၁၂ရက် ၁၂လ ၂၀၁၂ခုနှစ်

စိန်ကြက်ဆင်December 11, 20121min21542

ဘာရယ် မဟုတ်ပေဘူး …..

ရရက် ရလ ၁၉၇ရခုနှစ်

၈ရက် ၈လ ၁၉၈၈ ခုနှစ်

၉ရက် ၉လ ၁၉၉၉ ခုနှစ်

၁၁ရက် ၁၁လ ၂၀၁၁ခုနှစ်

ခုကတော့ …

၁၂ရက် ၁၂လ ၂၀၁၂ခုနှစ်ပေါ့ဗျာ

ကျွန်တော် သိမှီလိုက်တဲ့ ခုနှစ်၊ သက္ကရာဇ်တွေ ပြန်တွေးကြည့်တာပါ ….. ။ ကမာ္ဘကြီး ဘာမှပြောင်းလဲ သွားမှာ မဟုတ်သလို မန္တလေးဂဇက်ကြီးလဲ သိပ်ပြီးထူးထူးထွေထွေ ပြောင်းလဲသွားမယ်တော့ စိတ်ထဲမထင်။ ဒါပေသိ အမှတ်တရ ဖြစ်သွားအောင် ၁၂ရက် ၁၂လ ၂၀၁၂ခုနှစ်မှာ လူမျိုး၊ ဘာသာ၊ နိူင်ငံ၊ ယုံကြည်မှုမရွေး ကွန်းမင့်လေးတွေနဲ့ ဝေဝေဆာဆာ မှတ်ရငြင်းခုန်ပေးကြပါလို့ အထူးတလည် ဖိတ်ခေါ်ပန်ကြားပါရစေ ဘယ်သူ့အတွက်မှ မဟုတ်တောင် ကျွန့်တော်တို့ ရွာသူ ရွာသားတွေ အခြင်းခြင်း ရင်နှီးချစ်ကြည်မှု ပိုမိုခိုင်မြဲစေလိုတဲ့ ကျွန်တော့် မေတ္တာပါ … ကောင်းမွန်ဖြူစင်စွာ ရှိနေပါတယ်။

မေတ္တာကို တုန့်ပြန်သောငှာ ရှားရှားပါးပါး ကြုံတောင့်ကြုံခဲ နေ့ရက်လေးအတွက် လွတ်လပ်ပေါ့ပါးစွာ အမှတ်တရလေးတွေကို တည်ဆောက်ကြပါစို့ ခင်ဗျာ ….

WElCOME ..

FREE ..

FORM ..

Happy
Happy

အားလုံးသော ရွာသူ၊ ရွာသားအပေါင်း ကိုယ်စိတ်နှလုံး ချမ်းမြေ့သာယာကြပါစေ …..

မေတ္တာဖြင့်

 

42 comments

  • Mobile

    December 11, 2012 at 11:46 pm

    ကိုနီပေပါရဲ့ ပို့စ်လေးကို ဝင်ရောက် အားပေးသွားပါကြောင်း . . . . . .
    ကိုနီပေပါရဲ့ တစ်ချိန်က ပို့စ် တစ်ခုအတွင်၌ ကိုနီပေပါ ရဲ့ပို့စ်ဆိုရင်
    ဘယ်တော့မှ မဝင်တော့ကြောင်း ပြောခဲ့ပေမယ့် အခုဟာက ကိုရဲစည် ဖြစ်နေတဲ့အတွက်
    ဝင်ရောက် ခြင်းဖြစ်ပါကြောင်း . . . . .
    ကိုရဲစည် ရေးထာတဲ့ ကွန်မန်း တစ်ခုကိုလဲ သဘောတွေ့မိပါကြောင်း . . . . .
    ၁၂-၁၂-၁၂ ဟာထူးခြားမှု တစ်ခုရှိပါကြောင်း . . . . . . . . .
    ၁၂-၁၂-၁၂ ကိုကျော်လွန်သွားခဲ့ပါက အခုလို ရက်လနှစ် သုံးခု တူညီတဲ့ ထူးခြားမှုကို
    ၂၁၀၁ ခုနှစ်ရောက်မှသာ ဝ၁-၀၁-၀၁ ဆိုပြီး ပြန်လည်တွေ့ရှိနိုင်တော့မည် ဖြစ်ပါကြောင်း . . . . .
    အဲ့ဒီအချိန်ရောက်တဲ့ အခါမှာ ယခုလိုပဲ ဒီရွာထဲမှာ ကိုနီပေပါက မှတ်မှတ်ရရ ပို့စ်တစ်ပုဒ်
    တင်ပေးစေလိုကြောင်း . . . . . . .
    ကျနော် အနေဖြင့်လဲ ယခုလိုပင် ကွန်မန်း ပေးလိုပါကြောင်း . . . . . . . .

