သူမ နဲ့ မွေးနေ့ များ ( 10 ဒီဇင်ဘာ)

မိုခ်ိဳDecember 10, 20121min46551

တစ်ခုသော နှစ် တစ်နှစ်ရဲ့ ဒီဇင် ဘာ လ ၁ဝ ရက် မှာ သူ မ ကို မွေး ဖွား ခဲ့ တယ်။ အဲဒီ နေ့ မတိုင်ခင် ၃ ရက် လောက် ကတည်း က ဗိုက် နာ နေတဲ့ သူ မရဲ့ မိခင်ဟာ သူမ အဖွား စိုး ရိမ် တဲ့ အတိုင်း သမီး ဦး ၊ သူ မ ကို မွေး ဖွား လိုက်တဲ့ နေ့ က စနေ နေ့ ဖြစ်နေ ခဲ့ တယ်။ သား ဦး စနေ ဆို တာ မိဘ ကို ဒုက္ခ ပေးရင် ပေး ၊ ဒါမှ မဟုတ် ရင် လည်း မိဘ အသက် တို တတ် တယ်၊ ဖအေ က ကလေး ကို ဓါး ထမ်း ပြီး ကျော် စမ်း ဟဲ့ ဆိုတဲ့ အဖွား ရဲ့ စကား ဟာ သူမ မိဘ တွေ အတွက်တော့ သူမရဲ့တဝါးဝါး အော် သံတွေ ကြား မှာ  အရာ မရောက် နိုင် အောင် ဖြစ်ခဲ့ တယ်။ သူမ မိဘ တွေ ဟာ စနေနေ့ မွေး တာ တွေ၊ နေတက် တာ တွေ ၊ရေတက်တာ တွေ ဘာကို မှ စိတ် မဝင် စား နိုင်လောက်အောင် ပဲ အိမ်ထောင်သက် ၅ နှစ် ကြာ မှ ရ လာ ခဲ့ တဲ့ သူ မကို  ဖူးဖူး မှုတ် ထား မတတ် အချစ် ပို ခဲ့ ကြတယ်။

နောက် နှစ် ဒီဇင် ဘာ လ ၁ဝ ရက် မှာ သူမ ရဲ့ ၁ နှစ် ပြည့် မွေးနေ့ လေး ကျင်းပ ပေး ခဲ့ ဖူး တာ ကို ဓါတ်ပုံ တွေ က တဆင့် သူ မ ပြန် သိ ခဲ့ ရတယ်။ နောက် ပိုင်း သူ မ မှတ် မိ လာတဲ့ အချိန် တွေ မှာတော့ မွေးနေ့ တွေ မကျင်း ပ တော့ ပဲ သူမ တို့ မောင် နှ မတွေ မွေးနေ့ ရောက် တိုင်း အိမ် မှာ တခုခု လုပ် စား ဖြစ် ကြ တာ မျိုး လောက် ပဲ ရှိ တော့ တယ်။

သူ မဖခင် ဟာ မွေးနေ့ တွေ ကျင်း ပပေးတဲ့ အလေ့ မရှိ ရုံ မက ၊ မွေးနေ့ လက်ဆောင် လည်း ပေး လေ့ မရှိ ခဲ့ ဘူး။ သူမ ဖခင် ရဲ့ အယူ အဆ က ရှင်း ပါတယ်၊ မွေးနေ့ ဆိုတာ လူ တစ်ယောက် လူ့ လော က ကို ခြေခွင့် ရ တဲ့ နေ့ ရဲ့ နှစ် ပတ်လည် နေ့ တွေ ပဲ ဖြစ် တယ်။ တခြား ရက်တွေ နဲ့ ဘာ မှ မထူး ခြားတဲ့ အဲဒီ ရက် မှာ မှ ထူးခြား ပြီး ဘာတွေ လုပ်နေ မှာ လဲ၊ ဘာ အတွက် လက်ဆောင် တွေ ပေး နေ ရ မှာ လဲ၊ အဓိ က ကျ တာ ကိုယ် တစ် နှစ် ပို ကြီး လာ တဲ့ အတွက် တစ် နှစ်စာ ပို သိလာ ရ မယ် ၊ မနှစ် ကထက် ဒီ နှစ် ကိုယ် ဘာတွေ ပို တတ် လာ ပြီ လဲ ၊ ပို သိလာပြီ လဲ ဆို တာ ဆင်ခြင် ကြည့် ရ မယ်   လို့ ဆို ပါတယ်။ အဲဒါကြောင့် သူ မရဲ့ ငယ်ဘဝ မွေးနေ့ တွေမှာ မိဘ ကို ကန်တော့ ၊ မိသားစု ဝိုင်း ဖွဲ့ စားသောက် ရင်း ပဲ ပြီး သွား ခဲ့ တယ်။

သူမ ဖခင် က မွေးနေ့ လက်ဆောင် မပေး တတ် ပေ မယ့် သူမ ရဲ့ စွမ်း ဆောင် ရည် ထူးထူး ခြားခြား ပြ နိုင် တဲ့ အခါ တွေ မှာတော့ ဆု အနေ နဲ့ အမှတ် တရ လက်ဆောင် ပေးလေ့ ရှိတယ်။ ကျောင်း တွင်း ထူးချွန်ဆုတွေ ၊ စာစီစာကုံး၊ သချင်္ာ ရည် ချွန်ဆုတွေ အမြဲ ရတတ် တဲ့ သူမ အတွက် အဲဒီ အချိန်တွေ မှာ သူမ လို ချင် တာတွေ တောင်း ဆို ခွင့် ရှိတယ် တယ်။ သမီး မွေးနေ့ ရောက် ရင် ဝယ် ပေး မယ် ဆိုတဲ့ စကား အစား သမီး စာမေး ပွဲ မှာ ဆု ရရင် အဖေ ဝယ်ပေး မယ် ဆိုတဲ့ စကား တွေ နဲ့ ကိုယ်ပိုင် အစွမ်း ကို ပဲ တန် ဖိုး ထား တတ် အောင် လေ့ ကျင့် ပေး ခဲ့ တယ်။ အဲဒီ ရဲ့ အကျိုးဆက် က သူမ ဘဝ တလျောက် မှာ စိတ်ကူးယဉ် မဆန် တတ်တဲ့ သူ၊ သူ တပါး ကို အား မကိုး တတ် ပဲ ကိုယ် တိုင် ဖန်တီး တတ် တဲ့ သူ၊ ကိုယ် က တခု လိုချင်ရင် ကိုယ့် ဘက် ကလည်း ထိုက် တန်တဲ့ ပေးဆပ် မှု ရှိ ရ မယ် ဆိုတဲ့ အသိ ကို လက်ကိုင် စွဲ ထား တဲ့ သူ တစ်ယောက် ဖြစ် လာ ခဲ့ တယ်။

