၁၉၈၀ ပြည့်လွန်နှစ်များမှာ ကျွန်တော်တို့ရဲ့ ကမ္ဘာကြီးကိုအပြောင်းအလဲဖြစ်စေခဲ့တဲ့ သူနှစ်ဦးရှိခဲ့ပါတယ်… သူတို့နှစ်ဦးလုံးဟာ ယခုအချိန်အထိ လူသားတို့အပေါ်မှာကျေးဇူးရှိခဲ့သူများဖြစ်သလို… လူသားအားလုံးကိုလဲ သူတို့ရဲ့တီထွင်ဆန်းသစ်မှုတွေနဲ့ ပိုမိုကောင်းသော… ပိုမိုလွယ်ကူသောဘ၀ကို ပို့ဆောင်ပေးခဲ့သူနှစ်ဦးပါ… ယခု ၂၀၁၂ နဲ့ ၂၀၁၃ အကူးအပြောင်းကာလမှာတော့ အကျိုးအကြောင်းတိုက်ဆိုင်လို့ပဲဆိုဆို… ရင်ထဲကခံစားနေရ လို့ပဲဖြစ်ဖြစ် ဒီစာကိုရေးမိပါတယ်… ဒီစာလေးနဲ့ ထိုသူနှစ်ဦးကို ဂုဏ်ပြုမှတ်တမ်းတင်ပါတယ်…

အဲဒီလိုပဲ ဒီစာလေးက နည်းပညာနဲ့ပတ်သက်တဲ့စာတစ်ပုဒ်ဖြစ်လို့ မှီငြမ်းရေးသားခြင်းထက် ကိုယ်ပိုင်ထိတွေ့ လေ့လာခဲ့မှုပေါ်မှာမူတည်တဲ့ ခံစားမှုကိုထုတ်ဖော်ရေးသားလိုရင်းဖြစ်ပါတယ်… တကယ်လို့ အမှားများဖြစ်ခဲ့မယ် ဆိုရင်လဲ စာရေးသူကျွန်ုပ်၏ညံ့ဖျဉ်းမှုသာဖြစ်ပါတော့တယ်ခင်ဗျား…

ထိုသူနှစ်ဦးကတော့ ကွယ်လွန်သွားရှာပြီဖြစ်တဲ့ ပန်းသီးကွန်ပျူတာကုမ္ပဏီကိုတည်ထောင်ခဲ့သူ Steve Jobs နဲ့ Microsoft အပျော့ထည်(Software)ကုမ္ပဏီကို တည်ထောင်ခဲ့သူ Bill Gate တို့ပါပဲ…

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

၁၉၈၅ ခုနှစ်လောက်ကစခဲ့တဲ့ သူတို့နှစ်ဦး၊ ထိုကုမ္ပဏီနှစ်ခုရဲ့ယှဉ်ပြိုင်နေမှုတွေကို ကျွန်တော်စတင်ထိတွေ့ခွင့် ရချိန်ဟာ (၁၀)နှစ်လောက်နောက်ကျခဲ့ပါတယ်… အဲဒီအချိန်မှာ ကျွန်တော့်အတွက် တစ်ဖက်သတ်ဗိုလ်စွဲနေသူ ကတော့ Microsoft နဲ့ CEO Bill Gate ကြီးပဲဖြစ်ပါတော့တယ်…

ပထမဆုံး Windows 3.11 နဲ့စတင်ထိတွေ့ခဲ့ရသူ ကျွန်တော့်အနေနဲ့ Windows 95 ဆိုတဲ့ OS ဟာ အလွန်တရာ အံသြလောက်တဲ့ ပြည့်စုံလွန်းတဲ့ OS တစ်ခုလို့ ကျွန်တော်ထင်ခဲ့ပါတယ်… အဲဒီအချိန်အထိ သူ့ရဲ့ပြိုင်ဘက် MacOS ကို ထိတွေ့မှုအရမ်းနည်းပါးနေသူတစ်ယောက်ဖြစ်တယ်လို့ ကျွန်တော့ကိုယ် ကျွန်တော်မသိသေးသူပါ…

IT Professional တစ်ယောက်အနေနဲ့ နှစ်တော်တော်ကြာကြာလုပ်လာတဲ့အချိန်ကျတော့… Windows နဲ့ Mac ရဲ့ အားနည်းချက်… အားသာချက်များကို ကိုယ်တိုင်သိမြင်လာတဲ့အချိန်မှာ ဒီစာကိုကျွန်တော်ရေးပါတယ်… အဲဒီလိုပဲ Microsoft ရဲ့ WindowsOS တွေအသစ်ထွက်တိုင်း ကျွန်တော်ရင်မခုန်တော့တာ ကြာပါပြီလေ…

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ဒါကတော့ ကနေဦးအစက MacOS ပါ…

 

 

 

 

 

 

 

 

 

 

 

 

 

Computer (Desktop & Laptop) ပဲဖြစ်ဖြစ်… Tablet… ပဲဖြစ်ဖြစ်… Smart Phone ပဲဖြစ်ဖြစ်… Processor ရယ်… Memory ရယ်… Storage (Hard Disk, SSD, SD) တစ်ခုခုပါတဲ့ လျှပ်စစ်ပစည်းလို့ပြောလိုက်ရင်… သူတို့မှာ မရှိမဖြစ် Hardware နဲ့ Hardware ကို မောင်းနှင်မယ့် Software သို့တည်းမဟုတ် Operation System ဆိုတာ ပါလာပါပြီ…

Hardware ချည်းသက်သက် အလုပ်မလုပ်နိုင်သလို… Software ချည်းသက်သက်လဲ မရပ်တည်နိုင်ပါဘူး….

