အပျင်းပြေပဟေဠိလေးပါ

jullies cezerDecember 10, 20121min16812

ရွာသူရွာသားများအားလုံးမင်္ဂလာပါ ။ အောက်မှာမေးထားတာလေးတွေကိုအဖြေပေးကြပါအုံးနော် ။
၁။ မြို့တော့မြို့ပဲ ရွာလို့ခေါ်နေကြတဲ့မြို့
၂။ သူ့နာမည်ကရူးပြီးတကယ်မရူးတဲ့သူ
၃။ သူ့နာမည်ပါပြီးသူနေလို့မရတဲ့အိမ်
၄။ မရွေ့နိုင်ဘူးမသွားနိုင်ဘူးဆိုတဲ့အပင်
၅။ ချည်လို့မရတဲ့ကြိုး
၆။ အပင်မရှိပဲသီးတဲ့အသီး
၇။ လူတွေအစားစားတိုင်းပြောဖြစ်ကြတဲ့မြို့
၈။ လက်တော့ပြရတယ်နှုတ်ဆက်တာမဟုတ်
၉။ နေမထိလေမထိရေ
၁၀။ မထနိုင်တဲ့အပင်
၁၁။ စည်တော့စည်ထည့်လို့မရတဲ့စည်
၁၂။ ဆန့်ကျင်ဘက်စာလုံးနဲ့အဓိပ္ပါယ်ဆန့်ကျင်တဲ့မြို့၄မြို့
၁၃။ နာမည်ပြောင်းပြန်အနုပညာရှင်နှစ်ဦး
၁၄။ ငြင်းဆန်တဲ့အသီး
၁၅။ သော့ခတ်လို့မရတဲ့သေတ္တာ

အဖြေအားလုံးမှန်သူများအား သူကြီးမှနှစ်လုံးပြုးဆုချမည်ဖြစ်ပြီး မမှန်ပါက နှစ် ၁၀၀ဝ ကျိန်စာတဲ့နော် ။
ရွာသူရွားအားလုံးအပျင်းပြေပျော်ရွှင်ကြပါစေ
အားလုံးကိုခင်တဲ့
julliescezer

12 comments

  • Mr. MarGa

    December 10, 2012 at 6:02 pm

    မမှန်ရင် နှစ် ၁၀၀ဝ ကျိန်စာဆိုတော့
    အင်းးးးးးးးးးးးးးးးး
    ဖြေတော့ပါဘူးလေ
    သူများတွေ ဖြေတာပဲ ကြည့်တော့မယ်
    :kwi:

    • ဗုံဗုံ

      December 11, 2012 at 4:05 pm

      သိကြားမင်းကြီးကလည်း မဖြေရင်မဖြေနိုင်ဘူးပေါ့ နတ်ဆိုတော့ ဒါမျိုးတွေသိဘူးလေ
      ဗုံဗုံလည်း တိဘူး 🙂

      • Mr. MarGa

        December 11, 2012 at 4:49 pm

        ဗုံဗုံနော်
        မသိတာကို မသိဘူးလို့ပြောရင် ပြီးနေတာကို
        ဦးမာဃ လှည့်ရမ်းသွားသေးတယ်
        ဦးမာဃ စိတ်တိုရင် နတ်သမီး ငါးရာထဲ ထည့်လိုက်မှာနော်
        တစ်ခါတည်း သိမ်းပိုက်လိုက်မှာ

  • Mobile

    December 10, 2012 at 6:53 pm

    1။မုံရွာ
    ၂။တဏှာရူး
    ၃။
    ၄။
    ၅။
    ၆။လက်သီး
    ၇။ပုဂံ
    ၈။ဗေဒင်မေးခြင်း
    ၉။အုန်ရည်
    ၁၀။
    ၁၁။အိုးစည်
    ၁၂။
    ၁၃။
    ၁၄။ဘူးသီး
    ၁၅
    ကျန်တာများကိုတော့ စဉ်းစာလိုက်ပါဦးမယ်ဗျာ။။။။။။။။။။။။။။။။။။။

    • မောင်ပေ

      December 11, 2012 at 7:01 pm

      နံပါတ်၂မေးခွန်းကို ကာယကံရှင်ကိုယ်တိုင် ဖြေသွားတာပါကလား
      ကောင်းလေစွ

  • ဖြေချင်တော့ဘူး ဒီထဲမှာ ဂေဇက်က အူးကြောင်ကြီးနဲ့၊ကိုဖက်ကတ်တို့ နေလို့မရတဲ့ အိမ်တစ်အိမ်တော့ ပါတယ်နော်။ :harr:

    • ဇမ္ဗူ့လောကပါလကြောင်ဝတုတ်

      December 11, 2012 at 10:14 am

      ဟဟ…
      အမှတ်(၃) အဖြေမှန်ပါတယ်ကွယ်…

      ခင်မင်လျက်-
      ကြောင်ဝတုတ်

  • Inz@ghi

    December 11, 2012 at 7:00 am

    ၁။ မြို့တော့မြို့ပဲ ရွာလို့ခေါ်နေကြတဲ့မြို့

    မုံရွာ
    (အခုတော့ သင်္ကန်းကျွမ်းမြို့ ဆိုပြီး နာမည်ပြောင်းမယ်ဆိုလား)