မွေးနေ့ လုပ်ပေး လေ့ မရှိ တဲ့ သူမ အဖေ က သူမ ၁၂ နှစ် ပြည့် မွေးနေ့ မှာတော့ သူမတို့ နေတဲ့ ရွာလေး က လူတွေ ကို ရန်ကုန် မုန့် ဟင်း ခါး စားစေချင်တဲ့ စေတနာ နဲ့ ရွာ လုံး ကျွတ် ကို သူမ မွေးနေ့ အထိမ်း အမှတ် ကျွေးခဲ့တယ်။ သူ မ အဖွား စိုး ရိမ် ခဲ့ သလို ပါ ပဲ သူ မ ရဲ့ ၁၂ ပြည့် မွေးနေ့ ဟာ သူမအတွက် မိစုံ ဖစုံ နဲ့ နောက် ဆုံး ကြုံ ခဲ့ တဲ့ မွေးနေ့ ပါပဲ။ ဘာလို့ လဲ ဆိုတော့ နောက် ၉ လ အကြာ မှာ သူမ အဖေ ရုတ် တရက် ကွယ်လွန် သွား ခဲ့ပါတယ်။ ၁၃ နှစ်က စလို့ သူမရဲ့ ဆယ်ကျော် သက် ဘဝ မွေးနေ့ တွေ ကို အမှု မဲ့ အမှတ် မဲ့ ၊ တိတိ ကျကျ ပြော ရ ရင် ကျောင်းစာတွေ နဲ့ လုံးထွေးရင်း၊ ငွေကြေး မပြေလည် တဲ့ မိခင် ကြီး ရဲ့ သောက တွေ ကို မျှ ဝေခံစား ရင်း ကုန်လွန် ခဲ့ တယ်။

မုန့် ဖိုးတောင် အနိုင်နိုင် ဘဝ မှာ သူငယ်ချင်းတွေ ကို မွေးနေ့ မုန့် လိုက် ကြွေး ဖို့ ဆို တာ စဉ်းတောင် မစဉ်း စား မိတဲ့ အဖြစ်၊ မွေးနေ့ လက်ဆောင် ရဖို့ ဆို တာ လည်း သူမ အတွက် တော့ အလှမ်း ဝေးနေ ဆဲပဲ။ အဲလို ပဲ သူမ ဘက် က လက်ဆောင် ပြန် မပေး နိုင် တဲ့ အတွက် သူများတွေ မွေးနေ့ လိုက် ကြွေး ရင် လည်း ကြံ ဖန် ငြင်း ဆန်တတ် မြဲ။

ယောက်ျားလေးတွေ နဲ့ မေးထူး ခေါ် ပြော တောင် မရှိ တဲ့ သူ မကို စိတ် ဝင် စား နေတဲ့ အတန်း ထဲ ကကောင်လေး တွေ က ကျောင်း ခေါ် ချိန် စာအုပ် ထဲက နေ သူမ မွေးနေ့ ကို သိပြီး သူ မရဲ့ ၁၅ နှစ် မွေးနေ့ နဲ့ ၁၆ နှစ် မွေးနေ့ တွေ မှာ သူမ စားပွဲ ခုံ ထဲ ကဒ် လေး တွေ နှင်း ဆီ ပန်း လေး တွေ ထည့် ထား ပေး တာ ကြုံ ခဲ့ ဖူးတယ်။ ၁ရ နှစ်ပြည့် မွေးနေ့ မှာတော့ သူငယ်ချင်း တစ်ယောက် ရဲ့ အကိုက သော့ လေး ခပ်ထားတဲ့ ဒိုင် ယာရီ လေး တစ်အုပ် သူငယ်ချင်း ကတဆင့် မွေးနေ့ လာက်ဆောင် ပေး လာ ပြန် တယ်။

ဆယ်ကျော် သက် မိန်း ကလေး တစ်ယောက် အဖို့ ဒီလို လက်ဆောင်လေးတွေ ဟာ ရင်ခုန် တိမ်း မူး စ ရာ ပါ။ ဒါပေမယ့် သူ မ အတွက် တော့ သူမရဲ့ ရည်မှန်း ချက် တွေ ၊ ကျောင်း စာတွေ လောက် ဘယ် အရာ ကမှ မဖျား ယောင်း နိုင် ခဲ့ ဘူး။ ဒါကြောင့် ဘယ်သူ တွေ လာပေး ထား လဲ သိဖို့ မကြိုး စား ခဲ့ သလို ၊ သူငယ်ချင်း မ ယူလာတဲ့ လက်ဆောင်ကို လည်း လက်မခံ ခဲ့ ဘူး။

၁၈ နှစ် ပြည့် မွေးနေ့ မှာတော့ study guide အလုပ် နဲ့ ကိုယ် ပိုင် ဝင် ငွေ အတော် အတန် ရှာ နိုင် ခဲ့ ပြီ ဖြစ်လို့ သူငယ်ချင်း အချို့ ကို မွေးနေ့ အထိမ်း အမှတ် ဖိတ် ကြွေး ပြီး မိခင် ကြီး ရော၊ သူငယ်ချင်းတွေပါ ခေါ် လို့ ဘုရား လိုက် ပို့ ဖြစ် ခဲ့ ကြတယ်။ ဥပဒေ အရ လူ ရာ ဝင် ပြီ လို့ သတ်မှတ် နိုင်တဲ့ မွေးနေ့ မှာ ကိုယ် ပိုင် ဝင် ငွေ ကိုင် သုံး ပြီး ကိုယ့် ခြေထောက် ပေါ် ရပ် နိုင် နေပြီ ဖြစ် တဲ့ အတွက် သူမ ကျေ နပ် ခဲ့ တယ်။

၁၉ နှစ်ပြည့် မွေးနေ့ ကတော့ သူမ အတွက် ရင် ခုန် ကြည်နူး စရာ ပါ။ သူမ မွေးနေ့ နဲ့ ၂ ရက် ပဲ ကွာ တဲ့ ဒီဇင်ဘာ ၁၂ ရက် မွေးနေ့ ရှင် ချစ်သူ နဲ့ အတူ ဆင်နွှဲ ခွင့် ရ ခဲ့ လို့ ပါ ပဲ။ သူ မတို့ ချစ်သူ ၂ဦး ရဲ့ အံ့ ဩ စရာ တိုက် ဆိုင် မှု လေး ကြောင့် အမှတ် တမဲ့ မွေးနေ့ တွေ ဟာ အမှတ် တရ ဖြစ်လာ ခဲ့ တယ်။ အချစ်နဲ့ တွေ့ ရင် လူတွေ ဟာ စိတ် ကူး ယဉ်တတ် လာ တယ် တဲ့ ။ စိတ် ကူး မယဉ်တတ် တဲ့ သူမ လည်း ချစ်သူနဲ့ မွေးနေ့ လက်ဆာင် လေးတွေ အပြန် အလှန် ပေး ရင်း စိတ်ကူး ယဉ် တတ် လာ ခဲ့ တယ်။

