သူမ နဲ့ မွေးနေ့ များ ( 10 ဒီဇင်ဘာ)

မိုခ်ိဳDecember 10, 20121min43751

တစ်ခုသော နှစ် တစ်နှစ်ရဲ့ ဒီဇင် ဘာ လ ၁ဝ ရက် မှာ သူ မ ကို မွေး ဖွား ခဲ့ တယ်။ အဲဒီ နေ့ မတိုင်ခင် ၃ ရက် လောက် ကတည်း က ဗိုက် နာ နေတဲ့ သူ မရဲ့ မိခင်ဟာ သူမ အဖွား စိုး ရိမ် တဲ့ အတိုင်း သမီး ဦး ၊ သူ မ ကို မွေး ဖွား လိုက်တဲ့ နေ့ က စနေ နေ့ ဖြစ်နေ ခဲ့ တယ်။ သား ဦး စနေ ဆို တာ မိဘ ကို ဒုက္ခ ပေးရင် ပေး ၊ ဒါမှ မဟုတ် ရင် လည်း မိဘ အသက် တို တတ် တယ်၊ ဖအေ က ကလေး ကို ဓါး ထမ်း ပြီး ကျော် စမ်း ဟဲ့ ဆိုတဲ့ အဖွား ရဲ့ စကား ဟာ သူမ မိဘ တွေ အတွက်တော့ သူမရဲ့တဝါးဝါး အော် သံတွေ ကြား မှာ  အရာ မရောက် နိုင် အောင် ဖြစ်ခဲ့ တယ်။ သူမ မိဘ တွေ ဟာ စနေနေ့ မွေး တာ တွေ၊ နေတက် တာ တွေ ၊ရေတက်တာ တွေ ဘာကို မှ စိတ် မဝင် စား နိုင်လောက်အောင် ပဲ အိမ်ထောင်သက် ၅ နှစ် ကြာ မှ ရ လာ ခဲ့ တဲ့ သူ မကို  ဖူးဖူး မှုတ် ထား မတတ် အချစ် ပို ခဲ့ ကြတယ်။

နောက် နှစ် ဒီဇင် ဘာ လ ၁ဝ ရက် မှာ သူမ ရဲ့ ၁ နှစ် ပြည့် မွေးနေ့ လေး ကျင်းပ ပေး ခဲ့ ဖူး တာ ကို ဓါတ်ပုံ တွေ က တဆင့် သူ မ ပြန် သိ ခဲ့ ရတယ်။ နောက် ပိုင်း သူ မ မှတ် မိ လာတဲ့ အချိန် တွေ မှာတော့ မွေးနေ့ တွေ မကျင်း ပ တော့ ပဲ သူမ တို့ မောင် နှ မတွေ မွေးနေ့ ရောက် တိုင်း အိမ် မှာ တခုခု လုပ် စား ဖြစ် ကြ တာ မျိုး လောက် ပဲ ရှိ တော့ တယ်။

သူ မဖခင် ဟာ မွေးနေ့ တွေ ကျင်း ပပေးတဲ့ အလေ့ မရှိ ရုံ မက ၊ မွေးနေ့ လက်ဆောင် လည်း ပေး လေ့ မရှိ ခဲ့ ဘူး။ သူမ ဖခင် ရဲ့ အယူ အဆ က ရှင်း ပါတယ်၊ မွေးနေ့ ဆိုတာ လူ တစ်ယောက် လူ့ လော က ကို ခြေခွင့် ရ တဲ့ နေ့ ရဲ့ နှစ် ပတ်လည် နေ့ တွေ ပဲ ဖြစ် တယ်။ တခြား ရက်တွေ နဲ့ ဘာ မှ မထူး ခြားတဲ့ အဲဒီ ရက် မှာ မှ ထူးခြား ပြီး ဘာတွေ လုပ်နေ မှာ လဲ၊ ဘာ အတွက် လက်ဆောင် တွေ ပေး နေ ရ မှာ လဲ၊ အဓိ က ကျ တာ ကိုယ် တစ် နှစ် ပို ကြီး လာ တဲ့ အတွက် တစ် နှစ်စာ ပို သိလာ ရ မယ် ၊ မနှစ် ကထက် ဒီ နှစ် ကိုယ် ဘာတွေ ပို တတ် လာ ပြီ လဲ ၊ ပို သိလာပြီ လဲ ဆို တာ ဆင်ခြင် ကြည့် ရ မယ်   လို့ ဆို ပါတယ်။ အဲဒါကြောင့် သူ မရဲ့ ငယ်ဘဝ မွေးနေ့ တွေမှာ မိဘ ကို ကန်တော့ ၊ မိသားစု ဝိုင်း ဖွဲ့ စားသောက် ရင်း ပဲ ပြီး သွား ခဲ့ တယ်။