    ၂။ သူ့နာမည်ကရူးပြီးတကယ်မရူးတဲ့သူ

    မယားတရူး
    လင်တရူး
    (ကိုမတ်တို့ မကြည်ပြာတို့ကိုစောင်းဆဲခြင်းမဟုတ်ရပါ)

    ၃။ သူ့နာမည်ပါပြီးသူနေလို့မရတဲ့အိမ်

    ကြောင်အိမ်

    ၄။ မရွေ့နိုင်ဘူးမသွားနိုင်ဘူးဆိုတဲ့အပင်

    တည်ပင်
    (နွယ်ပင်ကတော့ ချစ်တောမောင် ရွှေ့လို့ ရွေ့တွားဘီ)

    ၅။ ချည်လို့မရတဲ့ကြိုး

    မိုးကြိုး

    ၆။ အပင်မရှိပဲသီးတဲ့အသီး

    လက်သီး
    မီးသီး
    ဘတ်သီး

    ၇။ လူတွေအစားစားတိုင်းပြောဖြစ်ကြတဲ့မြို့

    ပုဂံ

    ၈။ လက်တော့ပြရတယ်နှုတ်ဆက်တာမဟုတ်

    ဗေဒင်မေးခြင်း

    ၉။ နေမထိလေမထိရေ

    အုန်းရေ
    (နောက်တရေ ကျန်သေးတယ် .. သတ်ပလိုက် ကျောဝူး)

    ၁၀။ မထနိုင်တဲ့အပင်

    လဲပင်

    ၁၁။ စည်တော့စည်ထည့်လို့မရတဲ့စည်

    အိုးစည်
    (ရဲစည်-အခုတော့ နီပေပါ ဆိုလား)

    ၁၂။ ဆန့်ကျင်ဘက်စာလုံးနဲ့အဓိပ္ပါယ်ဆန့်ကျင်တဲ့မြို့၄မြို့

    ဘာပြောချင်မှန်း မသိဝူး

    ၁၃။ နာမည်ပြောင်းပြန်အနုပညာရှင်နှစ်ဦး

    ဇေယျာသော် နဲ့ သော်ဇေယျာ
    ဇေယျာသော်က ရပ်ပါ
    သော်ဇေယျာက မိတ်ကပ်ဖန်တီးရှင်
    (မယုံရင် ကိုကြောင်ဝတုတ်ကိုမေးပါ)

    ၁၄။ ငြင်းဆန်တဲ့အသီး

    ဘူးသီး

    ၁၅။ သော့ခတ်လို့မရတဲ့သေတ္တာ

    ငါးသေတ္တာ

    အပေါ်ကလူတွေကို ရီဖားလုပ်ပြီး သိသလောက်ဖြေသွားပါတယ်ကွယ်။။

    :harr:

  • moonpoem

    December 11, 2012 at 9:36 am

    နာမည်ပြောင်းပြန် အနုပညာရှင် ကိုတော့ သိတယ် မင်းသားလူမင်းနဲ ့စာရေးဆရာ မင်းလူ။

  • ဦးကြောင်ကြီး

    December 11, 2012 at 11:37 am

    ၆။ နွေးသီး ရွာထဲမှာရှိသည်။
    ၁၁။ ဖားစည်
    ၁၂။ ကံမ (ကန်လည်းကန် – မလည်းမ) တောင်တွင်းကြီး (တောင်မြင့် – တွင်းနက်) ပျဉ်းမနား (ပျင်းပြီး – မနား) လယ်ဝေး (လည်ဝယ် – နားဝေး) ကျိုက်မရော ( ကြိုက်ပေမဲ့ – မရောဘူး) မူဆယ် (မူလည်းမူ – ဆယ်လည်းဆယ်) ဘိုကလေး (ဗိုလ်ဖြစ်ပြီး – ခလေးသာသာ)
    ၁၃။ဦးကြောင် အောင်ကြူး

  • cobra

    December 11, 2012 at 4:44 pm

    သူများဖြေထားတဲ့အဖြေတွေကမိုက်တယ်
    အမှန်အတိုင်းပြောရရင်တော့
    စစဖတ်ခြင်း အဖြေ၂ပဲသိတယ်
    ၃။ကြောင်အိမ်
    ၇။ပုဂံ

  • jullies cezer

    December 12, 2012 at 1:34 pm

    အဖြေမှန်လေးပါ
    ၁ ။ မုံရွာ ၂။ ငထွေးရူး ၃။ ကြောင်အိမ် ၄။ ပြောင်းဖူး ၅။ မိုးကြိုး ၆။ မိုးသီး ၇။ ပုဂံ
    ၈။ လက္ခဏာကြည့်ခြင်း ၉။ အုန်းရေ ၁၀။ လဲပင် ၁၁။ နားစည် ၁၂။ ကျောက်ဖြူ-ကျောက်မဲ
    ညောင်ရွှေ – ရွှေညောင် ၁၃။ မင်းလူ – လူမင်း ၁၄။ ဗူးသီး ၁၅။ ငါးသေတ္တာ
    အားလုံးပဲကျေးဇူးတင်ပါတယ် ………..

Leave a Reply