လူပိုကြီး မဟုတ်သော လူပြိုကြီး အား စာဖတ်သူစိတ်ထဲ ထင်မြင်လာသည့်တိုင်အောင် ပသာဒဂုဏ် မြောက်သည်အထိ ရှင်းရှင်းလင်းလင်း ရေးဖွဲ့နိုင်တဲ့ အရေးအသား၊ ညီမငယ် မီးဖွားချိန်မှာ စိုးရိမ်တကြီး ပူပန်နေတဲ့ ရွှေယောက်ဖနဲ့ အဝေးက လှမ်းလို့ အခါတော်ပေးသူ အစ်မကြီး တို့ အပေါ် စိတ် ကသိကအောက် ဖြစ်ရမှုတွေနဲ့ “နှမလင်နေ မောင်ဖင်ကျိန်း” ရတဲ့ ခံစားချက်တွေကို ဟာသရသ စွက်လို့ သေသေသပ်သပ် ဖော်ပြထားတဲ့အတွက်
၁၊ ၁၊ ၆။
ဒီစာကို ဖတ်ပြီး ဒီလူကြီး တကယ့်ကို စာရေးဆရာတယောက် ဖြစ်နိုင် တယ်လို့ တွေးမိပါတယ်။ ဇဝနဉာဏ်ကလည်း ရွှင်တယ်။ စကားလုံးက လည်း ကြွယ် တယ်။ အရေးကလည်း သူ့ဟန်နဲ့ သူ။
တင်ပြပုံ ကလည်း ညက်ညက် သွက်သွက်နဲ့ သားကောင်းတယောက် အနေနဲ့ ရော အကိုကြီး အဖရာ အကိုကောင်း တယောက်ရဲ့ မိသားစု အပေါ် ချစ်ခင် မြတ်နိုးပုံလေး တွေကို အရိုးခံအတိုင်း အသောစွက်ပြီး တင်ပြသွားနိုင်ပါတယ်။ ဖတ်သူကို လည်း စိတ်ပျော်ရွှင်စေပါတယ်။
၁၊ ၁၊ ၇။
စာအရေးအသားအင်မတန်ကောင်းပါတယ်။
အမေနဲ့ ညီအမတွေကြားက အချင်းချင်းချစ်ခင်ရင်းနှီးမှု့
အပြန်အလှန်အားကိုးယုံကြည်မှု့ ရိုင်းပင်းမှု့ သံယောဇဉ်ထားမှု့တွေကို.. မိမိကိုယ်တွေ့ဘဝဇာတ်လမ်းလေးချခင်းပြတဲ့နေရာမှာ…အသော၊ အထေ့၊ ဟသလေးတွေစွက်ပြီး ရေးဖွဲ့ပြသွားတာ တကယ့် ပရိုလက်ရာလောက်ကောင်းပြီး
ရသမြောက်လှတဲ့အတွက် နိုဝင်ဘာလအတွက် ရွေးချယ်လိုက်ပါတယ်။
၁၊ ၁၊ ၈။
မေတ္တာတရားတွေအင်မတန်ရှားပါးခေါင်းပါးလာတဲ့ခေတ်ကြီးမှာ အစ်ကိုတစ်ယောက်ရဲ့မေတ္တာစေတနာကို ကွက်ကွက်ကွင်းကွင်းမျက်စိထဲမြင်
အောင်ရေးသားထားကိုကြိုက်ပါတယ်။ အများတကာပြောကြတဲ့နှမကြင်ပဲရှိတယ်မောင်ကြင်မရှိ ။ နှမကောင်းစားအစ်ကိုအိမ်ဦးခန်း စတဲ့ စကားပုံတွေထဲ
ကအစ်ကို တွေမောင်တွေနဲ့မတူဆန့်ကျင်ပြီး အစ်ကိုတစ်ယောက်ရဲ့မေတ္တာကရုဏာတွေကိုသဘောကျလို့ပါ။

၂၊ ၁။ အချိန်ပိုင်းဗီလိန်

ရေးသူ- ကိုသစ်မင်း
https://myanmargazette.net/154563/arts-humanities

၂၊ ၁၊ ၁။
လူ့စိတ်ကိုသရုပ်ခွဲပြပုံမှာ ရှင်းလင်းလှသောကြောင့်နှစ်သက်မိပါတယ်။
ပညာသည်ပိုင်းဆိုင်ရာ သရုပ်ဖော်ချက်ဖြစ်သော်လည်းအားလုံးနားလည်အောင်
ရေးပြထားပုံသည် ပညာသားပါလှသောကြောင့်။
၂၊ ၁၊ ၂။
“လူ့ဘဝမှာ ကိုယ်နဲ့စိတ်ထားတိုက်ဆိုင်သူဆိုတာအမြဲရှိမနေနိုင်ဘူး မဟုတ်လား။
ကိုယ်နဲ့မတူကိုယ့်ရန်သူဆိုရင် အားလုံး ရန်ဖြစ်နေတာနဲ့ ဘဝတိုးတက်ရေးဘယ်မှာရှိပါတော့မလဲဗျာ။
အဲဒီဟာကို ပဋိက္ခလို့ ဆိုလိုတာနော်။ -ဗီလိန်ဖြစ်ရတဲ့ ရက်လေးတွေလျှော့ရင်း အချိန်ပိုင်း သင့်တော်ကောင်းမွန်စိတ်ထားရှိသူ-အဖြစ်ကနေ အဆင့် တက်ယူလို့ ရနိုင်ပါတယ်ဆို တာလေး တွေးဆမိ ပြီး ရေးပြလိုက်ရပါတယ်။”
အဲဒီစကားလေးနဲ့ လူတိုင်းလူတိုင်း မိမိစိတ်ကို အတတ်နိုင်ဆုံးဖြူစင်အောင်ထားပြီး မိမိဘဝကိုမိမိ ခဏလေးပဲဖြစ်ဖြစ် ကောင်းအောင်ကြိုးစားစေလိုသောအကြောင်းကို လွန်စွာသဘောကျသောကြောင့်။
၂၊ ၁၊ ၃။
(လူသားအတွေးအခေါ် ကို မြင့်မြင့်မားမားပြသ သွားတဲ ့စာတစ်ပုဒ်ပါ
“အချိန်ပိုင်း ဗီလိန်” လုပ်ဗျာ။ အဲ ငါ ဒီအချိန်မှာ ဗီလိန် ဖြစ်နေပြီလို့တော့ သိထားပေး။ ပြီးတော့ “အချိန်ပိုင်း စိတ်ကောင်းထားသူ” လုပ်ဗျာ။ အချိန်ပိုင်း
စိတ်ကောင်းထားသူ အချိန် များ တယ်ဆိုရင် ခင်ဗျား မဆိုးဘူးပေါ့ဗျာ။ ဗီလိန်ဖြစ်ရတဲ့ ရက်လေးတွေလျှော့ရင်း အချိန်ပိုင်း သင့်တော်ကောင်းမွန်စိတ်ထားရှိသူအဖြစ်ကနေ အဆင့် တက်ယူလို့ ရနိုင်ပါတယ်။ *ပြော ချင်တဲ ့ ဆိုလိုချက် / သတင်းပေးချက် လေးက… လှပ ပြီး ဆိုလိုတာကို..စကားလုံး ကျစ်ကျစ်လစ်လစ်နဲ ့.. ဖွဲ ့နွဲ ့ သီကုံးသွားတာမှာလည်း ပညာသားပါပါတယ် ။
ပုံစံ တစ် ကနေ… ခုနစ် အထိ.. အချက်ကလက်လေးတွေကလည်း..
စာဖတ်သူတွေအတွက်.. နှိုင်းဆ ချင့်ချိန်စရာ…ကောင်းသော.အချက်ကလေးတွေ..ပါ။ ဒါကြောင့်..ဖတ်တဲ ့ သူ..တွေ..အကျိုးကျေးဇူး..တစ်စုံတစ်ရာပေးနိုင်နေတာ..
သေချာသော… စာမူဖြစ်ပါတယ် ။ )
၂၊ ၁၊ ၄။
လူတိုင်းမရေးနိုင်တဲ့ အဖိုးတန်စာပေမို့ အကောင်းဆုံးလို့
ရွေးချယ်ချင်ပါတယ်။ လေးနက်တဲ့ သဘောတရားတွေကို လူတိုင်း နားလည်နိုင်အောင် ရေးပြပေးလို့လည်း သဘောကျမိပါတယ်။
ဝေဖန်ချက်ပေးရမှာကိုတော့ မိကျောင်းမင်း ရေကင်းပြ၊ ဘုန်းကြီးစာချ
ဖြစ်မှာစိုးလို့ လေကန်မနေတော့ပါဘူး။

၂၊ ၂။ လွှတ်ချစရာတွေအများကြီး

ရေးသူ- ကိုပေါက်(မန္တလေး)

“လွှတ်ချစရာတွေအများကြီး”

၂၊ ၂၊ ၁။
စာရေးသူ ကိုယ်တိုင် ဖြတ်သန်းခဲ့ရတဲ့ အစိုးရဝန်ထမ်းဘဝ၊ ကုမ္ပဏီဝန်ထမ်း
ဘဝတွေကရခဲ့တဲ့ မိမိလုပ်ငန်းအတွေ့ အကြုံ တွေပေါ်မှာဆင်ခြင်တွေးခေါ်ပီး
ရေးထားတဲ့ လူတိုင်းစဉ်းစားပြုပြင်သင့်တဲ့ အကြောင်းအရာလေး..တစ်နည်း
စာရေးသူသုံးလေ့ရှိတဲ့ “လက်ဆောင်အတွေးပါးပါးလေး” ကိုစာရေးသူရဲ့
ကိုယ်ပိုင်ဟန်အတိုင်း ပေါ့ပေါ့ပါးပါး သွက်သွက်ကလေးချရေးထားတာကြောင့်
နိုဝင်ဘာလအတွက် ရွေးလိုက်ပါတယ်။
၂၊ ၂၊ ၂။
အလုပ်ရှင်တွေနဲ့အလုပ်သမားတွေ အသီးသီးရဲ့ လိုအပ်ချက်ချွတ်ယွင်းချက်တွေကို လက်တွေ့ဘဝထဲက လက်တွေ့ကျကျ သုံးသပ်ဖော်ထုတ်ထားတဲ့ ဆောင်းပါးလေးပါ။ အင်မတန်အရေးကြီးတဲ့အချက်နှစ်ချက်ကိုလဲ ဖော်ပြသုံးသပ်ထားပါတယ်။
(((တောင်းဆိုသူကလဲ ဥပဒေနဲ့အညီ ကိုယ့်ရပိုင်ခွင့်က ဘယ်လောက်ဘဲတောင်းဆိုရမယ်ဆိုတာ သိထားသင့်ပါတယ်။.
အလုပ်ရှင်ဘက်ကလဲ ကိုယ်ဝန်ထမ်းကိုပေးရမယ့် အခွင့်အရေးကို တောင်းဆိုစရာမလိုဘဲအပြည့်အဝပေးရမှာ သူ့တာဝန်ပါဘဲ။)))
၂၊ ၂၊ ၃။
အလုပ်ရှင်နဲ့ အလုပ်သမားကြားကနေ မျှမျှတတအမြင်နဲ့ ရေးပြထားတယ်လို့ ထင်မြင်ပါတယ်။
အလုပ်ရှင်ဘက်ကရော၊ အလုပ်သမားဘက်ကပါ ဆင်ခြင်စရာလေးတွေကို
ထောက်ပြသွားတာမို့ အကျိုးပြုစာပေအနေနဲ့ ရွေးချယ်ပါတယ်။ အခုလို
ခေတ်ပြောင်းစနစ်ပြောင်းနေတဲ့အချိန်မှာ ကိုယ်လိုချင်တာ ဖြစ်ချင်တာကိုချည်း
ရှေ့တန်းမတင်ပဲ ကိုယ့်လုပ်ရပ်ကိုယ် မှန်ကန်ရဲ့လား၊ မျှတရဲ့လား
စဉ်းစားဆင်ခြင်ဖို့ အချိန်မီ သတိပေးလိုက်နိုင်တဲ့ ရာသီစာမို့လည်း ကြိုက်နှစ်သက်မိပါတယ်။
၂၊ ၂၊ ၄။
လက်ရှိအချိန်အခါ အခြေအနေနဲ့ ကိုက်ညီတဲ့ ခါတော်မှီပို့စ်ကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ ပြေပြစ်တဲ့စကားပြေအရေးအသားနဲ့ မျှမျှတတဖြစ်အောင် ရေးသားနိုင်တာ တွေ့ရပါတယ်။ စာဖတ်သူတွေရေးချင်တာကို ကိုယ်စားရေးပေးလိုက်သလိုမျိုး ခံစားရလို့ စာဖတ်သူအများစုစိတ်ထဲ မှန်လိုက်တာလို့ ပြောစမှတ်ပြုမိသည့် ပို့စ်ကောင်းတစ်ခုဖြစ်ပါတယ်။
၂၊ ၂၊ ၅။
ကောင်းပါသည် အလွန်ကောင်းပါသည်… အသိပညာပေးပို.စ်လေးပါ..
လက်တလောဖြစ်ပေါ်နေသော ကျွန်တော်တို.နိုင်ငံ အလုပ်အကိုင် အလုပ်သမား ပြသာနာများ အခြေအနေများကို အဘက်ဘက်က သုံးသပ် ပြသွားတာ ချီးကျူးစရာပါ…
အမှန်ပါပဲ.. လွှတ်ချစရာတွေ အလုပ်သမားတွေဘက်ကရော အလုပ်ရှင်တွေဘက်ကပါ အများကြီးရှိနေတာပါ..
ကျွန်တော်တို.နိုင်ငံမှာ အလုပ်သမားက အလုပ်သမား ရပိုင်ခွင့်ထက် ပိုလိုချင်တာတွေ..
အလုပ်ရှင်က အလုပ်သမားတွေကို ဖိခိုင်းတာတွေ… အဲဒါတွေကို Balance ညီအောင် ညှိပေးသွားတာ အရမ်းကြိုက်မိပါတယ်..
၂၊ ၂၊ ၆။
(အလုပ်ရှင် နဲ ့အလုပ်သမား ကြားက.အဆင်မပြေမှုလေးတွေ.ကို..
တစ်ပိုင်းစီ.. မြင်အောင်ကြည့်ပြသွားပြီး..
အလုပ်သမား ဘက်ရော.အလုပ်ရှင် ဘက်ပါ.. မျှတသော အမြင်နဲ ့
ကြည့်ပြ.ဝေဖန်ချက်ကလေးတွေ.ပေးပြသွားပါတယ် ။
အလုပ်သမားတွေဘက်က အခွင့်အရေးကို.. ညင်သာစွာ.. တောင်းဆိုသွားသလို..
အလုပ်သမားတွေ.ဘက်က လွန်နေတာလေးတွေကို ပြန်ထောက်ပြပြီး.. အလုပ်ရှင်.ဘက်ကိုလည်း.မျှတစွာ..ကြည့်ပြသွားပြီး..ရှေ ့ရေးကို မျှော်မြင်လို ့…စေတနာ ထား ရေးသားတားတယ်ဆိုတာ..ပေါ်လွင်တဲ ့စာမူလေးပါ ။ )

၃၊ ၁။ အိမ်သာ ဘယ်လိုသုံးမလဲ

ရေးသူ- နွေဦး
https://myanmargazette.net/156049/society-lifestyle/home-garden

၃၊ ၁၊ ၁။
ခေတ်မီဆန်းသစ်တဲ့ (သို့) ကိုယ်ကိုင်တွယ်သုံးစွဲနေကျမဟုတ်တဲ့
ပစ္စည်းတစ်ခုကို အသုံးမပြုတတ်တာမျိုး ကြုံရတတ်ပါတယ်။ အသုံးပြုနည်းကိုလည်း
မေးမြန်းစုံစမ်းဖို့ အခက်တွေ့နေရတာမျိုး၊ မေးမြန်းစုံစမ်းခွင့်မရတာမျိုး
စတဲ့ အခြေအနေတွေ ဖြစ်တတ်ပါတယ်။ အဲဒီအခါမှာ ပစ္စည်းကို ဖြစ်သလို
အသုံးပြုသွားလို့ မပျက်စီးသင့်ပဲ ပျက်စီးဆုံးရှုံးရတာတွေ ဖြစ်ရပါတယ်။
အများသုံးနေရာတွေမှာ ကိုယ်တွယ်သုံးစွဲရမယ့် ပစ္စည်းတွေကို အသုံးပြုနည်း
လမ်းညွှန်ပေးထားမယ်ဆိုရင် သုံးစွဲသူအတွက်လည်း လွယ်ကူ၊
ပစ္စည်းပျက်စီးမှုကိုလည်း ကာကွယ်တားဆီးနိုင်ပါလိမ့်မယ်။ များသောအားဖြင့်
အများပိုင်နေရာအတော်များများမှာ အဲလို အသိပေးစာတမ်းတွေနဲ့ အသိပညာပေးတာ
အတွေ့နည်းပါတယ်။ အသိပညာပေးစာတမ်းတွေ ကပ်ပေးတဲ့
ယဉ်ကျေးမှုထွန်းကားလာစေလိုလို့ အခုပိုစ့်ကို ရွေးချယ်လိုက်ပါတယ်။
၃၊ ၁၊ ၂။
ကျွန်တော် ရွေးတဲ့အထဲက တစ်ပုဒ်တည်းသော သုတအသားပေး ပို့စ် ဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝမှာ မဖြစ်မနေထိတွေ့ သုံးစွဲနေရပေမယ့် သေချာ မသုံးစွဲတတ်သေးတဲ ့ အိမ်သာ အကြောင်းကို ပုံကလေးတွေ ဝေဝေဆာဆာနဲ့ ဗဟုသုတဖြစ်အောင် တင်ပြထားပါတယ်။
လူမှု ဆက်ဆံရေးနယ်ပယ်မှာ အဓိက မကျပေမယ့် ကိုယ့်ရဲ့ အဆင့်အတန်းကို ဖော်ပြရာမှာ တစ်ထောင့် တစ်နေရာကနေ ပါဝင်နေတဲ့ ကျွန်တော်တို့ရဲ့ အိမ်သာတွေကို သတိထားမိအောင် ရှေ့တန်းကို ပို့ပေးတဲ့ စာတစ်ပုဒ်ပါ။ ကျွန်တော်တို့ စွန့်ပယ်ထားတဲ့ နေရာလေးကို တခုတ်တရ နေရာပေးပြီးတော့ မသိတာလေးတွေကိုပါ သိအောင် မျှဝေပေးတဲ့ အတွက်
၃၊ ၁၊ ၃။
အရေးအဖွဲ့လေးကောင်းသလို အကြောင်းအရာနဲ့ရည်ရွယ်ချက်လည်း
တော်တော်ကောင်းတဲ့ဆောင်းပါးလေးပါ၊
ဒီလိုအိမ်သာနဲ့ ပါတ်သက်တဲ့ အကြောင်း ရွာထဲက ရွာသူားတချို့ ရေးခဲ့ကြဖူး
ပေမဲ့ ရည်ရွယ်ချက်တွေမတူကြပါ။
ဒီစာရေးသူကတော့ အိမ်သာနဲ့ပါတ်သက်ပြီး စံနစ်တကျသင်ပေးတာမျိုး
လမ်းညွန်ထားတာမျိုး မရှိခဲ့ပုံကိုထောက်ပြပြီး နမူနာသရုပ်ဖေါ်ပုံလေးတွေနဲ့တကွ
ဝေဝေဆာဆာ ဖေါ်ပြရေးသားတင်ပြထားတာ ပြည့်စုံလှပါတယ်…
ဟုတ်လည်းဟုတ်ပါတယ်…သူထောက်ပြတာက..ဒီလို….
“ကိုယ်နေတဲ့ ကိုယ့်အိမ်ကိုယ့်ယာ မှာတော့ ကိုယ်သုံးနေတဲ့ အိမ်သာဟာ ဘယ်လိုရှိနေနေ ဘယ်လို သုံးသုံး အဆင်ပြေချင်ပြေနေမှာပါ ။တရပ်တကျေး သွားလို့ ဧည့်သည် ဖြစ်ပြီဆိုရင်တော့ ဒီကိစ္စဟာ နဲနဲ သတိပြုစရာဖြစ်လာတတ်ပါတယ် ။”
လူတွေဟာ ခရီးသွားလို့ ကိုယ်သုံးနေကျ မဟုတ်တဲ့ အိမ်သာပုံစံမျိုးနဲ့ကြုံရရင်
မုချ အခက်တွေ့နိုင်သလို အရှက်လည်းကွဲနိုင်ပါတယ်…ဒါကြောင့်
ရွာသားတစ်ဦးကလည်းဒီလိုအားပေးထားပါသေးတယ်…
“အောင်မြလေး ကောင်းလိုက်တဲ့ပို.စ် တကယ်တကယ်…ချီးကျူးပါတယ်.. တစ်ခါမှ မစဉ်းစားမိတဲ့ အကြောင်းအရာပါ…….
ကျွန်တော်တို.ဆီက အများသုံးအိမ်သာ……စုတ်ပြတ်သတ်လို.
ပြီးတော့ရှိသေးတယ်… ရုံးတွေမှာ အပြင်ပန်းမှာတော့ လှလို.ပလို. အိမ်သာသွားတော့ ရေမလောင်းခဲ့တဲ့ အပုံလိုက်တွေ……… ရေပြတ်နေတာတွေ….. စုတ်ပြတ်သပ်တာတွေ…တွေ.နေရတယ်…
တနေရာရာသွားရင်ဖြင့် အိမ်သာတက်ချင်လာရင်ဒုက္ခပဲ ဆိုပြီး စိတ်ထဲ တွေးပူနေရတာပါပဲဗျာ..
အဲလိုလေး အိမ်သာတက်နည်းလေးတွေ သင်ပေးရမယ်ထင်တယ်……..”
အိမ်သာအမျိုးမျိုးကို..ပုံလေးတွေနဲ့ တင်ပြထားချက်ကထိရောက်အကျိုးပြုလှတဲ့အတွက်
နိုဝင်ဘာလအတွက် ရွေးချယ်လိုက်ရပါတယ်။
၃၊ ၁၊ ၄။
ကျနော်တို့နေ့စဉ် သုံးစွဲနေသော်လည်း စနစ်တကျမရှိတာလေးကို
လှပစွာထောက်ပြထားသောကြောင့်
၃၊ ၁၊ ၅။
( လူနေမှု ဘဝမှာ. အခြေခံတော်တော်ကျတဲ ့နေရာကနေ ပါဝင်နေပြီး.. အရေးပါပေမယ့်… အပြောအဆိုနည်းတဲ ့အကြောင်းအရာပါ ပုံလေးတွေနဲ ့.. ဝေဝေဆာဆာ တင်ပြသွားတာရယ် အကြောင်းအရာလေးက. ပြောသင့်ဆိုသင့်တဲ့ အကြောင်းအရာလေး ဖြစ်တာရယ် ကြောင့် ဒီ ပိုစ့်လေးကိုနှစ်သက်မိပါတယ် ။ ဂဇက်ရွာကြီးထဲမှစာများ ကို..ဖတ်ရှုကြသော
စာဖတ်သူများ.အတွက်.အကျိုးကျေးဇူး တစ်စုံတစ်ရာပေးနိုင်သော…တင်ပြ
ဖန်တီးမှု…လည်းဖြစ်ပါတယ် ။ )