သူမ ဖခင် က မွေးနေ့ လက်ဆောင် မပေး တတ် ပေ မယ့် သူမ ရဲ့ စွမ်း ဆောင် ရည် ထူးထူး ခြားခြား ပြ နိုင် တဲ့ အခါ တွေ မှာတော့ ဆု အနေ နဲ့ အမှတ် တရ လက်ဆောင် ပေးလေ့ ရှိတယ်။ ကျောင်း တွင်း ထူးချွန်ဆုတွေ ၊ စာစီစာကုံး၊ သချင်္ာ ရည် ချွန်ဆုတွေ အမြဲ ရတတ် တဲ့ သူမ အတွက် အဲဒီ အချိန်တွေ မှာ သူမ လို ချင် တာတွေ တောင်း ဆို ခွင့် ရှိတယ် တယ်။ သမီး မွေးနေ့ ရောက် ရင် ဝယ် ပေး မယ် ဆိုတဲ့ စကား အစား သမီး စာမေး ပွဲ မှာ ဆု ရရင် အဖေ ဝယ်ပေး မယ် ဆိုတဲ့ စကား တွေ နဲ့ ကိုယ်ပိုင် အစွမ်း ကို ပဲ တန် ဖိုး ထား တတ် အောင် လေ့ ကျင့် ပေး ခဲ့ တယ်။ အဲဒီ ရဲ့ အကျိုးဆက် က သူမ ဘဝ တလျောက် မှာ စိတ်ကူးယဉ် မဆန် တတ်တဲ့ သူ၊ သူ တပါး ကို အား မကိုး တတ် ပဲ ကိုယ် တိုင် ဖန်တီး တတ် တဲ့ သူ၊ ကိုယ် က တခု လိုချင်ရင် ကိုယ့် ဘက် ကလည်း ထိုက် တန်တဲ့ ပေးဆပ် မှု ရှိ ရ မယ် ဆိုတဲ့ အသိ ကို လက်ကိုင် စွဲ ထား တဲ့ သူ တစ်ယောက် ဖြစ် လာ ခဲ့ တယ်။

မွေးနေ့ လုပ်ပေး လေ့ မရှိ တဲ့ သူမ အဖေ က သူမ ၁၂ နှစ် ပြည့် မွေးနေ့ မှာတော့ သူမတို့ နေတဲ့ ရွာလေး က လူတွေ ကို ရန်ကုန် မုန့် ဟင်း ခါး စားစေချင်တဲ့ စေတနာ နဲ့ ရွာ လုံး ကျွတ် ကို သူမ မွေးနေ့ အထိမ်း အမှတ် ကျွေးခဲ့တယ်။ သူ မ အဖွား စိုး ရိမ် ခဲ့ သလို ပါ ပဲ သူ မ ရဲ့ ၁၂ ပြည့် မွေးနေ့ ဟာ သူမအတွက် မိစုံ ဖစုံ နဲ့ နောက် ဆုံး ကြုံ ခဲ့ တဲ့ မွေးနေ့ ပါပဲ။ ဘာလို့ လဲ ဆိုတော့ နောက် ၉ လ အကြာ မှာ သူမ အဖေ ရုတ် တရက် ကွယ်လွန် သွား ခဲ့ပါတယ်။ ၁၃ နှစ်က စလို့ သူမရဲ့ ဆယ်ကျော် သက် ဘဝ မွေးနေ့ တွေ ကို အမှု မဲ့ အမှတ် မဲ့ ၊ တိတိ ကျကျ ပြော ရ ရင် ကျောင်းစာတွေ နဲ့ လုံးထွေးရင်း၊ ငွေကြေး မပြေလည် တဲ့ မိခင် ကြီး ရဲ့ သောက တွေ ကို မျှ ဝေခံစား ရင်း ကုန်လွန် ခဲ့ တယ်။

