ဆန္ဒပြပါတယ် သူကြီးထံသို့ (မှားနေရင် ခွင့်လွှတ်ကြပါ)

MgMobileDecember 10, 20121min22139

အာလုံးပဲ မင်္ဂလာပါခင်ဗျာ။

ရွာရဲ့အမှတ်ပေး စနစ်နဲ့ ပတ်သတ်လို့ နည်းနည်း တင်ပြစရာရှိပါတယ်။

ပို့စ်အတွက် အမှတ်ပေးတယ် ဆိုတာလူတိုင်းသိပြီးသားဖြစ်မှာပါ။

အခုကျနော် တင်ပြလိုတာကတော့ အချို့ အချို့သော ကွန်မန်းများသည်

ပို့စ်များထက် ပိုမိုဗဟုသုတ ရစေသလို ပိုထက်သာလွန်ကောင်းမွန်တာလေးတွေရှိပါတယ်။

တစ်ချို့သောကွန်မန်းများမှာတော့ ပုံတော်သလိုပါပဲ။ အဲ့ဒီလို ရှိတဲ့အတွက်

+ နဲ့ – ဆိုပြီး ကွန်မန်းမှာရှိတာလေးနဲ့ တောင်းဆိုလိုပါတယ်။

+ ဘယ်လောက်ရပါက အဲ့ဒီကွန်မန်းကို အမှတ်သတ်မှတ် ပေးစေလိုသလို

– ဘယ်လောက်ရပါက အဲ့ဒီကွန်မန်း ပိုင်ရှင်ကို အမှတ်နှုတ်စေလိုပါတယ်။

အဲ့ဒီလိုသာလုပ်မည်ဆိုပါက ကွန်မန်းများ ရေးသားသောအခါ ပေါ့ပျက်ပျက် ပြီးစလွယ်ရေးမှာမဟုတ်တော့ပါ။

လေးလေးနက်နက် စဉ်းစားပြီး ရေးသားလာကြမည်ဖြစ်တဲ့အတွက် ရပ်အကျိုးရွာ ဆထက်တပိုး

တိုးစေဖို့ အကျိုးမျော်၍  နှိုးဆော်ဆန္ဒ ပြလိုက်ရပါကြောင်း . . . . . . . . .

မှတ်ချက်။    ။ ဒီမိုရွာမှာ ဆန္ဒပြရင် ဘယ်လိုဖြစ်တတ်တယ်ဆိုတာ သိချင်လို့လဲပါပါတယ်။

(မြန်မာနိုင်ငံမှာတော့ ဆန္ဒမပြဝံ့ပါကြောင်း)

39 comments

  • Mr. MarGa

    December 10, 2012 at 7:35 pm

    အဲဒီလို ဗဟုသုတ ရအောင်တော့ ဦးမာဃ မရေးတတ်ပါဘူး
    ဒါပေမယ့် ဖြစ်သင့်လို့ ထောက်ခံပါအိ
    ကိုရင်မိုဘိုင်းရေ
    မကြာခင်မှာ ရွာ လွှတ်တော် ခေါ်ပါလိမ့်မယ်(တည်ဆောက်ဆဲ ကာလမှာ ဦးမာဃတောင် မျက်စိလည်ပြီး ရောက်သွားသေး)
    အဲဒီမှာ ပြောကြတာပေါ့ဗျာ

  • ကိုရင်ရေ …

    ကွန်မန့်ကောင်းတိုင်း + ပေးတယ်လို့ချည်း မထင်နဲ့ဗျ …
    အချို့ပို့စ်တွေ၊ ကွန်မန့်တွေဆို ဘာမဆိုင် ညာမဆိုင် အနုတ်တွေ ဖြစ်နေတာပဲ …
    ပြီးတော့ အဲ့ဒီလို အပေါင်း အနုတ်ပေးတဲ့ ကိစ္စကလည်း
    မန်ဘာရော မန်ဘာ မဟုတ်သူရော ပေးလို့ရတယ်ဗျ ….

    အကယ်၍သာ သူကြီးက အပေါင်း (အစိမ်း) နဲ့ ဖြတ်ပြီး အမှတ်ပေးကြည့်ပါလား ..
    တစ်နေ့တည်း တစ်သိန်း ယူပလိုက်မယ် … ငွင်း .. ငွင်း .. :mrgreen:

    ကိုရင် ပြောတဲ့ အပေါင်း အနုတ်နဲ့ ပေးနည်း စနစ်ကတော့
    သူကြီးဥခိုင် အနေနဲ့ စဉ်းစားနိုင်လိမ့်မည် မဟုတ်ဟု ထင်မိပါဂျောင်း …
    လုပ်ရဲ လုပ်ကျည့်ဘာလား .. မွဲတွားမှာဘော့ ..

    ကျုပ် အမြင်လေးကို ပြောတာပါနော့ …

  • ရွှေ ကြည်

    December 10, 2012 at 8:51 pm

    ကိုရင်မိုဘိုင်းရေ မောင်ငယ်အံစာပြောတာကိုပဲထပ်ဆင့်ထောက်ခံလိုက်ပါတယ်။
    ဒါပေမယ့်ဒီပို့စ်ကနေ ကိုရင်မိုဘိုင်းရဲ့ ရွာကိုကောင်းစေချင်တဲ့စေတနာလေးကိုမြင်မိလိုက်ပါတယ်..။

  • မောင်ပေ

    December 10, 2012 at 9:23 pm

    စန္ဒာပြလာရင်တော့
    စဉ်းစားပေးမယ်တဲ့
    သဂျီးက မပြောခိုင်းပဲ
    မန် ့ချင်သလိုမန် ့ခဲ့တယ်
    ထင်ချင်သလိုထင်နော်
    ဒီမိုကရေစီရနေပြီ သိလား

  • San Hla Gyi

    December 10, 2012 at 10:21 pm

    အခုဟာက ကျုပ်မြင်သလောက် ကိုယ့်ဘာသာကိုယ် မကောင်းလဲ အစိမ်းနှိပ် ကောင်းလဲ အနီနှိပ်လို့ ရနေတာပဲ။ ဘယ်သူက အမှတ်ပေးမှာလဲ။ နှိပ်ပေးမယ့် လူများရင်လည်း ရနိုင်တာပဲ။ ကျုပ်ထင်တာလေးပါနော်။ ပါစင်နယ် မဟုတ်ပါ။

  • ကိုမိုဘိုင်းရေ
    မန်းလေးဂေဇက် ရွာကြီး ကိုအရင်နှံ့အောင်ရွာလည်လိုက်ပါအုံးပြီးမှ
    အကြံကောင်း ဉာဏ်ကောင်းလေးတွေပေးပေါ့။

  • မိုက်ကယ်ဂျော်နီအောင်ပု

    December 11, 2012 at 12:31 am

    သူများပြောဘူးတာကို ကိုယ်လိုက်ပြောသသလား ကိုယ့်ဖာသာကိုယ်ပြောသလားမဆိုသာ
    ဟင်းကောင်းတစ်မယ်နှင့် ဆားလိုဘဲဗျ
    ဥပမာဗျာ ကြက်သားဟင်းဆိုပါဆို့
    ကြက်သားပါမယ် ငရုပ်သီးပါမယ် ကြက်သွန်ဖြူနီ ဘာညာကွိကွတွေပါမယ်ပေါ့ဗျာ
    ကြက်သားကို ပိုစ့် လို့သဘောထားပါမယ်
    ကြက်သားကလည်း ငါ ကြက်သားဘဲ ဖင်ကောင်းကျယ်လို့မရပါဘူး
    ဆီ ဆား အချိုမှုန့် ငရုပ်ကြက်သွန်ဘာညာကွိကွတွေရှိမှ ဟင်းကောင်းမည်မှာပါ
    ဘာညာကွိကွတွေကလည်း
    ငါ ဘာညာကွိကွပါ ဆိုပြီးဖင်ဂေါင်းကျယ်လို့မရပါဘူး
    သဘောက
    ဆား ဆိုပါစို့
    ဆားမပါတဲ့ ကြက်သားဟင်းဟာ စားလို့အဆင်မချောနိုင်ပါဘူး
    ဒါပေမယ့် ဆား အနေနှင့်ဖင်ဂေါင်းကျယ်လို့မရပါဘူး
    ဘယ်လိုမှတော့ သဘောမထားနဲ့ ကျုပ်ကညှိပေးနေဒါ
    ဆိုလိုရင်းက ကော်မန့်တွေတွက်ပါ ပွိုင့်တွေပိုတောင်းနေတော့
    သဂျီး သူ့ နှလုံးပြူးဂျီးကိုင်ကျိနေဘီလားမပြောတတ် :mrgreen:

  • Mobile

    December 11, 2012 at 12:38 am

    ဝင်ရောက် ဝေဖန်ပေးကြတဲ့ ရွာသူရွာသားများအားလုံး မင်္ဂလာပါခင်ဗျာ။
    အာလုံးကို လေးစာပါ၏။ ခင်မင်ရင်နှီးပါ၏ ဒီပို့စ်ကို တင်လိုက်ရတဲ့ အဓိကရည်ရွယ်ချက်က။
    မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ မိမိ၏ဆန္ဒကို လွတ်လပ်စွာ ထုတ်ဖော်တဲ့ သဘောဖြစ်ပါတယ်။
    လွတ်လပ်စွာဝေဖန်ခဲ့ကြသူများအားလုံး အထူးကျေးဇူးတင်ရှိပါသည်။
    မိုက်—-ပု ကိုလဲ အိပ်ရေးပျက်ခံပြီးမှ ဝင်ရောက် ဝေဖန်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျို့……

  • kai

    December 11, 2012 at 6:54 am

    မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ မိမိ၏ဆန္ဒကိုချည်း လွတ်လပ်စွာ ထုတ်ဖော်နေလို့မရဘူး.. ကိုရင်ရ..
    သူများRights တွေကိုလည်း လေးစားရတယ်..။

    ဥပမာ..။ မိမိ၏ဆန္ဒကို လွတ်လပ်စွာထုတ်ဖေါ်တယ်ဆိုပြီး.. ဆူးလေဘုရား.. လမ်းမအတိုင်းပါတ်လျှောက်နေလို့..မဖြစ်ပေဘူး..
    ရုံးသွားလာသူတွေ.. ခရီးသွားသူ.. အလုပ်လုပ်နေသူတွေ.. အချိန်နှောင့်နှေး.. လမ်းပိတ်.. ဈေးရောင်းသူတွေဝင်ငွေထိခိုက်မှာလည်း.. ထည့်တွက်ရပါတယ်…။

    … အခြေခံဥပဒေအရကို.. လွတ်လပ်စွာဆန္ဒပြခွင့်ကို.. အကာအကွယ်ပေးထားတဲ့.. ယူအက်စ်မှာ.. ဆန္ဒပြမယ်ဆိုရင်.. ရဲဆီ.. ကြိုခွင့်တောင်းရပါတယ်..။
    ခွင့်ပြုမှ.. အကန့်အသတ်ထဲက.. လုပ်ရတာ..

    တခါများ.. ဒေါ်စုအချုပ်ခံနေရတုံးက.. ဟောလိဝုဒ်ကော်ဇောနီခင်းတဲ့နေရာ.. ခွင့်ပြုချက်နဲ့.. ဒေါ်စုလွတ်ရေး.. ဆန္ဒသွားပြတာ..ခွင့်ပေးထားတဲ့နေရာ.. ပလက်ဖောင်းပေါ်ကခြေတလှမ်းလေးမတော်တဆ ဆင်းမိလို့.. ရဲက..လှမ်းသတိပေးတာတောင်.. ခံရဖူးတယ်..။ :kwi:

    အောက်မှာ.. ဆန္ဒပြသူတွေရဲ့..အခွင့်အရေးနဲ့.. လုပ်ရမှာတွေ…လေ့လာနိုင်အောင် လင့်ခ်ပေးလိုက်တယ်.. :harr:
    =

    Know Your Rights at a Protest
    Your Right to Protest
    What speech is protected?

    The First Amendment protects many forms of expression, including the right to free speech, participating in demonstrations like protests and marches, leafleting, chanting, drumming and dancing. It also protects “symbolic speech,” e.g., wearing T-shirts with messages, carrying signs, sculptures or puppets, etc.

    Are there limits on what I can say?

    Yes. The First Amendment broadly protects speech, including controversial viewpoints and criticism of virtually anything, including government officials, but there are limits. You can be arrested for encouraging “imminent” violence or other immediate illegal activities that threaten harm to people or property. It’s a federal crime to threaten to harm the president or vice president.

    Can violence or property destruction ever be constitutionally protected?

    No. Violence or criminal activity does not become constitutional simply because you do it while expressing a political message.

    Where can I exercise my speech rights?

    On any private property where the owner gives permission (the owner always decides) and in any area open to the public, such as streets, sidewalks, town squares or parks. If you plan to or actually block passage on a street or sidewalk, you must apply for a permit.

    Can I express myself in public places without a permit?

    Yes, you can picket or leaflet in public places by yourself or in small groups without a permit so long as you are not blocking streets or sidewalks.

    Can I approach other people in public areas?

    Yes. You may approach pedestrians with leaflets, newspapers, petitions and requests for donations. But you cannot prevent people from getting by or walking away, and should leave them alone if asked to do so. You cannot block building entrances.

    Can I heckle other speakers?

    Yes, unless you attempt to physically disrupt an event or drown out other speakers. If speakers have a permit to use a public space, hecklers may be required to stand outside that area. Police may keep two opposing groups separated but should allow them to be within the same general area.

    What should I do if I am ordered to disperse?

    A police officer can order a “disorderly” group to leave an area, even in a place where they have a right or a permit to be, if that officer reasonably expects the group’s presence will result in substantial harm or serious inconvenience, annoyance or alarm. If you hear an officer give an order to disperse, you will be arrested if you do not obey.

    Is civil disobedience constitutionally protected?

    No. Civil disobedience – peaceful, but unlawful, activities as a form of protest – can legally be (and often is) prosecuted. You may be arrested. Make arrangements with a lawyer in advance.
    Interactions with Law Enforcement

    Can I record or photograph police in public?

    Yes. Pennsylvania law forbids audio recordings of what people say without their permission if they have a reasonable expectation of privacy, but that does not apply to police who are performing official duties in public. Police also can record or photograph demonstrators.

    Can police legally attend a protest undercover?

    Yes. And you should be aware that they may try to attend planning meetings to learn about plans for illegal activity.

    Do I have to show ID when police demand it?

    Not in Pennsylvania. If you are detained or arrested, you may choose to show ID when police demand it. If you choose not to show ID, you could be detained for a longer time while police attempt to identify you. If you are an undocumented immigrant, showing your ID may result in your detention by immigration authorities.

    Can police search demonstrators?

    If police have reasonable suspicion that you are involved in or about to commit criminal activity, they can frisk your outer clothing to search for weapons.

    Can police search bags and containers without probable cause?

    Yes, if you are entering what has been marked a secure area. But you can refuse and should be allowed to leave. Otherwise, police can only search bags if they have probable cause that it contains contraband, weapons or evidence of illegal activity.
    If You Are Stopped or Questioned by Police

    Police may legally stop and detain you only if they reasonably suspect that you have committed, are committing or are about to commit a crime.
    Determine if you are being detained by asking the officer if you are free to leave.
    Stay calm and in control of your words, body language and emotions.
    If police ask to frisk and “pat down” your outer clothing, tell them you do not consent, but do not physically resist. Also, say clearly that you do not consent to further search.
    The First Amendment allows you to criticize or swear at the police, but especially in tense situations, insulting, arguing with or running away from the police may get you arrested.
    In Pennsylvania, you do not have to give the police any information. But if you do talk to the police, do not lie. That is a crime. Remember, anything you say or do can be used against you.
    Keep your hands where police can see them and don’t make any sudden moves.
    Remember officers’ badge and patrol car numbers.
    Write down everything you remember ASAP.