၄၊ ၁။ ကျွန်မတို့ ရဲ ့မိခင်စာပေ

ရေးသူ- လုံမလေးမွန်မွန်
https://myanmargazette.net/156884/creative-writing

၄၊ ၁၊ ၁။
(မြန်မာ စာပေ (မြန်မာ ဘာသာစကား ) ကို ပျက်ယွင်းမှာ.စိုးတဲ ့..စိတ်ထား/
မြန်မာစာ /စကား.အဆင့်အတန်း နိမ့်ကျသွားမှာကို.စိုးတဲ ့..စေတနာ တွေနဲ ့
ရေးထားတဲ ့ပိုစ့်လေးပါ မြန်မာနိုင်ငံရဲ ့ကျောင်းပညာရေး.ကိုလည်း.. မထိတထိ
ကြည့်ပြ သွားတဲ ့အပြင်..စာရေးသူ ရဲ ့ စကားပြောအရေးအသားက လည်း…
ကျစ်လျစ်မှု.ရှိရှိ… ကျွမ်းကျင်တဲ ့စာရေးသူတစ်ယောက်ရဲ ့ပုံစံ.ပါ ။
အကျိုး ရှိစေတဲ ့.စာမူလေးပါ ။ )
၄၊ ၁၊ ၂။
ရုပ်ဝတ္ထု ပစ္စည်းတွေ တိုးတက်လာချိန်မှာ တစ်ဖက်က ဆုတ်ယုတ်လာတဲ့ မိခင်စာပေရဲ့ အကြောင်းကို ကိုယ်တွေ့ အတွေ့အကြုံတွေအပေါ်မှာ အခြေခံပြီး တင်ပြ ဆွေးနွေးထားတဲ့ စာတစ်ပုဒ် ဖြစ်ပါတယ်။ မြန်မာ စာပေ တိုးတက်ရေးမှာ လိုအပ်နေတဲ့ ထောင့်တစ်ထောင့်ကို ထောက်ပြထားတဲ့ စာတစ်ပုဒ်လဲ ဖြစ်ပါတယ်။
ယနေ့ခေတ် ကျောင်းသား ကျောင်းသူ အများစုရဲ့ အရေးတယူ ဂရုစိုက်မှုကို မခံရတော့တဲ့ မိခင်ဘာသာ မြန်မာစာ ရဲ့ လက်ရှိ အခြေအနေ၊ ပြုပြင်သင့်တဲ့ နည်းစနစ်တွေနဲ့ ဆက်လက် ထိန်းသိမ်းသင့်တဲ့ အကြောင်းအရာတွေကို သူ့အမြင် သူ့အတွေးနဲ့ သေသေသပ်သပ် တင်ပြထားတာပါ။
မြန်မာစာပေကို လက်ဆင့်ကမ်းပေးတဲ့ နေရာမှာ အဓိက အကျဆုံးနဲ့ တာဝန် အရှိဆုံး(လို့ ယူဆတဲ့)ဆရာ/ဆရာမတွေ ကိုယ်တိုင် (တိုက်စစ် စနစ်၊ ဖြတ်ညှပ်ကပ် စနစ် စတဲ့)စနစ်မှားတွေကို လက်ခံ ကျင့်သုံးနေတာကို ပြင်စေလိုတဲ့ဆန္ဒ၊ ကိုယ်ပိုင်ကျောင်းတွေမှာပါ မြန်မာစာကို အဆင့်အတန်း မြင့်မြင့်နဲ့ သင်ကြားနေတာကို မြင်လိုတဲ့ ဆန္ဒ၊ နောင်တစ်ချိန်မှာ မိခင်စာပေ အနေနဲ့ လက်ရှိ အဆင့်အတန်းထက် ပိုမို မြင့်မားစေလိုတဲ့ ဆန္ဒ တွေအပြင်
အခုအချိန်မှာမှ စ မပြင်ခဲ့ရင် နောင်တစ်ချိန်မှာ ဖြစ်လာမယ့် အကျိုးဆက်တွေကို မြင်ယောင်မိတဲ့ အတွက်ကြောင့် မီးမောင်းထိုး ပြတဲ့အနေနဲ့ ရွေးချယ်ထားခြင်း ဖြစ်ပါတယ်။

၅၊ ၁။ ဇလီဖားတုံး တွေကို ရေတွက်ခဲ့ဖူးတဲ့ ထိုတနေ့

ရေးသူ- မင်းနန္ဒာ

travel

၅၊ ၁၊ ၁။
တန်းဝင်တဲ့ ဝတ္ထုတို အရေးအသားမျိူးပါ။ အဖွင့်အပိတ် စာကိုယ် အားလုံးထောင့်စေ့အောင် ဖော်ပြနိုင်ပါတယ်။ နောက်ပြီး မိန်းမကြိုက်တော့ မျှော်လိုက်တာ ယောက်ျားကြိုက်တော့ ဆိုက်ဆိုက်လာဆိုတဲ့ ရှေးစကားလေးကို အသက်ဝင်အောင် ဖော်ကြူးနိုင်ပါတယ်။ စာရေးသူရဲ့ အချစ်ဇွဲ လေးနက်မှုကိုလည်းရသပေါ်လွင်အောင် ရေးနိုင်ပါတယ်။
၅၊ ၁၊ ၂။
လုံးချင်းဝတ္ထုတစ်ပုဒ် ဖတ်လိုက်ရသလိုမျိုး ရသကောင်းကောင်း ခံစားရပါတယ်။

၅၊ ၂။ အမေ့အား ငါကြောက်သည်

ရေးသူ-စိန်ဗိုက်ဗိုက်
https://myanmargazette.net/156835/creative-writing/my-dear-diary

၅၊ ၂၊ ၁။
စာရေးသူ အဆိုအရ လှည်းတန်းမှာ မုန့်စားရင်း မြင်ခဲ့ရတဲ့ မိသားစုကို အခြေပြုပြီး ရေးထားတာလို့ သိရပါတယ်။
မိဘဖြစ်သူ(လို့ထင်တာပဲနော်) ရဲ့ အတင်းအကျပ် ခိုင်းစေမှုကြောင့် လူမှန်းမသိခင် ကတည်းက “မျောက်ပြ ဆန်တောင်း” သကဲ့သို့ အသုံးချ ခံခဲ့ရပြီး လူမှန်းသိတတ်စ အရွယ်မှစ၍ မိသားစု ဝမ်းဝရေးအတွက် တောင်းရမ်းကျွေးမွေးနေရသော ကလေးငယ်၏ နေရာမှ နေ၍ စာရေးသူက ဝင်ရောက်ခံစား ရေးဖွဲ့ထားတာ တွေ့ရပါတယ်။
စာလုံးရေ နည်းသော်ငြားလည်း ပြောချင်တဲ့ အကြောင်းအရာကို ထိထိမိမိ ရေးသားနိုင်တဲ့ အပြင် စာဖတ်သူတွေကိုပါ အတွေးကိုယ်စီ ကျန်ရစ်နေအောင် ရေးဖွဲ့နိုင်တာ ချီးကျူးစရာပါ။
စာကို ဖတ်ပြီးတဲ့အခါမှာ စာရေးသူ တင်ပြသွားတဲ့ အချက်အလက်တွေအပေါ် အခြေပြုလို့ ကံ၊ ကံ၏ အကျိုးမှသည် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ကလေးသူငယ် အခွင့်အရေး သာမက အလုပ်အကိုင် အခွင့်အလမ်းနှင့် ပညာရေးစနစ်အထိပါ ဖြန့်ကျက် တွေးမိအောင် ဆွဲခေါ်ရေးသား သွားနိုင်တဲ့အတွက်။
၅၊ ၂၊ ၂။
ပိုက်ဆံတောင်းတဲ့သူတောင်းစားကလေးတစ်ယောက်ကိုမြင်ပြီး စာတစ်ပုဒ်ဖြစ်သွားတဲ့အထိဖြန့်ကျက်တွေးနိုင်ရေးနိုင်တဲ့ဦးဗိုက်ရဲ့အတွေးကိုကြိုက်လို့ပါ။

၆၊ ၁။ ကျွန်တော်တို့အတွက် ၊ သူတို့အတွက် ဘာလုပ်ကြမလဲ ????

ရေးသူ- ဆာမိ
https://myanmargazette.net/152770/health-fitness/food-drink

၆၊ ၁၊ ၁။
( မြန်မာနိုင်ငံ ရဲ ့ကျန်းမာရေး ရှုထောင့်က နေ.ကြည့်ရင်..အတော့်ကို ရေးသင့်တဲ့
အကြောင်းအရာဖြစ်ပြီး ဆီတွေရဲ ့သန့်စင်မှုကို.(.ပညာရှင်တစ်ယောက်လိ်ု
စစ်စစ်ပေါက်ပေါက်… လေ့လာ စစ်ဆေးတင်ပြ ထားတာ.လို ့ပြောလို ့မရပေမယ့်..)
သာမန်စားသုံးသူ ပြည်သူတစ်ယောက်အနေနဲ ့.. တွေးမိတဲ ့အတွေး/.မြင်မ်ိတဲ
အမြင်တွေကို. .တင်ပြလို ့ရလောက် .ခွင်ထဲကနေ..တင်ပြသွားတာလေးကအားရကျေနပ်စရာပါ ။
*တကယ်တော့ အစားအသောက် အဟာရဆိုတာ အသက်ရှင်ရပ်တည်မှုအတွက် နေ့စဉ် သုံးစွဲနေရတာ
ဆိုတော့ သမ မျှတပြီး အန္တရာယ်ကင်းဖို့ကောင်းပါတယ် …။ တိုင်းပြည်တစ်ခု
တောင့်တင်းခိုင်မာ ဖို့ဆိုရင်*
* ပြည်သူတွေလည်း ကျန်းမာ ဖို့ မလိုဘူးလား ….? *ဆိုတဲ့
မေးခွန်းကို..ဖြေကြည့်ရင်.လည်း.. စာရေးသူရဲ ့စေတနာကို.. မြင်နိုင်ပါတယ်
ဒါကြောင့်………. )

၆၊ ၂။ လက်ဆုပ်လက်ကိုင်

ရေးသူ- Thaw Zin Loikaw
https://myanmargazette.net/157883/creative-writing

၆၊ ၂၊ ၁။
အနှစ် နှစ်ဆယ်ကျော် စိတ်ကူးနဲ့ လေထဲ တိုက်အိမ်ဆောက်ခဲ့သူ အိမ်ထောင်ဦးစီး တစ်ယောက် အကြောင်းကို အိမ်သူသက်ထားရဲ့ အမြင်ဖြင့် ခံစား ရေးဖွဲ့ထားပါတယ်။
ဇာတ်သိမ်းကို ခန့်မှန်းနိုင်သော်လည်း စာရေးသူရဲ့ ကျွမ်းကျင်တဲ့ အရေးအသားကြောင့် အဆုံးထိ ခေါ်ဆောင်သွားနိုင်တာကို တွေ့ရပါတယ်။
မဖြစ်နိုင်တဲ့ မျှော်လင့်ချက် တစ်ခုကိုသာ စွဲစွဲမြဲမြဲ ယုံကြည်ထားခဲ့ပြီး ပျက်ပြယ်သွားချိန်မှာတော့ စိတ်ဒဏ်ရာနဲ့အတူ လူ့လောကကြီးထဲကနေ ပျောက်ကွယ်သွားတဲ့ အထိ ခံစား သွားရပုံတွေကို ဂရုဏာရသ မြောက်စွာ ရေးဖွဲ့ သီကုံးသွားတဲ့အပြင် ကျန်ရစ်သူမိသားစု ဘယ်လို ဆက်လက်နေထိုင်သွားမလဲဆိုတဲ့ အတွေးလေးကိုပါ စာဖတ်သူကို ချန်ထားပေးခဲ့နိုင်တဲ့အတွက်။
၆၊ ၂၊ ၂။
ခု ရက်ပိုင်း ရသ စာပေတွေကို ကြိုက်နေမိတယ် ။
ရင်ကို ပိုထိစေမယ့် အချက်ကလေးတော့
ဒီ့ထက် နဲနဲလေး ပိုထည့်စေချင်တယ် ။
အဲဒါလေးကလွဲရင် Perfect ပါပဲ ။

၇၊ ၁။ စင်္ကြာဝဠာလုံးဆိုင်ရာ ဒီဇိုင်း

ရေးသူ-အင်ဇာဂီ
https://myanmargazette.net/156450/business-economy

၇၊ ၁၊ ၁။
ဒီဇိုင်းအရေးပါပုံ…
ဒီဇိုင်းကြောင့် လူမှုဘဝနေ့စဉ်ဖြတ်သန်းမှုများ ပိုမိုလွယ်ကူ လာစေရန်ရည်ရွယ်မှုများကို မီးမောင်းထိုးပြသော သုတပိုစ့် တစ်ခုဖြစ်သောကြောင့်။

၇၊ ၂။ နွေဧပရယ် လွမ်းချင်းနဲ့ နောင်တ ပိတောက်

ရေးသူ- Thaw Zin Loikaw
https://myanmargazette.net/158291/creative-writing

၇၊ ၂၊ ၁။
မှန်ရာကိုဝန်ခံရရင် အသဲကွဲတဲ့ ခံစားချက်ကို သိပ်ပြီးနား
မလည်သလို အယုံအကြည်လည်း မရှိပါဘူး။ ဒါပေမဲ့ ဒီစာကို ဖတ်ရတဲ့အခါ လူတယောက် က တကယ်ကို ပဲ လှိုက်လှိုက်လှဲလှဲ အသဲကွဲနေသလို ခံစားမိလိုက်ပါတယ်။ နောက်ပြီး အရေးအသားကတော့ ပြောစရာမရှိပါဘူး။ ကျမအနေနဲ့ တော့ ဒီပိုစ့်ဟာ ဝတ္ထုတို တပုဒ်အနေနဲ့ တန်းဝင်တယ်လို့ ထင်ပါတယ်။ တင်ပြတဲ့ အကြောင်း အရာ ရိုးတယ်ထင်လို့ ဒုတိယပေးလိုက်တာပါ။

၇၊ ၃။ သင်၏သုည များကို ကျနော် တို့ စောင့်နေသည်

ရေးသူ- ရင်နင့်အောင်
https://myanmargazette.net/154519/creative-writing/drama-essays-humor-memoirs-novel-excerpts-short-stories

၇၊ ၃၊ ၁။
အတွေးအခေါ်ပိုင်းကို စောင်းပေးပြီး စာဖတ်သူကို လိုရာ အတွေးနယ်ချဲ့နိုင်စေတဲ့ အရေးအသားပါ။ ကျမတောင် သုညကို အတွေးထဲထိ စွဲသွားပါတယ်။ ငါ့မှာ ဘာသုညတွေ များ ရှိနေမလဲ ဆိုပြီး။ သုညကို တင်စားပုံလေး လှပါတယ်။ ဒီလိုစာမျိူး တော်ရုံလူ ရေးတတ်မယ် မထင်ပါဘူး။ တင်ပြပုံ အရေးအသား ဒီထက် ကောင်းရင် တာရာမင်းဝေ မင်းခိုက်စိုးစန် တို့ လိုင်းထဲ တိုးနိုင်မယ် ထင်ပါတယ်။
၇၊ ၃၊ ၂။
အရေးအသားပုံစံ ခပ်ဆန်းဆန်းလေး
တွေ့ရခဲတဲ့ ရေးဖွဲ့မှု့….
တွေးရင်တွေးသလောက် အဓိပ္ပါယ်မျိုးစုံထွက်နိုင်သော
ဒဿနပုံဆန်ဆန်ရေးသားထားသဖြင့်ကြိုက်မိပါသည်…
“မိတ်ဆွေ ..ခင်ဗျားမှာ အသုံးမဝင်သော သုညများကို သိမ်းမထားပါနှင့်။
လွှင့်မပစ်ပါနှင့်။ ကမာ္ဘကြီး၏ နေရာများစွာတွင် ခင်ဗျားသုညများကို စောင့်နေသူများရှိနေသည်ကို သတိရပါ။ ”
ဟုအဆုံးသတ်ထားပုံကိုလည်း သဘောကျမိပါသည်။ထို့ကြောင့် နိုဝင်ဘာလအတွက် ရွေးလိုက်ရပါတယ်။

၇၊ ၄။ ဘဝနှစ်ခုနှင့် ကျွန်မ

ရေးသူ- လုံမလေး မွန်မွန်
https://myanmargazette.net/156519/creative-writing

၇၊ ၄၊ ၁။
လူငယ်တွေရဲ. ဘဝအားမာန် အပြည့်ကိုယ့်ဒူးကိုယ်ချွန်ဖြတ်သန်းတဲ့အခါ အားငယ်နေတဲ့စိတ်တွေကို အားပေးတက်လှမ်းနေရတဲ့ စိတ်တွေ ၊ တစ်ခါတလေ စိတ်ဓာတ်ကျအားငယ်တဲ့အခါ ဘာလုပ်ရမှန်းမသိတာတွေကို ဖြေဖျောက် ရတဲ့စိတ်တွေ..
ကိုယ့်ကိုကိုယ်အားပေးတဲ့ ဆောင်ပုဒ်လေးတွေနဲ. ဘဝခရီးကြမ်းကို ဖြတ်သန်းနေတဲ့ လူငယ်စိတ်ဓာတ်တွေ..၊ ကိုယ့်ကိုကိုယ်ထိန်းကြောင်းရင် လမ်းမှားမရောက်အောင် ထိန်းသိမ်းချင်တဲ့စိတ်…လူငယ်တွေ ဖြစ်ချင်လိုချင်တဲ့ ပြီးပြည့်စုံ ချမ်းသာတဲ့ ဘဝကို ယောင်္ကျားလေး၊ မိန်းခလေး မခွဲခြားပဲ လူငယ်အားလုံး ဖြစ်နေတဲ့ စိတ်ကို ထင်သာမြင်သာအောင် ပြသွားနိုင်လို ကြိုက်မိပါတယ်။

၇၊ ၅။ ရ = ရသင့်တာလေးတွေတောင်…… မရ ကြ သေးလို ့…..

