လ = လွတ်လပ်ရေး နှင့် ကျွန်တော် လျှောက်သော လမ်း…

alinsettDecember 11, 20123min17611

Freedom is the mother of all values .

လွတ်လပ်မှုဟာ တန်ဖိုးထားစရာတွေ အားလုံးရဲ ့ မိခင်ဖြစ်တယ် ။

Freedom and reason make us men ; Take these away , What are we then ?

လွတ်လပ်မှု နဲ့ အကြောင်းအကျိုး ကိုက်အောင် စဉ်းစားတွေးခေါ်နိုင်စွမ်းက ငါတို့ကို လူ ဖြစ်အောင် လုပ်ပေးတယ် ။

အဲဒါတွေကို ဖယ်ရှားလိုက်ရင် ငါတို ့ဟာ ဘာတွေလဲ ။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

အဖြူ နဲ အမည်း… အဲဒီ … နှစ်ခု ထဲက မင်း ကြိုက်တာကို… ရွေး . . . ဟု ပြောလျှင်

အဲဒါ လွတ်လပ်သော ရွေးချယ်ခွင့် မဟုတ်သေးပါ ။

အရောင် စုံ ထံမှ ကိုဟ် ကြိုက်ရာကို ရွေးချယ်ခွင့် ရမှ တကယ့် လွတ်လပ်သော ရွေးချယ်ခွင့် ဖြစ်ပါလိ့မ်မည်။

လွတ်လပ်စွာ ရွေးချယ်ခွင့် ရဖို ့ ကိုယ် လိုချင်တာကို ရဲရဲဝံ့ဝံ့ တောင်းဆို ရဲမှ ဖြစ်မည်

လွတ်လပ်မှု.....
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

လမ်း ။ ။

လူ ဘဝကို ရ၍ လူမှန်း သိတတ်စ အရွယ် ရောက်ချိန်က စပြီး ကျွန်တော် လမ်း တွေ လျှောက်ခဲ့ရပါသည် ။

လမ်း ခရီးမှာ လဲ ကျ သည်လည်း ရှိခဲ့ ။

အားယူ ပြန် မထ တတ်ခင်မှာ ဖေးကူ ထူမတ်ပေးမည့် လက်တွေ ရှိခဲ့သည် ။

ကိုယ့်အား ကိုယ် ကိုး နိုင်ချိန်မှာ တော့ လဲကျလျှင် ဘယ်သူမှ ထူ ပေး စရာ မလို ခင် ကိုယ့်ဘာသာ အားယူ ပြန် ထ ရပါသည် ။

ယခုအချိန်ထိ ( နောင် တစ်ချိန် အထိ ) လမ်းတွေ လျှောက် နေရဦးမည် ။

ခရီးတွေ ဆက်စရာ များလှပါသည် ။

ကျွန်တော့်ခရီးလမ်းမှာ ပန်းတိုင် တစ်ခုခုများ ရှိပါသလား ။

ဒါဖြင့် ကျွန်တော့် ခရီးလမ်း ၏ အဆုံး နယ်ပယ် ဆိုတာက ဘယ်နေရာလဲ။

ဘယ်မှာလဲ ။

ဘာလဲ ။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

လွတ်လပ်သော ပတ်ဝန်းကျင် ။ ။

လွတ်လပ်မှု ရှိတဲ ့ ပတ်ဝန်းကျင်ဆိုတာ ဘယ်နေရာလဲ..
ကျွန်တော် လျှောက်လှမ်းရာ လမ်းတလျှောက်မှာ လွတ်လပ်သော ပတ်ဝန်းကျင် ကိုသာ တွေ ့ချင်ပါသည်။

လွတ်လပ်သော ပတ်ဝန်းကျင် ဆိုသည်မှာ…… တစ်ဦး၏ ရည်မှန်းချက်ကို နောက်တစ်ဦးက ပျက် ရယ် မပြုသော ပတ်ဝန်းကျင် . . . ။

တစ်ဦး ၏ နာကျင်မှုကို နောက်တစ်ဦးက အားရ ဝမ်းသာ မဖြစ်တတ်သော ပတ်ဝန်းကျင် . . . ။

တစ်ယောက်ကို တစ်ယောက် ဘယ်လို နှောင်ကြိုးနှင့်မျှ မချည်နှောင် တတ်သော ပတ်ဝန်းကျင် . . . ။