အဲဒီတော့ ကိုယ်သုံးမယ့် ကွန်ပျူတာဟာ ဘာအမျိုးအစားလဲ… ကိုယ်က ဘာတွေလုပ်မှာလဲ… ဘယ်လိုမျိုးတွေက ကိုယ့်ရဲ့စိတ်ကျေနပ်မှုကိုပေးမှာလဲဆိုတဲ့အပေါ်မှာမူတည်ပြီး ကျွန်တော်တို့တတွေ ရွေးချယ်မှုတွေလုပ်ရပါတယ်…

 

Desktop Operation System တစ်ခုကို အကဲဖြတ်ခြင်း

(၁) တည်ငြိမ်မှု

ဒီနေရာမှာ Windows နဲ့ MacOS တည်ဆောက်ပုံက အလွန်တရာကွာခြားတဲ့အပိုင်းတစ်ခုပါ…

Unix ပေါ်မှာအခြေခံတဲ့ MacOS ဟာ Security အရ Windows ထက်အဆပေါင်းများစွာသာလွန်ပြီး Virus တိုက်ခိုက်ခံရမှု မရှိသလောက်နဲပါးပါတယ်…

Windows ကတော့ အပြာရောင်စခရင်တွေနဲ့ Virus ပေါင်းသောင်းခြောက်ထောင်ကိုရင်ဆိုင်ရင်း ကျွန်တော်တို့ IT Administrator ဆိုတဲ့ရာထူးတွေကို ဖော်ထုတ်ပေးလိုက်တာပါပဲ…

 

 

 

 

 

 

 

 

 

 

 

 

 

 

 

Windows95 နဲ့ ခေတ်ပြိုင် MacOS9 ပါ

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

အခုနောက်ဆုံး Windows8 မထွက်ခင် Microsoft ရဲ့အတည်ငြိမ်ဆုံးနဲ့ အကောင်းဆုံးလို့ပြောလို့ရတဲ့ Windows7 မှာတောင် ဒီပြသနာတွေရှင်းလို့မပြီးသေးပါဘူး… ဒါပေမယ့် Service Pack 1 ထုတ်ပြီးချိန်မှာတော့ အတော်လေး ကျေနပ်စရာကောင်းလောက်အောင် တည်ငြိမ်တဲ့ OS လို့ပြောရမှာဖြစ်ပါတယ်…

ဒီပုံစံအတိုင်းဆက်သွားမယ်ဆိုရင် Windows8 ဟာလဲ စိတ်ဝင်စားစရာကောင်းတဲ့ OS တစ်ခုဆိုတာ မငြင်းနိုင်ပါဘူး… အမှန်အတိုင်းဝင်ခံရရင်တော့ Windows8 ကို ကိုယ်တိုင်လက်တွေစမ်းသပ်ဖို့ အချိန်မရသေးပါဘူး…

 

(၂) တည်ဆောက်ပုံ

OS တည်ဆောက်ပုံဟာ တကယ်တန်းမှာ အမှတ်တမဲ့နေလို့ရပေမယ့် တကယ်တန်းအရေးပါတဲ့ အခန်းကဏ္ဍမှာပါဝင်နေပါတယ်… Windows ဟာ သူ့ရဲ့ File System တည်ဆောက်ပုံကို Admin Right ရှိသူတိုင်း အလွယ်တကူ Explorer ကနေကြည့်လို့ရပေမယ့် MacOS ကတော့ File System တည်ဆောက်မှုကို ကျစ်လစ်သိပ်သည်းစွာနဲ့ စနစ်တကျတည်ဆောက်ထားလို့ အလွယ်တစ်ကူဝင်ရောက်ကြည့်ရှု့နိုင်မှုမရှိပါဘူး… အဲဒီအတွက် သာမာန် User တွေရဲ့ နားလည်မှုမရှိဘဲ File System ၀င်ရောက်ကိုင်တွယ်မှုကနေ ကာကွယ်ထားနိုင်ပါတယ်… မလိုလားအပ်တဲ့ OS Error ဖြစ်မှုကနေကာကွယ်ပေးနိုင်လောက်အောင် ကျစ်လစ် သိပ်သည်းမှုရှိပါတယ်… ဒါကတော့ သာမာန်အသုံးပြုသူတွေအတွက် အတော်လေးအန္တရာယ်ကင်းတဲ့အချက် ပါ…

ဒါပေမယ့် Developer တွေအတွက်တော့ OS ရဲ့ Performance ထိခိုက်မှာ စိုးတဲ့အတွက် ကန့်သတ်ချက်တွေများတဲ့ OS တစ်ခုဖြစ်နေတော့ ထင်သလောက်မအောင်မြင်ခဲ့ပါဘူး…