မုန့် ဖိုးတောင် အနိုင်နိုင် ဘဝ မှာ သူငယ်ချင်းတွေ ကို မွေးနေ့ မုန့် လိုက် ကြွေး ဖို့ ဆို တာ စဉ်းတောင် မစဉ်း စား မိတဲ့ အဖြစ်၊ မွေးနေ့ လက်ဆောင် ရဖို့ ဆို တာ လည်း သူမ အတွက် တော့ အလှမ်း ဝေးနေ ဆဲပဲ။ အဲလို ပဲ သူမ ဘက် က လက်ဆောင် ပြန် မပေး နိုင် တဲ့ အတွက် သူများတွေ မွေးနေ့ လိုက် ကြွေး ရင် လည်း ကြံ ဖန် ငြင်း ဆန်တတ် မြဲ။

ယောက်ျားလေးတွေ နဲ့ မေးထူး ခေါ် ပြော တောင် မရှိ တဲ့ သူ မကို စိတ် ဝင် စား နေတဲ့ အတန်း ထဲ ကကောင်လေး တွေ က ကျောင်း ခေါ် ချိန် စာအုပ် ထဲက နေ သူမ မွေးနေ့ ကို သိပြီး သူ မရဲ့ ၁၅ နှစ် မွေးနေ့ နဲ့ ၁၆ နှစ် မွေးနေ့ တွေ မှာ သူမ စားပွဲ ခုံ ထဲ ကဒ် လေး တွေ နှင်း ဆီ ပန်း လေး တွေ ထည့် ထား ပေး တာ ကြုံ ခဲ့ ဖူးတယ်။ ၁ရ နှစ်ပြည့် မွေးနေ့ မှာတော့ သူငယ်ချင်း တစ်ယောက် ရဲ့ အကိုက သော့ လေး ခပ်ထားတဲ့ ဒိုင် ယာရီ လေး တစ်အုပ် သူငယ်ချင်း ကတဆင့် မွေးနေ့ လာက်ဆောင် ပေး လာ ပြန် တယ်။

ဆယ်ကျော် သက် မိန်း ကလေး တစ်ယောက် အဖို့ ဒီလို လက်ဆောင်လေးတွေ ဟာ ရင်ခုန် တိမ်း မူး စ ရာ ပါ။ ဒါပေမယ့် သူ မ အတွက် တော့ သူမရဲ့ ရည်မှန်း ချက် တွေ ၊ ကျောင်း စာတွေ လောက် ဘယ် အရာ ကမှ မဖျား ယောင်း နိုင် ခဲ့ ဘူး။ ဒါကြောင့် ဘယ်သူ တွေ လာပေး ထား လဲ သိဖို့ မကြိုး စား ခဲ့ သလို ၊ သူငယ်ချင်း မ ယူလာတဲ့ လက်ဆောင်ကို လည်း လက်မခံ ခဲ့ ဘူး။