    • ရဲစည်

      December 12, 2012 at 12:54 am

      ကျေးဇူးဗျို့ ……
      ဒီပို့စ်လေးမှာ ဘာအရောင်မှ မထားထားပါဘူး၊ ခြံစည်းရိုးမဲ့ တည်ငြိမ်တဲ့ လွတ်လပ်မှုကို ဦးတည်ထားတာပါ ………………။

      ၁၂-၁၂-၁၂ ဟာထူးခြားမှု တစ်ခုရှိပါကြောင်း
      ၁၂-၁၂-၁၂ ကိုကျော်လွန်သွားခဲ့ပါက အခုလို ရက်လနှစ် သုံးခု တူညီတဲ့ ထူးခြားမှုကို၂၁၀၁ ခုနှစ်ရောက်မှသာ ဝ၁-၀၁-၀၁ ဆိုပြီး ပြန်လည်တွေ့ရှိနိုင်တော့မည် ဖြစ်ပါကြောင်း

      ဒါလေးတော့ အမှတ်တရ ထားလိုက်ပါ့မယ် ..
      ၂၁၀၁မှာ သဂျီးမြစ်ကလေးကလဲ မန်းဂေဇက်ကို ဆက်အသက်ရှင်တဲ့အချိန်
      ကျနော်နဲ့ ခင်ဗျား မြေးလေးတွေက ပို့စ်တွေတင် ကွန်းမင့်တွေ ပေးကြမည် ဖြစ်ကြောင်း ……. :harr:

      • Thuyazaw

        December 12, 2012 at 3:58 pm

        ၁၂-၁၂-၁၂ ဟဟဟဟဟ ကာလာမပါဘူးဆိုလို့ ဝင်မန့်တာဗျို့ ကာလာတော့အကြောက်သားလား……… ကာလာ…. ကာလာ….. ကာလာာာာ အိုး ကာလာာာ
        မာယာအစား ကာလာဟု ပြောင်းလဲဆိုပါရန်…….

        ၁၂ ၁၂ ၁၂

  • koyinmaung

    December 12, 2012 at 6:10 am

    ( ၂၁၀၁မှာ သဂျီးမြစ်ကလေးကလဲ မန်းဂေဇက်ကို ဆက်အသက်ရှင်တဲ့အချိန်
    ကျနော်နဲ့ ခင်ဗျား မြေးလေးတွေက ပို့စ်တွေတင် ကွန်းမင့်တွေ ပေးကြမည် ဖြစ်ကြောင်း )
    အဲ့ဒီစာကြောင်းလေးကိုက အမှတ်တရဘဲပေါ့ ကိုရဲ့စည်ရေ….
    အော်…ဒါနဲ့စကားမစပ်..23.12.2012 ဆိုကမာ္ဘကြီးပျက်မယ်ဆို..
    ကမာ္ဘကိုဝင်တိုက်မဲ့ဥက္ကာခဲကြီးဘယ်နားများရောက်နေပါလိပ်…..