ရေးသူ- အလင်းဆက်
https://myanmargazette.net/158136/arts-humanities

၇၊ ၅၊ ၁။
ကျွန်တော်ကတော့……
ရသင့်တာကို…ရအောင်…တောင်းဆိုနေချင်ပါတယ် ။
ဟုအစချီပြီး လူ့အခြေခံ အခွင့်အရေးများဆုံးရှုံးနေကြရပုံ…
ကို စီကာပတ်ကုံး ဓာတ်ပုံလေးတွေနဲ့တကွ လှလှပပတင်ပြထားနိုင်တာ
ချီးကျူးမိပါတယ်…ပြီးတော့..ဒီလိုဆိုပြန်တယ်…
“ရ ပိုင်ခွင့် / ရသင့်တာလေးတွေတောင်မှ မရ ။ တစ်ချို့ အလုပ်သမားတွေကတော့ ရ ရကောင်းမှန်းတောင်မှ မသိ နိုင်ကြဘူး ။ ”
အမှန်ပါပဲ…ကျနော်တို့နိုင်ငံကလူတော်တော်များများဟာ
ကိုယ့်အခြေခံရပိုင်ခွင့်ကို ကိုယ်တိုင်ကောင်းကောင်းမသိကြသေးပါ…
ဒီလိုလေးထောက်ပြပြီး အခြေခံလူတန်းစား အရေးခပ်သွက်သွက်စာဟန်နဲ့ရေးချယ်ထားလို့
ကြိုက်မိပါတယ်။ နိုဝင်ဘာလအတွက် ရွေးလိုက်ပါတယ်။

၇၊ ၆။ တောင်ပြာတန်းမှာ မိုးတွေရွာ

ရေးသူ- Thaw Zin Loikaw
https://myanmargazette.net/157543/creative-writing

၇၊ ၆၊ ၁။
ရသစာပေလေးပါ..
ဆင်းရဲပြီး ကျောင်းမတက်နိုင်လို.စိတ်ဓာတ်ကျနေတဲ့ ကောင်လေး
ပညာရေးအတွက် အချစ်ကို စတေးလိုက်ရမှန်း မသိလိုက်တဲ့ ကျောင်းဆရာပေါက်စလေး..ကိုယ့်ခံစားချက်ကို အသာထားလို. ကျောင်းဆရာကောင်းဖြစ်အောင်ကြိုးစားခဲ့တဲ့သူ..
အချစ်၊အလွမ်း ခံစားချက်ကို အသားပေးထားပေမယ့် ဇာတ်လမ်းကောင်းလေး တစ်ပုဒ်ဖြစ်လို.ကြိုက်မိပါတယ်
၇၊ ၆၊ ၂။
ဖြစ်ချင်တာထက်ဖြစ်သင့်တာကို ဦးစားပေးရတဲ့ဘဝ၊ ဆန္ဒနဲ့ဘဝတစ်ထပ်ထဲမကျတဲ့ဘဝမှာ အဆင်ပြေသလိုနေထိုင်ရတဲ့ဘဝအလွမ်းအမောရသလေးကို
ကြိုက်လို့ရွေးချယ်ဖြစ်ပါတယ်။

၇၊ ၇။ စမူဆာ ရှာပုံတော်

မောင်ဘလှိုင်
https://myanmargazette.net/155708/arts-humanities

၇၊ ၇၊ ၁။
(ကျွန်တော်တို ့ လက်ဖက်ရည်ဆိုင်ထိုင်တိုင်း..တွေ ့ရတတ်တဲ ့ /
မကြာခဏလည်းစားဖြစ်တဲ ့ စားစရာ.တွေထဲမှာ.စမူဆာဆိုတာ.လည်း.ပါပါတယ်။
ကျွန်တော်တို ့ မကြာခဏ စားဖြစ်တဲ ့အစားအစာတစ်ခုရဲ့
အချက်အလက်တွေကို.. ဒီလို.ရှာဖွေ.ပြီးစုံစုံလင်လင်.တင်ပြသွားတာ.ချီးကျူးရမှာပါ
အစားအစာတစ်ခုခုပဲဖြစ်ဖြစ်..တခြားအချက်အလက်တစ်ခုခုပဲဖြစ်ဖြစ်..
ဒီင်္လောက် အပင်ပန်းခံပြီး..တင်ပြ ပေးနိုင်တာကိုတော့..ချီးကျူး…ရမှာပါ ။ )
၇၊ ၇၊ ၂။
ကျနော်အမြဲစားသော နှစ်သက်သော စမူဆာ ဆိုသော
စကားလုံးသည် ရီစရာဖြစ်သော ခနဲ့စရာဖြစ်သောဆိုသည့် ထက်မပိုသော
အရာကို အကိုးအကားများဖြင့်စုံလင်စွာတင်ပြပုံ သည် နှစ်သက်စရာဖြစ်သောကြောင့်။

၇၊ ၈။ အဖြေရှာ ပါရစေ

ရေးသူ- နန်းတော်ရာသူ
https://myanmargazette.net/157055/creative-writing/short-story

၇၊ ၈၊ ၁။
ဒီနေ့ခေတ်မှာ အနောက်နိုင်ငံတွေမှာ ရေပန်းစားနေတဲ့ လိင်တူချစ်သူတွေအကြောင်းကို ခိုင်ခံ့တဲ့ ဇာတ်အိမ်၊ ပြေပြစ်တဲ့ အရေးအသား တွေနဲ့ ဖော်ကျူးထားပါတယ်။
မြန်မာနိုင်ငံ အနေနဲ့ ကြည့်မယ်ဆိုရင်တော့ စာမျက်နှာထက်မှာ အတွေ့ရနည်းတဲ့ ဇာတ်လမ်း အမျိုးအစား ဖြစ်တဲ့အတွက် သမားရိုးကျ အချစ်ဇာတ်လမ်းကနေ ခွဲထွက်ထားတဲ့ စာတစ်ပုဒ်လို့ မြင်မိပါတယ်။
“မုဆိုးနားနီးမုဆိုး၊ တံငါနားနီးတံငါ” ဆိုသလို ပတ်ဝန်းကျင်ရဲ့ မသိမသာ ပြုပြင်ပေးမှုကြောင့် ငယ်စဉ်ကတည်းက ဆန့်ကျင်ဘက်လိင်အပေါ် စိတ်ဝင်စားမှု လျော့နည်းခဲ့တဲ့ လူငယ် စီးပွားရေးလုပ်ငန်းရှင်လေးနှင့် သံယောဇဉ် တွယ်မိသော (အင်းးးး အချစ်တော် လို့ပဲ ခေါ်ရမလား) လူငယ်လေးတို့ရဲ့ အဖြစ်ကို ဆိုလိုတဲ့ အဓိပ္ပာယ်ရောက်အောင် သန္ဒရသ မြောက်စွာပဲ ရှင်းရှင်းလင်းလင်း နဲ့ ညင်ညင်သာသာ ဆွဲခေါ်သွားနိုင်တဲ့ စာတစ်ပုဒ်ပါ။
တစ်ယောက်က ပတ်ဝန်းကျင်ကြောင့် စိတ်တွေပြောင်းခဲ့ပြီး ကျန်တစ်ယောက်ကတော့ ပတ်ဝန်းကျင်ကြောင့်ပဲ လမ်းခွဲဖို့ ဆုံးဖြတ်လိုက်ရတဲ့ အဖြစ်က ကျွန်တော်တို့ အနေနဲ့ ပတ်ဝန်းကျင်ကို ဘယ်လောက် အလေးထား နေရာ ပေးဖြစ်နေသလဲ ဆိုတာကို တွေးမိစေပါတယ်။

၈၊ ၁။ တောင်ကြီးတန်ဆောင်တိုင်ကို သွားလည်ကြရအောင်

ရေးသူ- Yin Nyine Nway

တောင်ကြီးတန်ဆောင်တိုင်ကို သွားလည်ကြရအောင်……

၈၊ ၁၊ ၁။
ယခုနှစ်တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပွဲရဲ့ အစီအစဉ်တွေကို နယ်ခံဓာတ်သိတယောက်အနေနဲ့ စုစည်းတင်ပြထားတာ စိတ်ဝင်စားစရာလဲကောင်း ဖတ်ရင်းနဲ့လဲ ပျော်စရာကောင်းတဲ့ သုတရသပိုစ့်လေးမို့ နှစ်သက်မိရပါတယ်။

၈၊ ၂။ ဘယ်ကိုများ ပြန်ရပါ့

ရေးသူ- စိုင်း ကွမ်းခေး
https://myanmargazette.net/158049/creative-writing/my-dear-diary

၈၊ ၂၊ ၁။
အရေးအသား ညက်ညောပြီး ၊
စာရေးသူရဲ့ ကိုယ်ပိုင်အိမ်လေးတစ်လုံးကို တပ်မက်မှုကို ၊
စာဖတ်သူတွေရဲ့ ရင်ထဲမှာပါ လိုက်ခံစားမိအောင် ၊
ရေးနိုင်ပါပေတယ် ။

၈၊ ၃။ အယ်လကိုဟော၏ကနဦးရာဇဝင်

ရေးသူ- ရွှေအိ
https://myanmargazette.net/157728/health-fitness/food-drink

၈၊ ၃၊ ၁။
အရက်သမားမို့…
အရက်အကြောင်းကို သေချာတူးဆွရေးထားတဲ့သုတ ပိုစ့်တစ်ခုကိုရွေးချယ်လိုက်ပါတယ်…ဟီး…
တကယ်တော့ အတော်လေးသဘောကျတဲ့ပိုစ့်တစ်ခုဖြစ်ပေမယ့် အထက်က သုတပိုစ့်နှစ်ခုကိုတော့ မယှဉ်နိုင်လို့ တတိယပဲရွေးလိုက်ပါတယ်..

၈၊ ၄။ ရင်ခွဲရုံ သရဲ (ကြောက်တတ်သူများ မဖတ်ရ)

ရေးသူ- မိုချို
https://myanmargazette.net/155564/creative-wrting

၈၊ ၄၊ ၁။
စာအရေး အသားအရ ရော အကြောင်း အရာ အရပါ စာဖတ်သူကို သူလိုရာထိ ဆွဲခေါ်သွားနိုင်ပါတယ်။ ကျင်လည်ခဲ့ရာ ငယ်ဘဝ အတွေ့အကြုံ ရောက်ဖူး ရာဒေသရဲ့ ရန်ပွဲတွေမှာ ဖြစ်တတ်တဲ့ အငွေ့အသက် လေးတွေကိုပါ ပါးပါးလေး ထည့်ပြီး ပြောသွားပါတယ်။ ကလေးတို့ ဘာသာဘာဝ စပ်စုတတ်ပုံ နဲ့ ဘယ်လိုပဲ မကြောက် တတ်ဖူးပြော ပြော လူ့သဘာဝ အရ တချိန်ချိန် မှာတော့ ရုတ် ခြည်း ပေါ်လာတတ်တဲ့ ကြောက်စိတ် လေး အကြောင်းကို လှစ်ပြသွားပါတယ်။ တကယ့် ဝါရင့် တယောက်လို စာရေးကောင်းပါတယ်။

၈၊ ၅။ ယ = ယိမ်း …. က ကြမည့် ……လက်တို ့ ၏ ရာဇဝင်

ရေးသူ- အလင်းဆက်
https://myanmargazette.net/157428/arts-humanities

၈၊ ၅၊ ၁။
အနုပညာမြောက်တဲ့ အက္ခရာလေးတွေ ယိမ်းကနေသလို မြင်ယောင်မိလို့ ဒီပို့စ်ကို ကြိုက်နှစ်သက်မိတယ်။

၈၊ ၆။ သဘာဝဓမ္မသစ္စာပြ insigh

ရေးသူ- ဦးကြောင်ကြီး
https://myanmargazette.net/154338/society-lifestyle/ethnicity-gender-lifestyles-subcultures-morals-values-norms-society-lifestyle

၈၊ ၆၊ ၁။
( ဘာသာရေးနဲ ့ပက်သက်လို ့ ကျွန်တော်..မဝေဖန်ရဲပါဘူး ။ ဒါကြောင် ့ စာရေးသူရဲ
အဆိုကို..မဝေဖန်တော့ပဲ…ကျွန်တော်ကညွှန်းရုံပဲ.ညွှန်းနိုင်ပါတော့တယ်
ဘာသာရေး အတွေး/ အမြင်ကို..စနစ်တကျ… အားထုတ်ရေးသားတင်ပြထားတာလေးတွေ ့ရပါတယ်။
သူ ့အဆို / သူ ့ အတွေး ဟာ..ငြင်းလောက်စရာ.လည်း. မရှိသလောက်ပါပဲ။ သူ
အတွေးကို.. ငြင်းလောက်စရာ / လက်မခံလောက်စရာ.တွေ ့ / မတွေ ့ကို.
ခဏ ဖယ်ထားပြီး..အပေါ်ယံ မှတ်ချက်ချရမယ်..ဆိုရင်ကိုပဲ.. ရေးသင့်တဲ ့ပိုစ့်
ဖြစ်သလို.ဖတ်သင့်တဲ ့ပိုစ်လေးဖြစ်ပါတယ်
အထူးသဖြင့်.. ဂေဇက်မှာ…ဒီလို ဘာသာရေးအတွေး / အမြင်တွေ
တင်ပြတာဟာ…(အစွန်းရောက်တာ မဟုတ်သ၍) ရွာကျက်သရေ ..ရှိစေပါတယ် ။
သဘာဝဓမ္မ သစ္စာပြ ..ပို်စ့်ဟာ ရွာ့ ကျက်သရေ ရှိစေဖို
တတပ်တအား.အားဖြည့်ပေးနေပါသောကြောင့်…… )

၈၊ ၇။ “ကောင်လေးတစ်ယောက်ရဲ ့လမ်းလွဲလေး”

ရေးသူ- နန်းတော်ရာသူ
https://myanmargazette.net/155776/creative-writing/short-story

၈၊ ၇၊ ၁။
ကောင်လေးတစ်ယောက်ရဲ့ဘဝကိုမရောင်ရဲ့မှုတွေလောဘကြီးမှုတွေကိုလောကပါလတရားကဒဏ်ခေတ်ဇာတ်သိမ်းသွားတဲ့ညီမျှချက်ကိုကြိုက်ပါတယ်။

၈၊ ၈။ ကမောက်ကမ ဟာသ မှတ်စု

ရေးသူ- မိုချို
https://myanmargazette.net/156226/creative-writing

၈၊ ၈၊ ၁။
ဒါကတော့ ဟာသခြင်းတူတာတောင် ကြားဖူးနေကြ နားရည်ဝနေကြ မဟုတ်တဲ့ ပုံစံတစ်မျိုးနဲ့ဟာသလေးမို့ကြိုက်ပါတယ်။ နဂိုထဲကဟာသဆိုအရမ်းကြိုက်တဲ့
ခံစားချက်လဲရှိပါတယ်။

၈၊ ၉။ ကြွေရောင်အိပ်မက်အပိုဒ်ခွဲ

ရေးသူ- ကိုရင်စည်သူ
https://myanmargazette.net/158005/creative-writing

၈၊ ၉၊ ၁။
ကိုရင်စည်သူရဲ့ စာထဲကလိုဖြစ်ရပ်မျိုး အပြင်မှာလည်းတကယ်ရှိဖူးတွေ့ဖူးခဲ့ပါတယ်။ စိတ်ကူးနဲ့လက်တွေ့လွဲချော်နေတဲ့အဖြစ်၊ အထင်နဲ့အမြင်လွဲနေတဲ့အဖြစ်ကို စိတ်ဝင်စားအောင်ရေးသားနိုင်ပါတယ်။

၈၊ ၁၀။ ဘဝသစ်နှင့်သဟဇာတ

ရေးသူ- ကြောင်ဝတုတ်
https://myanmargazette.net/158060/creative-writing

၈၊ ၁၀၊ ၁။
ဒါကတေ့ာ ဖြစ်ချင်တာကို ဦးစားပေးပြီး နှလုံးသားရဲ့ စေခိုင်းမှုကြောင့်ဖြစ်ချင်တာဖြစ် မောင်ဘချစ်ဆိုတဲ့ စွန့်စားမှုကို ခံစားချက်ကိုကြိုက်ပါတယ် ။

၈၊ ၁၁။ လက်နက်ရောင်းမယ်

ရေးသူ- ဂရင်းရိုစ်
https://myanmargazette.net/156119/creative-writing

၈၊ ၁၁၊ ၁။
ဖတ်ကြည့်မိရင်း မဟာဗန္တုလအလောင်းအလျာ မောင်ရစ် နန်းတွင်း ညီလာခံမှာ
ဘေးလူကို ထ ထောင်းတာကို ပြန်သတိရမိပါသည်။
လှပသော အတွေးဖွဲ့လေးဖြစ်သောကြောင့်။

၈၊ ၁၂။ တောင်ပေါ်က တယောသံ

ရေးသူ- မဟာရာဇာ အံဇာတုံး
https://myanmargazette.net/157948/creative-writing

၈၊ ၁၂၊ ၁။
လျှို့ဝှက်သဲဖို ဇာတ်လမ်းတစ်ခုလို စိတ်ဝင်စားအောင် စာဖတ်သူကို စွဲဆောင်သွားနိုင်တဲ့ ပို့စ်ကောင်းတစ်ခု ဖြစ်ပါတယ်။
ဤတွင် ရွေးချယ်ခံပိုစ့် ၂၉ ပုဒ် အတွက် မှတ်တမ်းတင်ခြင်း ပြီးဆုံးပြီ ဖြစ်ပါသည်။ :hee:

ရွာသူ ရွာသား အပေါင်းတို့အနေနဲ့……
အခုရွေးချယ်ပေးထားတဲ့ ပိုစ့်တွေနဲ့….
စာရွေးသူတွေရဲ့ ခံစားချက် ဖော်ပြထားတာတွေကို ….
ကျေနပ်နှစ်သက်နိုင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

နိဂုံးချုပ်အနေနဲ့ ကျေးဇူးတင်စကား ပြောကြားလိုပါတယ်။

ညီညာဖျဖျ စည်းလုံးကြ၍ သက်တမ်း ၅လတိုင်အောင် စာရွေးပေးခဲ့ကြသော…..
ဖတ်ရွေးအဖွဲ့ကြီးအား (၂။ ၎င်း၊ လည်းကောင်း)းးးးးးးးးးးး

ရွာ့အရေးကို ဝိုင်းဝန်းကူညီလိုတဲ့ စိတ်စေတနာနဲ့ စစ်ကူပေးကြသော ……
ဂျူးလိယက်ဆီဇာ၊ အလင်းဆက် နဲ့ ဦးမာဃ တို့အား (၎င်း၊ လည်းကောင်း) းးးးးးး

ကျေးဇူးအထူးတင်ရှိပါကြောင်း မှတ်တမ်းတင်ချင်ပါတယ်။

(၃။ ၎င်း၊ လည်းကောင်း) အပြင်……..