လူသားတစ်ယောက်၏ လွတ်လပ်စွာ လှုပ်ရှားသွားလာ / ပြောဆို နေထိုင်ခွင့်ကို ဘယ်သူကမှ မပိတ်ပင်မတားဆီးတတ်သော ပတ်ဝန်းကျင် ဖြစ်သည် ။

တစ်နည်းအားဖြင့် တရားမျှတ မှု ကို ဦးထိပ်ထားသော ပတ်ဝန်းကျင် လည်းဖြစ်သည် ။

ထိုကဲ့သို ့သော လွတ်လပ်သော ပတ်ဝန်းကျင် / အနှောင်အဖွဲ ့ မျိုးစုံတို ့မှ ကင်းပသော ပတ်ဝန်းကျင်ထဲ၌သာ ကျွန်တော် နေထိုင်ခဲ့ချင်ပါသည် ။

လွတ်လပ်သော ပတ်ဝန်းကျင်ထဲ သာ ဖြတ်လျှောက်ခဲ့ချင်သည်။

အမှန်တရားဆိုတာကို လက်ကိုင် တုတ်တစ်ချောင်းလို ကိုင်ကာ . . ထောက်ကာ. . . . ။

သို ့မဟုတ် . . . အမှန်တရားဆိုတာကို ဝတ်ရုံ တစ်စ လို ခြုံကာ . . . . .

………………. …………….. ………………… ………

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

လွတ်လပ်သော ဆက်ဆံရေး ။ ။

လွတ်လပ်သော ပတ်ဝန်းကျင်ထဲတွင် လွတ်လပ်သော ဆက်ဆံရေးများဖြင့် ကျွန်တော် နေထိုင်ချင်ပါသည်။

လွတ်လပ်သော ဆက်ဆံရေး နှင့် လူတွေ ကို ဆက်ဆံ ဖို ့ ကျွန်တော်တို ့ တစ်ယောက်ကို တစ်ယောက် မှီခိုမှု ကင်းနေဖို ့ လိုပါသည် ။

ချစ်၍ ဖြစ်စေ / မုန်း၍ဖြစ်စေ တစ်ယောက်၏ လူ ့အခွင့်အရေးကို တစ်ယောက်က ဝင် စွက်ဖက် မနှောင့်ယှက်ဖို ့လိုပါသည်။

ကျွန်တော်တို ့ အနှောင့် အသွား လွတ်သော စကားများကိုသာ တရားမျှတသော စိတ်ထားကို အခြေခံ၍ ပြောကြပါမည် ။

လူသားချင်း စာနာ ထောက်ထားသောမေတ္တာတရားဖြင့်သာ …. သင်တို့ကို ကျွန်တော် ဆက်ဆံ ပါမည် ။

သင်တို့ကို ကျွန်တော်က ( သို့မဟုတ် )

ကျွန်တော့်ကို သင်တို ့က ( ဘယ်သူ ့ကို ဘယ်သူကမှ ) ကိုယ် ဖြစ်ချင်တာတွေ ဇွတ်မဖြစ်ခိုင်းသင့်ပါ။

လွတ်လပ်သော ဆက်ဆံရေး ဖြစ်တည်လာဖို ့ လွတ်လပ်သော စိတ်ထားလည်း လိုပါသေးသည် ။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

လွတ်လပ်သော စိတ်ထား ။ ။

လွတ်လပ်သော စိတ်ထား ကို ကျွန်တော် ထားရှိနိုင်အောင် ကြိုးစားချင်ပါသည်။

အမြင်မကြည်လင်မှုများကို တရားနည်း လမ်းကျကျ ရှင်းထုတ်ပါမည်။

သင့်ကို သင့်ထက် တော်သော အခြားတစ်ယောက်ယောက်နှင့် မတိုင်းတာပါ။

သင့်ထက် နိမ့်ကျသူကိုလည်း …. သင်နှင့် မတိုင်းတာပါ။

( သင်သည်လည်း ကျွန်တော့်ကို အခြား ဘယ်သူနှင့်မျှ မတိုင်းတာသင့်ပါ ။ သင်သည် သင်သာ ဖြစ်ပြီး ကျွန်တော်သည် ကျွန်တော် သာ ဖြစ်ပါသည် ။ )