    • ရဲစည်

      December 12, 2012 at 1:20 pm

      ကိုရင်မောင်ရေ ..
      အုတ်ကာဂဲဂျီး သတင်းတော့ ရွာထဲက စီဂျေအူးထူးဆန်း အာကာသပေါ်အထိ တက်လိုက်နေလေရဲ့ ….. ။
      ထူးရင် ပြောမည် ဖြစ်ပါကြောင်း .. :mrgreen:

  • MaMa

    December 12, 2012 at 7:43 am

    နီရဲပေပ္ပါစည် ပြောတဲ့ ခုနှစ် သက္ကရာဇ်တွေကို ပြန်ကြည့်မိတော့….
    ဝရုန်းသုန်းကားတွေကို မြင်ယောင်မိတယ်။

    ခုလက်တွေ့ကြုံနေရတဲ့ ၁၂. ၁၂. ၁၂ ကတော့ အရင်ကနဲ့ နှိုင်းရင် အေးချမ်းတည်ငြိမ် နေလို့ မင်္ဂလာ ရှိတယ်လို့ ခံစားမိပါတယ်။ :hee:

    • ရဲစည်

      December 12, 2012 at 1:22 pm

      နေ့ရက်တိုင်း အစဉ်အမြဲ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေကြောင်း ….
      ဆုတောင်းပေးပါတယ် ခင်ဗျ ………………………………………..။

  • kyeemite

    December 12, 2012 at 9:03 am

    ကျုပ်ကြုံဖူးလိုက်တာက..
    ၆.၆.၆၆
    ၇.၇.၇၇
    ၈.၈.၈၈
    ၉.၉.၉၉
    ၁၀.၁၀.၁၀
    ၁၁.၁၁.၁၁
    ခုတော့…၁၂.၁၂.၁၂ ပေါ့ဗျာ…
    ခင်မင်ရင်းနှီးစွာ နှုတ်ခွန်းဆက်သွားပါဂျောင်းးး ကိုပုလိပ်စည်ရေ…
    :harr:
    ကြိုက်မီး။

    • ရဲစည်

      December 12, 2012 at 1:18 pm

      အူး၄ JB ကြိုက်မီးရေ …
      အနော် မေ့ကျန်ခဲ့တဲ့ ၁ဝရက် ၁ဝလ ၂၀၁ဝကို မှတ်မှတ်ရရ ဖြည့်ပေးတဲ့ အတွက် ကျေးကျေးပါ ခင်ည ….

      ခင်တဲ့ JD ပုလိပ်စည်

  • တိမ်မည်း

    December 12, 2012 at 9:27 am

    121212

    ဒီနေ ့ရဲ့ အမှတ်တရကတော့ မနက် ၄ နာရီနိုးနေတာပဲ…..
    အရင်တုန်းကတော့ အတင်းကုန်းထရပေမဲ့…
    ဒီနေ ့ ပေါ့ပေါ့ ပါးပါး နိုးနေတာလေးကတော့ ထူးခြားမှူတခုပါ……

    ဝါးဟားဟားဟား…..
    အခုမှ အိပ်ချင်နေဒယ်………
    😀

    • ရဲစည်

      December 12, 2012 at 1:01 pm

      မနက် ၄နာရီထိုးတာလဲ အမှတ်တရပေါ့ ဟုတ်ဘူးလား …
      အိပ်လို့ မပျော်လို့ ခြံစည်းရိုးဘေး လမ်းလျှောက်ထွက်ရင်တော့ မြူတွေထဲ အမှတ်တရတွေ ဖြစ်မလား မသိ …
      အဟိ …. အရဂါးစတာ
      :harr:

  • ဗုံဗုံ

    December 12, 2012 at 9:43 am

    12.12.12 မှာ အမှတ်တရဖြစ်သွားအောင် အူးလေးရဲစည်က မုန့်ကြွေးပါလားဟင် :harr:

    • ရဲစည်

      December 12, 2012 at 1:30 pm

      အစ်မဗုံဗုံရေ ….
      အူးလေးလို့ အနော့်ကို ခေါ်လိုက်တဲ့ အတွက် ဒီနေ့ဟာ မှတ်မှတ်ရရ ကြေကွဲရတဲ့နေ့ ဖြစ်တွားဘီ …

      အမှတ်တရ စိတ်ထိခယက်ခြင်း များစွာဖြင့်
      🙂
      မောင်လေးယဲစည်

  • Shwe Ei

    December 12, 2012 at 10:14 am

    ၁၂၁၂၁၂မှာ အမှတ်တရဖစ်အောင် ရဲဇားစကားပျောပလို်က်မယ်………….