သဂျီးမှစ၍ ရွာတွင်း ရွာပြင် ရှိကြကုန်သော……..
ဆုရသူ/ မရသူ
စာရွေးသူ/ မရွေးသူ
စာရေးသူ/ မရေးသူ
စာဖတ်သူ/ မဖတ်သူ…..
ရွာ(မ)သူား အားလုံး အားလုံး အားလုံး တို့ကိုလည်း ……
ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားရင်းးးးးးးးး

နောက်လာမယ့် ဒီဇင်ဘာလမှာ ………….
၂၀၁၂ခုနှစ်အတွက် နောက်ဆုံးဆုရသူကို ……..
အလှည့်ကျ ကြေညာပေးမယ့် ဖတ်ရွေးအဖွဲ့ဝင်နဲ့အတူ …………
စစ်ကူပေးကြမယ့် ဖတ်ကူတွေကိုလည်း မျှော်လင့်စောင့်ကြိုနေပါကြောင်းးးးးးးးးးးးး

146 comments

  • အရီးခင်လတ်

    December 12, 2012 at 2:49 am

    ရေး
    ဖြောင်း ဖြောင်းးးးး ဖြောင်းးးးး ဖြောင်းးးးးးး ဖြောင်းးးး ဖြောင်းးးးးးးးးး ဖြောင်းးးးးးးးးးးးးးး

    ဂုဏ်ယူပါတယ် ဘကြီးကျောက်။
    တူမလေး ကို တစ်ခုခု ဝယ်ပေးလိုက်သင့်ပါ၏။
    သူ့ကို အကြောင်းပြုပြီး လူကြိုက်များသွားလို့။ 😉

    ကိုပေါက်ကြီး၊ နွေဦး၊ လုံမလေးမွန်မွန်၊ မင်းနန္ဒာ၊ စိန်ဗိုက်ဗိုက်၊ ကဆာမိ၊ Thaw Zin Loikaw၊ မောင်ဂီ၊ ရင်နင့်အောင်၊ အလင်းဆက်၊ မောင်ဘလှိုင်၊ နန်းတော်ရာသူ၊ Yin Nyine Nway၊ စိုင်း ကွမ်းခေး၊ ရွှေအိ၊ မိုချို၊ ဦးကြောင်ကြီး၊ ကိုရင်စည်သူ၊ ကြောင်ဝတုတ်၊ ဂရင်းရိုစ်၊ မဟာရာဇာ အံဇာတုံး တို့ အတွက်လဲ ဂုဏ်ယူပါတယ်။

    အပင်ပန်းခံ အချိန်ကုန်ခံ ဖတ်ရွေး လုပ်ပေးခဲ့သော ဂုဏ်သရေရှိလူကြီးမင်း များ ကိုလဲ ကျေးဇူးတင်ပါကြောင်း။
    ရွှီ ဖြောင်း ဖြောင်းးးးး ဖြောင်းးးးး ဖြောင်းးးးးးး ဖြောင်းးးး ဖြောင်းးးးးးးးးး ဖြောင်းးးးးးးးးးးးးးး
    :hee:

    • အရီးခင်လတ်

      December 12, 2012 at 2:51 am

      ပထမဆုံး ဝင်ရောက်အားပေးသွားသော အရီးလတ် ကိုလဲ ကျေးဇူးတင်ပါတယ်။
      ရွှီ ဖြောင်း ဖြောင်းးးးး ဖြောင်းးးးး ဖြောင်းးးးးးး ဖြောင်းးးး ဖြောင်းးးးးးးးးး ဖြောင်းးးးးးးးးးးးးးး
      :kwi:

      • MaMa

        December 12, 2012 at 6:03 am

        ပိုစ့်တင်သူ အိပ်ပျော်နေတုန်း ကိုယ်တိုင်ရေး ကိုယ်တိုင်ဆို သွားတဲ့ အရီးလတ်ကို အထူးကျေးဇူးတင်ကြောင်း မှတ်တမ်းတင်ပါတယ်။ :hee:

  • ရဲစည်

    December 12, 2012 at 3:19 am

    ရွှီ ဖြောင်း ဖြောင်းးးးး ဖြောင်းးးးး ဖြောင်းးးးးးး ဖြောင်းးးး ဖြောင်းးးးးးးးးး ဖြောင်းးးးးးးးးးးးးးး

    :harr:
    အရီးလတ်နောက်က လိုက်ပါတယ် …။ မန်းဂဇက် စာချစ်သူများဆုရဲ့ အသက်ဝင်မှုဟာ တဖြည်းဖြည်းနဲ့ ပီပြင်လာပါဘီ …. စတင်အကောင်အထည်ဖော်ခဲ့ကြတဲ့ ရွာထဲက စာချစ်သူတွေရဲ့ လုံ့လစိုက်ထုတ်မှု …။
    ရွာသူ/သားတွေရဲ့ အံ့မခန်း အားစိုက်မှုတွေဟာ ကျွန်တော်တို့လို စာဖတ် ပရိတ်သတ်အတွက် အရမ်းအားရစရာ .. အားကျစရာပါ
    ခုနောက်ပိုင်း ဖတ်ဖြစ်ရသလောက် သုတ၊ ရသ ထောင့်ပေါင်းစုံက ရေးသားထားမှုတွေဟာ ကျွန်တော်တို့ အတုယူစရာ အားကျစရာတွေ ဖြစ်လာပါဘီ …. စာရေးသူတွေရဲ့ လေးနက်စွာ ဖော်ဆောင်မှုဟာ ထိုက်လျောက်သော ဂုဏ်ကို ပေါ်စေပါတယ်။
    မန်းဂေဇက်ရဲ့ ရွာသားဖြစ်ရတာလဲ အင်မတန် ဝမ်းမြောက်မိပါတယ် … ။
    —————————————————————————————————————————-
    တကယ်လို့များ ၂၂၂၂ခုနှစ်ထိ မန်းဂေဇက်ကြီးရှိနေအုံးမယ် အောင်မြင်နေအုံးမယ်ဆို သဂျီးလဲ တမလွန်က ဝမ်းသာနေရှာမှာပါ။
    :mrgreen:

    ဒီလ ဆုရသွားတဲ့ ဦးလေးဦးကျောက်ခဲနှင့်တကွ အားလုံးသော ဦးဦးဒေါ်ဒေါ် ညီအစ်ကို မောင်နှမများနဲ့ ထပ်တူ ဝမ်းမြောက်ဂုဏ်ယူ မိပါကြောင်း ……

    • MaMa

      December 12, 2012 at 6:07 am

      နီရဲပေပ္ပါစည်ရေ-
      ဦးလေးခေါ်တာ ရိုးမှ ရိုးရဲ့လား။ :kwi:

      သဂျီးကို တမလွန်ပု့ိတာ မစောနဲ့ နော်။
      ဇန်နဝါရီလမှာ ကျင်းပမယ့် တွေ့ဆုံပွဲ ဆုပေးပွဲအတွက် လက်ချောင်မရသေးဘူး။ :hee:

  • Hnin Hnin

    December 12, 2012 at 5:24 am

    အယ်…မနက် ၅နာရီပဲ ရှိသေးတယ်..စာပေဆုက အဖြေပေါ်နေပြီတော့….
    ဘယ်ကတည်းက အဖြေပေါ်နေပါလိမ့်….နှစ်ယောက်တောင် အရှည်ကြီး မန့်ပြီးသွားပြီ…..

    ” ဂုဏ်ယူပါတယ်..ဦးကျောက်ရေ… ”

    နောင်လည်း ဒီလို ပေါ့ပါးသွက်လက်တဲ့အရေးနဲ့စာတွေကိုလည်း စောင့်မျှော်နေပါတယ်ရှင့်…

    ကျန်တဲ့ စာရေးကောင်းတဲ့ ရွာသူ၊ရွာသားများ အားလုံးလည်း ဒီလိုစာကောင်းတွေ ထပ်ရေးနိုင်ပါစေလို့…

    • MaMa

      December 12, 2012 at 6:16 am

      ၁၂. ၁၂. ၁၂ နေ့မှာ တင်မယ်ဆိုတော့ ကြာတယ်လို့ ပြောကြလွန်းလို့ ….
      မနေ့က အပြီးရေးပြီး ဝဝးဝဝး ၁၂ လို့ schedule လုပ်ပြီး တင်လိုက်တာ။
      တခါမှ မလုပ်ဖူးတော့ အဆင်မှ ပြေရဲ့လားဆိုပြီး ဒီမနက်ဝင်ကြည့်တော့………
      ကွန်မန့်တွေ ဝင်နေတာတွေ့တော့ ဝမ်းသာသွားတယ်။ :hee:

      ဒါ့ထက် နှင်းနှင်းလည်း မနက် ၅ နာရီမှာ ရွာလည်နေပြီလား။ :kwi:

  • kai

    December 12, 2012 at 6:13 am

    ဦးဦးကျောက်တယောက်.. …ဆုပေးပွဲဘယ်လိုတက်မယ်မသိ…
    လောလောဆယ်တော့..
    ဂဇက်ကွန်ဖရင့်.. ဆုပေးပွဲတက်မယ့်သူတွေ.. များများစားရ၍ ..မြိုင်မြိုင်ပျော်ရေး..
    ဒို့အရေး… :kwi:
    ( ဆန္ဒပြတာတွေ ခေတ်စားနေလို့)

    • MaMa

      December 12, 2012 at 6:22 am

      သဂျီးရေ-
      ဦးဦးကျောက်တစ်ယောက်တော့….
      တူမလည်း ရ၊
      ဆုလည်း ရ၊
      တူလည်း ရ၊
      ရ ရ ရ….. ဖြစ်နေအုံးမယ်။ :kwi:

      ကိုယ်စားဆုယူပေးမယ့် တူလေးတစ်ယောက်လောက်များ မရှိဘူးလားလို့…………..
      ရွာထဲမှာ ကြေညာလိုက်ရမလားးးးးးးးးးးးး :kwi:

  • မိုချို

    December 12, 2012 at 8:13 am

    ဂုဏ်ယူ ပါတယ် ဦးကျောက်
    စဖတ် မိတဲ့ နေ့ ကတည်း သဘော ကျ လွန်း လို့ စိတ် ထဲ က နေကြိတ် ပြီး ဆုပေး နေ ခဲ့ တာ။ အခု လက်တွေ့ ရ သွား ပြီ ဆိုတော့ ဦး ကျောက် အတွက် ဝမ်း သာဂုဏ် ယူ ပါတယ်။ အထူး သဖြင့် ငယ်ငယ် ကတည်း က အစ်ကို လို ချင် ခဲ့ တဲ့ ကျ မ အတွက် အကြိမ် ကြိမ် ပြန် ဖတ် မိတဲ့ ပိုစ့် လေး ပါ။
    အန်တီ မမ
    ဆု ကြေညာ တဲ့ ပိုစ့် တွေ ကိုစိတ် ဝင်စား ဖွယ် ဖြစ်အောင် စိတ် ရှည် လက် ရှည် နဲ့ အပိုင်လေး တွေ ခွဲ၊ သတ်ပုံ လေ့ ကျင့်ခန်း တွေ ပေး ပြီး အလှည့် ကျ လာတော့ မနွဲ့ စတမ်း လာ မဲ့ ဘေး ပြေး တွေ့ လို့ရွာ အပါ် စေတနာ့ တာဝန် ကျေ ပွန် တဲ့ သတ်ပုံ ဂိုဏ်း ချုပ် အန် တီ မမ ကို လည်း လေးစား စွာ နဲ့ ဂုဏ် ပြု ပါ တယ်။
    final result ရောက် မှ ပေါင်း ပြီးဂုဏ်ပြု ရ လို့ ခွင့် လွှတ်ပါ။

    မိုချို ရေး ခဲ့ တဲ့ ရင်ခွဲ ရုံ သရဲ ထဲက ပေး ချင် ခဲ့ တဲ့ မတ်ဆေချ့် ပါးပါး လေး (…..ရောက်ဖူး ရာဒေသရဲ့ ရန်ပွဲတွေမှာ ဖြစ်တတ်တဲ့ အငွေ့အသက် လေးတွေကိုပါ ပါးပါးလေး ထည့်ပြီး ပြောသွားပါတယ်……..) ကို မြင် ခဲ့ တဲ့ အကဲ ဖြတ် အဖွဲ့ ဝင် တွေ ကို ကျေး ဇူးတင် ပါတယ်။

    • MaMa

      December 12, 2012 at 8:31 am

      မိုချိုရေ-
      ကိုယ်ကြိုက်တဲ့ပိုစ့်ရှိရင် ဖတ်ရွေးအဖွဲ့ထဲ မဝင်ပဲနဲ့လည်း ကို ပို့ပြီး ကိုယ်ရွေးချင်တဲ့ပိုစ့်ကို ဗုတ်ပေးလို့ရပါတယ်။
      အဲလိုဗုတ်ပေးမယ်ဆိုရင် ဖတ်ရွေးအဖွဲ့ကို အားပေးအားမြှောက်ပြုရာရောက်လို့ ဖတ်ရွေးအဖွဲ့သူားတွေလည်း အားတက်ကြရမှာပါ။
      final result ရောက် မှ ပေါင်း ပြီးဂုဏ်ပြု တာကိုလည်း ဝမ်းသာကျေနပ်စွာ ကြိုဆိုပါတယ်။ :hee:

  • ဗုံဗုံ

    December 12, 2012 at 8:38 am

    ဂုဏ်ယူပါတယ် ဦးဦးကျောက် ထိုက်ထိုက်တန်တန် ကို ရသွားတာပါ စားဖို့အတွက် ဒီက မျှော်နေပါပြီ 🙂

    • MaMa

      December 12, 2012 at 9:00 am

      ဦးကျောက်ရေ-
      ဆုရသူကို ဂုဏ်ပြုပြီး စားပေမယ့် ဗုံကလေးကတော့ အသံပေးနေပြီနော်။ :hee:

  • kyeemite

    December 12, 2012 at 8:50 am

    ရေး
    ဖြောင်း ဖြောင်းးးးး ဖြောင်းးးးး ဖြောင်းးးးးးး ဖြောင်းးးး ဖြောင်းးးးးးးးးး ဖြောင်းးးးးးးးးးးးးးး(ခွက်ဒစ်တူ ကိုခင်လတ်)
    သိပ်ကြိုက်တဲ့ပို့စ်လေးပါပဲ…ဂုဏ်ယူပါတယ် ဦးကျောက်ခဲရေ…
    “မင်းသွားမဲ့ လမ်းအကူး ဖြောင့်ဖြူးဖို့အစဉ်အမြဲ တစ်ကယ်ကျိုးစားမှာပင်မလွဲ……”
    ဆိုတဲ့ ဇော်ဝမ်းရဲ့ ကျောက်ခဲသီချင်းလေးသွားသတိရတယ်ဗျို့… :hee:
    ကျန် စကာတင်အရွေးခံရသူ ရွာသူား စာရေးသူအပေါင်းအားလည်း
    ဂုဏ်ယူပါကြောင်းပြောပါရစေဗျား..
    ဖတ်ရွေးအဖွဲ့ ကြီးကိုအဖက်ဖက်က ကူညီထောက်ပံ့ပေးသူ
    အားလုံးကိုလည်း ဖတ်ရွေးအဖွဲ့ကိုယ်စား ကျေးဇူးအကြီးကြီး တင်ပါဂျောင်းးးးးး
    ခင်တဲ့.. :kwi:
    ကြိုက်မီး။

    • MaMa

      December 12, 2012 at 9:37 am

      ဆုရ ကြိုက်မီးက ဆုရ အုံးစတူး ကို……
      ဂုဏ်ပြုလိုက်တာပေ့ါလေ :harr:

      စီဂျေ ကိုထူးဆန်းအလိုအရ ဆိုရင်တော့ ….

      ဦးကျောက်ခဲ
      (မန်းဂဇက် စာပေဆုရ)
      လို့…. ဂုဏ်ပုဒ် တပ်လို့ ရပြီ။ :hee:

  • surmi

    December 12, 2012 at 8:51 am

    ကွန်ဂရက်ကျူရေးရှင်းပါ ဦးကျောက်ရေ …..
    မှတ်မှတ်ရရ ညကတောင်မှပြောမိသေးတယ်နော ………
    တူမလေးကအမှတ်တရတွေအများကြီး ယူလာပေးတာပဲဗျ ။
    ဦးကျောက်ရေးသမျှကောင်းပေမဲ ့ ဒီတစ်ပုဒ်ကတော ့ ရင်ဘတ်နဲ ့ ရေးလိုက်ပုံပဲ ။
    ရေးတတ်လိုရေးတာထက် ရင်ထဲကလာတာကိုပုံဖေါ်ရတာကပိုအနုပညာ
    မြောက်တာပေါ ့နော ။
    ဆက်လုပ် ကိုယ် ့ဆရာရေ ……..
    ကွင်းဆင်းတုန်းက အတွေ ့အကြုံလေးတွေလည်း မျှော်နေမယ်နော

    • MaMa

      December 12, 2012 at 9:43 am

      ကိုရင်ဆာမိရေ-
      တူမလေးက ဦးဦးကျောက်ခဲအတွက် ကောင်းကျိုးချမ်းသာ အထွေထွေကို သယ်ဆောင်လာပေးမယ့် နတ်သမီးလေးလို့ ပြောရမယ်။
      မီးနေစောင့်ရကျိုးနပ်ပါတယ်နော် ဦးကျောက်ခဲ။ :hee:

  • ကောင်းပါတယ်မမရေ
    ဖတ်ရွှေးအဖွဲ့မဝင်ဘဲလဲ ဝင်ဗုတ်ပေးလို့ရတယ်ဆိုတာလေးကို။
    ကျနော်ကတော့ အဲတာကို ကြိုက်၏။

    • MaMa

      December 12, 2012 at 9:46 am

      နှစ်သစ်မှာ ဖုတ်လှိုက်ဖုတ်လှိုက် ဖတ်ရွေးအဖွဲ့လေး အသက်ရှည်ပါစေကြောင်း …….
      ဒေါက်တာရမ်းကုက ဆေးမြီးတိုနဲ့ တတ်သလောက် မှတ်သလောက် ကုနေတာပါ ကိုပေါက်ရေ။ :eee:

  • မောင့်ကျက်သရေ ဂီ့

    December 12, 2012 at 9:07 am

    ကျက်သရေမင်္ဂလာ ရှိလိုက်ပါပေ့
    ဗရာကြော်ပါ ဦးကျောက် နဲ့ မာမား နဲ့ တကွသော ဖတ်ရွေး အသင်းကြီးရေ….
    အိုဘယ့် ၁၂-၁၂-၁၂

    :kwi:

    • MaMa

      December 12, 2012 at 9:52 am

      ၁၂-၁၂-၁၂ မှာ တစ်ဦးတည်းသောသားဆီက ကွန်မန့်ရတာလည်း….
      ကျက်သရေ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံသွားပါတယ်။ :hee:

  • Shwe Ei

    December 12, 2012 at 9:22 am

    ဖတ်ရွေးအဖွဲ့ကြီးနှင့် အန်တီမမ Bravo!