Windows ကတော့ Error တွေ Bug တွေများပေမယ့် Developer တွေပိုပိုများလာပြီး… MacOS မှာ နာမည်ရပြီးသား… Adobe လို Macromedia တို့လို ဆော့ဝဲတွေက Windows OS ဘက်ကိုကူးသွားပြီး အခုအချိန်အထိ အလွန်အောင်မြင်ပြီး ၈၀% သောကျွန်ပျူတာတွေအသုံးပြုနေတဲ့ Windows OS ဖြစ်လာ ပါတယ်…

 

(၃) လျှင်မြန်သွက်လက်ခြင်း (Performance)

Mac OS နဲ့ Windows OS ယှဉ်ကြည့်လိုက်ရင်… MacOS က Hardware Resources တွေသုံးတာ ပိုနည်းတာကိုတွေ့ရပါတယ်… အဲဒီအတွက် Hardware Requirement သိပ်ပါဘူး… Windows ကတော့ အဲဒီလိုမဟုတ်ပဲ Hardware Requirement ကို ခပ်မြင့်မြင့်တောင်းပါတယ်… အခုနောက်ပိုင်း Hardware တွေမှာ သိပ်မသိသာပေမယ့် အရင်တုန်းက Hardware တွေမှာတော့ သိသိသာသာဖြစ်ခဲ့ပါတယ်…

Microsoft ရဲ့ Windows Vista မှာ Hardware Requirement အရမ်းတောင်းတဲ့ ပြသနာကို Windows User တော်တော်များများ အမှတ်ရနေဦးမှာပါ… အဲဒီအမှားကို ပြင်ဆင်ခဲ့လို့ Windows7 ဟာအတော်လေးကောင်းတဲ့ OS တစ်ခုဖြစ်လာပါတယ်…

(၄) သံစုံရုပ်မြင် (Multimedia)

Windows OS မှာ အသံထွက်ကောင်းမွန်းခြင်း၊ ရုပ်ထွက်ကောင်းမွန်ခြင်းက Hardware ထုတ်လုပ်သူများနဲ့သာ ပတ်သက်သလိုဖြစ်နေတာမို့ သိပ်ပြီးတိတိကျကျပြောလို့မရပါဘူး… အသံထွက်ကောင်းမွန်အောင် Jbl Speraker တွေထည့်ရင် အသံထွက်ကောင်းလာမှာပါ… အဲဒီလိုပဲ Creative ရဲ့ Sound Card အလန်းစားတွေ သုံးရင်လဲ ကောင်းမွန်တဲ့အသံထွက်နဲ့ nVidia လို Graphic Card သုံးမယ်ဆိုရပြန်ရင်လဲ HD လိုဟာမျိုး ရုပ်ထွက်ကောင်းတွေရနိုင်တာမို့ Microsoft လို Software ရောင်းတဲ့သူနဲ့ သိပ်မပတ်သက်ပါဘူး…

ဒါပေမယ့် Mac မှာတော့ အဲဒီလိုမဟုတ်ဘူးခင်ဗျား…

Hardware ကို ကိုယ်ပိုင် Standard နဲ့ထုတ်လုပ်ပြီး ကိုယ်ပိုင် OS သုံးတဲ့ Apple Computer Company ဖြစ်နေ တာမို့ ရုပ်ထွက်အသံပိုင်းမှာ လုံးလုံးလျားလျား သူနဲ့ပဲပတ်သက်နေပါတယ်… သူကနေ တခြားကို Hardware တွေပြန်အပ်တာတော့ တမျိုးပေါ့… ဒါပေမယ့် Macbook Pro သုံးတဲ့ User တွေအတွက် Laptop တစ်လုံးကို အနဲဆုံး US$ တစ်ထောင်အထက်ပေးရမှာဖြစ်ပြီး (US$ နှစ်ထောင်အထက်မော်ဒယ်တွေအထိရှိပါတယ်…) Hardware တွေမှာ nVidia Graphic Card ပါပြီးသား… အသံထွက်ကောင်း ရုပ်ထွက်ကောင်းတဲ့ Retina Display လိုဟာတွေပါပြီးသားဖြစ်နေတတ်ပါတယ်…

အဲဒီတော့ Mac ရဲ့ OS နဲ့ Hardware ပေါင်းစပ်မှုမှာ သံစုံရုပ်မြင်အတွက် အတော်လေးပြည့်စုံတယ်လို့ ဆိုရမလိုပေါ့ဗျာ… မေ့မထားဖို့က Windows OS သုံးတဲ့ ကွန်ပျူတာတွေမှာလဲ ဒီလိုပြည့်စုံအောင် ဖန်တီးနိုင်ပါတယ်…

 

(၅) ဈေးနှုန်း (သို့) ဘတ်ဂျက်

ပြောရမှာကတော့ ဈေးနှုန်းပါပဲ… Windows OS သုံး PC တွေက လိုသလို Customize လုပ်နိုင်ပြီး ဈေးနှုန်းကို ဘတ်ဂျက်အလိုက်ရွေးချယ်မှုအများကြီးရှိတာမို့ ဈေးသက်သာအောင်ဖန်တီးလို့ရပါတယ်…