ကျွန်တော် တို ့၏ အသိဉာဏ်ထဲမှာ ကြည်လင်သော အမြင် / ဖြူစင်သော အတွေးများ ဖြင့် ပြည့်နှက်နေရပါမည်။

ကျွန်တော်တို ့၏ စိတ်အတွေး အကြံ တို့ ့သည် ဓမ္မဓိဋ္ဌာန် ကျသော / သမာသမတ် ကျ၍ မျှတ သော / ယုတိ္တ ယုတ္တာ ရှိသော

အတွေး အကြံ များသာ ဖြစ် ရမည်။

သို ့မှသာ . . . . လွတ်လပ်သော စိတ်ထား ဖြစ်လာပါလိမ့်မည် ။

( သူတပါး၏ အတွေး အကြံ များ အမြင်များ တစ်စွန်း တစ်စမျှ ရော နှော ကူးစက် မပါဝင်သော)

ကိုယ်ပိုင် စိတ်ထားကောင်းများကိုယ်စီဖြင့် သဘာဝ ကျသော အတွေးများ ကို အတုူတကွ တွေးကြမည် ။

စိတ်ကို ကြည်လင် စွာသန့် ရှင်းနေပါစေ ။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

လွတ်လပ်သော ဟန်ပန် ။ ။

ကျွန်တော် ့ခရီး လမ်းတလျှောက်တွင် ကျွန်တော့် ပင်ကိုယ် ဟန်အတိုင်းသာ လျှောက်လှမ်း ချင်ပါသည် ။

ယနေ ့ လူငယ် အတော်များများသည် . . . မိမိတို ့၏ ကိုယ်ပိုင် ယဉ်ကျေးမှု ကို မေ့လျော့ကာ . .

တပါးသူတို့ ၏ ဟန်ပန်များကို အတုခိုးနေကြပြီ ။

သူတပါး ဝတ်သလို လိုက် ဝတ်ကြသည် ။

သူတပါး ပြောသလို လိုက်ပြောကြသည် ။

သူတပါး၏ ဟန်ပန်များကို တူသည်ထက် တူအောင် တု နေကြင်္ပြ ီ ။

ထိုကဲ့သို ့ သူတပါးနှင့် မတူ့ တူအောင် ပြောဆို နေထိုင် ခြင်း အားဖြင့်

ကိုယ်ပိုင် ရိုးရာ ယဉ်ကျေးမှု များ / ကိုယ်ပိုင် ဟန်ပန်များ ပျောက်သွား နိုင်ပါသည် ။

ကိုယ့်အတွေး / ကိုယ့်အမြင် နှင့် ကိုယ့် ရိုးရာ ယဉ်ကျေးမှု ထဲမှာသာ နေထိုင်သင့်ပါသည် ။

သူတပါး၏ ဟန်သည် သူ ့အတွက်သာ ကြည့်ကောင်း၍ … တုပသူက တုပ ထားသော ဟန် ဖြစ်သွားလျှင် ကြည့် မကောင်းတော့ပါ ။

ထို့ကြောင့် ကျွန်တော်တို ့သည် ကိုယ့် ဟန်အတိုင်းသာ ကိုယ် နေချင်ရမည် ။

လွတ်လပ်သော လူနေမှု ဟန်ပန် ရှိဖို ့………….

ကျွန်တော် လွတ်လပ်သော ဟန်ဖြင့်သာ

လမ်းခရီးကို ဖြတ်သန်းခဲ့ပါမည်။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

လွတ်လပ်သော အမှန်တရား။ ။

လွတ်လပ်သောအမှန်တရား ဆိုတာ သဘာဝ ကျဖို့လည်းလိုတယ်

လွတ်လပ်သော ပတ်ဝန်းကျင်ထဲမှာ လွတ်လပ်သော ဟန်ပန်ဖြင့် လွတ်လပ်သော ဆက်ဆံရေးကိုကျင့်သုံးနိုင် ဖို့ ……………………