    အန်ကယ်ကျောက်လဲ Bravo!

    :harr:

    • MaMa

      December 12, 2012 at 10:02 am

      လာရောက် ဂုဏ်ပြုပေးတဲ့ ရွှေအိလည်း Bravo!

  • ခင်ခ

    December 12, 2012 at 9:33 am

    ကျောက်ခဲရေပေါ်ဆိုတဲ့စကားရပ်ကို အရင်ကကြားဘဲကြားခဲ့ဖူးတာ။
    အခုတော့ ကျွန်တော်အဲဒီစကားမှန်ကြောင်း လက်ခံလိုက်ပြီဗျာ။
    ဦးကျောက်ခဲရေ ဝမ်းစမိုး ဗရာဗိုလ် ပါဗျို့။

    • MaMa

      December 12, 2012 at 10:05 am

      ကျန်းမာရေးအသိပညာတွေ ဖြန့်ဝေပေးနေတဲ့ ကိုခင်ခ
      စာရေးအားကောင်းတဲ့ ကိုခင်ခ
      စာရေးကောင်းတဲ့ ကိုခင်ခ
      ရွာကိုသံယောဇဉ်ရှိတဲ့ ကိုခင်ခ… ကိုလည်း ဖတ်ကူပေးမယ်ဆိုရင် ကြိုဆိုပါတယ်နော်။ :hee:

      • ခင်ခ

        December 12, 2012 at 10:49 am

        အမ မမ ရဲ့ ကြိုဆိုကြောင်း အရေးအတွက် ကျေးဇူးပါဗျ။
        ဒါပေမယ့် ကျွန်တော်က အတွေး အဖတ် အကြား တွေပေါ်မှာ အဆင်ပြေသလို ရေးသားမျှဝေတာ၊ သရော်စာမျိုးရေးတတ်တာဘဲ ရှိတာပါဗျ၊ ရသစာပေမျိုး ရေးနိုင်စွမ်းအားနည်းပြီး အကဲဖြတ်နိုင်စွမ်း လည်းအားနည်းတာမို့ ဖတ်ကူပေးဖို့ မဝံကြောင်းပါခင်ဗျ။

  • jullies cezer

    December 12, 2012 at 9:40 am

    ဝမ်းသာဂုဏ်ယူပါတယ်လေးကျောက်ရေ ပထမဦးဆုံးရွေးတဲ့လမှာပဲ ကိုယ်ရွေးပေးတဲ့
    post က တန်းနေအောင်ဆုရသွားလို့ အရမ်းကိုဝမ်းသာဂုဏ်ယူပါကြောင်း ………

    • MaMa

      December 12, 2012 at 10:06 am

      ဂျူးလိယက်ရေ-
      ပီတိကိုစား အားရှိပါ၏ :hee:

  • မိုက်ကယ်ဂျော်နီအောင်ပု

    December 12, 2012 at 10:21 am

    ဒုံး 👿 ဒုံး 👿 ဒုံး 👿 ဒုံး 👿 ( ဖနောင့်ပေါက်သံ )
    ဆု ရတဲ့လူဂိုလည်း ကျေမနပ်ဘူး
    ဆု ပေးတဲ့လူဂိုလည်း ကျေမနပ်ဘူး
    သဂျီးဂိုလည်းကျေမနပ်ဘူး
    ဂေဇက်ထဲကလူဒေအကုန်လုံးဂိုကျေမနပ်ဘူး
    ဘယ့်နဲ့ဗျာ
    ကျုပ်လိုအင်တာနေရှင်နယ်အပြည်ပြည်ဆိုင်ရာဆာရေးစရာအကြော်အမော် တစ်ယောက်ရေးတဲ့
    ပိုစ့်တွေကို ဆုပေးဘို့မပြောနဲ့
    စာရင်းထဲတောင်မထည့်ဂျဘူး
    ကလားတွေနဲ့ပေါင်းပြီး ခင်ဗျားတို့ဂို ဗန်းပြစ်မယ် ကျပ်ကျပ်သဒိထားဂျ 😈

    • MaMa

      December 12, 2012 at 10:39 am

      မိုက်မှားမိခဲ့လို့ Apoမlogy ပါတယ်။
      အင်ရွာနေရှင်နယ် ပြိုင်ပွဲမို့ အကြော်သယ် ရေးတာကို မရွေးကြတာ….
      ခွေးလွှတ်တော်မူပါ။ :harr:

      (ရွာသူားအချင်းချင်း ပြောမနာ ဆိုမနာမို့ ဆန်ရင်းနာနာ ထောင်းပါသည်။
      ချိတ်မချိုးရ။)

    • အဟောင်းတွေထဲက အကောင်းဆုံးဆိုပြီး
      အဖွားကြီး ခြုံထဲဝင် အီးအီးပါတဲ့အကြောင်းကို ပေးလိုက်မယ်ဗျာ။.
      ကြိုက်လားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

  • amatmin

    December 12, 2012 at 10:23 am

    ကိုယ့်မလည်း ညီမတွေ ပေါလွန်းတဲ့ အကိုမို့..
    ဦးကျောက်ပို့စ်ဖတ်ပီးတည်းက
    မေ့မရနိုင်ပဲ တွေးပီး ရယ်နေရတာဆိုတော့ကာ..
    အခုလို ဆုရသွားတယ်ဆိုတော့ လက်ခုပ်အကြီးကြီးကို..
    အကျယ်ကြီးတီးပေးသွားပါတယ် ဦးကျောက်ရေ…
    ဇကာတင်ပါတဲ့ ရွာသူားများကိုလည်း အားကျနေရင်း…
    ဖတ်ရွေးအဖွဲ့ကိုလည်း ကျေးကျေးအထူးတင်ပါ၏..။

    • MaMa

      December 12, 2012 at 10:42 am

      အမတ်မင်းလည်း ဦးကျောက်ခဲလို ရာထူးလိုချင်နေပြီထင်တယ်။ :harr:
      လွှတ်တော်မတက် ရွာထဲမဝင် တာဝန်မကျေတဲ့ အမတ်မင်းကို ဘယ်အုပ်ထိန်းသူကို တိုင်ရမလဲ။ :kwi:

    • Thuyazaw

      December 12, 2012 at 12:37 pm

      ရွာသူ/သားအပေါင်းတို့ရေ အမတ်မင်းက ညီမတွေပေါလို့တဲ့ဗျို့……. ကူညီပေးလိုက်ကြစမ်းဘာာာာာာာ
      ကောင်းပါဘေ့ ကောင်းကြပါဘေ့ဗျာ……. အင်မတန် ကာလာတွေ ကွဲကြတဲ့ ရွာပါပေလားဗျို့

      • မောင့်ကျက်သရေ ဂီ့

        December 12, 2012 at 12:48 pm

        ဟာ … ဟုတ်ပါ့ …..
        ကိုကြီးမတ်ထ်
        ညေး (ညီလေး) အရင်က မသိလို့
        မရိုမသေ လုပ်ခဲ့မိတာ ဗွေမယူပါနဲ့နော်..
        ညေး လေ ..ကိုကြီး မတ်ထ် ကို ဘီဘီ တိုက်ချင်ရို့….

        :528:

        • amatmin

          December 12, 2012 at 12:59 pm

          ပို့စ်ဖတ်ထားကြောင်း တကယ်ပြောချင်လို့ ..
          နှိုင်းပြောတယ်မှတ်ကြပါဗျ.. 🙂
          ရှိတဲ့ညီမကလည်း ယောက်ကျားရနေဘီ..
          မကြာခင် ဦးကျောက်လမ်းစဉ်တောင်
          လိုက်ရတော့မယ်ထင့် 🙁

        • MaMa

          December 12, 2012 at 2:17 pm

          တိုဂျီးမတ် –
          ခုမှ ဆင်ဝှေ့ ရန်ရှောင် မလုပ်ပါနဲ့။
          ညီမတွေ လို့ ရေးထားတယ်နော်။

          ဦးကျောက်လမ်းစဉ်လိုက်ရင်လည်း နှူးဘာဂိုဏ်းသားတွေက အလွတ်ပေးမှာ မဟုတ်ဘူး။
          ဦးလေး တော်ကြမှာ။ :kwi:

        • မင်းနန္ဓာ

          December 12, 2012 at 2:43 pm

          ဘာအထုမှ ကြောက်ဘာဘီလဲ… ဦးမတ်
          ဦးကျောက်လမ်းစဉ်လိုက်ရတော့မယ်ဆိုလည်း ကိုယ်တွေ့ ပို့စ်လေး ရေးတင်လိုက်ပေါ့

          ဗရာဗို ဦးကျောက်ရေ

        • မောင့်ကျက်သရေ ဂီ့

          December 12, 2012 at 2:48 pm

          ဟုတ်တယ် ကိုယ့်ကိုကိုယ်ဖော် ဖိုးသူတော် လုပ်တုန်းကလုပ်ပီး
          ခုမှပြန်ဖုံးချင်မနေနဲ့ …

          :harr:

        • Thuyazaw

          December 12, 2012 at 3:45 pm

          ဟေဟေ့ အမတ်ကြီးတော့ အမတ်ကြီးရာ အကုန်ပေးပစ်ပလိုက်စမ်းဘာာ….. ခင်ညားမှာ ညီမတွေ အညားကြီးချိဒယ်ဆိုတာ ကျုပ်သိတယ်နော်…..

  • မဟာရာဇာ အံစာတုံး

    December 12, 2012 at 10:58 am

    ဖလောင်း .. ဖလောင်း .. ဖလောင်း …
    ဦးးး ဦးးး ဦးးးရေးကျောက် ..
    ကွန်ဂလက်ဂျူလေးချင်းဘာဂျို့ ….

    ဂယ်လို့ ဦးးးရေးကျောက် ဆု လာမယူနိုင်ရင် ပူနေဘာနဲ့ရို့..
    ဦးးရေးကျောက် ကိုယ်စား
    တူလေးငအံစာ က ယူပေးဘာမယ် …
    ဦးးရေးဂို ကျုပ် အရင် ချိတ်ထားဒါနော် ..
    ပီးဒေါ့ .. ကျုပ်က တီနတ်လည်း ပီးဒယ် … ငွင်း .. ငွင်း .. :mrgreen:

    အန်တီမမ ခညာ …
    ပို့စ်က မိုက်ဒလယ်ဂျို့ …
    ရွေးချယ်ခံရတဲ့ ပို့စ်တွေ အတုန်လုံး
    ဘာကြောင့် ရွေးရတယ်ဆိုတဲ့ မှတ်ချက်လေးတွေပါ ဖတ်သွားရလို့ ..
    ကြည်နူးမှုတွေ ဖြစ်စေမှာလို့ …

    ခပ်ချာချာ၊ ခပ်တုံးတုံး
    အံချာတုံး

    • MaMa

      December 12, 2012 at 2:24 pm

      ခပ်ချာချာမို့ပဲ ဦးလေးခေါ်တာ မြန်ထှာ။
      ကိုယ့်ဦးလေးမို့ ထင်တယ်။
      လက်ခုပ်သံတောင် သူမတူအောင် တီးပေးတာ။ :kwi:

      ပိုစ့်က မိုက်ဒလယ်ဒါ မဟာရာဂျာဂျီး ကျေးဂျူးတွေ အများကြီးပါဘာဒယ်။
      ရှဲ့ ရှဲ့
      :hee:

  • Moe Z

    December 12, 2012 at 11:01 am

    ဝေးးးးးး ဦးကျောက်ကွ
    အပေါ်ကလူတွေရဲ့လက်ခုပ်သံတွေထက် ပိုကျယ်အောင်တီးသွားပါတယ်ရှင့် 😀

    • MaMa

      December 12, 2012 at 2:26 pm

      လက်ခုပ်သံ ပိုကျယ်အောင် တီးပေးတဲ့သူကို….
      မုန့်ပိုကျွေးမယ်ဆိုလားးးးးး ဘာလားးးးးးးးး
      အတည်မပြုနိုင်တဲ့ ရပ်ကွက်က သတင်းမကြားပါဘူး။ :harr:

  • Mr. MarGa

    December 12, 2012 at 11:27 am

    ဂုဏ်ယူပါတယ် ဦးကျောက်ရေ
    ကျန်တဲ့ ဆုရသူတွေနဲ့ ဆန်ခါတင်တွေကိုလဲ ဗရာဗိုပါ လို့ ပြောပါရစေ
    ကိုယ်ပေးထားတဲ့ မှတ်ချက်ကို ကိုယ်တိုင်ပြန်ဖတ်ရတဲ့ ခံစားမှုကိုတော့ အခုမှ ခံစားဖူးတယ်
    အင်းးးးးးးးးးးဦးမာဃ ဒီလလဲ ဖတ်ကူပေးရင် ကောင်းမလားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

    • MaMa

      December 12, 2012 at 3:06 pm

      ဦးမာဃရေ-
      နည်ပြည်မတက်သေးဘူးဆိုရင် :kwi:
      ဆက်လက်ဖတ်ကူပေးဖို့ တောင်းဆိုပါတယ်။ :hee:

  • Green Rose

    December 12, 2012 at 11:42 am

    ဦးကျာက်ခဲရေ

    လက်ခုပ်သံအကျယ်ကြီးတီးပြီး Congratulate လုပ်ပါတယ်။ ဖတ်မိ၊ ကြိုက်မိ၊ မန့်မိတဲ့ ပို့စ်ရတာမို့ ဝမ်းသာပါတယ်။ ဒါနဲ့ အဲဒီ့အထဲက ဇတ်လိုက်မင်းသမီးလေး နာမည်ရွေးလို့ရသွားပြီလားဟင်….
    Ma Ma ရေ
    ဒီပို့စ်တွေကို ဘာကြောင့်ရွေးချယ်ထားရတာလဲဆိုတဲ့ အကြောင်းလေးတွေပါ တင်ပေးထားတာ တွေ့ရလို့ ဖတ်ရွေးအဖွဲ့ကြီးရဲ့ transparency ရှိမှုကို လေးစားမိပါတယ်။ ကိုယ်ကျိုးတစ်ခုမှမရှိပဲ အချိန်ကုန်ခံ၊ လူအပင်ပန်းခံ၊ စိတ်အပင်ပန်းခံပြီး စေတနာ့ဝန်ထမ်း လုပ်နေကြတဲ့ဖတ်ရွေးအဖွဲ့ကြီးကိုလည်း congratulation ပါ လို့ပြောချင်ပါတယ်။

    လေးစားလျှက်
    (Green Rose)

    • MaMa

      December 12, 2012 at 3:12 pm

      ဘယ်ပိုစ့်ကို ဘာ့ကြောင့်ကြိုက်တယ် ဆိုတဲ့ ဖတ်ရွေးသူတွေရဲ့ အမြင်သဘောထားလေးတွေက ….
      တစ်ယောက်တစ်မျိုး မရိုးနိုင်တာကိုက ချစ်ခင်နှစ်သက်ဖွယ်လို့ ယူဆလို့ …….
      အခုလို ရေးတင်ဖို့ စဉ်းစားမိတာပါ။
      Green Rose ကိုလည်း စိတ်ဝင်စားလို့ ဖတ်ကူပေးမယ်ဆိုရင် ကြိုဆိုပါတယ်နော်။ :hee:

  • Foreign Resident

    December 12, 2012 at 11:54 am

    ကွန်ဂရက်ကျူလေးရှင်းပါ ဦးကျောက်ရေ

    • MaMa

      December 12, 2012 at 3:14 pm

      ဖော်ကောင်လုပ်ရရင်-
      အာဝေနိက ချစ်ဒုက္ခကို အကြိုက်ဆုံးရွေးတဲ့သူတွေထဲမှာ ဦးဖောတစ်ယောက် အပါအဝင်ပါ ဆိုတာလေးးးးးးး :hee:

  • ဦး ကျောက်ခဲ

    December 12, 2012 at 12:30 pm

    ဂဇတ် ရွာသူ/ရွာသား စာရှုသူအများ

    မင်္ဂလာပါ…..ခင်ဗျား

    ကျွန်တော်ဦးကျောက် မရည်ရွယ်ပဲ အရွေးခံရလို့ အထူးပဲ အံ့ဩဝမ်းသာရပါတယ်…..
    ဂဇတ်အပြင်ကနေ စာဖတ်နေတာ ၂၀၀၈/၉ လောက်ကတည်းက ဆိုပေမည့်၊ စာစရေးတာတော့ ဒီနှစ် ဂျူလိုင်ကမှပါ
    ဘဝပေးအရ စိတ်သိပ်မညစ်တတ်သလို ဘယ်သူ့ကိုမှလဲ ကိုယ့်ကြောင့်မခံစားစေချင်တာမို့ ပေါ့ပေါ့ပါးပါး ရယ်စရာပဲ ရေးဖြစ်ပါတယ်

    ယခု လာမယ့်ဘေးပြေးတွေ့ခဲ့တဲ့ နိုဝင်ဘာလ အတွက် သတ်ပုံ အန်တီမမ နှင့် ဖတ်/ရွေး အဖွဲ့
    တူမကလေး နာမည်ရွေးပေးခဲ့တဲ့ “ဦးဦးပါလေရာ” ( ဧကရီ )
    ရန်ကုန်ဆုပေးပွဲပြန်ဖို့ လေယာဉ်လက်မှတ်ခ တစ်ဝက် စိုက်ပေးတဲ့ ဂဇတ်သူကြီးမင်း ဦးကိုင် နှင့် တကွ
    ရွာသူ/ရွာသား အပေါင်းကို ကျေးဇူးအထူးတင်ရှိပါတယ် ခင်ဗျား

    ဦးကျောက်ခဲ
    ဂဇတ်ရွာလက်မှတ်ရ
    (မည်သည့်လက်မှတ်ဖြစ်ကြောင်း စုံစမ်းခြင်း သီးခံပါ)

    • မိုချို

      December 12, 2012 at 1:21 pm

      ဟယ် ..တို့ သာဂျီး မင်း ဦး ကိုင် က ဆုပေး ပွဲ ပြန်ဖို့ လေယာဉ် လက်မှတ် တစ်ဝက် စိုက် ပေး တယ်တဲ့ လား။
      အဲဒါ ဆို သူများ ကို လည်း စိုက် ပေး လေ။ သူများ လည်း ဆု ယူ ရ မှာ။

      မျက် ဖြူ စိုက် မသွား နဲ့ ဦး နော် သူဂျီး၊ အလကား စ တာ။ လေယာဉ် လက်မှတ် အလကား ရ ရင် တောင်ပြန်လာ လို့ မရ သေး ဘူး။ အိမ်က လူကြီး ခွင့် ရ တဲ့ ရက် နဲ့ တိုက် မှ( တရုတ် နှစ်ကူး ပြီး မှ) ပြန် လာ လို့ ရမှာ။ ဂဇတ် တွေ့ ဆုံ ပွဲ ကို လာချင် လွန်း လို့ တပိုင်း သေ နေပြီ (ဘယ် အပိုင်း လဲ တော့ မမေးနဲ့) ။ ကိုယ့် ကိုယ် ကို မပိုင် တဲ့ ဘွ ဆိုတော့ ဒွက်ခ…ဒွက်ခ….ဒွက်ခ။
      (ဒီ အချိန်မှာ အပျို ကြီးတွေ ကို အား ကျ မိ ပါ ဘိ)။

