တပ်ဦးကျောင်းအလှူ with Dozen Plus

Shwe EiDecember 10, 20123min16512

မင်္ဂလာပါ မန်းဂဇက်စာဖတ်သူများရှင့်။

ယခုလ ၉ရက် ၁၂လ ၂၀၁၂ခုနှစ်မှာ ကျမတို့ ဒါဇင်ပလပ်လူမှုကူညီရေးအဖွဲ့လေးရဲ့ ငါးကြိမ်မြောက်ပညာဒါနလှူဒါန်းမှု ပြုလုပ်ခဲ့ပါတယ်။
သွားရောက်လှူဒါန်းခဲ့တဲ့ ဘုန်းကြီးကျောင်းက ရွှေပြည်သာမြို့နယ်ထဲက တပ်ဦးကျောင်းပါ။
တကယ်တော့ ရဲတပ်ရင်း(၁)နဲ့ မျက်နှာချင်းဆိုင်မှာ တည်ရှိနေတဲ့ကျောင်းဖြစ်လို့ တပ်ဦးကျောင်းအမည်တွင်တာဖြစ်ပြီး
ကျောင်းထိုင်ဆရာတော်ရဲ့ ဘွဲ့တော် ဦးကောသလ္လ ကိုမေးပြီးရှာမှ ကျမတို့လှူရမဲ့ ဘကကျောင်းကိုရောက်တာပါ။
တပ်ဦးကျောင်းကလဲ ရွှေပြည်သာမြို့နယ်ထဲတင် ၃ခုလောက်ရှိတာမို့ မျက်စိလည်လမ်းမှားပြီး ၁နာရီလောက်ပတ်ရှာမှ ရောက်တော့တာရှင့်။ :mrgreen:

နိဒါန်းချီတာများလို့ စိတ်မရှိပါနဲ့။ ကို့အလှည့်ကျတုန်း လျှာရှည်ရတာမို့ သည်းခံတော်မူကျဘာ။

ဦးကောသလ္လ တပ်ဦးကျောင်းမှာ ၁၉၉၃ခုနှစ်က စပြီး ဘ/ကကျောင်းဖွင့်လှစ်သင်ကြားတာဖြစ်ပါတယ်။
တည်ထောင်စက ကျောင်းသာဦးရေ (၅၀) လောက်နဲ့စခဲ့တာပါ။
အခု ကျောင်းသားဦးရေ သူငယ်တန်းမှလေးတန်းထိ (၄၉၆) ယောက်ရှိပါတယ်။
လွန်ခဲ့တဲ့ ၃နှစ် ၂၀၀၉~ ၂၀၁ဝ ဝန်းကျင်လောက်ကစပြီး ကျောင်းသားဦးရေ ၅၀ဝကျော်လာတယ်လို့ပြောပါတယ်။
ဒီ ၂၀၁၂ စာသင်နှစ်စတော့ ကျောင်းသားဦးရေ (၅၃၀) စလက်ခံထားတာပါ။
မိဘစီးပွားရေးမပြေလည်လို့ အလုပ်ကူရမဲ့ခလေးတွေ ကျောင်းထွက်ကျတာကြောင့် (၄၉၆)ယောက်ဖြစ်သွားတာပါတဲ့ရှင့်။

ကျောင်းအိပ်ကျောင်းစား အများကြီးလက်မခံနိုင်သေးလို့ လေး၊ငါးယောက်ဘဲထား, ထားတဲ့ခလေးတွေကိုဒါ့ပုံမှတ်တမ်း ယူလာခဲ့ပါတယ်။

ကျောင်းပိတ်ရက်ဖြစ်နေလို့ စာသင်ခုံတွေနဲ့ နံရံကပ်စာတိုပေစလေးတွေဘဲ ဒါ့ပုံရိုက်လာခဲ့တယ်ရှင့်။

Real Life Is The Present Moment. One Who Lives In The Present Moment Lives The Real Life, And He Is Happiest.

ဘုန်းတော်ကြီးကျောင်းပညာသင်ကြားရေး လုပ်ငန်း၏ရည်ရွယ်ချက်များ

သင်ပုန်းကြီးဖတ်စာအုပ်တွေထားတဲ့ စာအုပ်စင်

အမှိုက်ပုံးကို ခေါင်းစဉ်ခွဲတာ သဘောကျလို့ ( မြေဩဇာမဖြစ်သောအမှိုက်နဲ့ မြေဩဇာဖြစ်သောအမှိုက် )

ဆရာ၊ဆရာမရှစ်ယောက်ရှိပြီး တလလေးသောင်း စာသင်ခပေးရပါတယ်တဲ့။

သို့သော် ရှိုင်းဟုပ်ကုမ္မဏီက ၆ယောက်စာ လစာကိုတာဝန်ယူထားပြီး ဘုန်းကြီးက ၂ယောက်စာတာဝန်ယူပါတယ်တဲ့။
ဆရာ၊ဆရာမတွေမရှိခင်ကတော့ ဘုန်းကြီးတွေဘဲ ဦးစီးပြီး ၂ချိန်ကျောင်း (မနက်တပိုင်း၊ ညနေတပိုင်း) စာသင်ပါတယ်။
အခုတော့ မနက် ၁ဝနာရီကနေ ညနေ၃နာရီထိ တနေ့လုံးစာသင်ပါတယ်တဲ့။