၂ဝ ပြည့် မွေးနေ့ ကလည်း အမှတ် ရ စရာ ပါပဲ ။ ချစ်သူ နဲ့ အတူတူ ဘုရား တွေ သွား ဖူးပြီး တော့ ဆိတ်ငြိမ် အေးချမ်းတဲ့ နေရာ လေး တစ်ခု မှာ ၂ ယောက် အတူ မွေးနေ့ ပွဲလေး ဆင် နွှဲ ဖို့ ရည် ရွယ် ခဲ့ တယ်။ ချစ်သူတွေ ပဲ သွားလေ့ ရှိတဲ့ အပန်း ဖြေ ဥယျာဉ် ထဲ က သစ်သား အိမ် လေး ထဲမှာ စား သောက် စရာတွေ ခင်း ကြင်း စားသောက် ရင်း သူ မတို့ ချစ်သူ ၂ ဦး အနာဂတ် အတွက် တိုင် ပင် ရင်း စကားတွေ ဖောင် ဖွဲ့ ခဲ့ ကြ တယ်။ တိတ် ဆိတ် အေး ချမ်းတဲ့ ကြည်နူး စရာ ပတ် ဝန်း ကျင် ရဲ့ စေ့ ဆော် မှု ဟာ ချစ်သူရဲ့ စိတ် တွေ ကို ဘောင်ဘင် ခက်စေ ခဲ့ တယ်။ မွေးနေ့ အမှတ် တရ အဖြစ် သူမ ရဲ့ အပျို စင် ဘဝ ကို တောင်း ဆို လာ ခဲ့ တယ်။

ရယူ ချင်ရင် ထိုက် သင့် တဲ့ ပေး ဆပ် မှု ရှိ ရမယ် လို့ ခံ ယူ ထား တဲ့ သူ မ ပဲလေ ၊ မွေးနေ့ လက်ဆောင် ဆိုတဲ့ ပေါ့ ပျက်ပျက် ခေါင်း စဉ် အောက် မှာ သူမ ဘဝ ကို ဘယ် ပေး နိုင် လိမ့် မလဲ။ ကိုယ့် ဘဝ ကို ရပ် တည် နိုင်ပြီး သူမ ကို လက်ထပ် နိုင် ခြင်း ဆိုတဲ့ချစ်သူ ဘက်က ပေးဆပ် မှု ရှိ မှ သာ သူမ ရဲ့ အပျို စင် ဘဝ ကို ပိုင် ဆိုင် ခွင့် ရ ရ မှာပေါ့လို့ ပြန်ပြော  လိုက် တယ် ။ သူမ ကို အချစ်ကြီးတဲ့ ၊သူမ ငြို ငြင် မှာ သေ မလောက် ကြောက် တဲ့ ချစ်သူ လည်း သူမ စကား တွေ ကို နားထောင် လို့ စိတ်ဆန္ဒ တွေ ကို ချုပ် ထိန်း နိုင် ခဲ့ တယ်။ သူ မရဲ့ ၂ဝ နှစ်ပြည့် မွေးနေ့ ရဲ့ အမှတ် တရ အဖြစ် အပျက် တစ်ခု ပါ ပဲ။

နောက် ပိုင်း နှစ်တွေ မှာတော့ ဒီဇင်ဘာ ၁ဝ ရက်  သူမမွေးနေ့ ၊ ဒီဇင်ဘာ ၁၂ ရက်  ချစ်သူ မွေး နေ့ တွေ ရဲ့  ကြား ရက်  ဒီဇင်ဘာ ၁၁ ရက်  မှာနှစ် ယောက် လုံး ရဲ့  မွေးနေ့ အမှတ် တရ  ကို  ပေါင်း လုပ် ဖြစ်တယ်။ နင် တို့ ၂ယောက် က ၂ ခါ မကုန် တော့ ဘူး ပေါ့ လို့ သူ ငယ်ချင်းတွေ က နောက်တတ် ကြတယ်။ အဲဒီနေ့ မှာ အမေတွေ ကို ငွေသား ဖြစ်စေ၊ လက်ဆောင် ပစ္စည်း တွေ နဲ ဖြစ်စေ ဦး ချ ကန်တော့ ကြပြီး မြို့ တွင်း ဖြစ်စေ၊ ကျိုက် ထီး ရိုး ၊ ပဲခူး ၊ ဇလွန် တို့ လို မြို့ ပြင် ဖြစ်စေ ဘုရားဖူး ပို့ လေ့ ရှိတယ်။ အိမ်သား တွေနဲ့ မိတ်ဆွေ တွေ ကို မုန့် လိုက် ကြွေး ၊ မုန့်ဖိတ် ကြွေး တာ က လွဲ လို့ ပါတီ လို မျိုး ကြီးကြီး ကျယ်ကျယ် တွေ လုပ ်ဖို့ ကိုတော့ ၂ ယောက် လုံး ဝါသနာ မပါ ကြ ဘူး။ စီးပွားရေး အခြေ အနေ အရ ၊ သူ မတို့ နေတဲ့ နေရာ ဒေသ ၊ အလုပ် အကိုင် အခြေ အနေ တွေ အရ ဖိတ်ကြွေး ဖြစ်တဲ့ မိတ် ဆွေ တွေ လည်း ပြောင်း လဲ တတ် သလို တချို့ နှစ်တွေ မှာလည်း ဘယ် မိတ်ဆွေ မှ မဖိတ်ကြွေး ဖြစ်ခဲ့ ဘူး။ ဖိတ် ရင်လည်း လက်ဆောင် ယူ လာ မှာ စိုး လို့ မွေးနေ့ လို့ မပြော ပဲ အလှူ လို့ ပြော ဖိတ်တတ်တယ်။

အဓိ က က တော့ သူမ ဖခင် ပြောခဲ့ ဖူး သလို ပဲ မွေးနေ့ ဆို တာကို အထူး တလည် ကြီး လုပ် မနေ ဘဲ တစ် နှစ် တာ အတွင်း ကိုယ့် ဘာ တွေတိုး တတ် လာ လဲ ဆင်ခြင် သုံး သပ ်ရ မယ့် နေ့ တစ်နေ့ ဖြစ် တယ် ဆို တာ ကို သူ မ ရော ချစ်သူ ပါ လက်ကိုင် ထား ခဲ့ ပြီး ဘဝ ကို လက်တွေ့ ကျကျ လက် တွဲ ရင် ဆိုင် ခဲ့ ကြတယ်။