      • ခင်ခ

        December 12, 2012 at 2:32 pm

        မိုချိုရေ သာဂျီးမင်း ဦး ကိုင် က ဦးကျောက် ဆုပေးပွဲပြန်ဖို့ လေယာဉ် လက်မှတ် တစ်ဝက်စိုက်ပေးတာ အပြန်ခရီးစဉ်အတွက်ဖြစ်နေလို့ အဲဒီလေယာဉ်လက်မှတ်အသုံးတည့်ဖို့ အတွက် အသွားခရီးစဉ် ဝယ်ရခက် မဝယ်ရခက်နဲ့ ဦးကျောက်ခဲတစ်ယောက် ထိုင်လိုက် ထလိုက် အခါခါမို့ ဘေးကဘော်ဒါတွေက ကျန်းမာရေးလေ့ကျင့်ခန်း လုပ်နေတာလားတောင် မေးကြ ဆိုဘဲဗျာ။

        • Mr. MarGa

          December 12, 2012 at 2:36 pm

          ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ
          ထိုင်လိုက် ထလိုက်လုပ်နေတယ်ဆိုတော့ ဝိတ်တော့ ကျသွားမှာပါ

        • Mr. MarGa

          December 12, 2012 at 2:39 pm

          ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ
          ထိုင်လိုက် ထလိုက်လုပ်နေတယ်ဆိုတော့ ဝိတ်တော့ ကျသွားမှာပါ အဟီး

      • MaMa

        December 12, 2012 at 3:20 pm

        မိုချိုရေ-
        ကျောက်ခဲအချွန်နဲ့ မ ခံရတဲ့သဂျီး။
        ထိုင်ရခက် ထရခက် ဖြစ်နေပုံကို မြင်ယောင်ကြည့်လိုက်အုံးးးးးးး :harr:

    • MaMa

      December 12, 2012 at 3:17 pm

      ဦးကျောက်ကတော့ သဂျီးမင်းကို အချွန်နဲ့ မ လိုက်ပြီ :kwi:

  • မမရေ
    12-12-2012 နေ့မှာ တင်လိုက်တဲ့ နုိုဝင်ဘာလအတွက်ဖတ်ရွှေးအဖြေလေးက နေ့တောင်မကူးဘဲ အပေါ်တက်ကပ်သွားတော့ အားလုံး အလွယ်တကူဖတ်လို့ရသွားတာ ဝမ်းသာစရာပါ။
    ကျနော်ပြီးခဲ့တဲ့လမှာ တင်တုံးကတော့ ပိုစ်သုံးပုဒ်ကို အစဉ်အလိုက်တင်ခဲ့ပါတယ်။
    8-11-2012 ကြက်ချေးတန်းနဲပြိုင်ဘယ်သူနိုင်
    http://myanmargazette.net/?p=155294
    9-11-2012 (11-11-2012)မှာထွက်ပေါ်လာမယ့် သူ့ကိုခန့်မှန်းကြရအောင်
    http://myanmargazette.net/?p=155440
    11-11-2012 အဖြေလေးပေးလိုက်ပါတယ်
    http://myanmargazette.net/?p=155651
    ဒါပြီးခဲ့တဲ့လက ဖတ်ရွှေးအဖွဲ့ကိုယ်စား အစဉ်အလိုက်တင်ခဲ့တဲ့ပိုစ်လေးပါ
    11-11-12 နေ့မှာ အမှတ်တရဖြစ်အောင်တင်မယ်လို့လဲ ကြိုတင်ရေးထားခဲ့ပါတယ်.။
    ဒါပေမယ့် နိုဝင်ဘာလရွေးတဲ့ ဆန်ခါတင်စာရင်းသာပေါ်သွားတယ် ကျနော်အပြီးသတ်ရွေးခဲ့တဲ့
    (11-11-2012)နေ့မှာတင်ခဲ့တဲ့ ပိုစ်လေးကအပေါ်တက်ကပ်မလာခဲ့ပါဘူး။

    အဲဒီပိုစ်က ကျနော်အတွက်သီးသန့် ရေးတဲ့ပိုစ်မဟုတ်ပါဘူး။
    တစ်ရွာလုံးနဲ့ဆိုင်တဲ့ ဖတ်ရွေးပိုစ်ပါဘဲ။
    အယ်ဒီတာချုပ်လုပ်တဲ့သူက မအားလို့ မသိလိုက်လို့ မဖတ်ဖြစ်လိုက်လို့ အထက်တက်မကပ်ဘူးဆိုရင်
    သူကြီးပြောထားတဲ့ အဆင့်မြင့်ပေးထားတဲ့ သူများက “ဒါကတော့ အများနဲ့ဆိုင်တဲ့ပိုစ်ဖြစ်လို့ အထက်တင်ပေးသင့်ပါတယ်”လို့ အကြံပေးသူမရှိဘူူးလား။
    ဘယ်လိုတွေကွာခြားသွားပါသလဲ။
    အရှင်းဆုံးပြောရလျင် ကိုပေါက် သူများအပေါ်မနာလိုစိတ်မရှိပါ။
    သို့သော် ကွာခြားမူ့က သိသာ ထင်ရှားလွန်းနေပါသည်။
    ရွာအတွက် အများအတွက် ကိုယ်စား အလုပ်လုပ်ပေးနေသော ရွာသူားအခြင်းခြင်းအပေါ်တွင်
    ယခုလိုခွဲခြားခြင်းသည် သဘာဝမကျပါ။
    အကယ်၍ ကျနော်အပြီးသတ်ရွေးသောပိုစ်ကို မမြင်မိ မဖတ်မိ ၍ အပေါ်ကပ်မပေးသည်ဖြစ်စေ
    ကျနော်ရေးသားမှူ့ ညံ့ဖျင်း၍ အများ လက်မခံနိုင်သောအကြောင်းအရာ ပါ၍ဖြစ်စေ အပေါ်တင်မပေးဟု
    ဆုံးဖြတ်ပါက ကျေနပ်စွာခံယူပါ၏။

    ကျနော်ဖတ်ရွေးအဖွဲ့တွင်ပါဝင်နေခဲ့ခြင်းအတွက် နှစ်သက်သဘောကျသူ ရှိသလို
    မနှစ်သက် သူ အလိုမကျသူများရှိသူများလဲ ရှိနို်င်ပါသည်။
    ထို့ကြောင့်လည်း ကျနော် လာမည့် 2013 တွင် ဖတ်ရွေးအဖွဲ့မှနူတ်ထွက်ခွင့်တောင်းပြိး နူတ်ထွက်ပြီးဖြစ်ပါသည်။.
    သို့သော် မန်းလေးဂေဇက်ရွာက တော့ ရေးခွင့်ရသ၍ ရေးနေမည် ပုံတင်နေအုံးမည်ဖြစ်ပါသည်။
    ကျနော်တင်သည့်ဓါတ်ပုံ ကျနော်ရေးသည့် အတွေးပါးပါးများကို လက်ခံနေသူ ကြည့်ရူ့နေသူ
    ကျနော်ပရိတ်သတ် လူနည်းစုအတွက် ရပ်တည်နေအုံးမည် ဖြစ်ပါသည်။

    အများပျော်ရွှင်နေချိန်တွင် ယခုလိုရေးသားရခြင်းမှာ ဖတ်ရွှေးအတွက် နောင်လူများအတွက် ရေးပေးရခြင်းဖြစ်ပါသည်။
    ကျနော့်ကဲ့သို့ မေ့လျော့ ခံရလျင် စိတ်အနှောင့်အယှက်ဖြစ်သွားမှာစိုးသည်အတွက် မမေ့လျော့အောင် ရေးသားပေးခြင်းဖြစ်ပါသည်။

    ယခုလိုမင်္ဂလာမရှိ ကျက်သရေမရှိသော စကားကိုပြောရသည့်အတွက် ဝမ်းနည်းပါသည်။

    • အရီးခင်လတ်

      December 12, 2012 at 3:48 pm

      ကပေါက်ကြီး ရ
      အဲလိုမဟုတ်ပါဘူး ကွ။
      မမ က
      သူကြီး ကို အဲလို ကပ်ဖို့ သူ့ရဲ့ စာကိုယ်မှာပါ တောင်း ခဲ့ရ တာပါဗျ။

      သူကြီး အလုပ်များပြီး မေ့တာကို ရိပ်မိလို့ ကျုပ်တောင် ကပ်ထားပြီး Post မှာဘဲ ဝင် ပြင်လိုက်တာပါ။
      :hee:

      သစ်စိမ်းချိုးမချိုးနဲ့နော်။ နိုမှာဘဲ။ ဗြဲ ဗြဲ ဗြဲ ဗြဲ ဗြဲ ဗြဲ ဗြဲ ဗြဲ ဗြဲ ဗြဲ။ 😥

      • surmi

        December 12, 2012 at 4:12 pm

        တစ်ကယ်တော ့ကျနော်လည်းအံ ့ဩခဲ ့ပါ၏ ။
        တစ်ချို ့ရွာသူားများမှာ မည်သူဆုရသည်ကိုမသိလိုက်ကြပါ ။

        • MaMa

          December 12, 2012 at 8:29 pm

          ကိုယ်ထိမှ ကိုယ်သိဆိုသလို မသိလိုက်ဘူး။
          စီဂျေဆာမိ သိလိုက်တာကို စတစ်လုပ်ဖို့ တစ်ချက်လောက် အော်ပေးလိုက်ရင် အကောင်းသား။
          ခုခေတ်ကြီးမှာ ဆန္ဒထုတ်ဖော်တာတွေ ခေတ်စားနေတယ်။ :harr:

    • MaMa

      December 12, 2012 at 4:20 pm

      ကိုပေါက်ရေ-

      ကိုယ့်ပိုစ့်လေး စောစောစီးစီး အပေါ်ကပ်ပေးထားတာ တွေ့လိုက်တော့ ဝမ်းသာမိတာတော့ ဝန်ခံပါတယ်။

      ကျမက ဆုရွေးတဲ့ပိုစ့်ရေးပေမယ့် စတစ်ကီလုပ်ပေးလိမ့်မယ်လို့ မျှော်လင့်မထားခဲ့ဘူး။
      အဲဒါကြောင့် မိတ်ဆက်နိဒါန်းမှာတောင် ကံကောင်းတယ်လို့ ရေးခဲ့မိသေးတယ်။

      ဒါပေမယ့် ဆန်ခါတင်စာရင်း ပိုစ့် တင်တဲ့အခါကျတော့ ….
      ပိုစ့်ခေါင်းစဉ်ကလည်း မိတ်ဆက်နိဒါန်းနေရာမှာ စာကိုယ်လို့ပဲ ပြောင်းပေးထားတော့…..

      မန့်တဲ့သူတွေက ပထမပိုစ့်နဲ့ မှားနေတယ်လို့ ပြောကြမှပဲ…..
      ကွဲကွဲပြားပြားဖြစ်သွားအောင် ဆန်ခါတင်စာရင်းလို့ နာမည်အသစ်ပြန်ပြင်ပြီး …..
      သဂျီးကို စတစ်ပေးဖို့ (မရှက်မကြောက်) ကိုယ်တိုင်ပဲ ပြောလိုက်ပါတယ်။

      ကိုယ်ထိမှ ကိုယ်သိဆိုသလို ကိုပေါက်ရဲ့ပိုစ့် ဟာ အများနဲ့ဆိုင်လို့ စတစ်ဖြစ်ရမှာ ဖြစ်ပေမယ့်…
      ကိုယ့်ပိုစ့်မဟုတ်လို့ သတိမထားမိဘူးဆိုတာကိုလည်း ဝန်ခံပါတယ်။

      ကိုပေါက်အနေနဲ့လည်း ဘက်လိုက်တယ်လို့ မယူဆပဲ (ကိုယ့်ကို စတစ်ကီပေးထား၍ပြောခြင်းမဟုတ်ပါ)
      ကျမလိုပဲ (မရှက်မကြောက် :harr: ) ပွင့်ပွင့်လင်းလင်း ပြောလိုက်မယ်ဆိုရင် အဆင်ပြေသွားမယ်ထင်ပါတယ်။

      သဂျီးခမျာလည်း ဒီအလုပ်တစ်ခုတည်းလည်း မဟုတ်၊
      အချိန်ပြည့်လည်း မပေးနိုင်တာမို့ နားလည်ပေးဖို့ တောင်းပန်ချင်ပါတယ်။
      ဘာကြောင့်ပဲ ဖြစ်ဖြစ် စိတ်ဝမ်းကွဲကြမှာကို မလိုလားပါ။ :eee:

    • Foreign Resident

      December 13, 2012 at 5:35 am

      ကိုပေါက်ရေ ။

      အဲဒီ Sticky ကိစ္စ စိတ်ထဲ မထားပါနှင့်ဗျာ ။
      သူကြီး ခမျာမှာလည်း ဒီ ဂဇတ် တစ်ခုလုံး ရဲ့ ကိစ္စ လုပ်ရ ၊
      သူ့ရဲ့ စားဝတ်နေရေးအတွက် အလုပ်လည်း လုပ်ရဦးမယ်ထင်တယ် ၊
      သူ တစ်ယောက်တည်းနှင့် ဂျင်ခြေလည်နေပုံ ရပါတယ် ။

      ထုတ်ပြောဗျ ၊ ထုတ်ပြောလိုက်ဗျ ။
      အခု မမ Post ၊ sticky ရသွားတာကလည်း ထုတ်ပြောလိုက်လို့ဖြစ်မယ်ဗျ ။
      ဥပမာပေးရရင် ၊ ကိုယ့် အဖြစ်အပျက် နှင့်ပဲ ကိုယ်ပြောရမှာပဲ ။
      ကျနော့်တုန်းကလည်း ရွာမှာလည်း တော်တော်ကြာ ၊ Post တွေလည်း တော်တော်များပြီး ၊
      Point ကလည်း တစ်သောင်းကျော် နေပြီ ၊ contributor မ ဖြစ်သေးဘူးဗျ ။
      ( အမှန်က Point တစ်သောင်းကျော် ရင် ပုံမှန်ဆို contributor ပေးရမှာလေ )

      အဲဒီလိုနှင့် နေလာတာ ဟိုတစ်လော အေးဝတီကြီး ဓါတ်ပုံတွေ တင်ပါလေရော ၊
      အဲဒီမှာ ပြဿနာတွေ တက် ၊ ဟိုဘက် ဒီဘက် ဆဲရေး လာကြပြီး ၊
      တစ်ချို့ ပြဿနာ ရှိတဲ့ Post တွေကို ကြည့်ခွင့်တွေကို ပိတ်ချလိုက်တယ်လေ ။
      အဲဒီအခါမှာကျမှ ၊ ကျနော်က ၊
      ” သူကြီးရေ ကျနော်လည်း Post တွေ ကြည့်မရတော့ပါဘူး ၊ ကူပါအုန်း ” ဆိုပြီး ထအော်တယ်လေ ။
      အဲဒီတော့မှ ၊ သူကြီး က ကျနော် Point တစ်သောင်းကျော် နှင့် သာမန် ဖြစ်နေတာကို ၊
      သတိထားမိပြီး ၊ Contributor အဆင့်ကို အဲဒီတော့မှ တိုးပေးတာဗျ ။

      ပုံစံကတော့ ၊ သူ က အလုပ်ရှုပ် / များ ပုံရတယ်ဗျ ၊
      အဲတော့ ၊ ဖြစ်သင့်တယ်ထင်ရင် လှမ်းသာပြောလိုက်ဗျ ။
      ရွာပေါ်တက်ပြီး မအော်ချင်ရင်လည်း ၊ Mail နှင့် ပို့လိုက်ပေါ့ဗျာ ။

    • kai

      December 13, 2012 at 6:18 am

      အဲဒီစတစ်ကီလုပ်တာက … ရွာထဲကစာဖတ်သူတွေအတွက်.. အရေးကြီးတယ်မထင်မိဘူး..
      အရင်ကဆို.. အားရင်သေသေချာချာပြန်ဖတ်ဖို့.. သူများတွေကိုပါပေးဖတ်စေလိုတဲ့ဆန္ဒရှိတဲ့ပို့စ်တို့.. စတာတွေကို.. ကိုယ့်အကြောင်းနဲ့ကိုယ်.. အားရင်အားသလို.. စတစ်လုပ်ထားတာပါ..။
      အဲဒီနေရာက.. အယ်ဒီတာ့ရုံးခန်းထဲက.. ဝွိုက်ဘုတ်လိုပါပဲ..
      အဟောင်းကြီးမေ့ပြီးထားချင်ထားမယ်..။ ရုတ်တရက်သတိရလို့.. ပြေးရေးချင်ရေးမယ်..။
      လက်ထဲကဆဲလ်ဖုံးမှာ.. မှတ်ချက်ရေးပြီး.. တက်မကပ်ပဲ..ပြီးချင်ပြိးမယ်..။

      လူတွေက..Category နဲ့ရွေးဖတ်နေတယ်လည်းထင်ပါတယ်….။ အဲဒါကြောင့်..ဖတ်ရွေးအတွက်.. Best Web Awards ဆိုပြီး.. ကက်တဂရီတခုတောင်လုပ်ထားသေး…။

      ဘာပဲဖြစ်ဖြစ်… နောက်ဆိုသတိထားပါ့မယ်..။ :harr:
      =
      ..မော့ဒ်တွေက.. ဖတ်ရွေးအဖွဲ့နဲ့ အလုပ်သဘောမဆိုင်ပါဘူး..။
      နည်းပညာပိုင်းဆိုင်ရာနဲ့.. ပြသနာဖြစ်နေ..ဆဲနေတဲ့ကော်မန့်တွေ.. ပို့စ်တွေကို.. မောဒရိပ်လုပ်ဖို့ဖြစ်ပါတယ်နော…

      ကိုပေါက်ကတော့.. မန်းဂဇက်ဝက်ဘ်ဆိုက်ကနေ..ပုံနှိပ်သတင်းစာက.. ကောက်ယူတဲ့စာရေးဆရာတွေထဲ.. အများဆုံးရွေးချယ်ဖော်ပြခံရသူပါ…
      ဖြစ်နိုင်ရင်.. ဖတ်ရွေးအဖွဲ့ထဲ.. ဆက်ပါနေသင့်တယ်လို့တော့ ထင်ပါတယ်..။
      ရှေ့လျှောက်.. လုပ်စရာတွေအများကြီးရှိလို့ပါ..။

      ဆိုတော့…
      ဒီလောက်ပါပဲ.. :kwi:

    • ဦးကြောင်ကြီး

      December 13, 2012 at 10:12 am

      ဦးပေါက်ကို သဂျီးတမင် ညစ်တယ်လို့ ထင်သာပဲ….။

      ဦးကျောက်ရေ.. ကွန်ဂရက်ကျူလေးရှင်းပါခင်ဗျာ….။

      အန်တီမမ ပို့စ်အတွက် ဗရာဗိုပါ…..။

      • kai

        December 13, 2012 at 11:52 am

        ဆရာပေါက်ရေ..
        ဟောဒီမှာ.. တူမတော်ကိုအပျော်လှမ်း(ကမ်းလှမ်း.. အထာပေး) ပြီး.. ပြေးနေတဲ့သူ..
        သူ့စကားမယုံနဲ့
        သနားပါဘိ…. :kwi:

  • Mobile

    December 12, 2012 at 4:02 pm

    လူတွေ ရုန်းစု ရုန်းစု နဲ့ဘာလုပ်နေကြတာပါလဲလို့ ဝင်ကြည့်လိုက်တာ
    လက်စသတ်တော့ စာပေဆု ပေးပွဲးကျင်းပနေတာကိုဗျ။
    ပို့စ် + ကွန်မန်း များအားလုံးကို အားပေးသွားပါကြောင်း . . . . . . .