    ကိုရဲကိုဂျစ်ဒယ်……… ဒါဗြဲ :harr:

    • ရဲစည်

      December 12, 2012 at 1:28 pm

      ၁၂၁၂၁၂မှာ အမှတ်တရဖစ်အောင် ရဲဇားစကားပျောပလို်က်မယ်………….

      အမှတ်တရ ဇကားဆိုပေးတဲ့ မမယွှေဤ့ ကျေးဇူးပါခင်ဗျ ..။ ဒါပေမဲ့ သက်ဆိုင်သူရှိနေပီးသားမို့
      ဒီဘွအတွက်တော့ … နှမလက်လျော့ နေလေဦးတော့….ကွယ်… အယ်…ဟယ်…ဟယ်
      :harr:

  • ခင်ခ

    December 12, 2012 at 10:42 am

    အော် ၁၂ ၁၂ ၁၂ ဆိုတာ ဒီနေ့ပါလားနော်။

  • မဟာရာဇာ အံစာတုံး

    December 12, 2012 at 11:01 am

    ဟေ့လူရီးး
    အပေါ်ဆုံးက ရရက် ရလ ၁၉၇ရခုနှစ် ကိုဒေါ့ မီလိုက်ဝူးးး
    အောက်က ဟာဒွေဒေါ့ မီလိုက်ဒယ် ..
    ဘာပဲဖြစ်ဖြစ် ဂနေ့ ၁၂ ၁၂ ၁၂ မှာ အမှတ်တရ ဖစ်တွားဒါဘော့ …
    ခညားဂျီးလည်း ကိုယ်စိတ်နှလုံး ကျမ်းမာ ချမ်းသာ ပါစေလို့ ..
    ဆုတောင်းပေးလိုက်ဘာဒယ် …

  • Mr. MarGa

    December 12, 2012 at 11:32 am

    ဘယ်သူတွေ ဘယ်လို ပြောပြော
    ဒီနေ့ဟာ မန်းဂေဇက်ရဲ့ စာပေဆု ကြေညာတဲ့နေ့
    ီဦးမာဃ ပထမဆုံး ဖတ်ရွေးပေးတဲ့ စာပေဆု ကြေညာတဲ့နေ့
    မန်းဂေဇက်အတွက်ရော ဦးမာဃ အတွက်ပါ
    အမှတ်တရ ဖြစ်စေတဲ့နေ့ လို့ မှတ်ယူပါကြောင်းးးးးးးးးးးးးးးးးးးးးးး

  • Novy

    December 12, 2012 at 11:40 am

    12 12 12 မှာ အထက်အညာကနေရန်ကုန်ကို အိပ်ချင်မူးတူးနဲ့ ပြန်ရောက်လာပါကြောင်း
    အခုလည်း မျက်လုံးမှိတ်လျက် ဝင်မန်းသွားပါတယ်

  • Foreign Resident

    December 12, 2012 at 11:49 am

    12-12-12 နေ့ကို အမှတ်တရဖြစ်သွားအောင် ၊
    အဘ ရဲ့ ခရီးသွား ဆောင်းပါး အပိုင်း ( ၁ဝ ) ကို ၊
    ဒီနေ့ မပြီးပြီးအောင် အမြန် ရိုက်ပြီး တင်လိုက်ရင် ၊
    ကောင်းမယ်ထင်တယ် ။

    ဟီး ၊ ဘာမှလည်း ဆိုင်ဘူး ။

  • amatmin

    December 12, 2012 at 12:12 pm

    ၁၂နာရီ.၁၂ မိနစ်..၁၂ရက်..၁၂လ..၁၂ခုနှစ်..မှာ ..
    ကွန်မန့်ဝင်ပေးရင်း..
    ဂေဇက်ရွာသူားအားလုံး ၁၂ လရာသီ ကာလပတ်လုံး
    ပြုံးပျော်နိုင်ပါစေကြောင်း….