    Try to find witnesses, and get their names and phone numbers.
    If you are injured, take photos of the injuries ASAP but get medical attention first.
    Even if you think the police are doing something wrong or illegal, do not argue with them or physically struggle. You won’t win and the charges against you are likely to be more severe. Police misconduct should be addressed only after the fact.

    If You are Arrested or Taken to a Police Station

    Ask for a lawyer immediately if you are arrested. If you can’t afford a lawyer, you are entitled to a free, court-appointed lawyer.
    You have the right to remain silent. You may simply say, “I am going to remain silent and would like a lawyer.” If you are not an undocumented immigrant, you may choose to give your name and address to law enforcement. But, in Pennsylvania, you are not required to give any information.
    Do not discuss your case over the phone; calls from police stations and jails may be monitored or recorded. Do not discuss your case with others being held; they may be undercover police.
    Do not make any decisions in your case until you have spoken with a lawyer.
    You must be taken before a judge without unreasonable delay (no longer than 48 hours). The
    48 hours do not include the day of the arrest, weekends or legal holidays.
    A judge will decide if the charges against you are supported by probable cause, and if so the judge may set bail. Bail may be denied if you don’t have ID.

    Things to Keep in Mind

    Carry ID. Never carry false ID.
    You should make arrangements in advance with friends about what to do if one of you is arrested.
    Memorize important phone numbers. If you are arrested your personal possessions, including your cell phone, will be taken by the police.
    Avoid carrying drugs or weapons – even a pocketknife. If you are arrested, you could face additional charges for their possession.
    If you have an outstanding warrant or problems with your immigration status, you may encounter problems if you are arrested during the protest.
    If you take medication for a chronic condition, you should consider how long you can go without your medication if you are arrested. If you own a medical alert tag, wear it.
    http://www.aclupa.org/issues/freespeech/kyrataprotest.htm
    ==
    http://www.foe.co.uk/resource/how_tos/cyw_59_protest_law.pdf

    • တိမ်မည်း

      December 11, 2012 at 9:34 am

      သဂျီးကတော့ သဂျီးပါပဲ…. 🙂

    • Mobile

      December 11, 2012 at 3:37 pm

      မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ မိမိ၏ဆန္ဒကိုချည်း လွတ်လပ်စွာ ထုတ်ဖော်နေလို့မရဘူး.. ကိုရင်ရ..
      သူများRights တွေကိုလည်း လေးစားရတယ်..။
      —————————-
      ဟုက်ပါတယ် ဒီအချက်နဲ့ ပတ်သတ်လို့ ကျနော်နားလည် သဘောပေါက်ပါတယ်။
      +++++++++++++++++++++++++++++++++++++
      ဥပမာ..။ မိမိ၏ဆန္ဒကို လွတ်လပ်စွာထုတ်ဖေါ်တယ်ဆိုပြီး.. ဆူးလေဘုရား.. လမ်းမအတိုင်းပါတ်လျှောက်နေလို့..မဖြစ်ပေဘူး..
      ရုံးသွားလာသူတွေ.. ခရီးသွားသူ.. အလုပ်လုပ်နေသူတွေ.. အချိန်နှောင့်နှေး.. လမ်းပိတ်.. ဈေးရောင်းသူတွေဝင်ငွေထိခိုက်မှာလည်း.. ထည့်တွက်ရပါတယ်…။
      —————————–
      မိမိ တစ်ဦးတစ်ယောက် ကောင်းစာဖို့ အဓိကမဟုတ် အများကောင်းစားဖို့နှင့် အများအတွက်
      ဆန္ဒတစ်ရာ ထုတ်ဖော်သည်စိုပါက။ ဒီအချက်ကိုတော့ အနည်းနဲ့ အများ မျက်ကွယ်ပြု့ရမယ်လို့
      မြင်မိပါသည်။
      ဥပမာ- မြန်မာနိုင်ငံ ရွှေဝါရောင်တော်လှန်ရေးမှာ ပြည်သူတွေ ဆန္ဒပြကြတော့ ကျနော် သိသလောက်
      မုံရွာမှာ အဝေးသင်ကျောင်းသားတွေ စုံစုံလင်လင် ရောက်ရှိလာပြီးခါမှ အကုန်ပြန်ကြရတယ်။ အဲ့ဒီအချက်
      ကိုတွက်မယ်ဆိုရင် ကျောင်းဖက်မှာရှိတဲ့ ဘော်ဒါဆောင်တွေ စားသောက်ဆိုင်တွေမှအစ ကျောင်းသူား
      အားပြုတဲ့ အလုပ်မှန်သမျှ အကျိုးနည်းခဲ့ရပါတယ်။ ဒါပေသိ အမျိုးသားရေး စိတ်ဓာတ်ရှိတဲ့ နိုင်ငံသားမှန်
      လျှင်မိမိ စီးပွားရေး အကျိုးနည်းခဲ့တာကို အပြစ်မမြင်ပဲ ဒီလုပ်ရပ်ကို ထောက်ခံအားပေးကြမယ်လို့
      မြင်မိပါသည်။
      ကျနော်၏ ထင်မြင်ယူဆချက်နှင့် ပတ်သတ်၍ အမှားအယွင်းတစ်စုံတစ်ရာ ရှိခဲ့ပါက မှန်ကန်သည်ကို
      ပြုပြင်ဆုံးမပေးကြရန် နှင့် ခွင့်လွှတ်နားလည် ပေးကြပါရန် ကြိုတင်၍ လေးစားစွာ တောင်းပန်သမှု
      ပြုလိုက်ရပါသည်။
      +++++++++++++++++++++++
      သူကြီးပေးလိုက်တဲ့ လင့်ခ်နဲ့ပတ်သတ်လို့လဲ အထူးကျေးဇူးပါ။
      မိမိကိုယ်တိုင် မဖတ်တတ်တဲ့အတွက် လမ်းဂွေ့ ကျွမ်းကျင်သူထံ အကူအညီတောင်းထားပါကြောင်း…..

      • kai

        December 11, 2012 at 4:05 pm

        ၁၉၈၈ – ၂၀၀ရ တော်လှန်ရေးတွေက.. မမှားပါဘူး..။
        .. .. ဆန္ဒပြရင် ပစ်သတ်မဲ့.. စစ်အာဏာရှင်စနစ်ရှိနေတာကိုး..