    • MaMa

      December 12, 2012 at 8:31 pm

      ှဆန္ဒထုတ်ဖော်နေကြတယ်လို့ ထင်များသွားသလား မောင်ရွေ့လျား ရယ်။ :kwi:

  • Mon Kit

    December 12, 2012 at 4:05 pm

    မင်း ရည်မှန်းသူကxxx မြခဲxx စိန်ခဲxxx
    ကိုယ့်မှာတော့xx လမ်းခင်းတဲ့ ကျောက်ခဲxxx
    ဟီးးးးး… ဦးကြီးမိုက် က ဇော်ဝမ်းရဲ့ကျောက်ခဲ သီချင်းဆိုတော့.. အားကျပီးလိုက်ဆိုလိုက်တာ…
    ဂုဏ်ယူပါတယ် ဦးကျောက်ခဲရေ..
    ဆက်ပြီးတော့လည်း ကိုယ်တွေ့ အတွေ့အကြုံလေးတွေ ပြန်လည်မျှဝေ ပေးပါအုံးလို့…
    ကျန် ဆုရရှိသူများအတွက်လည်း ဂုဏ်ယူ ဝမ်းမြောက်မိပါကြောင်း…….. :hee:

    • MaMa

      December 12, 2012 at 8:35 pm

      ခုတော့ ပတ္တမြားခဲ ဖြစ်သွားပြီ။
      စာပေဆုပေးပွဲမှာ ကျေးဇူးတင်စကား ပြောဖို့….
      ခုကတည်းက အကယ်ဒမီပေးပွဲမှာ မင်းသား မင်းသမီးတွေ ကျေးဇူးတင်စကား ပြောတာတွေ ကြည့်ပြီး အိုက်တင်လေ့ကျင့်နေတယ်လို့ ပါပါရာဇီ ကထူးဆန်းထံမှ သတင်းရရှိပါတယ်။
      (ပြောမယ့်သာ ပြောရတယ် ပါပါရာဇီကို်တောင် ဘယ်လိုက်ရှာရမှန်း မသိ) :buu:

  • thit min

    December 12, 2012 at 4:33 pm

    ကိုကျောက်ခဲရေ ……
    စိတ်ကောင်းရှိမှစာကောင်းထွက်ဆိုတာကြားခဲ့ဘူးပါတယ်။
    ခု ညီမလေးအပေါ် ထားတဲ့မေတ္တာက စိတ်ကောင်း ဆိုတော့ စာကောင်းတပုဒ် ဆုရတယ်ဆိုတာ
    ဘယ်ဆန်းပါ့မလဲဗျာ။
    ဂုဏ်ယူပါတယ်ခင်ဗျား။
    ပြီးတော့ ဦးကျောက်ခဲဆိုပေမဲ့ ဝါဂွမ်းဆိုင်လို့ နူးညံ့တဲ့နှလုံးသားပိုင်ရှင်ဖြစ်တယ်လို့မှတ်တမ်းတင်ပါရစေ။
    လေးစားခင်မင်စွာ
    မောင်သစ်မင်း။
    ~~~~~~~~
    အစ်မ မမနဲ့ ဖတ်ရွေးအဖွဲ့ဝင်များအားလည်း လွန်စွာလေးစားမိပါတယ်။
    အများအတွက် ကြိုးစားမှုက ရှင်းလင်းချက်တွေနဲ့အဖြေရလာဒ်ကထင်ရှားစေပါတယ်။
    သူကြီးက စာရေးဆရာတွေ တင်မက အယ်ဒီတာတွေပါ မွေးပေးနိုင်သော ကွင်းပိုင်ကြီးပါဘဲဗျာ။
    အယ်ဒီတာတွေကလဲ ထက်ပါ့၊တော်ပါ့။အကွက်ကိုစိနေတာပါဘဲဗျာ။

    အားလုံးကိုကျေးဇူးတင်လေးစားစွာဖြင့်
    မောင်သစ်မင်း။

    • MaMa

      December 12, 2012 at 8:42 pm

      ဟုတ်ပ့ါ ကိုသစ်မင်းရေ။
      အထက်တန်းကျောင်းတုန်းက မြန်မာစာ သင်တဲ့ဆရာမက စာရေးသူရဲ့ စေတနာ ဆိုတာကို ရှင်းပြတုန်းက အတော်လေး သဘောကျခဲ့မိတယ်။

      မြတ်စွာဘုရားက သုမေဓာရှင်ရသေ့ဘဝမှာ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ပါလျှက်နဲ့ သတ္တဝါအများ ကောင်းကျိုးအတွက် လေးအသချေင်္ နဲ့ ကမာ္ဘတစ်သိန်း ပါရမီဖြည့်ခဲ့တယ်လို့ ကြားဖူးပါတယ်။

      အဲဒါကို အားကျပြီး :kwi:
      အများကောင်းကျိုးကို ကိုယ်တတ်နိုင်တဲ့ဘက်က နိုင်သလောက် စွမ်းဆောင်ချင်ပါတယ်။

      ဒါပေမယ့်လည်း လူရွှင်တော်တွေ ပြက်လုံးထုတ်ကြသလို …..
      အားရပါးရ က ချင်ပါသော်လည်းးးးးးးး ကျန်းမာရေးက မကောင်းးးးးးး :eee:

  • Crystalline

    December 12, 2012 at 4:50 pm

    အမှန်အတိုင်းပြောရရင် ဒီရက်ထဲမအားလို့ ပို့စ်တခုမှမဖတ်ဖြစ်ဘူး။ ဆုရပို့စ်လည်းမဖတ်ရသေးဘူး. အခုပဲ ကော်ပီလုပ်သွားတယ်။ ဆုရသူ ဦးကျောက်ခဲ Congratulations!
    ပို့စ်နဲ့မဆိုင်တာမေးချင်လို့ မမရေးထားတာ နာမည်ရွေးပေးဘို့ ( အဲဒါ ဘို့၊ဖို့ ) ဘယ်တခုက အမှန်လဲ… ကျမ မြန်မာစာတခုရိုက်နေတာတော်တော်ပြသနာတက်နေလို့… စကားပြောလိုရေးတာမျိုးမှာ ပဲ၊ဘဲ…ဖို့၊ဘို့…. ကာ၊ခါ….တို့၊ဒို့… အဲဒါတွေပြသနာတက်နေတယ်.. သတ်ပုံကျမ်းကိုတော့ဖတ်တယ်. တချို့ကို သိပ်နားမလည်ဘူး. လာရှုပ်တယ်ဆိုပြီး သူများကိုအော်မထုတ်ပါနဲ့နော်.

    • MaMa

      December 12, 2012 at 8:56 pm

      သတ်ပုံမှန်စေချင်လို့ ကိုယ်သိသလောက် ပြောနေတာဖြစ်ပေမယ့် မြန်မာစာကို ဂဃ နဏ သိသူ၊ ကျွမ်းကျင်သူ မဟုတ်ပါ။

      အဲဒါကြောင့် မှားတာတွေကို ထောက်ပြရင်း ပြုပြင်ရင်းနဲ့ အမှန်ဖြစ်လာဖို့ ကြိုးစားချင်ပါတယ်။ လို့ ထည့်ရေးထားတာ။
      ကိုယ်တိုင်တောင် ဆန်ခါတင်စာရင်းလို့ ရေးချင်တာ…
      စကာ လား၊ ဇကာ လား မသိလို့ သတ်ပုံကျမ်းသွားရှာတာ မတွေ့ဘူး။

      နောက်မှ ဦးမာဃရဲ့ ကွန်မန့်မှာ တွေ့ပြီး စာလုံးပေါင်း အမှန်ကို သိသွားတာ။

      ထင်ရာပြောရမယ်ဆိုရင်တော့……..
      စာရေးရင် မသိ “ပဲ” ၊ ရွေးပေးရန်၊ ရောက်ကာစ၊ ငါတို့
      စကားပြောမှာ “မသိဘဲ” ၊ ရွေးပေးဖို့၊ ရောက်ခါစ၊ ငါဒို့
      လို့ သုံးမယ် ထင်ပါတယ်။
      :hee:

      • Mr. MarGa

        December 13, 2012 at 2:03 pm

        ဗျိုးးးးးးးးးးးးးးးးးသတ်ပုံမမရေ
        ဦးမာဃ ကွန်းမန့်မှာ တွေ့တာ ဟုတ်လို့လား
        အီးမေးပို့တော့ တွေ့တာ မဟုတ်ဘူးလား
        ဘာပဲဖြစ်ဖြစ်လေ
        ဦးမာဃ ကတော့ အတတ်နိုင်ဆုံး သတ်ပုံ မှန်အောင် ရေးပါတယ်
        ဦးမာဃ အဲလို အကူအညီဖြစ်တဲ့အတွက်လဲ ကျေးဇူးတင်ပါတယ်
        တစ်လက်စတည်း သတ်ပုံအဖွဲ့ ဝင်ရင်ကောင်းမလား လို့
        ရာပြည့် ကွန်းမန့် အနေနဲ့ မန့်လိုက်တယ်နော်

    • ဦးကြောင်ကြီး

      December 14, 2012 at 9:48 am

      ပထမဆုံး အလောသုံးဆယ် ပြောချင်တာ ခရစ်စတယ်လိုင်းဂလေးကို ဦးကြောင် ခြစ်တယ်။
      ဖို့ စာလုံးကို နာမ်၊ တြိယာ နှစ်ခုစလုံးအဖြစ် သုံးတာတွေ့တယ်။ ဥမပါ – ဖို့မြေ၊ လမ်းချိုင့်ကွက်ကို မြေဖို့ပါ.. ဘို့ ကြတော့နာမ် သက်သက်မှာပဲ သုံးတယ်ထင်တယ်၊ ဥမပါ – နွားကျောကုန်းမှာ ဘို့ရှိတယ်..။ (ငါ့ဖို့ သူ့ဖို့ ကိုကြတော့ ရှုတ်ချတဲ့လေသံနဲ့ဆိုရင် ငါ့ဘို့ တဘို့ထဲ ကြည့်တဲ့ကောင် သုံးသလိုပဲ။ မသေချာဘူး အန်တီမမ ကိုမေးကြည့်။ ထင်တာတော့ ကဲ့ရဲ့တဲ့လေသံ နဲ့ဆိုရင် ဘကုန်း ဘို့ သုံးပြီး သာမာန်ဆိုရင် ဖဦးထုပ် ဖို့ သုံးလား မသိဘူး)
      ပဲနဲ့ဘဲ အလွယ်ခွဲနည်း ကိုးတန်းတုန်းက သင်ဘူးတာ “မ”နောက်မှာ ဘဲလိုက်တယ်” အငြင်းဝါကျ “မ” ခံရင် ဘကုန်း ဘဲသုံးပါ။ ကျန်တာတွေက ပစောက် ပဲ ဖြစ်ပါတယ်။ နာမ်အအသုံးအနှုန်းဆိုရင်တော့ ဘဲသက်သက် ဖြစ်ကောင်းတယ် ဥမပါ – ခရစ်စတယ်လိုင်းဘဲ ဦးကြောင်ဆိုတာ ငြင်းအုံးမလား..။
      တို့၊ ဒို့ကတော့ အန်တီမမ ပြောသလို စာသံပေသံနဲ့ဆို တို့၊ စကားပြောလေသံနဲ့ဆို ဒို့ ဖြစ်ပါလိမ့်မယ်။ ဆန္ဒပြပွဲ ကြွေးကြော်သံ အော်တဲ့အခါ ဘယ်သူမှ တို့အရေးလို့ အော်တာ မကြားဖူးဘူး၊ အားလုံး ဒို့အရေးပဲ အသံထွက်တယ်။ အဲဒီမှာလည်း တို့ သည် နာမ်၊ တြိယာ နှစ်ခုစလုံး သုံးတာတွေ့တယ်။ ဥမပါ – ဦးကြောင် အသဲနှလုံးကို ငပိရည်နဲ့ တို့မစားလိုက်ပါနဲ့ကွယ်။ တို့ကိုခြစ်ရင် ကြောင်သားမစားပါနဲ့။ တို့နဲ့ဒို့ဆိုရင် ဒို့က ယောက်ကျားသံ၊ အားပါသလို ပဲ။ (ကြည့်… “မ” မဟုတ်လို့ “ဘဲ” မလိုက်ဘူး)
      ကာ၊ ခါ မှာလည်း ကာသည် ကာကွယ်ခြင်း၊ ကိုင်စွဲခြင်း နာမ်၊ တြိယာ နှစ်ခုစလုံး သဘောဆောင်တယ် ခံစားမိတယ်။ ဥမပါ – လုပ်ကာနေမယ်၊ ခြစ်ကာနေမယ်၊ ကာကွယ်ပါ၊ ကာချုပ်။ ခါ ကကြတော့ အပြင်ကို တွန်းလှုပ် တွန်းထုတ်တဲ့ လေသံပေါက်တယ်။ ဥမပါ – စီတုံးတို့များ ခါနေတာပဲ အောင်ပုရှေ့ကြရင်။ ဒီတခါ နောက်ဆုံးပဲနော် နောက်တခါဆို ခြစ်တယ်ပြောမှ ရမယ်။

  • koaung

    December 12, 2012 at 4:57 pm

    Me: ဘရာဘိုုပါ ဆုုရှိသူများခင်ဗျ. :mrgreen:

  • koaung

    December 12, 2012 at 5:02 pm

    Me: ဘရာဘိုုပါ ဆုုရရှိသူများခင်ဗျ မွှားသွားလိုု ့ ချောတီးပါဗျိုုုု ုု ့

    • MaMa

      December 12, 2012 at 8:59 pm

      ဆုရှိသူကို မုန့်ကျွေးအောင် ကိုအောင်က ဘရာဗိုချင်တာထင်တယ်။ :hee:

  • ဖတ်ရွေးအဖွဲ့ကြီးကိုအထူးကျေးဇူးတင်ပါတယ်။ဆုရသွားတဲ့ အူးအူးစတုန်းအတွက်လဲ ဂုဏ်ယူဝမ်းသာမိပါတယ်။
    နောက်လဲ ကြိုးစားရေးသားသွားပါဦးမယ်။
    :gee:

    • MaMa

      December 12, 2012 at 9:02 pm

      နန်းတော်ရာသူရဲ့ ပိုစ့်တွေလည်း ဆန်ခါတင်ထဲမှာ တွေ့နေရတယ်နော်…….
      ရေးလက်ကောင်းတစ်လက်ဆိုတာ သိနေတာမို့ ကြိုးစားရေးပါ။
      အားပေးနေပါတယ်။ :hee:

  • padonmar

    December 12, 2012 at 8:12 pm

    ဦးကျောက်ခဲရဲ့ အာဝေနိကကို စာကြည်စားပွဲအောက်မှာခိုးဖတ်ကြည့်ပြီး တခိခိလုပ်နေခဲ့ရတာ။
    လက်ခုပ်အကျယ်ကြီးတီးပေးပါတယ်ဗျို့။
    ဦးကျောက်ခဲရဲ့လက်ဟာ ကျောက်ခဲထုရုံမက ဆုရမယ့်လက်လို့ အစကတည်းက မှန်းလို့ရကြပါတယ်။

    စာအုပ်လိုချင်ရင်လည်း စာရင်းပေးနိုင်ပါပြီဗျို့။

    ကြုံတုန်းလေး ပြောချင်တာက ဆုရပြီးတဲ့သူတွေ ဘာလို့အရေးကျဲ အရေးနည်းသွားလဲဆိုတာ စဉ်းစားရခက်နေပါတယ်။
    ဝင့်ပြုံးမြင့်ကတော့ ကိုဝင်းကြည်နဲ့ဆိုတော့ ထားပါတော့နော်။
    အောင်မိုးသူ၊ဦးကြီးမိုက်၊ ၂ယောက်လုံး ရေးအားကျသွားပါတယ်။
    မိုချိုကမှ ဒီလလည်း ဆန်ကာတင်ထဲပါတာအပြင် ရေးနေသေးတယ်။
    ဦးကျောက်ခဲစာတွေလည်း ဆက်ဖတ်ချင်ပါသေးတယ်။

    • MaMa

      December 12, 2012 at 9:05 pm

      မိပြီ မိပြီ။
      စာမေးပွဲရှိလို့ စာကြည့်မယ်ဆိုပြီးးးးးးးးးးး
      ဝတ္ထုခိုးဖတ်တာ။ :harr:

      ဆုရပြီး/ မရပြီးသော စာရေးကောင်းသူတွေ အများကြီး အများကြီး ………..
      ဆက်လက် ရေးအားကောင်းဖို့ မျှော်လင့်နေပါတယ်။ :hee:

  • ရွှေ ကြည်

    December 12, 2012 at 8:54 pm

    အူးကြောက်ရေ :mrgreen: ဝမ်းသာဂုဏ်ယူပါတယ်နော်။
    ဖတ်ရွေးတွေကလည်းတလတမျိုးမရိုးရအောင်
    ဆုကြေငြာကြတာအားလုံးပရိုအဆင့်တွေချည်းပဲ။
    ဆုရကြတာလည်းတလကိုတယောက် တို့ရွာသားတွေကလည်းလူတိုင်းလိုလိုလက်စွမ်းထက်ကြောင်းသက်သေပြနေကြလေရဲ့
    မိရွှေကြည်ကတော့ ပိတ်သတ်ပဲလုပ်မယ် လက်ခုပ်တီးပေးမယ်..။

    • MaMa

      December 12, 2012 at 9:14 pm

      ချစ်ရွှေကြည်ရေ-
      ကိုယ့်ရွာနဲ့ ကိုယ့်အထာ ဆိုတော့ ….
      စိတ်ထဲက ရှိသလို ကိုယ်ပိုင်ဟန်နဲ့ တစ်ယောက်တစ်မျိုး ဆုရစာရင်း ထုတ်ပြန်ကြတာပါ။
      အားပေးလို့ ကျေးဇူးတင် ဝမ်းသာပါတယ်။

      လူတိုင်းကိုယ်စီ ကိုယ်ပိုင်ဟန်ရှိကြသမို့……..
      ရွှေကြည်လေးရဲ့ ကိုယ်ပိုင်စတိုင်လေးတွေကိုလည်း မျှော်လင့်နေပါတယ်။ :hee:

      • ရွှေ ကြည်

        December 12, 2012 at 9:23 pm

        ချစ်မမရေ မိရွှေကြည်က ကလောင်စွမ်းမထက်ပါဘူးရယ်..။
        ဒါပေမယ့် ညံ့တော့မညံ့အောင်ကြိုးစားရမှာပေါ့။ ဒါမှရွာကိုစောင့်ရှောက်ရာသိတတ်ရာရောက်မှာပေါ့နော။

  • မောင်ပေ

    December 12, 2012 at 8:56 pm

    အန်တီမမရေ
    ဆိုက်ပျက်စေချင်တဲ့သူထဲမှာတော့ ကိုပေါက် မန်းတလေး မပါတာ အမှန်ပဲဗျ
    “““ လူခင် မူပြင် ””” ဆိုတာလေးကို အရင်ဆုံး ပြေးမြင်ပေးပါ
    ရွာထဲကအလှူလုပ်သမျှ ကိုပေါက် အားလုံးကူညီပေးခဲ့တာကို မမေ့ပါနဲ ့
    ရွာထဲကလူတွေ မန်းတလေးကို လာလည်သမျှ အရင်ဆုံး အလုပ်ကနေ အချိန်အများကြီးပေး ၊ ဧည့်ခံတာ ကိုပေါက်ပါ
    နောက်ပြီး… ဒီပွဲကို စဖို ့ပြောတုန်းက
    “““ ရွာကြီးက စစ်တပ်ဖြစ်သွားပြီလား ””” လို ့ ကျုပ် မန် ့တုန်းက ၊ ကိုပေါက် တားခဲ့လို ့၊ အဲ့တုန်းက ပေမရှည်ခဲ့တာပါ