  • ဇမ္ဗူ့လောကပါလကြောင်ဝတုတ်

    December 12, 2012 at 2:08 pm

    ကဲ… ဒီနေ့ ၁၂ သုံးလုံးနေ့မှာ… အပေါ်က အစ်ကိုကြီးအမတ်မင်းပြောသွားသလိုပဲ…
    ၁၂လရာသီပတ်လုံး ရွာသူားများအားလုံး တပြုံးပြုံးရှိနိုင်ပါစေကြောင်းဆုတောင်းရင်း…
    အစ်ကိုကြီးရဲစည်ကို အားဖြည့်လိုက်ရပါတယ်ခင်ဗျား…

    ခင်မင်လျက်-
    ကြောင်ဝတုတ်

  • နွယ်ပင်

    December 12, 2012 at 2:20 pm

    12 သုံးလုံးနေ့မှာ သူများတွေ ပျော်နေကြတယ် အမှတ်တရတွေဖြစ်အောင်
    အမှတ်တရလေးတွေ လုပ်နေကြတယ် ဒါပင်မယ့် နွယ်ပင်ကတော့ ….. 🙁

  • kai

    December 12, 2012 at 2:33 pm

    အဟမ်း..
    ဘာမှတော့မဆိုင်ဘူး..
    သိသူတွေ ဖြေပေးလင့်ခ်လေးပေးကြပါဦးလို့..
    လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကြောင့် ဒေသခံတွေကျမ်းမာရေးထိခိုက်.. မွေးတဲ့ကလေးတွေမျက်စိ.. မမြင်.. ခန္ဓာချို့တဲ့တာတွေများဖြစ်သလားလို့..
    အဲဒီသတင်းလင်ခ်ကလေး.. သိသူတွေရေးပေးပါလို့..
    ၁၂၁၂၁၂ အမှတ်တရပေါ့..

    ကမ္ဘာသတင်းထဲ.. တင်ပေးဖို့.. သတင်းဌာနကြီးတခုက.. ကွန်ဖမ်းပေးဖို့.. မေးလာလို့…။

    • kai

      December 12, 2012 at 3:19 pm

      ကယ်ကြပါဦးဗျို့..
      သတင်းတွေထဲလိုက်ရှာနေတာမတွေ့လို့..
      ဧရာဝတီမှာထင်တယ်.. နှစ်တော်တော်ကြာက ပါဖူးတယ်မှတ်တာ…

      • ရွှေ ကြည်

        December 12, 2012 at 6:37 pm

        သူကြီးရေ စိတ်မကောင်းပါဘူး ရွှေကြည်မသိလို့ပါတကယ်ကူချင်ပါတယ်။

    • Khaing Khaing

      December 12, 2012 at 3:59 pm

      အမှတ်တရလေးဖြစ်သွားအောင် သူကြီး ကျွန်မအကြွေး ဒေါ်လာ 30 ပေးပါ မကြာမီမှာ ကျွန်မ မွေးနေ့ရောက်တော့မည်ဖြစ်ပါသောကြောင့် မွေးနေ့မှာ အလှူလုပ်ချင်လို့ပါ ……..

    • ရဲစည်

      December 12, 2012 at 8:59 pm

      ရှာပေးပါတယ် ခင်ည …
      အနော်ညံ့တာ ဖြစ်ဖို့များပါတယ်

      ခုထိမတွေ့ပါကြောင်း …. စိတ်မကောင်းစွာဖြင့် ..

  • မင်းနန္ဓာ

    December 12, 2012 at 2:55 pm

    ၁၂၁၂၁၂ ရက်နေ့မှာ ဂျူတီကျတယ်ဗျာ..
    နေ့လည် ၁၂နာရီ ၁၂မိနစ် ၁၂ စက္ကန့်မှာ မိန်းမဆီ ဖုန်းခေါ်ပြီး ကျနော် ခြေထောက် အဖြူရောင် လို့ ပြောလိုက်တယ် ..
    အဲဒါ အမှတ်တရပဲ.. :harr:

  • Khaing Khaing

    December 12, 2012 at 3:47 pm

    အဟမ်း .. အဟမ်း … ဘာပြောရမလဲ … ဘယ်လိုပြောရမလဲ ….