စာရေးကိရိယာကတော့ အလှူရှင်တွေလာလှူထားတဲ့ ပစ္စည်းတွေကိုဘဲ ခလေးတွေအတွက် ညီတူမျှတူပြန်ခွဲပေးတာပါ။
မလောက်မငှ ဖြစ်လာခဲ့ရင်တော့ မရှိဆင်းရဲတဲ့ခလေးတွေကို ဦးစားပေးထောက်ပံ့ပါတယ်။
ပိုနေတဲ့ စာရေးကိရိယာတွေကိုတော့ စုသိမ်းထားပြီး စာသင်နှစ်ပြီးသွားတိုင်း ဆုပေးပွဲလုပ်ပေးပါတယ်။ ခလေးတွေ စာကြိုးစားချင်စိတ် ပေါ်လာအောင်လို့ပါတဲ့။

ပြန်ခါနီးမေးဖြစ်တာကတော့ မွေးနေ့အလှူတို့ အခြားသောအထိမ်းအမှတ်ပွဲတွေနဲ့ ပတ်သတ်တဲ့ အလှူတို့လုပ်ချင်ရင် ဘုန်းကြီးကျောင်းက ဦးစီးပြီးချက်ပြုတ်ပေးပါတယ်။
ကိုယ်လှူချင်တဲ့ အစားအစာပေါ်မူတည်ပြီး ဈေးနှုန်းတွက်ချက်ပေးတာမို့ အလှူငွေအပ်လိုက်ရင် အဆင်ပြေပါတယ်တဲ့ရှင့်။

မန်းဂဇက် စာဖတ်သူအပေါင်း အလှူရေစက်လက်နဲ့မကွာ လှူနိုင်တန်းနိုင်ပါစေကြောင်းဆုတောင်းလျက်

ခင်တဲ့
မရွှေအိ

12 comments

  • Inz@ghi

    December 10, 2012 at 10:50 pm

    ကျက်သရေ ရှိလိုက်တာကွယ်..
    အားပေးရင်း သာဓုခေါ်သွားပါတယ် ကြည်

    ခင်တဲ့
    ဂီ

  • Mobile

    December 11, 2012 at 12:59 am

    အမှိုက်ပုံးလေးနှစ်ပုံးကို သဘောကျမိပါ၏။
    စိုက်ခင်းရှိတဲ့ နေရာတွေမှာဆိုရင် လုပ်ထားသင့်ပါတယ်။

  • etone

    December 11, 2012 at 1:06 am

    ဒေါ်ရွှေအိရေ …. ရည်ရွယ်ထားတဲ့ရက်မှာ ရည်မှန်းထားတဲ့အတိုင်း ဒါဇင်ပလက်စ်ရဲ့ ငါးကြိမ်မြောက်အလှူကို လုပ်နိုင်ခဲ့တဲ့အတွက် ဝမ်းသာမိပါတယ် … သာဓုပါတော်….. :gee:

  • kyeemite

    December 11, 2012 at 9:05 am

    ဒါဇင်ပလက်စ်ရဲ့ ငါးကြိမ်မြောက်အလှူ အတွက်
    ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ပါတယ်..
    သာ…ဓု သာ….ဓု သာ…ဓု :hee:

  • နွယ်ပင်

    December 11, 2012 at 9:38 am

    ဒါဇင်ပလက်စ်ရဲ့ ငါးကြီမ်မြောက် အလှူလေး ပြီးမြောက်အောင်မြင်သွားပြန်ပါပြီ …
    နောက်လ နောက်လများမှာလည်း ဆက်လက်ချီတက်နိုင်ပါစေလို့ ဆန္ဒပြုရင်း …..
    (သာဓု) 3 ခေါ်ဆိုသွားပါတယ်ချင့် ……

  • ဇမ္ဗူ့လောကပါလကြောင်ဝတုတ်

    December 11, 2012 at 10:21 am

    ကဲ… ဒါဇင်ပလပ်ကတော့ အားခဲပြီးရှေ့ဆက်သွားနေပါ့မယ်ဆိုတဲ့အကြောင်း…

    ခင်မင်လျက်-
    ကြောင်ဝတုတ်

  • minnannawar

    December 11, 2012 at 10:50 am

    မရွှေအိရေ… အမှိုက်ပုံးမှာ recircle (ပြန်သုံးလို့ရသော)လုပ်လို့ရသောပစ္စည်း နဲ့ recircle လုပ်လို့မရသောပစ္စည်း ပါခွဲလိုက် နိုင်ရင် ပိုကောင်းသွားမယ်နော်။ ကုသိုလ်ကောင်းမှုအတွက်သာဓု ခေါ်ပါတယ်။

  • Thuyazaw

    December 11, 2012 at 10:57 am

    အားလုံး ကြားကြားသမျှ ကြားကြားသမျှ ကြားကြားသမျှ ကြားကြားသမျှ သာ သာ သာ ဓု(စကားထစ်နေသဖြင့်) သာဓု သာဓု ပါ တစ်ပင်ထဲရင်ထဲက ကြည်……ခွိခွိ

  • သီဟသူရချာလတာအာပေတူး

    December 11, 2012 at 2:57 pm

    မရွှေအိရေ………. ကျေးဇူးအများကြီးတင်ပါဗျာ………
    ကိုယ်တိုင်မလိုက်နိုင်ပေမယ့် ဒီလိုလေးမြင်တွေ ့ခွင့်ရလို့
    သာဓု သာဓု သာဓု

  • ရွှေ ကြည်

    December 11, 2012 at 8:11 pm

    ညီမလေးရွှေအိရေ ကြည်နူးမှုအပြည့်နဲ့ သာဓုခေါ်ပါတယ်။ ဒါဇင်ပလပ် ဒီထက်မကလှူနိုင်ပါစေ။

Leave a Reply