၁၈ နှစ် ပြည့် မွေးနေ့ မှာတော့ study guide အလုပ် နဲ့ ကိုယ် ပိုင် ဝင် ငွေ အတော် အတန် ရှာ နိုင် ခဲ့ ပြီ ဖြစ်လို့ သူငယ်ချင်း အချို့ ကို မွေးနေ့ အထိမ်း အမှတ် ဖိတ် ကြွေး ပြီး မိခင် ကြီး ရော၊ သူငယ်ချင်းတွေပါ ခေါ် လို့ ဘုရား လိုက် ပို့ ဖြစ် ခဲ့ ကြတယ်။ ဥပဒေ အရ လူ ရာ ဝင် ပြီ လို့ သတ်မှတ် နိုင်တဲ့ မွေးနေ့ မှာ ကိုယ် ပိုင် ဝင် ငွေ ကိုင် သုံး ပြီး ကိုယ့် ခြေထောက် ပေါ် ရပ် နိုင် နေပြီ ဖြစ် တဲ့ အတွက် သူမ ကျေ နပ် ခဲ့ တယ်။

၁၉ နှစ်ပြည့် မွေးနေ့ ကတော့ သူမ အတွက် ရင် ခုန် ကြည်နူး စရာ ပါ။ သူမ မွေးနေ့ နဲ့ ၂ ရက် ပဲ ကွာ တဲ့ ဒီဇင်ဘာ ၁၂ ရက် မွေးနေ့ ရှင် ချစ်သူ နဲ့ အတူ ဆင်နွှဲ ခွင့် ရ ခဲ့ လို့ ပါ ပဲ။ သူ မတို့ ချစ်သူ ၂ဦး ရဲ့ အံ့ ဩ စရာ တိုက် ဆိုင် မှု လေး ကြောင့် အမှတ် တမဲ့ မွေးနေ့ တွေ ဟာ အမှတ် တရ ဖြစ်လာ ခဲ့ တယ်။ အချစ်နဲ့ တွေ့ ရင် လူတွေ ဟာ စိတ် ကူး ယဉ်တတ် လာ တယ် တဲ့ ။ စိတ် ကူး မယဉ်တတ် တဲ့ သူမ လည်း ချစ်သူနဲ့ မွေးနေ့ လက်ဆာင် လေးတွေ အပြန် အလှန် ပေး ရင်း စိတ်ကူး ယဉ် တတ် လာ ခဲ့ တယ်။

၂ဝ ပြည့် မွေးနေ့ ကလည်း အမှတ် ရ စရာ ပါပဲ ။ ချစ်သူ နဲ့ အတူတူ ဘုရား တွေ သွား ဖူးပြီး တော့ ဆိတ်ငြိမ် အေးချမ်းတဲ့ နေရာ လေး တစ်ခု မှာ ၂ ယောက် အတူ မွေးနေ့ ပွဲလေး ဆင် နွှဲ ဖို့ ရည် ရွယ် ခဲ့ တယ်။ ချစ်သူတွေ ပဲ သွားလေ့ ရှိတဲ့ အပန်း ဖြေ ဥယျာဉ် ထဲ က သစ်သား အိမ် လေး ထဲမှာ စား သောက် စရာတွေ ခင်း ကြင်း စားသောက် ရင်း သူ မတို့ ချစ်သူ ၂ ဦး အနာဂတ် အတွက် တိုင် ပင် ရင်း စကားတွေ ဖောင် ဖွဲ့ ခဲ့ ကြ တယ်။ တိတ် ဆိတ် အေး ချမ်းတဲ့ ကြည်နူး စရာ ပတ် ဝန်း ကျင် ရဲ့ စေ့ ဆော် မှု ဟာ ချစ်သူရဲ့ စိတ် တွေ ကို ဘောင်ဘင် ခက်စေ ခဲ့ တယ်။ မွေးနေ့ အမှတ် တရ အဖြစ် သူမ ရဲ့ အပျို စင် ဘဝ ကို တောင်း ဆို လာ ခဲ့ တယ်။