အဲဒီ လို နဲ့ မွေးနေ့ တွေကို  ဖြတ်ကျော် ရင်း သူမ လည်း ရင့် ကျက် တဲ့ သက် လတ် တန်း အမျိုး သမီး တစ်ယောက် ဖြစ် လာ ခဲ့ပါ ပြီ။ လူ့ သက်တန်း သာ နှစ် ၇ဝ ဆို ရင် ဒီနေ့  (ဒီဇင်ဘာ ၁ဝ ) မှာ သူမ ဟာ လူ့ သက်တန်း ရဲ့ အလယ်တည့် တည့် ကို ရောက် လာ ခဲ့ ပြီ။ သန်ဘက်ခါ (ဒီဇင်ဘာ ၁၂) ကျပြန်တော့ သူမ ထက် ၃ နှစ်ကြီးတဲ့ ချစ်သူ ရဲ့ ၄ဝ အကြို ၂ နှစ် လို တဲ့ မွေးနေ့ ရောက် လာ ပါ အုံး မယ်။ ဒီလို နဲ့ ပဲ မွေးနေ့ တွေ ဟာ တစ် နှစ်ပြီး တစ် နှစ် ကုန် လွန် ရင်း အသက်တွေ လည်း ကြီး ကြီး သွား မှာ ပါ ပဲ။

51 comments

  • kaung kin pyar

    December 10, 2012 at 1:23 pm

    Happy Birthday Ma Mo Cho!!!!!! မွေးနေ့မှာတောင် အချိန်ပေးပြီး ဂေဇက်မှာ ပိုစ့်တစ်ခု တင်ပေးလို့ ကျေးဇူးတင်တယ်….။ မွေးနေ့တိုင်း မွေးနေ့တိုင်း အောင်မြင်ပြီး ကိုယ့်ဘဝကိုယ်ကျေနပ်သော စိတ်တစ်ခု ပိုင်ဆိုင်နိုင်ပါစေနော်……..။

  • မိုချို

    December 10, 2012 at 1:28 pm

    ကောင်း ကင် ပြာ
    မထမ ဆုံး မွေးနေ့ ဆုတောင်း လေး အတွက် ကျေး ဇူး ပါ။

  • kaung kin pyar

    December 10, 2012 at 1:43 pm

    🙂 မွေးနေ့ဆိုတာ လူတစ်ဦးချင်းဆီအတွက် သူ့ဟာနဲ့သူတော့ အရေးပါ အရာရောက်တယ်လို့တော့ ကောင်းကင်ပြာထင်ပါတယ်…။ ဘာလို့လဲဆိုတော့ လူ့ဘဝဆိုတာ လူအဖြစ် ဝင်လာတဲ့နေ့နဲ့ ထွက်သွားတဲ့နေ့ကြားကာလ မဟုတ်လား…။ ပုထုဇဉ်တိုင်းက အဲ့ဒီနေ့နှစ်နေ့မှာ တစ်နေ့ပဲ သိခွင့်ရကြတာပါ…။

  • amatmin

    December 10, 2012 at 1:45 pm

    အမ မိုချိုရေ..
    မွေးနေ့ရက်မှာ ပိုပျော်ပါစေ..နောင်နေရမဲ့ရက်တိုင်းလည်း..
    မင်္ဂလာပို ပိုပီး ရှိနေပါစေလို့ ဆန္ဒပြုပါတယ် နော့..

  • Inz@ghi

    December 10, 2012 at 1:49 pm

    ကျိတ်ကျိတ်ပီးတောင်းတဲ့ ဆုတွေ ပြည့်ပါဇီတော်..

    :harr:

  • kyeemite

    December 10, 2012 at 1:58 pm

    မင်္ဂလာမွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာ
    ချစ်ရသောမိသားစုလေးနဲ့ ပျော်ရွှင်ချမ်းမြေ့စွာဖြတ်သန်းနိုင်ပါစေ မိုချိုရေ… :528:

  • weiwei

    December 10, 2012 at 2:08 pm

    happy birthday ပါ မိုချို …

  • Hnin Hnin

    December 10, 2012 at 2:15 pm

    မမိုက ကိုယ့်မွေးနေ့မှာတောင် စာအရေးကောင်းပဲနော်..နမူနာကောင်းတွေနဲ့ အတုယူစရာပဲ…

    ” မွေးနေ့ရက်မှာ မမို ချစ်တဲ့ခင်ပွန်း၊သားလေးနဲ့အတူ ပျော်ရွှင်မှုတွေ ရရှိပါစေ ”

  • ဗုံဗုံ

    December 10, 2012 at 2:15 pm

    happy birthday မမမိုချို ပျော်ရွင်ပါစေ
    ဘာမှလည်း ချားရဘူးနော် 🙂

  • မိုချို

    December 10, 2012 at 2:21 pm

    ခုမှ ကြည့် မိတယ် ၃၅ နှစ်ပြည့် မှာ ၃၅ ခု မြောက်ပိုစ့် ကို တင် မိ တာ ပဲ။

    ကောင်း ကင် ပြာ ရေ
    လူ တစ်ယောက် နဲ့တစ်ယောက် ခံယူ ပုံ ချင်း ကွာ တာ ပေါ့ ညီ မ ရယ်။ အမ အဖေ ပြော ခဲ့ တာ ရယ်၊ ငယ်ဘဝ အတွေ့ အကြုံ တွေ ရယ်ကြာင့် မွေးနေ့ ဆို တာ အမအတွက် တော့ ထူးထူး ခြား ခြား မခံ စား ရဘူး ။ အခု ချိန် မှာတောင် ၂ ယောက် မွေးနေ့ ကပ် နေ လို့ သာ အမှတ် တရ ရှိ နေ တာ ၊ မဟုတ် ရင်မေ့ တောင် နေ မလား ပဲ။
    ဆုတောင်း ပေး ကြတဲ့
    အမတ် မင်း၊ ဂီဂီ၊ ဦး မိုက် တို့ ကို ကျေး ဇူး ပါ လို့ ။

  • Foreign Resident

    December 10, 2012 at 2:35 pm

    Happy Birthday ပါ မမိုချို ရေ ။
    ယခု မွေးနေ့မှစလို့ ကောင်းကျိုး လိုရာ ဆန္ဒများနှင့် ၊
    ပြည့်စုံပါစေကွယ် ။