ဒါပေမယ့် Windows OS ရဲ့ဈေးက MacOS ရဲ့ဈေးထက်များပါတယ်… Mac OSX Lion ကို US$ ၂၉ပေးပြီး အွန်လိုင်းကနေဒေါင်းလုပ်လုပ်နိုင်ပေမယ့် Windows OS ရဲ့အနိမ့်ဆုံးဈေးက US$ ၁၀၀ အထက်မှာရှိပါတယ်…

အဲဒီလိုပဲ Version အများကြီးခွဲထားသလို… ဈေးမတူပါဘူး… MacOS ကတော့ အားလုံးအတူတူပါပဲ… ရိုးရိုး Macbook မို့ OSX Home Premium Version လို့ခွဲမထားသလို… Retina Display ပါတဲ့ Macbook Pro မို့လို့ OSX Ultimate Version ပါတယ်ဆိုတာမျိုးမဟုတ်ပါဘူး… ကြောင်မျိုးနွယ်ဝင်… Lion ဖြစ်ဖြစ်၊ Mountain Loin ဖြစ်ဖြစ် အကုန်အတူတူပါပဲ…

Mac ကိုဈေးကြီးတယ်လို့ပြောကြပါတယ်… ကျွန်တော်ခံစားရတာတော့ ဈေးမကြီးပါဘူး… Windows Base PC မှာလဲ အဲဒီကွာလတီအတိုင်းလိုချင်ရင် အဲဒီဈေးနီးပါးပေးရတာပါပဲ… Mac ဟာ သူ့ပစည်းမှာ ဈေးမကြီးပါဘူး… သူ့ကွာလတီလိုချင်ရင်… Windows Base မှာလဲ အဲဒီလောက်ဈေးပေးရပါတယ်… အဲဒီတော့ Mac ကို ဈေးကြီးတယ်လို့ မဆိုလိုနိုင်ပါဘူးနော်…

 

 

 

 

 

 

 

 

 

 

 

 

 

ဒါပေမယ့် Mac မှာရွေးချယ်နိုင်မှုအရမ်းနည်းပါးတယ်လို့ဆိုရမှာပါ… Intel Celeron Processor နဲ့ Mac မရှိပါဘူး… Intel Atom Processor နဲ့ Mac မရှိပါဘူး…

 

(၆) အပျော့ထည်များပြားခြင်း

Mac ရဲ့အားနည်းချက်က Developer တွေကို ကန့်သတ်ထားမှုပါ… Developer တွေရဲ့ Software Performance ကြောင့် သူ့ရဲ့ OS Performance တွေအထိခိုက်မခံတာပါ… ကျွန်တော်လက်လှမ်းမီသလောက် အသိပါ… အဲဒီအတွက် Developer တော်တော်များများက Mac ကိုစွန့်ခွာသွားကြတယ်… အဲဒီအတွက် Hardware Quality ရွေးချယ်ခွင့်များသော ဈေးသက်သာသော Budget PC များတည်ဆောက်နိုင်သော Windows လောကအတွက် Application Software တွေ တစ်ပုံတစ်ပင်ဖြစ်လာပါတော့တယ်… အဲဒီမှာ ရုံးသုံး… တစ်ကိုယ်ရည်တစ်ကာယသုံးအတွက် Windows ဟာ နေရာရလာပါတယ်… နောက်ဆုံး အုပ်စည်း မိသွားပါတယ်… Mac ဟာတော့ Graphic သမားများ၊ တေးဂီတသမားတွေအတွက်… DJ တွေအတွက် Entertainment ဘက်ကိုဦးစားပေးသော ကွန်ပျူတာတစ်လုံးဖြစ်လာပါတယ်… ကျွန်ပျူတာသုံးသူလူတန်းစား ကွဲပြားသွားပါတော့တယ်…

ထည့်တွက်ရမှာက ကျွန်တော်တို့အားလုံးက ကွန်ပျူတာကို အလုပ်အတွက် ၈နာရီပဲအများဆုံးသုံးတာပါ… ကျန်တဲ့အချိန်တွေကတော့ ကိုယ့်ရဲ့ စိတ်ပျော်ရွှင်မှု Entertainment အတွက်သုံးပါတယ်…

 

(၇) Update

Windows စခေတ်စားတဲ့ အချိန်မှာ Online ပေါ်ကနေ Update လုပ်ဖို့ထက် Offline Update လုပ်ဖို့ကို ပိုပြီးတော့ အားသာနေတဲ့အချိန်ပါ… နိုင်ငံတကာမှာ T1 လိုင်းလို့ခေါ်တဲ့ တစ်စကန့်ကို 1MB သွားနှုန်းပဲ  အမြန်ဆုံးရှိတဲ့အချိန်မို့ အင်တာနက်တောင်မရှိတဲ့မြန်မာနိုင်ငံက Windows ကိုပိုပြီးအားသန်ခဲ့ပါတယ်…

အခုတော့ Windows Update လဲ အွန်လိုင်းရနိုင်သလို… MacOSX Update ကတော့ အတော်လေးကို ဆိုဒ်ကြီးနေတာမို့ မြန်မာနိုင်ငံအနေနဲ့ အခက်အခဲအများကြီးရှိပါသေးတယ်…