    မိုးလင်းရုံးရောက်တာနဲ့တော့ အကောခံလိုက်ရတယ် ….. စိတ်ညစ်ခဲ့ရတယ် … အမှတ်တရဖြစ်မလားပဲ …

    ချစ်သူမရှိတော့ တစ်ယောက်တည်း ယောင်ယောင်ချာချာနဲ့ ဒီဇင်ဘာလ နှင်းမှုံတွေကြားထဲမှာ လွမ်းဆွေးနေ ခဲ့ရတယ် …..
    (12.12.2012) ညနေတော့ အက်ထရာစောင်းသွားရိုက်မယ်ဆိုတော့ ဒီနေ့ညနေ ဒုတိယ ရင်သွေးလေးက ဘာလေးလဲဆိုတာတော့ သိရမယ်လို့ထင်တယ် … အဲဒါလေးအမှတ်တရာဖြစ်မယ်ထင်တယ် …..

    • Mလုလင်

      December 13, 2012 at 10:37 pm

      နင့်ဟာက လဲ စောလိုက်တာ .. သိရပြီ လား . .

  • jullies cezer

    December 12, 2012 at 4:30 pm

    တို့မှာ 12.12.12 နေ့ကိုသတိမပြုအားဘူးဘဝသမားလေးတွေပါကွယ် ကမ်မနီကိတ်ချတွေ
    ချုတ်နေလို့ :mrgreen:

  • အရီးခင်လတ်

    December 12, 2012 at 6:10 pm

    ၁၃ လ ဆိုတာ မရှိတာမို့ အနာဂါတ်မှာ အဲဒီလို ရက်တူ၊ လတူ၊ နှစ်တူ ရဖို့ ဒီ ဘဝ မှာတော့ ရကြတော့ဘူး။
    ၀၁ ဝ၁ ဝ၁ ပြန်ရဖို့ နောက် နှစ် ၁၀ဝ ရောက်မှ (၂၁၀၁ ) ဆိုတော့ ၈၉နှစ် လိုသေး။
    အခုနှစ် မွေး တဲ့ ကလေး တောင်မှ အဲလောက် အသက်ရှည် မှ။

    ဒီတော့ ဒီရက်ကိုတော့ ကောင်းသောအမှတ်တရ နေ့ ဘဲ ဖြစ်စေချင်ပါတယ်။

    ဒီတော့
    ပျော်ရွှင် သော “ဒါဇင် နေ့” ပါ ချစ်သော ရွာသူ/သား အပေါင်းတို့။
    Post လေး အတွက် ကျေးဂျူး ပါ မောင်ရဲစည်ရေ။
    :hee:

  • ကိုရင်စည်သူ

    December 12, 2012 at 6:35 pm

    ဒီနေ့ ၁၂-၁၂-၁၂ ကျွန်တော့် မွေးနေ့ (—) နှစ်ရောက်ပြီ။ သင်္ဘောပေါ်ရောက်တာ ခြောက်လထဲရောက်နေပြီ။
    ဆံပင်တွေက ဂုတ်လောက်ထိရှည်နေလို့ စည်းထားရတယ်။။ နှုတ်ခမ်းမွှေး၊ပသိုင်းမွှေးတွေ မရိတ်ဖြစ်တာကြာလို့
    လူက ရှေးခတ်တရုတ်စစ်မြေပြင်မှာ ပေါက်စီပဲစားပြီး စစ်တိုက်နေရတဲ့ တီလုပ်စစ်သားရုပ်ထွက်နေပြီ။ မနက်က
    ဆော်ဒီနိုင်ငံကနေ အမေ့ကိုဖုန်းဆက်တော့ အမေ့အသံကြားရလို့ ဝမ်းနည်းပီး မျက်ရည်ဝဲသွားတယ်။ ရုပ်ကြမ်းကြီးနဲ့ မျက်ရည်ဝဲတာ
    ဘယ်လိုမှ ကြည့်ရမတော်လို့ လုပ်ဖော်ကိုင်ဖက်တွေမမြင်ခင် မြန်မြန်မျက်ရည်သုတ်လိုက်ရဒယ်။
    ၁၂-၁၂-၁၂ ကျွန်တော့်မွေးနေ့၊ ဆော်ဒီနိုင်ငံ ရမ်းဘူးဆိပ်ကမ်းမှာ ပထမဆုံး မျက်ရည်ကျဖူးတဲ့နေ့။
    အမောပြေအောင် ပို့စ်ရှင် စည် တစ်လုံးတူတဲ့ အူးရဲစည်ကပဲ ကိုရင့်ကို အေဘီစီတိုက်ဗျာ… ဒါဗြဲ..