  • မိုချို

    December 10, 2012 at 2:36 pm

    မဝေ၊ နှင်း နှင်း ၊ ဗုံဗုံ တို့ ရေ ကျေး ဇူး ပါနော်။
    …….နမူနာကောင်းတွေနဲ့ အတုယူစရာပဲ……..တဲ့ လား နှင်း နှင်း ရေ။ ဟုတ် ပါတယ် မိုချို့ ကိုယ် တိုင် လည်း ငယ်ဘဝ အချိန် တွေ အတွက် ကိုယ့် ကိုယ် ကို အမြဲ ဂုဏ် ယူ မိတယ်။
    ဗုံဗုံ ရေ
    ရွာသူ အသစ် လေး ကို စ မိတ် ဆက် ကတည်း က ဖက် ဖြစ် ပေမယ့် ပြန် နှုတ် မဆက် လိုက် မိ တာ ခွင့် လွှတ် ပါနော်။

  • မိုချို

    December 10, 2012 at 2:43 pm

    thank you ပါ အဘ ဖောရေ။

  • Shwe Ei

    December 10, 2012 at 3:00 pm

    ပျော်ရွှင်စရာမွေးနေ့ဖြစ်ပါစေ မမိုချိုရေ။
    မိသားစုလဲ ကျန်းမာ ချမ်းသာ ရှိကျပါစေ။

  • Khaing Khaing

    December 10, 2012 at 3:04 pm

    ဒီဇင်ဘာ (၁၀) ရက်နေ့ဟာ တိုက်တိုက် ဆိုင်ဆိုင် ခိုင်ခိုင့်သမီးလေးရဲ့မွေးနေ့ပါ မမိုချို …..
    သမီးလေးနဲ့ မွေးနေ့တူတဲ့မမိုချိုလည်း ကိုယ်စိတ်နှလုံးအေးချမ်းပျော်ရွှင်ပါစေလို့ …..
    ညီမကတော့ သမီးလေးရဲ့မွေးနေ့ကိုနှစ်စဉ်နှစ်တိုင်း လုပ်ပေးဖြစ်တယ် … အဲဒီနေ့မှာ သူ့အတွက် အလှူတစ်ခုခုနဲ့ ကိတ်မုန့်ရယ် အမှတ်တရမွေးနေ့လက်ဆောင်တွေပေးဖြစ်တယ် …….

    နောက်တစ်ခု မမိုချိုလိုပဲ ဒီဇင်ဘာ (၁) ရက်နေ့ဟာလည်း ညီမအမျိုးသားရဲ့မွေးနေ့ …. ကိုယ့်ချစ်သူနဲ့ကိုယ်နဲ့ မွေးလတူတာလည်း တိုက်ဆိုင်တယ် ….

    ညီမမွေးနေ့ကတော့ ခရစ္စမတ်နေ့မတိုင်မီပေ့ါ …..

    ဒီဇင်ဘာလဖွားချင်းတူတဲ့မမိုချိုတို့ချစ်သူလင်မယားနှစ်ယောက်ပျော်ရွင်သာယာချမ်းမြေ့စွာနဲ့ သားလေးကို သက်ဆုံးတိုင် ပြုစုရင်းပျော်ရွှင်စွာနဲ့နေထိုင်သွားနိုင်ပါစေလို့ …….

    ဆုမွန်ကောင်းတောင်းလျှက်
    Khaing Khaing

    • Inz@ghi

      December 10, 2012 at 3:09 pm

      တကယ်တော့ ဒီဇင်ဘာ ၁ဝရက်နေ့ဟာ ကမာ္ဘ့ လူညာကြီးများ နေ့ ဖြစ်ပါတယ်ခီညာ…

      Human = လူ
      Rights = ညာများ…

      ဟီဟိ..

      ဒက်ဂလောက်..ဒက်ဂလောက်..

      :kwi:

      • Khaing Khaing

        December 10, 2012 at 3:40 pm

        သူများမိသားစုတွေပျော်ရွှင်နေတာ မနာလိုမဖြစ်စမ်းပါနဲ့အေ …. ဇန်နဝါရီလဖွားချင်းတူတဲ့သူကို ရှာယူလိုက်စမ်းပါ … သူများလို ကြွားလို့ရအောင်လို့ ….

    • ခင်ခ

      December 10, 2012 at 3:44 pm

      ဒီဇင်ဘာ မမခိုင်တို့မိသားစုလည်း ပျော်ရွှင်သာယာသော မိသားစုလေး အစဉ်ဖြစ်ပါစေလို့။

  • နွယ်ပင်

    December 10, 2012 at 3:07 pm

    Happy Birthday ပါမမိုချိုရေ ….
    မွေးနေ့မှစလို့ နောင်လျှောက်လှမ်းရမယ့် ဘ0ခရီးလမ်းမှာ
    ပျော်ရွှင် သာယာသောနေ့ရက်များစွာကို ပိုင်ဆိုင်နိုင်ပါစေနော် …

  • ခင်ခ

    December 10, 2012 at 3:26 pm

    Happy Birthday ပါ မိုချိုရေ။
    ရှေ့ဆက်ဘဝခရီးမှာ လိုချင်တာတွေပြည့်ပါစေနော်။

  • jullies cezer

    December 10, 2012 at 3:47 pm

    မမိုချိုတစ်ယောက် မွေးနေ့မှသည် ကောင်းကျိုးလိုအင်ဆန္ဒများပြည့်စုံပါစေ ………

  • သကြားလုုံးကြော်

    December 10, 2012 at 3:53 pm

    Happy Birthday မမိုုချိုရေ။ ကျမကတော့ ဘုုန်းကြီးကျောင်းတော်တော်နဲ့ ရောက်ခဲတော့ လွန်ခဲ့တဲ့ ၃-၄နှစ်လောက်ကစပြီး မွေးနေ့ အတွက် အိမ်နဲ့နီးတဲ့ ကျောင်းက ဘုုန်းကြီး တစ်ပါးနှစ်ပါးကိုု အာရုုံဆွမ်း ကပ်တဲ့ အလေ့အထ ကျင့်နေတယ်။ အထင်တော့မကြီးနဲ့ နေ့ဆွမ်းကပ်ရလောက်အောင် ဟင်းမချက်တတ်လိုု့ ချက်တတ်တဲ့ မနက်စာ တစ်ခွက်ကိုုပဲ နှစ်တိုုင်း ကပ်နေတာ။ ဘုုန်းကြီးတော့ ရိုုးမှာပဲ။
    သူများတွေက ဘုုန်းကြီးကျောင်းသွားဖြစ်လားမေးရင် တစ်နှစ်ဘယ်နှစ်ခေါက်မှန်း ကွက်တိဖြေနိုုင်တယ် ၊ဟီဟိ။