လွတ်လပ်သော စိတ်ထား ရှိရပါဦးမည်။

အနှောင် အဖွဲ ့ကင်းသော လွတ်လပ်သည့် စိတ်ထား ကို ရရှိ ပိုင်ဆိုင်နိုင်ဖို ့ကြိုးစားခြင်းသည် လွတ်လပ်သော အမှန်တရားကို ရှာဖွေခြင်းလည်း ဖြစ်သည် ။

အမှန်တရားကို ရှာဖွေရာတွင် လွတ်လပ်စွာ ရှာဖွေခွင့် ရ ဖို ့လည်း လိုပါသည် ။

လက်ရှိ ပိုစ့်မော်ဒန် ခေတ်ကြီး ထဲမှာက အမှန်တရား မျိုးစုံ ရောထွေးစွာ ရှိနေပြီ ။

သူခိုး တစ်ယောက် ဘက်ကလည်း သူ ့အမှန်တရားနှင့် သူ… ရှိသည်။

ဥစ္စာ ရှင် ဘက်မှာလည်း အမှန်တရားက ရှိနေပြန်သည် ။

ထို ့ကြောင့် တကယ့်အမှန်တရား သည် နည်းနည်း ရှာရ / ဖွေရ ခက်တတ်ပါသည်။

အမှန်တရားမျိုးစုံ ရှိသည့် အထဲမှ စစ်မှန်သော အမှန်တရား ကို လည်း ရွေးချယ် ထုတ်ယုူတတ်ဖို ့

အရည်အချင်း … တစ်ခုတော့ လိုပါသည် ။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

လွတ်လပ်သော ရွေးချယ်ခွင် ့ ။ ။

လွတ်လပ်သော အမှန်တရားကို ရွေးချယ်နိုင်ဖို ့လွတ်လပ်စွာ ရွေးချယ်နိုင်ခွင့် လည်း လိုပါသည်။

အဖြူ နဲ အမည်း ..အဲဒီ….နှစ်ခု ထဲက မင်း ကြိုက်တာကို …. ရွေး . . . ဟု ပြောလျှင်

အဲဒါ လွတ်လပ်သော ရွေးချယ်ခွင့် မဟုတ်သေးပါ ။

အရောင် စုံ ထံမှ ကိုဟ် ကြိုက်ရာကို ရွေးချယ်ခွင့် ရမှ တကယ့် လွတ်လပ်သော ရွေးချယ်ခွင့် ဖြစ်ပါလိ့မ်မည်။

လွတ်လပ်စွာ ရွေးချယ်ခွင့် ရဖို ့ ကိုယ် လိုချင်တာကို ရဲရဲဝံ့ဝံ့ တောင်းဆို ရဲမှ ဖြစ်မည်။

ကိုယ်လိုချင်တာကို လွတ်လပ် စွာ ရွေးချယ် ပြီး တောင်းဆို ဖို ့………………..

လွတ်လပ်စွာပြောရေး ဆိုခွင့် အခွင့်အရေးလည်း ရှိနေရပါမည်။

ဒါမှသာ လွတ်လပ်စွာ ရွေးချယ်ခွင့်ရှိသော လွတ်လပ်သော နိုင်ငံထဲမှ လွတ်လပ်သော စနစ်တစ်ရပ် ဖြစ်ပါလိမ့်မည် ။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

လွတ်လပ်စွာပြောရေးဆိုခွင့် ။ ။

လွတ်လပ်စွာပြောရေး ဆိုခွင့်ဆိုရာတွင်…..

စည်း လွတ် ဘောင် လွတ်.. ထင်ရာ စိုင်း၍…..

မဆင်မခြင်..ကိုယ် ့အတ္တတွေကို..ရှေ ့တန်းတင်ကာ…ရေး / ပြောခြင်းကို… မဆိုလိုပါ ။

လွတ်လပ်စွာ ပြောရေး ဆိုခွင့် ဆိုတာ စကားလုံး လက်နက်မဟုတ် ။

လွတ်လပ်စွာ ပြောရေး ဆိုခွင့် ဆိုတာ…….မတရားတာရယ်လို မရှိဘူး..ဆိုတဲ ့ စစ်ပွဲတွေထဲမှာ… သုံးတဲ ့လက်နက်မဟုတ် ။

လွတ်လပ်စွာ ပြောရေး ဆိုခွင့် ဆိုတာ……….