 

(၈) အလွယ်တကူခိုးယူရရှိနိုင်ခြင်း

ကျွန်တော်တို့ မြန်မာနိုင်ငံမှာ Copy Right လဲမရှိ… Right Copy လုပ်နေတဲ့အချိန်မို့…

မြို့ထဲမှာ DVD တစ်ချပ် ၁၀၀၀ ကျပ်… CD တစ်ချပ် ၅၀၀ ကျပ်နဲ့ အလွယ်တကူးဝယ်လို့ရနေတဲ့အနေအထားမှာ ဆော့ဝဲဖိုးထပ်မကုန်တဲ့သူတွေအတွက် Windows က အတော်လေးအဆင်ပြေတဲ့အနေအထားပါ… ကျွန်တော်တို့ ရှိသမျှ OS ကအစ၊ Office Application အဆုံးဝယ်သုံးရမယ်ဆိုရင် Windows Base PC ကို ဈေးသက်သာတယ်လို့ မြင်ကြပါဦးမလားဗျာ…

Windows အတွက် Software တွေပေါများလေလေ… KeyGen တစ်မျိုး… Crack File တစ်သွယ် ခိုးယူသုံးစွဲသူ လူဆင်းရဲကျွန်တော်တို့တတွေအတွက် MacOS ထက် WindowsOS ကို ပိုပြီးသားသန်သွားကြပါတယ်… ဒါကလဲ Windows အတွက် အကောင်းဆုံးအကြောင်းပြချက်တစ်ခုပါပဲ…

 

(၈) အနှစ်ချုပ်

အဲဒီတော့ Entertainment အတွက် တစ်ကိုယ်ရည်တစ်ကာယစိတ်ကျေနပ်စရာကောင်းတဲ့ အမျိုးအစားကို ဈေးနှုန်းမကြည့်ဘဲ ၀ယ်မယ်ဆိုရင်တော့ Mac ကိုပဲ မျက်စိမှိတ်ဝယ်လိုက်ပါ… Mac ရဲ့ကြည်လင်ပြတ်သားပြီး ရုပ်ထွက်ကောင်းတဲ့… အသံထွက်ကြည်လင်ပြတ်သားတဲ့ ခံစားမှုတွေကို ခံစားရပါလိမ့်မယ်… ဒါမှမဟုတ်လို့ ဆော့ဝဲပေါပေါနဲ့ ကလိချင်တယ်… OS တွေ တင်လိုက်ဖျက်လိုက်… Virus တွေသတ်လိုက်… OS Error တွေရှင်းလိုက်… ခဏခဏ Hardware တွေ Update လုပ်လိုက်နဲ့ မပျင်းရအောင်နေချင်တယ်ဆိုရင်… အများသုံး Windows Base PC တစ်လုံးကို ရွေးချယ်လိုက်ပါ… တစ်ဖက်မှာ ကောင်းတဲ့အချက်တွေရှိသလို… တစ်ဖက်မှာလဲ ဆိုးတဲ့အချက်တွေရှိနေတယ်ဆိုတာကို သတိရလိုက်ပါ…

 

အဲဒီတော့…

Smart Phone တွေကို အပေါ်ကအချက်တွေနဲ့ နှိုင်းယှဉ်ကြည့်ရအောင်…

ဒီနေရာမှာ အဓိက iOS နဲ့ Android တို့ အကြောင်းကို ပြောပါ့မယ်… ကျွန်တော် Windows8 ကို မစမ်းသပ်ရသေးတဲ့အတွက် ဘာမှမရေးပါဘူးခင်ဗျာ…

(၁) တည်ငြိမ်မှု

OS (Firmware) တည်ငြိမ်မှုကနေစပြောပါ့မယ်… iOS တစ်ခုကို Jailbreak လုပ်လို့ iPhone, iPad, iPod တစ်ခုခုများ Power ပြန်တက်မလာလောက်အောင် ပြသနာဖြစ်ဖူးပါသလားလို့မေးရင် ၉၉.၉၉ % မဖြစ်ဘူးလို့ပဲပြောကြပါလိမ့်မယ်… ဒါပေမယ့် Android တွေအတွက် ဒီလိုပြသနာဟာ ခဏခဏကြားနေရတဲ့… မြင်နေရတဲ့ပြသနာပါ…

နောက်တစ်ခု Android ရဲ့ SD Card ထဲက Folder Structure တစ်ခုခုကို User တစ်ယောက်အနေနဲ့ ဖျက်လိုက်မိလို့ Camera ထဲက ပုံတွေကို ဖုန်းထဲမှာ ပြန်ကြည့်မရတဲ့ပြသနာမျိုး iOS မှာ မရှိခဲ့ဖူးပါဘူး…

Firmware (OS) မှားတင်လို့ ဖုန်းပြန်တက်မလာတာမျိုး မရှိပါဘူး… iOS မှာ မှားစရာကို မရှိတာပါ… မှားရင် အစကတည်းက လုပ်မရပါဘူး… အဲဒီတော့ OS တည်ငြိမ်မှုမှာ iOS ကို Android ယှဉ်လို့မရနိုင်ပါဘူး… ဒါဟာ အခုချိန်အထိ Android ရဲ့အားနည်းချက်လို့ဆိုရပါဦးမယ်…