        အခုခေတ်ကတော့.. ပါးပါးလေးပါ..
        ဆန္ဒပြကြတိုင်း… မှားတယ်.. မှန်တယ်.. အကျိုးစီးပွားရှိတယ်.. ဆုတ်ယုတ်တယ်.. အင်မတန်ပြောရခက်ပါလိမ့်မယ်..။
        ဒီနေရာမှာ.. ဒေါ်အောင်ဆန်းစုကြည်ပြောပြောနေတဲ့.. တရားဥပဒေစိုးမိုးရေး အင်မတန်အဓိကကျလာပါတယ်..။
        ထစ်ဆို.. တရားစွဲကြဖို့ပါပဲ..။

        ပလက်ဖေါင်းပိတ်.. လမ်းပိတ်ဆန္ဒပြလို့.. နောက်ကဆိုင်..ဘေးဝန်းကျင်က..စီးပွားရေးလုပ်ငန်းတွေကက..သူ့အကျိုးစီးပွားထိခိုက်တယ်ထင်ရင်.. ရဲတိုင်.. ဖယ်ခိုင်း.. မရရင်.. တရားစွဲတာမျိုးဖြစ်လာဖို့ပါပဲ..။

        ကျုပ်ကတော့.. မီဒီယာလွတ်လပ်ခွင့်နဲ့တိုင်းကြည့်ပါတယ်..
        မီဒီယာလွတ်လပ်တာနဲ့အမျှ… ဘယ်သူ့အကျိုးစီးပွားထိခိုက်တလည်းဆိုတာရဲ့.. ရေချိန်ပေါ်လွင်လာပါလိမ့်မယ်..။
        မီဒိယာလွတ်လပ်ရင်.. လူထုလုပ်တတ်ရင်.. ဒီမိုကရေစီနဲ့လူ့အခွင့်အရေး.. ၇၅ရာခိုင်နှုန်း ရပြီးပြီလိုကျုပ်ကယူဆမိပါတယ်..
        နောက်တဆင့်ကတော့.. ငွေကြေးပမာဏနဲ့. စံနှုန်းထား..တိုင်းယူကြဖို့ပါ…။

        ဥပမာ.. (ဥပမာပေးတာဖြစ်ပါတယ်နော..)
        လက်ပံတောင်းတောင်ပြဿနာမှာ.. ဘယ်သူက..ငွေရသလည်း.. လျှော်ရင်ဘယ်သူငွေရကြသလည်း.. လူထုက.. ဘာတွေနစ်နာသလည်း..။ အစိုးရက လုံခြုံရေး..ရဲတွေချလို့.. ဝန်ကြီးဝန်လေး..တာဝန်ရှိသူတွေ.. အဲဒီနယ်ခရီးသွားရလို့.. ကော်မရှင်ဖွဲ့ရလို့.. လူထုအခွန်ငွေတွေဘယ်လောက်ဆုံးရှုံးသလည်း…။ ဆိုင်ရာ..ရပ်ကွက်..မြို့နယ်..။ပြည်နယ်..တိုင်းဒေသ အဆင့်ဆင့်.. ဘက်ဂျက်စနစ်နဲ့.. ခွဲစိတ်ကြည့်ကြရမှာဖြစ်ပါတယ်..
        အစိုးရဆိုတာကြီးရဲ့လှုပ်သမျှဟာ.. လူထုငွေတွေမြုတ်ပစ်နေတာလို့.. သိထားရပါလိမ့်မယ်..
        လူထုရဲ့ငွေတွေနဲ့.. သူတို့က.. အလုပ်လုပ်ကြ..သွားကြ..စားကြသောက်ကြရတာပါနော..

        ဒီမိုကရေစီစနစ်မှာ.. ပါဝင်ပါတ်သက်သူအားလုံးဟာ.. ပြဿနာကို စိတ်ဖြာဖြေရှင်းရာမှာ.. ကိုယ့်တိုင်းပြည်..ကိုယ့်ပြည်နယ်..ကိုယ့်မြို့နယ်..။ ကိုယ့်ရပ်ရွာ..။ ကိုယ့်အသိုင်းအဝိုင်း..။ ကိုယ့်မိသားစု.. အဆင့်ဆင့်သော.. အကျိုးစီးပွားဆီဦးတည်ရပါတယ်လို့…။
        လူသားအရေအတွက်အရေးကြီးလာပါလိမ့်မယ်..။
        လူများသူဖက်က.. အနိုင်ရရမှာပါ..။

        အဲဒီမှာ..အင်မတန်အရေးကြီးတဲ့..နောက်တပိုင်းဝင်လာပါတယ်..
        ငွေတွေကို…ဘယ်သူကထုတ်ပေးသလည်း..။ ဘက်ဂျက်ကိုဘယ်သူတွေက.. ဆွဲပေးသလည်း..
        ဟုတ်ပါတယ်..
        Checks and Balances စနစ်အရ.. လွှတ်တော်က..ဘက်ဂျက်ခွဲရတာဖြစ်ပါကြောင်း…။
        လွှတ်တော်ထဲမှာ.. လူထုကိုယ်စားလည်အစစ်အမှန်ရှိနေဖို့.. အင်မတန့်အင်မတန်.. အရေးကြီးကြောင်း…
        ၂၀၁၅ကို.. ဦးတည်ထားကြစေလိုကြောင်း…

        +++++++++++++++++++++++
        ကိုရင်မိုဘိုင်းဦးတည်ပြောနေဟန်လုပ်ထားပေမယ့်.. ကိုရင့်ကိုတိုက်ရိုက်မဆိုလိုပါကြောင်း..
        သိသလောက်..တတ်သလောက်.. သတင်းစကား.. ပါးတာသာဖြစ်ပါကြောင်း..
        ပြန်လှန်ဆွေးနွေးပေးစေလိုပါကြောင်း…။ :kwi:

        • မောင့်ကျက်သရေ ဂီ့

          December 11, 2012 at 4:17 pm

          အခုလို သဂျီးမင်း ပြည့်ပြည့်စုံစုံ ဆွေးနွေးရှင်းလင်းပြောကြားတာကို
          ဖတ်ရတော့လည်း ကျက်သရေ တပါးပါပဲဗျာ…

          :kwi:

        • Mobile

          December 11, 2012 at 7:26 pm

          မင်္ဂလာပါ သူကြီးရေ။
          ကျနော် ဝင်ရောက်ဆွေးနွေးတဲ့ စကားလုံးများအနေဖြင့် အငြင်းပွားသလို
          ဖြစ်နေခဲ့မယ်ဆိုရင်လဲ သူကြီးအနေဖြင့် နာလည်ပေးနိုင်လိမ့်မည်ဟု ယူဆပါသည်။
          တစ်ကယ်တမ်း မြန်မာနိုင်ငံမှာ နိုင်ငံရေးသမား ယောင်ယောင် ဘာယောင်ယောင်
          တွေသာများပြီး။ တစ်ကယ်တမ်း နိုင်ငံရေး နားလည်သူ လက်တွေ့ကျကျ တွေခေါ်နိုင်သူ
          လုပ်ဆောင်နိုင်သူဟာ လူနည်းစုသာ ဖြစ်လိမ့်မယ်လို့ ကျနော် ထင်ပါတယ်။
          စစ်အစိုးရဖက်က လူတွေသာ ဒါတွေကို ပိုပြီးကျွမ်းကျင် ကြလိမ့်မယ်လို့လဲ ထင်ပါတယ်။
          သူတို့အနေနဲ့ အချိန်ပေးပြီးလေ့လာ သင်ယူနိုင်ပေမယ့် ပြည်သူအများစု ဟာစာဝတ်
          နေရေး အလုပ်လုပ်ကိုင်ရ စားဝတ်နေရေး ပြေလည်သူများ အနေဖြင့်လဲ အကြောင်း
          အမျိုးမျိုးကြောင့် မလေ့လာ မလိုက်စားတဲ့ လူတွေ များလိမ့်မယ်လို့ ထင်ပါတယ်။
          ကျနော် အနေနဲ့တော့ လူပိန်းအဆင့်သာ ဖြစ်လိမ့်မယ်လို့လဲ ဝန်ခံပါတယ်။
          အခုလို ဝင်ရောက်ဆွေးနွေးတယ်ဆိုတာလဲ တစ်ကယ်တမ်းတော့ လေ့လာသင်ယူတဲ့
          သဘောသာဖြစ်ပါတယ်။
          ———————————-
          မီဒိယာလွတ်လပ်ရင်.. လူထုလုပ်တတ်ရင်.. ဒီမိုကရေစီနဲ့လူ့အခွင့်အရေး.. ၇၅ရာခိုင်နှုန်း ရပြီးပြီလိုကျုပ်ကယူဆမိပါတယ်..
          ———————————–
          မီဒီယာ လွတ်လပ်ရင် လူထု လုပ်တတ်ရင် ဆိုတဲ့နေရာမှာ လူထုအနေနဲ့ အဓီက ကျတဲ့
          အချက်တွေကို အထက်မှာ သူကြီးပြောခဲ့သလို ခွဲးခြမ်းစိတ်ဖြာ ဖြေရှင်းတတ်ဖို့
          နာလည်သူများ ထံမှများထံမှ လေ့လာသင်ယူဖို့ လိုအပ်သလို နာလည်တတ်ကျွမ်းသူ
          များအနေဖြင့်လဲ ပြည်သူတွေကို မျက်စိဖွင့်ပေးဖို့ လိုအပ်ပါကြောင်း ပြောကြားလိုပါတယ်။
          ဒါမှသာလျှင် ၂၀၁၅ မှာအောင်မြင်မှုကို ရယူနိုင်မယ်လို့ မြင်မိပါကြောင်း . . . . . . .
          အထူးပြောကြားလိုသည်မှာတော့ အမှားအယွင်း တစ်စုံတစ်ရာ ပါရှိပါက
          သူကြီးနှင့်တကွ ရွာသူား အပေါင်းတိုက ခွင့်လွတ်ပေးကြပါရန် . . . . . . .