  • ရွှေ ကြည်

    December 12, 2012 at 6:43 pm

    ကရင်စည်ရယ် ဖုန်းဆက်လို့ရတဲ့နေရာရောက်နေတာကံကောင်းတာပေါ့။

    ကရဲစည်ရေ အမှတ်တရဖြစ်အောင်သာဝင်ရေးရတာ ဘာရေးရမှန်းမသိ
    ကဲ ရွာသူားအားလုံးကို မိရွှေကြည်က ချစ်ပါတယ်လို့ ဒီနေ့မှာအမှတ်တရပြောချင်ပါတယ် 😆

  • ခိုင်ဇာ

    December 12, 2012 at 6:46 pm

    ၁၂၊ ၁၂၊ ၁၂ မှာ ဘာအမှတ်တရဖြစ်အောင် လုုပ်ရမတုုန်း စဉ်းစားရင်း ဒီနေ့ကုုန်တော့မယ်။. :hee:

    • Mobile

      December 12, 2012 at 7:26 pm

      ကိုယ့်ခေါင်းကိုယ် တူနဲ့ ကွဲအောင်ထုလိုက်မည်ဆိုပါက တစ်သတ်လုံး အမှတ်တရ
      ဖြစ်စေမှာ သေချာ၏။

  • မောင်ပေ

    December 12, 2012 at 8:11 pm

    ၁၂.၁၂.၁၂ မှာ ကျုပ် အတွက် မှတ်မှတ်ရရကတော့
    လေဒီပေ နဲ ့စကားများထားလို ့ ၊ စိတ်ကောက်နေတယ် ၊ အခုကွန်မင့်မန် ့တဲ့အထိ ဖုန်းပိတ်ထားတယ်
    စိတ်အရမ်းညစ်တယ်
    မန်းဂေဇက်မှာ ရေငံပိုင်ဦးဖောကြီးရဲ ့ တောလား ၁ဝ မှာ ကွန်မင့် မန် ့ပြီး ၁၀၀၀၁ဝ ပြည့်တယ်
    အို ၁၂/၁၂/၁၂
    စိတ်တွေရှုပ်ထွေး အလွန်ညစ်
    စီးပွားကလစ်
    ရည်းစားကညစ်
    ဗျစ်တစ်တစ်

    • ရွှေ ကြည်

      December 12, 2012 at 8:42 pm

      ဖုန်းပိတ်ထားရင်လူကိုယ်တိုင်သွားတွေ့ မဖြစ်နိုင်ရင် မက်ဆေ့ချ်ပို့
      နောက်မေးကနေစာပို့ ဖေ့ဘွတ်မှာပန်းစည်းပို့

  • padonmar

    December 12, 2012 at 9:38 pm

    အန်တီကတော့ မှတ်မှတ်ရရ ဒီနေ့၁၂နာရီမှာ စာမေးပွဲဖြေရပါတယ်။၅နှစ်တက်ခဲ့ရတဲ့ သင်တန်းရဲ့ နောက်ဆုံးစာမေးပွဲဆိုတော့ စာမေးပွဲအပြီးမှာ တော်တော်ပေါ့ပေါ့ပါးပါးဖြစ်သွားပြီး သူငယ်ချင်းတစ်စု ရွှေတိဂုံဘုရားသွားဖူးရင်း အမျှဝေခဲ့ပါတယ်။

  • marblecommet

    December 13, 2012 at 5:07 pm

    ဒီရက် ကျော်တာနဲ့
    အာ့လူရီး
    ဘွ ပြောင်းတော့မှာ
    အာ့လာကြောင့်
    အာ့လာကြောင့်…

Leave a Reply