(၂) တည်ဆောက်ပုံ

Android ဟာလဲ Windows တည်ဆောက်ပုံအတိုင်း သူ့ရဲ့ System Structure တွေက User တွေရဲ့ လက်တကမ်းမှာ အမြဲရှိတတ်ပါတယ်… မှားယွင်းသွားဖို့ လက်လွန်သွားဖို့ အလွယ်လေးပါ… iOS မှာ ရှင်းလင်းတဲ့ တည်ဆောက်ပုံရှိလို့ User အသစ်များလဲ ခဏလေးသုံးကြည့်ရုံနဲ့ တတ်သွားနိုင်တာမျိုးပါ…

OS တည်ဆောက်မှုစနစ်ကျတဲ့အတွက်… iPad ရဲ့ Screen Ratio အတိုင်း iPad Mini မှာ သုံးလို့ရတာမျိုး… iPhone App ၉၀% က iPod Touch တွေမှာသုံးလို့ရတာမျိုးကို စနစ်တကျတွေရမှာပါ… Android မှာတော့ Screen Ratio လေးတွေကို Standard ဖြစ်အောင် အတော်လေးလုပ်ယူရဦးမှာပါ…

Android OS တွေရဲ့ Security ဟာအတော်လေးအားနဲပါတယ်… ဘယ်လောက်အားနည်းလဲဆိုရင်… Mobile ဖုန်းတစ်လုံးရဲ့လက်ဗွေရာလိုဖြစ်နေတဲ့ IMEI ကိုယ်တောင် အလွယ်တကူ ဖျက်ပစ်လို့ရနိုင်တယ်လို့ လေ့လာခဲ့ ဖူးပါတယ်…Android OS 4.0.4 အပေါ်ထိလုပ်လို့ရပါတယ်… ဒီလို Security အားနည်းတဲ့ OS တစ်ခုအပေါ်မှာ NFC လို Security အရမ်းလိုအပ်တဲ့ Function မျိုးသုံးဖို့ကျတော့ လက်တွန့်နေမိတာတော့အမှန်ပါပဲ…

(၃) လျှင်မြန်သွက်လက်ခြင်း (Performance)

Apple ရဲ့ Touch Screen Performance ကို တခြား Phone တွေ Tablet တွေ လိုက်မမီတာကို သေချာတွေ့ရပါလိမ့်မယ်… ဒါက အမြင်သာဆုံးအပိုင်းပါ… Hardware ခြင်းတူညီရင်တောင် OS ကြောင့် Performance ကျပါတယ်… ထပ်ပြောရရင် 1.2GHz Processor သုံး Galaxy S2 သည် 800MHz ပဲရှိသော iPhone 4 နဲ့ Performance ချင်းယှဉ်နိုင်ပါတယ်… OS ရဲ့အဓိကပြသနာပါ…

(၄) သံစုံရုပ်မြင် (Multimedia)

ဒီလိုပေါင်းတယ်…တဲ့

 

 

 

 

 

 

 

 

 

 

 

 

 

 

iPhone ရဲ့အသံထွက်ကို ယှဉ်ဖို့ Dr.Dre နဲ့ HTC ပေါင်းတယ်… အခု နိုကီယာလူမီနာလေး JBL နဲ့ပေါင်းတယ် ဆိုပါတယ်… တစ်သိန်းခွဲလောက်တန်တဲ့ Sound System အတွက် ၄သိန်းတန်ဖုန်းတစ်လုံးမှာသုံးမယ်ဆိုရင်… တကယ်အလုပ်လုပ်မယ့် Mobile Phone အဓိကအရည်အသွေးကိုလဲ သတိထားသင့်ပါသေးတယ်… အသံထွက်ကိုတော့ အားမရတာအမှန်ပါ…

မထိတထိနဲ့ သီချင်းဖွင့်မယ်…

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

(၅) ဈေးနှုန်း (သို့) ဘတ်ဂျက်

Smart Phone ဆိုတာနဲ့ ယေဘုံယျအားဖြင့် Touch Screen ပါမယ်… Camera ပါမယ်… သူရဲ့ OS ပါမယ်… ဘက်ထရီသက်တမ်းပါမယ်… ဒါက အဓိကအချက်…

နောက်ကွယ်ရာမှာအလုပ်လုပ်နေတဲ့ အာရုံခံကိရိယာတွေအကြောင်းလေးဆက်ရအောင်…

အခုနာမည်ကြီးနေတဲ့ Galaxy S Series နဲ့ iPhone တို့မှာ Gyro လို ဈေးကြီးတဲ့ Sensor တွေသုံးထားပေမယ့် Galaxy Y တို့လို ဘတ်ဂျက်တွေမှာကျတော့ အဲဒီဟာမျိုးထည့်ပေးမထားပါဘူး… အဲဒီလိုပဲ တစ်သိန်းကျော်တန် စက်ရုပ်ဖုန်းတစ်လုံးမှာ Screen Resolution မြင့် ဂေါ်ရီလာမှန်စတာတွေနဲ့ရောင်းနေတာမို့ iPhone ကို ဈေးကြီးပါတယ်လို့ ပြောနေကြသူများ Samsung ကရော iPhone ကွာလတီကိုယှဉ်တဲ့ စက်ရုပ်ဖုန်းတွေ ဘယ်လောက်များ ဈေးသက်သာနေပါသလဲဆိုတာကိုမေးရတော့မှာပါ…