  • ဘဲဥ

    December 11, 2012 at 10:06 am

    ဘာမှပြောစရာကျန်ဒေါ့ဘူး
    ၁၅ကျပ်ယူပီး ပြန်ဒယ်ကွာ
    :harr:

  • ဦးကြောင်ကြီး

    December 11, 2012 at 11:19 am

    ှဆန္ဒပြမယ်ဆိုရင် သဂျီးဆွဲတဲ့ ရွာအခြေခံဥပဒေ အတည်ပြုပြီးမှ ရမယ်တဲ့။ ဘယ်သူတွေ မဲပေးခွင့်ရှိလဲသိလား ❓ သဂျီးရယ်၊ သဂျီးဂဒေါ်ရယ်၊ သမီးဒေါ်ဂလေးရယ်၊ အပြင်လူအနေနဲ့ ကြေးမုံဂျီးဆိုတဲ့ လောပန်တယောက်ပါတယ်။ ကွိကွိကွိ :kwi: :kwi: :kwi:

    • kai

      December 11, 2012 at 11:42 am

      စိတ်မပူပါနဲ့..
      အခြေခံဥပဒေကို.. မြန်မာပြည်မှာ.. မုန်တိုင်းဝင်တဲ့အချိန်လောက်.. ကိုက်ပြီး အတည်မပြုပါဘူး…. လို့…… အာမခံပါတယ်..။
      အဲ..
      ကျန်သေးတယ်..
      ပြန်လှန်ဝေဖန်ပြောမယ့်သူတွေကိုလည်း.. “ပလက်ဖေါင်းနဲ့ခြေထောက် ခလုပ်တိုက်မိလို့.. ပြည်သူပိုင်ပလက်ဖေါင်း ထိခိုက်ခံရမှု” ဆိုတာမျိုး. ဥပဒေကဲ့သို့အာဏာတည်သော အမိန့်ထုတ်.. မချုပ်… အဲ..အဲ.. နှင်မထုတ်ပါဘူးလို့.. :kwi:

  • ရွှေအိမ်စည်

    December 11, 2012 at 3:46 pm

    ရွာနြ ့အဆက်ပြတ်နေလို ့…ဖတ်တော့ဖတ်တယ်..ကျနော်ဘာမှန်းမသိလိုက်ဘူး…..

    ကြော်ငြာဘုတ်သွားရှာကြည့်မှဘဲ

  • first last

    December 11, 2012 at 3:50 pm

    Good point.
    But according to my experience in this village, even good comments can get “-” minus.

  • ဖိုးထောင်

    December 11, 2012 at 4:52 pm

    ဆာဗာလေးတာကွာ တောက် လေးလေးဝါးသီချင်းလေးညည်းပြီးဖတ်တာကောင်းပါတယ် (ကလေးအတွေး)
    း)

    • Mobile

      December 11, 2012 at 5:06 pm

      လေးလေးဝါးသီးချင်းတော့ မကြားဖူးဖူးဗျ
      ဒီသီချင်းလေးပဲ ကြားဖူးတယ်
      အဖျက်သမားတွေ ဒို့မလိုလားပေ ပြည်တွင်းပြည်ပရန်သူ အဖျက်သမားတွေ
      တိုင်းရင်းသားတွေ ရိုင်းပင်းကြစေ။
      ဒါလေးကိုပဲ နှစ်သက်မိတယ်ဗျာ ………..
      စိန်ကောင်းကျောက်ကောင်း ရောင်းနေရင်း ညဉ်းမိတာပါ

  • ဖိုးထောင်

    December 11, 2012 at 5:29 pm

    အတော်ပဲကိုမိုဘိုင်းရေ ကျုပ်အိမ်ရှေ့လမ်းသိပ်မကောင်း ကိုယ်ထူကိုယ်ထခင်းရမှာမို့လို့ ၅ ကျင်းလောက်အိမ်အရောက်ပို့ပေးပါဦး ရွာသူရွာသားချင်းပဲဗျာ အိမ်ကို ရောက်မှငွေရှင်းမယ် ဒါပဲ ဆာဗာလေးတယ် ညွှတ်ညွှတ်ညွှတ်

  • ဒီဆိုဒ်ရဲ့အမှတ်ပေးစည်းမျဉ်းတွေထုံးတမ်းအစဉ်အလာတွေကတော့ ရိုးရာအတိုင်းသာပူဇော်ပသကြပါ။
    အဓိကကတော့ ပို့စ်ရေးတင်သူတွေကလည်း ကိုယ်တင်တဲ့ပို့စ်အပေါ်တလေးတစားနဲ့ ပြီးကပြစ်မလုပ်ဖို့။
    အဓိပ္ပာယ်ရှိပြီး၊ပေးချင်တာပေါ်လွင်ဖို့လိုသလို၊မန့်တဲ့နေရာတွေမှာလဲ သူ့ပစ္စည်း၊ကိုယ့်ပစ္စည်းထည့်မဆဲကြရင်
    အကောင်းဆုံးပါပဲ။
    ဆွေးနွေးချက်တွေကတော့ အရမ်းကို ဗဟုသုတရတာ ဝန်ခံရပါတယ်။
    ဒီထက်ဆွေးနွေးနိုင်တဲ့ဆိုဒ်တွေတောင် ဒီ့လောက်ဆွေးနွေးနိုင်မယ်မထင်။
    ဗဟုသုတ ဟင်းလေးအိုးကြီးတွေ တပုံတခေါင်းကြီးကြွယ်ဝတဲ့ဆိုဒ်ပေါ့။
    တော်တော်ကြီးခေါင်းမာသူတွေလဲပေါလှတဲ့နေရာလို့ မြင်ပါတယ်။
    (မှတ်ချက်-တဂျီးကထိပ်ဆုံးက) :harr:

  • မိုး မင်းသား

    December 11, 2012 at 7:17 pm

    ဆွေးနွေးချက်တွေကတော့ အရမ်းကို ဗဟုသုတရတာ ဝန်ခံရပါတယ်။
    ဒီထက်ဆွေးနွေးနိုင်တဲ့ဆိုဒ်တွေတောင် ဒီ့လောက်ဆွေးနွေးနိုင်မယ်မထင်။
    ဗဟုသုတ ဟင်းလေးအိုးကြီးတွေ တပုံတခေါင်းကြီးကြွယ်ဝတဲ့ဆိုဒ်ပေါ့။
    တော်တော်ကြီးခေါင်းမာသူတွေလဲပေါလှတဲ့နေရာလို့ မြင်ပါတယ်…………………………………………..။