ကိုယ် ့အတ္တ / အစွဲများကို…. အရောင် တောက်ပ လာအောင်…..

အရောင်တင်ပေးသော..အရာ မဟုတ် ။

ဒါဖြင့်……………………………..

လွတ်လပ်စွာ ပြောရေး ဆိုခွင့် ဆိုတာ ဘာလဲ….။

*************

လွတ်လပ်စွာ ပြောရေး ဆိုခွင့် ဆိုသည်မှာ………………………..

အမှန်တရားကို……

အမှန်တရားပီပီသသ ပုံစံ ပေါ်ထွက် လာအောင်…..

တူးဖော်ပေးသည့်………

ဓါး တစ်လက် ဖြစ်ပါသည် ။

ထို ဓါးသည်……………………..

တိမ်မြုပ်နေသော..အမှန်တရားကို….

ထင်ထင်ရှားရှား မြင်လာအောင်…..

တူးဖော် ပေးနိုင် စွမ်း ရမည် ။

ထို ဓါး သည်……………

အမှန်တရား ၏ ကိုယ် ထည် အပေါ် မှာ..ကပ်ငြိ / ဖုံးလွှမ်းနေသော….

မစင်ကြယ်မှုုများ…./ ညစ်နွမ်း ဆိုး သွမ်းမှုများကို…..

တိတိရိရိ အပိုအလိုမရှိ ….. ဖြတ်တောက် ဖယ်ရှားပေး နိုင်စွမ်း..ရမည် .။

((((( ဓ = ဓါးသွားပေါ်မှာ..လမ်းလျှောက်ခြင်း… ( ဓါး…. အက်ဆေး )
https://myanmargazette.net/151141/arts-humanities မှ….. )))))


xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

လမ်း ။ ။

အားလုံးသော လမ်းတွေ...သာယာတဲ ့ခရီးလမ်း ဖြစ်စေချင်တယ် ။

လွတ်လပ်သောအမှန်တရားကို လွတ်လပ်သောရွေးချယ်ခွင့်အား သုံး၍ ရှာဖွေခဲ့ချင်ပါသည်။

လွတ်လပ်စွာ ပြော ရေး ဆို ခွင့်များကို သုံးကာ ပြောသင့်တာ မှန်သမျှ ကို ပြောချင်ပါသည် ။

ထို ့နောက် လမ်း ခရီးကို… ဆက် လျှောက်ပါမည်။

ကျွန်တော့် လမ်း ခရီးပန်းတိုင်ဆီ ရောက်ဖို ့ကြိုးစားရပါဦး မည်။

ကျွန်တော့် ခရီး ၏ အဆုံးနယ်ပယ် သည်

ဘာသာတရား တစ်ခု လား ။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

လွတ်လပ်သော ဘာသာတရား ။ ။

ဖတ်ကြည့်စေချင်တဲ ့စာအုပ်

လွတ်လပ်သော ဘာသာတရား၏ အဆုံး အမ/ သစ္စာ တရား ၏ အေးမြသော အရိပ် အောက်မှာ

ငြိမ်းချမ်းစွာ ခိုဝင်ချင်ပါသည်။

ဒီဘဝ / ဒီ သံသရာ မှာ လျှောက်လှမ်း ခဲ့ရသမျှ ခရီးတွေ…………………….

အင်း. . . . ခရီးတွေ များလှ ပါပြီ။

ဒီဘဝ တော့………………. ဒီ ခန္ဓာ ကို ဒုက္ခသစ္စာ မှန်းလည်း ရိပ်မိ ခဲ့ပြီ။

( သိ ရှိ ပြီ ဟု မဆိုလိုပါ ။ ရိပ်မိ ခြင်းသာ . . . )

သံသရာ လမ်း ဝင်္ကပါ ထဲကလည်း ရုန်း ထွက် လွတ်မြောက်ချင် ပါပြီ။

လွတ်လပ်မှုကို မြတ်နိုးသော ကျွန်တော်. .