    ငယ်ငယ်တည်းက ကပ်စီးနဲလိုု့ သူငယ်ချင်းတွေကိုု အခုုထိ မွေးနေ့အတွက်ဆိုုပြီး ဘာမှမကျွေးဘူး။ မမိုုချိုပြောသလိုုပဲ၊ သူများမွေးနေ့လည်းမသွားဘူး။ ဒါကြောင့် သူငယ်ချင်းတစ်ယောက်မှ မကျန်တော့တာဖြစ်မယ်။

  • မိုချို

    December 10, 2012 at 3:54 pm

    မွေးနေ့ ဆုများ ချီး မြှင့် ကြ တဲ့ ရွှေအိ၊ နွယ် ပင် ၊ခိုင်ခိုင် ၊ ကို ခင်ခ တို့ ကိုလည်း ကျေး ဇူး တင် ပါတယ်။

    ခိုင် နှမ တို့မိသား စု က ဒီဇင်ဘာ ဘွန်းတွေ ချည်း ပဲ ပေါ့ ။ မိုချို နဲ့ မွေးနေ့ တူတဲ့ သမီးလေးရဲ့ မွေး နေ့ မှသည် နောင် နှစ် ပေါင်း များ စွာ တိုင် မိဘတွေ အတွက် ထီး လို မိုး ပေး နိုင် တဲ့ ပညာတတ်၊ လူ ရည် မွန်သမီးကောင်း ရတနာလေး ဖြစ် ပါစေလို့ ဆုတောင်း ပေး လိုက် ပါတယ်။
    ဂီဂီ ရေ ဒီဇင်ဘာ ၁ဝ ရက် က လူ့ အခွင့် ရေး နေ့ တဲ့ လား ၊ ခု မှ သိတယ်။

  • kai

    December 10, 2012 at 4:02 pm

    ၁၂၁၂၁၂မှာ.. ၁၂တွေ၃ထပ်ကျတာမို့.. အဲဒီမွေးနေ့ရှင်ကို.. ဂုဏ်ပြုတဲ့အထိမ်းအမှတ်နဲ့.. နောက်ကလေးတယောက်ထပ်ယူလိုက်…

    ရှားရှားပါးပါးနော… :kwi:

    • မွေးလာတဲ့ ကလေးအတွက်
      စရိတ်စခ အားလုံးကို
      ကျုပ်ဘဂျီးက တာဝန် ယူမှာဘာဒဲ့ ..
      :harr:

      +++++++++

      အမရေ …

      အက်ပီးဘက်ဒေး ပါလို့ ….
      မွေးနေ့မှ နှစ်ပေါင်းများစွာတိုင်အောင်
      ချစ်သော မိသားစုနဲ့ ပျော်ရွှင်စွာ ဘဝကို ဖြတ်သန်းနိုင်ပါစေလို့ ..
      ဆုတောင်း ပေးလိုက်ပါတယ်နော့ …

      • မိုချို

        December 11, 2012 at 8:28 am

        ဟုတ်ပါ့ အံဇာတုံး ရေ
        ကလေး တစ်ယောက် မွေး ရ တာ လွယ် တာ မှတ် လို့ ၊ ပြုစုပျိုးထောင် ရ တာ က ပိုတောင် ခက်သေး နော။ ကလေး မွေး တိုင်း ထောက် ပံ့ ကြေး ပေး တဲ့ နိုင် ငံ ဆို လည်း ကောင်း သား။

    • မိုချို

      December 10, 2012 at 6:47 pm

      သဂျီးရေ လောလော ဆယ်တော့ ၁၂ ၁၂ ၁၂ မှာ ဘာ တွေ လုပ် ကြ မယ် ဆိုလား ၊ စိုး ရိမ် မိ ပါရဲ့။

  • MaMa

    December 10, 2012 at 4:03 pm

    ဒီဇင်ဘာဘွန်းတွေ လာတွေ့နေပြီ။ :hee:

    ကိုယ်မွေးတဲ့ လ မို့လား မသိဘူး။

    ဒီဇင်ဘာလဟာ နှစ်တစ်နှစ်ကို အေးချမ်းမှုတွေနဲ့ အဆုံးသတ်ပေးပြီး…….
    နှစ်သစ်ကို ကြိုဆိုတဲ့ လ မို့ မင်္ဂလာ ရှိတယ်လို့ ခံစားရတယ်။

    ဒါ့အပြင် ကမာ္ဘတစ်ဝှမ်းလည်း ခရစ်စမတ်နဲ့ နှစ်သစ်ကူးပိတ်ရက်ရှည်တွေနဲ့မို့ ပျော်ရွှင်စရာတွေ ပြည့်နေတယ်လို့ ထင်မိတယ်။

    ဒီဇင်ဘာဇနီးမောင်နှံ မိုချိုတို့ မိသားစုလည်း ကောင်းကျိုးချမ်းသာ မင်္ဂလာအဖြာဖြာနဲ့ ပြည့်ဝပါစေလို့ ဆုတောင်းပေးပါတယ်။ :hee:

    မိသားစုများအားလုံး

  • မိုချို

    December 10, 2012 at 4:05 pm

    jullies cezer နဲ့ သကြား လုံး ကြော် တို့ ကို လည်း thank you ပါ။
    ွသကြား လုံး ကြော် ရေ အ မ လည်း ခုချိန်ထိ ကလေးလေး တွေ မွေးနေ့ ကလွဲ လို့ လူကြီး တွေ က မွေးနေ့ လို့ ပြော ပြီး ဖိတ်ရင် မသွား ဖြစ် တာ များ တယ်။

  • မိုချို

    December 10, 2012 at 4:33 pm

    အန်တီ မမ ( အမ အရွယ် လောက် မှန်း သိ ပေ မယ့် မ မမ ဆိုတော့ လည်း ခေါ် ရတာ ထောက် နေပြန်၊ မမ ဆိုတော့ လည်း မယဉ် ကျေး သလို ခံ စား ရ လို့ မမဝေ ခေါ် သလို အတန်တီ မမ လို့ ပဲ ခေါ် ပါရ စေ)
    ဒီဇင် ဘာ ဘွန်း ဆိုတော့ ၊ happy birthday လို့ ပဲ ပြန် နှုတ် ဆက် ပါ တယ် ။ မိုချို လည်း ဒီဇင် ဘာ လ ကို ချစ် တယ်။