ရယူ ချင်ရင် ထိုက် သင့် တဲ့ ပေး ဆပ် မှု ရှိ ရမယ် လို့ ခံ ယူ ထား တဲ့ သူ မ ပဲလေ ၊ မွေးနေ့ လက်ဆောင် ဆိုတဲ့ ပေါ့ ပျက်ပျက် ခေါင်း စဉ် အောက် မှာ သူမ ဘဝ ကို ဘယ် ပေး နိုင် လိမ့် မလဲ။ ကိုယ့် ဘဝ ကို ရပ် တည် နိုင်ပြီး သူမ ကို လက်ထပ် နိုင် ခြင်း ဆိုတဲ့ချစ်သူ ဘက်က ပေးဆပ် မှု ရှိ မှ သာ သူမ ရဲ့ အပျို စင် ဘဝ ကို ပိုင် ဆိုင် ခွင့် ရ ရ မှာပေါ့လို့ ပြန်ပြော  လိုက် တယ် ။ သူမ ကို အချစ်ကြီးတဲ့ ၊သူမ ငြို ငြင် မှာ သေ မလောက် ကြောက် တဲ့ ချစ်သူ လည်း သူမ စကား တွေ ကို နားထောင် လို့ စိတ်ဆန္ဒ တွေ ကို ချုပ် ထိန်း နိုင် ခဲ့ တယ်။ သူ မရဲ့ ၂ဝ နှစ်ပြည့် မွေးနေ့ ရဲ့ အမှတ် တရ အဖြစ် အပျက် တစ်ခု ပါ ပဲ။

နောက် ပိုင်း နှစ်တွေ မှာတော့ ဒီဇင်ဘာ ၁ဝ ရက်  သူမမွေးနေ့ ၊ ဒီဇင်ဘာ ၁၂ ရက်  ချစ်သူ မွေး နေ့ တွေ ရဲ့  ကြား ရက်  ဒီဇင်ဘာ ၁၁ ရက်  မှာနှစ် ယောက် လုံး ရဲ့  မွေးနေ့ အမှတ် တရ  ကို  ပေါင်း လုပ် ဖြစ်တယ်။ နင် တို့ ၂ယောက် က ၂ ခါ မကုန် တော့ ဘူး ပေါ့ လို့ သူ ငယ်ချင်းတွေ က နောက်တတ် ကြတယ်။ အဲဒီနေ့ မှာ အမေတွေ ကို ငွေသား ဖြစ်စေ၊ လက်ဆောင် ပစ္စည်း တွေ နဲ ဖြစ်စေ ဦး ချ ကန်တော့ ကြပြီး မြို့ တွင်း ဖြစ်စေ၊ ကျိုက် ထီး ရိုး ၊ ပဲခူး ၊ ဇလွန် တို့ လို မြို့ ပြင် ဖြစ်စေ ဘုရားဖူး ပို့ လေ့ ရှိတယ်။ အိမ်သား တွေနဲ့ မိတ်ဆွေ တွေ ကို မုန့် လိုက် ကြွေး ၊ မုန့်ဖိတ် ကြွေး တာ က လွဲ လို့ ပါတီ လို မျိုး ကြီးကြီး ကျယ်ကျယ် တွေ လုပ ်ဖို့ ကိုတော့ ၂ ယောက် လုံး ဝါသနာ မပါ ကြ ဘူး။ စီးပွားရေး အခြေ အနေ အရ ၊ သူ မတို့ နေတဲ့ နေရာ ဒေသ ၊ အလုပ် အကိုင် အခြေ အနေ တွေ အရ ဖိတ်ကြွေး ဖြစ်တဲ့ မိတ် ဆွေ တွေ လည်း ပြောင်း လဲ တတ် သလို တချို့ နှစ်တွေ မှာလည်း ဘယ် မိတ်ဆွေ မှ မဖိတ်ကြွေး ဖြစ်ခဲ့ ဘူး။ ဖိတ် ရင်လည်း လက်ဆောင် ယူ လာ မှာ စိုး လို့ မွေးနေ့ လို့ မပြော ပဲ အလှူ လို့ ပြော ဖိတ်တတ်တယ်။