    တော်တော်…တော်တဲ ့နန်းတော်ရာသူ……

    ဒါကြောင် ့နာမည်ကြီးနေတာကိုး…….လေးစားပါတယ်….နန်းတော်ရာသူ……

    ချစ်ခြင်းမေတ္တာဖြင် ့

  • သကြားလုုံးကြော်

    December 12, 2012 at 4:09 am

    အင်း သူများတွေ ဆန္ဒပြပွဲမှာ ရောပြီး ဆိုုင်ဆိုုင်မဆိုုင်ဆိုုင် ဝင်ဖောလိုုက်ဦးမယ်။
    ကွန်မန့်တွေကိုု အပေါင်းအနုုတ် အမှတ်ပေးတဲ့ စနစ်က လုုပ်မယ်မထင်ဘူး။ ဘာလိုု့လဲဆိုုတော့ (အပေါ်ကလူတွေပြောတာအပြင်) ရွာထဲကလူတွေက မျက်နှာလိုုက်လိုု့ ။ လာလေရော့ ။ ရန်စတယ်လိုု့ထင်ထင်။ တကယ်ပြောတာ။ ကိုုယ့်ကိုုယ်ကိုု စဉ်းစားကြည့်ကြ။

    လူသစ်တွေနဲ့ လူဟောင်းတွေ ရဲ့ ပိုု့စ်တွေ ကွန်မန့်တွေကိုု အားပေးတဲ့ နှုန်းချင်းမတူဘူး။ ရွာထဲက နာမည်ကြီးတွေက ဘာပြောပြော ဘာမန့်မန့် + ရမှာသေချာသလောက်ပဲ။ ပုုဂိ္ဂုလ်ရင်းစွဲ ခေါ်လား။ တခြားသူတွေက သဘောမတူရင်တောင်မှ ညှာညှာတာတာ ပြောတယ်။ ရွာသက်တမ်းနုုသေးတဲ့ တစိမ်းတွေ ဆိုုရင် ဒီလိုု စောစောစီးစီး အကွန့်တက်လိုုက်လိုု့ကတော့ မသင်္ကာတဲ့ စိတ်မျက်လုုံးတွေနဲ့ ဝိုုင်းနှက်ကြပြီပေ့ါ။

    ဟိုုကြိုးဒီကြိုး မဆွဲချင်လိုု့ ရွာထဲ လူမသိသူမသိ ကိုုယ့်အားကိုုယ်ကိုုးပြီး ဝင်ရတာများ မျက်နှာ ငယ်ပ့ါ။ ဟိုုတလောက ဆရာမ တစ်ယောက်က မိတ်ဆက်ပေးပြီးရောက်လာတဲ့ ရွာသူဆိုု မရောက်ခင်ကတည်းက လူတိုုင်း က ပန်းစီးနဲ့ ရွာထိပ်ထွက်ကြိုလိုုက်ကြတာမှ။ မျက်နှာလိုုက်တယ်။ (no offence to that ရွာသူ နော်)။ ဥပမာပြတာ။ ကိုုမုိုဘိုုင်း ရဲ့ ဆန္ဒအတုိုင်းကိုုပဲ နာမည်ကြီးပြီးသား၊ ရွာသက်ရှည်ပြီးသား ရွာသူား တယောက်ယောက်က ပြောကြည့်ပါလား ၊ သဘောမတူကြရင်တောင်မှ အနည်းဆုုံး နည်းနည်းသက်သက်ညှာညှာ ဖေးဖေးမမ ပြောကြမှာ။

    ဒီမိုုကရေစီရွာကြီးသာပြောတာ တကယ်ကတော့ ပုုဂ္ဂိုလ်ရင်းစွဲ နဲ့ မျက်နှာလိုုက်ကြတဲ့ ၊ seniority ကိုုအားပေးတဲ့ ဓလေ့ထဲက မထွက်ပါဘူး။ မယုုံရင် လူတိုုင်းကိုု နာမည်အသစ် လူအသစ် annonymous အနေနဲ့ စမ်းကြည့်ခိုုင်းပါလား။ ဝေးသေး။

    ကဲ ဝန်မခံနိုုင်လိုု့ ဒီကွန်မန့်ကိုု အနုုတ်တွေပေးချင်သပဆိုု ကြိုက်သလောက်ပေးကြပေတော့။
    မှတ်ချက် …. Rule ၁၃ နှင့် ကင်းလွတ်ပါသည်။ မိမိ ဆန္ဒကိုု ထုုတ်ဖော်တာမဟုုတ်ပါ။ တခြား မင်ဘာတွေကိုု တိုုက်ခိုုက်တာမဟုုတ်ပါ။ ရွာထဲမှာဖြစ်နေတဲ့ အမှန်ကိုု ထောက်ပြခြင်းသာဖြစ်ပါအိ။

    • kai

      December 12, 2012 at 6:03 am

      ဆိုတော့..
      အပေါင်းပေးလိုက်ပါကြောင်း.. …။ :kwi:
      သကြားလုံးမမကြော် ဘယ်သူလည်းသိချင်ရင်.. သူ့ရဲ့.. ရွာအဝင်မိတ်ဆက်ပို့စ်လေးပြန်ညွှန်းပေးမယ်ဖြစ်ကြောင်း..

      https://myanmargazette.net/130004/

      ရွာထဲကကြောင်များနဲ့လည်း. ရိုက်ကြနှက်ကြဖြစ်ဖူးကြောင်း..
      https://myanmargazette.net/141969

    • MaMa

      December 12, 2012 at 7:34 am

      ကိုယ်တိုင်တော့ ရွာထဲစဝင် စ တုန်းက သဂျီး(ကိုယ်တိုင်)က နှက်လွှတ်လိုက်တာ…
      ထောင်ဝင် ပုံစံပေးခံရသလို ခံစားရပြီး…..
      နောက်ထပ်ပိုစ့် မတင်တော့ဘူး လို့ တောင် စိတ်ထဲက ဖြစ်မိတယ်။
      ဒါပေမယ့်လည်း စာရေးချင်တဲ့ပိုးက ထကြွလာတော့ ….
      ရေးရင်း မန့်ရင်း….
      ကိုယ့်ခံစားချက်ကို ဖွင့်ချစရာ နေရာတစ်ခုတည်ထောင်ထားပေးတဲ့ သဂျီးကိုလည်း ကျေးဇူးတင်တတ်လာရင်းးးးးးး
      ဒီလိုနဲ့ပဲ ရွာသက်ရှည်လာရတယ် ဆိုပါတော့။ :hee:

    • သကြားလုံးကြော်ပြောတဲ့အချက်က ဆိုဒ်တိုင်းလိုလိုရဲ့ထုံးစံလိုဖြစ်နေပါပြီ။
      လူဟောင်း၊လူသစ်ဆိုတာက အွန်လိုင်းမှာမှမဟုတ်ပါဘူး နေရာတိုင်းမှာ ဆက်ဆံမှုကွဲပြားပြီးသားပါ။
      ဒါပေမယ့် အဲ့ဒါတွေဟာမှုစရာကိစ္စမဟုတ်ဘူးဆိုတာကို ကိုယ်ကိုယ်တိုင်လူဟောင်းဖြစ်လာတော့သိလာပါလိမ့်မယ်။
      လောလောဆယ်တော့ ကိုယ်တိုင်က လူသစ်ဖြစ်နေပေမယ့်တခြားဆိုဒ်တွေက နမူနာတွေကြောင့် နေသားတော့ကျပါတယ်။
      လူဟောင်းဖြစ်ဖြစ်၊လူသစ်ဖြစ်ဖြစ် တင်တဲ့အကျိုးရှိတဲ့ပို့စ်တွေဆိုရင်၊စိတ်ဝင်စားစရာကောင်းရင် မန့်လိုက်ပါတယ်။
      လူဟောင်းဖြစ်နေလို့ ထမင်းစားတာ၊ရေသောက်တာ၊သေးပေါက်တာကအစတင်နေရင်တော့ မမန့်ဖြစ်ပါဘူး။
      မည်သူ့ကိုမှမရည်ရွယ်ပါ။မိုင်းနပ်စ်တွေကိုလည်းမကြောက်ပါ။
      လူဟောင်းတော်တော်များများကိုတော့ လေးစားနေလျက်ပါ။