လွတ်လပ်သော ဘာသာတရားကိုလည်း …. ရှာဖွေ တွေ ့ရှိခဲ့ပြီ ။

ဒါကြောင့် လွတ်လပ်သော ဘာသာတရား မှ ပြသောလမ်း ကို

ကိုယ့်ဉာဏ် နဲ ့ကိုယ်လျှောက် ဝင်ပြီး ကိုယ့် ဇာတ် ကိုယ် သိမ်းလိုက် ချင်ပါပြီ ။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

လွတ်လပ်သော ဘာသာတရား ။ ။

လွတ်လပ်သော ဘာသာတရား ဟု ဗုဒ္ဓဘာသာ ကို လက်ခံ ယုံကြည် မိပါသည်။

ဗုဒ္ဓဘာသာ ၏ / ဘုရားရှင် ၏ တရားတော်များသည် အနှောင် အဖွဲ ့များမှ … ကင်းလွတ်နေသည် ။ ( ဟု ထင်ပါသည် )

မှီခို မှုလည်း ကင်းနေပါသည်။

ကုလ္လူပမံ ဘိက္ခဝေ ဓမံ္မ ဒေသိသာမိ နိဿယ နတ္ထာရ နော ဂဟ နတ္ထာရ

ဖောင်ကို တင်စားပြီး တရား ပြမယ် ရဟန်း တို ့ . . . ။

ဒီဖောင် ဟာ တစ်ဖက်ကမ်းကို ကူး မြောက် သွားစေဖို ့ပဲ ။

စွဲလမ်း စေဖို ့ မဟုတ် ဘူး

တရား ဟာ ဖောင်ဆိုရင် / လှေ ဆိုရင် တောင် တစ်ဖက်ကမ်းကို ဖောင်နဲ ့ကုူးသွား ဖို ့ပဲ ။

တစ်ဖက်ကမ်းအထိရောက်အောင် ပို့ ပေးခဲ့တဲ့ ဖောင် ဆိုပြီး ………………………….

တသသ စွဲလမ်းနေစရာ…. မလို ….။

မြတ်မြတ်နိုးနိုး ထမ်း ယူသွားစရာ မလို ။

ကူးပြီ တစ်ဖက်ကမ်း ရောက်ပြီးတာ နဲ ့ လွှတ်ချထား ရုံသာ. . . ။

တရားကိုပင် မစွဲလမ်းစေသော တရားမို့ လွတ်လပ်မှုက ပြော …… မကုန်တော့ပြီ ။

ပြီးတော့ ကိုယ့် ကိုယ်ကို ကိုယ် အားကိုး စေသော / ဘယ်လို အဆိုအမိန် ့နဲ ့မှ တုတ်နှောင်မထားသော ဘာသာတရား မို ့. .. . . လွတ်လပ် မှု ကို ထင်ထင်လင်းလင်း မြင်ရသည် ။

လွတ်လပ်သော ဘာသာတရား ၏ အနှစ်သာရ ဆီ ရောက်အောင် ကျွန်တော်လျှောက်လှမ်းလိုက်ပါမည် ။

ထိုသို့ဖြင့်. . . . …………………..

လွတ်လပ်မှုကို မြတ်နိုးစွာ……………….

လမ်းလျှောက်နေသော………………………

လူငယ်တစ်ယောက်သည် ……………………………. ကျွန်တော်ပင် ဖြစ်ပါတော့သည် ။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

လွတ်လပ်မှု ဆိုသော စကားလုံးကို အခြေခံ ၍ တွေးလို့ ရသလောက် /ရေးလို ့ ရသလောက် ရေးပြလိုက်ပါသည်။

စာပေ ရေးသားခြင်းကို ချစ်မြတ်နိုးသော / လွတ်လပ်မှုကို ချစ်မြတ်နိုးသော သာမန်လူငယ်တစ်ယောက်က ရေး ဖွဲ့သော… …

သာမန် အက်ဆေးတစ်ပုဒ် သာ ဖြစ်ပါသည်။

လွန်သော/ကျွ ံသော စကားလုံး များ တွေ့လျှင် ကျွန်တော့် မသိ/နားမလည်မှု ကို

ခွင့်လွှတ်နားလည်ပေးကြပါလို ့ ။

လေးစားစွာဖြင့်…………..