အဓိ က က တော့ သူမ ဖခင် ပြောခဲ့ ဖူး သလို ပဲ မွေးနေ့ ဆို တာကို အထူး တလည် ကြီး လုပ် မနေ ဘဲ တစ် နှစ် တာ အတွင်း ကိုယ့် ဘာ တွေတိုး တတ် လာ လဲ ဆင်ခြင် သုံး သပ ်ရ မယ့် နေ့ တစ်နေ့ ဖြစ် တယ် ဆို တာ ကို သူ မ ရော ချစ်သူ ပါ လက်ကိုင် ထား ခဲ့ ပြီး ဘဝ ကို လက်တွေ့ ကျကျ လက် တွဲ ရင် ဆိုင် ခဲ့ ကြတယ်။

အဲဒီ လို နဲ့ မွေးနေ့ တွေကို  ဖြတ်ကျော် ရင်း သူမ လည်း ရင့် ကျက် တဲ့ သက် လတ် တန်း အမျိုး သမီး တစ်ယောက် ဖြစ် လာ ခဲ့ပါ ပြီ။ လူ့ သက်တန်း သာ နှစ် ၇ဝ ဆို ရင် ဒီနေ့  (ဒီဇင်ဘာ ၁ဝ ) မှာ သူမ ဟာ လူ့ သက်တန်း ရဲ့ အလယ်တည့် တည့် ကို ရောက် လာ ခဲ့ ပြီ။ သန်ဘက်ခါ (ဒီဇင်ဘာ ၁၂) ကျပြန်တော့ သူမ ထက် ၃ နှစ်ကြီးတဲ့ ချစ်သူ ရဲ့ ၄ဝ အကြို ၂ နှစ် လို တဲ့ မွေးနေ့ ရောက် လာ ပါ အုံး မယ်။ ဒီလို နဲ့ ပဲ မွေးနေ့ တွေ ဟာ တစ် နှစ်ပြီး တစ် နှစ် ကုန် လွန် ရင်း အသက်တွေ လည်း ကြီး ကြီး သွား မှာ ပါ ပဲ။

51 comments

  • thit min

    December 13, 2012 at 3:14 pm

    မမိုချိုရေ
    Happy Birthday !!! ပါ………
    နောက်ကျဆုတောင်းလေးပေမဲ့ လက်ခံပေးပါအုန်း။
    မွေးနေ့ဆိုတဲ့ ကာလအပိုင်းအခြားလေးတခုတခုကနေ ပိုမိုရင့်ကျက်လာကြရတယ်
    မဟုတ်ပါလားခင်ဗျာ။
    ရင့်ကျက်ပြည့်ဝသော စိတ်နှလုံးနဲ့ ဘဝကိုပြုံးပြုံးလေးဖြတ်ကျော်နိုင်ပါစေခင်ဗျား။
    မိမိချစ်ခင်သောမိသားစုနဲ့အတူ ကိုယ်စိတ်နှစ်ပါး ချမ်းသာစွာရှိပါစေခင်ဗျား။
    လိုအင်ဆန္ဒများလဲပြည့်ဝ ပါစေခင်ဗျား။

    ခင်မင်စွာဖြင့်

    သစ်မင်း

  • မိုချို

    December 17, 2012 at 4:39 pm

    မခိုင်ဇာ၊ မအိ နဲ့ ကိုသစ် မင်း တို့ ရေ
    နောက်ကျ ဆုတောင်း လေးတွေ နဲ့ တာဝန် ကျေ ကြ ပေမယ့် ကိုယ့် ဘက် က ကိုယ့် ပိုစ့် ကို ပြန် မဝင် မိလို့ခု မှ ကျေးဇူး တင် စကား ပြန်မိတာ ခွင့် လွှတ် ပါဦးနော်။

Leave a Reply