      • မိုက်ကယ်ဂျော်နီအောင်ပု

        December 12, 2012 at 1:46 pm

        ဟုတ်တော့ဟုတ်တယ်ဗျ
        အန်တီသဂျားလုံးကျော့်ကော်မန့်က ပိုစ့်နဲ့မချိုင်ဘူးဖစ်နေဒယ်
        မျက်နှာကြီးရာဟင်းဖတ်ပါ ဆိုလား အိုက်ဒီသဘောလည်းရှိခြင်ရှိပေမပေါ့
        ဒီလိုလည်းဖြစ်တတ်ပါတယ်
        အထာတွေမသိသေးလို့ပြောရင်ရနိုင်မလားဘဲ
        သာမန်လူတွေရဲ့သဘောလို့ဆိုရမလားဘဲ
        သာကီတွေလေဂျာ နှလုံးသားတွေနူးညံ့ဂျဘာဒယ်
        လက်ဘဒေါင်းမှာ ဘုန်းကြီေးတွမီးလောင်တာတော့ဆွဲမထည့်နဲ့ပေါ့ဗျာ :mrgreen:
        သိနေကြတဲ့သူတွေကြတော့ တစ်ခါတစ်လေပြောစရာလေးတွေစိနေပေမယ့်
        ဟိုးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
        လွန်ခဲ့တဲ့အချိန်တွေက သူတို့သဘောထားမှန်တွေကိုသိထားတော့ မပြောဖြစ်တော့ပါဘူး
        ဆိုခြင်တာက မန်ဘာတစ်ယောက်ရဲ့အကြောင်းကိုသိဘို့ဆိုတာ
        အငယ်ခံ တစ်နှစ်ခွဲလောက်ရင်းနှီးထားမှ အာဘော်တွေသဘောတရားတွေကို
        သိထားတော့ သူဘာပြောပြော ဘယ်လိုသဘောရှိတယ် ဘာကိုရည်ညွှန်းတယ်
        ဆိုတာကိုသိနေတယ်လေ
        ကျုပ်မန်ဘာအသစ်တုန်းကဆို ဟိုကြောင်ဇုတ်ကြောင်နာကြောင်တေဂျင်းဂျိုးဂျီး
        ကျုပ်ကိုနှိပ်ကွတ်တာခံရဘူးဒယ်
        ဒါပေမယ့်ဂေဇက်မှာစာပေအရေးသားရဲ့ တဲလန့် လား ဘာလို့ခေါ်သဒုံး
        အရည်အသွေးလို့ဆိုနိုင်မလား အဲ့ဒါကတော့ အသစ်အဟောင်းမျက်နှာမလိုက်တဲ့
        သဘောစိမယ်ထင်ဒယ်
        ဥပမာ
        လစဉ်ဆုရတဲ့ ပိုစ့်တွေဆိုတာ မန်ဘာအဟောင်းတစ်ယောက်မှမဟုတ်ဘူးလို့တောင်
        ပြောနိုင်ပါသေးတယ်
        ခုဘဲကျိဗျာ
        ကျောက်ခဲ ( ဦးကျောက်ခဲ ) ဆိုတာ မနေ့တစ်နေ့ကမှမန်ဘာဖြစ်ဒယ်
        နံမယ်ဂိုဂ ကျောက်ခဲ
        ဒဲ့
        ကြည့်…………
        ထညက်ခဲလောက်ဆို ဟုတ်တုတ်တုတ်
        ဘယ့်နှယ့်ဗျာ ခုဒေါ့ ဆုပေးရဒယ်လို့
        ပြောရင်းပြောရင်း အဲ့သည်ဖတ်ရွေးအဖွဲ့ဂျီးကို စိတ်နာလာဘီ 👿
        ( ဟဲဟဲဟဲ အရဂါးနောက်ဒါဘာ ဒီမှာ မှာမှမဟုတ်ဘာဘူးဂျာ ကျောင်းတွေမှာလည်း
        အာဘော်တူတဲ့သူအချင်းချင်း ပေါက်ကရလုပ် တစ်ယောက်ဖင်တစ်ယောက်မပြီး
        တစ်လှေထဲစီးပြီးကျောင်းပြေးခဲ့ဂျဒါဘဲဥစ္စာ )

        • ဥအောင်ဘု …

          ဥကြောင်ရီးနဲ့ ဥအောင်ဘုဂ
          တစ်လှေထဲ စီးခဲ့ဂျဒူဒွေလား …
          ဥဟိုဒင်းနဲ့ ဥကိုင်နဲ့ဂရော ..
          ဂလိုဘဲလား … 🙄 :mrgreen:

        • မိုက်ကယ်ဂျော်နီအောင်ပု

          December 12, 2012 at 2:10 pm

          အဲ့သည်လိုတော့မဟုတ်ရပါဘူး
          သူတို့ ကျောင်းတော်သားတွေဘဝတုန်းက
          ကျုပ်က ဘယာကျော်ရောင်းတာ
          အဲ့သည်ပုဂ္ဂိုလ်တွေက စားနေဂျ

        • surmi

          December 12, 2012 at 2:32 pm

          မောင်အံရဲ ့
          ဘပုက ဘယာကြော်ရောင်းပြီးကျုပ်ဆီက ဂျလေဘီ အကြွေးဝယ်စားတာ ကွ
          အခု လမ်းတွေ ့ရင် အကြွေးတောင်းမလို ့

        • ဦး ကျောက်ခဲ

          December 12, 2012 at 3:37 pm

          တူမ သကြားလုုံးကြော် ရေ

          အဲ့လူဂျီး ဥအောင်ဘု က မနာလိုလို့ပြော ….. အဲ အဲ စိတ်နာလို့ပြောတာ ဆိုပေမည့်
          သူပြောတာ အမှန်ပါ…….
          တူမတို့ သိတဲ့အတိုင်း ဦးကျောက်က လူသစ်တန်းပါ

    • သကြားလုုံးကြော်

      December 14, 2012 at 11:09 am

      သဂျီးက ကလေးမုုန့်ပေးပြီး နှစ်သိမ့်သလိုု အပေါင်းပေးသွားတယ် ထင်တယ်။ ရဘူး ရဘူး ငိုုလိုုက်မှာနော်။

      အင်း .. မနန်းတော်ရာသူ ပြောသလိုု လူသစ်လူဟောင်းထုုံးစံက အွန်လိုုင်းမှာရော နေရာတိုုင်းမှာရော ရှိပြီးသားပါ။ ပြောင်းလိုု့များနီးစပ်မလားလိုု့ မွှေကြည့်တာ။ အခုုတလော ကျမတိုု့ အလုုပ်အသိုုင်းအဝိုုင်းမှာ seniority ထက် juniority ကပိုုခေတ်စားနေလိုု့။

      ကျမ ကိုုယ်တိုုင်လည်းစာမရေးသလိုု ကွန်မန့်လည်း သိပ်မရေးပါဘူး။ ဆိုုတော့ အပေါင်းရစရာ ကျမပိုု့စ်တွေ ကွန်မန့်တွေတောင် ရှိလှတာမဟုုတ်ဘူး။ ရှိစုုမဲ့စုုလေးတွေကလည်း အန်တီပဒုုမ္မာပြောသလိုု သဘောကောင်းတဲ့ ရွာသူားတွေကြောင့် အအော်မခံရသေးပါ။ လူသစ်တွေဆိုု နင်အသစ်ပဲ သေချာအရင် ရွာထဲလျှောက်ကြည့်ဦး ဆိုုတာ ခဏခဏ တွေ့မိလိုု့ ကြုံတုုန်း နည်းနည်း ပြောကြည့်ရုုံပါပဲ။