  • ကျနော်ကိုယ်တိုင်လဲငယ်စဉ်ကာလက မွေးနေ့ရက်များကို အမှတ်တမဲ့ကျော်ဖြတ်ခဲ့။
    ဒါပေမယ့် တစ်ယောက်သောမိတ်ဆွေ(အခုထိလဲမိတ်ဆွေ ပါဘဲ)
    သူ့မွေးနေ့လေးက မမေ့နိုင်စရာ ရက်ကလေး။
    6-12-72 မွေးသူလေးပေါ့။
    သူနဲ့ခင်မင်ချိန်ကစလို့ မွေးနေ့တွေကို အမှတ်တရလက်ဆောင်ပေးတာကို ကြုံခဲ့ရ။
    အခုမန်းလေးဂေဇက်ရောက်ပြန်တော့လဲ မိတ်ဆွေမွေးနေ့ ကိုယ့်မွေးနေ့အမှတ်တရ။
    တကယ်တော့ မွေးနေ့ ကနေနောက်ပြန်ကြည့်ခဲ့ရင်
    ကိုယ်ပြုလုပ်ခဲ့တဲ့ကောင်းသော မကောင်းသော မှတ်တိုင်တွေ
    ဘယ်လောက်ချန်ထားခဲ့သလဲဆိုတာကို……………………………….

    မမို့ချို မွေးနေ့မှာပျော်ရွှင်ပါစေ.။

    • မိုချို

      December 11, 2012 at 8:32 am

      မွေးနေ့ ကနေနောက်ပြန်ကြည့်ခဲ့ရင်
      ကိုယ်ပြုလုပ်ခဲ့တဲ့ကောင်းသော မကောင်းသော မှတ်တိုင်တွေ
      ဘယ်လောက်ချန်ထားခဲ့သလဲဆိုတာကို……………………………….
      ဟုတ် တယ် လေး ပေါက် ရေ တခြား အချိန် တွေ မှာ မတွေး မိ ရင် နေ ၊ မွေး နေ့ မှာ တော့ အပျော် အပါးနဲ့ ပဲ အချိန် ကုန် တာ ထက် စာရင် အဲ လို မျိုး လေးလည်း တစ်ချက်လောက် တွေးကြည့် သင့် တယ်လို့ ထင်တယ်။

  • Tin Tin

    December 10, 2012 at 5:07 pm

    Happy Birthday ပါ မမိုချိုရေ….
    နောင်နှစ်ပေါင်းများစွာ ကိုယ့်ရဲ့ ချစ်ခင်နှစ်သက်မြတ်နိုးသော မိသားစုနဲ့အတူ ကျန်းမာ၊ ပျော်ရွှင်ချမ်းမြေ့ပါစေနော်…
    ကောင်းကျိုးချမ်းသာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေနော်…

  • aye.kk

    December 10, 2012 at 5:14 pm

    မိုချိုရေ…..
    မွေးနေ ့မှာပျော်ရွှင်ပါစေ။
    ဒီဇင်ဘာမှာမွေးတဲ့သူဖြစ်ပြီး။
    တစ်ဂဏန်းပိုင်ရှင်ဖြစ်နေသည့်အတွက်။(၁၀)ရက်ဖွားပေါ့နော်။
    ၁။အသက်ရှည်ခြင်း
    ၂။အဆင်းလှခြင်း
    ၃။ရဲရင့်ခြင်း
    ၄။သွက်လက်ထက်မြက်မှုရှိခြင်း
    ၅။ဉာဏ်ပညာကောင်းမွန်ခြင်းပေါ့နော်၊အစရှိသည်တို ့နဲ ့ပြည့်စုံနိုင်ပါတယ်။

    • မိုချို

      December 11, 2012 at 8:41 am

      အန်တီအေး
      (၁၀. ၁၂. ၁၉၇၇) ဆိုတော့ အား လုံး ပေါင်း လိုက် လဲ တစ် ဂဏန်း ပါပဲ။ ကိုယ့် ကိုယ် ကို တော့ အန်တီအေး ပြောခဲ့ တဲ့ ၅ ချက် ထဲက ၂ ကနေ ၅ အထိ ပြည့် စုံ ခဲ့ တယ် လို့ ထင် တာပဲ။ ၁ ကတော့ မသိ သေးဘူးပေါ့ နော်။ ခုချိန် မှာ အိမ် တွင်း ပုန်း ပဲ ဖြစ် နေတော့ ၃ နဲ့ ၄ ေတောင် လျော့ ချင် လာ ပြီ။

  • ရွှေ ကြည်

    December 10, 2012 at 5:42 pm

    အစ်မမိုချိုရေ ဘာကျွေးမှာလဲ လာစားမယ်လေ :mrgreen:

    ဘဝမှာအားမာန်အပြည့်နဲ့စိတ်ဓါတ်ခွန်အားအပြည့်နဲ့ဖြစ်လာသမျှကိုရင်ဆိုင်ဖြေရှင်းပေးနိုင်တဲ့ဇနီးကောင်း၊
    မိခင်ကောင်းအယောက်အဖြစ်နဲ့ နောင်နှစ်ပေါင်းများစွာမိသားစုကိုစောင့်ရှောက်နိုင်ပါစေအစ်မရေ..။
    ဘဝတလျှောက်လုံးပျော်ရွှင်သာယာပါစေလို့…။

  • Mr. MarGa

    December 10, 2012 at 6:01 pm

    မမိုချို၏ ၃၅ နှစ်ပြည့် မွေးနေ့တွင် ၃၅ ခုမြောက်တင်သော ပို့စ် အား ဖတ်ပြီးသကာလ
    ယနေ့ ကျရောက်သည့် မွေးနေ့မှသည် နောင်နှစ်ပေါင်း များစွာတိုင်
    ချစ်ခင်ရသူများနှင့် အတူတကွ
    ဘဝ နေ့ရက်များကို စိတ်ချမ်းသာ ကိုယ်(ကျန်းမာ၊ ချမ်းသာ) စွာဖြင့်
    ဖြတ်ကျော်နိုင်ပါစေကြောင်း ဦးမာဃ မှ တောင်းဆုပြုလိုက်ပါသည်။
    (မမိုချိုရေ သိကြားမင်း ပေးတဲ့ဆုက ပြည့်တတ်တယ်ဗျ)

  • မင်းနန္ဓာ

    December 10, 2012 at 8:48 pm

    ၃၅ နှစ်မြောက် မွေးနေ့ အမှတ်တရ ၃၅ ပုဒ်မြောက် ပို့စ်မှာ
    ၃၅ ခုမြောက် ကွန်မင့်နဲ့ မွေးနေ့ဆုတောင်းပေးခဲ့ပါတယ်..
    ဟက်ပီးဘတ်ဒေးပါ မမိုချို…
    ရှေ့က ရွာသူားတွေ တောင်းပေးသွားသမျှဆုတွေနဲ့ ပြည့်ဝပါစေ..