အခုအချိန်မှာ နိုကီယာရဲ့ လူမီနာကို စိတ်ကူးယဉ်နေကြသူများကလဲရှိနေပေမယ့်… တကယ်ဈေးကွက်ထဲ ရောက်လူထုလက်ထဲရောက်ပြီး ကွာလတီနဲ့ ဈေးသက်သာနေသလားဆိုတာလေးကိုလဲ စောင့်ကြည့်ချင်ပါသေးတယ်…

(၆) အပျော့ထည်များပြားခြင်း

Developer တွေအတွက် အကန့်အသတ်တွေနဲ့ လုပ်နေရသည်မို့ iOS မှာ အခက်အခဲရှိနိုင်ပါတယ်… သို့ပေမယ့် အမြတ်ရလို့ ရောင်းကောင်းနေဆဲဆက်ပြီးရေးနေဆဲပါ… ရောင်းနေဆဲပါ… ခေတ်ဟောင်းက နာမည်ကြီးဂိမ်းတစ်ချို့ဆိုရင် iOS မှာ ပြန်ပြီး တစ်ခေတ်ဆန်းလာတာကိုတွေ့နေရပါတယ်… အဲဒီတော့ အရင်တုန်းက MacOS လိုမျိုး ဆော့ဝဲရှားပါးမှုကို iOS ရင်ဆိုင်ရမယ်လို့ မထင်ပါဘူး…Google Play Store မှာ ရှိသမျှ App အားလုံး (သို့တည်းမဟုတ်) ဘယ်လောက်% အထိ မည်သည့် Android Device တွေပေါ်မှာ Run လုပ်လို့ ရနိုင်ပါသလဲ…iTune Store ပေါ်မှာရှိသမျှ ၇၅% လောက်ကို iDevice တွေပေါ်မှာ 100% Run လပ်လို့ရပါတယ်… အဓိကချက်က Store ထဲမှာဘယ်လောက်ရှိသလဲဆိုတာထက် ရှိသမျှထဲက ဘယ်လောက်သုံးလို့ရသလဲက ပိုအရေးကြီးပါတယ်… နောက်တစ်ချက်က Google Play ဟာ နေရာတိုင်းမှ အလွယ်တကူ Access လုပ်မရတဲ့အနေအထားပါ… ဒါဟာလဲ iTune Store ရဲ့အားသာချက်တစ်ခုဖြစ်နေ ပါသေးတယ်…

 

 

 

 

 

 

 

 

 

 

 

 

 

(၇)Update

iOS ရဲ့ Update ကို နေရာတော်တော်များများမှာ အလွယ်တကူရနိုင်ပါတယ်… ဘယ်လောက်များလွယ်ကူသလဲဆိုရင် တချို့ Unlock လုပ်ထားတဲ့ iPhone တွေမှာ Update မတင်ချင် တာတောင် ယောင်ရမ်းတင်မိတဲ့အထိ လွယ်ကူလွန်းတာပါ… Android အတွက်ကျတော့ နောက်ဆုံးထွက် Jelly Beam (4.2) ကိုတင်ချင်ရင်တောင်… Android Device တိုင်းတင်ခွင့်မရှိပါဘူး… တင်ခွင့်ရမယ်မရဘူးလဲ အားမခံချက်မရှိပါဘူး… iOS6 ဆိုရင် iPhone 3Gs နဲ့အထက်အားလုံးကိုတင်ခွင့်ရှိပါတယ်… iOS6 ရဲ့အားနည်းချက်တွေ တော်တော်များများကို အခုသုံးတဲ့အချိန်မှာသိလာရပါတယ်… Map အဆင်မပြေခြင်း၊ Youtube မပါတော့ခြင်း စတာတွေပေါ့… သေချာတာတစ်ခုက အချိန်တန်လို့ Update တွေပြီးရင် အဆင်ပြေသွားမယ်ဆိုတာပါပဲ… Android 1.6 ထဲကစောင့်နေတဲ့ Built-in Proxy Setting ဟာ အခုဆိုရင် အချို့သောဖုန်းတွေမှာသာ ထုတ်လုပ်သူတွေက ဖြည့်ဆည်းပေးထားပေမယ့် 4.2 ရောက်တဲ့အထိ ဒီလိုအပ်ချက် ကိုမပြင်သေးတာတော့ စိတ်ပျက်မိပါတယ်…

 