  • padonmar

    December 12, 2012 at 8:34 pm

    သကြားလုံးကြော်သို့
    စာအရေးအသားက ဗီဇလိုသလို အလေ့အကျင့်လည်းလိုမယ်လို့မြင်ပါတယ်။
    သူ့ဗီဇပါလာလို့ဖြစ်စေ၊အခြားတစ်နေရာမှာ အလေ့အကျင့်ရပြီးသားဖြစ်စေ လက်တွေက သိသိသာသာကောင်းနေတော့ စကတည်းက သတိထားမိစရာပို့စ်တွေဖြစ်လာပါတယ်။မိတ်ဆက်ပေးခံရတာကတော့ လူသိစေခြင်းရဲ့ 5%လောက်ပဲရှိမယ်လို့ထင်ပါတယ်။
    ရေးပါများလာတဲ့အခါ အရည်အချင်းတက်တက်လာပါတယ်။
    အန်တီတို့လည်း ဂဇက်မှာမှ ကလောင်သွေးရတာဆိုတော့ စရေးခါစက တော်တော်ညံ့ပါတယ်။ခုလိုစောင့်ဖတ်မယ့် ဖတ်ရွေးလည်းမရှိတော့ ကွန်မန့်တောင်မရတဲ့ ပို့စ်တွေရှိခဲ့ပါတယ်။
    သမီးကမှ စကတည်းက ကွန်မန့်တွေရပါသေးတယ်။
    စိတ်မပျက်အားမလျှော့စေချင်ပါ။
    SiTone ဆိုတဲ့ ကလေးမလေးဆို ရေးရင်းနဲ့သူ့လက်တက်လာတာ သိသိသာသာဖြစ်လာပါတယ်။ အကြောင်းအရာလည်းရွေးတတ်လာ၊သတ်ပုံလည်းမှန်လာပါတယ်။
    အခုတလောတော့ ပျောက်နေပါတယ်။

  • padonmar

    December 12, 2012 at 8:45 pm

    Mobile ရဲ့ ရွာပေါ်ထားတဲ့ စေတနာကို နားလည်ပါတယ်။
    ဆန္ဒပြခြင်းနဲ့ ပတ်သက်လို့ အကြံပေးချင်တာကတော့ ဆန္ဒပြစရာနေရာလေး သတ်မှတ်ပြီး ပြချင်သူတွေအဲဒီမှာသွားပြ။မီဒီယာက သတင်းသွားယူဆိုရင်၊လူတွေကို အနှောက်အှယှက်မဖြစ်တော့ဘူးပေါ့။
    ဥပမာ ကျိုက္ကဆံကွင်းထဲမှာ နေရာပေးထားလိုက်။
    (လန်ဒန်က ပစ်ကယ်ဒလီမှာ နိုင်ငံရေးတရားဟောသူကလည်းဟော၊နားထောင်ချင်သူကထောင်၊ရဲကလည်း ဘေးမှာအသာကြည့်နေတယ်ဆိုပြီး ဆရာမြတ်ထန်ရဲ့ တိုင်းပြည်ကနုနု မုန်တိုင်းကထန်ထန်မှာဖတ်ဖူးပါတယ်)
    နောက်တစ်ခု ဘယ်သူရေးတာလဲတော့ မမှတ်မိတော့ဘူး။? NHK မှာလေ့လာရေးသွားတော့ လက်မောင်းမှာ အဖြူလေးတွေပတ်ပြီးအလုပ်လုပ်နေတဲ့သူတွေ တွေ့ပါတယ်တဲ့။အဲဒါဘာလဲမေးတော့ ဆန္ဒပြနေတာပါတဲ့။သူတို့လိုချင်တာကို ခေါင်းဆောင်တွေက ညှှိနှိုင်းနေချိန်မှာ ကျန်သူတွေက လုပ်ခွင်မပျက်အလုပ်လုပ်နေပါတယ်။သူတို့တောင်းဆိုချက်လည်း ရလိုက်ပါတယ်တဲ့။

  • Mobile

    December 12, 2012 at 10:35 pm

    uဒုံမာ ရေ အခုလို ဝc ်ရောm် ဆွေးနွေးတဲ့အတွက် အထူးကျေးဇူးတင်ရှိပါကြောင်း ။ ။ ။ ။
    ဗဟုသုတ လေးတွေပါ ထည့်ပြောခဲ့တဲ့အတွက် လဲထပ်မံ၍ ကျေးဇူးတင်ရှိပါကြောင်း ။ ။ ။ ။

  • ရွှေ ကြည်

    December 15, 2012 at 1:01 pm

    သကြားလုံးကြော်ရေ ခေါ်ရတာ အီလိုက်တာ :mrgreen: ရေတိုက်။
    ရွှေကြည်ကတော့ သူများမိတ်ဆက်ပေးလို့ ဖားပြီးကောင်းတယ် တော်တယ်မန့်တဲ့သူမျိုးမဟုတ်ပါဘူးဆိုတာလေး။
    ဖတ်ကြည့်လို့ တကယ်ကောင်းမှ ကောင်းတယ်ပြောဖြစ်ပါတယ်။ ကိုယ်စိတ်နဲ့တွေ့တဲ့စာပေါ့လေ။
    အကဲဖြတ်ဖို့အထိတော့မစွမ်းပါဘူးရယ်။ ဖတ်ရင်းနဲ့သဘောကျရင်ကျတယ်ဆိုတာလေးထည့်မန့်ဖြစ်တယ်။
    တခါတလေမန့်မရှိတဲ့ပို့စ်တွေဝင်ဖတ်ပြီးမန့်ပေးဖြစ်တယ် မန့်ရင်တောင် အကြိုက်ကြီးမဟုတ်ရင် မန့်ရှိတယ်ဖြစ်အောင်သာအားပေးရင်းမန့်တာ ကောင်းတယ်တော်တယ်မပြောဘူး။
    ကျန်တဲ့သူတွေလည်း အားမနာတန်းဝေဖန်ကြသူတွေရှိပါတယ် အဟောင်းဆိုတာ တခါတုန်းကအသစ်ပါပဲလို့။
    အသစ်ဆိုတာကတော့အသစ်ပီပီသသနေရာသစ်မှာ နေသားကျအောင် ဓလေ့ထုံးစံလေးတွေသိအောင်
    ဘယ်သူက ဘာဆိုတာသိအောင်တော့ အရင်လေ့လာတာဟာ ဘယ်နယ်ပယ်မှာပဲဖြစ်ဖြစ်အကောင်းဆုံးပါလို့။
    သကြားလုံးကို ခင်တယ်ရွာသူညီအစ်မမို့ရော ပွင့်ပွင့်လင်းလင်းလည်းပြောတတ်လို့လေ။
    ဒါပေမယ့် အပြောခံရသူမှာ စိတ်မကောင်းဖြစ်သွားနိုင်ပါတယ်။ တိုက်ရိုက်ကြီးလိုဖြစ်နေတယ်။ ရွာထဲရောက်မှတော့အားလုံးတရွာတည်းနေတွေမို့ ဘယ်လိုဖြစ်ဖြစ် အားလုံးကိုပျော်ပျော်ရွှင်ရွှင်ဖြစ်စေချင်တယ်။
    အသစ်ပေမယ့် အရေးအသားကောင်းရင် အားပေးကြတာပါ။ ဗုံဗုံလေး ဆိုလည်း အသစ်ပေမယ့်လက်စွမ်းထက်တော့အားပေးကြပါတယ်။
    သကြားလည်းပျောက်နေတတ်တယ်နော် စာတွေရေးဦး မျှော်နေမယ်။
    ထပ်ပြောမယ်နော် အဟောင်းဆိုတာ တခါတုန်းကအသစ်ပါပဲလို့။

    သကြားလုံးကြော်နဲ့ အမျိုးလို့ပြောနိုင်တဲ့ချိုအီတဲ့
    ရွှေကြည်

Leave a Reply