အလင်းဆက်

11 . 12 . 2012

alinsett.art@gmail.com

11 comments

  • မိုး မင်းသား

    December 11, 2012 at 7:26 pm

    လွတ်လပ်မှု နဲ့ အကြောင်းအကျိုး ကိုက်အောင် စဉ်းစားတွေးခေါ်နိုင်စွမ်းက ငါတို့ကို လူ ဖြစ်အောင် လုပ်ပေးတယ် ။

    အဲဒါတွေကို ဖယ်ရှားလိုက်ရင် ငါတို ့ဟာ ဘာတွေလဲ ……………………………….။ဟုတ်တယ်ဟုတ်တယ်…

    အလင်းဆက်ရေ……….

  • အလင်းဆက်

    December 11, 2012 at 8:01 pm

    တ =http://myanmargazette.net/149512/arts-humanities
    ထ =http://myanmargazette.net/149925/arts-humanities
    ဒ =http://myanmargazette.net/150370/arts-humanities
    ဓ =http://myanmargazette.net/151141/arts-humanities
    န =http://myanmargazette.net/151584/arts-humanities
    ပ =http://myanmargazette.net/152640/arts-humanities
    ဖ =http://myanmargazette.net/153657/arts-humanities
    ဗ=http://myanmargazette.net/154762/arts-humanities#comments
    ဘ =http://myanmargazette.net/155933/arts-humanities
    မ =http://myanmargazette.net/156660/arts-humanities
    ယ = http://myanmargazette.net/157428/arts-humanities
    ရ =http://myanmargazette.net/158136/arts-humanities

    —————

    ကျွန်တော် ခံစားခဲ့တဲ ့ အက္ခရာ ထွေရာလေးပါးများကို စဉ်ဆက်မပြတ် ဖတ်ရှု ခံစားပြီး
    ဝေဖန် အကြံပြု.ကြသော..
    ကျွန်တော်ချစ်သော စာချစ်သူများကို…
    လေးစားစွာ..ခင်မင်..ကျေးဇူးတင်လျက်ပါ လို ့…..

    ချစ်သော….

    အလင်းဆက်

  • မောင်ပေ

    December 11, 2012 at 8:11 pm

    လွတ်လပ်သော မန်းဂေဇက်မှာ
    လွတ်လွတ်လပ်လပ် ဆက်လက် ရေးကြပါစို ့

  • ရွှေ ကြည်

    December 11, 2012 at 8:24 pm

    လွတ်လပ်သော ဘာသာတရား တဲ့ မှန်၏ ကောင်း၏ ကြိုက်၏။

  • Mr. MarGa

    December 11, 2012 at 8:24 pm

    လွပ်လွပ်လပ်လပ် ဖတ်ရှုကာ
    လွပ်လွပ်လပ်လပ် တွေးတော၍
    လွပ်လွပ်လပ်လပ် နေထိုင်နိုင်မည့် တစ်နေ့ကို
    စောင့်မျှော် နေပါသည်။

  • Mobile

    December 11, 2012 at 11:59 pm

    ကိုအလင်းဆက် အားပေးသွားပါတယ်ဗျို့
    စာသားလေးတွေ လန်းတယ်ဗျို့
    ဒါနဲ့ လွတ်လပ်တာနဲ့ ပတ်သတ်လို့ ဟင်္သာတနယ်ဖက်မှာ တွေ့ခဲတာလေးတစ်ခု
    ခင်ဗျာတို့ကို ကျုပ်ပြောပြမယ် . . . . . . . .
    ဟီ . ဟီ…………………

  • ဗုံဗုံ

    December 12, 2012 at 9:15 am

    လွတ်လွတ်လပ်လပ် အားပေးသွားပါတယ် ဦးလေးအလက်ဆင်းရေ ဒါနဲ့ သစ်ငုတ်ပေါ်မှာ လွတ်လွတ်လပ်လပ် ထိုင်နေတာ ဦးလေးလားဟင် :harr:

  • MaMa

    December 12, 2012 at 9:34 am

    အောင်မြင်သူတွေ ပြောတတ်ကြတဲ့ စကားလေးတစ်ခွန်းရှိတယ်။
    အပြိုင်အဆိုင်ဆိုတဲ့စကားကို…..
    မနေ့က ငါ နဲ့ ဒီနေ့ ငါ ကို ပြိုင်တယ် ဆိုတာလေးးးးးးးး
    အလင်းဆက်ရဲ့ အက္ခရာပိုစ့်တွေမှာ တွေ့လိုက်မိတယ်။ :hee:

  • ခင်ခ

    December 12, 2012 at 10:29 am

    လူတွေက
    လွတ်လပ်ခြင်းကို
    လိုချင်ကြတယ်။
    လွတ်လပ်ခြင်းကို
    လွတ်လပ်စွာသုံးကြတယ်ဆိုရာမှာ
    မိမိ လွတ်လပ်မှု့ကြောင့်
    တစ်ပါးသူ လွတ်လပ်မှု့ ကို အနှောင့်အယှက် မဖြစ်သင့်ဘူးပေါ့၊
    ဆိုလိုတာက စည်းမဲ့ကမ်းမဲ့ လွတ်လပ်ခြင်းမဟုတ်တဲ့
    စည်းနဲ့ကမ်းနဲ့ လွတ်လပ်ခြင်း ပြုမူနိုင်ကြပါစေလို့။

  • အလင်းဆက်

    December 13, 2012 at 7:34 pm

    လေးလေးပေ..ရေ..
    လွတ်လွတ်လပ်လပ် ဖတ်ရှု အားပေး…သွားလို ့…
    ဒီ လူငယ်ကလေးက ကျေးဇူးပါ…လို ့ ။
    🙂

    ————————–
    မမရွှေကြည်..
    သားသားရေး တဲ ့အရေး လေးကို ကြိုက် ၏ ဆိုလို ့.ကျေးဖူးတင်ပါ၏
    လွတ်လပ်သော ဘာသာတရား..ဆိုတဲ ့ စကားလုံးကိုတော့…
    ပုံတွေထဲက တစ်ပုံဖြစ်တဲ ့…ဆရာတော် ဦးဇောတိက ရဲ ့ စာအုပ် ကိုဖတ်ပြီးချိန်မှာ..
    ရ လိုက်တာပါ ။
    —————————-
    သိကြားမင်းကြီး..ရေ..
    ထပ်တူထပ်မျှ ပါ…။
    🙂
    —————————–
    လေးလေး Mobile
    စာသားလေးတွေ..လန်းတယ်ဆိုလို ့..
    ဝမ်းတာ ပါ၏
    🙂
    ——————————
    အို ဘယ့်…. ဗုံ….လေးရေ…

    အဲဒီ သစ်ငုတ်ပေါ်မှာ.ထိုင်နေတာက…..

    အဟိ အဟိ ။ :kwi:
    ———————————
    အန်တီမမ ရေ..
    အဲဒါ..ဂယ်…လား..ဟင်..။

    အဟိ ။ ဝမ်းတာလိုက်တာ …။
    🙂
    သားသားရေးတဲ ့အက္ခရာ တွေ နောက် အန်တီမမတို့..
    လျှောက်လိုက်လာတာ…
    အခုဆို.. လ =… ပြိးခဲ့ပြီ ။
    နောက်ထပ်…. လာမယ့် အက္ခရာတွေ..အပြီးမှာ….
    အတွဲအစပ် လေးတစ်ခု..(အက္ခရာတော့မဟုတ်တော့ဘူး ) ထပ်တင်ပြ ဦးမှာမို ့….
    မျှော်…….

    🙂
    ———————————-
    လေးလေး..ခင်ခ ရေ
    ဟုတ်ထှာပေါ့…။
    စည်းမဲ ့ကမ်းမဲ ့ လွတ်လပ်ခြင်းကို.. ပြင်ဆင် ရင်…
    စည်းနဲ ့ ကမ်းနဲ ့လွတ်လပ်ခြင်းဆီ…
    ချီတက်ကြရမှာပါ..။
    လေးလေးခ..
    အဆက်မပြတ် ဖတ်ရှု အားပေး လာလို ့ ချစ်တယ်
    🙂
    ————————-

    အားလုံးကို ခင်မင် လေးစားလျက်..
    အလက်ဆင်း
    အဲ..
    မွှားလို ့…
    အလင်းဆက်

Leave a Reply