(၈) အလွယ်တကူခိုးယူရရှိနိုင်ခြင်း

ဒီအချက်ကတော့ နိုင်ငံတကာနဲ့ မယှဉ်ပဲ ကိုယ့်ဝမ်းနာကိုယ်သာသိဆိုသလို… ဒရက်ဒစ်ကဒ်သုံးမရတဲ့ မြန်မာနိုင်ငံ… အွန်လိုင်းဘဏ်ကင်းမရှိတဲ့ မြန်မာနိုင်ငံမှာရှိသမျှကို ခိုးသုံးရတဲ့ဘ၀မှာ… APK လေး install လုပ်လိုက်ပြီးမှ Data ဖိုင်ကို ထပ်ဆွဲချလို့ ခနော်နီခနော်နဲ့ အင်တာနက်နဲ့ ဆော့မရတဲ့ Android ဂိမ်းလေးများ… မြင်တိုင်း iPA လေးကို iTune ထဲ ဆွဲထည့်ပြီး Sync လုပ်ဆော့နိုင်တဲ့ ဂိမ်းအကောင်းစားများကို မြင်တိုင်း Android ကိုပြောင်းလဲဖို့ အတော်ကို လက်တွန့်တဲ့အနေအထားပါ… ဒါကလဲ ထည့်သွင်းစဉ်းစားရမယ့် အချက်ပေပဲကိုး… Open Source လို့တွင်တွင်အော်ခဲ့တဲ့ စက်ရုပ်ထုတ်လုပ်သူတွေက Boot Loader Lock လုပ်ထားတာမျိုး OS ကို Root လုပ်ပြီးမှ လိုတာလုပ်ရသလိုမျိုးကျတော့ Open Source ဖြစ်ဦးမှာတဲ့လား…

(၈) အနှစ်ချုပ်

အနှစ်ချုပ်အနေနဲ့ Graphic Card မပါတဲ့ ကွန်ပျူတာလိုပဲ… ဂရပ်ဖစ်ကဒ်မပါတဲ့ မိုဘိုင်းဖုန်းတန်ဖိုးနည်း စမတ်လေးတွေကိုလဲ ဂရုဏာသက်မိပါတယ်… အထက်ကပြောခဲ့သလိုပဲ တစ်သိန်းတန် Android က တစ်သိန်းတန် Function ပဲရမှာပါ… iPhone ထက် ရွေးချယ်စရာပိုများတယ်ဆိုတာပဲ ပြောလို့ရမှာပါ… ဘာဖြစ်လို့လဲဆိုရင်ကိုဈေးကြီးတယ်လို့မြင်စေလို့ပါပဲ… iPhone Function လိုမျိုးလိုချင်ရင်တော့ iPhone ဈေးတော့ပေးရမှာပါ…

နောက်ဆုံးရဲ့ နောက်ဆုံးအနေနဲ့ပြောရရင်ဖြင့်…

အင်ဂျင် (၄)လုံးထိုးချင်းအတူတူပေမယ့် Toyota ကတော့ Toyota ပါပဲ… Lamborghini ကို ဈေးကြီးတယ်လို့ ပြောလို့တော့မရနိုင်ပါဘူး…

ပန်းသီးနဲ့ စက်ရုပ်သွားတဲ့လမ်းကြောင်းက မတူဘူးဆိုတာသိစေချင်ပါတယ်…

ဈေးကွက်ဝေစုအရများနေတာ လက်ခံပါတယ်… ဒါပေမယ့် Samsung, Sony, LG, Lenovo, Huawei, ZTE, Etc… သူတို့ခွဲဝေယူနေရတဲ့ ဈေးကွက်ကြီးပါ…

 

အဲဒီလိုပဲ PalmOS လေးကိုလဲ သတိရစေချင်ပါတယ်… WindowCE ရှုံးခဲ့ဖူးတဲ့ ဒဏ်ရာဟောင်းလေးမို့ပါ…

 

 

 

 

 

 

 

 

 

 

 

ဒါပေမယ့် Windows8 က ဘယ်လို ပုံစံတွေနဲ့ ဒီဈေးကွက်ထဲကို ၀င်လာမလဲ… ဘယ်လိုအခြေအနေတွေနဲ့ ဒီဈေးကွက်ရဲ့ဝေစုကို သိမ်းပိုက်မလဲဆိုတာလေးကို စောင့်ကြည်ချင်ပါသေးတယ်…

အမှန်အတိုင်းပြောရရင် Windows8 ဟာ Windows95 ရဲ့လမ်းကြောင်းအတိုင်းလိုက်ပြီး Windows 98 တို့လို WindowsXP တို့လို…Windows7 တို့လို…မိုဘိုင်းလောကမှာ ဆရာတစ်ဆူဖြစ်လာလိမ့်မယ်လို့ လုံးဝမထင်မိကြောင်း…

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ဒီစာကိုရေးရင်း ကွယ်လွန်သွားပြီဖြစ်သော Steve Jobs နဲ့ ကမ္ဘာကြီးကို Windows OS ဖြင့်ပြောင်းလဲစေခဲ့သော Bill Gate အား မီသောဥာဏ်တစ်ထွာတစ်မိုက်ဖြင့် ဦးခိုက်လိုက်ပါသည်..

 

ခင်မင်လျက်-

 

 

 

 

ကြောင်ဝတုတ်

 

 

 

 

 

 

About ကြောင်ဝတုတ်

ကြောင်ဝတုတ် has written 104 post in this Website..

တစ်ခါတစ်လေ... လောကကြီးအား ပြောင်းပြန်ကြည့်တတ်ပေသည်...