လေပြေဟာ မုန်တိုင်းရဲ့အစမှန်း

မရိပ်စားမိခဲ့တဲ့ အမှားကြောင့်

အရှိန်ပြင်းပြင်း တိုးဝှေ့တိုက်ခတ်သံတွေနဲ့အတူ

စိတ်ဓါတ်တွေ တဖြောင်းဖြောင်း ရိုက်ချိုးခံနေရတယ်..။

 

နာကျင်ကွဲအက်မှုတွေက

ငါ့ရင်ဘတ်နဲ့မတန်တဆ…။

 

မိုးခြိမ်းသံတွေအဆက်မပြတ်ပေးမိနေပေမဲ့

စိုစွတ်စွတ်မျက်ရည်စက်တချို့နဲ့

နင့်ကိုအေးမြနေစေချင်ဆဲ…။

 

ဟုတ်တယ်…

လောကဓါတ်တစ်ခုလုံး

မှောင် အ တိ ကျ လို့..။

 

ဒါပေမဲ့…

လျပ်စီးတချက်ပြက်လိုက်ချိန်မှာ

အမိအရမြင်အောင်ကြည့်စမ်းပါ..။

 

ငါတစ်ချက်ရှိုက်လိုက်တိုင်းမှာ

တိမ်ညိုတွေလွင့်ပါးစတမ်းဆိုရင်တော့

ထာဝရငိုပေးဖို့လဲ အဆင်သင့်..။

 

မုန်တိုင်းဆဲအပြီး နေသာချိန်မှာတောင်

ငါတို့ဆက်နွယ်မှုအတွက်

သက်တန့်တစ်စင်းနဲ့

ကျေကျေနပ်နပ် တံတားခင်းပေးဦးမယ်..။

 

နေခြည်

About Nay Chi

Nay Chi has written 6 post in this Website..

It is very unethical to dig the personal under one's nickname. From such instance, we may be far away from each others. Thus, I will always keep the distance between us. Okay? :)