    • ရွှေ ကြည်

      December 12, 2012 at 9:20 pm

      ထပ်ဆင့်ထောက်ခံပါတယ်ရှင့်

    • MaMa

      December 12, 2012 at 9:23 pm

      မောင်ပေရေ-
      ကိုပေါက်ရဲ့ ရွာ့အရေးမှာ လက်မနှေးတာလည်း လူတိုင်းအသိပါ။

      ကိုပေါက်ကို ဖျက်လိုဖျက်ဆီး လုပ်တယ်လို့ မထင်ပါဘူး။
      ကိုပေါက်ဆိုတာက ရွာထဲမှာတင်မက အပြင်လောကမှာပါ တွေ့ဆုံခင်မင်နေသူမို့…
      မောင်ရင်းနှမလို ပြောမနာ ဆိုမနာတွေပါ။

      သူပြောလို့ ကိုယ်စိတ်မဆိုးသလို ကိုယ်ပြောလို့လည်း သူစိတ်မဆိုးဘူးလို့ ယုံကြည်ပါတယ်။

      ဒါပေမယ့်……
      လူအများနဲ့ လုပ်ကိုင်ရတဲ့အခါမှာ အမှားအယွင်းအလွဲအချော်လေးတွေ ရှိတတ်ပါတယ်။

      မေ့လျော့ပေါ့ဆ မှားယွင်းမှုတွေ ရှိရင် လူတိုင်းကိုယ်စီ သဘောထားကြီးကြီးထားပြီး တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် သည်းခံခွင့်လွှတ်ကြစေလိုပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။

      ပြောရမယ်ဆိုရင်…
      ကိုပေါက် ပြောသလိုပဲ သူသူကိုယ်ကိုယ် လွှတ်ချစရာတွေ အများကြီးပါပဲ။ :buu:

      • မောင်ပေ

        December 12, 2012 at 9:29 pm

        ဟူးးးးးးးးးးးးးး
        အများက ညီနေပါပေါ့ကလား
        အရင်တုန်းက မောင်ပေ လဲ ကိုပေါက်လိုမျိုး ခံစားခဲ့ရဖူးတယ်
        အခုကိစ္စနဲ ့ပတ်သက်ပြီး
        ကလေးအတွေးနဲ ့တွေးရင် ကို အဖြေထွက်ပါတယ်

  • padonmar

    December 12, 2012 at 9:53 pm

    တစ်ချို့ပို့စ်တွေဟာ စတစ်လုပ်သင့်ပေမယ့် သူကြီးမအားတာ မျက်စိမှောက်တာနဲ့ စတစ်ကီမဖြစ်ပါဘူး။
    ဥပမာ ကိုဘလက်ရဲ့ ?ဂျူလိုင်ချိုပေါ့ကျထင်တယ်၊တင်ပြီး တစ်ပတ်လောက်ရှိမှ စတစ်ဖြစ်တယ်။ကြောင်ဝတုတ်ရဲ့ အလှူပို့စ်ကိုလည်း စတစ်လုပ်ပေးဖို့ ပြောယူရတယ်။
    သူကြီးဘက်ကရှေ့နေလိုက်တာတော့မဟုတ်ပါဘူး။
    ဒါပေမယ့် အဲဒီနိုဝင်ဘာမှာ သူကြီး ပုံနှိပ်သတင်းစာထုတ်ဖို့ အသည်းအသန်ခဲမှန်နေပုံရပါတယ်။
    မော့တွေကလည်း ကိုယ့်ဝမ်းစာရေးတွေနဲ့ဆိုတော့ လူမျိုးရေးငြိမယ့်အငြင်းအခုန်ပို့စ်တွေကလွဲရင် အရေးတကြီး မတို့ထိတာဖြစ်ပါလိမ့်မယ်။
    ကိုပေါက်ကို စတစ်မလုပ်ထားလည်း ကျမတို့က ဘေးက comments by post က ရှာဖတ်တော့ တွေ့ပြီး စတစ်မဖြစ်တာတောင် သတိမရမိလိုက်ဘူး။
    အဲတော့ ကိုကြီးပေါက်နဲ့ မောင်ပေရယ် ဖြည့်တွေးပြီး ခွေးလွှတ်လိုက်ပါလို့ တောင်းပန်ပါတယ်။

  • weiwei

    December 12, 2012 at 10:23 pm

    အခုရက်ပိုင်း အင်တာနက်လိုင်း အဆင်မပြေဖြစ်နေလို့ ရွာထဲဝင်ရခက်နေတာနဲ့ပဲ နောက်ကျသွားတယ် …
    ၅ ကြိမ်ဆက်တိုက် အကြိုက်ဆုံးပို့စ်ရွေးခဲ့တာ ဒီတစ်ခါမှပဲ အများနဲ့အကြိုက်တူသွားတော့တယ် …
    ဘရာဗိုပါ ဦးကျောက်ခဲ ….

    • MaMa

      December 14, 2012 at 7:07 am

      ဝေဝေရေ-
      ကိုယ့်အားထုတ်မှုက အကျိုးဖြစ်ထွန်းသွားတယ်ဆိုတာ သိရတော့ ဝမ်းသာစရာပါ။
      အဲဒါလည်း ဖတ်ရွေးလုပ်ရတဲ့ ပီတိပဲပေ့ါ။ :hee:

  • uncle gyi

    December 12, 2012 at 11:10 pm

    အင်းမမအရေးဖတ်ရတာ
    စင်ပေါ်ကတင်ဆက်သူတင်မိုးလွင်လားအောက်မေ့ရတယ်
    တထိုင်တည်းမဖတ်လိုက်ရတဲ့ပိုစ့်တွေအကုန်သိလိုက်ရတယ်
    ကျေးဇူးပါဗျာ

    • MaMa

      December 14, 2012 at 7:53 am

      အန်ကယ်ကြီးရေ-
      ကျမက အမြှောက်တော့ မကြိုက်ပါဘူး။
      ဒါပေမယ့် အန်ကယ်ကြီး ကွန်မန့်ဖတ်ပြီး ပါးစပ်စေ့မရလို့ သွားအအေးပပ် သွားတယ်။ :harr:

  • Mလုလင်

    December 13, 2012 at 12:23 am

    နောက် တစ် page ခွဲ သင့်ပါပြီ ဗျို ့ .. comment တွေ မမြင်ရတော့ဘူး . ထပ်ကုန်ပြီ။

    • ဇမ္ဗူ့လောကပါလကြောင်ဝတုတ်

      December 13, 2012 at 10:31 am

      ကိုလုလင်ရေ….
      Firefox ပြသနာပါဗျာ…
      အဆင်ပြေရင် Chrome ကိုပြောင်းသုံးစေချင်ပါတယ်…

      ခင်မင်လျက်-
      ကြောင်ဝတုတ်

      • Foreign Resident

        December 13, 2012 at 11:29 am

        ဟုတ်သေးဘူး ၊ ကြောင်ဝတုတ်ရဲ့ ။
        အဘ လဲ အခု Firefox နှင့် သုံးနေတာ ၊ အဆင်ပြေနေတာပဲ ။
        ဘာ commentမှ မထပ်ပါဘူး ။
        အဘ လည်း M လုင် ကို မနက်ကတည်းက မေးမလို့ ။
        သူ့ဖက်မှာ ဘာတွေ ဖြစ်နေသလဲလို့ ။

        • Mလုလင်

          December 13, 2012 at 2:15 pm

          အစက ထင်တာက … plug in က အော်တို page ခွဲ ပေးတယ် ပဲ ထင်တာ ……. ဂစ်ဂစ် .. ခုက ကိုယ်တိုင် ဝင်ခွဲ ပေးရတာ ကိုး … 🙂

  • blackchaw

    December 13, 2012 at 3:47 am

    နောက်ကျနေတဲ့ ကွန်းမန့် အတွက် ခွင့်လွှတ်ပေးပါ မမ ခင်ဗျား…။
    အရင်ကလို မဟုတ်တော့တဲ့ ဘဝပေးအခြေအနေအရ…
    ရွာထဲအရောက်နောက်ကျနေခဲ့တာပါ…။
    အော်…
    သွားလိုက်ရပ်လိုက် နိမ့်လိုက်မြင့်လိုက် လောကကြီးပါလားကွယ်တို့…။
    လာမယ့်ဘေးပြေးတွေ့ ပို့စ်တွေကိုရေးခဲ့တဲ့ မမ အတွက် ဂုဏ်ယူပါတယ် ခင်ဗျာ…။
    အမှန်အတိုင်းပြောရရင်…
    ဒီလအရွေးခံရတဲ့ ကိုကျောက်ခဲပို့စ်လေးကိုတော့…
    ချက်ခြင်းဖတ် ချက်ခြင်းကြိုက်ခဲ့ပြီး…
    ချက်ခြင်း ကွန်းမန့်ဝင်ရေးခဲ့လို့ မှတ်မိနေပါတယ်…။
    ကိုကျောက်ခဲအတွက်လည်း ဂုဏ်ယူမိပါတယ်…ဆိုတဲ့အကြောင်း….။
    လေးစားခင်မင်တဲ့…
    ဘလက်ချော…။

    • MaMa

      December 14, 2012 at 8:04 am

      ကိုဘလက်ရေ-
      နောက်ကျပေမယ့် ဝတ္တရားမပျက် လာမန့်ပေးလို့ ကျေးဇူးတင်ပါတယ်။
      လောကသားတွေမို့ ကိုယ်စီကိုယ်စီ ကိစ္စများကြမယ်ဆိုတာကို သဘောပေါက်ပါတယ်။
      ကံဆုံလို့ တွေ့ကြရ
      ကံလွဲတော့ ကွဲကြရ
      လောကရဲ့ သဘာဝ :eee:

  • Ma Ei

    December 13, 2012 at 10:16 am

    အမတစ်ယောက်၊ ညီမတစ်ယောက် ကြားက အလတ်(လပ်)မမို့
    post ဖတ်ပြီး ကိုကျောက်ခဲ လိုအကိုတစ်ယောက် ရှိခဲ့ရင် လို့ တွေးမိတဲ့ထိပါ…
    ဒါနဲ့ မမရေ…
    ဆုပေးပွဲကို သဂျီးကိုယ်တိုင်လာမှာဆို….
    :hee:

    • MaMa

      December 14, 2012 at 8:40 am

      သဂျီးက-
      ဆုပေးပွဲကို ကိုယ်တိုင်လာချင်ပါသော်လည်းးးးး
      သဂျီးပြန်လာရင်……..
      ဝေဝေ က ဖားအောက် ကို ပို့ပေးမယ်။
      ဆူး က ဗောဓိရိပ်ငြိမ်ကို ပို့ပေးမယ်။
      ကျမ က ပဏ္ဍိတာရာမ တောစခန်းကို ပို့ပေးမယ် လို့ ….
      ပြောထားဖူးလို့ ပြန်မလာရဲဘူး ဖြစ်နေတယ်။ :kwi:

  • Tin Tin

    December 13, 2012 at 5:48 pm

    ကွန်ဂရက်ကျူလေးရှင်း ပါ ဦးကျောက်ရေ…
    နောက်ထပ်ပိုစ့်တွေကိုလည်း စောင့်မျှော်အားပေးနေပါတယ်လို့…

    စာပေဆုရသူကို ကြေငြာပေးတဲ့ အန်တီမမရဲ့ လက်စွမ်းကလည်း မသေးပါဘူးနော်..
    အမရေ အားပေးလေးစားလျှက်ပါလို့….

    • MaMa

      December 14, 2012 at 8:02 pm

      တင်တင်ရေ-
      အားပေးလို့ ကျေးဇူးတင်တယ်နော်။
      ရွာရဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်အားပေးလေ့ရှိလို့ မှတ်မှတ်ရရ ရှိနေပါတယ်။

      ဆုပေးပွဲကို လာနိုင်ရင် လာဖို့ ဖိတ်ခေါ်ပါတယ်နော်။ :hee:

  • အလင်းဆက်

    December 13, 2012 at 7:58 pm

    နည်းနည်းနောနော ကွန်မန့်တွေ.မဟုတ်ဘူး ။
    —————
    အန်တီမမရေ…
    ကြုံ လို ့ မေးပါရစေ..
    ဆုပေးပွဲ နေ ့ မှာ..အနောင်စာ လုပ်မှာ…ဘယ်တူလဲ.ဟင်
    အန်တီမမပဲ.လား ။အန်င်္တီမမ ပဲ..လုပ်စေချင်တယ် ။ ရင်တသိမ့်သိမ့်တုန်အောင် ကြေငြာ နိုင်လို ့..
    အဲ.ကြေငြာ..ဆိုတဲ ့စကားလုံး.. မှန်လား..မှား လား…။ ဇဝေဇဝါ..။
    အိမ်ရောက်မှ သတ်ပုံကျမ်း ပြန် လှန်မယ် ။ 🙂
    ဒါက တစ်ချက်..။

    —————
    အန်တီပဒုမ္မာရေ….

    ကြုံလို ့..ပြောရ ပါဦးမယ် ။

    သားသားကလေ..
    ဂဇက်မှာ..စာတွေ.. စရေး ကတည်းက…
    ဆုတွေ ဘာတွေ .ဘာမှ မမျှော်လင့်ပဲ.ရေးခဲ့တာ ။
    ခံစားချက်ကို ဖော်ထုတ်ခွင့်လေး ရရင်ကို ကျေနပ်နေခဲ့တာ ။
    ဒါပေမယ့်.. ဆု အစီအစဉ်တွေကလည်း..ပေါ်ပေါက် လာ..
    သားသားရဲ ့အက္ခရာတွေ.ထဲက တချို ့ စာသာလေးတွေကိုလည်း..
    ဆန်ခါတင် စာရင်းထဲ.. ဝင်ရောက်လာတာ….
    သူများ..တွေကလည်း… ပိုစ်တွေကို ကောင်းသထက် ကောင်းလာအောင် အားထုတ် ကြိုးစား
    ရေးသား လာတာတွေကြောင့်…
    နောက်ပိုင်း မှာ…..
    ဆု… ကို အိပ်မက် မက်လာပါတော့တယ် ။
    ဆု မရရင်တောင်
    ဆန်ခါတင်..စာရင်းထဲ..မှာ…တော့… ပါစေရမယ်.လို ့…
    အိပ်မက်တွေ.. မက်ခဲ့ပါရဲ ့ ။ တစ်ပုဒ်ထက် တစ်ပုဒ် ကောင်းအောင် ပိုကြိုးစားမိပါရဲ ့ ။
    (မရှက်မကြောက် ဝန်ခံချက် ။) 🙂

    အဲဒီအချိန်မှာပဲ…..
    အန်တီပုဒုမ္မာ ရဲ ့အပိုဆု…
    စာအုပ်တစ်အုပ် တောင်းဆိုခွင့်….ဆိုတာက
    သားသား..စိတ် ကို..
    တော်တော်လေး.. ဆွဲဆောင်နိုင်သွားတယ် ။
    သားသားက..မွေးနေ ့ လက်ဆောင်လို..တခြားလက်ဆောင်လို..ပေးလာရင်လည်း
    စာအုပ်လက်ဆောင်ဆို..
    တဖွဖွတသသ မက်မောတတ်တဲ ့ စာရူးပေရူးဆိုတော့ကာ…
    အန်တီ့ ရဲ ့အပိုဆု ကလေးက..
    သားသားတို့လို.. စာအုပ် ချစ်သူ လုူူငယ်တွေအတွက်..
    မက်မောစရာပါ ။
    သား..ဘယ်လောက် ရူးသလဲ..ဆိ်ု..
    ဆု..သာ.ရခဲ့ရင်…
    ဘယ်စာအုပ် တောင်းဆို မလဲ..ဆိုတာကို ပါ.. စာအုပ်တိုက်ထဲ.. ပတ်မွှေ ကြည့်မ်ိတဲ ့အထိ ။
    (အဲဒါ.. ပြီး ခဲ့တဲ့ လ ကပေါ့ ။ ပြီးခဲ့တဲ ့လ … ဆန်ခါတင်စာရင်းထွက်လာတော့.
    သားသူငယ်ချင်းတွေကပြောတယ် ။ မင်း..ရ မှာ..တဲ ့ ။ မင်း စာတွေက
    တကယ်ကောင်းတယ်..တဲ ့ ။ မြှောက်ပေးကြတော့… သားလည်း..
    ဟုတ်ပြီပေါ့..နော် ။ စာအုပ်တိုက်ထဲ.. ပတ်ပြီး.
    ဆုရ.ရင်တောင်းဆိုမယ့်.. စာအုပ် လိုက်ကြည့်မိတယ် ။ ဆရာတက္ကသိုလ်ဘုန်းနိုင်ရေးခဲ့တဲ ့
    စာပေ..ရသ သဘောတရား စာအုပ်တစ်အုပ်ကို..( ဖတ်ဖူးပေမယ့် လက်ဝယ်မရှိသေးလို ့) မြတ်နိုးသွားပြီး.
    သား သာ.. ဆုရရင်..
    အဲဒီ စာအုပ်တောင်းမယ်..လို ့.. စိတ်ကူး ယဉ်ခဲ့ဖူးတယ် ။ )

    ဆိုလိုချင်တာက…

    အဲဒီ… အပိုဆု..စာအုပ် တစ်အုပ်တောင်းဆိုခွင့် ဆိုတာလေး..က
    အတော့်ကို…စိတ်ကူးယဉ်လို့ကောင်းတဲ ့
    အကျိုးလည်း.ရှိစေတဲ ့
    ချစ်စရာ လက်ဆောင်လေး..ပါလို ့..။

    ဘာရယ်မဟုတ် …။
    ကြုံ လို ့.. ဝင် ပြောမိတာပါ ။

    ————————
    င်္ဒီလ ဆုရရှိသွားတဲ ့..
    ဦးဦးကျောက်…ကိုလည်း..
    ကွန်ဂလက်ကျူလေးရှင်းပါ….လို ့ ။

    အန်တီပဒုမ္မာ ပြောသလို ဦးဦးလည်း..
    စာကောင်းတွေ.. များများဆက်ရေးပါဦးနော် ။
    ဆု ရပြီး မှ….ပျောက်မသွားပါနဲ ့ဦး..။

    တကယ်တမ်းမှာ…လည်း..
    ဆုရပြီးသူတွေ…ရဲ ့စာတွေ…ဟာ..
    ဂဇက်ရွာ အတွက်.. အလှ ပဒေသာလေးတွေမို ့…
    ရွာ ပိုလှ စေပါတယ် ။
    အဲဒီလို..စာရေးကောင်းကြသူတွေ..များများရေးမှ..
    အဆက်မပြတ်ရေးနေမှ…
    ဒီ ရွာကြီးလည်း..
    အစဉ်..အမြဲ… လှပ ဝေစည်နေမှာ..လို ့မြင်မိပါတယ် ။

    သားသားလည်း..
    တစ်နေ့ထက် တစ်နေ့..
    ပို ကောင်းလာမယ့်..စာတွေကို ရေးနိုင်ဖို ့..
    ကြိုးစားနေပါ့မယ်. ။

    အားလုံးကိုလေးစားခင်မင်စွာဖြင့်..

    အလက်ဆင်း
    🙂

    လူစုံတဲ ့နေရာမို ့..
    လေပေါ သွား ပါတယ် ခညာ ။
    ပြောမှားဆိုမှာ.ပါရင်.. ခွင့်ခွင့်လေး.လွှတ် ကြပါနော့ ။

    🙂

Leave a Reply