  • Mobile

    December 11, 2012 at 2:01 am

    တစ်နေ့သ၌ မွေးနေ့ရှင်တစ်ယောက်သည် ရွာတစ်ရွာ၌ မွေးနေ့ပွဲကျင်းပါပသည်။
    မွေးနေ့ပွဲသို့လာသောသူများသည် မွေးနေ့လက်ဆောင်များမပါသလို
    မွေးနေ့ရှင်သည်လည်း ဧည့်သည်များကို မွေးနေ့ကိတ် မကျွေးခဲ့ပါ . . . . . .
    မွေးနေ့မှရှင်သည် ယခုအချိန်မှစ၍ ပုဒုမ္မာရွှေကြာပန်းလို လန်းဆန်းနိုင်ပါစေ
    ဘုန်ကြီးပါစေ အသက်ရှည်ပါစေ လိုရာဆန္ဒ တစ်လုံးတစ်ဝ ကြီးပြည့်စုံပါစေကွယ် . . . .

  • surmi

    December 11, 2012 at 8:38 am

    မွေးနေ ့မှ စပြီး သက်ထက်ဆူံး ပျော်ရွှင်ကြည်နူးစရာဘဝလေး ပိုင်ဆိုင်ရပါစေကြောင်း
    ဆုတောင်းပေးပါတယ်မမိုချို ………
    နောက်ကျနေမိတာခွင် ့လွှတ်ပါဗျာ
    ရွာထဲမရောက်လိုက်လို ့ပါ ။

  • မိုချို

    December 11, 2012 at 8:50 am

    လာစား လေရွှေကြည် ရဲ့
    သိကြား မင်း ပေးတဲ့ ဆု နဲ့ ပြည့် ပါ ရ စေ ဦး မာဃ ရေ
    ၃၅ ခုမြောက် ဆုတောင်း အတွက် ကျေး ဇူး ပါ ကို ရွာစား
    Mobile ရေ မိုချိုက တော့ မွေးနေ့ ကိတ် လှီးတာ ကလေး တွေ အလုပ် လို့ ပဲ ထင် တား တာ လူကြီးတွေ ပါ လှီး တာ ကို သူငယ်ချင်းတွေ ဖေ့ဘွက် ထဲ ဝင် ကြည့် မှ သိတော့ တယ်။ ကိုယ် တော်တော် တုံး သေး တာပဲ။
    တင်တင် နဲ့ ဦး ဆာမိ တို့ ကိုလည်း ကျေးဇူး ပါ လို့။

  • linnlinnn

    December 11, 2012 at 10:05 am

    နောက်ကျပေမဲ့. Happy Birthday ပါ မိုချို… မွေးနေ့မှသည်ကျန်တဲ့ဖြတ်သန်းရမဲ့ ဘဝလမ်းခရီးပျော်ရွှင်ချမ်းမြေ့ပါစေ…. 🙂

    • မိုချို

      December 11, 2012 at 12:20 pm

      ကျေးဇူးတင်ပါတယ်။ နောက် ကျ တယ် လို့ မထင်ပါ ဘူး ၊ ဝင်ဖတ်သွားတယ် ဆိုရင် ပဲ ကျေ နပ် နေ ပါပြီ။

  • pooch

    December 11, 2012 at 5:53 pm

    sorry for my late birthday wish…
    Happy Birthday sister….. 😀

  • မောင်ပေ

    December 11, 2012 at 7:09 pm

    ဟက်ပီဘက်ဒေး ပါဗျို ့
    အားလုံးအိုခေပါစေဗျာ

  • အရီးခင်လတ်

    December 11, 2012 at 8:05 pm

    ကြားရက် ၁၁ မှာ ဆုတောင်းပေးပါတယ် မိုချိုရေ။
    (နောက်ကျ လို့ ဆင်ခြေကောင်း ပေါ့) 😉

    ချစ်စရာကောင်း တဲ့ မိသားစုလေး အတွက် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်း နဲ့ ပြည့်စုံပြီး လိုအပ်ရာ မြင့်မြတ်သော ဆန္ဒများ အလုံးစုံ ရရှိပါစေ။

    မိုချို တို့ အတွက် အမှတ်တရ The Archer zodiac sign လေး Profile မှာပါ။

    The Archer(s)
    Optimistic and freedom-loving
    Jovial and good-humored
    Honest and straightforward
    Intellectual and philosophical

    ဆုမွန်ဖြင့်
    ချစ်တဲ့ အရီး

    မှတ်ချက်
    10th December ကို Human Rights Day အပြင် Be Nice to the Husband Day လို့ လဲ ခေါ်ကြသတဲ့။
    I don’t know WHY!!!!!
    😆

  • မိုချို

    December 12, 2012 at 8:40 am

    ညီမ ပုချ်
    နောက် မကျ ပါဘူး ညီမ ရယ်၊ ဖတ်သွား ရင် ကို ပျော် နေတာ။
    အိုခေ မှာ စို ပြေ ပါတယ် ကို ပေ ရေ ၊ thank you for your wish
    အရီး လတ်
    ဆုမွန် ကောင်း လေး ကို dictionary လေး ဖွင့် လို့ ခံယူ လိုက် ပါတယ်။ဆုတောင်း ပေးလို့ ကျေးဇူး ပါ။
    Be Nice to the Husband Day ကို ခုမှ ကြား ဖူး ပေမယ့် ဘာ ကြောင့် ခေါ် လည်း သိချင် မိသား။

  • ခိုင်ဇာ

    December 13, 2012 at 2:44 pm

    မမိုချိုရေ။ နှုတ်ဆက်တာ နောက်ကျသွားတာတော့ ခွင့်လွှတ်ပါ။
    မွေးလတူ နှစ်ယောက် ဆုံစည်းနိုင်တာလည်း အားကျပါရဲ့။
    ရှေ့လျှောက်ရမဲ့ ဘဝလမ်းမှာ သာယာပျော်ရွှင်ပါစေဗျာ။ 🙂

  • Ma Ei

    December 13, 2012 at 3:08 pm

    မိုချိုရေ…
    ဒီဇင်ဘာမောင်နှံ တစ်သက်မခွဲ ချစ်မြဲချစ်လို့
    သမီးသားတွေနဲ့ ကြီးပွားကြပါစေကြောင်းနော်….
    နောက်ကျသွားတဲ့ ဆုတောင်းလေးအတွက် ခွင့်လွှတ်နော်…
    ဒီရက်တွေ အလုပ်များနေလို့ ရွာထဲ မရောက်ဖြစ်၊
    မနေနိုင်လို့ အချိန်ပိစိကလေးမှာ အပြေးလွှား ဝင်ခဲ့ရတာရယ်…

Leave a Reply